[ကိုးလျ]ကိုးလ် [Complete]

By RigelMiKha

878K 84.4K 4.9K

လောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 20... More

intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part~11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29🔞
Part-30 Finale
Extra-1 For Kyaw Htet Oo
Extra-2
Thanks all my reader
Extra-3
Extra-4
Extra-5
Extra-6
Extra-7
Extra-8
Extra-9 finale
S_2
S-3
Hello
Present Extra💚

Part-20

16.9K 2K 183
By RigelMiKha

Unicode

အေးစက်စက်အခန်းငယ်ထဲတွင်သူလှဲနေ၍ လေးလံသောမျက်ခွံလွှာအား ပင့်လိုက်သောအခါ မှုန်ဝါးဝါးသာ မြင်နေရသော အခန်းကျည်းလေးတစ်ခန်း။ နာကျင်၍မျက်လုံးအား အတင်းဖိမှိတ်၍ ပြန်ဖွင့်ကြည့်သောအခါ အဖြူရောင်အခန်းငယ်လေးကို မျက်ဝါးထင်ထင်မြင်ရသည်။

သူခဏတွေငေးနေ၍ ကိုယ့်ကိုပြန်ငုံ့ကြည့်၏။ သူဘယ်နေရာသို့ရောက်နေသနည်း၊ အဘယ်ကြောင့် ဒီးအခန်းကျည်းထဲတွင်ရောက်ရှိနေပါသနည်း။ သူသည် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်ကြည့်၍ နံဘေးကမှန်အနားထသွားလေ၏။

"အ..အ..."

သူစကားပြောချင်သည် သို့သော် အသံများထွက်မလာခဲ့ချေ။ သူ့ရုပ်ကို မှန်ထဲတွင် အကြာကြီးငေးကြည့်မိ၍ မှိုင်နေ၏။ လည်ပင်းပေါ်က အမာရွတ်က အနာကျက်သေးသည့် ပုံမပေါ်။

*ငါ ဘယ်သူလဲ... ငါဘယ်ရောက်နေတာလဲ...*

မှန်ထဲရှိသော သူ့ပုံရိပ်အားကြည့်၍ သူထိန့်လန့်သွားသည်။ သူ့ဘယ်သူဘယ်ဝါမှန်း သတိရသည့်ပုံမပေါ်ချေ။ ဘယ်လိုပင် သူဆက်၍စဥ်းစားပါစေ နာကျင်လာသော အတွေးများက ပိတ်ဆို့ထား၍ ရင်ဘက်အားနာကျင်ရသည်။

*ငါဘယ်သူလဲ!!!*

သူပေါက်ကွဲ၍ မရခဲ့။ သူအသံပင်မထွက်နိုင်ခဲ့။ ထို့နေရာတွင်သာ သူထိုင်ချ၍ လောကကြီးအား ဥပက္ခာပြုထားလိုက်သည်။ ကမ္ဘာကြီးက ချာချာလည်နေသယောင် သူငို၍ ခဏအကြာတော့ ကြေကွဲစရာကောင်းသော ရယ်သံများကအခန်းထဲတွင် ပျံ့လွင့်လာခဲ့၏။ ရယ်မောခြင်းနှင့် ပူတွေးငိုကြွေးခြင်းဟာ ဤနေ့သူ၏အဖော်များဖြစ်သည်။

__________________________________

နောက်ကျိကျိ လေးလံနေသော ခေါင်းကြောင့် နားထင်အားဖိ၍ ကိုယ်ပေါ်ရှိစောင်များခွာချကာခုတင်ပေါ်ကဆင်းလာသည်။

"ကျွတ်...ကျွတ်..."

အုံခဲလေးလံသော ခေါင်းကြောင့် သူစိတ်မကြည်၊ ခုံပေါ်ရှိရေဗူးအားယူ၍ မော့ချရန် လုပ်သောအခါ...

"Boss...မသောက်နဲ့...ပြန်ချထား..."

ကိုးလ်လက်ထဲရှိသော ရေသန့်ဗူးအားလှမ်းဆွဲ၍ အတွင်းရေးမှူးကတားလေသည်။ ထို့နောက်တွင် အခန်းထဲတွင်လာသော ဝန်ထမ်းများ၏လက်ထဲတွင် ကော်ဖီပူများနှင့် စွတ်ပြုတ်များဖြစ်၏။ လေးလေးသည်လည်း ဝင်လာသောကြောင့် သူဆက်မရပ်နိုင်တော့ဘဲ ဆိုဖာပေါ်တွင်သာထိုင်ချတော့၏။

"Boss နေမကောင်းသေးဘူးလေ... ရေအေးတွေသောက်လို့မဖြစ်ဘူး..."

"ငါဘာဖြစ်သွားတာလဲ..."

"နှင်းဖပ်ကြားမှာ သတိလစ်သွားတာလေ.. Bossမမှတ်မိတော့ဘူးလာ။ တော်သေးတာပေါ့ ဝန်ထမ်းတွေက စံအိမ်ရှင်းဖို့သွားတော့ Bossကိုတွေ့သွားတာပဲ..."

"..........."

အဘယ်ကြောင့် ဤသို့ထုံထိုင်းနေသနည်းဟု သူတွေးမိသေး၏။ လက်စသတ်တော့ မနက်တုန်းက ထိုနေရာတွင် သူအိပ်ပျော်သွားခြင်းပေ။ လေးလေးက သူ့ကိုဆူရန် ချောင်းနေ၏။

"ကဲ...ငါမပြောဘူးလား..."

"လေးလေး ဘာပြောထားလို့လဲ..."

"ညညအပြင်မသွားပါနဲ့လို့...ကားမောင်းထွက်ပြီး အပြန်ကျတော့ ကားလည်းမပါလာဘူး...။ အရက်မူးပြီး နှင်းဖပ်ကြားမှာ လေဖြတ်မသေတာကံကောင်း..."

"လေးလေးရာ ဘာတွေပြောနေတာလဲ...ဒီမှာ ခေါင်းကိုက်နေတဲ့ကြားက..."

ထိုသို့ ညဉ်းညူလိုက်သောအခါတွင် အတွင်းရေးမှူးသည်လည်း သူ့အား အနားယူစေချင်သောကြောင့်...

"ဟုတ်ပါတယ် သူဌေးကြီး...Bossက အရက်သောက်မလာပါဘူး...။ တစ်ခြားကိစ္စကြောင့်ဖြစ်ပါလိမ့်မယ်..."

"ဟေ... ဘာကိစ္စဖြစ်လို့ ကားပျောက်တဲ့အထိသောက်ခဲ့ရတာလဲ...ဖြေပါဦး..."

ကိုးလ်သည် လေးလေးအားကြည့်၍ စိတ်ပျက်စွာခေါင်းလေးသာဖိလေသည်။

"လေးလေးရာ...ဒီမှာမူးနောက်နေတဲ့ကြားက ပွစိပွစိလုပ်ဖို့ပဲသိတယ်။ ကိုယ့်တူလေး နေမကောင်းလို့ ဆေးတိုက်မယ်မရှိဘူး..."

"ဟေ... အလကား လုပ်ချင်တာလုပ်ပြီး နေမကောင်းဖြစ်တော့ ငါကဆေးတိုက်ရမလာ...ဆုတောင်းနော် "

"ကျစ်!"

လေးလေးအား ပြန်ပြောလျှင်လည်းနိုင်မည်မဟုတ်သောကြောင့် ထလာ၍ အိပ်ခန်းထဲပြန်ဝင်လေသောအခါ အတွင်းရေးမှူးသည်လည်း ဆေးဗန်းမ,၍လိုက်ဝင်သွားသည်။ လေးလေးလိုက်မလာရန် တံခါးလေးအားလော့ချခဲ့၏။

"ဘာတွေလဲ..."

"ဒါက ဓနိဖူးလက်ဖက်ရည်နဲ့ ဆေး၊ ဒီဘက်က ကော်ဖီနဲ့စွပ်ပြုတ် Bossမကြိုက်မှာဆိုးလို့ နှစ်ခုပြင်ဆင်လာတာ..."

"ချထားခဲ့..."

"ခင်ဗျာ..."

"ဘုန်းယံချွန် ..."

"ခင်ဗျာ..Boss"

"မင်းက ငါ့ရဲ့အတွင်းလေးမှူးမလား။ ဘာလို့ငါ့အကြိုက်တွေ၊ ငါရဲ့အပြုအမှူတွေ နားမလည်သေးတာလဲ..."

"ဟုတ်ကဲ့ ကျွန်တော်ကြိုးစားလေ့လာနေပါတယ်..."

"အေး..လေ့လာသင်ယူနေတုန်း တစ်ခါထဲပြောလိုက်မယ်...။ငါက ချထားဆိုချထား အပိုစကားတွေမဟနဲ့...ခင်ဗျာ..ခင်ဗျာနဲ့..."

"ဟုတ်ကဲ့ Boss ... Bossကို အခုဆေးသောက်စေချင်လို့ ပြန်မေးလိုက်မိတာပါ.."

ကိုးလ်သည် နားထင်အားဖိ၍ လက်နှစ်ချောင်းဖြင့် အတွင်းရေးမှူးဘုန်းယံချွန်အား မောင်းထုတ်လိုက်သည်။

"Bossလိုတာရှိရင် ခေါ်ပါ အခန်းဘေးမှာ စောင့်နေမယ်..."

ဘုန်းယံချွန်ပြော၍ အပြင်ထွက်လာကာတံခါးပြန်စေ့လိုက်၏။ ကိုးလ်ဆေးသောက်ရန် အလွန်ပျင်းသော လူတစ်ယောက်ဖြစ်သော်လည်း ဆေးခါးသည်ကိုတော့ မငြင်းခဲ့ချေ။ အချိုမကြိုက်ခြင်းမဟုတ် အခါးအား နေသားကျရန် ကြိုးစားနေခြင်းဖြစ်သောသူသည် ခါးသောအရသာကို မက်မက်မောမောဖက်တွယ်သည်။

အပြင်ပတ်ဝန်းကျင်အား ငေးမော၍ ဆေးသောက်ဖြစ်သည်။ ယခင်နေ့များထက် ဤနေ့ဟာ အနည်းငယ်စိတ်မကြည်ဖြစ်နေသော်လည်း ရင်ထဲပေါ့သလိုလိုရှိ၏။ အဘယ့်ကြောင့်ဆိုသော် မြူဇံဆိုသောကောင်လေးအား သူဖွင့်ပြောခဲ့ရခြင်းဖြစ်သည်။

လုံလောက်သော ပျော်ရွှင်ခြင်းမျိုးမဟုတ်သော်လည်း ကိုးလ်ဆိုသောလူသားဟာ မြူဇံတည်ရှိနေမှု၏ပြယုဒ်ပင်။ မြူဇံနှင့်ပတ်သက်သော အတိတ်ဟာ အမြဲတမ်းလှပစွာ သစ်လွင်နေဆဲပေ။

ထို့ကြောင့်.... သူ့အချစ်က မြက်ဖျားထက်က နှင်းစက်လေးမဟုတ်သလို၊ မီးတောင်ထက်က လျှော်ပူရည်မျိုးမဟုတ်ခဲ့။

____________________________

"Boss အစည်းအဝေးခန်းမကြိီးကို ဘယ်လိုမျိုးတည်ဆောက်မလဲ...။ အခုက နာမည်ကြီးဒီဇိုင်း ၄ယောက်ဆီက ရေးဆွဲခိုင်းထားတယ်...။ Bossသဘောက ဘယ်လိုလဲတဲ့ သူဌေးခွန်ပီလည်း ထိုင်းမှာ နှစ်ရက်လောက်ကြာဦးမယ်တဲ့..."

"မင်းဆီဖုန်းဆက်လာတာလာ.."

"ဟုတ်ပါတယ်..."

"ဘာလို့ငါ့ကိုအကြောင်းမကြားတာလဲ..."

"ခင်ဗျာ..."

နေမကောင်းဖြစ်နေသောကြောင့် လုပ်ငန်းကိစ္စကို သူမလုပ်ချင်။ အိပ်ရာထဲအေးဆေးနေချင်သည်ကို အနားတွင် အလုပ်အကြောင်းလာပြောသော ဘုန်းယံချွန်ကို ကိုးလ်ဒေါသထွက်သွား၏။

"ကျစ်!...ထားတော့ ဘယ်လိုပုံစံပဲဆောက်ဆောက်။ သက်ကယ်မိုးနဲ့ပဲဆောက်ဆောက်ငါ ဂရုမစိုက်ဘူး ပြောလိုက်..."

