Be Happy √ Completed √

By Zante7

101K 9.8K 716

ချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တယ် စိတ်ချမ်းသာစေချင်တယ် အဆင်ပြေစေချင်တာဟာ....... သိမ်မွေ့တဲ့အဖြူရောင်အတ္တလေး... More

ep 1 ⛄
ep 2 ⛄
ep 3 ⛄
ep 4 ⛄
ep 5 ⛄
ep 6 ⛄
ep 7 ⛄
hello
ep 8 ⛄
ep 9⛄
ep 10⛄
ep 11⛄
ep 12⛄
ep 13⛄
ep 14⛄
ep 15⛄
ep 16⛄
ep 18
ep 19
ep 20
Final

ep 17

3.8K 402 7
By Zante7

#Unicode
ယူမီ ထယ်ယောင်းနဲ့ချိန်းပြီးတာနဲ့ ပြောဖို့စကားများကိုတွေးပြီးအိပ်မပျော်နိုင်ခဲ့။မကြာမီဖြစ်ပျက်သွားမယ့်ကိစ္စထဲမှာ သူမရဲ့အတ္တတွေပါဝင်နိုင်ပြီး အေးချမ်းမှု့ပျော်ရွှင်မှု့တွေကတော့ ကျန်ခဲ့နိုင်တယ်ဆိုတာသိသည်။သိနေရဲ့သားနဲ့ရှေ့ဆက်တိုးနေမိတဲ့ကိုယ့်ကိုကိုယ်လည်းအံ့ဩလို့မဆုံး။နောင်တဆိုတာနောင်မှရတယ်ဆိုပေမယ့် အခုတော့ရေးတေးတေးမြင်လို့နေခဲ့ပြီလား.....။မနက်ရောက်တော့ထယ်ယောင်းနဲ့ချိန်းထားတဲ့နေရာကိုလာခဲ့လိုက်သည်။

"ထိုင်ပါအမ ကျွန်တော်အမကြိုက်တဲ့ကော်ဖီဝယ်ထားပေးတာတော့ သုံးဆောင်ပါ"

"ထယ်လေးရေ အခုကိစ္စကိုဖယ်လိုက်ရင် မင်းကချစ်စရာကောင်းတဲ့မမမောင်လေးပါပဲ"

နှစ်ယောက်စလုံးမသက်မသာပြုံးပြနေရတာအဆင်မပြေခဲ့။ယူမီကစကားစတော့သည်။

"ထယ်ယောင်း သိတယ်မလား ဂျောင်ဂုနဲ့အမက မကြာခင်စေ့စပ်တော့မှာ အသိုင်းအဝိုင်းအကုန်လုံးကလည်းသိပြီးပြီ အခုဂျောင်ဂုက အမကိုလက်ထပ်ဖို့စိတ်ကူးမရှိတော့ဘူးဆိုပါတော့ ထယ်ကပဲဂျောင်ဂုကို အကောင်းဆုံးကဘာဆိုတာပြောပြပေးမလား"

ထယ်ယောင်းပြန်ပြောဖို့စကားစကိုရှာမတွေ့ခဲ့။အခုလိုမိန်းကလေးတစ်ယောက်ကမျက်ရည်ကျပြီး လာပြောနေတာကိုကသူ့အတွက်တော့ လောကမှာအမှားဆုံးလူသားအဖြစ်ခံယူပြီးလျှက်။

"ထယ်ရဲ့အသိုင်းအဝိုင်းကလည်းလက်ခံမယ်ထင်နေလား အမအရှက်ရသလိုသူတို့လည်းဖြစ်လိမ့်မယ်"

"ကျွန်တော် ထည့်စဉ်းစားတာက အမသိက္ခာနဲ့ ကိုကို့ရဲ့ပျော်ရွှင်မှု့ပဲ ကျွန်တော့်မိဘအသိုင်းအဝိုင်းလား ထည့်ကိုမစဉ်းစားဘူး ကျွန်တော်ကဘာမဟုတ်တာမှလုပ်မထားဘူးလေ တစ်ခုတော့ရှိတာပေါ့ ခုနက အမပြောသလို အမအရှက်ကွဲမှ ကျွန်တော်လည်းမကောင်းတဲ့သူဖြစ်မှာ"

ယူမီကိုပြန်ပြောလာသောထယ်ယောင်းစကားများကတည်ငြိမ်စွာ။ယူမီရဲ့ရှေ့မှာအေးဆေးစွာထိုင်ပြီးပြောနေတော့တာ။

"အဲ့လိုဆို မင်းကနောက်မဆုတ်ပေးနိုင်ဘူးလား ငါရော ဂျောင်ဂုအိမ်ကမိဘတွေရော အရှက်ရမှာကိုနင်ကပျော်နေနိုင်ရင်တော့လုပ်ပေါ့"

တကယ်ကထယ်ယောင်းပြောတဲ့အဓိပ္ပါယ်ကအဲ့လိုမဟုတ်မှန်းသိပေမယ့်
ယူမီကဘာကိုဒေါသထွက်နေမှန်းသူမကိုယ်တိုင်မသိခဲ့။

"အာ...အမ ကျွန်တော်ကနောက်မဆုတ်ပေးတာမဟုတ်ပါဘူး ရှေ့ကိုမတိုးတာလေ အမအရှက်ရဖို့လည်းမတွေးထားပါဘူး လူတိုင်းကျွန်တော့်ကြောင့်စိတ်မညစ်စေရဘူး ကျွန်တော်ကလိပ်ပြာသန့်သန့်နဲ့ပဲ နောင်တမရဘဲအသက်ရှင်သွားချင်တာ"

ထယ်ယောင်းအမယူမီကိုနားလည်စေချင်ပါသည်။အခုအမယူမီကပြောနေရင်းဒေါသထွက်နေခဲ့သည်မဟုတ်လား။အေးဆေးနေတက်တဲ့မိန်းကလေးတစ်ယောက်က ဒေါသထွက်တာဟာ ကိုကို့ကိုချစ်လို့ဆိုတာသိရတော့ပြုံးမိသွားသည်။အမယူမီနဲ့နေရမယ်ဆိုရင်တောင် ကိုကိုကအဆင်ပြေမှာဖြစ်သောကြောင့်ပင်။လူတိုင်းကကိုယ်ချစ်ရတဲ့သူတွေဆိုရင် အလျှော့ပေးကာချစ်ပေးမြဲမဟုတ်လား။ကျွန်တော့်ချစ်သူကို ကျွန်တော့်ထက်မလျော့တဲ့ချစ်ခြင်းတွေနဲ့ချစ်ပေးတဲ့သူရှိနေတာကိုကကံကောင်းခြင်းတစ်မျိုးပဲလေ။မနာလိုဖြစ်ရမယ့်အစား
ဂုဏ်ယူသင့်တဲ့အရာပဲလေ။

