[ Unicode ]
(32)
ရွှယ်ယောင်ကျူ့က ငါ့ကို ကျောင်းဆီ လိုက်ပို့
ပေးတယ်။ ငါ့ညီလေးက တစ်ဖက်လူကို ကျိန်ဆဲ
နေရင်း တန်းလန်း။ ညီလေးက ပြောတယ်။
အဲဒီကောင်လေးက ညီမလေးကို အနိုင်ကျင့်
လို့တဲ့၊ ဒါကြောင့် ရိုက်ပစ်တာဆိုပဲ။
တကယ်သာ အဲ့လိုဆိုရင်၊ ငါ့ညီလေးကို
အပြစ်မတင်နိုင်တော့ဘူး။
ဒါပေမယ့် တစ်ဖက်လူက အတော်လေး
ဒေါသထွက်နေကာ၊ သူတို့ရဲ့ကလေးကို
ငါ့ညီလေးက ရိုက်ဖို့မလိုအပ်ဘူးလို့ ဆိုတယ်။
ငါ့ညီလေးက ပြောတယ်။
"မှန်တယ်လေ၊ ကျွန်တော်ရိုက်လိုက်တဲ့
ဒီကောင်က ဆန်ကုန်မြေလေးပဲကို"
ညီလေးပြောတာ အကျိုးအကြောင်းသင့်တယ်
လို့ ငါ ယူဆတယ်။
တစ်ဖက်လူက ပိုပိုပြီး ပြင်းထန်လာကာ၊
စော်ကားမော်ကားပြောဆိုလာခဲ့တယ်။
ငါ့ညီမလေးကို ပြောခဲ့တဲ့စကားတွေပဲ ထပ်ကျော့ ပြောနေပြန်ပြီ။ အင်း၊ အများစုကတော့ ငါတို့ရဲ့
အမေအကြောင်းပဲ။
တစ်ဖက်လူက ငါ့အမေကို သိပြီးသား။
တိတိကျကျပြောရမယ်ဆိုရင်၊ အခု ငါတို့ကို
ရန်လုပ်နေတဲ့သူက...အမေ့ဦးလေးရဲ့သမက်ပဲ။
ငါ့ညီလေးက ထပ်ပြီး ရန်ဖြစ်ချင်နေပြီ။ ကိစ္စတွေရှုပ်ထွေးကုန်မှာကို ငါ မြင်တဲ့အတွက်၊ ညီမလေးနဲ့အတူ ညီလေးကို တားဖို့ကြိုးစားလိုက်တယ်။ တခြားကိစ္စတွေကို အသာထားဦး၊ တစ်ဖက်က လူကြီးမဟုတ်လား! မင်း ဘယ်လောက်ပဲ
သန်မာနေပါစေ၊ သူတို့ကို တိုက်ခိုက်နိုင်မှာ
မဟုတ်ဘူး!
အဲဒီနောက်မှာ တစ်ဖက်လူက စကားဆက်တယ်။
ထိုသူက ငါ့ကိုကြည့်ရင်း-
"မင်းအမေက ဆုံးသွားပြီဆိုပေမယ့်၊ မင်း
ကျန်ခဲ့သေးတာပဲ၊ မင်းက ညီလေးနဲ့ညီမလေးကို
ယဥ်ကျေးမှုရှိစေဖို့ သင်ပေးရမယ်လေ၊ သူတို့မှာ
မွေးကတည်းက ချို့ယွင်းချက်တွေနဲ့၊ မင်းသာ
မထိန်းသိမ်းပေးဘူးဆိုရင် မင်းအမေလို ဖြစ်လာ
လိမ့်မယ်၊ ငါ မဟုတ်တရုတ်တွေ လျှောက်ပြော
နေတာမဟုတ်ဘူး၊ မင်းညီမလေးက အတန်းထဲမှာ ကောင်လေးတွေဆီကနေ မုန့်တောင်းစားတယ်တဲ့၊
မင်း ဒီကလေးမကို သေချာထိန်းထား၊မဟုတ်ရင် မင်းအမေရဲ့လမ်းစဥ်ကို လိုက်နေဦးမယ်၊
သူမ ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာ
မင်းလည်း သိပြီးသားပဲ"
ငါ့ညီမလေးက ဘာမှမပြောဘဲ၊
မျက်ရည်ကျလာခဲ့တယ်။
သူမရဲ့ပြဿနာကို ငါ သိပါတယ်။ သူမ
ဗိုက်ဆာလို့ မုန့်တောင်းတာ ဖြစ်လိမ့်မယ်။
ငါ့ညီမလေးက ပိန်ပိန်ညှောင်ညှောင်ဆိုပေမယ့်
အသေစားနိုင်တာ။ ငါ သူမကို မုန့်ဖိုးပေးလည်း၊
သူမက မသုံးချင်ဘူးလေ။ ငါ မေးကြည့်တော့
သူမပြောတာက...ငါ့ကို ညဘက်အလုပ်မလုပ်
စေချင်ဘူးတဲ့၊ မတော်တဆ တစ်ခုခုဖြစ်မှာကို
စိုးရိမ်တာမို့ သူမပဲ အစားလျှော့စားလိုက်မယ်
တဲ့လေ။ တကယ်တော့ သူမ အစားမလျှော့နိုင်
တဲ့အတွက် သူများဆီကနေ တောင်းမိတာ
ဖြစ်နိုင်တယ်။
ညီလေးက ငါ့ကို တိုးတိုးတိတ်တိတ်ပြောလို့
သိရတာ။ သူမက ဗိုက်ဆာနေဆဲဖြစ်ကာ၊
အတန်းဖော်တွေဆီကနေ မကုန်တဲ့မုန့်ကို