"ခင်ဗျာ...Boss.."

"နားမပါဘူးလာ...ငါပြောတဲ့အတိုင်းပြန်ပြောလိုက်။ ဒီကိစ္စငါ့ကိုလာမပြောနဲ့ သူတို့လုပ်ရမယ့်ကိစ္စ"

"သူဌေးခွန်ပီလည်းပြောပါတယ်...Bossမကြိုက်မှာဆိုးလို့ အရင်တိုင်ပင်လိုက်တဲ့ပုံစံပါ..."

"သွားတော့... "

ကိုးလ်သည် ခေါင်းအုံးအောက်သို့လျှိုဝင်၍ အတွင်းရေးမှူးအားထွက်သွားခိုင်း၏။ အပြင်မထွက်တာ တစ်ပတ်လောက်ရှိလေပြီ။ နုံစိစိဖြစ်နေသော ဤခန္ဓာကိုယ်ကြီးကြောင့် ကိုးလ်စိတ်မရှည်။

"တောက်!"

ဤခန္ဓာကိုယ်ကြီးကို အားမရသောကြောင့် သူတောက်ခေါက်လိုက်သည်။ အဖျားအနည်းငယ်သက်သာသွားသည်ကို မနေ့ညကရေထချိုးမိ၍ ဤနေ့အဖျားပြန်တက်လာသည်။ အစားလည်းပျက်နေသောကြောင့် အိပ်ရာထဲတွင်သာ ခွေနေတော့၏။

ဒေါက်!! ဒေါက်!!

တံခါးခေါက်သံကြောင့် ကိုးလ်စိတ်ပျက်စွာ ခေါင်းထောင်ကြည့်သည်။

"Bossကို အနှောင့်အယှက်မပေးချင်ပေမယ့် အရေးကြီးနေလို့ပါ..."

အတွင်းရေးမှူးဘုန်းယံချွန်သည် ကိုးလ်အား အားနာသောမျက်နှာဖြင့် ခေါင်းငုံ့ပြောသည်။

"ကဲ...ပြောဟာ...ဘာကိစ္စလဲ..."

"ဒီနေ့ အရေးပေါ်အစည်းအဝေးရှိလို့ပါ။ ခွန်ပီလည်းမရှိလို့ Bossမဖြစ်မနေတက်ရမယ့် အစည်းအဝေးပါ..."

"ကျစ်!... ကောင်းပြီ အချိန်ဘယ်လောက်ရလဲ..."

"မိနစ်၂၀ပါ.."

"နေဦးငါရေချိုးဦးမယ်..."

"ရေချိုးမလို့လား Boss..။ နေလည်းမကောင်းသေးဘူးမလာ..."

ကိုးလ်သည် ခါးထောက်၍ မိမိအားဆရာလုပ်နေသော အတွင်းရေးမှူးအား ကိုင်မပေါက်မိရုံမှတမယ်။

"နေမကောင်းတဲ့လူကိုကျတော့ အစည်းအဝေးတက်ခိုင်းတယ်ပေါ့..."

ကိုးလ်၏စကားကြောင့် အတွင်းရေးမှူးပြုံးစိစိလုပ်၍ အပြင်ထွက်ကာတံခါးပိတ်လိုက်သည်။

"ဘယ်လိုအတွင်းရေးမှူးမျိုးလည်းမသိဘူး...။ အူကြောင်ကြောင်နဲ့..."

သူတတွတ်တွတ်ရွတ်၍ အင်္ကျီချွတ်လိုက်သည်။ ခန္ဓာကိုယ်၏ အချိုးအစားများကြောင့် ကိုးလ်ဟာBodyအလွန်မိုက်သောလူတစ်ယောက်ဖြစ်သည်။ သွေးကြောစိမ်းများတည်ရှိနေသော ဝမ်းဗိုက်တွင်လည်း မည်သည့်အဆီအပိုမရှိဘဲ တောင့်တင်း၍ လှပနေသည်။

ရေအမြန်ချိုး၍ လည်ဖုံးစွယ်တာအင်္ကျီ အနက်ရောင်အားရွေးဝတ်သည်။ နေမကောင်းသည့်အချိန်တွင် ဤအင်္ကျီမျိုးက အနွေးထွေးဆုံးဖြစ်၏။ စွယ်တာလည်ဖုံးအင်္ကျီအပေါ်တွင် အစိမ်းနက်ရောင်ကုတ်အင်္ကျီအားထပ်ဝတ်၍ ဆံပင်လေးကိုကျကျနနစုစည်းလိုက်သည်။

ရေချိုးနေတုန်း ဖြုတ်ထားသောကြိုးအနီလေးကို ပြန်ဝတ်၍ အစည်းအဝေးတက်ရန် အသင့်ဖြစ်နေသည်။ ထို့နောက် အတွင်းရေးမှူး လာခေါ်သောကြောင့် အစည်းအဝေးသို့တက်ရောက်တော့၏။

__________________________________

အစည်းအဝေးလုပ်နေတုန်း ဘုန်းယံချွန်အပြင်ခဏ လစ်လိုက်သည်။ နေ့လယ်ကတည်းက ဗိုက်ဆာနေသောကြောင့် ခွန်ပီကုမ္ပဏီအနီးအနားရှိ မုန့်ဆိုင်သို့ပြေးလေ၏။ အစည်းဝေးပြီး၍အချိန်မီ ပြန်မရောက်လျှင် စိတ်မရှည်သောBoss၏ တရားဟောသံများကြားရမည်။ ထို့ကြောင့် နီးစပ်ရာ ရခိုင်မုန့်တီဆိုင်သို့ဝင်သွားလေ၏။

"အန်တီရေ မုန့်တီတစ်ပွဲ အမြန်လေးလုပ်ပေးပါ..."

"ထုတ်မလား..စားမလား.."

"စားမယ် အန်တီ။ ရှမ်းထမင်းနဲ့ ပဲပုတ်ထောင်းရော လုပ်ပေးပါ..."

"အေး..အေး ခဏလေးပဲစောင့် သားရေ.."

စကားသံဝဲဝဲလေးနှင့် သဘောကောင်းသည့် ဆိုင်ရှင်ဖြစ်သောကြောင့် ဘုန်းယံချွန်အမြဲတမ်းရောက်ဖြစ်သည်။ အစည်းအဝေးနောက်ကျမှ ပြီးတတ်သော ကိုးလ်တို့၏ အစည်းအဝေးကြောင့် ဤဆိုင်၏ဖောက်သည်ဖြစ်လာရခြင်းဖြစ်သည်။

အထူးသဖြင့် လူသိပ်မရှိသောဤအချိန်ကို သူသဘောကျသည်။ ဒါပြီးလျှင် Bossအဆူမခံရအောင် ကုမ္ပဏီသို့ခြေသုတ်ပြေးရမည်။ ယခုတော့ ရခိုင်မုန့်တီအား ဇိမ်ခံပြီးစားလိုက်ဦးမည်။

"သားရေ မုန်တီရပြီ..."

ဆိုင်ရှင်အန်တီ၏ အသံကြောင့် ဘုန်းယံချွန်ဝမ်းသား၍ထိုင်ရာမှ ထလာခဲ့သည်။

"ဘယ်လောက်လဲ.."

ရုတ်တရက်ပေါ်လာ၍ မုန့်တီလာလုသွားသည့် လူတစ်ယောက်ကြောင့် ဘုန်းယံချွန်ဒေါသထွက်သွား၏။ သို့သော်လည်း သူသည် ဘုန်းယံချွန်အား ဂရုစိုက်သည့်ပုံမပေါ်။ သူ့ထိုင်နေသည့်ခုံတွင်ပြန်ထိုင်၍ မုန်တီအား ထိုင်စားနေ၏။ ယခုလိုဗိုက်ဆာနေသည့်အချိန်တွင် စားစရာအလုခံရသောကြောင့် ဘုန်းယံချွန်ဒေါသတွေထိန်းမရ။

"ဘုန်း!.."

"ဒီမှာ..ခင်ဗျားဘာလုပ်နေတာလဲ..."

ခုံကိုထုချ၍ မေးနေသော်လည်း အံ့သြခြင်းမရှိဘဲ ဘုန်းယံချွန်အား မော့ကြည့်လာသောသူ။

"စားနေတာလေ...မမြင်ဘူးလာ..."

အေးတိအေးစက်ပြောနေသော သူ့အားဘုန်းယံချွန် ဆွေ့ဆွေ့ခုန်မတတ် ဒေါသထွက်သွားရ၏။

"ဒီမှာ သောက်ကောင်...ဒီမုန့်က ငါမှာထားတဲ့ဟာ.."

"ဟုတ်လား..."

အသံတမင်ဆွဲ၍ ဘုန်းယံချွန်အားခနဲ့နေသော သူကအေးတိအေးစက်နှင့် နေနိုင်လွန်းသည်။

"ခင်ဗျား...မြန်မာမှာနေပြီး မြန်မာ့ယဥ်ကျေးမှုတွေမသိဘူးလာ။ ခင်ဗျားကိုကြည့်ရတာလဲ ကျုပ်ထက်အသက်ငယ်နေတဲ့ပုံပဲ။ ဒါကျုပ်မှာထားတဲ့မုန့်..."

"အဟက်! ယဥ်ကျေးစွာနဲ့ခေါ်မယ်ဗျာ...။ ဒီမှာအစ်ကို ဒါကကျုပ်ပိုက်ဆံပေးပြီးပြီလေ ဘာလို့အစ်ကို့မုန့်ဖြစ်ရမလဲ..."

အသံသြသြလေးဖြင့် ဘုန်းယံချွန်ဒေါသထွက်အောင် သူရည်ရွယ်ချက်ရှိရှိထိုးနှက်လေသည်။

"တောက်! ခင်ဗျားနောက်မှလာပြီး ငါမှာထားတဲ့မုန့်ကိုလာလုယူတာလေ..."

"အို့ အို... ဒါဆိုလည်း I'm Sorry...။ အစ်ကို့မုန့်လေး ပြန်ယူသွားပါ အနစ်နာခံတဲ့အနေနဲ့ ကျုပ်အသစ်ပဲထပ်မှာလိုက်မယ်..."

မုန်တီပန်းကန်လေးအား ဘုန်းယံချွန်လက်ထဲထည့်ပေးသောအခါ ဘုန်းယံချွန်စိတ်မထိန်းနိုင်ဘဲ သူ့အပေါ်မုန်တီများလောင်းချလိုက်သည်။

"ဝိုး...အာ ..အဟက်!"

မထင်ထားသော ဘုန်းယံချွန်၏တုန့်ပြန်မှုကြောင့် သူအံ့သြ၍ ရယ်လိုက်သည်။ ယောင်္ကျားလေးတန်မဲ့ စွာတတ်သည်ကို သက်သေပြလိုက်နိုင်သောကြောင့် ဘုန်းယံချွန် ကျေနပ်စွာပြုံးလိုက်၏။

"I'm Sorry...Sorry... ခွေးစားပြီးသားပန်းကန်ကို ဆက်မစားနိုင်လို့ ခင်ဗျားပဲ ကုန်အောင်စား..."

ဒုန်း!

ပန်းကန်လေးကို ခပ်ပြင်းပြင်းထုချ၍ ဘုန်းယံချွန်လှည့်ထွက်သွား၏။ လှည့်ထွက်မသွားမီ အနောက်ပြန်လှည့်ကြည့်၍...

"ပြောင်အောင် လျှက်စားနော်... ဝုတ်..ဝုတ်လေး..."

ခနဲ့သောအပြုံးတစ်ပွင့်အားဖန်တီး၍ ကျေနပ်စွာလှည့်ထွက်သွားလေ၏။ အပြင်ရောက်မှ နာရီကိုသတိထားပြန်ကြည့်မိသည်။

"ဘောပဲ...သောက်ခွေးကောင် နောက်ကျကုန်ပြီ..."