"ကျွန်တော်ငယ်ငယ်က ကိုကိုနဲ့အဖွားပြသနာဖြစ်တော့ ကျွန်တော့်ကြောင့်
ကိုကို့မိသားစုဒုက္ခရောက်ရတယ် ကိုကိုနဲ့ပြန်တွေ့ဖို့အခန်းအပြင်ထွက်ပြီး ညတိုင်းဝရန်တာမှာ ကြယ်ကြွေတာကို ညဉ့်နက်တဲ့အထိထိုင်စောင့်ခဲ့ဖူးတယ်"

ယူမီတိတ်တဆိတ်နားထောင်ပေးမိသည်။အခုထယ်ယောင်းပြောပြနေတာကအတိတ်ကအချိန်ကိုရင်းနှီးတဲ့သူတစ်ယောက်ကို ရင်ဖွင့်နေသလိုပေါ့။အခုပြုံးနေပေမယ့် ကလေးဘဝကအချိန်တွေကိုဝမ်းနည်းပန်းနည်းဖြစ်နေသေးတယ်ထင်ရသည်။

"ညတိုင်းကြယ်ကြွေမှဆုတောင်းဖို့ကနောက်မှ..... ကြယ်ကြွေလာပေးဖို့ကိုအရင်ဆုတောင်းနေမိတာ.... ညတွေသာကုန်သွားတယ်ကြယ်ကြွေတာမတွေ့ရဘူး တစ်ညကြထိုင်စောင့်ရင်းစဉ်းစားမိသွားတယ် ကျွန်တော်တောင်ကိုယ်ချစ်ရတဲ့သူကိုမတွေ့ရလို့ဝမ်းနည်းနေမိတာ အကောင်းတိုင်းတောက်ပနေတဲ့ကောင်းကင်ကကြယ်ကိုကြွေပေးဖို့ဆုတောင်းနေတာကမတရားဘူးလေ
ကြယ်လေးတွေမှာလဲ သူချစ်ရတဲ့ သူ့ကိုချစ်ကြတဲ့တခြားကြယ်လေးတွေရှိမှာပေါ့ ကြွေကြလာရင် သူတို့ဝမ်းနည်းနေကြလိမ့်မယ်ပူဆွေးကြလိမ့်မယ် အဲ့ဒီအရာကိုမတွေးမိ မခံစားရသေးတော့ ကြယ်ကြွေလာရင်ကိုကိုနဲ့ဆုံဖို့ဆုတောင်းမယ်ပေါ့.....
ခံစားနားလည်သွားတဲ့အချိန်မှာ ကျွန်တော်ညဘက်ကြယ်ကြွေတာကိုစောင့်ကြည့်တာရပ်လိုက်တော့တယ်"

ပြောနေတဲ့စကားခဏရပ်ပြီး ယူမီကိုတည့်တည့်ကြည့်လားပြီးစကားပြန်စလိုက်တဲ့ထယ်ယောင်းရဲ့ပုံစံက အရာအားလုံးကိုပိုင်ဆိုင်နေသလိုအားအင်အပြည့်။

"ကျွန်တော် ဘာလို့ရပ်လိုက်တာလည်းဆိုတော့ အဲ့လိုဝမ်းနည်းမှု့တွေဖြစ်လာပြီးမှ ဆုတောင်းပြည့်ပြီး ကိုကိုနဲ့ပြန်မဆုံချင်ခဲ့လို့ ကံကြမ္မာအရဆုံမှာပါလို့တွေးပြီးရင်းတွေးခဲ့တာ ကြယ်ကအလိုအလျောက်ကြွေလာရင်တစ်မျိုးလေ ကျွန်တော့်ရဲ့အတ္တပါတဲ့ဆုတောင်းသံကြောင့်ကြွေလာတာမျိုးမဖြစ်စေချင်တော့လို့ အဲ့လိုကြောင့်သာပြန်ဆုံခဲ့ရင်မတရားဘူးလေ ကျွန်တော်ကတော့ပျော်နေရပြီး ကြွေသွားတဲ့ကြယ်လေးအတွက်ကဝမ်းနည်းစရာကောင်းနေတယ်မလား အမကိုဆိုပိုတောင်ဆိုးသေးပါတယ် ကျွန်တော်ပဲပျော်နေပြီးအားလုံးစိတ်ဒုက္ခရောက်မယ့်အဖြစ်မျိုးမလုပ်ဘူး စိတ်ချအမ"

"အင်း ထယ်လေးစကားကိုအမယုံတယ် အမကအခုစေ့စပ်တော့မှာ ဘယ်လိုပဲဖြစ်ဖြစ်အမက လက်ထပ်မှာ လက်ထပ်ပြီးရင် ထယ်နဲ့ဂျောင်ဂုကဘယ်တော့မှအမနောက်ကွယ်မှာမတွေ့ဖြစ်အောင်နေပေးပါ"

ယူမီကတိထပ်တောင်းလိုက်သည်။ဒီပုံစံအတိုင်းသာဆိုရင်ထယ်ယောင်းကလက်မခံတော့ဘူး ဂျောင်ဂုကို။
ဒါပေမယ့်ကြယ်ကြွေဆုတောင်းစကားလေးကတော့ ယူမီရင်ထဲမှာနေရာဝင်ယူနေတော့တာ။အတ္တပါတဲ့အသံကြောင့်ကြွေသွားတဲ့ကြယ်လေးနဲ့ သူ့ချစ်တဲ့ကြယ်လေးတွေကဝမ်းနည်းနေရပြီး အဲ့ကြယ်လေးကြောင့်ဆုတောင်းပြည့်တဲ့သူကပျော်နေရင်မတရားဘူးတဲ့လား။ပြန်တွေးရင်းဘုရားသခင်ကိုတမိသွားသည်။အခုသူမက အတ္တပါတဲ့တောင်းဆုကိုပြုနေတဲ့သူလား........။

"စိတ်ချပါအမယူမီ ကျွန်တော်ကစာရိတ္တကောင်းတဲ့သူပါ ဒါပေမယ့်အမကလက်ထပ်လိုက်ရင်ပျော်ရွှင်ရမှာလား CEOဂျွန်ကရော တကယ်ပျော်ရွှင်ရမှာလား အမချစ်တဲ့သူကအနားမှာနေပြီးပျော်ရွှင်နေမှ အမလည်းစိတ်ချမ်းသာရမှာမဟုတ်လား မဟုတ်ရင်တကယ့်ပြသနာကအဲ့အချိန်မှစခဲ့ရင် နောင်တတွေနဲ့အရှုံးတွေသာအကုန်ရင်ဆိုင်နေရမှာကို ကျွန်တော်ကမဖြစ်စေချင်လို့ပါ အခုဆုံးဖြတ်ရမှာကအမအလှည့်ပါ ကျွန်တော်ကအမ အကောင်းဆုံးဖြစ်ဖို့ဆုတောင်းပေးပါတယ်"

