"ကျွန်တော် တောင်းပန်ပါတယ် မစ္စလု။ အကယ်၍ ကျွန်တော့်ညီထျန်ရှုံးက အဝေးထွက်သွားပေးမှ ချီယွမ့်နဲ့ပူးပေါင်းဖို့ အဆင်ပြေမယ် ဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း ဒီပူးပေါင်းမှု ပျက်စီးသွားမှာကို စိုးရွံ့မိပါတယ်။
ချီယွမ့်အုပ်စုက ကုအုပ်စုလောက် အရှိန်အဝါမရှိပေမယ့် ချီယွမ့်ရဲ့ အနာဂတ်က ကျွန်တော့်ညီနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ "
"မင်း ဘာပြောလိုက်တယ်"
"ထျန်ရှုံးက မစ္စတာဝမ်ကို တကယ်ကြိုက်တာပါ။ ဒါက သုံးနှစ်တောင်ရှိခဲ့ပါပြီ။ ထျန်ရှုံးက မစ္စတာဝမ်ကို အစကတည်းက သိခဲ့ပြီး သူ မစ္စတာကုနဲ့ လက်ထပ်ပြီး မပျော်ရွှင်နေဘူးဆိုတာ သိတာတောင် အခြေအနေကိုနားလည်တဲ့ ကျွန်တော့်ညီက ဝင်မပတ်သတ်ခဲ့ပါဘူး။
အဲ့တာကလည်း မစ္စတာဝမ်က မစ္စတာကုကို အရမ်းချစ်တယ်ဆိုတာသိနေလို့ပါ။
မစ္စတာဝမ်သာ ပျော်နေမယ်ဆိုရင် ကျွန်တော့်ညီက လက်လွှတ်ပေးပြီးသားပါ။ "
ထျန်လွမ်ရွှန်းက သူ့လက်ထဲက ဓာတ်ပုံကိုချပြီး ညှိုးငယ်စွာပြောလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ထျန်ရှုံးက စိတ်နဲ့ကိုယ်နဲ့တောင်မကပ်ခဲ့ဘူး။ မစ္စတာဝမ်က သီချင်းတွေကိုနှစ်သက်တဲ့အကြောင်း ပြောပြပြီး သူ စတူဒီယိုတစ်ခု ဖွင့်ခဲ့တယ်။
သူ မစ္စတာဝမ်ကို အရမ်းလွမ်းနေခဲ့တာတောင် မစ္စတာဝမ်ရဲ့ အိမ်ထောင်ရေးကို အခက်အခဲဖြစ်အောင် သူမလုပ်ခဲ့ဘူး။
နောက်ပိုင်း မစ္စတာဝမ်နဲ့ဆုံပြီး မစ္စတာဝမ်ကိုကြည့်ရတာ ပျော်ရွှင်နေတဲ့ပုံမပေါ်ဘူးလို့ သူ ကျွန်တော့်ကို ပြောခဲ့တယ်။
အမြဲတမ်း ပြုံးနေတတ်ပေမယ့် သူ့မျက်နှာမှာ ဘာအပြုံးမှရှိမနေခဲ့ဘူးတဲ့။ ပြီး တော့ သူ မစ္စတာဝမ်ကို ဒီမပျော်ရွှင်မှုတွေကြားကနေ ဆွဲထုတ်ချင်တယ်ဆိုပြီး ပြောခဲ့တယ်။ "
ထျန်လွမ်ရွှန်းက ခေါင်းကိုငုံ့ထားပြီး လုယွင်ရဲ့ အမူအရာပြောင်းလဲနေတာကိုလည်း မသိဘဲ စကားတွေဆက်ပြောနေခဲ့သည်။
"မစ္စတာဝမ်က လက်ထပ်ပြီးသားလူတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ ထျန်ရှုံးက ကိစ္စတွေကိုသေချာမကိုင်တွယ်တတ်ပေမယ့် မစ္စတာကုကလည်း မစ္စတာဝမ်ကို သဘောကျတာမှမဟုတ်တာ။
အစကတည်းက မကြိုက်တာလည်း ဖြစ်နိုင်တာပဲလေ။
အဲ့တာကို ဘာလို့ မစ္စတာဝမ်ကို ထွက်သွားခွင့်မပေးတာလဲ။ "
ထျန်လွမ်ရွှန်း ပါးစပ်မှ 'ထွက်သွားခွင့်' ဆိုတဲ့ စကားကို ကြားတဲ့အခါ လုယွင်ရဲ့မျက်နှာက ဒေါသကြောင့် ခက်ထန်သွားခဲ့သည်။
"ကုယျန်ရှန်းက နျန်နျန်ကို မကြိုက်ဘူးလို့ ပြောရအောင် မင်းဘက်ကဘယ်လောက်တောင် သေချာနေလို့လဲ။
ထျန်ရှုံးကြောင့် နျန်နျန်ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာ မင်း သိလား။ မင်း ဘာသိလို့လဲ။
ထျန်ရှုံးကြောင့်မဟုတ်ဘဲ သူတို့ရဲ့ အခုလက်ရှိဆက်ဆံရေးက ဒီလိုဆိုးရွားနေမလား။ "
"ဟုတ်ကဲ့ ချီယွမ့်အုပ်စုအပေါ်ထားတဲ့ မစ္စလုရဲ့ကြင်နာမှုအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ "
ထျန်လွမ်ရွှန်းရဲ့အသံက အနည်းငယ်ခက်ထန်နေပြီး မသိမသာလည်း ကျယ်နေသည်။
"ဒါပေမယ့် ကျွန်တော်တို့ချီယွမ့်က အဲ့လောက်ထိကံမကောင်းဘူးထင်တယ်။ ကျွန်တော်တို့ ပူးပေါင်းမယ့်ကိစ္စလည်း မဖြစ်နိုင်တော့ပါဘူး။ "
ထျန်လွမ်ရွှန်းက ပြတ်သားသောလေသံနှင့် ညှိနှိုင်းမှုကို ငြင်းဆိုလိုက်တဲ့အခါ လုယွင်က ရယ်သည်။ သို့ပေမယ့် သူ့မျက်ဝန်းထဲမှာတော့ အေးစက်မှုများက ပြည့်နှက်နေသည်။
"ကောင်းပြီလေ.. ဆိုတော့ ချီယွမ့်အုပ်စုက M နိုင်ငံမှာ ဒီထက်ပိုပြီး မရပ်တည်ချင်တော့ ဘူးပေါ့။ "
"ဘာကို ဆိုလိုတာလဲ မစ္စလု"
လုယွင်ရဲ့စကားကြောင့် ထျန်လွမ်ရွှန်းရဲ့အမူအရာက တုံ့ခနဲဖြစ်သွားပြီး လုယွင်အား စူးစိုက်ကြည့်ကာ ပြန်မေးလိုက်သည်။
"မစ္စတာထျန်... အကယ်၍ ကုအုပ်စုဘက်က ချီယွမ့်နဲ့ ပူးပေါင်းမှုကိုရပ်တန့်လိုက်ပြီလို့သာ ကြေညာလိုက်ရင် ဒီစီးပွါးရေးလောကမှာရှိတဲ့သူတွေက ဘယ်လိုတွေးကြမယ်လို့ မင်းထင်လဲ။
အဲ့လိုမျိုး ကုအုပ်စုနဲ့ ချီယွမ့်အုပ်စုက ပူးပေါင်းမှုမရှိဘဲ မျက်နှာချင်းဆိုင်ဖြစ်သွားရင် ကုအုပ်စုကို ဆန့်ကျင်ပြီး မင်းတို့နဲ့ ပူးပေါင်းကြမယ်လို့ ထင်နေတာလား။ "
"မစ္စလု ဒီလောက်ထိလုပ်ဖို့ လိုအပ်လို့လား။"
"လူတွေရဲ့ အရိုးကိုမထုတ်ဘဲ အကုန်လုံးဝါးစားလိုက်တာအပြင် ဒီလောကမှာရှင်သန်ဖို့ နည်းလမ်းမရှိတော့ဘူးလို့ မင်းထင်နေတာလား။ မင်းက ကြင်နာတတ်တဲ့လူတစ်ယောက်ဆိုပေမယ့် မင်းညီအတွက်နဲ့ ကုမ္ပဏီကို စွန့်လွှတ်ရဲလို့လား။"
လုယွင်က ထျန်လွမ်ရွှန်းကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော် "
ထျန်လွမ်ရွှန်းရဲ့စကားတွေက ခနမျှတုံ့ဆိုင်းသွားခဲ့သည်။
ချီယွမ့်က သူတို့ငယ်ငယ်ကတည်းက ထျန်လွမ်ရွှန်းရဲ့အဖေနဲ့အမေတို့ တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ ရပ်တည်နိုင်ဖို့ အခက်အခဲအများကြီးကို ရင်ဆိုင်ခဲ့ရသည်။
ထို့အပြင် ချီယွမ့်က သူ့အဖေအမေရဲ့ သွေး ချွေးတွေနဲ့ တည်ထောင်ခဲ့တာဖြစ်လို့ သူ့လက်နဲ့ ပျက်စီးသွားအောင်လုပ်ဖို့ဆိုတာက မည်သို့မျှ မဖြစ်နိုင်ပေ။
တစ်ဖက်က သူ့အပေါ်အနိုင်ယူပြီး ဆိုးနေတဲ့ညီနဲ့ တစ်ဖက်က မိဘတွေနဲ့ ဒီခက်ခဲတဲ့အလုပ်တွေကြားမှာ ထျန်လွမ်ရွှန်း ရွေးချယ်ရ ခက်နေသည်။
