*Zawgyi*
ေရာင္ဝါ 'ေတာင္တန္းျပာ'ကိုေရာက္ေတာ့ ည၁၁နာရီခန့္ရွိေနေလျပီ။ ဖြင့္ထားေသာသီခ်င္းေခြကို ပိတ္ပစ္လိုက္ျပီး ထမင္းဆိုင္ျခံဝန္းေရွ့တြင္ ကားကိုျဖည္းျဖည္းခ်င္းစက္သတ္လိုက္သည္။အိမ္မွာေမေမနဲ့ရန္ျဖစ္လာသမွ်ဟာ ရန္ကုန္ကေန က်ိဳက္ထိုေတာင္တန္းျပာခရီးလမ္းတြင္ ကားေမာင္းရင္း ျဖတ္သန္းတိုက္ခတ္လာေသာ ညခ်မ္း၏ေလနုေလေအးမ်ားေၾကာင့္ စိတ္ရႊင္လန္း လန္းဆန္းသြားရသည္မွာအမွန္။ဆိုင္ထဲသို့ဝင္ျပီး ခ်စ္ရသူမ်က္နွာကိုျမင္ရမည္ဆိုလွ်င္ေတာ့ စိတ္ကပိုလန္းဆန္းဖို့သာရွိေပသည္။သို့ေသာ္ အခုအခ်ိန္ဆို အစ္ကိုတည္ၾကည္တို့အိပ္ေနေလာက္ျပီေပါ့။ထမင္းဆိုင္ကဝန္ထမ္းျဖစ္၍ မနက္ဆိုလည္းေစာေစာထ၊ဆိုင္အလုပ္လုပ္ရတာမို့ အခုအခ်ိန္ ည၁၁ေလာက္ဆို အိပ္လို့တေရးေတာင္နိုးေနေလာက္သည့္အခ်ိန္ျဖစ္မည္။ အစ္ကိုတည္ၾကည့္ကိုအားနာမိေပမယ့္ သူ့ဆီကိုပဲဦးတည္ျပီးလာတာမို့ ညၾကီးအခ်ိန္မေတာ္ ရေအာင္တံခါးေခါက္ျပီးသာဝင္ရေပေတာ့မည္။ ေရာင္ဝါ ကိုယ့္ကိုကိုယ္လည္း အံ့ၾသမိသည္။ေစာနေလးတင္မွ ဒီဆိုင္ကထြက္လာတာ မၾကာေသး။အခုရန္ကုန္ကေန ဒီဆိုင္ကိုခ်က္ခ်င္းၾကီးျပန္ေမာင္းလာရတယ္ ဆိုေတာ့ အခ်စ္စြမ္းအားက တယ္ၾကီးပါေပလား။
ပန္းျခံဳအကြယ္တစ္ခုမွာ ကားကိုရပ္ထားပစ္ခဲ့လိုက္ျပီး လူကေတာ့ ကားေပၚမွ ေျခသံဖြဖြနွင့္ဆင္းလာလိုက္သည္။ထမင္းဆိုင္ကအေရွ့မွာဆိုလွ်င္ ဝန္ထမ္းတန္းလ်ားက ထိုဆိုင္၏အေနာက္ဘက္မွာရွိလိမ့္မည္။ဆိုင္ဝန္းက ေသာ့ခတ္ထားသျဖင့္ တံခါးနွင့္တြန္းဝင္လို့ေတာ့မရ။တန္းလ်ားကိုေရာက္ဖို့ ေရာင္ဝါ အၾကံထုတ္ေနမိရာမွ မ်က္လံုးက ခပ္နိမ့္နိမ့္အုတ္စည္းရိုးတစ္ခုဆီသို့ ခ်က္ခ်င္းအၾကည့္ေရာက္ရွိသြားသည္။ဟုတ္သည္။ထိုစည္းရိုးကေန ေက်ာ္ခြတက္လွ်င္ ရေလာက္သည္။စည္းရိုးရွိရာဆီသို့သြားကာ ေဘးက သံဆူးၾကိဳးမ်ားကိုခပ္ဖြဖြအားျပဳ၍ ေက်ာ္ခြတက္ခ်လိုက္သည္။သတိထားစြာ ေက်ာ္ခြျပီးမွ ဆိုင္ပရဝုဏ္အတြင္းသို့အႏၲရာယ္ကင္းကင္းေရာက္ရွိေတာ့သည္။ ေတာ္ပါေသးရဲ့..ဆိုင္ပတ္ဝန္းက်င္မွာ အိမ္ေျခေတြမရွိလို့။အကယ္၍ အိမ္ေျခေတြရွိပါက လူေတြထြက္လာျပီး ေရာင္ဝါ့ကို သူခိုးဟုထင္ကာ ဝိုင္းဆြမ္းၾကီးေလာင္းၾကမည္မွာ မလြဲဧကန္။
ေဒၚဂ်ဴးဂ်ဴးအပါအဝင္ ဝန္ထမ္းအားလံုးအိပ္ေနသည္မွာ ပတ္ဝန္းက်င္ကို ၾကည့္တာနဲ့သိသာေနသည္။မီးမ်ားအကုန္ပိတ္ထားကာ ဆိုင္ေရွ့ အုပ္ေဆာင္းပံုသ႑ာန္မီးလံုးေလးသာ ခပ္ပ်ပ်ထြန္းထားသည္။ အေနာက္ဘက္ဝန္ထမ္းတန္းလ်ားနားေရာက္ေတာ့မွ ေရာင္ဝါေျခအစံုကို ရပ္ခ်လိုက္သည္။တန္းလ်ားမွာ နွစ္ထပ္တိုက္ျဖစ္ျပီး ေယာက်္ားသားမ်ားသာ ေနထိုင္ေသာတန္းလ်ားျဖစ္၍ မ်က္နွာစာဝရန္တာတြင္ ေယာက်္ားဝတ္ ဆိုင္တံဆိပ္ပါေသာတီရွပ္မ်ား၊ပုဆိုးမ်ား၊အတြင္းခံမ်ားကို ၾကိဳးတန္းမ်ားနွင့္ တြဲေလာင္းခ်လွန္းထားသည္။အစ္ကိုတည္ၾကည့္အခန္းဆီေရာက္ဖို့ ဘယ္လိုသြားရမလဲဟူေသာနည္းလမ္းနွင့္ အစ္ကိုတည္ၾကည္ ဝရန္တာသို့ ထြက္လာေအာင္ ဘယ္လုိအသံလုပ္ရမလဲဟု ေရာင္ဝါၾကိတ္စဥ္းစားေနမိသည္။
ဘုတ္...။