ယူမီထိန်းမနိုင်စွာမပီမပြင်အပြုံးနဲ့သာထယ်ယောင်းကိုနှုတ်ဆက်ပြီးပြန်ထွက်လာခဲ့လိုက်သည်။

ထယ်ယောင်းကတော့ပြောသင့်ပြောထိုက်တာနဲ့ဆုံးဖြတ်ဖို့တွေပါယူမီကိုပြောပြလိုက်သည်။ကျွန်တော်အကောင်းဆုံးလုပ်ခဲ့ပါတယ်။ကျွန်တော်ပြောခဲ့တဲ့စကားတစ်ခွန်းတိုင်းမှာအမှန်တရားတွေကိန်းအောင်းနေခဲ့တယ်။ပြောမိလိုက်တဲ့စကားလုံးတွေထဲမှာကျွန်တော့်ဘဝနဲ့ ကိုကို့အနာဂတ်ကိုလောင်းကြေးထပ်ထားတယ်။ကံကြမ္မာကဆုံစေချင်ရင် ကျွန်တော်တို့ဆုံရပါလိမ့်မယ်။
မေတ္တာနဲ့သာဆုံးဖြတ်ချက်ချပါတယ်။

"ဂျောင်ဂု ကျွန်မတို့မနက်ဖြန်တွေ့ကြရအောင် ပြောစရာရှိတယ်"

ဂျောင်ဂုအလုပ်လုပ်နေရင်းမှ ဖုန်းထဲသို့ဝင်လာသောစာလေးကိုကြည့်လိုက်မိတယ်။ယူမီက ဂျောင်ဂုကိုစေ့စပ်ဖို့ကတိပြုခဲ့ကြပြီးတည်းက ကိုဟုခေါ်ခဲ့တာ။အခုကအရင်သူငယ်ချင်းတုန်းကလိုဂျောင်ဂုလို့ခေါ်ခဲ့ပြီ။

"ဂျောင်ဂု ငါတို့ဆိုင်ခွဲဖွင့်ဖို့ကမ်းလှမ်းထားတဲ့နေရာလေ ဒီနေ့အဆင်ပြေရင်သွားကြည့်ကြမလား"

ဂျောင်ဂုအတွေးထဲကရုန်းထွက်ပြီးကြည့်မိတော့ ဂျင်ဂူးကသူ့ရှေ့မှာရပ်နေကာ စာရွက်တစ်ချို့ကိုလည်းချပေးနေသည်။အခုတလောအလုပ်နဲ့ကိုယ်ရေးကိုယ်တာကို မခွဲခြားဘဲအလုပ်တွေကိုပစ်ထားမိသလိုဖြစ်နေတော့တာ။သူငယ်ချင်းကအကုန်လုံးကိုကြည့်ပြီးလုပ်ပေးနေသောကြောင့်သာ ဘာမှမသိလိုက်ဘဲကုမ္ပဏီကလည်ပတ်နေခြင်းသာ။

"အေး သွားကြည့်ကြမယ်လေ မင်းကိုငါကျေးဇူးတင်ပါတယ် အစစအရာရာ ဂရုစိုက်ပေးပြီးငါ့ဘက်ကအမြဲရှိနေပေးလို့"

"အေး မင်းအဲ့ကျေးဇူးတွေတစ်သက်လုံးဆပ်တောင်မကြေဘူးသိလား
ထယ်ယောင်းမင်းနားမှာရှိတယ်ဆိုပြီး
ငါ့ကိုပစ်ထားလို့မရဘူးမှတ်"

အင်း....အခုမှဂျင်ဂူးက ဂျောင်ဂုအပေါ်အမြင်ကြည်လာခြင်း။ထယ်ယောင်းနာမည်နဲ့အစပြုကာ သူ့ဘက်ကစနောက်လာခြင်း။ထယ်ယောင်းကိုသဘောကျပေမယ့်လည်း ဂျောင်ဂုဒုက္ခရောက်သွားမှာကိုသူမလိုလားဘူးလို့အတိအလင်းကြေငြာထားတဲ့သူ။

"ထပ်ပြီး....အရာအားလုံးအတွက်ကျေးဇူးပဲ ဂျင်ဂူး"

"အေးပါ ငါ့ကိုလည်းဘာပြောပြော
သည်းခံပေးလို့ကျေးဇူးပဲ ငါကမိန်းမယူမှာ မင်းတို့ကငါမွေးတဲ့ကလေးကိုပဲချစ်ပေးပေါ့ မဟုတ်ဘူးလား"

ပြိုင်တူရယ်မိလိုက်သည်။အခုလိုမရယ်ဖြစ်တာကြာပြီမလား။နေ့လည်စာစားပြီးတာနဲ့ဆိုင်ခန်းကြည့်ဖို့ထွက်လာလိုက်တော့သည်။

"ဟို....အကိုတို့ကြည့်ထားတဲ့ဆိုင်ကို
K&M groupကသူဌေးကတော်ကြီးက
ကြည့်နေလို့ရှင့် အခုပိုင်ရှင်နဲ့အတူရှိနေပါတယ် အကိုတို့လည်းလာလို့ရပါတယ်တဲ့"

ဂျောင်ဂုတို့ရောက်သွားတော့ ဝန်ထမ်းကောင်မလေးက သူ့သူဌေးရှိတဲ့နေရာကိုလိုက်ပို့ရင်းရှင်းပြပေးနေသည်။
ဂျောင်ဂုတို့နှစ်ယောက်လုံးမျက်နှာထားတင်းတင်းနဲ့လိုက်သွားလိုက်သည်။
ဒါသက်သက်ကြောတာဟုတွေးလျှက်။

"အဘွား ကျွန်တော်က ဒီဆိုင်ပဲသဘောကျတာ"

အနားရောက်တော့ကြားလိုက်ရတဲ့အသံလေး။မဟုတ်မှ ထယ်ကလိုက်လာတာလား။တွေ့ရပါပြီ ရှပ်အင်္ကျီအပြာနုရောင်အပျော့လက်ရှည်လေးနဲ့ jeanပြာကလိုက်ဖက်စွာ။ဆံပင်ပျော့အိအိအုပ်အုပ်လေးကသူ့မျက်နှာအလှကိုပံ့ပိုးပေးထားပြန်သည်။လက်ထဲမှာလည်း
စတော်ဘယ်ရီဖျော်ရည်ဘူးကိုကိုင်ထားရင်းဆိုင်ကိုလှည့်ကြည့်နေပြန်တယ်။

"ဂျောင်ဂု ထယ်ယောင်းကဒီဆိုင်ကိုသူလိုချင်တာဆိုရင် မင်းအလျှော့ပေးလိုက်ငါသဘောတူတယ်"