လိုက်တောင်းတယ်တဲ့။ အခုခေတ်မှာ လူတိုင်းက အတော်လေး ချောင်လည်တာမို့၊ ကလေးတွေက အစာကို ဖြုန်းတီးတတ်ကြတယ်။ ဒါကြောင့်
သူမက မုန့်အကျန်တွေကို တောင်းတာဖြစ်လိမ့်
မယ်။ ငါ့ညီလေးက ဆူပေမယ့်၊ ညီမလေးက
ညီလေးကို ပြန်အော်တာကြောင့်၊ ညီလေးက
သူမနဲ့အတူ လိုက်ပြီးတောင်းရတော့တယ်။
ဒါပေမယ့် ငါ့ညီလေးက မာနပိုကြီးပြီး
ဂုဏ်သတင်းကို ဂရုစိုက်တာမို့၊ အကျန်တွေကို
နှစ်ကြိမ်လောက်စားပြီးနောက်မှာ၊ နောက်ထပ်
မတောင်းနိုင်တော့ဘူးလို့ ပြောခဲ့တယ်။
ငါ ယဥ်ယဥ်ကျေးကျေး ပြောလိုက်တယ်။
"ညီမလေးက ပစ္စည်းတွေကို တောင်းတာ
မဟုတ်ပါဘူး၊ တခြားကလေးတွေ စားလို့မကုန်ဘဲ
ကျန်ခဲ့တာတွေကို တောင်းတာပါ၊ နောက်ပြီး
သူမက အရင်မေးမြန်းပြီးမှ စားတာ"
တစ်ဖက်လူက ဒီကိစ္စကိုပဲ နောက်ထပ်
အစ,ဖော်နေပြန်ပြီ။
ငါ ဆရာ့ကို ပြောလိုက်တယ်။
"ကလေးတွေကို ခေါ်သွားပေးလို့ရမလား"
ငါ့ညီလေးနဲ့ ညီမလေးက အဆင့်တွေကောင်းပြီး၊
ကြည့်ကောင်းကာ တလေးတစားပြုမူတတ်
တာမို့၊ ဆရာတွေက သူတို့ကို သဘောကျတယ်။
ဆရာတွေလည်းပဲ အခုအခြေအနေကို မကျေနပ်
ဘူး။ ဒါပေမယ့် သူတို့က တစ်ဖက်မိဘကို
အပြစ်တင်လို့မရသလို၊ နှစ်သိမ့်ဖို့ကြိုးစားတာ
လည်း မအောင်မြင်ပေ။ ဒါကြောင့် ဆရာတွေက
ကလေးများကို အပြင်ခေါ်ထုတ်ကာ၊ အုပ်ထိန်းသူ
အချင်းချင်း စကားပြောခိုင်းတော့တယ်။
ငါ ရွှယ်ယောင်ကျူ့ကို ပြောလိုက်တယ်။
"ငါ့ညီလေးနဲ့ညီမလေးကို ခဏလောက်
ကြည့်ထားပေးပါလား"
ရွှယ်ယောင်ကျူ့က တစ်ဖက်လူကို ခေါင်းအစ
ခြေအဆုံးကြည့်လိုက်ကာ၊ အထာကျစွာ
ဒီဘက်လှည့်လာပြီး ခေါင်းယမ်းပြတယ်။
ငါ တစ်ခုခုထိခိုက်မှာကို သူက စိုးရိမ်နေပုံပဲ။
"သွားတော့"
ငါ ရွှယ်ယောင်ကျူ့ကို တံခါးဆီ
တွန်းပို့လိုက်တယ်။
တံခါးပိတ်ကာ လော့ချပြီးနောက်၊
ငါ တစ်ဖက်လူရှေ့မှာ ရပ်လိုက်ပြီး ထိုသူ့ကို လက်သီးနဲ့ထိုးလိုက်တော့တယ်။
ငါပြောပြီးသားပဲ မဟုတ်လား?
ငါ ငယ်ငယ်တုန်းက တော်တော်ရိုင်းခဲ့တာနော်။
မင်းတို့ ငါ့အမေကို စော်ကားမော်ကားပြောတာ
ကိစ္စမရှိဘူး၊ ဘာလို့လဲဆိုတော့ သူမလည်း
တကယ် မှားယွင်းခဲ့တာကြောင့်ပဲ။ ငါ့ကိုလည်း မထီမဲ့မြင်လုပ်လို့ရတယ်၊ ဘာကြောင့်လဲဆိုတော့ ငါက ပင်မအိမ်မှာနေခွင့်ရခဲ့တဲ့ တရားမဝင်
ကလေးဖြစ်တယ်လေ။
ဒါပေမယ့်၊ မင်းတို့ ငါ့ညီလေးနဲ့ညီမလေးကို
အပြစ်ပြောခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့
တရားဝင်လက်မထပ်ဘဲ မွေးလာတဲ့ကလေး
တွေဖြစ်နေတာကြောင့်၊ ငါက သူတို့ကို
တော်တော်လေး ကောင်းကောင်းမွန်မွန်
စောင့်ရှောက်ပေးနေတာမို့။ အစ်ကိုကြီးတောင်မှ
ငါ့ကိုမုန်းပေမယ့်၊ သူ့ညီလေးနဲ့ညီမလေးကိုတော့
မမုန်းရက်တာ။ ဒါကြောင့် ညီလေးနဲ့ညီမလေးကို မင်းတို့ ဘာမှလာမပြောနဲ့။ တစ်စုံတစ်ယောက်ကို
မင်းတို့ အပြစ်ပုံချချင်တယ်ဆိုရင်လည်း...