တိတ်ဆိတ်သွားတဲ့ ထျန်လွမ်ရွှန်းကိုကြည့်ပြီး သူဒီလောက်ထိ အရဲစွန့်ရဲမှာ မဟုတ်ဘူးဆိုတာ လုယွင်နားလည်ခဲ့သည်။
"မင်း ပြန်ရောက်ရင် မင်းညီကို သတိပေးမယ်လို့ ငါမျှော်လင့်တယ်။
ဝမ်နျဲ့နျန်က လက်ထပ်ပြီးသားလူတစ်ယောက်ဖြစ်တဲ့အပြင် ကုမိသားစုရဲ့ မိသားစုဝင်တစ်ယောက်ပဲ။
အကယ်၍ မင်းပေးတဲ့အကြံကိုလက်မခံဘဲ မလုပ်သင့်တဲ့ ကိစ္စတွေကို ထပ်ကျူးလွန်ပြီး ငါ့သားကို ဒီလိုမျိုး ထိုးနှက်အုံးမယ်ဆိုရင် အရင်လိုအထိအခိုက်မရှိဘဲ အသက်ရှင်လျက် အိမ်ပြန်သွားနိုင်မယ်လို့ ငါ အာမ မခံနိုင်တော့ဘူး။ "
ထျန်လွမ်ရွှန်းက သူ့ကို စူးရှသောမျက်လုံးများဖြင့် ပြတ်သားစွာပြောလာသော လုယွင်နှင့် ဘာမှဝင်မပြောဘဲ ဘေးတွင်ထိုင်ကာနေသော ကျိုးယွမ်ဖုန်းအား ကြည့်လိုက်သည်။
"နောက်ဆုံးတော့ ဉက္ကဌလုရဲ့ နည်းလမ်းကို ကျွန်တော်ဒီနေ့ သိလိုက်ရပါပြီ။
ဉက္ကဌလုက မြွေတစ်ကောင်ကိုသတ်ဖို့ သူ့ခေါင်းရဲ့ ခုနစ်လက်မအကွာကိုဖိနှိပ်တဲ့နည်းသုံးတဲ့နေရာမှာ တကယ်တော်တာပဲ။ "
"ငါ မင်းကို သေသွားဖို့အထိ တွန်းအားပေးနေတာ မဟုတ်ပါဘူး။ မင်းသာ ထျန်ရှုံးကို ဝမ်နျဲ့နျန်အနားကထွက်သွားအောင် လုပ်ပေးရင် မင်းတို့ ချီယွမ့်ကို ငါပစ်မှတ်မထားဘူးဆိုတာပဲ သိစေချင်တာပါ။ "
လုယွင်က ထျန်ရှုံးရဲ့စကားကိုနားထောင်ပြီး ဟိတ်ဟန်အပြည့်နဲ့ မျက်ဝန်းနက်နက်တွေကို ပိုလို့ ခက်ထန်သွားစေသော မျက်ခုံးတွေကို အသာပင့်ကာ လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
"ငါ ချီယွမ့်အုပ်စုကိုရွေးချယ်တယ် ဆိုတာက မစ္စတာထျန်ရဲ့အရည်အချင်းကို အရမ်းသဘောကျလို့ပါ။ ပြီးတော့ ဒီပူးပေါင်းမှုကလည်း နှစ်ဖက်လုံးအတွက် ကောင်းမွန်ဖို့ပဲ ရည်ညွှန်းပြီး ဘယ်လိုပြဿနာမျိုးမှ မဖြစ်စေချင်ဘူး။ "
စကားတွေနဲ့ ထိုးနှက်နေတဲ့ လုယွင်က ထျန်လွမ်ရွှန်းရဲ့အနေအထားကို သေချာတွက်ချက်မိနေပြီး သူက တစ်ခုတည်းသော ရွေးချယ်ခွင့်ကိုသာ ပေးထားသည်။
ထိုနည်းလမ်းကို ရွေးချယ်ခြင်းကပဲ ထျန်ရှုံးနဲ့ချီယွမ့်အတွက် အလုံခြုံဆုံးဖြစ်မယ် ဆိုပြီး သတိပေးနေသည်။
"ဒါက ထျန်ရှုံးအတွက် မဖြစ်နိုင်ဘူးလေ "
"မစ္စတာ ထျန် . ထျန်ရှုံးကိုသာ နျန်နျန်ရဲ့ အဝေးမှာ နေခိုင်းပါ။ နျန်နျန်နဲ့ပတ်သတ်ပြီး သူ့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိသလို သူအဲ့လို အနားမှာရှိနေလို့လဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ကုယျန်ရှန်းနဲ့ နျန်နျန်ကြားမှာလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ချီယွမ့်နဲ့ ထျန်ရှုံးရဲ့ လုံခြုံမှုအတွက် သူ့ကို ဝမ်နျဲ့နျန်အနားမှာ ဒီထပ်ပိုပြီး ရှိနေခွင့်မပေးသင့်ဘူး။ ငါ ဒီမှာ မင်းကို အကြံတစ်ချို့ပဲ ပေးလို့ရမယ်။ အကယ်၍ သူက ကုယျန်ရှန်းကို စိတ်တိုမယ်ဆိုရင် သူ့ကို ပြန်ပြီးတုံ့ပြန်မယ့် ကုယျန်ရှန်းအပေါ် မင်း ဘာပြောမှာလဲ။ "
လုယွင်က ထျန်လွမ်ရွှန်းရဲ့အမူအရာကိုသာ စိုက်ကြည့်နေပြီး တစ်ဖက်ကဘာမှပြန်ပြောမလာတာကိုမြင်တော့ သူက ကျိုးယွမ်ဖုန်းဘက်လှည့်လိုက်သည်။
"ယွမ်ဖုန်း မစ္စတာထျန်ကို ပြန်ဖို့ ကူညီပေးလိုက်။ ငါ လုပ်စရာတွေရှိသေးတယ် "
"ဟုတ်ကဲ့ မစ္စလု "
***
ထျန်လွမ်ရွှန်းက ဓာတ်လှေကားရဲ့အရှေ့မှာ ရပ်နေပြီး တစ်ခုပြီးတစ်ခုပြောင်းလဲနေတဲ့ နံပါတ်တွေကိုကြည့်နေသည်။ သူ ဘာတွေးနေလဲ မသိနိုင်ပေမယ့် အတွေးတွေနဲ့ ရှုပ်ထွေးနေတာကိုတော့ ဘေးတွင်ရပ်နေသည့် ကျိုးယွမ်ဖုန်းက ကြည့်ရုံနဲ့ သိနိုင်သည်။
"မင်း ဘယ်လိုလုပ်ဖို့တွေးထားလဲ။ "
"ငါက ဘာလုပ်ဖို့ တွေးနိုင်ရအုံးမှာလဲ။ သူက ငါ့ကို ရွေးချယ်ခွင့် တစ်ခုပဲ ပေးထားတာလေ။ ချီယွမ့် ဖြစ်ဖြစ် ထျန်ရှုံးဖြစ်ဖြစ် ငါ ရွေးချယ်လိုက်တဲ့တစ်ခုက အခက်အခဲဖြစ်စေမှာပဲ။
ငါ့လက်နဲ့ ထျန်ရှုံးကို ပျက်စီးသွားအောင် မလုပ်ချင်ဘူး။ "
"မင်းက ပျက်စီးအောင် မလုပ်ချင်ဘူး။ ?
မင်း တွေးကြည့်စမ်းပါဦး .. သူသာ ခေါင်းမာပြီး ဝမ်နျဲ့နျန်အနား အတင်းမတွယ်ကပ်နေရင် ဒီလိုတွေ ဖြစ်လာမှာလား။ မင်းက သူနဲ့ ချီယွမ့်ကို ကာကွယ်နိုင်ဖို့ လုပ်နေတာလေ။ "
"သူ ဘာမှမတွေးတတ်တာ ငါသိတယ်။ ဒါပေမယ့် သူ မစ္စတာဝမ်ကို ချစ်တယ်လေ။ အဲ့ဒီအချစ်က နှစ်ပေါင်းများစွာကြာခဲ့ပြီး အဝေးမှာနေနေပေမယ့် သူမှရုန်းမထွက်နိုင်ပဲ။
ငါက ဘာထပ်လုပ်နိုင်မှာလဲ။ ထျန်ရှုံးက ဘာမှမတွေးပဲလုပ်တတ်တယ်ဆိုရင်တောင် အကြောင်းပြချက်မရှိဘဲနဲ့တော့ လူတွေကို သူ မရိုက်တတ်ဘူး။
ဓာတ်ပုံကိုကြည့်ပြီးတော့ ဘယ်သူက မစ္စတာကု ဘေးမှာ ရပ်တည်နေလဲဆိုတာ မစ္စလုရော မစ္စတာကျိုးရော မြင်မှာပါ။ "
"မင်းကလည်း ကုမိသားစုဝင်ပဲဆိုတော့ ကုမ္ပဏီကသာ အရေးအကြီးဆုံးဖြစ်မှာပေါ့။ မိသားစုဆက်ဆံရေးက အကျိုးအမြတ်တွေထက် အများကြီးပိုပြီး တန်ဖိုးရှိတယ်ဆိုတာ မင်းနားမလည်ပါဘူး။ "
ဓာတ်လှေကားတံခါးက ပွင့်လာပြီး ထျန်လွမ်ရွှန်းကလည်း ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။ အပြင်ဘက်မှာ ကျန်နေခဲ့တဲ့ ကျိုးယွမ်ဖုန်းတစ်ယောက်တည်းကသာ ထျန်လွမ်ရွှန်းပြောသွားတဲ့ စကားတွေကိုနားထောင်ပြီး ငြိမ်သက်စွာနဲ့ တောင့်တောင့်ကြီး ဖြစ်ကျန်နေခဲ့သည်။
***
ကုမိသားစုအိမ်၌ ကုယျန်ရှန်းက ဆေးလိပ်သောက်ရင်း လသာဆောင်တွင် ရပ်နေသည်။