ဂျင်ဂူးကအနားကပ်ပြီးပြောသောအခါ ဂျောင်ဂုလှည့်ကြည့်တော့ ပြုံးပြီးမျက်လုံးတစ်ဖက်ကမှိတ်ပြသေး။
ဒီနေ့ဒီကောင်ဘာဖြစ်နေတာလဲ....။

"မင်းဒါကိုပေးလိုက်လို့ ငါတို့မွဲတော့မသွားပါဘူး အဲ့အစားမင်းကအခုထက်အဆနှစ်ဆယ်လောက်ပြန်ရှာပေး"

"မင်းဒီနေ့ဘာဖြစ်နေတာလဲ"

"ပုံမှန်ပါပဲ"

ပုံမှန်မဟုတ်တာကျိန်းသေနေပြီ။ဆက်မေးနေရင်လည်းမထူးတော့တဲ့အဆုံး
ဆိုင်ခန်းကိစ္စသာအာရုံပို့ထားလိုက်သည်။

"အော်...CEOဂျွန်တို့ပါလား
ဆိုင်ခန်းက ဒီကသူဌေးကလည်းဝယ်ချင်တယ်ပြောလို့လာကြည့်နေကြတာ"

"အဟင်း....ထယ်လေးဒီဆိုင်ခန်းပဲ
ကြိုက်တာလား"

အဖွားမေးသံမှမဆုံးသေး
ကိုကို့အသံကထွက်လာခဲ့တယ်။

"ထယ် ကိုကိုကဒီဆိုင်ခန်းရမှဖြစ်မှာ"

အဖွားနဲ့ကိုကို့ကြားမှာထယ်ယောင်းရောက်နေသည်။ဒီဆိုင်ခန်းကိုဝယ်ပြီး
သူ့ရဲ့အဝတ်အထည်တွေဈေးသက်သက်သာသာလှလှပပနဲ့လူတန်းစားမရွေးဝယ်နိုင်အောင်
ရောင်းချချင်ယုံသက်သက်သာ။
ဒီကုန်တိုက်ကလူအများသဘောကျသောနေရာတစ်ခုဆိုလည်းမမှား။
ဒါပေမယ့် ကိုကိုကလည်းသူ့ဆိုင်ခွဲဖွင့်မယ်ထင်တယ်။

"အာ...ရပါတယ် အဖွားကျွန်တော်တို့
တခြားဆိုင်သွားကြည့်ကြမယ်"

"အဲ့ဒါဆို ဒီဆိုင်ကိုကျွန်တော်ဝယ်ပါမယ် ဆိုင်နာမည်ကိုတော့
ကင်မ်ထယ်ယောင်းနာမည်နဲ့စာချုပ်ပေးပါ"

ဆိုင်ပိုင်ရှင်ကိုကြည့်ပြီး ပြောပြီးနောက်
ထယ်ယောင်းကိုမျက်ခုံးတစ်ဖက်ပင့်ပြပြီးပြုံးပြသည်။အဖွားကိုတော့ခပ်ထေ့ထေ့အပြုံးနဲ့ကြည့်သည်။

"နင်ရူးနေလို့လား ထယ်လေးတခြားဆိုင်သွားမယ်လာ"

ဟင့်အင်း....အဖွားရှုံးပြီ။
ကျွန်တော်ဒီလို့အချိန်ရောက်လာဖို့ကို
ဘယ်လောက်တောင်စောင့်ခဲ့ရလဲ။
အဖွားအတွက်စိတ်မကောင်းပေမယ့်
အတ္တအနည်းငယ်လျှော့ပေးရင်ကျေနပ်ပါပြီ။

"တခြားဆိုင်မလိုက်တော့ဘူးအဖွား
ကျွန်တော်ဒီဆိုင်ယူမှာလေ"

ဂျောင်ဂုကိုဒေါသထွက်ပြီးပြောနေသောအဖွားကိုလျစ်လျူရှု့ပြီးထယ်ယောင်းငြင်းကာအဖွားကိုပြန်ခိုင်းရသည်။
အဖွားကဂျောင်ဂုကိုမကျေမနပ်ကြည့်သွားတာမြင်ရင်းပြုံးလိုက်မိသည်။
အဘယ့်ကြောင့်ဆိုသော်
ကိုကိုကလည်းအဖွားထက်မလျော့သောအကြည့်တွေနဲ့ကြည့်နေသောကြောင့်ပင်။အကိုဂျင်ဂူးကလည်းမိုက်တယ်ဆိုပြီးလက်မထောင်ပြသည်။
ကျွန်တော့်ရဲ့အပျော်တွေစုနေတဲ့နေ့ရက်
တွေကမကြာခင်ရောက်လာတော့
လေမလား။

Be Happy
Zante

အခုလိုချိန်မှာupပေးရတာစိတ်မသက်သာပါဘူး💔
အိုင်က SEတွေမကြိုက်ပါဘူးရှင်
ရှေ့ဘက်တွေမှာစိတ်မချမ်းသာစရာတွေပေးပြီးဝမ်းနည်းစေခဲ့မိလို့sorry😘
အဲ့အစားနောက်ပိုင်းတွေRoပေးမယ်💜
အာ့ကြောင့်ခွင့်လွှတ်ကြပါကုန်😹😘💜

BTS ARMYအနေနဲ့အလှူလှူပေးကြတဲ့အတွက်💜 Be happyလေးနဲ့ဂုဏ်ပြုပါတယ်ရှင် simplicity လေးနဲ့ရောဂုဏ်ပြုပါတယ်💙
အမကသူငယ်ချင်းဆီကwifiလာသုံးရတာမလို့ နဲနဲချင်းရေးထားတာကိုupပေးလိုက်ပါတယ်
ဖတ်လို့အဆင်မပြေဖြစ်သွားပါက
ခွင့်လွှတ်ပေးပါနော်......

#Zawgyi
ယူမီ ထယ္ေယာင္းနဲ႔ခ်ိန္းၿပီးတာနဲ႔ ေျပာဖို႔စကားမ်ားကိုေတြးၿပီးအိပ္မေပ်ာ္ႏိုင္ခဲ့။မၾကာမီျဖစ္ပ်က္သြားမယ့္ကိစၥထဲမွာ သူမရဲ႕အတၱေတြပါဝင္ႏိုင္ၿပီး ေအးခ်မ္းမႈ႕ေပ်ာ္႐ႊင္မႈ႕ေတြကေတာ့ က်န္ခဲ့ႏိုင္တယ္ဆိုတာသိသည္။သိေနရဲ႕သားနဲ႔ေရွ႕ဆက္တိုးေနမိတဲ့ကိုယ့္ကိုကိုယ္လည္းအံ့ဩလို႔မဆုံး။ေနာင္တဆိုတာေနာင္မွရတယ္ဆိုေပမယ့္ အခုေတာ့ေရးေတးေတးျမင္လို႔ေနခဲ့ၿပီလား.....။မနက္ေရာက္ေတာ့ထယ္ေယာင္းနဲ႔ခ်ိန္းထားတဲ့ေနရာကိုလာခဲ့လိုက္သည္။