"အမေလး..လန့္လိုက္တာ"
ပစၥည္းတစ္ခုခုျပဳတ္က်သည့္ ဘုတ္ခနဲဟူေသာအသံကိုၾကားလိုက္ရသျဖင့္ သရဲေျခာက္သည္ဟုထင္ျပီး ေရာင္ဝါ အာေမဋိတ္ျပဳမိကာ ျပဳတ္က်လာေသာ ပစၥည္းကိုလွမ္းၾကည့္လိုက္သည္။ေယာက်္ားဝတ္အတြင္းခံတစ္ထည္...။ ဘယ္သူ့အတြင္းခံမွန္းေတာ့မသိ..ေရာင္ဝါ့ေရွ့တည့္တည့္သို့ ဘုတ္ခနဲျပဳတ္က်လာသည္။ေလတစ္ခ်က္အေဝွ့မွာ ဝရန္တာၾကိဳးတန္းကေန ေအာက္ထပ္သို့ လြင့္က်လာတာပဲျဖစ္ရမည္။ထုိိအတြင္းခံကိုငံု့ၾကည့္ရင္း ေရာင္ဝါ မဲ့ျပံဳးေလးျပံဳးလိုက္မိသည္။
ေရွ့တည့္တည့္က်လာေသာအတြင္းခံကို ရြံရွာရွာနွင့္သာ ေကာက္ကိုင္လိုက္ျပီး ေရာင္ဝါ တစ္စံုတစ္ခုလုပ္ရန္အၾကံထုတ္ေနမိသည္။ ေလွ်ာ္ျပီးသားအတြင္းခံျဖစ္၍ အနံ့မနံတာပဲ ေရာင္ဝါ့အတြက္ ကံေကာင္းသည္ဆိုရမည္။ေနာက္ဆံုး အၾကံတစ္ခုရသြားျပီး ဝရန္တာတြင္ရွိေသာ ဖုန္တက္ေဂ်းတက္မွန္ခ်ပ္မ်ားကို ထိုအတြင္းခံနွင့္ အားပါပါေကာက္ေပါက္လိုက္သည္။
ျပတင္းေပါက္ဘက္တြင္ကပ္အိပ္ရေသာ တည္ၾကည္ခန့္ညားမွာ ေဘးတြင္ရွိေသာျပတင္းေပါက္မွန္ကို တစ္စံုတစ္ခုလာရိုက္ခတ္သည္ျဖစ္၍ အလန့္တၾကားနွင့္အိပ္ရာနိုးလာသည္။နဂိုကတည္းက အအိပ္ဆတ္တာမို့ အိပ္ေနသည့္အနား အပ္တစ္ေခ်ာင္းက်လွ်င္ေတာင္ အိပ္ရာကနိုးသည္။ မွန္ခ်ပ္ကို ဘာလာရိုက္လဲသိခ်င္စိတ္နွင့္ ဝရန္တာတံခါးကိုဖြင့္ကာ ဝရန္တာသို့ ထြက္လာလိုက္သည္။
"ေဟး..အစ္ကို။ကြ်န္ေတာ္ဒီမွာ.."
လူတစ္ေယာက္အသံၾကား၍ တည္ၾကည္ ဝရန္တာမွငံု့ၾကည့္လိုက္ရာ ညေနခင္းကလာသြားေသာ ဟိုဧည့္သည္ညီေလးကို ေတြ့ရသည္။ ေတြ့ေတြ့ခ်င္း မ်က္လံုးမ်ားျပဴးက်ယ္သြားသည္အထိ။သူဘာလာလုပ္တာလဲ။ ဒီအခ်ိန္ၾကီး ထမင္းလာစားတာလည္းမျဖစ္နိုင္ပါဘူး။
"ညီေလး.."
နွစ္ေယာက္ၾကားရံုမွ်ေသာ အသံတုန္းကာလာနွင့္သာ ပါးစပ္အသာလွဳပ္ျပီး ေျပာဆိုေနရသည္။ေရာင္ဝါကေတာ့ တည္ၾကည္ေအာက္ထပ္သို့ ဆင္းလာရန္ လက္ယပ္ေခၚလိုက္သည္။တည္ၾကည္ခန့္ညားလည္း ခ်က္ခ်င္းသေဘာေပါက္ကာ ေျခသံဖြဖြနင္း၍ ေအာက္ထပ္သို့ ဆင္းလာလိုက္သည္။
"ညီေလး..ဒီအခ်ိန္ၾကီးဘာလာလုပ္တာလဲ။ထမင္းလာစားတာလား..ဆိုင္ပိတ္သြားျပီေလ.."
"ဟာ..မဟုတ္ပါဘူး..အစ္ကိုကလည္း။ဒီနားေရာက္ေတာ့မွ ကြ်န္ေတာ့္ကား ပ်က္သြားလို့ အဲ့ဒါနဲ့ ဒီမွာပဲတစ္ညအိပ္ဖို့ဝင္လာလိုက္တာ"
ေရာင္ဝါ မုသားသံုးလိုက္ရသည္။အစ္ကိုတည္ၾကည့္မ်က္နွာကိုေတြ့ရဖို့ နွင္လာေသာခရီးျဖစ္သည့္ အမွန္တရားကိုမေျပာဘဲ ကားပ်က္သည္ဟူ၍သာ လိမ္ေျပာလိုက္သည္။နဂိုကတည္းက သူတစ္ပါးစကားကိုအယံုလြယ္သူမို့ ေန့ခ်င္းျပန္လာသည္ဘာညာမစဥ္းစားမိဘဲ အစ္ကိုတည္ၾကည္မွာေခါင္းတညိတ္ညိတ္နွင့္သာ။
"အဲ့ေတာ့ အစ္ကိုဘာကူညီေပးရမလဲ။ညီေလးကားကို လိုက္ၾကည့္ေပးရမလား"
"ဟာ..ကြ်န္ေတာ္ ဒီမွာအိပ္ဖို့လာတာပါဆို။အစ္ကိုနဲ့တူတူအိပ္ဖို့လာတာ"
ဘုရား..ဘုရား။ဒီေကာင္ေလး ရဲတင္းလိုက္တာ။အေပၚထပ္မွာ တျခားဝန္ထမ္းေတြလည္း အိပ္ေပ်ာ္ေနတာမို့ တည္ၾကည္ ဒီေကာင္ေလးနဲ့ဘယ္အတူတူအိပ္လို့ျဖစ္မလဲ။
"မလုပ္..မလုပ္ပါနဲ့။အေပၚမွာ လူေတြအိပ္ေနတယ္.."
