Zawgyi
ထမင္းဝိုင္းမွာခ်ထားေသာ ဟင္းမ်ိဳးစုံကိုၾကည့္၍ ေဆာင္းဦးမ်က္လုံးအဝိုင္းသားႏွင့္ျဖစ္ေနသည္။သူ႔အတြက္အဲ့ေလာက္ေတာင္ ျပင္ဆင္ေပးထားရလားလို႔ ေတြးမိၿပီးရင္ထဲမွာလည္း ၾကည္ႏူးသြားရသည္။ထက္ဘုန္းတို႔သားအမိႏွစ္ေယာက္မွာေတာ့ အံ့ဩေနေသာေဆာင္းဦးကိုၾကည့္၍ ၿပဳံးတုံ႔တုံ႔ႏွင့္။ထက္ဘုန္းေမေမကပန္းကန္ထဲကို ဟင္းေတြခပ္ထည့္ေပးလိုက္မွ အလန္႔တၾကားႏွင့္ၾကည့္လာသည္။
"အာ အန္တီ၊သားကိုယ့္ဘာသာကိုယ္ထည့္လိုက္မယ္၊အားနာစရာႀကီး"
"ေဟာ ဒီကေလးႏွယ္၊အန္တီလို႔မေခၚပါနဲ႔ သားေလးရဲ႕။သူစိမ္းေတြမွမဟုတ္တာ။ထက္ဘုန္းေခၚသလို ေမေမလို႔ေခၚလို႔ရတယ္။ေမႀကီးလို႔လည္းေခၚလို႔ရတယ္"
"ဟုတ္ အဲ့ဒါဆိုေမႀကီးလို႔ေခၚမယ္ေနာ္။ဟင္းေတြအမ်ားႀကီး ျပင္ထားေပးလို႔ အားေတာင္နာတယ္။အဲ့ေလာက္ျပင္ေပးဖို႔ မလိုတာကို"
"ဘာအားနာစရာလိုလဲ သားရယ္။သားေလးရဲ႕ေကာင္ေလးဆိုေတာ့ အန္တီ့ရဲ႕သားပဲေပါ့။ေနာက္ဆိုအိမ္ခဏခဏလာခဲ့။အမ်ားႀကီးထပ္ခ်က္ေကြၽးဦးမွာ"
"ဟုတ္၊ေက်းဇူးတင္ပါတယ္ဗ်"
"ရပါတယ္ကြယ္။ဟဲ့ ထက္ဘုန္း၊ထည့္စားေလ သားရဲ႕"
"ေမေမကကိုယ့္သားကိုယ္က်ေတာ့ ဟင္းလည္းမထည့္ေပးဘူး။ေဆာင္းဦးကိုပဲထည့္ေပးတယ္။သားကိုက် တစ္ေယာက္တည္းခ်န္ထားၾကတယ္"
ဆူပုတ္ပုတ္ႏွင့္ေျပာလာေသာသူ႔ကိုၾကည့္ၿပီး ေဆာင္းဦးပါးစပ္ကိုလက္ႏွင့္အုပ္၍ ရယ္လိုက္မိသည္။ေဒၚ႐ြက္လႊာကေတာ့ သူ႔သားလက္ေမာင္းကို တစ္ခ်က္႐ိုက္လိုက္သည္။
"ငါ့သားတစ္ေယာက္နဲ႔လည္း ေပါေတာေတာေတြမလုပ္နဲ႔စမ္း။ကိုယ့္ဘာသာကိုယ္ထည့္စရာရွိတာထည့္စား"
"အင္းပါ၊အင္းပါ။သားအရင္းကိုက်ေတာ့ ေဆာင္းဦးေလာက္ေတာင္ ေမတၱာမရွိဘူးေနာ္။ေမေမ့ကိုစိတ္ဆိုးမယ္"
"အမေလး စိတ္ဆိုးမယ္သာေျပာတာ၊စားတာေတာ့မျပတ္ပါလား"
"အဲ့ဒါကဘာမွမဆိုင္ဘူးေလ။စားတာကစားတာ၊စိတ္ဆိုးတာက စိတ္ဆိုးတာပဲ"
"ကိုထက္ကလည္း ကိုယ့္အေမကိုအဲ့လိုမေျပာရဘူးေလ"
"ထားလိုက္။အဲ့ကေလးကအဲ့လိုပဲ တစ္ခါတေလ ထထေဖာက္တတ္တာ။ၿပီးရင္ေမ့ကိုျပန္လာခြၽဲတာ။ဘာမွမဟုတ္ဘူး"
"သားအေရွ႕မွာ သားအေၾကာင္းအတင္းတုတ္ေနတာေတာ့ မေကာင္းပါဘူးေနာ္"
"မေျပာေတာ့ပါဘူးဟယ္။ကဲ ေကာင္းေကာင္းစားၾက၊ဟုတ္ၿပီလား။ေမေမ မင္းအေဖကိုထမင္းခ်ိဳင့္သြားပို႔ေပးလိုက္ဦးမယ္။ဒီအခ်ိန္ဆို ဗိုက္ဆာေနေလာက္ၿပီ။ေဆာင္းဦး၊သားေလးမ်ားမ်ားစားေနာ္"
"ဟုတ္ ေမႀကီး"
"ေအးေအး"