"ထိုင္ပါအမ ကြၽန္ေတာ္အမႀကိဳက္တဲ့ေကာ္ဖီဝယ္ထားေပးတာေတာ့ သုံးေဆာင္ပါ"

"ထယ္ေလးေရ အခုကိစၥကိုဖယ္လိုက္ရင္ မင္းကခ်စ္စရာေကာင္းတဲ့မမေမာင္ေလးပါပဲ"

ႏွစ္ေယာက္စလုံးမသက္မသာၿပဳံးျပေနရတာအဆင္မေျပခဲ့။ယူမီကစကားစေတာ့သည္။

"ထယ္ေယာင္း သိတယ္မလား ေဂ်ာင္ဂုနဲ႔အမက မၾကာခင္ေစ့စပ္ေတာ့မွာ အသိုင္းအဝိုင္းအကုန္လုံးကလည္းသိၿပီးၿပီ အခုေဂ်ာင္ဂုက အမကိုလက္ထပ္ဖို႔စိတ္ကူးမရွိေတာ့ဘူးဆိုပါေတာ့ ထယ္ကပဲေဂ်ာင္ဂုကို အေကာင္းဆုံးကဘာဆိုတာေျပာျပေပးမလား"

ထယ္ေယာင္းျပန္ေျပာဖို႔စကားစကိုရွာမေတြ႕ခဲ့။အခုလိုမိန္းကေလးတစ္ေယာက္ကမ်က္ရည္က်ၿပီး လာေျပာေနတာကိုကသူ႔အတြက္ေတာ့ ေလာကမွာအမွားဆုံးလူသားအျဖစ္ခံယူၿပီးလွ်က္။

"ထယ္ရဲ႕အသိုင္းအဝိုင္းကလည္းလက္ခံမယ္ထင္ေနလား အမအရွက္ရသလိုသူတို႔လည္းျဖစ္လိမ့္မယ္"

"ကြၽန္ေတာ္ ထည့္စဥ္းစားတာက အမသိကၡာနဲ႔ ကိုကို႔ရဲ႕ေပ်ာ္႐ႊင္မႈ႕ပဲ ကြၽန္ေတာ့္မိဘအသိုင္းအဝိုင္းလား ထည့္ကိုမစဥ္းစားဘူး ကြၽန္ေတာ္ကဘာမဟုတ္တာမွလုပ္မထားဘူးေလ တစ္ခုေတာ့ရွိတာေပါ့ ခုနက အမေျပာသလို အမအရွက္ကြဲမွ ကြၽန္ေတာ္လည္းမေကာင္းတဲ့သူျဖစ္မွာ"

ယူမီကိုျပန္ေျပာလာေသာထယ္ေယာင္းစကားမ်ားကတည္ၿငိမ္စြာ။ယူမီရဲ႕ေရွ႕မွာေအးေဆးစြာထိုင္ၿပီးေျပာေနေတာ့တာ။

"အဲ့လိုဆို မင္းကေနာက္မဆုတ္ေပးႏိုင္ဘူးလား ငါေရာ ေဂ်ာင္ဂုအိမ္ကမိဘေတြေရာ အရွက္ရမွာကိုနင္ကေပ်ာ္ေနႏိုင္ရင္ေတာ့လုပ္ေပါ့"

တကယ္ကထယ္ေယာင္းေျပာတဲ့အဓိပၸါယ္ကအဲ့လိုမဟုတ္မွန္းသိေပမယ့္
ယူမီကဘာကိုေဒါသထြက္ေနမွန္းသူမကိုယ္တိုင္မသိခဲ့။

"အာ...အမ ကြၽန္ေတာ္ကေနာက္မဆုတ္ေပးတာမဟုတ္ပါဘူး ေရွ႕ကိုမတိုးတာေလ အမအရွက္ရဖို႔လည္းမေတြးထားပါဘူး လူတိုင္းကြၽန္ေတာ့္ေၾကာင့္စိတ္မညစ္ေစရဘူး ကြၽန္ေတာ္ကလိပ္ျပာသန႔္သန႔္နဲ႔ပဲ ေနာင္တမရဘဲအသက္ရွင္သြားခ်င္တာ"

ထယ္ေယာင္းအမယူမီကိုနားလည္ေစခ်င္ပါသည္။အခုအမယူမီကေျပာေနရင္းေဒါသထြက္ေနခဲ့သည္မဟုတ္လား။ေအးေဆးေနတက္တဲ့မိန္းကေလးတစ္ေယာက္က ေဒါသထြက္တာဟာ ကိုကို႔ကိုခ်စ္လို႔ဆိုတာသိရေတာ့ၿပဳံးမိသြားသည္။အမယူမီနဲ႔ေနရမယ္ဆိုရင္ေတာင္ ကိုကိုကအဆင္ေျပမွာျဖစ္ေသာေၾကာင့္ပင္။လူတိုင္းကကိုယ္ခ်စ္ရတဲ့သူေတြဆိုရင္ အေလွ်ာ့ေပးကာခ်စ္ေပးၿမဲမဟုတ္လား။ကြၽန္ေတာ့္ခ်စ္သူကို ကြၽန္ေတာ့္ထက္မေလ်ာ့တဲ့ခ်စ္ျခင္းေတြနဲ႔ခ်စ္ေပးတဲ့သူရွိေနတာကိုကကံေကာင္းျခင္းတစ္မ်ိဳးပဲေလ။မနာလိုျဖစ္ရမယ့္အစား
ဂုဏ္ယူသင့္တဲ့အရာပဲေလ။

"ကြၽန္ေတာ္ငယ္ငယ္က ကိုကိုနဲ႔အဖြားျပသနာျဖစ္ေတာ့ ကြၽန္ေတာ့္ေၾကာင့္
ကိုကို႔မိသားစုဒုကၡေရာက္ရတယ္ ကိုကိုနဲ႔ျပန္ေတြ႕ဖို႔အခန္းအျပင္ထြက္ၿပီး ညတိုင္းဝရန္တာမွာ ၾကယ္ေႂကြတာကို ညဥ့္နက္တဲ့အထိထိုင္ေစာင့္ခဲ့ဖူးတယ္"

ယူမီတိတ္တဆိတ္နားေထာင္ေပးမိသည္။အခုထယ္ေယာင္းေျပာျပေနတာကအတိတ္ကအခ်ိန္ကိုရင္းႏွီးတဲ့သူတစ္ေယာက္ကို ရင္ဖြင့္ေနသလိုေပါ့။အခုၿပဳံးေနေပမယ့္ ကေလးဘဝကအခ်ိန္ေတြကိုဝမ္းနည္းပန္းနည္းျဖစ္ေနေသးတယ္ထင္ရသည္။