"အစ္ကိုကေတာ့လုပ္ျပီ။လူေတြမအိပ္လို့ ေခြးေတြအိပ္ေနမွာလား"
"အဲ့..အဲ့လိုမဟုတ္ဘူးေလ။တျခားဝန္ထမ္းေတြ အိပ္ကုန္ျပီလို့။ညီေလးက ဘယ္လိုအိပ္မွာလဲ။ဘယ္ေနရာမွာအိပ္မွာလဲ"
"ရတယ္..ဘယ္ေနရာျဖစ္ျဖစ္။ဒီမွာတစ္ညအိပ္ရရင္ေက်နပ္ျပီ.."
ေမးေစ့နားကို ညာလက္ညိဳးေလးေထာက္ကာေထာက္ကာနွင့္ တည္ၾကည္ ခဏတာမွ်စဥ္းစားျပီးမွ..
"လာ..လာ..ဒါဆိုလည္း။အိမ္ထဲဝင္..အျပင္မွာေအးေနတယ္.."
အစ္ကိုတည္ၾကည္ေခၚေဆာင္ရာ တန္းလ်ားထဲသို့ ေရာင္ဝါေရာက္ရွိလာျပီးမွ အစ္ကိုတည္ၾကည္က တံခါးကို ခ်က္ထိုးလိုက္သည္။
"ညီေလး..ေအာက္ထပ္မွာပဲဂြမ္းေစာင္ခင္းျပီးအိပ္လိုက္။အစ္ကို ဘီရိုထဲကသြားထုတ္ျပီး ဂြမ္းေစာင္ယူလာေပးမယ္။ခဏေစာင့္.."
အစ္ကိုတည္ၾကည္က အိမ္ေအာက္ထပ္မွာရွိေသာဗီရိုထဲက ဂြမ္းေစာင္တစ္ထည္ကိုထုတ္လာျပီး ေအာက္ထပ္ၾကမ္းျပင္မွာ ခင္းခ်ေပးလိုက္သည္။လူအမ်ားတကာ သြားလာေသာၾကမ္းျပင္ၾကီးမွာ ခ်ခင္းအိပ္ရမည္ကို သူေဌးသားပီပီေဂ်းမ်ားခ်င္ေသာ္လည္း ခ်စ္ရသူကိုယ္တိုင္ခင္းေပးေသာ အိပ္ရာျဖစ္တာမို့ ေႏြးေထြးမည္ဟု တစ္ထစ္ခ်ယံုၾကည္သည္။အလုပ္သမားတန္းလ်ားဆိုေပမယ့္ မခမ္းနားေသာ္လည္း သန့္သန့္ရွင္းရွင္းသပ္သပ္ရပ္ရပ္ နွစ္ထပ္တိုက္အိမ္ ပံုစံမ်ိဳးေလးမို့ ေတာ္ေသးသည္။ေအာက္ထပ္မွာ အိပ္ခန္းတစ္ခန္းသာရွိျပီး ထိုအိပ္ခန္းတြင္ ဟိုမန္ေနဂ်ာမိန္းမ ေဒၚဂ်ဴးဂ်ဴးေနပံုရသည္။အစ္ကိုတည္ၾကည္တို့ဝန္ထမ္းေတြကေတာ့ အေပၚထပ္Hall Typeမွာ တစ္ေယာက္ ခုတင္တစ္လံုးစီနဲ့ အိပ္ပံုရသည္။
ေရာင္ဝါ အိပ္ဖို့ရာ သက္ေတာင့္သက္သာျဖစ္ေစဖို့ အစ္ကိုတည္ၾကည္က ေစာင္ကအစ ေခါင္းအံုးအဆံုး ဗီရိုထဲမွထုတ္ကာ ယူေပးျပီးခင္းေပးသည္။
"ကဲ..အိပ္လို့ရျပီ..ညီေလး။မနက္က်မွ အစ္ကို ဒီနားက ကားျပင္ဆရာကုိ ေခၚေပးမယ္.."
"မ..မလိုပါဘူး။ရတယ္..အစ္ကို။ကြ်န္ေတာ့္ကားျပင္ဆရာကို ကြ်န္ေတာ္ေခၚထားျပီးသား.."
အစ္ကိုတည္ၾကည္က ကားျပင္ဆရာကို တကယ္ေခၚေတာ့မည့္ပံုစံျဖစ္ေနတာေၾကာင့္ အလိမ္ေပၚမည္စိုး၍ ေရာင္ဝါ ပ်ာပ်ာသလဲျငင္းလိုက္ရသည္။
"ေၾသာ္..ျပီးေရာ..ျပီးေရာ။ဒါဆို စိတ္ခ်လက္ခ်အိပ္ပါ..ညီေလး။အစ္ကို အေပၚထပ္မွာရွိမယ္။ေကာင္းေသာညပါ.."
အစ္ကိုတည္ၾကည္က သူေျပာခ်င္ရာမ်ားေျပာျပီး အေပၚထပ္အိပ္ရာဆီသို့ ျပန္တက္သြားသည္။ေရာင္ဝါမွာေတာ့ အိမ္ေအာက္ထပ္မွာ တစ္ေယာက္တည္း ငုတ္တုတ္ေလးနွင့္ေယာင္ခ်ာခ်ာ။အစ္ကိုတည္ၾကည္က ျခင္ေထာင္ပါေထာင္ေပးဖို့ ေမ့သြားသည္လားမသိ၊ ျခင္တဝီဝီသံမ်ားက ေရာင္ဝါ၏နားစည္ကိုလာရိုက္ခတ္ေနွာင့္ယွက္သည္။
"ကြ်တ္..ျခင္ေတြကတစ္မ်ိဳး.."
ဒီတစ္ညေတာ့ ျခင္ေတြေနွာင့္ယွက္သည္ကတစ္ေၾကာင္း၊ အိမ္မျပန္ခ်င္၍ အၾကံထုတ္ေနသည္ကတစ္ေၾကာင္းနွင့္ ေရာင္ဝါ အိပ္ေကာင္းျခင္းမအိပ္ရဘဲ အိပ္တစ္ဝက္၊နိုးတစ္ဝက္ျဖစ္ေနေလေတာ့သည္။
.........................................................................................................
"ညီေလး..ထ..ထေတာ့"
တစ္စံုတစ္ေယာက္က ပခံုးကိုဖြဖြေလးပုတ္ကာ လာနွိဳးသျဖင့္ ေရာင္ဝါ အိပ္ခ်င္မူးတူးနွင့္နိုးလာခဲ့ရသည္။ညက ေကာင္းေကာင္းမအိပ္ရပါဘူးဆိုကာမွ မနက္အေစာ လင္းအရုဏ္တက္ၾကီး ဘယ္သူက လာနွိဳးေနတာလဲ။
မ်က္လံုးမ်ားကို ၾကမ္းၾကမ္းတမ္းတမ္းပြတ္လိုက္ျပီး တျဖည္းျဖည္းဖြင့္ၾကည့္လုိက္ေတာ့ သူ့ကိုပခံုးပုတ္ကာ နွိဳးေနသည့္ အစ္ကိုတည္ၾကည့္ကိုျမင္လိုက္ရသည္။
"အစ္ကို.."