စားပြဲေပၚမွာတင္ထားေသာ ငါးဆင့္ခ်ိဳင့္ကိုယူၿပီးထြက္သြားေသာ ထက္ဘုန္းအေမကို ေဆာင္းဦးၿပဳံး၍ၾကည့္ေနမိသည္။ထို႔ေနာက္ ထက္ဘုန္းဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာဆူပုတ္ပုတ္ႏွင့္ ထမင္းကိုလည္းပါးစပ္ထဲငုံထားေသးသည္။
"ကိုထက္ရယ္၊ဘယ္လိုျဖစ္လို႔ ထမင္းကိုငုံထားရတာလဲ။ၿမိဳခ်ေလ"
"မင္းမွကိုယ့္ကိုဂ႐ုမစိုက္တာ။ေရာက္ကတည္းကေမေမနဲ႔ပဲ စကားေျပာေနတယ္။ကိုယ့္ကိုက်ေတာ့ တစ္ေယာက္မွအဖတ္မလုပ္ၾကဘူး"
"မဟုတ္မွလြဲေရာ တစ္ေယာက္တည္းသဝန္ေတြတိုေနတာလား"
"ဟုတ္တယ္၊ဘာျဖစ္လဲ"
"ဟားဟား အဲ့ဒါကိုထက္အေမဆိုတာ သတိရပါဦး။ဘယ္လိုျဖစ္လို႔ လူတိုင္းနဲ႔လိုက္သဝန္တိုေနရတာလဲ"
"မသိဘူးကြာ။ကိုယ့္ထက္ပိုၿပီး ဘယ္သူမွကိုအေလးမေပးနဲ႔။ကိုယ့္ကိုပဲဂ႐ုစိုက္ေပး"
"ဟုတ္ပါၿပီ၊ကြၽန္ေတာ့္ရဲ႕ကေလးႀကီးရာ"
ကိုထက္ကတစ္ခါတစ္ခါ သိပ္ကိုခ်စ္ဖို႔ေကာင္းလြန္းသည္လို႔မထင္ဘူးလား။ၾကည့္ေနရင္း အူယားလာေသာေၾကာင့္ ကိုယ့္ႏႈတ္ခမ္းကိုယ္ကိုက္၍ ထိန္းထားရသည္။
ေန႔လယ္စာစားၿပီးသည့္ေနာက္တြင္ ထက္ဘုန္းကေဆာင္းဦးကိုအိမ္ျပန္လိုက္ပို႔ေပးသည္။အိမ္အျပန္လမ္းတြင္ မီးပြိဳင့္မိေနေသာေၾကာင့္ ကားကိုေခတၱမွ်ရပ္ထားကာ ေဆာင္းဦးဘက္ကိုလွည့္လိုက္သည္။
"ေဆာင္းဦး"
"ဗ်ာ"
"ကိုယ္နဲ႔အတူဘယ္ေတာ့မွလာေနမွာလဲ"
"ဟင္၊ဘာကိုလဲ"
"ဟာ ေမ့သြားၿပီလား။ေက်ာင္းၿပီးသြားရင္ ကိုယ္နဲ႔အတူတူလာေနမယ္လို႔ ကတိေပးထားတာေလ။မမွတ္မိေတာ့ဘူးလားကြာ"
"မွတ္မိပါတယ္ဗ်။အဲ့ကိစၥကခဏေနပါဦး။ကြၽန္ေတာ္ေမႀကီးတို႔နဲ႔ တိုင္ပင္ၾကည့္လိုက္ဦးမယ္ေလ ေနာ္။ေမႀကီးတို႔ကခြင့္ျပဳမွာပါ"
"သိပါတယ္၊ကိုယ္ကမွတ္မိေသးလားလို႔ေမးၾကည့္တာ။ေစာင့္တာကေစာင့္လို႔ရပါတယ္"
"ဟီးဟီး၊အဲ့ဒါေၾကာင့္ ကိုထက္ကိုအမ်ားႀကီးခ်စ္တာ"
တစ္ဆက္တည္းပင္ ထက္ဘုန္းပါးကိုဖ်တ္ခနဲလာနမ္းေတာ့ ထက္ဘုန္းမ်က္ႏွာကခ်က္ခ်င္းပင္ အၿပဳံးပန္းေတြေဝဆာသြားေတာ့သည္။ဘာမွမျဖစ္ပါဘူးေလ၊ဒီအထိ ေရာက္လာၿပီးမွေတာ့ ခဏေလာက္ထပ္ေစာင့္ရလည္း ဘာမွမျဖစ္ဘူးမလား။
အေရးႀကီးတာက သူနဲ႔ေဆာင္းဦးအတူတူေနရဖို႔ပင္။မနက္ႏိုးလာခ်ိန္ႏွင့္ ညအိပ္ခါနီးအခ်ိန္မွာ ေဆာင္းဦးမ်က္ႏွာေလးကိုၾကည့္ရင္း အခ်ိန္ေတြကုန္ဆုံးခ်င္တာ သူ႔ရဲ႕တစ္ခုတည္းေသာဆႏၵ...။
♤♤♤♤♤♤♤♤♤♤
ႏွစ္ႏွစ္ခန္႔ၾကာၿပီးေနာက္...