ခြံထဲတွင်ရပ်ထားသော အမဲရောင် Audi ကားကိုကြည့်ပြီး သူက လက်ကနာရီကိုပြန်ငုံ့ကြည့်လိုက်သည်။
ထိုအခါမှ နာရီက စက်ရပ်နေတာကို ပြန်သတိရသွားပြီး တစ်ဆက်တည်းမှာပဲ အခန်းထဲကဗီဒိုထဲမှာ သူအခုဝတ်ထားတဲ့နာရီနဲ့ တံဆိပ်တူတဲ့ နာရီတစ်လုံးရှိတာကိုပါ တွေးမိသွားသည်။
ကုယျန်ရှန်းက အခန်းထဲပြန်ဝင်ပြီး ဗီဒိုထဲက နာရီဘူးကိုယူလိုက်ကာ အထဲကနာရီကိုထုတ်ပြီး သူ့လက်မှာ ပတ်လိုက်သည်။
လက်ထဲက နာရီလက်တံကိုကြည့်နေရင်း အတွေး တစ်ခုက ကုယျန်ရှန်း ခေါင်းထဲဝင်လာပြီး သူက ချက်ချင်းပဲ မှန်ပြတင်းပေါက်နားသွားပြီး ခြံထဲကို ငုံ့ကြည့်လိုက်သည်။
မကြာလိုက် သူ့လက်ထဲက နာရီကိုပြန်ငုံ့ကြည့်လိုက်ပြီး နာရီလက်တံက နံပါတ်တစ်ခုကိုရောက်သွားတဲ့အခါ ခြံထဲကကားရဲ့ စက်နှိုးသံလည်း ထွက်ပေါ်လာခဲ့သည်။
ကုယျန်ရှန်းက ခြံထဲကထွက်သွားတဲ့ ကားကိုကြည့်ပြီး သူ့မျက်၀န်းထဲ၌လည်း မယုံကြည်နိုင်သည့် အရိပ်အယောင်များက ပြည့်နှက်လာသည်။
'ဒီအချိန်ပဲ... ထပ်ပြီး ဒီအချိန်ပဲ ..ဒီအချိန်ရောက်တိုင်း သူအမြဲအပြင်သွားတယ်။'
'ဘာအကြောင်းကြောင့်လဲ။ ဘာလို့ ဒီအချိန်ရောက်တိုင်း သူ အပြင်သွားနေတာလဲ။ '
ဒေါသကြောင့် ခက်ထန်လာသည့် မျက်ဝန်းတွေနဲ့ ကုယျန်ရှန်းက လသာဆောင်သို့ထွက်သွားပြီး ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့ထားကာ သူ့အိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်။
"သူအပြင်ထွက်သွားပြီ။ သေချာ စောင့်ကြည့်ထား။ "
ပြောပြီးနောက် ပိတ်သွားတဲ့ ဖုန်း စခရင်လ် ကိုကြည့်ပြီး ခက်ထန်နေသော မျက်ဝန်းထဲသို့ အေးစက်မှုများပါ ထပ်တိုးလို့ ဝင်လာသည်။
သူ့ကိုလှည့်တောင်မကြည့်ဘဲ ကျောခိုင်းပြီးထွက်သွားတဲ့ ဝမ်နျဲ့နျန်နဲ့ ထျန်ရှုံးရဲ့ ပုံရိပ်ကို သူအခုထိမေ့လို့မရသေးပေ။
ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ့အတွေးတွေက မွန်းကြပ်စွာ ရှုပ်ထွေးနေသည်။
'အကယ်၍ ထျန်ရှုံးနဲ့သာ သွားတွေ့ရင် '
'ဘာပဲဖြစ်ဖြစ် ငါ့လက်ထဲဓာတ်ပုံရောက်လာတာနဲ့ အဖြေကို သိရမယ် '
လက်ထဲ၌ဆေးလိပ်ကို ညှပ်ထားကာ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးနောက် ကုယျန်ရှန်းက လသာဆောင်မှ ပြန်ထွက်လာခဲ့သည်။
***
ညနေမစောင်းခင်မှာ ကျိုးယွမ်ဖုန်းနဲ့ လုယွင်က ကုမ္ပဏီမှ ပြန်ရောက်လာခဲ့ပြီး လုယွင်က ပင်ပန်းနေတာကြောင့် အနားယူဖို့ အိမ်ပေါ်သို့တက်သွားခဲ့သည်။
ကျိုးယွမ်ဖုန်းကတော့ လက်ထဲကွန်ပျူတာကိုပိုက်ပြီး အလုပ်ဆက်လုပ်ဖို့ ဧည့်ခန်းထဲသို့ ဝင်သွားသည်။
ကားသံက အိမ်ရှေ့ကနေထွက်လာပြီး ခနကြာတော့ အိမ်ထဲသို့ အလောတကြီးနဲ့ လမ်းလျှောက်ဝင်လာတဲ့ ဝမ်နျဲ့နျန်ကို တွေ့ရသည်။
"ယွမ်ဖုန်း . အမေရော "
"အန်တီက ပင်ပန်းတယ်ဆိုပြီး နားနေတယ်။ မင်း ဘာလို့ ပြန်လာတာ နောက်ကျတာလဲ။ တစ်ခုခုဖြစ်နေလို့လား။ "
ကျိုးယွမ်ဖုန်းက လေသံတိုးတိုးဖြင့် မေးလာသော ဝမ်နျဲ့နျန်ကို မော့ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ငါ . အဝတ်အစားနည်းနည်း ဝယ်ချင်လို့ mall ထဲ ခနဝင်နေတာ။ "
ဝမ်နျဲ့နျန်က မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့တာကြောင့် ဒီနေ့ ဒေါက်တာလီနဲ့ ဆွေးနွေးနေတဲ့အချိန်မှာ အမှတ်မထင်ဘဲ အိပ်ပျော်သွားခဲ့သည်။
အချိန်က အနည်းငယ်နှောင်းနေပြီ ဆိုပေမယ့် အိပ်ပျော်နေတဲ့ ဝမ်နျဲ့နျန်ကိုကြည့်ပြီး ဒေါက်တာလီလည်း မနှိုးရက်တာနဲ့ ဒီအတိုင်းပေးအိပ်ထားခဲ့ခြင်းဖြစ်သည်။ ဝမ်နျဲ့နျန် နိုးလာတော့ အချိန်က ညနေတောင် ရောက်နေပြီး ထိုအခါမှ အိမ်ကို မြန်မြန်ကားမောင်းပြန်ခဲ့ရသည်။
ကျိုးယွမ်ဖုန်းနဲ့ စကားပြောပြီး မကြာခင်မှာပဲ ကုယျန်ရှန်းကလည်း အိမ်ပေါ်ထပ်ကနေ ရုတ်တရက်ဆင်းလာသည်။သူက ဧည့်ခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ ဝမ်နျဲ့နျန်ကို စိုက်ကြည့်ကာ အေးစက်သော နှာခေါင်းရှုံ့မှုနဲ့အတူ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
ထို့နောက် သူ့လက်ထဲမှာ ကော်ဖီတစ်ခွက်ကိုင်ပြီး အိမ်ပေါ်သို့ ပြန်တက်သွားခဲ့သည်။
ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကို ကြည့်ပြီး တစ်ခုခုဖြစ်နေပြီဆိုတာ သတိထားမိတဲ့ ကျိုးယွမ်ဖုန်းက မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး အန်တီလန်ဘက်လှည့်ကာ မေးလိုက်သည်။
"အန်တီ လန် ညစာအတွက်ပြင်ပြီးပြီးလား။ အန်တီနဲ့ ကျွန်တော်က ညစာမစားတော့ဘူး အဲ့တာကြောင့် ညစာကို နည်းနည်းပဲ ပြင်ထားလိုက် "
"ဟမ် . မစ္စတာလည်း ညစာ မစားဘူးလို့ပြောတယ်။ သခင်လေး ဖုန်းတို့ရောလား။ "
"ကျွန်တော်နဲ့ အန်တီက နေ့လည်က စားထားလို့ ဗိုက်မဆာတော့ဘူး။ ကုမ္ပဏီကိစ္စနဲ့ လုပ်စရာလည်းရှိလို့ အခုပဲ အပေါ်တက်တော့မယ်။ အန်တီလန်က နျဲ့နျန်အတွက်ပဲ ပြင်းပေးလိုက်တော့ပေါ့။ "
ထို့နောက် ကျိုးယွမ်ဖုန်းက ကွန်ပျူတာကို ယူပြီး အိမ်ပေါ်ထပ်သို့ တက်သွားခဲ့သည်။
"မဒမ် တစ်ခုခုစားလိုက်နော်။ မဟုတ်ရင် အစာအိမ်က မခံနိုင်ဘဲ နေလိမ့်မယ် "
အန်တီလန်က စားပွဲပေါ်မှာ ဝမ်နျဲ့နျန်အတွက် စွပ်ပြုတ်ပန်းကန်ကိုတင်လိုက်ပြီး နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ "
ထမင်းစားပွဲဝိုင်း၌ ဝမ်နျဲ့နျန် တစ်ယောက်တည်းသာရှိပြီး အန်တီလန်ချက်ထားပေးတဲ့ စွပ်ပြုတ်ကိုဖြည်းဖြည်းချင်း သောက်နေသည်။
တိတ်ဆိတ်မှုတွေ ကြီးစိုးလို့ အေးစက်မှုများလည်း လွှမ်းခြုံနေကာ ထမင်းစားပွဲဝိုင်းက ဝမ်နျဲ့နျန်သည်လည်း ပျံ့လွင့်နေသော အတွေးများဖြင့် စားပွဲပေါ်က ပန်းကန်တွေကိုသာ တွေဝေပြီး ကြည့်နေခဲ့သည်။
အိမ်ပေါ်ထပ်တွင်တော့ ကုယျန်ရှန်းက လှေကားထိပ်တွင် ရပ်ကာ ထမင်းစားခန်းထဲက ခေါင်းကိုငုံ့ပြီး ချစ်ဖို့ကောင်းစွာ စွပ်ပြုတ်သောက်နေသူကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။
သူ့မျက်ဝန်းထဲက အကြည့်တွေက ထူးဆန်းနေပြီး များပြားလွန်းလှတဲ့အတွေးကမ္ဘာထဲမှာ သူဘာကို တွေးနေမိလဲဆိုတာတောင် မသိနေပေ။
"မင်း ဒီလို အပြေးလာပြီး ကြည့်မယ် ဆိုတာ ငါ သေချာပေါက်သိနေတယ်။ ငါ ခန့်မှန်းလိုက်ရင် ဘယ်တော့မှ မမှားဘူး။"
ကျိုးယွမ်ဖုန်းက ကုယျန်ရှန်း၏အနောက်တွင်ရပ်ကာ စနောက်လိုက်ပြီး အခုထိ အကြည့်မပျက်သေးတဲ့ ကုယျန်ရှန်းက ကျိုးယွမ်ဖုန်းရဲ့ ရိသဲ့သဲ့စနောက်သံကိုကြားပေမယ့် အနောက်သို့ ပြန်လှည့်မကြည့်ဘဲ ဝမ်နျဲ့နျန်ကိုသာ စိုက်ကြည့်နေရင်း မေးလိုက်သည်။
"ယွမ်ဖုန်း . အမေက ငါ့ကို ချစ်တယ်လို့ မင်းထင်လား။ ဒါမဟုတ် သူ့သားရဲ့ ဘဝကိုအသုံးချပြီး အကျိုးအမြတ်ယူနေတယ်လို့ မထင်ဘူးလား။ "
"ဘာ "
ကုယျန်ရှန်း၏ အမေးကြောင့် ကျိုးယွမ်ဖုန်း အတော်အံ့ဩသွားသည်။
"ကုယျန်ရှန်း မင်း ဘာတွေ ပြောနေပြန်ပြီလဲ။
အန်တီက မင်းကို မချစ်ပဲ နေမလား။ ကွာရှင်းချင်တာနဲ့ပဲ သူများပြောတဲ့ စကားတွေကို နားထောင်ပြီး မဟုတ်တန်ရာတွေ မေးမနေနဲ့ "
"အာ မင်းလည်း အဲ့လိုပဲ ထင်တယ် မဟုတ်လား။ ဒါဆို ပြောပါအုံး ဝမ်နျဲ့နျန်နဲ့ လက်ထပ်ဖို့ ငါ့ကို တွန်းအားပေးခဲ့တာက သူငါ့ကို ချစ်လို့ပဲလား။ "
"မင်း ဘာဖြစ်ချင်နေတာလဲ ကုယျန်ရှန်း။ နျဲ့နျန်က လူကောင်းတစ်ယောက်။ အဲ့လိုလူကို မင်းတစ်ယောက်တည်းကပဲ ရက်ရက်စက်စက် ဆက်ဆံပြီး ထပ်ခါထပ်ခါ နာကျင်အောင် လုပ်နေတာ။ အန်တီလည်း မင်းအတွက် အများကြီး ပေးဆပ်ထားခဲ့တာ။ ဦးနှောက်မရှိတဲ့ လူတစ်ယောက်လို ချန်းလုံအန်းအတွက်နဲ့ အမေနဲ့သားကြားက ဆက်ဆံရေးကို ပျက်စီးအောင် မလုပ်သင့်ဘူး။ "
"အဲ့ဒီတော့ ငါက ကွာရှင်းဖို့ဆက်လုပ်နေရင် အမေနဲ့သားကြားက ဆက်ဆံရေးက ပျက်စီးသွားမယ်ပေါ့။ "
"ကုယျန်ရှန်း မင်း တကယ်ပဲ ဘာဖြစ်နေတာလဲ။ ဒီလိုမျိုး လုပ်နေတာတွေ ရပ်တန့်လို့မရဘူးလား။ ကွာရှင်းတဲ့အကြောင်းက သားအမိဆက်ဆံရေးကို မဖျက်စီးနိုင်ဘူး။ မင်းခေါင်းက မြည်းနဲ့ အကန်ခံထားရတာလား၊ ဒါမှမဟုတ် မင်းရဲ့ အတွေးအခေါ်ကပဲ ပျက်စီးနေတာလား။ "
ကုယျန်ရှန်းက ထမင်းစားခန်းထဲက ဝမ်နျဲ့နျန်ကို စိုက်ကြည့်လိုက်သည်။
"အမေက ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး။ သူ ငါ့ကိုချစ်တယ်လို့ ငါတစ်ခါမှ မခံစားရဘူး။ ငါ့အတွက် ချန်းလုံအန်းတစ်ယောက်ထဲကပဲ အနားမှာ ရှိပေးပြီး ချစ်ပေးနေတယ်လို့ ခံစားရတယ်။ သူက ငါ့ဘဝကိုကယ်ဖို့ အထိ လုပ်ပေးခဲ့တယ်။ သူကပဲ ငါ့ကို ချစ်တယ်။ ငါ ဒီလက်ထပ်ခြင်းကို အဆုံးသတ်မယ်။ ငါ့မှာသာ သက်သေရှိရင် အမေလည်း ငါ့ကို တားနိုင်မှာ မဟုတ်ဘူး။ "
"သက်သေ ? ကုယျန်ရှန်း မင်း ဘာလုပ်အုံးမလို့လဲ။ "
ကျိုးယွမ်ဖုန်းရဲ့ အမေးကို မဖြေခင် ကုယျန်ရှန်း၏ဖုန်းက ရုတ်တရက် အသံမြည်လာပြီး ကုယျန်ရှန်းက သူ့အိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်။
"အင်း "
တစ်ဖက်ကပြောနေတဲ့ အသံကို နားထောင်နေရင်း ကုယျန်ရှန်း၏မျက်ဝန်းတွေက ခက်ထန်လာသည်။
တင်းတင်းစေ့ထားသော နှုတ်ခမ်းတွေနဲ့ စိမ်းသက်လာသော မျက်နှာအမူအရာဖြင့် ထမင်းစားပွဲမှာထိုင်နေတဲ့ ဝမ်နျဲ့နျန်ကို စိုက်ကြည့်နေပြီး သာမန်ထက်ပို၍သာလွန်ကာ အေးစက်နေသော လေသံဖြင့် တစ်ဖက်က ဖုန်းခေါ်သူကို ပြန်ဖြေနေ သည်။
"အင်း ငါသိပြီ။ "
ဖုန်းပြောပြီးနောက် ကုယျန်ရှန်းက သူ့အနောက်မှာရပ်ပြီး နားမလည်နိုင်စွာ စိုက်ကြည့်နေတဲ့ ကျိုးယွမ်ဖုန်းကို ပြန်လှည့်ကြည့်လိုက်သည်။
"တွေ့လား။ သက်သေက ဒီမှာပဲ။ မလွယ်ဘူးလား။ "
အေးစက်စွာပြောပြီးနောက် ကုယျန်ရှန်းက သူ့အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
အခုထိ ဘာအကြောင်းဆိုတာကို တွေးကြည့်လို့ မရသေးတဲ့ ကျိုးယွမ်ဖုန်းက ထိတ်လန့်စွာနဲ့ လှေကားထိပ်မှာ ရပ်နေပြီး စိုးရိမ်သည့် စိတ်များကလည်း အလိုလိုနေရင်း မြင့်တက်လာခဲ့သည်။
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
Black 🌻 Lotus
Words-3880
May/13/2021
Wine.
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
Note.
မနေ့ကနဲ့ မနေ့ရဲ့မနေ့က မီးပျက်လိုက် wifi မရလိုက်နဲ့ စာလည်း မရေးဖြစ်ဘူး။
ဒါနဲ့ပဲ စိတ်နာနာနဲ့ black lotus ကိုအဆုံးထိ ပြန်ဖတ်လိုက်တယ်။
ရှင်တို့ရဲ့ အသာက wedding songs list ကြီးဖွင့်ပြီးတော့လေ။ 😅😅😅😅
wedding အတွက်သီချင်းတောင် ရှာနေခဲ့တာ။
🌻
ပျားရည်က ချိုလွန်းတော့
အခါးဓာတ်လေးနည်းနည်းပါပေမယ့်
အဆင်ပြေပါတယ်။
အတိတ်ရဲ့အရိပ်တွေ မဖုံးလွှမ်းပဲ
ဆက်ပြီးလင်းလက်နေမယ့်
သူတို့လေးတွေရဲ့ နေ့ရက်တိုင်းမှာ
လေပြေလေးတွေသာ ရှိနေဖို့ ...