ငါ့ကိုပဲ ပစ်မှတ်ထားလိုက်။ ကိစ္စအားလုံးရဲ့
အရင်းခံက ငါဖြစ်နေလို့။
(33)
ဆရာက တံခါးကို မတွန်းခဲ့သလို၊
ရွှယ်ယောင်ကျူ့ကလည်း ခြေထောက်နဲ့
ကန်ဖွင့်တာမျိုး မလုပ်ခဲ့ဘူး။
ငါ ဆက်ပြီး ရန်မဖြစ်နိုင်တော့မှ၊ တံခါးပြန်ဖွင့်
ပေးလိုက်တယ်။
အထိုးခံလိုက်ရတဲ့ ထိုသူက ကလေးနဲ့အတူ
ထွက်ပြေးသွားတော့တယ်။
ထိုသူ လက်စားချေမှာကို ငါ ကြောက်မိသား။
ငါ အဲဒီလူကို ပြောပြီးသားပါ၊
ငါ့ညီလေးနဲ့ညီမလေးကို တစ်ခုခုလုပ်ရဲရင်၊
ငါ သူတို့တစ်မိသားစုလုံးကို သတ်ပစ်မှာလို့။
ငါက သူတို့ကို ခြောက်လှန့်နေရုံ။ အဲဒီသူက
တကယ့် pshcyo အစစ်ဖြစ်နေရင် ဘယ်လို
လုပ်ရပါ့မလဲ?
ငါ အပြင်ထွက်ဖို့တောင် ကြောက်နေပါပြီနော်။
(34)
ညီလေးနဲ့ညီမလေးကို ငါ အိမ်ပြန်ခေါ်ချင်တာ။
ဒါပေမယ့် ရွှယ်ယောင်ကျူ့က ငါ့ကို
မလုပ်ခိုင်းဘူး။
ဘာကြောင့်ပါလိမ့်။
ညီလေးနဲ့ညီမလေးမှာ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်၊
ရွှယ်ယောင်ကျူ့က တာဝန်ယူမှာလား ပြော?
"စိတ်-စိတ်လျှော့ပါ"
ငါ တည်ငြိမ်ပါတယ်နော်! ဒီနေ့ခေတ်မှာ
အသိုင်းအဝိုင်းက အန္တရာယ်များလွန်းပြီး
လူတွေကလည်း ကြောက်စရာကောင်းလာတယ်။
"မင်း-မင်း တကယ် စိတ်အေးအေးထားဖို့
လို-လိုတယ်"
"အဲဒီလူက ငါ့ညီလေးနဲ့ညီမလေးကို
အငြှိုးထားရင် ဘယ်လိုလုပ်မလဲ"
"သူ၊ မလုပ်လောက်ပါဘူး"
မင်းပြောတာနဲ့ပဲ အဲဒီသူက မလုပ်တော့ဘူးတဲ့
လား?!
"ငါ-ငါ ပြောထားရင်၊ အဲဒီသူ မ-မလုပ်ရဲဘူး၊
မင်း-မင်းရဲ့ လက်ရှိပုံစံက၊ သူတို့ကို
ကြောက်-ကြောက်ရွံ့စေမှာ"
ငါ ဘာမှပြန်မပြောလိုက်ဘူး။
"ရန်ဖြစ်တာ၊ မကောင်းဘူး"
ရွှယ်ယောင်ကျူ့က ဒီလိုမျိုးပြောတဲ့အခါ
ငါ တကယ်မယုံပါဘူး။ ရွှယ်ယောင်ကျူ့ကမှ
ရန်တော်တော်များလောက်တယ်၊ ရန်ဖြစ်တာ
လည်း တော်မယ့်ပုံပဲ။
ရွှယ်ယောင်ကျူ့က ဆိုတယ်။
"မင်း-မင်းက ကမူးရှူးထိုးဖြစ်နေတာပဲ၊
မင်း-မင်း အရင်က ဒီ-ဒီလို၊ မဟုတ်ဘူး"
ငါ သူ့ကို ဗလာမျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်တယ်။ ထိုအခါ ရွှယ်ယောင်ကျူ့က တုန်လှုပ်
သွားပြီး...