ခြေထောက်လေးအားခုန်ဆွခုန်ဆွခုန်၍ ဘုန်းယံချွန်လစ်ခနဲပြေးရတော့သည်။ ဗိုက်ဆာ၍ ဘာမှမစားခဲ့ရသည့်အပြင် ထိုကောင်နှင့်စကားများ၍ အချိန်ပါနောက်ကျရကုန်ပြီ။ ကုမ္ပဏီသို့ပြေး၍ ပါးစပ်တွင်လည်း ထိုလူအားကျိန်ဆဲမိသည်။

_________________________________

လင်းထက်နိုင်သည် ငွေကြောင့်ပျက်စီးနေသောလူတစ်ယောက်ဖြစ်နေပြီ။ အရက်ဘား၊Clubများတွင် အသုံးအဖြုန်းကြီးသော လူတစ်ယောက်ဖြစ်နေသည်။ အရက်၊ ဘိန်းဖြူကအစ စျေးကြီးသော မူးယစ်ဆေးဝါးများမကျန်အကုန်သုံးသည်။

သို့သော် သန်း၂၀ဆိုသောငွေများဟာ ခဏတာကုန်ဆုံးသွားသည်။ ယခု လင်းထက်နိုင်သည် တစ်ခြားလူအနားကပ်နေ၍ ဆေးသုံးနေသည်။ ထိုလူသည် လင်းထက်နိုင်၏ ဘဝကိုပျက်စီးအောင် ပုံသွင်းခဲ့သောလူဖြစ်သည်။

ငွေအများကြီးမသုံးရသည့်အခါ လင်းထက်နိုင်၏မြှားဦးသည် ဦးဇံလင်းဆီသို့လှည့်လာသည်။

__________________________________

ဇနီးဖြစ်သူ၏ ပူဆာမှုကြောင့် ဦးဇံလင်းစိတ်မပါဘဲ မိဘမဲ့ဂေဟာသို့ရောက်လာခဲ့သည်။ ဇနီးဖြစ်သူကို နားမလည်နိုင်ခဲ့ပေ။ သားဖြစ်သူကို ဆေးရုံပို့ထားတာ တစ်ပတ်လောက်သာရှိသေးသည်။ ဘယ်လိုစိတ်ဖြင့် သားနေရာတွင် တစ်စုံတစ်ရာအစားထိုးနိုင်သနည်း။

ဦးဇံလင်းအတွက် မြူဇံနေရာတွင်မည်သူကိုမှ အစားမထိုးနိုင်။ သည်လိုလုပ်နိုင်သည့် ဇနီးဖြစ်သူ၏စိတ်ထားကို အမှန်ပင်အံ့သြမိသည်။ လူနှင့်စိတ်မကပ်သလို ဇနီး၏လုပ်ဆောင်မှုအောက် တွင် သူလိုက်နာရုံကလွဲ၍ တစ်ခြားမတတ်နိုင်။

မနေ့ကလည်း အစိမ်းရောင်တောလုပ်ငန်းရှယ်ယာကနေ နုတ်ထွက်လိုက်သည်ကို ဦးဇံလင်းဘာမှမသိခဲ့။ ကိုးလ်အတွင်းရေးမှူး ဖုန်းဆက်ပြောမှ ဦးဇံလင်းသိလိုက်ရသည်။ ဒေါ်ရူပါ၏ခြေလှမ်းများက လျင်မြန်နေ၍ နားလည်အောင်လိုက်၍မမီ။

"ကလေးကိုကြည့်ဦး...ဘာတွေငေးနေတာလဲ..."

ဒေါ်ရူပါသည် သူ့လက်ထဲချီထားသော လသားအရွယ်ကလေးကို ကြည့်ခိုင်း၏။ ကလေးတိုင်းက အပြစ်ကင်း၍ ချစ်စရာကောင်းသည်။ သို့သော် မြူဇံကမြူဇံဖြစ်နေ၍ တစ်ခြားကလေးများကိုအစားမထိုးနိုင်။

"အင်း ချစ်စရာလေး.."

"ရူပါက အစ်ကို့ကို ဘယ်လိုသဘောရလဲလို့မေးတာ...။ အိမ်ခေါ်ထားဖို့ သားလေးကအဆင်ပိုပြေမလား..."

ကလေးအား အတော်ချစ်နေသော ဇနီးဖြစ်သူကို ကြည့်၍ ဦးဇံလင်းသက်ပြင်းချလိုက်သည်။ဒေါ်ရူပါဆီက ကလေးကိုပွေ့ယူ၍ ဂေဟာမှူးလက်ထဲပြန်အပ်လိုက်သည်။ ထို့နောက် ဒေါ်ရူပါကိုအပြင်ခေါ်ထုတ်၏။

"အစ်ကို ဘာအဆင်မပြေတာရှိတာလဲ...ရူပါက ကလေးအရမ်းလိုချင်တာနော်..."

"နေပါဦး... ကိုယ်အခုလုံးဝအဆင်မပြေဘူး...။ သားကို စိတ္တဇဆေးရုံပို့ဆိုလို့ ကိုယ်ပို့လိုက်တယ်..။ သားကိုသွားတွေ့ချင်တာတောင် လိပ်ပြာမလုံတဲ့အတွက် သွားမကြည့်ရဲဘူး။ အခု ရူပါက ကလေးအသစ်ထပ်မွေးစားမယ်ဆိုတော့ သားအပေါ်အရမ်းရက်စက်ရာမကျဘူးလာ..."

"သားကို ကျွန်မလည်းချစ်တယ်..။ ဒါပေမယ့် သားကြောင့် လူရာဝင်မှာမဟုတ်ဘူး..။ သူ့ဘဝနဲ့သူသာနေပါစေတော့။ ကျွန်မလည်း သာယာတဲ့မိသားစုဘဝလိုချင်တယ်..."

"တောက်!... သားအပေါ်ဒီလောက်အထိလုပ်စရာမလိုဘူး...။ ဘာဖြစ်ဖြစ် သားကိုပြုစုစောင့်ရှောက်ပြီး သားကိုပဲချစ်ချင်တယ်...။ ငါ့သားလေးနေရာမှာ ဘယ်သူ့မှ မဝင်လာစေချင်ဘူး...။ မင်းလည်း မိခင်တစ်ယောက်အနေနဲ့ ကျေးဇူးပြုပြီး မိခင်မေတ္တာတွေပေးပါ....။ သားကိုပြန်ခေါ်ရအောင်နော်..."

"ဦးဇံလင်း!... လူနှိမ်လို့အရှက်ကွဲရတဲ့ဘဝကိုပြန်မရောက်ချင်ဘူး။ စိတ္တဇထောင်ထဲရောက်ရင် ပြန်ခေါ်ခွင့်မရှိတော့ဘူးဆိုတာ ရှင်လည်းသိမှာပါ..မရူးမိုက်စမ်းပါနဲ့..."

"ဘာ!! စိတ္တဇထောင်လို့ မပြောပါနဲ့...ပြီးတော့ ငါကရူးမိုက်တာမဟုတ်ဘူး။ ကိုယ့်သွေးသားကိုစွန့်ပစ်တဲ့ မင်းကသာ ရူးမိုက်တာ.."

"အေး... ငါရူးမိုက်တယ်...။ သူများလို သားကောင်းရတနာမရှိခဲ့လို့...။ သူများလိုပြီးပြည့်စုံတဲ့ သားသမီးတွေမရှိလို့.."

ဒေါ်ရူပါသည် နူတ်ခမ်းကိုတင်းတင်းစေ့ထား၍ ဦးဇံလင်းအား စူးစိုက်ကြည့်သည်။ ဦီးဇံလင်းသည်လည်း မြူဇံအတွက်မတရားခံစားနေရသောကြောင့် လက်မှတ်ထိုးမိသည့် ကိုယ့်ကိုယ်နောင်တရမိသည်။

"မင်းက တကိုယ်ကောင်းဆန်လွန်းတဲ့မိန်းမပဲ...။ သားဘက်ကိုမင်းတွေးကြည့်ဖူးလား။ ငါ့သားလည်း သူများလိုပျော်ပျော်ရွှင်ရွှင်နေချင်မှာပဲလို့ မင်းတစ်ခါလေးတောင် စဥ်းစားဖူးလား...ဟမ် အခု့ငါ့သားကို ငါပြန်ခေါ်မယ်..."

"သြော်...ကျွန်မက သားကိုအရမ်းရက်စက်တဲ့မိခင်ပေါ့။ အဟင်း...ဟင်း... စာချုပ်ပေါ်ကလက်မှတ်က ရှင်ကိုယ်တိုင် ရှင့်လက်နဲ့ထိုးတဲ့လက်မှတ်ဆိုတာမမေ့နဲ့..."

"ရူပါ... မင်းကအရမ်းယုတ်မာတဲ့မိန်းမပဲ..."

"ရှင်ထင်ချင်သလိုထင်...လုပ်ချင်သလိုလုပ်...ငါကတော့ ဒီရက်ကလေးတစ်ယောက် ရအောင်ခေါ်မယ်..."

"ကောင်းပြီလေ... မင်းဒီလောက်စိတ်အားထက်သန်နေရင်လည်း တရားရုံးသွားပြီး ကွာရှင်းကြတာပေါ့..."

"ဘာ!!! ရှင်ယောင်္ကျားမဟုတ်ဘူးလာ..."

ဦးဇံလင်း၏စကားကြောင့် ဒေါ်ရူပါအံ့သြတုန်လှုပ်သွားသည်။ ထို့အတူ ဦးဇံလင်းသည်လည်း မြူဇံအတွက်လိပ်ပြာလုံချင်သောကြောင့် ဤမိန်းမနှင့်ဆက်မပေါင်းနိုင်။

"ငါယောင်္ကျားပါ... သားအပေါ်တာဝန်ကျေချင်လို့ မင်းလိုမိန်းမနဲ့ကွာရှင်းမယ်..."

ဦးဇံလင်းဤသို့ဆုံးဖြတ်လိုက်သည်က အမှားဟုတ်နေလျှင်လည်း ကျေနပ်သည်။

__________________________________

"ဝင်လာခဲ့..."

ရုံးခန်းသစ်တွင် လုပ်စရာရှိသည်ကိုလုပ်နေခိုက် တံခါးခေါက်သံကြောင့် ဝင်ခိုင်းသည်။ တံခါးပွင့်လာသည်နှင့် ဝင်လာသောလူကြောင့် ကိုးလ်ထရပ်လိုက်သည်။ မနေ့ကမှ ရှယ်ယာအုပ်စုကနေ နုတ်ထွက်သွားသော မြူလင်းဇံကုမ္ပဏီပိုင်ရှင် ဦးဇံလင်းဖြစ်သည်။

"ဝင်ခွင့်ပြုပါ..."

အခန်းထဲရောက်နှင့် နေပြီးသား ဦးဇံလင်းကြောင့် သူခေါင်းလေးသာညိတ်ပြလိုက်သည်။

"ထိုင်ပါ..."

အလုပ်စားပွဲခုံကနေ ထ၍ ဦးဇံလင်းအား ဧည့်ခံလိုက်သည်။ သို့သော်အခန်းထဲတွင် နှစ်ယောက်တည်းရှိနေသောကြောင့် တိတ်ဆိတ်နေသည်။ ထိုအခါ သူကပဲ စကားအရင်စလိုက်သည်။

"လာရင်းကိစ္စက.."

"မနေ့က နုတ်ထွက်လိုက်တဲ့ရှယ်ယာကိစ္စပါ..."

"..........."