ဆုတောင်းပေးခဲ့တယ်။
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
For my lovely zawgyi readers
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ မစၥလု။ အကယ္၍ ကြၽန္ေတာ့္ညီထ်န္ရႈံးက အေဝးထြက္သြားေပးမွ ခ်ီယြမ့္နဲ႕ပူးေပါင္းဖို႔ အဆင္ေျပမယ္ ဆိုရင္ေတာ့ ကြၽန္ေတာ့္ဘက္ကလည္း ဒီပူးေပါင္းမႈ ပ်က္စီးသြားမွာကို စိုး႐ြံ႕မိပါတယ္။
ခ်ီယြမ့္အုပ္စုက ကုအုပ္စုေလာက္ အရွိန္အဝါမရွိေပမယ့္ ခ်ီယြမ့္ရဲ႕ အနာဂတ္က ကြၽန္ေတာ့္ညီနဲ႕ ဘာမွမသက္ဆိုင္ပါဘူး။ "
"မင္း ဘာေျပာလိုက္တယ္"
"ထ်န္ရႈံးက မစၥတာဝမ္ကို တကယ္ႀကိဳက္တာပါ။ ဒါက သုံးႏွစ္ေတာင္ရွိခဲ့ပါၿပီ။ ထ်န္ရႈံးက မစၥတာဝမ္ကို အစကတည္းက သိခဲ့ၿပီး သူ မစၥတာကုနဲ႕ လက္ထပ္ၿပီး မေပ်ာ္႐ႊင္ေနဘူးဆိုတာ သိတာေတာင္ အေျခအေနကိုနားလည္တဲ့ ကြၽန္ေတာ့္ညီက ဝင္မပတ္သတ္ခဲ့ပါဘူး။
အဲ့တာကလည္း မစၥတာဝမ္က မစၥတာကုကို အရမ္းခ်စ္တယ္ဆိုတာသိေနလို႔ပါ။
မစၥတာဝမ္သာ ေပ်ာ္ေနမယ္ဆိုရင္ ကြၽန္ေတာ့္ညီက လက္လႊတ္ေပးၿပီးသားပါ။ "
ထ်န္လြမ္႐ႊန္းက သူ႕လက္ထဲက ဓာတ္ပုံကိုခ်ၿပီး ညွိုးငယ္စြာေျပာလိုက္သည္။
"အဲ့ဒီအခ်ိန္တုန္းက ထ်န္ရႈံးက စိတ္နဲ႕ကိုယ္နဲ႕ေတာင္မကပ္ခဲ့ဘူး။ မစၥတာဝမ္က သီခ်င္းေတြကိုႏွစ္သက္တဲ့အေၾကာင္း ေျပာျပၿပီး သူ စတူဒီယိုတစ္ခု ဖြင့္ခဲ့တယ္။
သူ မစၥတာဝမ္ကို အရမ္းလြမ္းေနခဲ့တာေတာင္ မစၥတာဝမ္ရဲ႕ အိမ္ေထာင္ေရးကို အခက္အခဲျဖစ္ေအာင္ သူမလုပ္ခဲ့ဘူး။
ေနာက္ပိုင္း မစၥတာဝမ္နဲ႕ဆုံၿပီး မစၥတာဝမ္ကိုၾကည့္ရတာ ေပ်ာ္႐ႊင္ေနတဲ့ပုံမေပၚဘူးလို႔ သူ ကြၽန္ေတာ့္ကို ေျပာခဲ့တယ္။
အၿမဲတမ္း ၿပဳံးေနတတ္ေပမယ့္ သူ႕မ်က္ႏွာမွာ ဘာအၿပဳံးမွရွိမေနခဲ့ဘူးတဲ့။ ၿပီး ေတာ့ သူ မစၥတာဝမ္ကို ဒီမေပ်ာ္႐ႊင္မႈေတြၾကားကေန ဆြဲထုတ္ခ်င္တယ္ဆိုၿပီး ေျပာခဲ့တယ္။ "
ထ်န္လြမ္႐ႊန္းက ေခါင္းကိုငုံ႕ထားၿပီး လုယြင္ရဲ႕ အမူအရာေျပာင္းလဲေနတာကိုလည္း မသိဘဲ စကားေတြဆက္ေျပာေနခဲ့သည္။
"မစၥတာဝမ္က လက္ထပ္ၿပီးသားလူတစ္ေယာက္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ထ်န္ရႈံးက ကိစၥေတြကိုေသခ်ာမကိုင္တြယ္တတ္ေပမယ့္ မစၥတာကုကလည္း မစၥတာဝမ္ကို သေဘာက်တာမွမဟုတ္တာ။
အစကတည္းက မႀကိဳက္တာလည္း ျဖစ္နိုင္တာပဲေလ။
အဲ့တာကို ဘာလို႔ မစၥတာဝမ္ကို ထြက္သြားခြင့္မေပးတာလဲ။ "
ထ်န္လြမ္႐ႊန္း ပါးစပ္မွ 'ထြက္သြားခြင့္' ဆိုတဲ့ စကားကို ၾကားတဲ့အခါ လုယြင္ရဲ႕မ်က္ႏွာက ေဒါသေၾကာင့္ ခက္ထန္သြားခဲ့သည္။
"ကုယ်န္ရွန္းက န်န္န်န္ကို မႀကိဳက္ဘူးလို႔ ေျပာရေအာင္ မင္းဘက္ကဘယ္ေလာက္ေတာင္ ေသခ်ာေနလို႔လဲ။
ထ်န္ရႈံးေၾကာင့္ န်န္န်န္ဘယ္ေလာက္ထိခံစားခဲ့ရလဲဆိုတာ မင္း သိလား။ မင္း ဘာသိလို႔လဲ။
ထ်န္ရႈံးေၾကာင့္မဟုတ္ဘဲ သူတို႔ရဲ႕ အခုလက္ရွိဆက္ဆံေရးက ဒီလိုဆိုး႐ြားေနမလား။ "
"ဟုတ္ကဲ့ ခ်ီယြမ့္အုပ္စုအေပၚထားတဲ့ မစၥလုရဲ႕ၾကင္နာမႈအတြက္ တကယ္ကိုေက်းဇူးတင္ပါတယ္။ "
ထ်န္လြမ္႐ႊန္းရဲ႕အသံက အနည္းငယ္ခက္ထန္ေနၿပီး မသိမသာလည္း က်ယ္ေနသည္။
"ဒါေပမယ့္ ကြၽန္ေတာ္တို႔ခ်ီယြမ့္က အဲ့ေလာက္ထိကံမေကာင္းဘူးထင္တယ္။ ကြၽန္ေတာ္တို႔ ပူးေပါင္းမယ့္ကိစၥလည္း မျဖစ္နိုင္ေတာ့ပါဘူး။ "
ထ်န္လြမ္႐ႊန္းက ျပတ္သားေသာေလသံႏွင့္ ညွိႏွိုင္းမႈကို ျငင္းဆိုလိုက္တဲ့အခါ လုယြင္က ရယ္သည္။ သို႔ေပမယ့္ သူ႕မ်က္ဝန္းထဲမွာေတာ့ ေအးစက္မႈမ်ားက ျပည့္ႏွက္ေနသည္။
"ေကာင္းၿပီေလ.. ဆိုေတာ့ ခ်ီယြမ့္အုပ္စုက M နိုင္ငံမွာ ဒီထက္ပိုၿပီး မရပ္တည္ခ်င္ေတာ့ ဘူးေပါ့။ "
"ဘာကို ဆိုလိုတာလဲ မစၥလု"
လုယြင္ရဲ႕စကားေၾကာင့္ ထ်န္လြမ္႐ႊန္းရဲ႕အမူအရာက တုံ႕ခနဲျဖစ္သြားၿပီး လုယြင္အား စူးစိုက္ၾကည့္ကာ ျပန္ေမးလိုက္သည္။
"မစၥတာထ်န္... အကယ္၍ ကုအုပ္စုဘက္က ခ်ီယြမ့္နဲ႕ ပူးေပါင္းမႈကိုရပ္တန႔္လိုက္ၿပီလို႔သာ ေၾကညာလိုက္ရင္ ဒီစီးပြါးေရးေလာကမွာရွိတဲ့သူေတြက ဘယ္လိုေတြးၾကမယ္လို႔ မင္းထင္လဲ။
အဲ့လိုမ်ိဳး ကုအုပ္စုနဲ႕ ခ်ီယြမ့္အုပ္စုက ပူးေပါင္းမႈမရွိဘဲ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားရင္ ကုအုပ္စုကို ဆန႔္က်င္ၿပီး မင္းတို႔နဲ႕ ပူးေပါင္းၾကမယ္လို႔ ထင္ေနတာလား။ "
"မစၥလု ဒီေလာက္ထိလုပ္ဖို႔ လိုအပ္လို႔လား။"
"လူေတြရဲ႕ အရိုးကိုမထုတ္ဘဲ အကုန္လုံးဝါးစားလိုက္တာအျပင္ ဒီေလာကမွာရွင္သန္ဖို႔ နည္းလမ္းမရွိေတာ့ဘူးလို႔ မင္းထင္ေနတာလား။ မင္းက ၾကင္နာတတ္တဲ့လူတစ္ေယာက္ဆိုေပမယ့္ မင္းညီအတြက္နဲ႕ ကုမၸဏီကို စြန႔္လႊတ္ရဲလို႔လား။"