"ငါ-ငါ တောင်းပန်ပါတယ်၊ စိတ်-စိတ်မကောင်း
မဖြစ်နဲ့"
ငါ သူနဲ့ ပြောစရာမရှိတော့ဘူး။
အရင်တုန်းက ငါ ဒီလိုမျိုး မဟုတ်တာတော့
အမှန်ပဲ။
ငါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ကြိုးစားပေမယ့်၊ မတတ်နိုင်ဘူး။ တကယ်တော့ ငါ အကောင်းဆုံးကြိုးစားနေခဲ့တာ။ ဒါပေမယ့် ဒီကမ္ဘာလောကမှာ ကြိုးစားမှုတစ်ခုတည်းနဲ့ မလုံလောက်တဲ့
ကိစ္စတွေ အများကြီးပဲလေ။
(35)
ဒါကြောင့် ငါ ကားထဲမှာ ကြိတ်ငိုရင်း အိပ်ပျော်
သွားခဲ့တယ်။
(36)
ငါ နိုးလာတော့၊ အိမ်ကို ပြန်ရောက်နေခဲ့တယ်။
ငါ့ရှေ့မှာ ကုပ်ကုပ်လေးထိုင်နေတဲ့
ရွှယ်ယောင်ကျူ့က ငါ့မျက်နှာကို ထိဖို့ကြိုးစား
နေလေရဲ့။ ငါနိုးလာတာကိုလည်း မြင်ရော၊
ရွှယ်ယောင်ကျူ့က ကိုးရိုးကားရားဖြစ်သွားကာ-
"စား-စားချိန်ရောက်ပြီမို့၊ ငါ-ငါ မင်း-မင်းကို
နှိုးတာ"
မင်း ငါ့ကို ခိုးနမ်းဖို့လုပ်နေတာ သိသာတယ်နော်။
ငါ သူ့ကို ဘာမှမဖော်ပြရဲဘူး။ ဒါကြောင့်
ငါ စိတ်ပါလက်ပါ ဆွေးနွေးလိုက်တယ်။
"မင်း ဘာကိုပဲကြံစည်နေပါစေ၊ ငါ့ညီလေးနဲ့
ညီမလေးကိုတော့ မထိပါနဲ့၊ သူတို့လေးတွေက
အပြစ်ကင်းတယ်"
ရွှယ်ယောင်ကျူ့က နာကျင်သွားသလိုမျိုး
ငါ့ကို ကြည့်နေခဲ့တယ်။
"ဆ-ဆရာဝန်ဆီ၊ သွားရအောင်"
မသွားချင်ဘူး။
"ငါ-ငါတို့ သွားမှ၊ ဖြစ်မယ်"
သူက ငါ့ကို လှည့်စားချင်နေတာလား။ သွေး၊ကျောက်ကပ်၊နှလုံး အစရှိတဲ့ စစ်ဆေးချက်
တွေကို လိုချင်နေပုံပဲ။
ငါ မသွားဘူး၊ အနည်းဆုံးတော့ သူနဲ့မသွား
နိုင်ဘူး။ သွားရင်တောင် ငါတစ်ယောက်တည်း
တိတ်တိတ်လေး သွားမှာ။
ဒါပေမယ့် သူက ငါ့နောက်ကိုလိုက်ဖို့ လူတွေ
လွှတ်ထားမှာ အသေအချာပဲ။ ဒါမှမဟုတ်
ဒီပြည်နယ်မှာရှိတဲ့ ဆေးရုံတိုင်းက ဝန်ထမ်း
တွေကို လာဘ်ထိုးထားမှာ ဖြစ်နိုင်တယ်။
ငါ့စစ်ဆေးချက်တွေ ထွက်လာတာနဲ့၊
ရွှယ်ယောင်ကျူ့က ယူသွားလောက်တယ်။
ငါ ပြောလိုက်တယ်။
"ငါ့ကို ထိခိုက်အောင် မလုပ်ပါနဲ့၊ ငါက
သနားစရာကောင်းနေပြီးသား"
ရွှယ်ယောင်ကျူ့က ဆိုတယ်။
"ငါ၊ မင်း-မင်းကို ကြိုက်တယ်၊ ငါ မင်း-မင်းကို၊
ထိ-ထိခိုက်အောင် မလုပ်ဘူး"
တကယ်ပါပဲ၊ ရွှယ်ယောင်ကျူ့က ငါ့ကို
အရိပ်အမြွက်ပေးနေတော့တာ။
ကြင်နာစွာနဲ့၊ ငါက သူ့ကို လူဆိုးတွေဆီကနေ
ပထုတ်ပေးရင်တောင်၊ သူ ငါ့ကို ဒီလိုဆက်ဆံ
ဦးမှာ။ ဆိုရိုးရှိတယ်လေ၊ အဆုံးမှာတော့
လူကောင်းတွေအတွက် ဆုလာဘ်က
အလိမ်ညာခံရခြင်းပဲတဲ့။
မိဘရဲ့အပြစ်ကို ကလေးတွေက ပြန်ပေးဆပ်ရတယ်။ ဒီကမ္ဘာကြီးမှာ သည်လိုအမှန်တရားက ဥပဒေနဲ့အစဥ်အလာပဲ။
(37)
ကောင်းကင်ဘုံရဲ့အလိုတော်အတိုင်း၊
ငါ ရွှယ်ယောင်ကျူ့ရဲ့သဘောကို လက်ခံ
လိုက်တယ်။
ရွှယ်ယောင်ကျူ့က ရှက်သွားပြီး၊အနောက်ကို
သုံးမီတာလောက် ဆုတ်သွားတယ်။ သူက
နံရံကို မှီထားရင်း အလွန်ရိုးသားစွာ...
"ဖြည်း-ဖြည်းချင်း အဆင့်တက်-တက်ကြရ
အောင်၊ တစ်ကြိမ်ကို ခြေတစ်လှမ်း"
ဖြည်းဖြည်းချင်းက ဘာကို ဆိုလိုချင်တာလဲ!
သရုပ်ဆောင်တာ ရပ်လိုက်ပါတော့!
ငါ့ဆီမှာ ဟန်ဆောင်ချင်တယ်ဆိုရင် ပထမဆုံး
အနေနဲ့၊ မင်းရဲ့ပုံသွင်းထားတဲ့ ဆံပင်ပေါ်က
ဂျယ်လ်ကို ပြောင်အောင်ဆေးပစ်လိုက်!