မ်က္ႏွာကိုပြတ္သပ္လာေသာ ခပ္စိုစိုအရာတစ္ခုေၾကာင့္ ထက္ဘုန္းမ်က္ေမွာင္ႀကဳံ႔ရင္းႏွင့္ပင္ မ်က္လုံးကိုဆတ္ခနဲဖြင့္လိုက္သည္။Chocoကသူ႔ေပၚမွာ အခန္႔သားထိုင္ရင္း လွ်ာတစ္လစ္ႏွင့္ၾကည့္ေနေသာေၾကာင့္ သူ႔ကိုခ်ီလိုက္ကာ ကုတင္ေပၚမွခ်လိုက္သည္။
"သြား၊ကိုယ့္ဘာသာကိုယ္သြားအိပ္ေန။ငါတို႔ကိုလာအေႏွာင့္အယွက္မေပးနဲ႔"
'ဝုတ္၊ဝုတ္'
"တိုးတိုးေနပါဆိုေနမွကြာ"
"အင့္ ကိုထက္"
ရင္ခြင္ထဲမွ အသံတိုးတိုးေလးကိုၾကားလိုက္ရေသာေၾကာင့္ ခ်က္ခ်င္းပင္တစ္ဖက္ကိုျပန္လွည့္ကာ ေက်ာကိုဖြဖြေလးပုတ္ေပးေနလိုက္သည္။
"ကြၽတ္ ကြၽတ္ အိပ္ေတာ့ေနာ္။ဘာမွမဟုတ္ဘူး"
"အင္း ဘယ္အခ်ိန္ရွိၿပီလဲဟင္။ကိုထက္ ဒီေန႔အလုပ္သြားရမွာမလား"
"ေစာေသးတယ္။ေျခာက္နာရီေလာက္ပဲရွိေသးမယ္ထင္တယ္။ကိုယ္ကကိုးနာရီေလာက္မွ သြားရမွာ။အိပ္ေရးဝဝအိပ္လိုက္ဦးေနာ္"
"အင္း"
ရင္ခြင္ထဲကိုျပန္တိုးဝင္ကာ စိတ္ခ်လက္ခ်ျပန္အိပ္ေပ်ာ္သြားေသာေကာင္ေလးကို သူျမတ္ႏိုးစြာၾကည့္ေနမိသည္။ဘာလိုလိုနဲ႔ေဆာင္းဦးနဲ႔သူအတူရွိလာတာ သုံးႏွစ္နီးပါးေတာင္ရွိလာၿပီေလ။အခ်ိန္ေတြကကုန္တာ သိပ္ကိုျမန္လြန္းတယ္၊သူ႔မွာအခုထိ ဒီေကာင္ေလးခ်စ္လို႔ေတာင္မဝေသး။
လိုက္ကာစၾကားမွာ တိုးထြက္ေနေသာ ေနေရာင္စူးစူးက ေဆာင္းဦးမ်က္ႏွာေပၚက်ေရာက္ေနေသာေၾကာင့္ အလိုမက်စြာႏွင့္ပင္ သူ႔ကိုယ္ေလးကိုတိုး၍ဖက္ထားမိသည္။ၿပီးမွ ထိုမ်က္ႏွာေလးအားတစ္ဖန္ျပန္၍ စူးစိုက္ၾကည့္မိသည္။
ႏွဖူးေပၚမွာဝဲက်ေနေသာ ဆံစေလးမ်ားကို သပ္တင္လိုက္၍ တစ္ခ်က္နမ္းလိုက္ေတာ့ ၿပဳံးေယာင္သမ္းသြားေသာ မ်က္ႏွာေလး။သူကိုယ္တိုင္လည္း ျပန္အိပ္ခ်င္လာေသာေၾကာင့္ ေဆာင္းဦးကိုတင္းၾကပ္စြာဖက္ရင္း တစ္ဖန္အိပ္ေပ်ာ္သြားျပန္ေတာ့သည္။
ခုနစ္နာရီခြဲ...
ႏႈိးစက္မွျမည္လာေသာ တတီတီအသံေၾကာင့္ ေဆာင္းဦးမ်က္လုံးမ်ားဆတ္ခနဲပြင့္လာသည္။နံရံမွာခ်ိတ္ထားေသာ တိုင္ကပ္နာရီကိုၾကည့္လိုက္ေတာ့ ထသင့္သည့္အခ်ိန္ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ မ်က္လုံးမ်ားကိုပြတ္သပ္လိုက္ရင္း ထဖို႔ျပင္လိုက္သည္။
"ဟင္း မထနဲ႔ဦးေလကြာ"
"မရဘူး ကိုထက္ရဲ႕။ရွစ္နာရီထိုးေတာ့မယ္ေလ။မနက္စာလည္းျပင္ရဦးမွာ"
"အဲ့ဒါဆိုလည္းငါးမိနစ္ပဲေလ ေနာ္။ၿပီးရင္လႊတ္ေပးမယ္။ခဏေလာက္ေနပါဦး"
"အင္းပါ၊အင္းပါ။ၿပီးေရာ"
လႈပ္ရွားမႈေတြကိုရပ္တန္႔လိုက္ၿပီး အိပ္တစ္ဝက္၊ႏိုးတစ္ဝက္ျဖစ္ေနေသာ ထက္ဘုန္းမ်က္ႏွာကိုေမာ့ၾကည့္ေနမိသည္။မ်က္ႏွာကိုလက္ညိဳးႏွင့္ ဖြဖြေလးထိေတြ႕လိုက္ေတာ့ သူ႔လက္ကိုဆုပ္ကိုင္လာသည္မို႔လို႔ သူ႔ႏႈတ္ခမ္းမွာအလိုလိုေနရင္း ၿပဳံးမိသြားသည္။
သူကိုထက္ကိုခ်စ္သည္။သူ႔ကိုကတိတည္ေသာ ကိုထက္ကိုသိပ္ခ်စ္သည္။အၿမဲတမ္းသူတစ္ေယာက္တည္းကိုသာ ၾကည့္ေနေပးတတ္သည့္ကိုထက္က သူ႔အတြက္ေတာ့အရာရာဆိုတာထက္ကိုပိုသည္။သူ႔ဘဝမွာ အေၾကာက္ဆုံးအရာကို ေျပာပါဆိုရင္ေတာ့ ကိုထက္ကိုဆုံးရႈံးရမွာကိုဟု ေျဖမိမည္မွာ အေသအခ်ာပင္ျဖစ္သည္။