"ဟုတ္တယ္..။ထေတာ့..ညီေလး။အားေတာ့နာပါတယ္။ခဏေနရင္ ေဒၚေဒၚအိပ္ရာနိုးလာေတာ့မွာမို့ ညီေလး ျမန္ျမန္ျပန္ပါေတာ့လား.."
လက္ပတ္နာရီကုိငံု့ၾကည့္လိုက္ေတာ့ မနက္၄နာရီခြဲ။
အိမ္မွာဆို မနက္၁၁နာရီ၊၁၂နာရီေလာက္မွ အိပ္ရာနိုးတတ္ေသာ ေရာင္ဝါထြန္းလင္းဟာ အခု အစ္ကိုတည္ၾကည့္ေၾကာင့္ မနိုးစဖူးအခ်ိန္ နိုးလာရျပီ။
"အေစာၾကီးပါလား..အစ္ကို"
"ဟုတ္တယ္..အစ္ကိုတို့ ခဏေနရင္ ထမင္းဟင္းေတြထခ်က္ရေတာ့မွာ။အဲ့ေတာ့ ေဒၚေဒၚနိုးလာလို့ ညီေလး ဒီမွာအိပ္ေနတာကိုျမင္ရင္ အိမ္ထဲ လူစိမ္းဝင္တယ္ဆိုျပီး ညီေလးကို ဘူမသိကိုးမသိ ဝိုင္းရိုက္ၾကမွာစိုးလို့.."
"အစ္ကိုကလည္း..ဒီေလာက္ ေဝလီေဝလင္းၾကီးကို ဘယ္ကားျပင္ဆရာက လာမွာလဲ။ကြ်န္ေတာ့္ကို အတင္းနွင္ေနေတာ့တာပဲ။ေဝလီေဝလင္းၾကီး ဟိုင္းေဝးလမ္းမၾကီးေပၚမွာ တစ္ေယာက္တည္းရပ္ေနရမယ့္ ကြ်န္ေတာ့္အျဖစ္ကို မသနားေတာ့ဘူးလား ေျပာ"
ဒရမ္မာခင္းျပလိုက္ေတာ့တစ္ပါးသူကို သနားတတ္သူပီပီ တည္ၾကည္ခန့္ညား မ်က္နွာေလးမွာ ခ်က္ခ်င္းကိုညိဳးငယ္က်သြားေတာ့သည္။
"ဒါ..ဒါဆို"
"စိတ္မပူပါနဲ့ အစ္ကိုကလည္း။ကြ်န္ေတာ္ အေဒၚ့ကိုေျပာလိုက္မွာေပါ့။ ကြ်န္ေတာ္ မေန့ညက ကားပ်က္လို့ဒီမွာအိပ္လိုက္တယ္လို့ ခြင့္ေတာင္းလိုက္မွာေပါ့။အေဒၚလည္း ကြ်န္ေတာ့္ကိုသိပါတယ္။မင္းသားပဲဟာ။ဒီဆိုင္ကို ခဏခဏလာေနတာပဲဟာကို.."
"ျဖစ္ပါ့မလား.."
"ျဖစ္ပါတယ္..အစ္ကိုကလည္း။စိတ္ပူတတ္ရန္ေကာ..။အစ္ကို ဆူခံရမွာလည္း စိတ္မပူနဲ့။ကြ်န္ေတာ့္ကိုလည္း ဆြမ္းၾကီးဝိုင္းမေလာင္းေစရဘူး..ဟုတ္ျပီလား"
ထိုက်မွ စိတ္ပူပန္မွဳေလ်ာ့က်သြားေသာမ်က္နွာထားနွင့္ အစ္ကိုက...
"ဟုတ္ျပီ..ညီေလး။ဒါဆို အစ္ကိုမ်က္နွာသြားသစ္လိုက္အံုးမယ္။ျပီးရင္ ဟင္းခ်က္တာဝိုင္းကူေပးရမွာမလို့.."
အစ္ကို့ဘဝေလးက တကယ္သနားစရာရယ္ပါ။ထမင္းဆိုင္မို့ မနက္ေဝလီေဝလင္းၾကီးအိပ္ရာထရျပီး ထမင္းခ်က္၊ဟင္းခ်က္ရျပန္သည္။
"ကြ်န္ေတာ္ပါလိုက္ခဲ့မယ္..အစ္ကို"
"မလိုက္ပါနဲ့။ညီေလး ေအးေဆးအိပ္ေနပါ.."
"မဟုတ္တာ။ကြ်န္ေတာ္လည္း အိပ္ေရးဝပါျပီ။အစ္ကို့ကိုပါ ဝိုင္းကူေပးမယ္။ ျပီးေတာ့ ကြ်န္ေတာ့္ကို ညီေလး..ညီေလးနဲ့မေခၚပါနဲ့ဗ်ာ။ကြ်န္ေတာ့္နာမည္က ေရာင္ဝါထြန္းလင္းမို့ ေရာင္ဝါလို့ပဲေခၚပါ.."
ျခင္တဝီဝီေၾကာင့္ အိပ္မရေတာ့မည့္အတူတူ ေရာင္ဝါလည္း အစ္ကို့ကို ဟင္းခ်က္ဝိုင္းကူေပးရန္အၾကံျဖစ္ေပၚမိသည္။အိမ္မီးဖိုေခ်ာင္ထဲတြင္ ေျခတစ္လွမ္းမခ်ဖူးသည့္ ေမာ္ဒယ္မင္းသားေရာင္ဝါထြန္းလင္းဟာ အခုလို ဟင္းကူခ်က္ေပးမည္ဆိုသည့္အၾကံျဖစ္ေပၚလာရသည္ကို ေရာင္ဝါ ကိုယ့္ကိုကိုယ္အံ့ၾသမဆံုးျဖစ္မိသည္။
"အားနာစရာၾကီး။ဒါဆိုလည္း ထေလ..ေရာင္ဝါ။တန္းလ်ားေနာက္မွာ မ်က္နွာလိုက္သစ္"
"ဟုတ္ကဲ့.."