ပြီးတော့ မင်းက နားပေါက်ဖောက်ထားသေး
တယ်! ဘောင်းဘီအကျပ်လည်း ဝတ်ထားတာပဲ!
(38)
စားသောက်ပြီးနောက် ငါက ဆိုဖာပေါ်မှာထိုင်ရင်း၊
ငါ့ကို ဘယ်သူတွေ အန္တရာယ်ပေးနိုင်သလဲ
ဆိုတာ တွေးဆနေမိတယ်။ အဲဒီအချိန်မှာ
ရွှယ်ယောင်ကျူ့ကတော့ ကြမ်းတိုက်နေလေရဲ့။
ငါ သူ့ကို မေးလိုက်တယ်။
"စီးကရက်ရှိလား"
"အင်း"
ငါ သူ့ဆီကနေ စီးကရက်ကို ယူလိုက်ကာ
အတော်ကြာ စိုက်ကြည့်နေရင်း-
"မင်း စိတ်ရှုပ်နေတဲ့အချိန် ဆေးလိပ်သောက်တာ
အထောက်အကူဖြစ်ရဲ့လား"
ရွှယ်ယောင်ကျူ့က ပြန်ဖြေတယ်။
"ဖြစ်တယ်"
ငါ ရိုးရိုးသားသား စိတ်ရင်းနဲ့ ပြောလိုက်တယ်။
"မင်း စီးကရက်တွေ ဆက်မသောက်သင့်ဘူး၊
ခန္ဓာကိုယ်အတွက် မကောင်းဘူးလေ၊
အခုကစပြီး ရေကိုပဲ အစားထိုးသောက်ပါလား"
ရွှယ်ယောင်ကျူ့က ငါ့ကို အတော်ကြာ
ငေးကြည့်ပြီးနောက် ခေါင်းညိတ်ကာ၊
စီးကရက်ဘူးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်
တော့တယ်။
ရုတ်တရက်...ငါ တကယ်ကို ထိရှသွားရတယ်။
သူ ငါ့ကိုကြိုက်တယ်ဆိုတာ အမှန်ပဲလား?
ငါ တွေးမိသလောက်တော့...အရင်တုန်းက
ငါ့ပုံစံက တော်တော်လေး နှစ်လိုဖွယ်ကောင်းခဲ့
တာ။
အခုအချိန်မှာ ငါက အရင်လိုမဟုတ်တော့ဘူး။
လောလောဆယ် ငါက ရူးကြောင်ကြောင်
ဖြစ်နေပြီလေ။
(39)
သူက ပြန်မယ့်အစီအစဥ် ရှိပုံမပေါ်ဘူး။
ဒီည...ငါ့ကျောက်ကပ်ကို သူ ခိုးမလားဆိုတာမျိုး
ငါ မတွေးမိတာတော့ မဟုတ်ပေမယ့်၊
ဒီပတ်ဝန်းကျင်မှာ လုံခြုံရေးကင်မရာတပ်ထား
တယ်လေ။ ငါ ရည်ရွယ်ချက်ရှိရှိ ဆင်ခြေပေးပြီး၊
သူ့ကို လုံခြုံရေးကင်မရာအောက်ဆီ နှစ်ကြိမ်တိတိ ဆွဲခေါ်ခဲ့သေးတယ်။ ကိစ္စတစ်ခုခုဖြစ်ပျက်ခဲ့ရင် သက်သေကျန်အောင်လို့။
ဒါပေမယ့် ငါ ကြောက်မိတာတစ်ခုရှိသေးတယ်၊
ငါအိပ်ပျော်နေတုန်းမှာ သူက ငါ့လက်ကိုကိုင်ပြီး
မင်အိုးထဲနှစ်ရင်း ငါ့လက်ဗွေရာကို ယူနိုင်တာပဲ။
အဲဒီနောက် ကျောက်ကပ်ရောင်းတဲ့စာချုပ်လို
တစ်ခုခုမှာ တံဆိပ်နှိပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
.
.
ဒီနိုင်ငံမှာ ဥပဒေတစ်ခုကို ငါ ထုတ်ပြန်စေချင်
မိတယ်။ ဘယ်လိုဥပဒေလဲဆိုတော့...