ဦးဇံလင်းနှင့် ကိုးလ်သည်လုပ်ငန်းကိစ္စပြော၍ သိပ်မကြာခင်တွင်ဘဲ ဦးဇံလင်းပြန်ထွက်လာခဲ့သည်။

__________________________________

ဘာလိုလိုနှင့် ခွန်ပီ၏စိတ်ကူးကြောင့် အစိမ်းရောင်တောဟာ ၄လနှင့်အကုန်ပြီးစီးသွားသည်။ အစိမ်းရောင်တော တစ်နေရာတည်းတွင် အစုံလေ့လာခွင့်ရသောကြောင့် ကမ္ဘာ့စျေးကွက်ကိုထိုးဖောက်နိုင်သည့် အပန်းဖြေတောတစ်ခုဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ ဝင်ငွေအများဆုံးအပန်းဖြေတောထဲတွင် နံပါတ်၁ စာရင်းဝင်လာခဲ့သည်။ ကိုးလ်ဆိုသော သူဌေးသားဟာလည်းနာမည်ကြီးလာသည်။ သို့သော် ရုပ်လုံးထွက်မပြသောကြောင့် အစိမ်းရောင်တောပိုင်ရှင်သူဌေးသားကို မမြင်ဖူးကြ။

သည်ကြား သမီးအားဗန်းပြ၍ သူ့ အနားချည်းကပ်လာသည့် လုပ်ငန်းရှင်များမနည်းမနှော။ သို့သော် အစိမ်းရောင်တော၏ ရှယ်ယာဝင်များက ခွန်ပီ၊ချယ်ရီလွှာနှင့် မြူလင်းဇံကုမ္ပဏီကလွဲ၍ တစ်ခြားကုမ္ပဏီများကိုလက်မခံ။

ကိုးလ်ဘဝ၏ အောင်မြင်ဆုံးအခိုက်အတန့်ဆိုလျှင်လည်းမမှားသော အချိန်ဖြစ်သည်။ အောင်မြင်သလို သူအလုပ်များလာသည်။ အိပ်ရန်အချိန်မလုံလောက်ခဲ့။ ထို့ကြောင့် အချိန်ဇယားသေချာဆွဲ၍ သူပြင်ဆင်ရတော့မည်။

ညဥ့်နက်သည့်အထိအလုပ်လုပ်၍ နေ့တိုင်း VIPဧည့်သည်များနှင့် ညစာစားရနှင့် နိုင်ငံခြားဧည့်သည်များကြောင့် သူလက်မလည်အောင် သွားရောက်တွေ့ဆုံရသည်။

"အဟမ်း...Boss"

အလုပ်စာရင်းထဲ အာရုံရောက်နေသောကြောင့် ဘုန်းယံချွန်၏ စကားအားမကြားလိုက်ပေ။ ဘုန်းယံချွန်သည်လည်း ကိုးလ်နှင့်ပတ်သတ်လာလျှင် အလွန်စိတ်ရှည်သော အတွင်းရေးမှူး။

"Boss!"

"ဟေ... သြော် ဘုန်းယံချွန်ပြော..."

"Boss ကျွန်တော့်နာမည်အပြည့်အစုံမခေါ်ပါနဲ့..."

"အဖျားစွတ်ပြီးခေါ်ရမလာ...။ ချွန်ဆိုပြီး.."

"မနောက်ပါနဲ့Boss..."

"မင်း နာမည်အပြည့်အစုံခေါ်တာမကြိုက်သလို...ငါလည်း မင်းကိုမြင်ရရင် ရင်တထိန့်ထိန့်နဲ့ မကြိုက်ဘူး..."

"Bossကလည်း..."

"ဟုတ်တယ်လေ...ဘာကိစ္စလဲ...။ မင်းလာရင် တစ်ခုမဟုတ်တစ်ခုပဲ ဒါကြောင့် မင်းကိုမြင်ရရင်စိတ်မချမ်းသာဘူး..."

"အဟဲ...ကျွန်တော်နဲ့ Bossကအသက်တူတူပဲကို အားနာမနေနဲ့...။ ဟိုလေ စိုင်းခမ်းဆိုတဲ့ ဧည့်သည်က Bossနဲ့တွေ့ချင်လို့တဲ့..."

"ဟုတ်လာ...ဝင်ခိုင်းလိုက်..."

အလုပ်များနေသောကြောင့် စိုင်းခမ်းနှင့်ပင် မတွေ့ဖြစ်သည်က ၅လလောက်ရှိနေပြီ။ သွားတွေ့ရသည့်အထိ မအားလပ်သောကြောင့် ယခုလိုလုပ်ငန်းထဲအထိရောက်လာသည့် စိုင်းခမ်းကို ကျေးဇူးတင်ရမည်။

"Bossနဲ့အသိတွေလာ..."

"အင်း..."

အလုပ်ထဲတွင်သာ အာရုံစိုက်၍ ဘုန်းယံချွန်အား ပြန်ထူးနေသောကြောင့် ဘုန်းယံချွန်လည်း လျှာမရှည်တော့ဘဲ အပြင်ထွက်၍ စိုင်းခမ်းအားလွတ်လိုက်သည်။

__________________________________

ဆေးရုံထဲသို့ ဝုန်းဒိုင်းဝင်လာသော သူ့အားမည်သူကမှ ဝင်မဆွဲရဲချေ။ လူနာအခန်းလိုက်ရှာနေခြင်းမဟုတ်ဘဲ ဆေးရုံအုပ်ရုံခန်းသို့တည့်တည့်မှတ်မှတ်ဝင်သွားသည်။ ဆေးရုံအုပ်သည် သူ့အားအံ့သြစွာကြည့်၍ ထိုင်ခိုင်း၏။

"ထိုင်ပါဦး..."

"ထိုင်ဖို့လာတာမဟုတ်ဘူး..."

"ဘာကိစ္စကြောင့်လာတာလဲ..."

အေးအေးဆေးဆေးပဲ မေးနေသော ဆေးရုံအုပ်အား မအုပ်မိရန် သူစိတ်ထိန်းထားသည်။ အသိနောက်ကျ၍ ကိုးလ်နောင်တရမိသည်။ သည်နေရာတွင် ၅လကြာအောင် မြူဇံနေရသည်တဲ့လား။ ရင်ဘက်ထဲတွင်အောင့်၍ တဆစ်ဆစ်နာကျင်ရသည်။

မည်သို့စိတ်ဖြင့် သည်နေရာတွင် ပို့ထားရက်သနည်း။တွေးမိတိုင်း ဝေ့သီလာသည်မျက်ရည်နှင့် နာကျင်လာသောရင်ဘက်က ဒေါသ၏ သက်သေဖြစ်သည်။ ဤသတင်းကြားကြားချင်း လုပ်ငန်းကိစ္စအားလုံးဖြတ်ပစ်၍ သူရောက်လာခဲ့ခြင်းဖြစ်သည်။

"မြူဇံရဲ့ စာချုပ်ထုတ်ပေး..."

"ဒီမှာ... မင်းကဘယ်သူလဲ...။ လူနာရဲ့ စာချုပ်တွေ ကြည့်ခွင့်မရှိဘူး...".

"ဟုတ်လား ငါကြည့်ခွင့်မရှိဘူးလာ...။ ရတယ် ဟေ့ကောင်တွေ..."

လက်ဖြောင့်တစ်ချက်တီးလိုက်ရုံနှင့်ဘေးတွင် စုမြုံရောက်လာသော သူ၏ကိုယ်ရံတော်ကြောင့် ဆေးရုံအုပ်လည်း ပြူးပြူးပြဲပြဲဖြစ်သွားသည်။

"စာချုပ်ထုတ်မလာ...ဆေးရုံမီးအလောင်ခံမလာ..."

"စာ..စာချုပ်ထုတ်ပြပါ့မယ်..."

ဆေးရုံအုပ်သည် မြူဇံ၏စာချုပ်လေးအားထုတ်၍ ကိုးလ်အားပေးလိုက်သည်။ ကိုးလ်လည်း နာကျည်းသောစိတ်ဖြင့် စာချုပ်အားဆုတ်ဖြဲလိုက်၏။

"မင်း...မင်း ဘာလုပ်တာလဲ...အဲ့တာစာချုပ်တစ်ခုနော်..."

"အေး...စာချုပ်ဖြစ်နေလို့ ကျုပ်ဆွဲဖြဲလိုက်တာ..."

"ဒါကအရေးကြီးတဲ့စာချုပ်ဆိုတာ မင်းမသိတာလား။ မင်းကိုတရားစွဲလို့ရတယ်...".

"စက္ကူရွက်တစ်ခုလေးကို ဒီလောက်အထိလုပ်ချင်လည်းလုပ်...Ok...ခင်ဗျားစိန်ခေါ်ရင် ကျုပ်တိမ်ပေါ်မကဘူး... နိဗ္ဗာန်အထိလိုက်ခဲ့မယ်..."

"မြူဇံ့အုပ်ထိန်းသူက ကိုယ်တိုင်လက်မှတ်ထိုးပေးတဲ့စာချုပ် ငါ့ရဲ့စာချုပ်..."

"ဒီရက်ကစပြီး မြူဇံရဲ့အုပ်ထိန်းသူက ကျုပ်ဖြစ်သွားပြီ...။ မြူဇံက ကျုပ်ရဲ့အပိုင်... ခင်ဗျားတို့လူတွေ ငါ့ရဲ့မြူဇံကို မျက်စောင်းနဲ့ တောင်မကြည့်နဲ့..."

ထိုသို့ပြော၍ မြူဇံရှိသောအခန်းအား လိုက်ရှာသည်။ သူနာပြုကို တံခါးဖွင့်ခိုင်း၍ ကျောပေး၍ထိုင်နေသော ကျောပြင်သေးသေးလေးက ရင်နာစရာကောင်းနေအောင်မြင်လိုက်ရသည်။ မြူဇံအနောက်တွင် ဒူးထောက်ထိုင်ချ၍ ကျောပြင်သေးသေးလေးအား တင်းကျပ်စွာသိုင်းဖက်လိုက်သည်။

မျက်ဝန်းစိမ်းစိမ်းတစ်စုံက သူ့အားအနောက်လှည့်ကြည့်၍ မေးခွန်းများမေးနေသည်။

"မင်းဆီက ခွင့်လွတ်မှုရချင်လို့ လာတောင်းခံတာပါ..."

တိုးတိုးလေးရေရွတ်၍ ဆံပင်ကြားမျက်နှာအပ်၍ ကိုးလ်မျက်လုံးမှိတ်ချလိုက်သည်။

"တောင်းပန်ပါတယ်..."

__________________________________

Zawgyi


ေအးစက္စက္အခန္းငယ္ထဲတြင္သူလွဲေန၍ ေလးလံေသာမ်က္ခြံလႊာအား ပင့္လိုက္ေသာအခါ မႈန္ဝါးဝါးသာ ျမင္ေနရေသာ အခန္းက်ည္းေလးတစ္ခန္း။ နာက်င္၍မ်က္လုံးအား အတင္းဖိမွိတ္၍ ျပန္ဖြင့္ၾကည့္ေသာအခါ အျဖဴေရာင္အခန္းငယ္ေလးကို မ်က္ဝါးထင္ထင္ျမင္ရသည္။

သူခဏေတြေငးေန၍ ကိုယ့္ကိုျပန္ငုံ႕ၾကည့္၏။ သူဘယ္ေနရာသို႔ေရာက္ေနသနည္း၊ အဘယ္ေၾကာင့္ ဒီးအခန္းက်ည္းထဲတြင္ေရာက္ရွိေနပါသနည္း။ သူသည္ ကိုယ့္ကိုယ္ကို အႀကိမ္ႀကိမ္ျပန္ၾကည့္၍ နံေဘးကမွန္အနားထသြားေလ၏။

"အ..အ..."

သူစကားေျပာခ်င္သည္ သို႔ေသာ္ အသံမ်ားထြက္မလာခဲ့ေခ်။ သူ႕႐ုပ္ကို မွန္ထဲတြင္ အၾကာႀကီးေငးၾကည့္မိ၍ မွိုင္ေန၏။ လည္ပင္းေပၚက အမာ႐ြတ္က အနာက်က္ေသးသည့္ ပုံမေပၚ။

*ငါ ဘယ္သူလဲ... ငါဘယ္ေရာက္ေနတာလဲ...*

မွန္ထဲရွိေသာ သူ႕ပုံရိပ္အားၾကည့္၍ သူထိန့္လန့္သြားသည္။ သူ႕ဘယ္သူဘယ္ဝါမွန္း သတိရသည့္ပုံမေပၚေခ်။ ဘယ္လိုပင္ သူဆက္၍စဥ္းစားပါေစ နာက်င္လာေသာ အေတြးမ်ားက ပိတ္ဆို႔ထား၍ ရင္ဘက္အားနာက်င္ရသည္။

*ငါဘယ္သူလဲ!!!*

သူေပါက္ကြဲ၍ မရခဲ့။ သူအသံပင္မထြက္နိုင္ခဲ့။ ထို႔ေနရာတြင္သာ သူထိုင္ခ်၍ ေလာကႀကီးအား ဥပကၡာျပဳထားလိုက္သည္။ ကမာၻႀကီးက ခ်ာခ်ာလည္ေနသေယာင္ သူငို၍ ခဏအၾကာေတာ့ ေၾကကြဲစရာေကာင္းေသာ ရယ္သံမ်ားကအခန္းထဲတြင္ ပ်ံ့လြင့္လာခဲ့၏။ ရယ္ေမာျခင္းႏွင့္ ပူေတြးငိုေႂကြးျခင္းဟာ ဤေန႕သူ၏အေဖာ္မ်ားျဖစ္သည္။

__________________________________

ေနာက္က်ိက်ိ ေလးလံေနေသာ ေခါင္းေၾကာင့္ နားထင္အားဖိ၍ ကိုယ္ေပၚရွိေစာင္မ်ားခြာခ်ကာခုတင္ေပၚကဆင္းလာသည္။

"ကြၽတ္...ကြၽတ္..."