လုယြင္က ထ်န္လြမ္႐ႊန္းကို ေအးစက္စြာ စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။
"ကြၽန္ေတာ္ "
ထ်န္လြမ္႐ႊန္းရဲ႕စကားေတြက ခနမွ်တုံ႕ဆိုင္းသြားခဲ့သည္။
ခ်ီယြမ့္က သူတို႔ငယ္ငယ္ကတည္းက ထ်န္လြမ္႐ႊန္းရဲ႕အေဖနဲ႕အေမတို႔ တည္ေထာင္ခဲ့တာျဖစ္ၿပီး ဒီေန႕အထိ ရပ္တည္နိုင္ဖို႔ အခက္အခဲအမ်ားႀကီးကို ရင္ဆိုင္ခဲ့ရသည္။
ထို႔အျပင္ ခ်ီယြမ့္က သူ႕အေဖအေမရဲ႕ ေသြး ေခြၽးေတြနဲ႕ တည္ေထာင္ခဲ့တာျဖစ္လို႔ သူ႕လက္နဲ႕ ပ်က္စီးသြားေအာင္လုပ္ဖို႔ဆိုတာက မည္သို႔မွ် မျဖစ္နိုင္ေပ။
တစ္ဖက္က သူ႕အေပၚအနိုင္ယူၿပီး ဆိုးေနတဲ့ညီနဲ႕ တစ္ဖက္က မိဘေတြနဲ႕ ဒီခက္ခဲတဲ့အလုပ္ေတြၾကားမွာ ထ်န္လြမ္႐ႊန္း ေ႐ြးခ်ယ္ရ ခက္ေနသည္။
တိတ္ဆိတ္သြားတဲ့ ထ်န္လြမ္႐ႊန္းကိုၾကည့္ၿပီး သူဒီေလာက္ထိ အရဲစြန႔္ရဲမွာ မဟုတ္ဘူးဆိုတာ လုယြင္နားလည္ခဲ့သည္။
"မင္း ျပန္ေရာက္ရင္ မင္းညီကို သတိေပးမယ္လို႔ ငါေမွ်ာ္လင့္တယ္။
ဝမ္န်ဲ့န်န္က လက္ထပ္ၿပီးသားလူတစ္ေယာက္ျဖစ္တဲ့အျပင္ ကုမိသားစုရဲ႕ မိသားစုဝင္တစ္ေယာက္ပဲ။
အကယ္၍ မင္းေပးတဲ့အႀကံကိုလက္မခံဘဲ မလုပ္သင့္တဲ့ ကိစၥေတြကို ထပ္က်ဴးလြန္ၿပီး ငါ့သားကို ဒီလိုမ်ိဳး ထိုးႏွက္အုံးမယ္ဆိုရင္ အရင္လိုအထိအခိုက္မရွိဘဲ အသက္ရွင္လ်က္ အိမ္ျပန္သြားနိုင္မယ္လို႔ ငါ အာမ မခံနိုင္ေတာ့ဘူး။ "
ထ်န္လြမ္႐ႊန္းက သူ႕ကို စူးရွေသာမ်က္လုံးမ်ားျဖင့္ ျပတ္သားစြာေျပာလာေသာ လုယြင္ႏွင့္ ဘာမွဝင္မေျပာဘဲ ေဘးတြင္ထိုင္ကာေနေသာ က်ိဳးယြမ္ဖုန္းအား ၾကည့္လိုက္သည္။
"ေနာက္ဆုံးေတာ့ ဉကၠဌလုရဲ႕ နည္းလမ္းကို ကြၽန္ေတာ္ဒီေန႕ သိလိုက္ရပါၿပီ။
ဉကၠဌလုက ေႁမြတစ္ေကာင္ကိုသတ္ဖို႔ သူ႕ေခါင္းရဲ႕ ခုနစ္လက္မအကြာကိုဖိႏွိပ္တဲ့နည္းသုံးတဲ့ေနရာမွာ တကယ္ေတာ္တာပဲ။ "
"ငါ မင္းကို ေသသြားဖို႔အထိ တြန္းအားေပးေနတာ မဟုတ္ပါဘူး။ မင္းသာ ထ်န္ရႈံးကို ဝမ္န်ဲ့န်န္အနားကထြက္သြားေအာင္ လုပ္ေပးရင္ မင္းတို႔ ခ်ီယြမ့္ကို ငါပစ္မွတ္မထားဘူးဆိုတာပဲ သိေစခ်င္တာပါ။ "
လုယြင္က ထ်န္ရႈံးရဲ႕စကားကိုနားေထာင္ၿပီး ဟိတ္ဟန္အျပည့္နဲ႕ မ်က္ဝန္းနက္နက္ေတြကို ပိုလို႔ ခက္ထန္သြားေစေသာ မ်က္ခုံးေတြကို အသာပင့္ကာ ေလသံတိုးတိုးျဖင့္ ထပ္ေျပာလိုက္သည္။
"ငါ ခ်ီယြမ့္အုပ္စုကိုေ႐ြးခ်ယ္တယ္ ဆိုတာက မစၥတာထ်န္ရဲ႕အရည္အခ်င္းကို အရမ္းသေဘာက်လိဳ႕ပါ။ ၿပီးေတာ့ ဒီပူးေပါင္းမႈကလည္း ႏွစ္ဖက္လုံးအတြက္ ေကာင္းမြန္ဖို႔ပဲ ရည္ၫႊန္းၿပီး ဘယ္လိုျပႆနာမ်ိဳးမွ မျဖစ္ေစခ်င္ဘူး။ "
စကားေတြနဲ႕ ထိုးႏွက္ေနတဲ့ လုယြင္က ထ်န္လြမ္႐ႊန္းရဲ႕အေနအထားကို ေသခ်ာတြက္ခ်က္မိေနၿပီး သူက တစ္ခုတည္းေသာ ေ႐ြးခ်ယ္ခြင့္ကိုသာ ေပးထားသည္။
ထိုနည္းလမ္းကို ေ႐ြးခ်ယ္ျခင္းကပဲ ထ်န္ရႈံးနဲ႕ခ်ီယြမ့္အတြက္ အလုံၿခဳံဆုံးျဖစ္မယ္ ဆိုၿပီး သတိေပးေနသည္။
"ဒါက ထ်န္ရႈံးအတြက္ မျဖစ္နိုင္ဘူးေလ "
"မစၥတာ ထ်န္ . ထ်န္ရႈံးကိုသာ န်န္န်န္ရဲ႕ အေဝးမွာ ေနခိုင္းပါ။ န်န္န်န္နဲ႕ပတ္သတ္ၿပီး သူ႕မွာ ဘာလုပ္ပိုင္ခြင့္မွမရွိသလို သူအဲ့လို အနားမွာရွိေနလို႔လဲ ဘာမွျဖစ္လာမွာ မဟုတ္ဘူး။
ကုယ်န္ရွန္းနဲ႕ န်န္န်န္ၾကားမွာလည္း ဘာမွျဖစ္လာမွာ မဟုတ္ဘူး။
ခ်ီယြမ့္နဲ႕ ထ်န္ရႈံးရဲ႕ လုံၿခဳံမႈအတြက္ သူ႕ကို ဝမ္န်ဲ့န်န္အနားမွာ ဒီထပ္ပိုၿပီး ရွိေနခြင့္မေပးသင့္ဘူး။ ငါ ဒီမွာ မင္းကို အႀကံတစ္ခ်ိဳ႕ပဲ ေပးလို႔ရမယ္။ အကယ္၍ သူက ကုယ်န္ရွန္းကို စိတ္တိုမယ္ဆိုရင္ သူ႕ကို ျပန္ၿပီးတုံ႕ျပန္မယ့္ ကုယ်န္ရွန္းအေပၚ မင္း ဘာေျပာမွာလဲ။ "
လုယြင္က ထ်န္လြမ္႐ႊန္းရဲ႕အမူအရာကိုသာ စိုက္ၾကည့္ေနၿပီး တစ္ဖက္ကဘာမွျပန္ေျပာမလာတာကိုျမင္ေတာ့ သူက က်ိဳးယြမ္ဖုန္းဘက္လွည့္လိုက္သည္။
"ယြမ္ဖုန္း မစၥတာထ်န္ကို ျပန္ဖို႔ ကူညီေပးလိုက္။ ငါ လုပ္စရာေတြရွိေသးတယ္ "
"ဟုတ္ကဲ့ မစၥလု "
***
ထ်န္လြမ္႐ႊန္းက ဓာတ္ေလွကားရဲ႕အေရွ႕မွာ ရပ္ေနၿပီး တစ္ခုၿပီးတစ္ခုေျပာင္းလဲေနတဲ့ နံပါတ္ေတြကိုၾကည့္ေနသည္။ သူ ဘာေတြးေနလဲ မသိနိုင္ေပမယ့္ အေတြးေတြနဲ႕ ရႈပ္ေထြးေနတာကိုေတာ့ ေဘးတြင္ရပ္ေနသည့္ က်ိဳးယြမ္ဖုန္းက ၾကည့္႐ုံနဲ႕ သိနိုင္သည္။
"မင္း ဘယ္လိုလုပ္ဖို႔ေတြးထားလဲ။ "
"ငါက ဘာလုပ္ဖို႔ ေတြးနိုင္ရအုံးမွာလဲ။ သူက ငါ့ကို ေ႐ြးခ်ယ္ခြင့္ တစ္ခုပဲ ေပးထားတာေလ။ ခ်ီယြမ့္ ျဖစ္ျဖစ္ ထ်န္ရႈံးျဖစ္ျဖစ္ ငါ ေ႐ြးခ်ယ္လိုက္တဲ့တစ္ခုက အခက္အခဲျဖစ္ေစမွာပဲ။
ငါ့လက္နဲ႕ ထ်န္ရႈံးကို ပ်က္စီးသြားေအာင္ မလုပ္ခ်င္ဘူး။ "
"မင္းက ပ်က္စီးေအာင္ မလုပ္ခ်င္ဘူး။ ?