အစ္ကိုတည္ၾကည္က ေရွ့မွဦးေဆာင္ကာ ေရာင္ဝါ့ကို တန္းလ်ားအေနာက္ဘက္ မ်က္နွာသစ္၊သြားတိုက္သည့္ေနရာသို့ ေခၚသြားေပးသည္။ေတာရြာဘက္နည္းနည္းက်ေသာအရပ္ေဒသျဖစ္၍ မ်က္စိတစ္ဆံုးတြင္ ရာဘာေတာမ်ားနွင့္ လယ္ကြင္းျပင္က်ယ္ၾကီးမ်ားကိုသာ ေတြ့ျမင္ရသည္။
ငြားငြားစြင့္စြင့္ေနမင္းၾကီးေတာင္ ထြက္မေပၚလာေသးသည့္ ေဝလီေဝလင္းအခ်ိန္ျဖစ္ေနျပီး ငွက္ေလးမ်ားသာ စိုးစီစိုးစီနွင့္ေအာ္တမ္းေနၾကသည္။လင္းေရာင္ပ်ိဳ့ေသာ အရုဏ္တက္မနက္ခင္းဝယ္ ေရာင္ဝါထြန္းလင္း၏တစ္ေန့တာမွာ ခ်စ္ရေသာအစ္ကုိနွင့္အတူရွိျခင္းျဖင့္ စတင္ဖြင့္လွစ္လိုက္ပါေတာ့သည္။
To Be Continued...🚉🚉
4/3/2021
#SL🚉🚉
*Unicode*
ရောင်ဝါ 'တောင်တန်းပြာ'ကိုရောက်တော့ ည၁၁နာရီခန့်ရှိနေလေပြီ။ ဖွင့်ထားသောသီချင်းခွေကို ပိတ်ပစ်လိုက်ပြီး ထမင်းဆိုင်ခြံဝန်းရှေ့တွင် ကားကိုဖြည်းဖြည်းချင်းစက်သတ်လိုက်သည်။အိမ်မှာမေမေနဲ့ရန်ဖြစ်လာသမျှဟာ ရန်ကုန်ကနေ ကျိုက်ထိုတောင်တန်းပြာခရီးလမ်းတွင် ကားမောင်းရင်း ဖြတ်သန်းတိုက်ခတ်လာသော ညချမ်း၏လေနုလေအေးများကြောင့် စိတ်ရွှင်လန်း လန်းဆန်းသွားရသည်မှာအမှန်။ဆိုင်ထဲသို့ဝင်ပြီး ချစ်ရသူမျက်နှာကိုမြင်ရမည်ဆိုလျှင်တော့ စိတ်ကပိုလန်းဆန်းဖို့သာရှိပေသည်။သို့သော် အခုအချိန်ဆို အစ်ကိုတည်ကြည်တို့အိပ်နေလောက်ပြီပေါ့။ထမင်းဆိုင်ကဝန်ထမ်းဖြစ်၍ မနက်ဆိုလည်းစောစောထ၊ဆိုင်အလုပ်လုပ်ရတာမို့ အခုအချိန် ည၁၁လောက်ဆို အိပ်လို့တရေးတောင်နိုးနေလောက်သည့်အချိန်ဖြစ်မည်။ အစ်ကိုတည်ကြည့်ကိုအားနာမိပေမယ့် သူ့ဆီကိုပဲဦးတည်ပြီးလာတာမို့ ညကြီးအချိန်မတော် ရအောင်တံခါးခေါက်ပြီးသာဝင်ရပေတော့မည်။ ရောင်ဝါ ကိုယ့်ကိုကိုယ်လည်း အံ့သြမိသည်။စောနလေးတင်မှ ဒီဆိုင်ကထွက်လာတာ မကြာသေး။အခုရန်ကုန်ကနေ ဒီဆိုင်ကိုချက်ချင်းကြီးပြန်မောင်းလာရတယ် ဆိုတော့ အချစ်စွမ်းအားက တယ်ကြီးပါပေလား။
ပန်းခြုံအကွယ်တစ်ခုမှာ ကားကိုရပ်ထားပစ်ခဲ့လိုက်ပြီး လူကတော့ ကားပေါ်မှ ခြေသံဖွဖွနှင့်ဆင်းလာလိုက်သည်။ထမင်းဆိုင်ကအရှေ့မှာဆိုလျှင် ဝန်ထမ်းတန်းလျားက ထိုဆိုင်၏အနောက်ဘက်မှာရှိလိမ့်မည်။ဆိုင်ဝန်းက သော့ခတ်ထားသဖြင့် တံခါးနှင့်တွန်းဝင်လို့တော့မရ။တန်းလျားကိုရောက်ဖို့ ရောင်ဝါ အကြံထုတ်နေမိရာမှ မျက်လုံးက ခပ်နိမ့်နိမ့်အုတ်စည်းရိုးတစ်ခုဆီသို့ ချက်ချင်းအကြည့်ရောက်ရှိသွားသည်။ဟုတ်သည်။ထိုစည်းရိုးကနေ ကျော်ခွတက်လျှင် ရလောက်သည်။စည်းရိုးရှိရာဆီသို့သွားကာ ဘေးက သံဆူးကြိုးများကိုခပ်ဖွဖွအားပြု၍ ကျော်ခွတက်ချလိုက်သည်။သတိထားစွာ ကျော်ခွပြီးမှ ဆိုင်ပရဝုဏ်အတွင်းသို့အန္တရာယ်ကင်းကင်းရောက်ရှိတော့သည်။ တော်ပါသေးရဲ့..ဆိုင်ပတ်ဝန်းကျင်မှာ အိမ်ခြေတွေမရှိလို့။အကယ်၍ အိမ်ခြေတွေရှိပါက လူတွေထွက်လာပြီး ရောင်ဝါ့ကို သူခိုးဟုထင်ကာ ဝိုင်းဆွမ်းကြီးလောင်းကြမည်မှာ မလွဲဧကန်။
ဒေါ်ဂျူးဂျူးအပါအဝင် ဝန်ထမ်းအားလုံးအိပ်နေသည်မှာ ပတ်ဝန်းကျင်ကို ကြည့်တာနဲ့သိသာနေသည်။မီးများအကုန်ပိတ်ထားကာ ဆိုင်ရှေ့ အုပ်ဆောင်းပုံသဏ္ဍာန်မီးလုံးလေးသာ ခပ်ပျပျထွန်းထားသည်။ အနောက်ဘက်ဝန်ထမ်းတန်းလျားနားရောက်တော့မှ ရောင်ဝါခြေအစုံကို ရပ်ချလိုက်သည်။တန်းလျားမှာ နှစ်ထပ်တိုက်ဖြစ်ပြီး ယောက်ျားသားများသာ နေထိုင်သောတန်းလျားဖြစ်၍ မျက်နှာစာဝရန်တာတွင် ယောက်ျားဝတ် ဆိုင်တံဆိပ်ပါသောတီရှပ်များ၊ပုဆိုးများ၊အတွင်းခံများကို ကြိုးတန်းများနှင့် တွဲလောင်းချလှန်းထားသည်။အစ်ကိုတည်ကြည့်အခန်းဆီရောက်ဖို့ ဘယ်လိုသွားရမလဲဟူသောနည်းလမ်းနှင့် အစ်ကိုတည်ကြည် ဝရန်တာသို့ ထွက်လာအောင် ဘယ်လိုအသံလုပ်ရမလဲဟု ရောင်ဝါကြိတ်စဉ်းစားနေမိသည်။