တစ်စုံတစ်ဦးက ငွေချေးတာပဲဖြစ်ဖြစ်၊
လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ ကိစ္စရပ်တစ်ခုလုံးကို
ဗီဒီယိုရိုက်ထားစေချင်တာ။ ဒါမှသာ အဲဒီသူက
အပြည့်အဝသတိရှိနေကြောင်းနဲ့ သဘောတူ
ထားကြောင်းကို သိနိုင်မှာလေ။ ဒါ့အပြင် စာရွက်စာတမ်းတွေကို လက်မှတ်မထိုးခင်၊
နှစ်ဦးနှစ်ဖက်က ဆိုင်ရာမေးခွန်းတွေကို မေးဖြေ
သင့်တယ်။
ဒီလိုပြုလုပ်မယ်ဆိုရင်၊ အပြစ်ကင်းတဲ့သူတွေကို
မှားယွင်းပြီး စီရင်ချက်ချမိတဲ့ကိစ္စမျိုး နည်းပါး
သွားလိမ့်မယ်။
အဲ့လိုမဟုတ်ရင်တောင် ငါ့မှာဖြစ်ပေါ်နေတဲ့
ယုံမှားလွန်ခြင်းစိတ်ဝေဒနာကို လျှော့ချသွား
နိုင်မှာ။
(40)
ပိုပြီးဆိုးရွားတာက...ငါ့အိပ်ခန်းတံခါးရဲ့
သော့ပျက်သွားတာပဲ။
(41)
ငါ လက်အိတ်တစ်မျိုးကို တီထွင်ချင်မိတယ်။
ဘယ်လိုလက်အိတ်လဲဆိုတော့...အိပ်နေတဲ့အချိန်
မှာ ဝတ်ထားရမှာဖြစ်ပြီး၊ အဲဒါကို ဖွင့်ဖို့အတွက်
ပိုင်ရှင်က 'Das Kapital'ရဲ့တစ်စိတ်တစ်ပိုင်းလို့
ပြောရလိမ့်မယ်။ ဒီလိုနည်းနဲ့ဆို ငါ အိပ်နေတဲ့
အချိန်၊ ဘယ်သူကမှ ငါ့လက်ဗွေရာကို ခိုးနိုင်မှာ
မဟုတ်နိုင်ဘူး။
[ Das Kapital = Capital လို့လည်း ခေါ်တွင်၊
နိုင်ငံရေးဘောဂဗေဒ၏ ဝေဖန်ချက်စာတမ်း ]
ဒါမျိုးကို ဝယ်ချင်တဲ့သူတွေ ရှိမှာသေချာတယ်။
စက်ရုံတစ်ခုခုက ဒါကို တီထွင်နိုင်ပြီဆိုရင်၊
ကျေးဇူးပြုပြီး ငါ့ဆီ ပိုက်ဆံပို့ပေးနော်။
(42)
ငါကတော့ ပိုရိုးရှင်းပြီး တဲ့တိုးဆန်တဲ့နည်းလမ်းကို
စဥ်းစားမိသွားပြီ။
(43)
ရွှယ်ယောင်ကျူ့က ငါ့ကို ကြည့်နေခဲ့တယ်။
ငါက လုံခြုံရေးကင်မရာကို တပ်ဆင်ပြီး
ခုတင်ဘက်ကို လှည့်ထားလိုက်တယ်။ သူ
သတ္တိရှိရင် စမ်းကြည့်လိုက်ပေါ့၊ ညလယ်ကြီးမှာ
ငါ့ကို အိပ်ရာကနေ ဆွဲထုတ်ပြီး လက်ဗွေရာယူ
တာမျိုး သူ မလုပ်ရဲလောက်ဘူး။
ရွှယ်ယောင်ကျူ့က တိတ်ဆိတ်ငြိမ်သက်သွား
ခဲ့တယ်။
ငါ ရှင်းပြလိုက်တယ်။
"ငါ့ကိုယ်ပိုင်ဝါသနာပါ"
ရွှယ်ယောင်ကျူ့ ဘယ်လိုတွေးနေလဲဆိုတာကို
ငါ မသိဘူး။ ဘာကြောင့်လဲဆိုတော့ သူက
မေးတယ်လေ-
"မင်း-မင်း ညတိုင်း အိပ်-အိပ်တဲ့အခါ၊
ဒီလို၊ လုပ်ထားတာလား"
ငါ ခပ်တည်တည်ဖြေလိုက်တယ်။
"ဟုတ်တယ်"
ရွှယ်ယောင်ကျူ့ရဲ့ဟန်က နည်းနည်းစိုးရိမ်နေ
သလိုမျိုး။ သူက ကင်မရာကို ငေးကြည့်
ပြီးနောက် ခုတင်ကို စိုက်ကြည့်လိုက်ပြန်တယ်။
"မင်း ဆိုဖာပေါ်ကို သွားအိပ်လို့ရတယ်၊ ဒါဆို
မင်းကို မှတ်တမ်းတင်ထားမှာ မဟုတ်ဘူးလေ"
တစ်ခဏလောက် တွန့်ဆုတ်နေပြီးမှ
ရွှယ်ယောင်ကျူ့က ပြန်ဖြေတယ်။
"ဒါပေမယ့်၊ အ-အကယ်၍ အနာဂတ်မှာ၊ ငါ
ခု-ခုတင်ပေါ် အိပ်ဖြစ်ရင်၊ ဘယ်လိုလုပ်မလဲ"
အရပ်ရှည်တဲ့သူတွေက အတွေးလွန်လွန်းတယ်
ဆိုတာ မှန်လောက်တယ်! အကယ်၍ အဲ့လိုနေ့မျိုး
ရောက်လာခဲ့ရင်၊ ငါတို့ ထပ်ဆွေးနွေးတာပေါ့၊
ဟုတ်ပြီလား?!
(44)
ငါ မအိပ်ခင်၊ သူ့ကို သတိပေးလိုက်တယ်။
"မင်း အကြောင်းတစ်ခုခုပြပြီး ကင်မရာကို
ဖြုတ်ပစ်ဖို့ မကြိုးစားနဲ့နော်"
ရွှယ်ယောင်ကျူ့က ခေါင်းညိတ်တယ်။
(45)
နောက်နေ့ မနက်၊ ငါလည်း နိုးလာရော...