မင္း ေတြးၾကည့္စမ္းပါဦး .. သူသာ ေခါင္းမာၿပီး ဝမ္န်ဲ့န်န္အနား အတင္းမတြယ္ကပ္ေနရင္ ဒီလိုေတြ ျဖစ္လာမွာလား။ မင္းက သူနဲ႕ ခ်ီယြမ့္ကို ကာကြယ္နိုင္ဖို႔ လုပ္ေနတာေလ။ "
"သူ ဘာမွမေတြးတတ္တာ ငါသိတယ္။ ဒါေပမယ့္ သူ မစၥတာဝမ္ကို ခ်စ္တယ္ေလ။ အဲ့ဒီအခ်စ္က ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီး အေဝးမွာေနေနေပမယ့္ သူမွ႐ုန္းမထြက္နိုင္ပဲ။
ငါက ဘာထပ္လုပ္နိုင္မွာလဲ။ ထ်န္ရႈံးက ဘာမွမေတြးပဲလုပ္တတ္တယ္ဆိုရင္ေတာင္ အေၾကာင္းျပခ်က္မရွိဘဲနဲ႕ေတာ့ လူေတြကို သူ မရိုက္တတ္ဘူး။
ဓာတ္ပုံကိုၾကည့္ၿပီးေတာ့ ဘယ္သူက မစၥတာကု ေဘးမွာ ရပ္တည္ေနလဲဆိုတာ မစၥလုေရာ မစၥတာက်ိဳးေရာ ျမင္မွာပါ။ "
"မင္းကလည္း ကုမိသားစုဝင္ပဲဆိုေတာ့ ကုမၸဏီကသာ အေရးအႀကီးဆုံးျဖစ္မွာေပါ့။ မိသားစုဆက္ဆံေရးက အက်ိဳးအျမတ္ေတြထက္ အမ်ားႀကီးပိုၿပီး တန္ဖိုးရွိတယ္ဆိုတာ မင္းနားမလည္ပါဘူး။ "
ဓာတ္ေလွကားတံခါးက ပြင့္လာၿပီး ထ်န္လြမ္႐ႊန္းကလည္း ဓာတ္ေလွကားထဲသို႔ ဝင္သြားခဲ့သည္။ အျပင္ဘက္မွာ က်န္ေနခဲ့တဲ့ က်ိဳးယြမ္ဖုန္းတစ္ေယာက္တည္းကသာ ထ်န္လြမ္႐ႊန္းေျပာသြားတဲ့ စကားေတြကိုနားေထာင္ၿပီး ၿငိမ္သက္စြာနဲ႕ ေတာင့္ေတာင့္ႀကီး ျဖစ္က်န္ေနခဲ့သည္။
***
ကုမိသားစုအိမ္၌ ကုယ်န္ရွန္းက ေဆးလိပ္ေသာက္ရင္း လသာေဆာင္တြင္ ရပ္ေနသည္။
ၿခံထဲတြင္ရပ္ထားေသာ အမဲေရာင္ Audi ကားကိုၾကည့္ၿပီး သူက လက္ကနာရီကိုျပန္ငုံ႕ၾကည့္လိုက္သည္။
ထိုအခါမွ နာရီက စက္ရပ္ေနတာကို ျပန္သတိရသြားၿပီး တစ္ဆက္တည္းမွာပဲ အခန္းထဲကဗီဒိုထဲမွာ သူအခုဝတ္ထားတဲ့နာရီနဲ႕ တံဆိပ္တူတဲ့ နာရီတစ္လုံးရွိတာကိုပါ ေတြးမိသြားသည္။
ကုယ်န္ရွန္းက အခန္းထဲျပန္ဝင္ၿပီး ဗီဒိုထဲက နာရီဘူးကိုယူလိုက္ကာ အထဲကနာရီကိုထုတ္ၿပီး သူ႕လက္မွာ ပတ္လိုက္သည္။
လက္ထဲက နာရီလက္တံကိုၾကည့္ေနရင္း အေတြး တစ္ခုက ကုယ်န္ရွန္း ေခါင္းထဲဝင္လာၿပီး သူက ခ်က္ခ်င္းပဲ မွန္ျပတင္းေပါက္နားသြားၿပီး ၿခံထဲကို ငုံ႕ၾကည့္လိုက္သည္။
မၾကာလိုက္ သူ႕လက္ထဲက နာရီကိုျပန္ငုံ႕ၾကည့္လိုက္ၿပီး နာရီလက္တံက နံပါတ္တစ္ခုကိုေရာက္သြားတဲ့အခါ ၿခံထဲကကားရဲ႕ စက္ႏွိုးသံလည္း ထြက္ေပၚလာခဲ့သည္။
ကုယ်န္ရွန္းက ၿခံထဲကထြက္သြားတဲ့ ကားကိုၾကည့္ၿပီး သူ႕မ်က္၀န္းထဲ၌လည္း မယုံၾကည္နိုင္သည့္ အရိပ္အေယာင္မ်ားက ျပည့္ႏွက္လာသည္။
'ဒီအခ်ိန္ပဲ... ထပ္ၿပီး ဒီအခ်ိန္ပဲ ..ဒီအခ်ိန္ေရာက္တိုင္း သူအၿမဲအျပင္သြားတယ္။'
'ဘာအေၾကာင္းေၾကာင့္လဲ။ ဘာလို႔ ဒီအခ်ိန္ေရာက္တိုင္း သူ အျပင္သြားေနတာလဲ။ '
ေဒါသေၾကာင့္ ခက္ထန္လာသည့္ မ်က္ဝန္းေတြနဲ႕ ကုယ်န္ရွန္းက လသာေဆာင္သို႔ထြက္သြားၿပီး ေဆးလိပ္ကို ႏႈတ္ခမ္းမွာေတ့ထားကာ သူ႕အိတ္ထဲက ဖုန္းကိုထုတ္လိုက္သည္။
"သူအျပင္ထြက္သြားၿပီ။ ေသခ်ာ ေစာင့္ၾကည့္ထား။ "
ေျပာၿပီးေနာက္ ပိတ္သြားတဲ့ ဖုန္း စခရင္လ္ ကိုၾကည့္ၿပီး ခက္ထန္ေနေသာ မ်က္ဝန္းထဲသို႔ ေအးစက္မႈမ်ားပါ ထပ္တိုးလို႔ ဝင္လာသည္။
သူ႕ကိုလွည့္ေတာင္မၾကည့္ဘဲ ေက်ာခိုင္းၿပီးထြက္သြားတဲ့ ဝမ္န်ဲ့န်န္နဲ႕ ထ်န္ရႈံးရဲ႕ ပုံရိပ္ကို သူအခုထိေမ့လို႔မရေသးေပ။
ဖုန္းကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားရင္း သူ႕အေတြးေတြက မြန္းၾကပ္စြာ ရႈပ္ေထြးေနသည္။
'အကယ္၍ ထ်န္ရႈံးနဲ႕သာ သြားေတြ႕ရင္ '
'ဘာပဲျဖစ္ျဖစ္ ငါ့လက္ထဲဓာတ္ပုံေရာက္လာတာနဲ႕ အေျဖကို သိရမယ္ '
လက္ထဲ၌ေဆးလိပ္ကို ညွပ္ထားကာ ေဆးလိပ္ေငြ႕ေတြကို မႈတ္ထုတ္လိုက္ၿပီးေနာက္ ကုယ်န္ရွန္းက လသာေဆာင္မွ ျပန္ထြက္လာခဲ့သည္။
***
ညေနမေစာင္းခင္မွာ က်ိဳးယြမ္ဖုန္းနဲ႕ လုယြင္က ကုမၸဏီမွ ျပန္ေရာက္လာခဲ့ၿပီး လုယြင္က ပင္ပန္းေနတာေၾကာင့္ အနားယူဖို႔ အိမ္ေပၚသို႔တက္သြားခဲ့သည္။
က်ိဳးယြမ္ဖုန္းကေတာ့ လက္ထဲကြန္ပ်ဴတာကိုပိုက္ၿပီး အလုပ္ဆက္လုပ္ဖို႔ ဧည့္ခန္းထဲသို႔ ဝင္သြားသည္။
ကားသံက အိမ္ေရွ႕ကေနထြက္လာၿပီး ခနၾကာေတာ့ အိမ္ထဲသို႔ အေလာတႀကီးနဲ႕ လမ္းေလွ်ာက္ဝင္လာတဲ့ ဝမ္န်ဲ့န်န္ကို ေတြ႕ရသည္။
"ယြမ္ဖုန္း . အေမေရာ "
"အန္တီက ပင္ပန္းတယ္ဆိုၿပီး နားေနတယ္။ မင္း ဘာလို႔ ျပန္လာတာ ေနာက္က်တာလဲ။ တစ္ခုခုျဖစ္ေနလို႔လား။ "
က်ိဳးယြမ္ဖုန္းက ေလသံတိုးတိုးျဖင့္ ေမးလာေသာ ဝမ္န်ဲ့န်န္ကို ေမာ့ၾကည့္ၿပီး ျပန္ေျဖလိုက္သည္။
"ငါ . အဝတ္အစားနည္းနည္း ဝယ္ခ်င္လို႔ mall ထဲ ခနဝင္ေနတာ။ "
ဝမ္န်ဲ့န်န္က မေန႕ညက ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့တာေၾကာင့္ ဒီေန႕ ေဒါက္တာလီနဲ႕ ေဆြးေႏြးေနတဲ့အခ်ိန္မွာ အမွတ္မထင္ဘဲ အိပ္ေပ်ာ္သြားခဲ့သည္။
အခ်ိန္က အနည္းငယ္ေႏွာင္းေနၿပီ ဆိုေပမယ့္ အိပ္ေပ်ာ္ေနတဲ့ ဝမ္န်ဲ့န်န္ကိုၾကည့္ၿပီး ေဒါက္တာလီလည္း မႏွိုးရက္တာနဲ႕ ဒီအတိုင္းေပးအိပ္ထားခဲ့ျခင္းျဖစ္သည္။ ဝမ္န်ဲ့န်န္ နိုးလာေတာ့ အခ်ိန္က ညေနေတာင္ ေရာက္ေနၿပီး ထိုအခါမွ အိမ္ကို ျမန္ျမန္ကားေမာင္းျပန္ခဲ့ရသည္။
က်ိဳးယြမ္ဖုန္းနဲ႕ စကားေျပာၿပီး မၾကာခင္မွာပဲ ကုယ်န္ရွန္းကလည္း အိမ္ေပၚထပ္ကေန ႐ုတ္တရက္ဆင္းလာသည္။သူက ဧည့္ခန္းထဲမွာ မတ္တပ္ရပ္ေနတဲ့ ဝမ္န်ဲ့န်န္ကို စိုက္ၾကည့္ကာ ေအးစက္ေသာ ႏွာေခါင္းရႈံ႕မႈနဲ႕အတူ မီးဖိုေခ်ာင္ထဲသို႔ ဝင္သြားခဲ့သည္။
ထို႔ေနာက္ သူ႕လက္ထဲမွာ ေကာ္ဖီတစ္ခြက္ကိုင္ၿပီး အိမ္ေပၚသို႔ ျပန္တက္သြားခဲ့သည္။