ဘုတ်...။
"အမလေး..လန့်လိုက်တာ"
ပစ္စည်းတစ်ခုခုပြုတ်ကျသည့် ဘုတ်ခနဲဟူသောအသံကိုကြားလိုက်ရသဖြင့် သရဲခြောက်သည်ဟုထင်ပြီး ရောင်ဝါ အာမေဋိတ်ပြုမိကာ ပြုတ်ကျလာသော ပစ္စည်းကိုလှမ်းကြည့်လိုက်သည်။ယောက်ျားဝတ်အတွင်းခံတစ်ထည်...။ ဘယ်သူ့အတွင်းခံမှန်းတော့မသိ..ရောင်ဝါ့ရှေ့တည့်တည့်သို့ ဘုတ်ခနဲပြုတ်ကျလာသည်။လေတစ်ချက်အဝှေ့မှာ ဝရန်တာကြိုးတန်းကနေ အောက်ထပ်သို့ လွင့်ကျလာတာပဲဖြစ်ရမည်။ထိုအတွင်းခံကိုငုံ့ကြည့်ရင်း ရောင်ဝါ မဲ့ပြုံးလေးပြုံးလိုက်မိသည်။
ရှေ့တည့်တည့်ကျလာသောအတွင်းခံကို ရွံရှာရှာနှင့်သာ ကောက်ကိုင်လိုက်ပြီး ရောင်ဝါ တစ်စုံတစ်ခုလုပ်ရန်အကြံထုတ်နေမိသည်။ လျှော်ပြီးသားအတွင်းခံဖြစ်၍ အနံ့မနံတာပဲ ရောင်ဝါ့အတွက် ကံကောင်းသည်ဆိုရမည်။နောက်ဆုံး အကြံတစ်ခုရသွားပြီး ဝရန်တာတွင်ရှိသော ဖုန်တက်ဂျေးတက်မှန်ချပ်များကို ထိုအတွင်းခံနှင့် အားပါပါကောက်ပေါက်လိုက်သည်။
ပြတင်းပေါက်ဘက်တွင်ကပ်အိပ်ရသော တည်ကြည်ခန့်ညားမှာ ဘေးတွင်ရှိသောပြတင်းပေါက်မှန်ကို တစ်စုံတစ်ခုလာရိုက်ခတ်သည်ဖြစ်၍ အလန့်တကြားနှင့်အိပ်ရာနိုးလာသည်။နဂိုကတည်းက အအိပ်ဆတ်တာမို့ အိပ်နေသည့်အနား အပ်တစ်ချောင်းကျလျှင်တောင် အိပ်ရာကနိုးသည်။ မှန်ချပ်ကို ဘာလာရိုက်လဲသိချင်စိတ်နှင့် ဝရန်တာတံခါးကိုဖွင့်ကာ ဝရန်တာသို့ ထွက်လာလိုက်သည်။
"ဟေး..အစ်ကို။ကျွန်တော်ဒီမှာ.."
လူတစ်ယောက်အသံကြား၍ တည်ကြည် ဝရန်တာမှငုံ့ကြည့်လိုက်ရာ ညနေခင်းကလာသွားသော ဟိုဧည့်သည်ညီလေးကို တွေ့ရသည်။ တွေ့တွေ့ချင်း မျက်လုံးများပြူးကျယ်သွားသည်အထိ။သူဘာလာလုပ်တာလဲ။ ဒီအချိန်ကြီး ထမင်းလာစားတာလည်းမဖြစ်နိုင်ပါဘူး။
"ညီလေး.."
နှစ်ယောက်ကြားရုံမျှသော အသံတုန်းကာလာနှင့်သာ ပါးစပ်အသာလှုပ်ပြီး ပြောဆိုနေရသည်။ရောင်ဝါကတော့ တည်ကြည်အောက်ထပ်သို့ ဆင်းလာရန် လက်ယပ်ခေါ်လိုက်သည်။တည်ကြည်ခန့်ညားလည်း ချက်ချင်းသဘောပေါက်ကာ ခြေသံဖွဖွနင်း၍ အောက်ထပ်သို့ ဆင်းလာလိုက်သည်။
"ညီလေး..ဒီအချိန်ကြီးဘာလာလုပ်တာလဲ။ထမင်းလာစားတာလား..ဆိုင်ပိတ်သွားပြီလေ.."
"ဟာ..မဟုတ်ပါဘူး..အစ်ကိုကလည်း။ဒီနားရောက်တော့မှ ကျွန်တော့်ကား ပျက်သွားလို့ အဲ့ဒါနဲ့ ဒီမှာပဲတစ်ညအိပ်ဖို့ဝင်လာလိုက်တာ"
ရောင်ဝါ မုသားသုံးလိုက်ရသည်။အစ်ကိုတည်ကြည့်မျက်နှာကိုတွေ့ရဖို့ နှင်လာသောခရီးဖြစ်သည့် အမှန်တရားကိုမပြောဘဲ ကားပျက်သည်ဟူ၍သာ လိမ်ပြောလိုက်သည်။နဂိုကတည်းက သူတစ်ပါးစကားကိုအယုံလွယ်သူမို့ နေ့ချင်းပြန်လာသည်ဘာညာမစဉ်းစားမိဘဲ အစ်ကိုတည်ကြည်မှာခေါင်းတညိတ်ညိတ်နှင့်သာ။
"အဲ့တော့ အစ်ကိုဘာကူညီပေးရမလဲ။ညီလေးကားကို လိုက်ကြည့်ပေးရမလား"
"ဟာ..ကျွန်တော် ဒီမှာအိပ်ဖို့လာတာပါဆို။အစ်ကိုနဲ့တူတူအိပ်ဖို့လာတာ"
ဘုရား..ဘုရား။ဒီကောင်လေး ရဲတင်းလိုက်တာ။အပေါ်ထပ်မှာ တခြားဝန်ထမ်းတွေလည်း အိပ်ပျော်နေတာမို့ တည်ကြည် ဒီကောင်လေးနဲ့ဘယ်အတူတူအိပ်လို့ဖြစ်မလဲ။
"မလုပ်..မလုပ်ပါနဲ့။အပေါ်မှာ လူတွေအိပ်နေတယ်.."