လုံခြုံရေးကင်မရာကို ဖြုတ်ထားကြောင်း
တွေ့ရကာ ငါ့အသိစိတ်က ရုတ်ခြည်း
ပြတ်တောက်သွားတော့တယ်။
ရွှယ်ယောင်ကျူ့က ငါ့မျက်လုံးထဲကို
၆ စက္ကန့်လောက် စိုက်ကြည့်ပြီး သူ့လက်တွေကို မြှောက်လိုက်ကာ-
"မနေ့ညတုန်းက၊ ပါ-ပါဝါ ကုန်-ကုန်သွားလို့၊
မင်း-မင်း ငါ့ကို၊ မယုံရင်၊ အိမ်နီးချင်းတွေကို
မေး-မေးကြည့်လို့ ရတယ်"
ဒီလိုမျိုး ကွက်တိ,တိုက်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်
ပါ့မလား?! မင်း အိမ်နီးချင်းတွေကို လာဘ်ထိုး
ထားတာ ဖြစ်နိုင်တယ်လေ! ပြောလို့မရဘူး၊
ဒီအဆောက်အဦးတစ်ခုလုံးမှာ မင်းရဲ့လူတွေနဲ့
ပြည့်ရင်ပြည့်နေမှာ!
နိုးနိုးနိုး! ငါ သတိလွတ်နေမိပြီ၊
ငါ ဘာလို့ လူတွေကို လွယ်လွယ်ယုံကြည်မိ
တာလဲ။ ငါ ဘာလို့ သိပ်တုံးအနေရတာလဲ?
Ah!!! ငါ တကယ်ကို အသိလွတ်တော့မှာပဲ။
(46)
ရွှယ်ယောင်ကျူ့က ဆိုတယ်။
"စိတ်လျှော့၊ ငါ ဝန်ခံကတိ ရေး-ရေးပါ့မယ်၊
ငါ ဘာမှ၊ မ-မလုပ်ပါဘူး"
(47)
ရွှယ်ယောင်ကျူ့က ဝန်ခံကတိရေးနေတာကို
ငါ ကြည့်နေလိုက်တယ်။ ငါတို့နှစ်ယောက်ကြားမှာ
လက်ဗွေရာလိုတဲ့ကိစ္စမျိုးကို လုံးဝမလဲလှယ်ဘူး
ဆိုတာ အတည်ပြုမိတယ်။
(48)
ဒါပေမယ့် ဒါကလည်း အသုံးဝင်ပါ့မလား။
ရွှယ်ယောင်ကျူ့က ဒါကို တခြားသူတွေသုံးဖို့
ပေးပစ်နိုင်တယ်လေ။
(49)
အကယ်၍ ရွှယ်ယောင်ကျူ့က မလုပ်ရင်တောင်၊ အနာဂတ်မှာ တခြားသူတွေက ဒါမျိုး လုပ်နိုင်
တာပဲ။
(50)
အဓိကပြဿနာက ရွှယ်ယောင်ကျူ့ မဟုတ်ဘူး၊
တခြားသူတွေလည်း မဟုတ်ပြန်ဘူး။ ပုံမှန်လူ
တွေက ဒါမျိုးကိစ္စမလုပ်ဘူးလေ။
အဓိက,က ငါ့မှာ ပြဿနာရှိနေတာ။
ငါက အခု အရူးတစ်ယောက်လို ဖြစ်နေပြီ။
နေပါဦး၊ ငါက ရူးကြောင်ကြောင်ဖြစ်နှင့်ပြီးသား။
ဒါပေမယ့်...ငါ မရူးချင်တာတော့ အမှန်ပါ။
(51)
ရွှယ်ယောင်ကျူ့က ဝန်ခံကတိမှာ လက်မှတ်
ထိုးပြီးချိန်၊ ကူကယ်ရာမဲ့စွာ ဆိုတယ်။
"မင်း-မင်း ဝမ်းမနည်းဖို့အတွက်၊ ငါ၊
ဘာ-ဘာကို၊ ထပ်ရေးပေးရမလဲ"
ငါ အလိုရှိတာကတော့...သူ့ကို ဆေးစာရင်း
ရေးစေချင်တယ်၊ အဲဒီဆေးတွေနဲ့ ငါ့ကို ကုသပြီး
ပုံမှန်ပြန်ဖြစ်အောင်လို့။ ဒါပေမယ့် သူ မလုပ်နိုင်
ပါဘူး။
ရွှယ်ယောင်ကျူ့က ငါ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်
ပြီး ငါ့လက်ကို မရဲတရဲ ဆုပ်ကိုင်လိုက်တယ်။
"ဆရာဝန်ဆီကို၊ သွား-သွားရအောင်"
"အကယ်၍ ငါ နေမကောင်းတာမဟုတ်ဘဲ၊
ငါ့ကို မကောင်းကြံတဲ့သူ တကယ်ရှိနေရင်ရော"
ငါ မေးမိတယ်။
"မရှိပါဘူး"
"အကယ်၍ ရှိခဲ့ရင်"
"ငါက၊ အတိုက်အခိုက်တော်တယ်"
"တကယ်လို့ သူတို့က ငါ့ဆီကနေ ငွေလိမ်ချင်တာ
ဆိုရင်ရော?"