သူအေတြးလြန္ေနရင္းႏွင့္ပင္ ငါးမိနစ္ကျပည့္မွန္းမသိျပည့္သြားသည္။အိပ္ေမာက်ေနေသာ ထက္ဘုန္းရင္ခြင္မွ အသာ႐ုန္းထြက္လိုက္သည္။Choco နားကိုေလွ်ာက္သြားလိုက္ကာ အနမ္းတစ္ခ်က္ေပးၿပီးေတာ့မွ မ်က္ႏွာသစ္ရန္ေရခ်ိဳးခန္းထဲကိုဝင္သြားေတာ့သည္။
သူေရခ်ိဳးခန္းမွျပန္ထြက္လာသည္အထိ ထက္ဘုန္းေရာ၊Choco ေရာက မႏိုးၾကေသးေပ။အခန္းထဲမွ ထြက္လာၿပီးေနာက္ မီးဖိုေခ်ာင္ထဲကို ဝင္သြားလိုက္သည္။ေရခဲေသတၱာအေပၚထပ္ကိုဖြင့္လိုက္၍ ခဲထားေသာၾကက္သားတခ်ိဳ႕ႏွင့္ ဝက္သားျပားဘူးကိုထုတ္လိုက္သည္။Choco စားဖို႔အတြက္ ၾကက္သားမ်ားကိုအိုးထဲမွာျပဳတ္လိုက္ၿပီးမွ ထမင္းေပါင္းအိုးကို ဖြင့္ၾကည့္လိုက္သည္။ထမင္းမ်ားက ေအးခ်င္ေနၿပီျဖစ္ေသာေၾကာင့္ ပလပ္ျပန္တပ္ရင္း အပူခဏေပးထားလိုက္သည္။
ထက္ဘုန္းကမနက္စာကို ထမင္းစားေလ့မရွိေသာေၾကာင့္ ထက္ဘုန္းအတြက္ျပင္ဆင္ရျပန္ေသးသည္။ေၾကာင္အိမ္ထဲမွ ေပါင္မုန္႔တစ္ထုပ္ႏွင့္ၾကက္ဥႏွစ္လုံးကိုထုတ္ၿပီး ျပင္ဆင္မလို႔လုပ္ေနတုန္း သူ႔ခါးကိုလာဖက္ကာ လည္ပင္းကိုတရႈံ႕ရႈံ႕လာနမ္းေသာထက္ဘုန္း။တစ္ဖက္ကိုလွည့္လိုက္ေတာ့ သူ႔မ်က္ႏွာကိုေနရာအႏွံ႔လာနမ္းေသာေၾကာင့္ သူ႔မွာမနည္းပင္တြန္းထုတ္ရသည္။
"ကိုထက္၊ကေလးလိုလုပ္မေနနဲ႔။မ်က္ႏွာလည္းမသစ္ရေသးဘဲနဲ႔ကို"
"ဟာ ၿငိဳျငင္တာလား။ကိုယ့္ေကာင္ေလးကိုယ္နမ္းတာကိုေလ"
"မၿငိဳျငင္ပါဘူးဗ်။အလုပ္ေနာက္က်ေနမွာစိုးလို႔ ေျပာတာပါ။ဒီမွာကြၽန္ေတာ္မနက္စာျပင္လိုက္ဦးမယ္ေလ ေနာ္"
"အင္း၊အဲ့ဒါဆိုလည္းဆက္ျပင္။အာ ေနဦး။ကိုယ့္ကိုနမ္းဦး"
ေျပာရင္းႏွင့္ပင္ မ်က္ႏွာနားတိုးကပ္လာေသာေၾကာင့္ သူလည္းမ်က္လုံးကိုမွိတ္ခ်လိုက္ၿပီး ႏူးညံ့ေသာအနမ္းတို႔ကိုခံယူလိုက္သည္။ေႏြးေထြးလြန္းေသာေၾကာင့္ ရပ္တန္႔ပစ္ခ်င္စိတ္ကိုမရွိ။ငါးမိနစ္ေလာက္ၾကာေတာ့မွ ေက်နပ္သည့္ပုံစံႏွင့္ၿပဳံးၿပီး ေရခ်ိဳးခန္းထဲကိုဝင္သြားသည့္ထက္ဘုန္းကိုၾကည့္ၿပီး သူေခါင္းခါလိုက္သည္။အသက္ႀကီးလာတာေတာင္ အခုထိကေလးဆန္ေနတုန္းပါပဲလား။
သူျပင္ဆင္ၿပီးတာနဲ႔ကြက္တိပင္ ထက္ဘုန္းက Choco ကိုခ်ီ၍အခန္းထဲမွထြက္လာသည္။ထက္ဘုန္းကခုံမွာထိုင္ၿပီး မနက္စာစားေနတုန္း သူကေတာ့Chocoကိုခ်ီလိုက္ကာ သူ႔အတြက္အစာခြက္ကို စားပြဲေပၚမွာခ်ေပးလိုက္သည္။သူကိုယ္တိုင္လည္း ထက္ဘုန္းေဘးမွာထိုင္လိုက္ရင္း အတူတူမနက္စာစားျဖစ္ၾကသည္။
"စားေကာင္းရဲ႕လား"
"အင္း၊ကိုယ့္ေကာင္ေလးလုပ္ေကြၽးရင္ စားေကာင္းတယ္"
"ေတာ္ပါ၊အပိုေတြေျပာမေနနဲ႔"
"တကယ္ေျပာတာကို"
"ဪ ေျပာဖို႔ေမ့ေနလို႔။ကြၽန္ေတာ္ဒီေန႔အျပင္သြားစရာရွိတယ္၊သိလား"
"ဟင္ ဘယ္သြားမလို႔လဲ"