"အစ်ကိုကတော့လုပ်ပြီ။လူတွေမအိပ်လို့ ခွေးတွေအိပ်နေမှာလား"
"အဲ့..အဲ့လိုမဟုတ်ဘူးလေ။တခြားဝန်ထမ်းတွေ အိပ်ကုန်ပြီလို့။ညီလေးက ဘယ်လိုအိပ်မှာလဲ။ဘယ်နေရာမှာအိပ်မှာလဲ"
"ရတယ်..ဘယ်နေရာဖြစ်ဖြစ်။ဒီမှာတစ်ညအိပ်ရရင်ကျေနပ်ပြီ.."
မေးစေ့နားကို ညာလက်ညိုးလေးထောက်ကာထောက်ကာနှင့် တည်ကြည် ခဏတာမျှစဉ်းစားပြီးမှ..
"လာ..လာ..ဒါဆိုလည်း။အိမ်ထဲဝင်..အပြင်မှာအေးနေတယ်.."
အစ်ကိုတည်ကြည်ခေါ်ဆောင်ရာ တန်းလျားထဲသို့ ရောင်ဝါရောက်ရှိလာပြီးမှ အစ်ကိုတည်ကြည်က တံခါးကို ချက်ထိုးလိုက်သည်။
"ညီလေး..အောက်ထပ်မှာပဲဂွမ်းစောင်ခင်းပြီးအိပ်လိုက်။အစ်ကို ဘီရိုထဲကသွားထုတ်ပြီး ဂွမ်းစောင်ယူလာပေးမယ်။ခဏစောင့်.."
အစ်ကိုတည်ကြည်က အိမ်အောက်ထပ်မှာရှိသောဗီရိုထဲက ဂွမ်းစောင်တစ်ထည်ကိုထုတ်လာပြီး အောက်ထပ်ကြမ်းပြင်မှာ ခင်းချပေးလိုက်သည်။လူအများတကာ သွားလာသောကြမ်းပြင်ကြီးမှာ ချခင်းအိပ်ရမည်ကို သူဌေးသားပီပီဂျေးများချင်သော်လည်း ချစ်ရသူကိုယ်တိုင်ခင်းပေးသော အိပ်ရာဖြစ်တာမို့ နွေးထွေးမည်ဟု တစ်ထစ်ချယုံကြည်သည်။အလုပ်သမားတန်းလျားဆိုပေမယ့် မခမ်းနားသော်လည်း သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ် နှစ်ထပ်တိုက်အိမ် ပုံစံမျိုးလေးမို့ တော်သေးသည်။အောက်ထပ်မှာ အိပ်ခန်းတစ်ခန်းသာရှိပြီး ထိုအိပ်ခန်းတွင် ဟိုမန်နေဂျာမိန်းမ ဒေါ်ဂျူးဂျူးနေပုံရသည်။အစ်ကိုတည်ကြည်တို့ဝန်ထမ်းတွေကတော့ အပေါ်ထပ်Hall Typeမှာ တစ်ယောက် ခုတင်တစ်လုံးစီနဲ့ အိပ်ပုံရသည်။
ရောင်ဝါ အိပ်ဖို့ရာ သက်တောင့်သက်သာဖြစ်စေဖို့ အစ်ကိုတည်ကြည်က စောင်ကအစ ခေါင်းအုံးအဆုံး ဗီရိုထဲမှထုတ်ကာ ယူပေးပြီးခင်းပေးသည်။
"ကဲ..အိပ်လို့ရပြီ..ညီလေး။မနက်ကျမှ အစ်ကို ဒီနားက ကားပြင်ဆရာကို ခေါ်ပေးမယ်.."
"မ..မလိုပါဘူး။ရတယ်..အစ်ကို။ကျွန်တော့်ကားပြင်ဆရာကို ကျွန်တော်ခေါ်ထားပြီးသား.."
အစ်ကိုတည်ကြည်က ကားပြင်ဆရာကို တကယ်ခေါ်တော့မည့်ပုံစံဖြစ်နေတာကြောင့် အလိမ်ပေါ်မည်စိုး၍ ရောင်ဝါ ပျာပျာသလဲငြင်းလိုက်ရသည်။
"သြော်..ပြီးရော..ပြီးရော။ဒါဆို စိတ်ချလက်ချအိပ်ပါ..ညီလေး။အစ်ကို အပေါ်ထပ်မှာရှိမယ်။ကောင်းသောညပါ.."
အစ်ကိုတည်ကြည်က သူပြောချင်ရာများပြောပြီး အပေါ်ထပ်အိပ်ရာဆီသို့ ပြန်တက်သွားသည်။ရောင်ဝါမှာတော့ အိမ်အောက်ထပ်မှာ တစ်ယောက်တည်း ငုတ်တုတ်လေးနှင့်ယောင်ချာချာ။အစ်ကိုတည်ကြည်က ခြင်ထောင်ပါထောင်ပေးဖို့ မေ့သွားသည်လားမသိ၊ ခြင်တဝီဝီသံများက ရောင်ဝါ၏နားစည်ကိုလာရိုက်ခတ်နှောင့်ယှက်သည်။
"ကျွတ်..ခြင်တွေကတစ်မျိုး.."
ဒီတစ်ညတော့ ခြင်တွေနှောင့်ယှက်သည်ကတစ်ကြောင်း၊ အိမ်မပြန်ချင်၍ အကြံထုတ်နေသည်ကတစ်ကြောင်းနှင့် ရောင်ဝါ အိပ်ကောင်းခြင်းမအိပ်ရဘဲ အိပ်တစ်ဝက်၊နိုးတစ်ဝက်ဖြစ်နေလေတော့သည်။
.........................................................................................................
"ညီလေး..ထ..ထတော့"
တစ်စုံတစ်ယောက်က ပခုံးကိုဖွဖွလေးပုတ်ကာ လာနှိုးသဖြင့် ရောင်ဝါ အိပ်ချင်မူးတူးနှင့်နိုးလာခဲ့ရသည်။ညက ကောင်းကောင်းမအိပ်ရပါဘူးဆိုကာမှ မနက်အစော လင်းအရုဏ်တက်ကြီး ဘယ်သူက လာနှိုးနေတာလဲ။
မျက်လုံးများကို ကြမ်းကြမ်းတမ်းတမ်းပွတ်လိုက်ပြီး တဖြည်းဖြည်းဖွင့်ကြည့်လိုက်တော့ သူ့ကိုပခုံးပုတ်ကာ နှိုးနေသည့် အစ်ကိုတည်ကြည့်ကိုမြင်လိုက်ရသည်။
"အစ်ကို.."
"ဟုတ်တယ်..။ထတော့..ညီလေး။အားတော့နာပါတယ်။ခဏနေရင် ဒေါ်ဒေါ်အိပ်ရာနိုးလာတော့မှာမို့ ညီလေး မြန်မြန်ပြန်ပါတော့လား.."