"ညတိုင္းၾကယ္ေႂကြမွဆုေတာင္းဖို႔ကေနာက္မွ..... ၾကယ္ေႂကြလာေပးဖို႔ကိုအရင္ဆုေတာင္းေနမိတာ.... ညေတြသာကုန္သြားတယ္ၾကယ္ေႂကြတာမေတြ႕ရဘူး တစ္ညၾကထိုင္ေစာင့္ရင္းစဥ္းစားမိသြားတယ္ ကြၽန္ေတာ္ေတာင္ကိုယ္ခ်စ္ရတဲ့သူကိုမေတြ႕ရလို႔ဝမ္းနည္းေနမိတာ အေကာင္းတိုင္းေတာက္ပေနတဲ့ေကာင္းကင္ကၾကယ္ကိုေႂကြေပးဖို႔ဆုေတာင္းေနတာကမတရားဘူးေလ
ၾကယ္ေလးေတြမွာလဲ သူခ်စ္ရတဲ့ သူ႔ကိုခ်စ္ၾကတဲ့တျခားၾကယ္ေလးေတြရွိမွာေပါ့ ေႂကြၾကလာရင္ သူတို႔ဝမ္းနည္းေနၾကလိမ့္မယ္ပူေဆြးၾကလိမ့္မယ္ အဲ့ဒီအရာကိုမေတြးမိ မခံစားရေသးေတာ့ ၾကယ္ေႂကြလာရင္ကိုကိုနဲ႔ဆုံဖို႔ဆုေတာင္းမယ္ေပါ့.....
ခံစားနားလည္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္ညဘက္ၾကယ္ေႂကြတာကိုေစာင့္ၾကည့္တာရပ္လိုက္ေတာ့တယ္"

ေျပာေနတဲ့စကားခဏရပ္ၿပီး ယူမီကိုတည့္တည့္ၾကည့္လားၿပီးစကားျပန္စလိုက္တဲ့ထယ္ေယာင္းရဲ႕ပုံစံက အရာအားလုံးကိုပိုင္ဆိုင္ေနသလိုအားအင္အျပည့္။

"ကြၽန္ေတာ္ ဘာလို႔ရပ္လိုက္တာလည္းဆိုေတာ့ အဲ့လိုဝမ္းနည္းမႈ႕ေတြျဖစ္လာၿပီးမွ ဆုေတာင္းျပည့္ၿပီး ကိုကိုနဲ႔ျပန္မဆုံခ်င္ခဲ့လို႔ ကံၾကမၼာအရဆုံမွာပါလို႔ေတြးၿပီးရင္းေတြးခဲ့တာ ၾကယ္ကအလိုအေလ်ာက္ေႂကြလာရင္တစ္မ်ိဳးေလ ကြၽန္ေတာ့္ရဲ႕အတၱပါတဲ့ဆုေတာင္းသံေၾကာင့္ေႂကြလာတာမ်ိဳးမျဖစ္ေစခ်င္ေတာ့လို႔ အဲ့လိုေၾကာင့္သာျပန္ဆုံခဲ့ရင္မတရားဘူးေလ ကြၽန္ေတာ္ကေတာ့ေပ်ာ္ေနရၿပီး ေႂကြသြားတဲ့ၾကယ္ေလးအတြက္ကဝမ္းနည္းစရာေကာင္းေနတယ္မလား အမကိုဆိုပိုေတာင္ဆိုးေသးပါတယ္ ကြၽန္ေတာ္ပဲေပ်ာ္ေနၿပီးအားလုံးစိတ္ဒုကၡေရာက္မယ့္အျဖစ္မ်ိဳးမလုပ္ဘူး စိတ္ခ်အမ"

"အင္း ထယ္ေလးစကားကိုအမယုံတယ္ အမကအခုေစ့စပ္ေတာ့မွာ ဘယ္လိုပဲျဖစ္ျဖစ္အမက လက္ထပ္မွာ လက္ထပ္ၿပီးရင္ ထယ္နဲ႔ေဂ်ာင္ဂုကဘယ္ေတာ့မွအမေနာက္ကြယ္မွာမေတြ႕ျဖစ္ေအာင္ေနေပးပါ"

ယူမီကတိထပ္ေတာင္းလိုက္သည္။ဒီပုံစံအတိုင္းသာဆိုရင္ထယ္ေယာင္းကလက္မခံေတာ့ဘူး ေဂ်ာင္ဂုကို။
ဒါေပမယ့္ၾကယ္ေႂကြဆုေတာင္းစကားေလးကေတာ့ ယူမီရင္ထဲမွာေနရာဝင္ယူေနေတာ့တာ။အတၱပါတဲ့အသံေၾကာင့္ေႂကြသြားတဲ့ၾကယ္ေလးနဲ႔ သူ႔ခ်စ္တဲ့ၾကယ္ေလးေတြကဝမ္းနည္းေနရၿပီး အဲ့ၾကယ္ေလးေၾကာင့္ဆုေတာင္းျပည့္တဲ့သူကေပ်ာ္ေနရင္မတရားဘူးတဲ့လား။ျပန္ေတြးရင္းဘုရားသခင္ကိုတမိသြားသည္။အခုသူမက အတၱပါတဲ့ေတာင္းဆုကိုျပဳေနတဲ့သူလား........။

"စိတ္ခ်ပါအမယူမီ ကြၽန္ေတာ္ကစာရိတၱေကာင္းတဲ့သူပါ ဒါေပမယ့္အမကလက္ထပ္လိုက္ရင္ေပ်ာ္႐ႊင္ရမွာလား CEOဂြၽန္ကေရာ တကယ္ေပ်ာ္႐ႊင္ရမွာလား အမခ်စ္တဲ့သူကအနားမွာေနၿပီးေပ်ာ္႐ႊင္ေနမွ အမလည္းစိတ္ခ်မ္းသာရမွာမဟုတ္လား မဟုတ္ရင္တကယ့္ျပသနာကအဲ့အခ်ိန္မွစခဲ့ရင္ ေနာင္တေတြနဲ႔အရႈံးေတြသာအကုန္ရင္ဆိုင္ေနရမွာကို ကြၽန္ေတာ္ကမျဖစ္ေစခ်င္လို႔ပါ အခုဆုံးျဖတ္ရမွာကအမအလွည့္ပါ ကြၽန္ေတာ္ကအမ အေကာင္းဆုံးျဖစ္ဖို႔ဆုေတာင္းေပးပါတယ္"

ယူမီထိန္းမႏိုင္စြာမပီမျပင္အၿပဳံးနဲ႔သာထယ္ေယာင္းကိုႏႈတ္ဆက္ၿပီးျပန္ထြက္လာခဲ့လိုက္သည္။