အုံခဲေလးလံေသာ ေခါင္းေၾကာင့္ သူစိတ္မၾကည္၊ ခုံေပၚရွိေရဗူးအားယူ၍ ေမာ့ခ်ရန္ လုပ္ေသာအခါ...

"Boss...မေသာက္နဲ႕...ျပန္ခ်ထား..."

ကိုးလ္လက္ထဲရွိေသာ ေရသန့္ဗူးအားလွမ္းဆြဲ၍ အတြင္းေရးမႉးကတားေလသည္။ ထို႔ေနာက္တြင္ အခန္းထဲတြင္လာေသာ ဝန္ထမ္းမ်ား၏လက္ထဲတြင္ ေကာ္ဖီပူမ်ားႏွင့္ စြတ္ျပဳတ္မ်ားျဖစ္၏။ ေလးေလးသည္လည္း ဝင္လာေသာေၾကာင့္ သူဆက္မရပ္နိုင္ေတာ့ဘဲ ဆိုဖာေပၚတြင္သာထိုင္ခ်ေတာ့၏။

"Boss ေနမေကာင္းေသးဘူးေလ... ေရေအးေတြေသာက္လို႔မျဖစ္ဘူး..."

"ငါဘာျဖစ္သြားတာလဲ..."

"ႏွင္းဖပ္ၾကားမွာ သတိလစ္သြားတာေလ.. Bossမမွတ္မိေတာ့ဘူးလာ။ ေတာ္ေသးတာေပါ့ ဝန္ထမ္းေတြက စံအိမ္ရွင္းဖို႔သြားေတာ့ Bossကိုေတြ႕သြားတာပဲ..."

"..........."

အဘယ္ေၾကာင့္ ဤသို႔ထုံထိုင္းေနသနည္းဟု သူေတြးမိေသး၏။ လက္စသတ္ေတာ့ မနက္တုန္းက ထိုေနရာတြင္ သူအိပ္ေပ်ာ္သြားျခင္းေပ။ ေလးေလးက သူ႕ကိုဆူရန္ ေခ်ာင္းေန၏။

"ကဲ...ငါမေျပာဘူးလား..."

"ေလးေလး ဘာေျပာထားလို႔လဲ..."

"ညညအျပင္မသြားပါနဲ႕လို႔...ကားေမာင္းထြက္ၿပီး အျပန္က်ေတာ့ ကားလည္းမပါလာဘူး...။ အရက္မူးၿပီး ႏွင္းဖပ္ၾကားမွာ ေလျဖတ္မေသတာကံေကာင္း..."

"ေလးေလးရာ ဘာေတြေျပာေနတာလဲ...ဒီမွာ ေခါင္းကိုက္ေနတဲ့ၾကားက..."

ထိုသို႔ ညဥ္းၫူလိုက္ေသာအခါတြင္ အတြင္းေရးမႉးသည္လည္း သူ႕အား အနားယူေစခ်င္ေသာေၾကာင့္...

"ဟုတ္ပါတယ္ သူေဌးႀကီး...Bossက အရက္ေသာက္မလာပါဘူး...။ တစ္ျခားကိစၥေၾကာင့္ျဖစ္ပါလိမ့္မယ္..."

"ေဟ... ဘာကိစၥျဖစ္လို႔ ကားေပ်ာက္တဲ့အထိေသာက္ခဲ့ရတာလဲ...ေျဖပါဦး..."

ကိုးလ္သည္ ေလးေလးအားၾကည့္၍ စိတ္ပ်က္စြာေခါင္းေလးသာဖိေလသည္။

"ေလးေလးရာ...ဒီမွာမူးေနာက္ေနတဲ့ၾကားက ပြစိပြစိလုပ္ဖို႔ပဲသိတယ္။ ကိုယ့္တူေလး ေနမေကာင္းလို႔ ေဆးတိုက္မယ္မရွိဘူး..."

"ေဟ... အလကား လုပ္ခ်င္တာလုပ္ၿပီး ေနမေကာင္းျဖစ္ေတာ့ ငါကေဆးတိုက္ရမလာ...ဆုေတာင္းေနာ္ "

"က်စ္!"

ေလးေလးအား ျပန္ေျပာလွ်င္လည္းနိုင္မည္မဟုတ္ေသာေၾကာင့္ ထလာ၍ အိပ္ခန္းထဲျပန္ဝင္ေလေသာအခါ အတြင္းေရးမႉးသည္လည္း ေဆးဗန္းမ,၍လိုက္ဝင္သြားသည္။ ေလးေလးလိုက္မလာရန္ တံခါးေလးအားေလာ့ခ်ခဲ့၏။

"ဘာေတြလဲ..."

"ဒါက ဓနိဖူးလက္ဖက္ရည္နဲ႕ ေဆး၊ ဒီဘက္က ေကာ္ဖီနဲ႕စြပ္ျပဳတ္ Bossမႀကိဳက္မွာဆိုးလို႔ ႏွစ္ခုျပင္ဆင္လာတာ..."

"ခ်ထားခဲ့..."

"ခင္ဗ်ာ..."

"ဘုန္းယံခြၽန္ ..."

"ခင္ဗ်ာ..Boss"

"မင္းက ငါ့ရဲ႕အတြင္းေလးမႉးမလား။ ဘာလို႔ငါ့အႀကိဳက္ေတြ၊ ငါရဲ႕အျပဳအမႉေတြ နားမလည္ေသးတာလဲ..."

"ဟုတ္ကဲ့ ကြၽန္ေတာ္ႀကိဳးစားေလ့လာေနပါတယ္..."

"ေအး..ေလ့လာသင္ယူေနတုန္း တစ္ခါထဲေျပာလိုက္မယ္...။ငါက ခ်ထားဆိုခ်ထား အပိုစကားေတြမဟနဲ႕...ခင္ဗ်ာ..ခင္ဗ်ာနဲ႕..."

"ဟုတ္ကဲ့ Boss ... Bossကို အခုေဆးေသာက္ေစခ်င္လို႔ ျပန္ေမးလိုက္မိတာပါ.."

ကိုးလ္သည္ နားထင္အားဖိ၍ လက္ႏွစ္ေခ်ာင္းျဖင့္ အတြင္းေရးမႉးဘုန္းယံခြၽန္အား ေမာင္းထုတ္လိုက္သည္။

"Bossလိုတာရွိရင္ ေခၚပါ အခန္းေဘးမွာ ေစာင့္ေနမယ္..."

ဘုန္းယံခြၽန္ေျပာ၍ အျပင္ထြက္လာကာတံခါးျပန္ေစ့လိုက္၏။ ကိုးလ္ေဆးေသာက္ရန္ အလြန္ပ်င္းေသာ လူတစ္ေယာက္ျဖစ္ေသာ္လည္း ေဆးခါးသည္ကိုေတာ့ မျငင္းခဲ့ေခ်။ အခ်ိဳမႀကိဳက္ျခင္းမဟုတ္ အခါးအား ေနသားက်ရန္ ႀကိဳးစားေနျခင္းျဖစ္ေသာသူသည္ ခါးေသာအရသာကို မက္မက္ေမာေမာဖက္တြယ္သည္။

အျပင္ပတ္ဝန္းက်င္အား ေငးေမာ၍ ေဆးေသာက္ျဖစ္သည္။ ယခင္ေန႕မ်ားထက္ ဤေန႕ဟာ အနည္းငယ္စိတ္မၾကည္ျဖစ္ေနေသာ္လည္း ရင္ထဲေပါ့သလိုလိုရွိ၏။ အဘယ့္ေၾကာင့္ဆိုေသာ္ ျမဴဇံဆိုေသာေကာင္ေလးအား သူဖြင့္ေျပာခဲ့ရျခင္းျဖစ္သည္။

လုံေလာက္ေသာ ေပ်ာ္႐ႊင္ျခင္းမ်ိဳးမဟုတ္ေသာ္လည္း ကိုးလ္ဆိုေသာလူသားဟာ ျမဴဇံတည္ရွိေနမႈ၏ျပယုဒ္ပင္။ ျမဴဇံႏွင့္ပတ္သက္ေသာ အတိတ္ဟာ အၿမဲတမ္းလွပစြာ သစ္လြင္ေနဆဲေပ။

ထို႔ေၾကာင့္.... သူ႕အခ်စ္က ျမက္ဖ်ားထက္က ႏွင္းစက္ေလးမဟုတ္သလို၊ မီးေတာင္ထက္က ေလွ်ာ္ပူရည္မ်ိဳးမဟုတ္ခဲ့။

____________________________

"Boss အစည္းအေဝးခန္းမႀကိီးကို ဘယ္လိုမ်ိဳးတည္ေဆာက္မလဲ...။ အခုက နာမည္ႀကီးဒီဇိုင္း ၄ေယာက္ဆီက ေရးဆြဲခိုင္းထားတယ္...။ Bossသေဘာက ဘယ္လိုလဲတဲ့ သူေဌးခြန္ပီလည္း ထိုင္းမွာ ႏွစ္ရက္ေလာက္ၾကာဦးမယ္တဲ့..."

"မင္းဆီဖုန္းဆက္လာတာလာ.."

"ဟုတ္ပါတယ္..."

"ဘာလို႔ငါ့ကိုအေၾကာင္းမၾကားတာလဲ..."

"ခင္ဗ်ာ..."

ေနမေကာင္းျဖစ္ေနေသာေၾကာင့္ လုပ္ငန္းကိစၥကို သူမလုပ္ခ်င္။ အိပ္ရာထဲေအးေဆးေနခ်င္သည္ကို အနားတြင္ အလုပ္အေၾကာင္းလာေျပာေသာ ဘုန္းယံခြၽန္ကို ကိုးလ္ေဒါသထြက္သြား၏။

"က်စ္!...ထားေတာ့ ဘယ္လိုပုံစံပဲေဆာက္ေဆာက္။ သက္ကယ္မိုးနဲ႕ပဲေဆာက္ေဆာက္ငါ ဂ႐ုမစိုက္ဘူး ေျပာလိုက္..."

"ခင္ဗ်ာ...Boss.."

"နားမပါဘူးလာ...ငါေျပာတဲ့အတိုင္းျပန္ေျပာလိုက္။ ဒီကိစၥငါ့ကိုလာမေျပာနဲ႕ သူတို႔လုပ္ရမယ့္ကိစၥ"

"သူေဌးခြန္ပီလည္းေျပာပါတယ္...Bossမႀကိဳက္မွာဆိုးလို႔ အရင္တိုင္ပင္လိုက္တဲ့ပုံစံပါ..."

"သြားေတာ့... "

ကိုးလ္သည္ ေခါင္းအုံးေအာက္သို႔လွ်ိုဝင္၍ အတြင္းေရးမႉးအားထြက္သြားခိုင္း၏။ အျပင္မထြက္တာ တစ္ပတ္ေလာက္ရွိေလၿပီ။ ႏုံစိစိျဖစ္ေနေသာ ဤခႏၶာကိုယ္ႀကီးေၾကာင့္ ကိုးလ္စိတ္မရွည္။

"ေတာက္!"