ငါထင်တာက...'သူ့မှာ ငွေရှိတယ်'လို့ ပြန်ဖြေမယ်မှတ်တာ၊ အဲ့လိုဆို ငါက 'မင်းရဲ့ငွေကိုလည်း
လိမ်နိုင်တယ်နော်'လို့ ပြောမှာ။
ထိုအစားရွှယ်ယောင်ကျူ့ ပြောလိုက်တာက-
" မင်း-မင်း တကယ်ပဲ၊ ဒီလိုတွေးတယ်ဆိုရင်၊
ငါ ပြောတာကို နား-နားထောင်၊ အဆိုးရွားဆုံး
ကြုံရင်တောင်၊ မင်း ငွေလိမ်ခံရရင်တောင်၊
မင်း ငွေ-ငွေပြန်ရှာလို့ ရတယ်၊ မင်းသာ ဒီလို
နေသွားမယ်ဆိုရင်၊ မင်း ကိုယ့်ကိုယ်ကိုယ်
ဖျက်-ဖျက်ဆီးသလို ဖြစ်နေမှာ"
[TN/ စာရေးသူက နံပါတ်တပ်တာ မှားသွားပုံပါပဲ၊
ကိုယ် အဲ့အတိုင်း တပ်လိုက်တယ်]
(55)
ရွှယ်ယောင်ကျူ့ အောင်မြင်သွားပါပြီ။
ငါ စိတ်ရောဂါကုဆရာဝန်နဲ့ ချိန်းဆိုလိုက်တယ်
လေ။ ဒါတောင် လတစ်ဝက်ကြာမှ ရမယ်။
စိတ်ကျန်းမာရေးလုပ်ငန်းရဲ့စီးပွားရေးက
ဒီလောက်ထိကောင်းမှန်း ငါ မသိခဲ့ဘူး။
(56)
ရွှယ်ယောင်ကျူ့က ဆိုတယ်၊ ဒီလဝက်အတွင်း သူက ငါ့ရဲ့ bodyguard ဖြစ်ပေးမယ်တဲ့။
ငါ အခု စပ်စုချင်မိတယ်၊ သူ့အလုပ်က
ဘာများလဲ?
"ငါ့မှာ၊ ကုမ္ပဏီရှိတယ်"
ငါ မေးလိုက်တယ်-
"ငွေတိုးချေးတဲ့ ကုမ္ပဏီလား"
"အိမ်မွေးတိရစ္ဆာန် ငှား-ငှားတဲ့ကုမ္ပဏီ"
အိမ်မွေးတိရစ္ဆာန်ကို ငှားလို့ရတယ်လား?!
မင်း ဘယ်လိုများ မျှဝေတာလဲ?!
ရွှယ်ယောင်ကျူ့က ရယ်လိုက်ကာ-
"ငါ မင်း-မင်းကို၊ နောက်နေတာ"
(57)
ရွှယ်ယောင်ကျူ့က ငါ့ကို သူ့ကုမ္ပဏီဆီ ခေါ်သွားတယ်။ ဒီလူဆိုးကောင်က ကန်ထရိုက်တာပဲ။
ရွှယ်ယောင်ကျူ့က ပြင်ပေးတယ်-
"ဆောက်လုပ်ရေး၊ကုမ္ပဏီသူဌေးပါ"
အိုး..ဆောရီး၊ ငါ ပြောတာ မယဥ်ကျေးသလို
ဖြစ်သွားတယ်။
ဒါဆို ချမ်းသာတဲ့ကန်ထရိုက်တာပေါ့။
ရွှယ်ယောင်ကျု့က နောက်တစ်ကြောင်း
ထပ်ဖြည့်ပြောတယ်။
"ဟို-ဟိုတစ်လောက၊ ငါ သူ-သူငယ်ချင်း
တစ်ယောက်နဲ့ ပူးပေါင်းထားတာ၊
ဆောက်လုပ်ရေးပရောဂျက်တစ်ခုလေ၊
အောင်မြင်မယ်ဆိုရင် ငါ-ငါတို့၊ လူနေရပ်ကွက်ကို
လှည့်-လှည့်ပြောင်းမလို့"
အိုး။
သူက ထပ်ဖြည့်ပြောတယ်။
"ငါ-ငါတို့ရဲ့ stock တွေကလည်း၊ တော်တော်
တည်-တည်ငြိမ်တာ"
သူ ဘာလို့ ဒါကို ပြောနေပါလိမ့်။
ရွှယ်ယောင်ကျူ့က ဆိုပြန်တယ်။
"စကားပြော၊မကောင်းတာကလွဲရင်၊ ငါက
မဆိုးဘူး၊ တခြားနယ်ပယ်တွေအနေနဲ့ ကြည့်ရင်၊
ငါက လက်-လက်ထပ်ဖို့ သင့်တော်သူပဲ၊
ငါက၊ သစ္စာလည်းရှိတယ်၊ ငါ့ ဆွေ-ဆွေမျိုး
တွေကလည်း တကယ်ကောင်းတယ်၊ အမေနဲ့
အဖေကလည်း၊ ငါ့ကိစ္စကို စိတ်-စိတ်မဝင်စားဘူး"
ငါ : "........."
"ငါ မင်းကို၊ ကြိုက်-ကြိုက်တယ်"
(58)
စကားထစ်နေတာကလွဲရင် အခြေခံအားဖြင့်
အကုန် perfect ဖြစ်နေတဲ့သူက ဘာမှန်းမသိဘဲ
ရုတ်တရက်ပေါ်လာပြီး မင်းကို ဒိတ်ချင်တယ်
ဆိုရင်၊ မင်း ယုံနိုင်မှာလား?
ငါတော့ မယုံဘူး။
သူက မင်းရဲ့ခံစားချက်တွေကို ကစားချင်နေတာ
ဖြစ်ရမယ်၊ သတင်းတွေမှာ မှတ်တမ်းတင်ခံရသူ
ပုံစံအတိုင်းပဲ။
သူ့မှာ အသိတရားရော ရှိရဲ့လားဟင်?
စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူကိုတောင်
လှည့်စားချင်နေတယ်ဆိုတော့လေ...။
××××××××××××××××××××××××××××××