ထယ္ေယာင္းကေတာ့ေျပာသင့္ေျပာထိုက္တာနဲ႔ဆုံးျဖတ္ဖို႔ေတြပါယူမီကိုေျပာျပလိုက္သည္။ကြၽန္ေတာ္အေကာင္းဆုံးလုပ္ခဲ့ပါတယ္။ကြၽန္ေတာ္ေျပာခဲ့တဲ့စကားတစ္ခြန္းတိုင္းမွာအမွန္တရားေတြကိန္းေအာင္းေနခဲ့တယ္။ေျပာမိလိုက္တဲ့စကားလုံးေတြထဲမွာကြၽန္ေတာ့္ဘဝနဲ႔ ကိုကို႔အနာဂတ္ကိုေလာင္းေၾကးထပ္ထားတယ္။ကံၾကမၼာကဆုံေစခ်င္ရင္ ကြၽန္ေတာ္တို႔ဆုံရပါလိမ့္မယ္။
ေမတၱာနဲ႔သာဆုံးျဖတ္ခ်က္ခ်ပါတယ္။

"ေဂ်ာင္ဂု ကြၽန္မတို႔မနက္ျဖန္ေတြ႕ၾကရေအာင္ ေျပာစရာရွိတယ္"

ေဂ်ာင္ဂုအလုပ္လုပ္ေနရင္းမွ ဖုန္းထဲသို႔ဝင္လာေသာစာေလးကိုၾကည့္လိုက္မိတယ္။ယူမီက ေဂ်ာင္ဂုကိုေစ့စပ္ဖို႔ကတိျပဳခဲ့ၾကၿပီးတည္းက ကိုဟုေခၚခဲ့တာ။အခုကအရင္သူငယ္ခ်င္းတုန္းကလိုေဂ်ာင္ဂုလို႔ေခၚခဲ့ၿပီ။

"ေဂ်ာင္ဂု ငါတို႔ဆိုင္ခြဲဖြင့္ဖို႔ကမ္းလွမ္းထားတဲ့ေနရာေလ ဒီေန႔အဆင္ေျပရင္သြားၾကည့္ၾကမလား"

ေဂ်ာင္ဂုအေတြးထဲက႐ုန္းထြက္ၿပီးၾကည့္မိေတာ့ ဂ်င္ဂူးကသူ႔ေရွ႕မွာရပ္ေနကာ စာ႐ြက္တစ္ခ်ိဳ႕ကိုလည္းခ်ေပးေနသည္။အခုတေလာအလုပ္နဲ႔ကိုယ္ေရးကိုယ္တာကို မခြဲျခားဘဲအလုပ္ေတြကိုပစ္ထားမိသလိုျဖစ္ေနေတာ့တာ။သူငယ္ခ်င္းကအကုန္လုံးကိုၾကည့္ၿပီးလုပ္ေပးေနေသာေၾကာင့္သာ ဘာမွမသိလိုက္ဘဲကုမၸဏီကလည္ပတ္ေနျခင္းသာ။

"ေအး သြားၾကည့္ၾကမယ္ေလ မင္းကိုငါေက်းဇူးတင္ပါတယ္ အစစအရာရာ ဂ႐ုစိုက္ေပးၿပီးငါ့ဘက္ကအၿမဲရွိေနေပးလို႔"

"ေအး မင္းအဲ့ေက်းဇူးေတြတစ္သက္လုံးဆပ္ေတာင္မေၾကဘူးသိလား
ထယ္ေယာင္းမင္းနားမွာရွိတယ္ဆိုၿပီး
ငါ့ကိုပစ္ထားလို႔မရဘူးမွတ္"

အင္း....အခုမွဂ်င္ဂူးက ေဂ်ာင္ဂုအေပၚအျမင္ၾကည္လာျခင္း။ထယ္ေယာင္းနာမည္နဲ႔အစျပဳကာ သူ႔ဘက္ကစေနာက္လာျခင္း။ထယ္ေယာင္းကိုသေဘာက်ေပမယ့္လည္း ေဂ်ာင္ဂုဒုကၡေရာက္သြားမွာကိုသူမလိုလားဘူးလို႔အတိအလင္းေၾကျငာထားတဲ့သူ။

"ထပ္ၿပီး....အရာအားလုံးအတြက္ေက်းဇူးပဲ ဂ်င္ဂူး"

"ေအးပါ ငါ့ကိုလည္းဘာေျပာေျပာ
သည္းခံေပးလို႔ေက်းဇူးပဲ ငါကမိန္းမယူမွာ မင္းတို႔ကငါေမြးတဲ့ကေလးကိုပဲခ်စ္ေပးေပါ့ မဟုတ္ဘူးလား"

ၿပိဳင္တူရယ္မိလိုက္သည္။အခုလိုမရယ္ျဖစ္တာၾကာၿပီမလား။ေန႔လည္စာစားၿပီးတာနဲ႔ဆိုင္ခန္းၾကည့္ဖို႔ထြက္လာလိုက္ေတာ့သည္။

"ဟို....အကိုတို႔ၾကည့္ထားတဲ့ဆိုင္ကို
K&M groupကသူေဌးကေတာ္ႀကီးက
ၾကည့္ေနလို႔ရွင့္ အခုပိုင္ရွင္နဲ႔အတူရွိေနပါတယ္ အကိုတို႔လည္းလာလို႔ရပါတယ္တဲ့"

ေဂ်ာင္ဂုတို႔ေရာက္သြားေတာ့ ဝန္ထမ္းေကာင္မေလးက သူ႔သူေဌးရွိတဲ့ေနရာကိုလိုက္ပို႔ရင္းရွင္းျပေပးေနသည္။
ေဂ်ာင္ဂုတို႔ႏွစ္ေယာက္လုံးမ်က္ႏွာထားတင္းတင္းနဲ႔လိုက္သြားလိုက္သည္။
ဒါသက္သက္ေၾကာတာဟုေတြးလွ်က္။

"အဘြား ကြၽန္ေတာ္က ဒီဆိုင္ပဲသေဘာက်တာ"

အနားေရာက္ေတာ့ၾကားလိုက္ရတဲ့အသံေလး။မဟုတ္မွ ထယ္ကလိုက္လာတာလား။ေတြ႕ရပါၿပီ ရွပ္အက်ႌအျပာႏုေရာင္အေပ်ာ့လက္ရွည္ေလးနဲ႔ jeanျပာကလိုက္ဖက္စြာ။ဆံပင္ေပ်ာ့အိအိအုပ္အုပ္ေလးကသူ႔မ်က္ႏွာအလွကိုပံ့ပိုးေပးထားျပန္သည္။လက္ထဲမွာလည္း
စေတာ္ဘယ္ရီေဖ်ာ္ရည္ဘူးကိုကိုင္ထားရင္းဆိုင္ကိုလွည့္ၾကည့္ေနျပန္တယ္။