"အာ ေနာက္တစ္ပတ္က်ရင္ စာမူအပ္ရမွာေလ။အဲ့ဒါအခုထိေသခ်ာမေရးရေသးဘူး။အိမ္မွာေရးရင္က် ေခါင္းထဲကဘာမွမထြက္လာလို႔။အဲ့ဒါကိုလရိပ္ရဲ႕ဆိုင္သြားရင္ေကာင္းမလားလို႔။သူ႔ဆိုင္မွာစာသြားေရးတိုင္း ေတာ္ေတာ္အဆင္ေျပတယ္ေလ"
"အင္း၊ဟုတ္ၿပီ။သြားေလ၊လိုက္ပို႔ေပးရဦးမလား"
"ရတယ္။ကိုယ့္ဘာသာကိုယ္သြားလိုက္မယ္။အျပန္က်ရင္ေတာ့ လာႀကိဳေပး"
"အိုေက၊အဲ့ဒါဆိုကိုယ့္ကိုဖုန္းဆက္လိုက္ေနာ္"
"အင္း၊ကိုထက္ ျမန္ျမန္စားေတာ့။ကိုးနာရီထိုးဖို႔ (၁၅)မိနစ္ေလာက္ပဲလိုေတာ့တယ္"
ထက္ဘုန္းနာရီကိုၾကည့္လိုက္ေတာ့ အလုပ္သြားရမည့္အခ်ိန္ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ မနက္စာကိုျမန္ျမန္စားရင္းႏွင့္ပင္ အဆုံးသတ္လိုက္ေတာ့သည္။
♤♤♤♤♤♤♤♤♤♤
Unicode
ထမင်းဝိုင်းမှာချထားသော ဟင်းမျိုးစုံကိုကြည့်၍ ဆောင်းဦးမျက်လုံးအဝိုင်းသားနှင့်ဖြစ်နေသည်။သူ့အတွက်အဲ့လောက်တောင် ပြင်ဆင်ပေးထားရလားလို့ တွေးမိပြီးရင်ထဲမှာလည်း ကြည်နူးသွားရသည်။ထက်ဘုန်းတို့သားအမိနှစ်ယောက်မှာတော့ အံ့ဩနေသောဆောင်းဦးကိုကြည့်၍ ပြုံးတုံ့တုံ့နှင့်။ထက်ဘုန်းမေမေကပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးလိုက်မှ အလန့်တကြားနှင့်ကြည့်လာသည်။
"အာ အန်တီ၊သားကိုယ့်ဘာသာကိုယ်ထည့်လိုက်မယ်၊အားနာစရာကြီး"
"ဟော ဒီကလေးနှယ်၊အန်တီလို့မခေါ်ပါနဲ့ သားလေးရဲ့။သူစိမ်းတွေမှမဟုတ်တာ။ထက်ဘုန်းခေါ်သလို မေမေလို့ခေါ်လို့ရတယ်။မေကြီးလို့လည်းခေါ်လို့ရတယ်"
"ဟုတ် အဲ့ဒါဆိုမေကြီးလို့ခေါ်မယ်နော်။ဟင်းတွေအများကြီး ပြင်ထားပေးလို့ အားတောင်နာတယ်။အဲ့လောက်ပြင်ပေးဖို့ မလိုတာကို"
"ဘာအားနာစရာလိုလဲ သားရယ်။သားလေးရဲ့ကောင်လေးဆိုတော့ အန်တီ့ရဲ့သားပဲပေါ့။နောက်ဆိုအိမ်ခဏခဏလာခဲ့။အများကြီးထပ်ချက်ကျွေးဦးမှာ"
"ဟုတ်၊ကျေးဇူးတင်ပါတယ်ဗျ"
"ရပါတယ်ကွယ်။ဟဲ့ ထက်ဘုန်း၊ထည့်စားလေ သားရဲ့"
"မေမေကကိုယ့်သားကိုယ်ကျတော့ ဟင်းလည်းမထည့်ပေးဘူး။ဆောင်းဦးကိုပဲထည့်ပေးတယ်။သားကိုကျ တစ်ယောက်တည်းချန်ထားကြတယ်"
ဆူပုတ်ပုတ်နှင့်ပြောလာသောသူ့ကိုကြည့်ပြီး ဆောင်းဦးပါးစပ်ကိုလက်နှင့်အုပ်၍ ရယ်လိုက်မိသည်။ဒေါ်ရွက်လွှာကတော့ သူ့သားလက်မောင်းကို တစ်ချက်ရိုက်လိုက်သည်။
"ငါ့သားတစ်ယောက်နဲ့လည်း ပေါတောတောတွေမလုပ်နဲ့စမ်း။ကိုယ့်ဘာသာကိုယ်ထည့်စရာရှိတာထည့်စား"
"အင်းပါ၊အင်းပါ။သားအရင်းကိုကျတော့ ဆောင်းဦးလောက်တောင် မေတ္တာမရှိဘူးနော်။မေမေ့ကိုစိတ်ဆိုးမယ်"
"အမလေး စိတ်ဆိုးမယ်သာပြောတာ၊စားတာတော့မပြတ်ပါလား"
"အဲ့ဒါကဘာမှမဆိုင်ဘူးလေ။စားတာကစားတာ၊စိတ်ဆိုးတာက စိတ်ဆိုးတာပဲ"
"ကိုထက်ကလည်း ကိုယ့်အမေကိုအဲ့လိုမပြောရဘူးလေ"
"ထားလိုက်။အဲ့ကလေးကအဲ့လိုပဲ တစ်ခါတလေ ထထဖောက်တတ်တာ။ပြီးရင်မေ့ကိုပြန်လာချွဲတာ။ဘာမှမဟုတ်ဘူး"