ဤခႏၶာကိုယ္ႀကီးကို အားမရေသာေၾကာင့္ သူေတာက္ေခါက္လိုက္သည္။ အဖ်ားအနည္းငယ္သက္သာသြားသည္ကို မေန႕ညကေရထခ်ိဳးမိ၍ ဤေန႕အဖ်ားျပန္တက္လာသည္။ အစားလည္းပ်က္ေနေသာေၾကာင့္ အိပ္ရာထဲတြင္သာ ေခြေနေတာ့၏။

ေဒါက္!! ေဒါက္!!

တံခါးေခါက္သံေၾကာင့္ ကိုးလ္စိတ္ပ်က္စြာ ေခါင္းေထာင္ၾကည့္သည္။

"Bossကို အေႏွာင့္အယွက္မေပးခ်င္ေပမယ့္ အေရးႀကီးေနလို႔ပါ..."

အတြင္းေရးမႉးဘုန္းယံခြၽန္သည္ ကိုးလ္အား အားနာေသာမ်က္ႏွာျဖင့္ ေခါင္းငုံ႕ေျပာသည္။

"ကဲ...ေျပာဟာ...ဘာကိစၥလဲ..."

"ဒီေန႕ အေရးေပၚအစည္းအေဝးရွိလို႔ပါ။ ခြန္ပီလည္းမရွိလို႔ Bossမျဖစ္မေနတက္ရမယ့္ အစည္းအေဝးပါ..."

"က်စ္!... ေကာင္းၿပီ အခ်ိန္ဘယ္ေလာက္ရလဲ..."

"မိနစ္၂၀ပါ.."

"ေနဦးငါေရခ်ိဳးဦးမယ္..."

"ေရခ်ိဳးမလို႔လား Boss..။ ေနလည္းမေကာင္းေသးဘူးမလာ..."

ကိုးလ္သည္ ခါးေထာက္၍ မိမိအားဆရာလုပ္ေနေသာ အတြင္းေရးမႉးအား ကိုင္မေပါက္မိ႐ုံမွတမယ္။

"ေနမေကာင္းတဲ့လူကိုက်ေတာ့ အစည္းအေဝးတက္ခိုင္းတယ္ေပါ့..."

ကိုးလ္၏စကားေၾကာင့္ အတြင္းေရးမႉးၿပဳံးစိစိလုပ္၍ အျပင္ထြက္ကာတံခါးပိတ္လိုက္သည္။

"ဘယ္လိုအတြင္းေရးမႉးမ်ိဳးလည္းမသိဘူး...။ အူေၾကာင္ေၾကာင္နဲ႕..."

သူတတြတ္တြတ္႐ြတ္၍ အကၤ်ီခြၽတ္လိုက္သည္။ ခႏၶာကိုယ္၏ အခ်ိဳးအစားမ်ားေၾကာင့္ ကိုးလ္ဟာBodyအလြန္မိုက္ေသာလူတစ္ေယာက္ျဖစ္သည္။ ေသြးေၾကာစိမ္းမ်ားတည္ရွိေနေသာ ဝမ္းဗိုက္တြင္လည္း မည္သည့္အဆီအပိုမရွိဘဲ ေတာင့္တင္း၍ လွပေနသည္။

ေရအျမန္ခ်ိဳး၍ လည္ဖုံးစြယ္တာအကၤ်ီ အနက္ေရာင္အားေ႐ြးဝတ္သည္။ ေနမေကာင္းသည့္အခ်ိန္တြင္ ဤအကၤ်ီမ်ိဳးက အေႏြးေထြးဆုံးျဖစ္၏။ စြယ္တာလည္ဖုံးအကၤ်ီအေပၚတြင္ အစိမ္းနက္ေရာင္ကုတ္အကၤ်ီအားထပ္ဝတ္၍ ဆံပင္ေလးကိုက်က်နနစုစည္းလိုက္သည္။

ေရခ်ိဳးေနတုန္း ျဖဳတ္ထားေသာႀကိဳးအနီေလးကို ျပန္ဝတ္၍ အစည္းအေဝးတက္ရန္ အသင့္ျဖစ္ေနသည္။ ထို႔ေနာက္ အတြင္းေရးမႉး လာေခၚေသာေၾကာင့္ အစည္းအေဝးသို႔တက္ေရာက္ေတာ့၏။

__________________________________

အစည္းအေဝးလုပ္ေနတုန္း ဘုန္းယံခြၽန္အျပင္ခဏ လစ္လိုက္သည္။ ေန႕လယ္ကတည္းက ဗိုက္ဆာေနေသာေၾကာင့္ ခြန္ပီကုမၸဏီအနီးအနားရွိ မုန့္ဆိုင္သို႔ေျပးေလ၏။ အစည္းေဝးၿပီး၍အခ်ိန္မီ ျပန္မေရာက္လွ်င္ စိတ္မရွည္ေသာBoss၏ တရားေဟာသံမ်ားၾကားရမည္။ ထို႔ေၾကာင့္ နီးစပ္ရာ ရခိုင္မုန့္တီဆိုင္သို႔ဝင္သြားေလ၏။

"အန္တီေရ မုန့္တီတစ္ပြဲ အျမန္ေလးလုပ္ေပးပါ..."

"ထုတ္မလား..စားမလား.."

"စားမယ္ အန္တီ။ ရွမ္းထမင္းနဲ႕ ပဲပုတ္ေထာင္းေရာ လုပ္ေပးပါ..."

"ေအး..ေအး ခဏေလးပဲေစာင့္ သားေရ.."

စကားသံဝဲဝဲေလးႏွင့္ သေဘာေကာင္းသည့္ ဆိုင္ရွင္ျဖစ္ေသာေၾကာင့္ ဘုန္းယံခြၽန္အၿမဲတမ္းေရာက္ျဖစ္သည္။ အစည္းအေဝးေနာက္က်မွ ၿပီးတတ္ေသာ ကိုးလ္တို႔၏ အစည္းအေဝးေၾကာင့္ ဤဆိုင္၏ေဖာက္သည္ျဖစ္လာရျခင္းျဖစ္သည္။

အထူးသျဖင့္ လူသိပ္မရွိေသာဤအခ်ိန္ကို သူသေဘာက်သည္။ ဒါၿပီးလွ်င္ Bossအဆူမခံရေအာင္ ကုမၸဏီသို႔ေျခသုတ္ေျပးရမည္။ ယခုေတာ့ ရခိုင္မုန့္တီအား ဇိမ္ခံၿပီးစားလိုက္ဦးမည္။

"သားေရ မုန္တီရၿပီ..."

ဆိုင္ရွင္အန္တီ၏ အသံေၾကာင့္ ဘုန္းယံခြၽန္ဝမ္းသား၍ထိုင္ရာမွ ထလာခဲ့သည္။

"ဘယ္ေလာက္လဲ.."

႐ုတ္တရက္ေပၚလာ၍ မုန့္တီလာလုသြားသည့္ လူတစ္ေယာက္ေၾကာင့္ ဘုန္းယံခြၽန္ေဒါသထြက္သြား၏။ သို႔ေသာ္လည္း သူသည္ ဘုန္းယံခြၽန္အား ဂ႐ုစိုက္သည့္ပုံမေပၚ။ သူ႕ထိုင္ေနသည့္ခုံတြင္ျပန္ထိုင္၍ မုန္တီအား ထိုင္စားေန၏။ ယခုလိုဗိုက္ဆာေနသည့္အခ်ိန္တြင္ စားစရာအလုခံရေသာေၾကာင့္ ဘုန္းယံခြၽန္ေဒါသေတြထိန္းမရ။

"ဘုန္း!.."

"ဒီမွာ..ခင္ဗ်ားဘာလုပ္ေနတာလဲ..."

ခုံကိုထုခ်၍ ေမးေနေသာ္လည္း အံ့ၾသျခင္းမရွိဘဲ ဘုန္းယံခြၽန္အား ေမာ့ၾကည့္လာေသာသူ။

"စားေနတာေလ...မျမင္ဘူးလာ..."

ေအးတိေအးစက္ေျပာေနေသာ သူ႕အားဘုန္းယံခြၽန္ ေဆြ႕ေဆြ႕ခုန္မတတ္ ေဒါသထြက္သြားရ၏။

"ဒီမွာ ေသာက္ေကာင္...ဒီမုန့္က ငါမွာထားတဲ့ဟာ.."

"ဟုတ္လား..."

အသံတမင္ဆြဲ၍ ဘုန္းယံခြၽန္အားခနဲ႕ေနေသာ သူကေအးတိေအးစက္ႏွင့္ ေနနိုင္လြန္းသည္။

"ခင္ဗ်ား...ျမန္မာမွာေနၿပီး ျမန္မာ့ယဥ္ေက်းမႈေတြမသိဘူးလာ။ ခင္ဗ်ားကိုၾကည့္ရတာလဲ က်ဳပ္ထက္အသက္ငယ္ေနတဲ့ပုံပဲ။ ဒါက်ဳပ္မွာထားတဲ့မုန့္..."

"အဟက္! ယဥ္ေက်းစြာနဲ႕ေခၚမယ္ဗ်ာ...။ ဒီမွာအစ္ကို ဒါကက်ဳပ္ပိုက္ဆံေပးၿပီးၿပီေလ ဘာလို႔အစ္ကို႔မုန့္ျဖစ္ရမလဲ..."

အသံၾသၾသေလးျဖင့္ ဘုန္းယံခြၽန္ေဒါသထြက္ေအာင္ သူရည္႐ြယ္ခ်က္ရွိရွိထိုးႏွက္ေလသည္။

"ေတာက္! ခင္ဗ်ားေနာက္မွလာၿပီး ငါမွာထားတဲ့မုန့္ကိုလာလုယူတာေလ..."

"အို႔ အို... ဒါဆိုလည္း I'm Sorry...။ အစ္ကို႔မုန့္ေလး ျပန္ယူသြားပါ အနစ္နာခံတဲ့အေနနဲ႕ က်ဳပ္အသစ္ပဲထပ္မွာလိုက္မယ္..."

မုန္တီပန္းကန္ေလးအား ဘုန္းယံခြၽန္လက္ထဲထည့္ေပးေသာအခါ ဘုန္းယံခြၽန္စိတ္မထိန္းနိုင္ဘဲ သူ႕အေပၚမုန္တီမ်ားေလာင္းခ်လိဳက္သည္။

"ဝိုး...အာ ..အဟက္!"

မထင္ထားေသာ ဘုန္းယံခြၽန္၏တုန့္ျပန္မႈေၾကာင့္ သူအံ့ၾသ၍ ရယ္လိုက္သည္။ ေယာကၤ်ားေလးတန္မဲ့ စြာတတ္သည္ကို သက္ေသျပလိုက္နိုင္ေသာေၾကာင့္ ဘုန္းယံခြၽန္ ေက်နပ္စြာၿပဳံးလိုက္၏။

"I'm Sorry...Sorry... ေခြးစားၿပီးသားပန္းကန္ကို ဆက္မစားနိုင္လို႔ ခင္ဗ်ားပဲ ကုန္ေအာင္စား..."

ဒုန္း!

ပန္းကန္ေလးကို ခပ္ျပင္းျပင္းထုခ်၍ ဘုန္းယံခြၽန္လွည့္ထြက္သြား၏။ လွည့္ထြက္မသြားမီ အေနာက္ျပန္လွည့္ၾကည့္၍...

"ေျပာင္ေအာင္ လွ်က္စားေနာ္... ဝုတ္..ဝုတ္ေလး..."

ခနဲ႕ေသာအၿပဳံးတစ္ပြင့္အားဖန္တီး၍ ေက်နပ္စြာလွည့္ထြက္သြားေလ၏။ အျပင္ေရာက္မွ နာရီကိုသတိထားျပန္ၾကည့္မိသည္။

"ေဘာပဲ...ေသာက္ေခြးေကာင္ ေနာက္က်ကဳန္ၿပီ..."