လက်ပတ်နာရီကိုငုံ့ကြည့်လိုက်တော့ မနက်၄နာရီခွဲ။
အိမ်မှာဆို မနက်၁၁နာရီ၊၁၂နာရီလောက်မှ အိပ်ရာနိုးတတ်သော ရောင်ဝါထွန်းလင်းဟာ အခု အစ်ကိုတည်ကြည့်ကြောင့် မနိုးစဖူးအချိန် နိုးလာရပြီ။
"အစောကြီးပါလား..အစ်ကို"
"ဟုတ်တယ်..အစ်ကိုတို့ ခဏနေရင် ထမင်းဟင်းတွေထချက်ရတော့မှာ။အဲ့တော့ ဒေါ်ဒေါ်နိုးလာလို့ ညီလေး ဒီမှာအိပ်နေတာကိုမြင်ရင် အိမ်ထဲ လူစိမ်းဝင်တယ်ဆိုပြီး ညီလေးကို ဘူမသိကိုးမသိ ဝိုင်းရိုက်ကြမှာစိုးလို့.."
"အစ်ကိုကလည်း..ဒီလောက် ဝေလီဝေလင်းကြီးကို ဘယ်ကားပြင်ဆရာက လာမှာလဲ။ကျွန်တော့်ကို အတင်းနှင်နေတော့တာပဲ။ဝေလီဝေလင်းကြီး ဟိုင်းဝေးလမ်းမကြီးပေါ်မှာ တစ်ယောက်တည်းရပ်နေရမယ့် ကျွန်တော့်အဖြစ်ကို မသနားတော့ဘူးလား ပြော"
ဒရမ်မာခင်းပြလိုက်တော့တစ်ပါးသူကို သနားတတ်သူပီပီ တည်ကြည်ခန့်ညား မျက်နှာလေးမှာ ချက်ချင်းကိုညိုးငယ်ကျသွားတော့သည်။
"ဒါ..ဒါဆို"
"စိတ်မပူပါနဲ့ အစ်ကိုကလည်း။ကျွန်တော် အဒေါ့်ကိုပြောလိုက်မှာပေါ့။ ကျွန်တော် မနေ့ညက ကားပျက်လို့ဒီမှာအိပ်လိုက်တယ်လို့ ခွင့်တောင်းလိုက်မှာပေါ့။အဒေါ်လည်း ကျွန်တော့်ကိုသိပါတယ်။မင်းသားပဲဟာ။ဒီဆိုင်ကို ခဏခဏလာနေတာပဲဟာကို.."
"ဖြစ်ပါ့မလား.."
"ဖြစ်ပါတယ်..အစ်ကိုကလည်း။စိတ်ပူတတ်ရန်ကော..။အစ်ကို ဆူခံရမှာလည်း စိတ်မပူနဲ့။ကျွန်တော့်ကိုလည်း ဆွမ်းကြီးဝိုင်းမလောင်းစေရဘူး..ဟုတ်ပြီလား"
ထိုကျမှ စိတ်ပူပန်မှုလျော့ကျသွားသောမျက်နှာထားနှင့် အစ်ကိုက...
"ဟုတ်ပြီ..ညီလေး။ဒါဆို အစ်ကိုမျက်နှာသွားသစ်လိုက်အုံးမယ်။ပြီးရင် ဟင်းချက်တာဝိုင်းကူပေးရမှာမလို့.."
အစ်ကို့ဘဝလေးက တကယ်သနားစရာရယ်ပါ။ထမင်းဆိုင်မို့ မနက်ဝေလီဝေလင်းကြီးအိပ်ရာထရပြီး ထမင်းချက်၊ဟင်းချက်ရပြန်သည်။
"ကျွန်တော်ပါလိုက်ခဲ့မယ်..အစ်ကို"
"မလိုက်ပါနဲ့။ညီလေး အေးဆေးအိပ်နေပါ.."
"မဟုတ်တာ။ကျွန်တော်လည်း အိပ်ရေးဝပါပြီ။အစ်ကို့ကိုပါ ဝိုင်းကူပေးမယ်။ ပြီးတော့ ကျွန်တော့်ကို ညီလေး..ညီလေးနဲ့မခေါ်ပါနဲ့ဗျာ။ကျွန်တော့်နာမည်က ရောင်ဝါထွန်းလင်းမို့ ရောင်ဝါလို့ပဲခေါ်ပါ.."
ခြင်တဝီဝီကြောင့် အိပ်မရတော့မည့်အတူတူ ရောင်ဝါလည်း အစ်ကို့ကို ဟင်းချက်ဝိုင်းကူပေးရန်အကြံဖြစ်ပေါ်မိသည်။အိမ်မီးဖိုချောင်ထဲတွင် ခြေတစ်လှမ်းမချဖူးသည့် မော်ဒယ်မင်းသားရောင်ဝါထွန်းလင်းဟာ အခုလို ဟင်းကူချက်ပေးမည်ဆိုသည့်အကြံဖြစ်ပေါ်လာရသည်ကို ရောင်ဝါ ကိုယ့်ကိုကိုယ်အံ့သြမဆုံးဖြစ်မိသည်။
"အားနာစရာကြီး။ဒါဆိုလည်း ထလေ..ရောင်ဝါ။တန်းလျားနောက်မှာ မျက်နှာလိုက်သစ်"
"ဟုတ်ကဲ့.."
အစ်ကိုတည်ကြည်က ရှေ့မှဦးဆောင်ကာ ရောင်ဝါ့ကို တန်းလျားအနောက်ဘက် မျက်နှာသစ်၊သွားတိုက်သည့်နေရာသို့ ခေါ်သွားပေးသည်။တောရွာဘက်နည်းနည်းကျသောအရပ်ဒေသဖြစ်၍ မျက်စိတစ်ဆုံးတွင် ရာဘာတောများနှင့် လယ်ကွင်းပြင်ကျယ်ကြီးများကိုသာ တွေ့မြင်ရသည်။
ငွားငွားစွင့်စွင့်နေမင်းကြီးတောင် ထွက်မပေါ်လာသေးသည့် ဝေလီဝေလင်းအချိန်ဖြစ်နေပြီး ငှက်လေးများသာ စိုးစီစိုးစီနှင့်အော်တမ်းနေကြသည်။လင်းရောင်ပျို့သော အရုဏ်တက်မနက်ခင်းဝယ် ရောင်ဝါထွန်းလင်း၏တစ်နေ့တာမှာ ချစ်ရသောအစ်ကိုနှင့်အတူရှိခြင်းဖြင့် စတင်ဖွင့်လှစ်လိုက်ပါတော့သည်။
To Be Continued...🚉🚉
4/3/2021
#SL🚉🚉