"သားအရှေ့မှာ သားအကြောင်းအတင်းတုတ်နေတာတော့ မကောင်းပါဘူးနော်"
"မပြောတော့ပါဘူးဟယ်။ကဲ ကောင်းကောင်းစားကြ၊ဟုတ်ပြီလား။မေမေ မင်းအဖေကိုထမင်းချိုင့်သွားပို့ပေးလိုက်ဦးမယ်။ဒီအချိန်ဆို ဗိုက်ဆာနေလောက်ပြီ။ဆောင်းဦး၊သားလေးများများစားနော်"
"ဟုတ် မေကြီး"
"အေးအေး"
စားပွဲပေါ်မှာတင်ထားသော ငါးဆင့်ချိုင့်ကိုယူပြီးထွက်သွားသော ထက်ဘုန်းအမေကို ဆောင်းဦးပြုံး၍ကြည့်နေမိသည်။ထို့နောက် ထက်ဘုန်းဘက်ကိုလှည့်ကြည့်လိုက်တော့ မျက်နှာဆူပုတ်ပုတ်နှင့် ထမင်းကိုလည်းပါးစပ်ထဲငုံထားသေးသည်။
"ကိုထက်ရယ်၊ဘယ်လိုဖြစ်လို့ ထမင်းကိုငုံထားရတာလဲ။မြိုချလေ"
"မင်းမှကိုယ့်ကိုဂရုမစိုက်တာ။ရောက်ကတည်းကမေမေနဲ့ပဲ စကားပြောနေတယ်။ကိုယ့်ကိုကျတော့ တစ်ယောက်မှအဖတ်မလုပ်ကြဘူး"
"မဟုတ်မှလွဲရော တစ်ယောက်တည်းသဝန်တွေတိုနေတာလား"
"ဟုတ်တယ်၊ဘာဖြစ်လဲ"
"ဟားဟား အဲ့ဒါကိုထက်အမေဆိုတာ သတိရပါဦး။ဘယ်လိုဖြစ်လို့ လူတိုင်းနဲ့လိုက်သဝန်တိုနေရတာလဲ"
"မသိဘူးကွာ။ကိုယ့်ထက်ပိုပြီး ဘယ်သူမှကိုအလေးမပေးနဲ့။ကိုယ့်ကိုပဲဂရုစိုက်ပေး"
"ဟုတ်ပါပြီ၊ကျွန်တော့်ရဲ့ကလေးကြီးရာ"
ကိုထက်ကတစ်ခါတစ်ခါ သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်လို့မထင်ဘူးလား။ကြည့်နေရင်း အူယားလာသောကြောင့် ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်၍ ထိန်းထားရသည်။
နေ့လယ်စာစားပြီးသည့်နောက်တွင် ထက်ဘုန်းကဆောင်းဦးကိုအိမ်ပြန်လိုက်ပို့ပေးသည်။အိမ်အပြန်လမ်းတွင် မီးပွိုင့်မိနေသောကြောင့် ကားကိုခေတ္တမျှရပ်ထားကာ ဆောင်းဦးဘက်ကိုလှည့်လိုက်သည်။
"ဆောင်းဦး"
"ဗျာ"
"ကိုယ်နဲ့အတူဘယ်တော့မှလာနေမှာလဲ"
"ဟင်၊ဘာကိုလဲ"
"ဟာ မေ့သွားပြီလား။ကျောင်းပြီးသွားရင် ကိုယ်နဲ့အတူတူလာနေမယ်လို့ ကတိပေးထားတာလေ။မမှတ်မိတော့ဘူးလားကွာ"
"မှတ်မိပါတယ်ဗျ။အဲ့ကိစ္စကခဏနေပါဦး။ကျွန်တော်မေကြီးတို့နဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်လေ နော်။မေကြီးတို့ကခွင့်ပြုမှာပါ"
"သိပါတယ်၊ကိုယ်ကမှတ်မိသေးလားလို့မေးကြည့်တာ။စောင့်တာကစောင့်လို့ရပါတယ်"
"ဟီးဟီး၊အဲ့ဒါကြောင့် ကိုထက်ကိုအများကြီးချစ်တာ"
တစ်ဆက်တည်းပင် ထက်ဘုန်းပါးကိုဖျတ်ခနဲလာနမ်းတော့ ထက်ဘုန်းမျက်နှာကချက်ချင်းပင် အပြုံးပန်းတွေဝေဆာသွားတော့သည်။ဘာမှမဖြစ်ပါဘူးလေ၊ဒီအထိ ရောက်လာပြီးမှတော့ ခဏလောက်ထပ်စောင့်ရလည်း ဘာမှမဖြစ်ဘူးမလား။
အရေးကြီးတာက သူနဲ့ဆောင်းဦးအတူတူနေရဖို့ပင်။မနက်နိုးလာချိန်နှင့် ညအိပ်ခါနီးအချိန်မှာ ဆောင်းဦးမျက်နှာလေးကိုကြည့်ရင်း အချိန်တွေကုန်ဆုံးချင်တာ သူ့ရဲ့တစ်ခုတည်းသောဆန္ဒ...။
♤♤♤♤♤♤♤♤♤♤
နှစ်နှစ်ခန့်ကြာပြီးနောက်...