"ေဂ်ာင္ဂု ထယ္ေယာင္းကဒီဆိုင္ကိုသူလိုခ်င္တာဆိုရင္ မင္းအေလွ်ာ့ေပးလိုက္ငါသေဘာတူတယ္"

ဂ်င္ဂူးကအနားကပ္ၿပီးေျပာေသာအခါ ေဂ်ာင္ဂုလွည့္ၾကည့္ေတာ့ ၿပဳံးၿပီးမ်က္လုံးတစ္ဖက္ကမွိတ္ျပေသး။
ဒီေန႔ဒီေကာင္ဘာျဖစ္ေနတာလဲ....။

"မင္းဒါကိုေပးလိုက္လို႔ ငါတို႔မြဲေတာ့မသြားပါဘူး အဲ့အစားမင္းကအခုထက္အဆႏွစ္ဆယ္ေလာက္ျပန္ရွာေပး"

"မင္းဒီေန႔ဘာျဖစ္ေနတာလဲ"

"ပုံမွန္ပါပဲ"

ပုံမွန္မဟုတ္တာက်ိန္းေသေနၿပီ။ဆက္ေမးေနရင္လည္းမထူးေတာ့တဲ့အဆုံး
ဆိုင္ခန္းကိစၥသာအာ႐ုံပို႔ထားလိုက္သည္။

"ေအာ္...CEOဂြၽန္တို႔ပါလား
ဆိုင္ခန္းက ဒီကသူေဌးကလည္းဝယ္ခ်င္တယ္ေျပာလို႔လာၾကည့္ေနၾကတာ"

"အဟင္း....ထယ္ေလးဒီဆိုင္ခန္းပဲ
ႀကိဳက္တာလား"

အဖြားေမးသံမွမဆုံးေသး
ကိုကို႔အသံကထြက္လာခဲ့တယ္။

"ထယ္ ကိုကိုကဒီဆိုင္ခန္းရမွျဖစ္မွာ"

အဖြားနဲ႔ကိုကို႔ၾကားမွာထယ္ေယာင္းေရာက္ေနသည္။ဒီဆိုင္ခန္းကိုဝယ္ၿပီး
သူ႔ရဲ႕အဝတ္အထည္ေတြေဈးသက္သက္သာသာလွလွပပနဲ႔လူတန္းစားမေ႐ြးဝယ္ႏိုင္ေအာင္
ေရာင္းခ်ခ်င္ယုံသက္သက္သာ။
ဒီကုန္တိုက္ကလူအမ်ားသေဘာက်ေသာေနရာတစ္ခုဆိုလည္းမမွား။
ဒါေပမယ့္ ကိုကိုကလည္းသူ႔ဆိုင္ခြဲဖြင့္မယ္ထင္တယ္။

"အာ...ရပါတယ္ အဖြားကြၽန္ေတာ္တို႔
တျခားဆိုင္သြားၾကည့္ၾကမယ္"

"အဲ့ဒါဆို ဒီဆိုင္ကိုကြၽန္ေတာ္ဝယ္ပါမယ္ ဆိုင္နာမည္ကိုေတာ့
ကင္မ္ထယ္ေယာင္းနာမည္နဲ႔စာခ်ဳပ္ေပးပါ"

ဆိုင္ပိုင္ရွင္ကိုၾကည့္ၿပီး ေျပာၿပီးေနာက္
ထယ္ေယာင္းကိုမ်က္ခုံးတစ္ဖက္ပင့္ျပၿပီးၿပဳံးျပသည္။အဖြားကိုေတာ့ခပ္ေထ့ေထ့အၿပဳံးနဲ႔ၾကည့္သည္။

"နင္႐ူးေနလို႔လား ထယ္ေလးတျခားဆိုင္သြားမယ္လာ"

ဟင့္အင္း....အဖြားရႈံးၿပီ။
ကြၽန္ေတာ္ဒီလို႔အခ်ိန္ေရာက္လာဖို႔ကို
ဘယ္ေလာက္ေတာင္ေစာင့္ခဲ့ရလဲ။
အဖြားအတြက္စိတ္မေကာင္းေပမယ့္
အတၱအနည္းငယ္ေလွ်ာ့ေပးရင္ေက်နပ္ပါၿပီ။

"တျခားဆိုင္မလိုက္ေတာ့ဘူးအဖြား
ကြၽန္ေတာ္ဒီဆိုင္ယူမွာေလ"

ေဂ်ာင္ဂုကိုေဒါသထြက္ၿပီးေျပာေနေသာအဖြားကိုလ်စ္လ်ဴရႈ႕ၿပီးထယ္ေယာင္းျငင္းကာအဖြားကိုျပန္ခိုင္းရသည္။
အဖြားကေဂ်ာင္ဂုကိုမေက်မနပ္ၾကည့္သြားတာျမင္ရင္းၿပဳံးလိုက္မိသည္။
အဘယ့္ေၾကာင့္ဆိုေသာ္
ကိုကိုကလည္းအဖြားထက္မေလ်ာ့ေသာအၾကည့္ေတြနဲ႔ၾကည့္ေနေသာေၾကာင့္ပင္။အကိုဂ်င္ဂူးကလည္းမိုက္တယ္ဆိုၿပီးလက္မေထာင္ျပသည္။
ကြၽန္ေတာ့္ရဲ႕အေပ်ာ္ေတြစုေနတဲ့ေန႔ရက္
ေတြကမၾကာခင္ေရာက္လာေတာ့
ေလမလား။

Be Happy
Zante

အခုလိုခ်ိန္မွာupေပးရတာစိတ္မသက္သာပါဘူး💔
အိုင္က SEေတြမႀကိဳက္ပါဘူးရွင္
ေရွ႕ဘက္ေတြမွာစိတ္မခ်မ္းသာစရာေတြေပးၿပီးဝမ္းနည္းေစခဲ့မိလို႔sorry😘
အဲ့အစားေနာက္ပိုင္းေတြRoေပးမယ္💜
အာ့ေၾကာင့္ခြင့္လႊတ္ၾကပါကုန္😹😘💜

BTS ARMYအေနနဲ႔အလႉလႉေပးၾကတဲ့အတြက္💜 Be happyေလးနဲ႔ဂုဏ္ျပဳပါတယ္ရွင္ simplicity ေလးနဲ႔ေရာဂုဏ္ျပဳပါတယ္💙
အမကသူငယ္ခ်င္းဆီကwifiလာသုံးရတာမလို႔ နဲနဲခ်င္းေရးထားတာကိုupေပးလိုက္ပါတယ္
ဖတ္လို႔အဆင္မေျပျဖစ္သြားပါက
ခြင့္လႊတ္ေပးပါေနာ္......

Continue Reading

You'll Also Like

6M 253K 63
Jungkook is a single CEO father, and Taehyung is a college student looking for work. Jungkook has children who are afraid of other people, but things...
307K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1.2M 63.7K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
90.5M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...