ေျခေထာက္ေလးအားခုန္ဆြခုန္ဆြခုန္၍ ဘုန္းယံခြၽန္လစ္ခနဲေျပးရေတာ့သည္။ ဗိုက္ဆာ၍ ဘာမွမစားခဲ့ရသည့္အျပင္ ထိုေကာင္ႏွင့္စကားမ်ား၍ အခ်ိန္ပါေနာက္က်ရကုန္ၿပီ။ ကုမၸဏီသို႔ေျပး၍ ပါးစပ္တြင္လည္း ထိုလူအားက်ိန္ဆဲမိသည္။

_________________________________

လင္းထက္နိုင္သည္ ေငြေၾကာင့္ပ်က္စီးေနေသာလူတစ္ေယာက္ျဖစ္ေနၿပီ။ အရက္ဘား၊Clubမ်ားတြင္ အသုံးအျဖဳန္းႀကီးေသာ လူတစ္ေယာက္ျဖစ္ေနသည္။ အရက္၊ ဘိန္းျဖဴကအစ ေစ်းႀကီးေသာ မူးယစ္ေဆးဝါးမ်ားမက်န္အကုန္သုံးသည္။

သို႔ေသာ္ သန္း၂၀ဆိုေသာေငြမ်ားဟာ ခဏတာကုန္ဆုံးသြားသည္။ ယခု လင္းထက္နိုင္သည္ တစ္ျခားလူအနားကပ္ေန၍ ေဆးသုံးေနသည္။ ထိုလူသည္ လင္းထက္နိုင္၏ ဘဝကိုပ်က္စီးေအာင္ ပုံသြင္းခဲ့ေသာလူျဖစ္သည္။

ေငြအမ်ားႀကီးမသုံးရသည့္အခါ လင္းထက္နိုင္၏ျမႇားဦးသည္ ဦးဇံလင္းဆီသို႔လွည့္လာသည္။

__________________________________

ဇနီးျဖစ္သူ၏ ပူဆာမႈေၾကာင့္ ဦးဇံလင္းစိတ္မပါဘဲ မိဘမဲ့ေဂဟာသို႔ေရာက္လာခဲ့သည္။ ဇနီးျဖစ္သူကို နားမလည္နိုင္ခဲ့ေပ။ သားျဖစ္သူကို ေဆး႐ုံပို႔ထားတာ တစ္ပတ္ေလာက္သာရွိေသးသည္။ ဘယ္လိုစိတ္ျဖင့္ သားေနရာတြင္ တစ္စုံတစ္ရာအစားထိုးနိုင္သနည္း။

ဦးဇံလင္းအတြက္ ျမဴဇံေနရာတြင္မည္သူကိုမွ အစားမထိုးနိုင္။ သည္လိုလုပ္နိုင္သည့္ ဇနီးျဖစ္သူ၏စိတ္ထားကို အမွန္ပင္အံ့ၾသမိသည္။ လူႏွင့္စိတ္မကပ္သလို ဇနီး၏လုပ္ေဆာင္မႈေအာက္ တြင္ သူလိုက္နာ႐ုံကလြဲ၍ တစ္ျခားမတတ္နိုင္။

မေန႕ကလည္း အစိမ္းေရာင္ေတာလုပ္ငန္းရွယ္ယာကေန ႏုတ္ထြက္လိုက္သည္ကို ဦးဇံလင္းဘာမွမသိခဲ့။ ကိုးလ္အတြင္းေရးမႉး ဖုန္းဆက္ေျပာမွ ဦးဇံလင္းသိလိုက္ရသည္။ ေဒၚ႐ူပါ၏ေျခလွမ္းမ်ားက လ်င္ျမန္ေန၍ နားလည္ေအာင္လိုက္၍မမီ။

"ကေလးကိုၾကည့္ဦး...ဘာေတြေငးေနတာလဲ..."

ေဒၚ႐ူပါသည္ သူ႕လက္ထဲခ်ီထားေသာ လသားအ႐ြယ္ကေလးကို ၾကည့္ခိုင္း၏။ ကေလးတိုင္းက အျပစ္ကင္း၍ ခ်စ္စရာေကာင္းသည္။ သို႔ေသာ္ ျမဴဇံကျမဴဇံျဖစ္ေန၍ တစ္ျခားကေလးမ်ားကိုအစားမထိုးနိုင္။

"အင္း ခ်စ္စရာေလး.."

"႐ူပါက အစ္ကို႔ကို ဘယ္လိုသေဘာရလဲလို႔ေမးတာ...။ အိမ္ေခၚထားဖို႔ သားေလးကအဆင္ပိုေျပမလား..."

ကေလးအား အေတာ္ခ်စ္ေနေသာ ဇနီးျဖစ္သူကို ၾကည့္၍ ဦးဇံလင္းသက္ျပင္းခ်လိဳက္သည္။ေဒၚ႐ူပါဆီက ကေလးကိုေပြ႕ယူ၍ ေဂဟာမႉးလက္ထဲျပန္အပ္လိုက္သည္။ ထို႔ေနာက္ ေဒၚ႐ူပါကိုအျပင္ေခၚထုတ္၏။

"အစ္ကို ဘာအဆင္မေျပတာရွိတာလဲ...႐ူပါက ကေလးအရမ္းလိုခ်င္တာေနာ္..."

"ေနပါဦး... ကိုယ္အခုလုံးဝအဆင္မေျပဘူး...။ သားကို စိတၱဇေဆး႐ုံပို႔ဆိုလို႔ ကိုယ္ပို႔လိုက္တယ္..။ သားကိုသြားေတြ႕ခ်င္တာေတာင္ လိပ္ျပာမလုံတဲ့အတြက္ သြားမၾကည့္ရဲဘူး။ အခု ႐ူပါက ကေလးအသစ္ထပ္ေမြးစားမယ္ဆိုေတာ့ သားအေပၚအရမ္းရက္စက္ရာမက်ဘဴးလာ..."

"သားကို ကြၽန္မလည္းခ်စ္တယ္..။ ဒါေပမယ့္ သားေၾကာင့္ လူရာဝင္မွာမဟုတ္ဘူး..။ သူ႕ဘဝနဲ႕သူသာေနပါေစေတာ့။ ကြၽန္မလည္း သာယာတဲ့မိသားစုဘဝလိုခ်င္တယ္..."

"ေတာက္!... သားအေပၚဒီေလာက္အထိလုပ္စရာမလိုဘူး...။ ဘာျဖစ္ျဖစ္ သားကိုျပဳစုေစာင့္ေရွာက္ၿပီး သားကိုပဲခ်စ္ခ်င္တယ္...။ ငါ့သားေလးေနရာမွာ ဘယ္သူ႕မွ မဝင္လာေစခ်င္ဘူး...။ မင္းလည္း မိခင္တစ္ေယာက္အေနနဲ႕ ေက်းဇူးျပဳၿပီး မိခင္ေမတၱာေတြေပးပါ....။ သားကိုျပန္ေခၚရေအာင္ေနာ္..."

"ဦးဇံလင္း!... လူႏွိမ္လို႔အရွက္ကြဲရတဲ့ဘဝကိုျပန္မေရာက္ခ်င္ဘူး။ စိတၱဇေထာင္ထဲေရာက္ရင္ ျပန္ေခၚခြင့္မရွိေတာ့ဘူးဆိုတာ ရွင္လည္းသိမွာပါ..မ႐ူးမိုက္စမ္းပါနဲ႕..."

"ဘာ!! စိတၱဇေထာင္လို႔ မေျပာပါနဲ႕...ၿပီးေတာ့ ငါက႐ူးမိုက္တာမဟုတ္ဘူး။ ကိုယ့္ေသြးသားကိုစြန့္ပစ္တဲ့ မင္းကသာ ႐ူးမိုက္တာ.."

"ေအး... ငါ႐ူးမိုက္တယ္...။ သူမ်ားလို သားေကာင္းရတနာမရွိခဲ့လို႔...။ သူမ်ားလိုၿပီးျပည့္စုံတဲ့ သားသမီးေတြမရွိလို႔.."

ေဒၚ႐ူပါသည္ ႏူတ္ခမ္းကိုတင္းတင္းေစ့ထား၍ ဦးဇံလင္းအား စူးစိုက္ၾကည့္သည္။ ဦီးဇံလင္းသည္လည္း ျမဴဇံအတြက္မတရားခံစားေနရေသာေၾကာင့္ လက္မွတ္ထိုးမိသည့္ ကိုယ့္ကိုယ္ေနာင္တရမိသည္။

"မင္းက တကိုယ္ေကာင္းဆန္လြန္းတဲ့မိန္းမပဲ...။ သားဘက္ကိုမင္းေတြးၾကည့္ဖူးလား။ ငါ့သားလည္း သူမ်ားလိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခ်င္မွာပဲလို႔ မင္းတစ္ခါေလးေတာင္ စဥ္းစားဖူးလား...ဟမ္ အခု႔ငါ့သားကို ငါျပန္ေခၚမယ္..."

"ေၾသာ္...ကြၽန္မက သားကိုအရမ္းရက္စက္တဲ့မိခင္ေပါ့။ အဟင္း...ဟင္း... စာခ်ဳပ္ေပၚကလက္မွတ္က ရွင္ကိုယ္တိုင္ ရွင့္လက္နဲ႕ထိုးတဲ့လက္မွတ္ဆိုတာမေမ့နဲ႕..."

"႐ူပါ... မင္းကအရမ္းယုတ္မာတဲ့မိန္းမပဲ..."

"ရွင္ထင္ခ်င္သလိုထင္...လုပ္ခ်င္သလိုလုပ္...ငါကေတာ့ ဒီရက္ကေလးတစ္ေယာက္ ရေအာင္ေခၚမယ္..."

"ေကာင္းၿပီေလ... မင္းဒီေလာက္စိတ္အားထက္သန္ေနရင္လည္း တရား႐ုံးသြားၿပီး ကြာရွင္းၾကတာေပါ့..."

"ဘာ!!! ရွင္ေယာကၤ်ားမဟုတ္ဘူးလာ..."

ဦးဇံလင္း၏စကားေၾကာင့္ ေဒၚ႐ူပါအံ့ၾသတုန္လႈပ္သြားသည္။ ထို႔အတူ ဦးဇံလင္းသည္လည္း ျမဴဇံအတြက္လိပ္ျပာလုံခ်င္ေသာေၾကာင့္ ဤမိန္းမႏွင့္ဆက္မေပါင္းနိုင္။

"ငါေယာကၤ်ားပါ... သားအေပၚတာဝန္ေက်ခ်င္လို႔ မင္းလိုမိန္းမနဲ႕ကြာရွင္းမယ္..."

ဦးဇံလင္းဤသို႔ဆုံးျဖတ္လိုက္သည္က အမွားဟုတ္ေနလွ်င္လည္း ေက်နပ္သည္။

__________________________________

"ဝင္လာခဲ့..."

႐ုံးခန္းသစ္တြင္ လုပ္စရာရွိသည္ကိုလုပ္ေနခိုက္ တံခါးေခါက္သံေၾကာင့္ ဝင္ခိုင္းသည္။ တံခါးပြင့္လာသည္ႏွင့္ ဝင္လာေသာလူေၾကာင့္ ကိုးလ္ထရပ္လိုက္သည္။ မေန႕ကမွ ရွယ္ယာအုပ္စုကေန ႏုတ္ထြက္သြားေသာ ျမဴလင္းဇံကုမၸဏီပိုင္ရွင္ ဦးဇံလင္းျဖစ္သည္။

"ဝင္ခြင့္ျပဳပါ..."

အခန္းထဲေရာက္ႏွင့္ ေနၿပီးသား ဦးဇံလင္းေၾကာင့္ သူေခါင္းေလးသာညိတ္ျပလိုက္သည္။

"ထိုင္ပါ..."

အလုပ္စားပြဲခုံကေန ထ၍ ဦးဇံလင္းအား ဧည့္ခံလိုက္သည္။ သို႔ေသာ္အခန္းထဲတြင္ ႏွစ္ေယာက္တည္းရွိေနေသာေၾကာင့္ တိတ္ဆိတ္ေနသည္။ ထိုအခါ သူကပဲ စကားအရင္စလိုက္သည္။

"လာရင္းကိစၥက.."

"မေန႕က ႏုတ္ထြက္လိုက္တဲ့ရွယ္ယာကိစၥပါ..."

"..........."