မျက်နှာကိုပွတ်သပ်လာသော ခပ်စိုစိုအရာတစ်ခုကြောင့် ထက်ဘုန်းမျက်မှောင်ကြုံ့ရင်းနှင့်ပင် မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်သည်။Chocoကသူ့ပေါ်မှာ အခန့်သားထိုင်ရင်း လျှာတစ်လစ်နှင့်ကြည့်နေသောကြောင့် သူ့ကိုချီလိုက်ကာ ကုတင်ပေါ်မှချလိုက်သည်။
"သွား၊ကိုယ့်ဘာသာကိုယ်သွားအိပ်နေ။ငါတို့ကိုလာအနှောင့်အယှက်မပေးနဲ့"
'ဝုတ်၊ဝုတ်'
"တိုးတိုးနေပါဆိုနေမှကွာ"
"အင့် ကိုထက်"
ရင်ခွင်ထဲမှ အသံတိုးတိုးလေးကိုကြားလိုက်ရသောကြောင့် ချက်ချင်းပင်တစ်ဖက်ကိုပြန်လှည့်ကာ ကျောကိုဖွဖွလေးပုတ်ပေးနေလိုက်သည်။
"ကျွတ် ကျွတ် အိပ်တော့နော်။ဘာမှမဟုတ်ဘူး"
"အင်း ဘယ်အချိန်ရှိပြီလဲဟင်။ကိုထက် ဒီနေ့အလုပ်သွားရမှာမလား"
"စောသေးတယ်။ခြောက်နာရီလောက်ပဲရှိသေးမယ်ထင်တယ်။ကိုယ်ကကိုးနာရီလောက်မှ သွားရမှာ။အိပ်ရေးဝဝအိပ်လိုက်ဦးနော်"
"အင်း"
ရင်ခွင်ထဲကိုပြန်တိုးဝင်ကာ စိတ်ချလက်ချပြန်အိပ်ပျော်သွားသောကောင်လေးကို သူမြတ်နိုးစွာကြည့်နေမိသည်။ဘာလိုလိုနဲ့ဆောင်းဦးနဲ့သူအတူရှိလာတာ သုံးနှစ်နီးပါးတောင်ရှိလာပြီလေ။အချိန်တွေကကုန်တာ သိပ်ကိုမြန်လွန်းတယ်၊သူ့မှာအခုထိ ဒီကောင်လေးချစ်လို့တောင်မဝသေး။
လိုက်ကာစကြားမှာ တိုးထွက်နေသော နေရောင်စူးစူးက ဆောင်းဦးမျက်နှာပေါ်ကျရောက်နေသောကြောင့် အလိုမကျစွာနှင့်ပင် သူ့ကိုယ်လေးကိုတိုး၍ဖက်ထားမိသည်။ပြီးမှ ထိုမျက်နှာလေးအားတစ်ဖန်ပြန်၍ စူးစိုက်ကြည့်မိသည်။
နှဖူးပေါ်မှာဝဲကျနေသော ဆံစလေးများကို သပ်တင်လိုက်၍ တစ်ချက်နမ်းလိုက်တော့ ပြုံးယောင်သမ်းသွားသော မျက်နှာလေး။သူကိုယ်တိုင်လည်း ပြန်အိပ်ချင်လာသောကြောင့် ဆောင်းဦးကိုတင်းကြပ်စွာဖက်ရင်း တစ်ဖန်အိပ်ပျော်သွားပြန်တော့သည်။
ခုနစ်နာရီခွဲ...
နှိုးစက်မှမြည်လာသော တတီတီအသံကြောင့် ဆောင်းဦးမျက်လုံးများဆတ်ခနဲပွင့်လာသည်။နံရံမှာချိတ်ထားသော တိုင်ကပ်နာရီကိုကြည့်လိုက်တော့ ထသင့်သည့်အချိန်ရောက်နေပြီဖြစ်သောကြောင့် မျက်လုံးများကိုပွတ်သပ်လိုက်ရင်း ထဖို့ပြင်လိုက်သည်။
"ဟင်း မထနဲ့ဦးလေကွာ"
"မရဘူး ကိုထက်ရဲ့။ရှစ်နာရီထိုးတော့မယ်လေ။မနက်စာလည်းပြင်ရဦးမှာ"
"အဲ့ဒါဆိုလည်းငါးမိနစ်ပဲလေ နော်။ပြီးရင်လွှတ်ပေးမယ်။ခဏလောက်နေပါဦး"
"အင်းပါ၊အင်းပါ။ပြီးရော"
လှုပ်ရှားမှုတွေကိုရပ်တန့်လိုက်ပြီး အိပ်တစ်ဝက်၊နိုးတစ်ဝက်ဖြစ်နေသော ထက်ဘုန်းမျက်နှာကိုမော့ကြည့်နေမိသည်။မျက်နှာကိုလက်ညိုးနှင့် ဖွဖွလေးထိတွေ့လိုက်တော့ သူ့လက်ကိုဆုပ်ကိုင်လာသည်မို့လို့ သူ့နှုတ်ခမ်းမှာအလိုလိုနေရင်း ပြုံးမိသွားသည်။
သူကိုထက်ကိုချစ်သည်။သူ့ကိုကတိတည်သော ကိုထက်ကိုသိပ်ချစ်သည်။အမြဲတမ်းသူတစ်ယောက်တည်းကိုသာ ကြည့်နေပေးတတ်သည့်ကိုထက်က သူ့အတွက်တော့အရာရာဆိုတာထက်ကိုပိုသည်။သူ့ဘဝမှာ အကြောက်ဆုံးအရာကို ပြောပါဆိုရင်တော့ ကိုထက်ကိုဆုံးရှုံးရမှာကိုဟု ဖြေမိမည်မှာ အသေအချာပင်ဖြစ်သည်။
သူအတွေးလွန်နေရင်းနှင့်ပင် ငါးမိနစ်ကပြည့်မှန်းမသိပြည့်သွားသည်။အိပ်မောကျနေသော ထက်ဘုန်းရင်ခွင်မှ အသာရုန်းထွက်လိုက်သည်။Choco နားကိုလျှောက်သွားလိုက်ကာ အနမ်းတစ်ချက်ပေးပြီးတော့မှ မျက်နှာသစ်ရန်ရေချိုးခန်းထဲကိုဝင်သွားတော့သည်။
သူရေချိုးခန်းမှပြန်ထွက်လာသည်အထိ ထက်ဘုန်းရော၊Choco ရောက မနိုးကြသေးပေ။အခန်းထဲမှ ထွက်လာပြီးနောက် မီးဖိုချောင်ထဲကို ဝင်သွားလိုက်သည်။ရေခဲသေတ္တာအပေါ်ထပ်ကိုဖွင့်လိုက်၍ ခဲထားသောကြက်သားတချို့နှင့် ဝက်သားပြားဘူးကိုထုတ်လိုက်သည်။Choco စားဖို့အတွက် ကြက်သားများကိုအိုးထဲမှာပြုတ်လိုက်ပြီးမှ ထမင်းပေါင်းအိုးကို ဖွင့်ကြည့်လိုက်သည်။ထမင်းများက အေးချင်နေပြီဖြစ်သောကြောင့် ပလပ်ပြန်တပ်ရင်း အပူခဏပေးထားလိုက်သည်။
ထက်ဘုန်းကမနက်စာကို ထမင်းစားလေ့မရှိသောကြောင့် ထက်ဘုန်းအတွက်ပြင်ဆင်ရပြန်သေးသည်။ကြောင်အိမ်ထဲမှ ပေါင်မုန့်တစ်ထုပ်နှင့်ကြက်ဥနှစ်လုံးကိုထုတ်ပြီး ပြင်ဆင်မလို့လုပ်နေတုန်း သူ့ခါးကိုလာဖက်ကာ လည်ပင်းကိုတရှုံ့ရှုံ့လာနမ်းသောထက်ဘုန်း။တစ်ဖက်ကိုလှည့်လိုက်တော့ သူ့မျက်နှာကိုနေရာအနှံ့လာနမ်းသောကြောင့် သူ့မှာမနည်းပင်တွန်းထုတ်ရသည်။
"ကိုထက်၊ကလေးလိုလုပ်မနေနဲ့။မျက်နှာလည်းမသစ်ရသေးဘဲနဲ့ကို"
"ဟာ ငြိုငြင်တာလား။ကိုယ့်ကောင်လေးကိုယ်နမ်းတာကိုလေ"
"မငြိုငြင်ပါဘူးဗျ။အလုပ်နောက်ကျနေမှာစိုးလို့ ပြောတာပါ။ဒီမှာကျွန်တော်မနက်စာပြင်လိုက်ဦးမယ်လေ နော်"
"အင်း၊အဲ့ဒါဆိုလည်းဆက်ပြင်။အာ နေဦး။ကိုယ့်ကိုနမ်းဦး"
ပြောရင်းနှင့်ပင် မျက်နှာနားတိုးကပ်လာသောကြောင့် သူလည်းမျက်လုံးကိုမှိတ်ချလိုက်ပြီး နူးညံ့သောအနမ်းတို့ကိုခံယူလိုက်သည်။နွေးထွေးလွန်းသောကြောင့် ရပ်တန့်ပစ်ချင်စိတ်ကိုမရှိ။ငါးမိနစ်လောက်ကြာတော့မှ ကျေနပ်သည့်ပုံစံနှင့်ပြုံးပြီး ရေချိုးခန်းထဲကိုဝင်သွားသည့်ထက်ဘုန်းကိုကြည့်ပြီး သူခေါင်းခါလိုက်သည်။အသက်ကြီးလာတာတောင် အခုထိကလေးဆန်နေတုန်းပါပဲလား။
သူပြင်ဆင်ပြီးတာနဲ့ကွက်တိပင် ထက်ဘုန်းက Choco ကိုချီ၍အခန်းထဲမှထွက်လာသည်။ထက်ဘုန်းကခုံမှာထိုင်ပြီး မနက်စာစားနေတုန်း သူကတော့Chocoကိုချီလိုက်ကာ သူ့အတွက်အစာခွက်ကို စားပွဲပေါ်မှာချပေးလိုက်သည်။သူကိုယ်တိုင်လည်း ထက်ဘုန်းဘေးမှာထိုင်လိုက်ရင်း အတူတူမနက်စာစားဖြစ်ကြသည်။
"စားကောင်းရဲ့လား"
"အင်း၊ကိုယ့်ကောင်လေးလုပ်ကျွေးရင် စားကောင်းတယ်"
"တော်ပါ၊အပိုတွေပြောမနေနဲ့"
"တကယ်ပြောတာကို"
"ဪ ပြောဖို့မေ့နေလို့။ကျွန်တော်ဒီနေ့အပြင်သွားစရာရှိတယ်၊သိလား"
"ဟင် ဘယ်သွားမလို့လဲ"
"အာ နောက်တစ်ပတ်ကျရင် စာမူအပ်ရမှာလေ။အဲ့ဒါအခုထိသေချာမရေးရသေးဘူး။အိမ်မှာရေးရင်ကျ ခေါင်းထဲကဘာမှမထွက်လာလို့။အဲ့ဒါကိုလရိပ်ရဲ့ဆိုင်သွားရင်ကောင်းမလားလို့။သူ့ဆိုင်မှာစာသွားရေးတိုင်း တော်တော်အဆင်ပြေတယ်လေ"
"အင်း၊ဟုတ်ပြီ။သွားလေ၊လိုက်ပို့ပေးရဦးမလား"
"ရတယ်။ကိုယ့်ဘာသာကိုယ်သွားလိုက်မယ်။အပြန်ကျရင်တော့ လာကြိုပေး"
"အိုကေ၊အဲ့ဒါဆိုကိုယ့်ကိုဖုန်းဆက်လိုက်နော်"
"အင်း၊ကိုထက် မြန်မြန်စားတော့။ကိုးနာရီထိုးဖို့ (၁၅)မိနစ်လောက်ပဲလိုတော့တယ်"
ထက်ဘုန်းနာရီကိုကြည့်လိုက်တော့ အလုပ်သွားရမည့်အချိန်ရောက်နေပြီဖြစ်သောကြောင့် မနက်စာကိုမြန်မြန်စားရင်းနှင့်ပင် အဆုံးသတ်လိုက်တော့သည်။
♤♤♤♤♤♤♤♤♤♤