ဦးဇံလင္းႏွင့္ ကိုးလ္သည္လုပ္ငန္းကိစၥေျပာ၍ သိပ္မၾကာခင္တြင္ဘဲ ဦးဇံလင္းျပန္ထြက္လာခဲ့သည္။

__________________________________

ဘာလိုလိုႏွင့္ ခြန္ပီ၏စိတ္ကူးေၾကာင့္ အစိမ္းေရာင္ေတာဟာ ၄လႏွင့္အကုန္ၿပီးစီးသြားသည္။ အစိမ္းေရာင္ေတာ တစ္ေနရာတည္းတြင္ အစုံေလ့လာခြင့္ရေသာေၾကာင့္ ကမာၻ႔ေစ်းကြက္ကိုထိုးေဖာက္နိုင္သည့္ အပန္းေျဖေတာတစ္ခုျဖစ္လာခဲ့သည္။

ျမန္မာနိုင္ငံ၏ ဝင္ေငြအမ်ားဆုံးအပန္းေျဖေတာထဲတြင္ နံပါတ္၁ စာရင္းဝင္လာခဲ့သည္။ ကိုးလ္ဆိုေသာ သူေဌးသားဟာလည္းနာမည္ႀကီးလာသည္။ သို႔ေသာ္ ႐ုပ္လုံးထြက္မျပေသာေၾကာင့္ အစိမ္းေရာင္ေတာပိုင္ရွင္သူေဌးသားကို မျမင္ဖူးၾက။

သည္ၾကား သမီးအားဗန္းျပ၍ သူ႕ အနားခ်ည္းကပ္လာသည့္ လုပ္ငန္းရွင္မ်ားမနည္းမေႏွာ။ သို႔ေသာ္ အစိမ္းေရာင္ေတာ၏ ရွယ္ယာဝင္မ်ားက ခြန္ပီ၊ခ်ယ္ရီလႊာႏွင့္ ျမဴလင္းဇံကုမၸဏီကလြဲ၍ တစ္ျခားကုမၸဏီမ်ားကိုလက္မခံ။

ကိုးလ္ဘဝ၏ ေအာင္ျမင္ဆုံးအခိုက္အတန့္ဆိုလွ်င္လည္းမမွားေသာ အခ်ိန္ျဖစ္သည္။ ေအာင္ျမင္သလို သူအလုပ္မ်ားလာသည္။ အိပ္ရန္အခ်ိန္မလုံေလာက္ခဲ့။ ထို႔ေၾကာင့္ အခ်ိန္ဇယားေသခ်ာဆြဲ၍ သူျပင္ဆင္ရေတာ့မည္။

ညဥ့္နက္သည့္အထိအလုပ္လုပ္၍ ေန႕တိုင္း VIPဧည့္သည္မ်ားႏွင့္ ညစာစားရႏွင့္ နိုင္ငံျခားဧည့္သည္မ်ားေၾကာင့္ သူလက္မလည္ေအာင္ သြားေရာက္ေတြ႕ဆုံရသည္။

"အဟမ္း...Boss"

အလုပ္စာရင္းထဲ အာ႐ုံေရာက္ေနေသာေၾကာင့္ ဘုန္းယံခြၽန္၏ စကားအားမၾကားလိုက္ေပ။ ဘုန္းယံခြၽန္သည္လည္း ကိုးလ္ႏွင့္ပတ္သတ္လာလွ်င္ အလြန္စိတ္ရွည္ေသာ အတြင္းေရးမႉး။

"Boss!"

"ေဟ... ေၾသာ္ ဘုန္းယံခြၽန္ေျပာ..."

"Boss ကြၽန္ေတာ့္နာမည္အျပည့္အစုံမေခၚပါနဲ႕..."

"အဖ်ားစြတ္ၿပီးေခၚရမလာ...။ ခြၽန္ဆိုၿပီး.."

"မေနာက္ပါနဲ႕Boss..."

"မင္း နာမည္အျပည့္အစုံေခၚတာမႀကိဳက္သလို...ငါလည္း မင္းကိုျမင္ရရင္ ရင္တထိန့္ထိန့္နဲ႕ မႀကိဳက္ဘူး..."

"Bossကလည္း..."

"ဟုတ္တယ္ေလ...ဘာကိစၥလဲ...။ မင္းလာရင္ တစ္ခုမဟုတ္တစ္ခုပဲ ဒါေၾကာင့္ မင္းကိုျမင္ရရင္စိတ္မခ်မ္းသာဘူး..."

"အဟဲ...ကြၽန္ေတာ္နဲ႕ Bossကအသက္တူတူပဲကို အားနာမေနနဲ႕...။ ဟိုေလ စိုင္းခမ္းဆိုတဲ့ ဧည့္သည္က Bossနဲ႕ေတြ႕ခ်င္လို႔တဲ့..."

"ဟုတ္လာ...ဝင္ခိုင္းလိုက္..."

အလုပ္မ်ားေနေသာေၾကာင့္ စိုင္းခမ္းႏွင့္ပင္ မေတြ႕ျဖစ္သည္က ၅လေလာက္ရွိေနၿပီ။ သြားေတြ႕ရသည့္အထိ မအားလပ္ေသာေၾကာင့္ ယခုလိုလုပ္ငန္းထဲအထိေရာက္လာသည့္ စိုင္းခမ္းကို ေက်းဇူးတင္ရမည္။

"Bossနဲ႕အသိေတြလာ..."

"အင္း..."

အလုပ္ထဲတြင္သာ အာ႐ုံစိုက္၍ ဘုန္းယံခြၽန္အား ျပန္ထူးေနေသာေၾကာင့္ ဘုန္းယံခြၽန္လည္း လွ်ာမရွည္ေတာ့ဘဲ အျပင္ထြက္၍ စိုင္းခမ္းအားလြတ္လိုက္သည္။

__________________________________

ေဆး႐ုံထဲသို႔ ဝုန္းဒိုင္းဝင္လာေသာ သူ႕အားမည္သူကမွ ဝင္မဆြဲရဲေခ်။ လူနာအခန္းလိုက္ရွာေနျခင္းမဟုတ္ဘဲ ေဆး႐ုံအုပ္႐ုံခန္းသို႔တည့္တည့္မွတ္မွတ္ဝင္သြားသည္။ ေဆး႐ုံအုပ္သည္ သူ႕အားအံ့ၾသစြာၾကည့္၍ ထိုင္ခိုင္း၏။

"ထိုင္ပါဦး..."

"ထိုင္ဖို႔လာတာမဟုတ္ဘူး..."

"ဘာကိစၥေၾကာင့္လာတာလဲ..."

ေအးေအးေဆးေဆးပဲ ေမးေနေသာ ေဆး႐ုံအုပ္အား မအုပ္မိရန္ သူစိတ္ထိန္းထားသည္။ အသိေနာက္က်၍ ကိုးလ္ေနာင္တရမိသည္။ သည္ေနရာတြင္ ၅လၾကာေအာင္ ျမဴဇံေနရသည္တဲ့လား။ ရင္ဘက္ထဲတြင္ေအာင့္၍ တဆစ္ဆစ္နာက်င္ရသည္။

မည္သို႔စိတ္ျဖင့္ သည္ေနရာတြင္ ပို႔ထားရက္သနည္း။ေတြးမိတိုင္း ေဝ့သီလာသည္မ်က္ရည္ႏွင့္ နာက်င္လာေသာရင္ဘက္က ေဒါသ၏ သက္ေသျဖစ္သည္။ ဤသတင္းၾကားၾကားခ်င္း လုပ္ငန္းကိစၥအားလုံးျဖတ္ပစ္၍ သူေရာက္လာခဲ့ျခင္းျဖစ္သည္။

"ျမဴဇံရဲ႕ စာခ်ဳပ္ထုတ္ေပး..."

"ဒီမွာ... မင္းကဘယ္သူလဲ...။ လူနာရဲ႕ စာခ်ဳပ္ေတြ ၾကည့္ခြင့္မရွိဘူး...".

"ဟုတ္လား ငါၾကည့္ခြင့္မရွိဘူးလာ...။ ရတယ္ ေဟ့ေကာင္ေတြ..."

လက္ေျဖာင့္တစ္ခ်က္တီးလိုက္႐ုံႏွင့္ေဘးတြင္ စုၿမဳံေရာက္လာေသာ သူ၏ကိုယ္ရံေတာ္ေၾကာင့္ ေဆး႐ုံအုပ္လည္း ျပဴးျပဴးၿပဲၿပဲျဖစ္သြားသည္။

"စာခ်ဳပ္ထုတ္မလာ...ေဆး႐ုံမီးအေလာင္ခံမလာ..."

"စာ..စာခ်ဳပ္ထုတ္ျပပါ့မယ္..."

ေဆး႐ုံအုပ္သည္ ျမဴဇံ၏စာခ်ဳပ္ေလးအားထုတ္၍ ကိုးလ္အားေပးလိုက္သည္။ ကိုးလ္လည္း နာက်ည္းေသာစိတ္ျဖင့္ စာခ်ဳပ္အားဆုတ္ၿဖဲလိုက္၏။

"မင္း...မင္း ဘာလုပ္တာလဲ...အဲ့တာစာခ်ဳပ္တစ္ခုေနာ္..."

"ေအး...စာခ်ဳပ္ျဖစ္ေနလို႔ က်ဳပ္ဆြဲၿဖဲလိုက္တာ..."

"ဒါကအေရးႀကီးတဲ့စာခ်ဳပ္ဆိုတာ မင္းမသိတာလား။ မင္းကိုတရားစြဲလို႔ရတယ္...".

"စကၠဴ႐ြက္တစ္ခုေလးကို ဒီေလာက္အထိလုပ္ခ်င္လည္းလုပ္...Ok...ခင္ဗ်ားစိန္ေခၚရင္ က်ဳပ္တိမ္ေပၚမကဘူး... နိဗၺာန္အထိလိုက္ခဲ့မယ္..."

"ျမဴဇံ့အုပ္ထိန္းသူက ကိုယ္တိုင္လက္မွတ္ထိုးေပးတဲ့စာခ်ဳပ္ ငါ့ရဲ႕စာခ်ဳပ္..."

"ဒီရက္ကစၿပီး ျမဴဇံရဲ႕အုပ္ထိန္းသူက က်ဳပ္ျဖစ္သြားၿပီ...။ ျမဴဇံက က်ဳပ္ရဲ႕အပိုင္... ခင္ဗ်ားတို႔လူေတြ ငါ့ရဲ႕ျမဴဇံကို မ်က္ေစာင္းနဲ႕ ေတာင္မၾကည့္နဲ႕..."

ထိုသို႔ေျပာ၍ ျမဴဇံရွိေသာအခန္းအား လိုက္ရွာသည္။ သူနာျပဳကို တံခါးဖြင့္ခိုင္း၍ ေက်ာေပး၍ထိုင္ေနေသာ ေက်ာျပင္ေသးေသးေလးက ရင္နာစရာေကာင္းေနေအာင္ျမင္လိုက္ရသည္။ ျမဴဇံအေနာက္တြင္ ဒူးေထာက္ထိုင္ခ်၍ ေက်ာျပင္ေသးေသးေလးအား တင္းက်ပ္စြာသိုင္းဖက္လိုက္သည္။

မ်က္ဝန္းစိမ္းစိမ္းတစ္စုံက သူ႕အားအေနာက္လွည့္ၾကည့္၍ ေမးခြန္းမ်ားေမးေနသည္။

"မင္းဆီက ခြင့္လြတ္မႈရခ်င္လို႔ လာေတာင္းခံတာပါ..."

တိုးတိုးေလးေရ႐ြတ္၍ ဆံပင္ၾကားမ်က္ႏွာအပ္၍ ကိုးလ္မ်က္လုံးမွိတ္ခ်လိဳက္သည္။

"ေတာင္းပန္ပါတယ္..."

__________________________________

Continue Reading

You'll Also Like

1.7M 71.1K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.1M 60.2K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
59.2K 1.6K 20
အချစ်တဲ့ ကျွန်တော့်လိုလူမျိုးကို လှုပ်မရအောင် တုပ်နှောင်နိူင်တဲ့ ကြိုးတစ်ချောင်းပဲ အရာအားလုံးကို စွန့်ပစ်ချင်လောက်တဲ့အထိ သိပ်လှတဲ့ ဘေးထွက်ဆိုးကျိုးလ...
17.7K 992 48
မပြည့်စုံတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝပေးပုံစံနဲ့ ကြိုးစားမှုတွေ၊ ခပ်ဂျစ်ဂျစ်နေတက်ပြီး လူတစ်ယောက်ကြောင့် မိမိရဲ့ပုံစံကိုပြောင်းလဲပြီး နေထိုင်တဲ့ကောင်လေး...