ျဖစ္ပ်က္သြားတဲ့ အေျခအေနေတြကို ၾကည့္ၿပီး တစ္ခုခုျဖစ္ေနၿပီဆိုတာ သတိထားမိတဲ့ က်ိဳးယြမ္ဖုန္းက မ်က္လုံးကိုေမွးက်ဥ္းလိုက္ၿပီး အန္တီလန္ဘက္လွည့္ကာ ေမးလိုက္သည္။
"အန္တီ လန္ ညစာအတြက္ျပင္ၿပီးၿပီးလား။ အန္တီနဲ႕ ကြၽန္ေတာ္က ညစာမစားေတာ့ဘူး အဲ့တာေၾကာင့္ ညစာကို နည္းနည္းပဲ ျပင္ထားလိုက္ "
"ဟမ္ . မစၥတာလည္း ညစာ မစားဘူးလို႔ေျပာတယ္။ သခင္ေလး ဖုန္းတို႔ေရာလား။ "
"ကြၽန္ေတာ္နဲ႕ အန္တီက ေန႕လည္က စားထားလို႔ ဗိုက္မဆာေတာ့ဘူး။ ကုမၸဏီကိစၥနဲ႕ လုပ္စရာလည္းရွိလို႔ အခုပဲ အေပၚတက္ေတာ့မယ္။ အန္တီလန္က န်ဲ့န်န္အတြက္ပဲ ျပင္းေပးလိုက္ေတာ့ေပါ့။ "
ထို႔ေနာက္ က်ိဳးယြမ္ဖုန္းက ကြန္ပ်ဴတာကို ယူၿပီး အိမ္ေပၚထပ္သို႔ တက္သြားခဲ့သည္။
"မဒမ္ တစ္ခုခုစားလိုက္ေနာ္။ မဟုတ္ရင္ အစာအိမ္က မခံနိုင္ဘဲ ေနလိမ့္မယ္ "
အန္တီလန္က စားပြဲေပၚမွာ ဝမ္န်ဲ့န်န္အတြက္ စြပ္ျပဳတ္ပန္းကန္ကိုတင္လိုက္ၿပီး ႏူးညံ့ေသာ ေလသံျဖင့္ ေျပာလိုက္သည္။
"ဟုတ္ကဲ့ "
ထမင္းစားပြဲဝိုင္း၌ ဝမ္န်ဲ့န်န္ တစ္ေယာက္တည္းသာရွိၿပီး အန္တီလန္ခ်က္ထားေပးတဲ့ စြပ္ျပဳတ္ကိုျဖည္းျဖည္းခ်င္း ေသာက္ေနသည္။
တိတ္ဆိတ္မႈေတြ ႀကီးစိုးလို႔ ေအးစက္မႈမ်ားလည္း လႊမ္းၿခဳံေနကာ ထမင္းစားပြဲဝိုင္းက ဝမ္န်ဲ့န်န္သည္လည္း ပ်ံ့လြင့္ေနေသာ အေတြးမ်ားျဖင့္ စားပြဲေပၚက ပန္းကန္ေတြကိုသာ ေတြေဝၿပီး ၾကည့္ေနခဲ့သည္။
အိမ္ေပၚထပ္တြင္ေတာ့ ကုယ်န္ရွန္းက ေလွကားထိပ္တြင္ ရပ္ကာ ထမင္းစားခန္းထဲက ေခါင္းကိုငုံ႕ၿပီး ခ်စ္ဖို႔ေကာင္းစြာ စြပ္ျပဳတ္ေသာက္ေနသူကို မ်က္ေတာင္မခတ္စတမ္း စိုက္ၾကည့္ေနသည္။
သူ႕မ်က္ဝန္းထဲက အၾကည့္ေတြက ထူးဆန္းေနၿပီး မ်ားျပားလြန္းလွတဲ့အေတြးကမာၻထဲမွာ သူဘာကို ေတြးေနမိလဲဆိုတာေတာင္ မသိေနေပ။
"မင္း ဒီလို အေျပးလာၿပီး ၾကည့္မယ္ ဆိုတာ ငါ ေသခ်ာေပါက္သိေနတယ္။ ငါ ခန႔္မွန္းလိုက္ရင္ ဘယ္ေတာ့မွ မမွားဘူး။"
က်ိဳးယြမ္ဖုန္းက ကုယ်န္ရွန္း၏အေနာက္တြင္ရပ္ကာ စေနာက္လိုက္ၿပီး အခုထိ အၾကည့္မပ်က္ေသးတဲ့ ကုယ်န္ရွန္းက က်ိဳးယြမ္ဖုန္းရဲ႕ ရိသဲ့သဲ့စေနာက္သံကိုၾကားေပမယ့္ အေနာက္သို႔ ျပန္လွည့္မၾကည့္ဘဲ ဝမ္န်ဲ့န်န္ကိုသာ စိုက္ၾကည့္ေနရင္း ေမးလိုက္သည္။
"ယြမ္ဖုန္း . အေမက ငါ့ကို ခ်စ္တယ္လို႔ မင္းထင္လား။ ဒါမဟုတ္ သူ႕သားရဲ႕ ဘဝကိုအသုံးခ်ၿပီး အက်ိဳးအျမတ္ယူေနတယ္လို႔ မထင္ဘူးလား။ "
"ဘာ "
ကုယ်န္ရွန္း၏ အေမးေၾကာင့္ က်ိဳးယြမ္ဖုန္း အေတာ္အံ့ဩသြားသည္။
"ကုယ်န္ရွန္း မင္း ဘာေတြ ေျပာေနျပန္ၿပီလဲ။
အန္တီက မင္းကို မခ်စ္ပဲ ေနမလား။ ကြာရွင္းခ်င္တာနဲ႕ပဲ သူမ်ားေျပာတဲ့ စကားေတြကို နားေထာင္ၿပီး မဟုတ္တန္ရာေတြ ေမးမေနနဲ႕ "
"အာ မင္းလည္း အဲ့လိုပဲ ထင္တယ္ မဟုတ္လား။ ဒါဆို ေျပာပါအုံး ဝမ္န်ဲ့န်န္နဲ႕ လက္ထပ္ဖို႔ ငါ့ကို တြန္းအားေပးခဲ့တာက သူငါ့ကို ခ်စ္လို႔ပဲလား။ "
"မင္း ဘာျဖစ္ခ်င္ေနတာလဲ ကုယ်န္ရွန္း။ န်ဲ့န်န္က လူေကာင္းတစ္ေယာက္။ အဲ့လိုလူကို မင္းတစ္ေယာက္တည္းကပဲ ရက္ရက္စက္စက္ ဆက္ဆံၿပီး ထပ္ခါထပ္ခါ နာက်င္ေအာင္ လုပ္ေနတာ။ အန္တီလည္း မင္းအတြက္ အမ်ားႀကီး ေပးဆပ္ထားခဲ့တာ။ ဦးေႏွာက္မရွိတဲ့ လူတစ္ေယာက္လို ခ်န္းလုံအန္းအတြက္နဲ႕ အေမနဲ႕သားၾကားက ဆက္ဆံေရးကို ပ်က္စီးေအာင္ မလုပ္သင့္ဘူး။ "
"အဲ့ဒီေတာ့ ငါက ကြာရွင္းဖို႔ဆက္လုပ္ေနရင္ အေမနဲ႕သားၾကားက ဆက္ဆံေရးက ပ်က္စီးသြားမယ္ေပါ့။ "
"ကုယ်န္ရွန္း မင္း တကယ္ပဲ ဘာျဖစ္ေနတာလဲ။ ဒီလိုမ်ိဳး လုပ္ေနတာေတြ ရပ္တန႔္လို႔မရဘူးလား။ ကြာရွင္းတဲ့အေၾကာင္းက သားအမိဆက္ဆံေရးကို မဖ်က္စီးနိုင္ဘူး။ မင္းေခါင္းက ျမည္းနဲ႕ အကန္ခံထားရတာလား၊ ဒါမွမဟုတ္ မင္းရဲ႕ အေတြးအေခၚကပဲ ပ်က္စီးေနတာလား။ "
ကုယ်န္ရွန္းက ထမင္းစားခန္းထဲက ဝမ္န်ဲ့န်န္ကို စိုက္ၾကည့္လိုက္သည္။
"အေမက ငါ့ကို ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူး။ သူ ငါ့ကိုခ်စ္တယ္လို႔ ငါတစ္ခါမွ မခံစားရဘူး။ ငါ့အတြက္ ခ်န္းလုံအန္းတစ္ေယာက္ထဲကပဲ အနားမွာ ရွိေပးၿပီး ခ်စ္ေပးေနတယ္လို႔ ခံစားရတယ္။ သူက ငါ့ဘဝကိုကယ္ဖို႔ အထိ လုပ္ေပးခဲ့တယ္။ သူကပဲ ငါ့ကို ခ်စ္တယ္။ ငါ ဒီလက္ထပ္ျခင္းကို အဆုံးသတ္မယ္။ ငါ့မွာသာ သက္ေသရွိရင္ အေမလည္း ငါ့ကို တားနိုင္မွာ မဟုတ္ဘူး။ "
"သက္ေသ ? ကုယ်န္ရွန္း မင္း ဘာလုပ္အုံးမလို႔လဲ။ "
က်ိဳးယြမ္ဖုန္းရဲ႕ အေမးကို မေျဖခင္ ကုယ်န္ရွန္း၏ဖုန္းက ႐ုတ္တရက္ အသံျမည္လာၿပီး ကုယ်န္ရွန္းက သူ႕အိတ္ထဲက ဖုန္းကိုထုတ္လိုက္သည္။
"အင္း "
တစ္ဖက္ကေျပာေနတဲ့ အသံကို နားေထာင္ေနရင္း ကုယ်န္ရွန္း၏မ်က္ဝန္းေတြက ခက္ထန္လာသည္။
တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းေတြနဲ႕ စိမ္းသက္လာေသာ မ်က္ႏွာအမူအရာျဖင့္ ထမင္းစားပြဲမွာထိုင္ေနတဲ့ ဝမ္န်ဲ့န်န္ကို စိုက္ၾကည့္ေနၿပီး သာမန္ထက္ပို၍သာလြန္ကာ ေအးစက္ေနေသာ ေလသံျဖင့္ တစ္ဖက္က ဖုန္းေခၚသူကို ျပန္ေျဖေန သည္။
"အင္း ငါသိၿပီ။ "
ဖုန္းေျပာၿပီးေနာက္ ကုယ်န္ရွန္းက သူ႕အေနာက္မွာရပ္ၿပီး နားမလည္နိုင္စြာ စိုက္ၾကည့္ေနတဲ့ က်ိဳးယြမ္ဖုန္းကို ျပန္လွည့္ၾကည့္လိုက္သည္။
"ေတြ႕လား။ သက္ေသက ဒီမွာပဲ။ မလြယ္ဘူးလား။ "
ေအးစက္စြာေျပာၿပီးေနာက္ ကုယ်န္ရွန္းက သူ႕အခန္းထဲသို႔ ျပန္ဝင္သြားခဲ့သည္။
အခုထိ ဘာအေၾကာင္းဆိုတာကို ေတြးၾကည့္လို႔ မရေသးတဲ့ က်ိဳးယြမ္ဖုန္းက ထိတ္လန႔္စြာနဲ႕ ေလွကားထိပ္မွာ ရပ္ေနၿပီး စိုးရိမ္သည့္ စိတ္မ်ားကလည္း အလိုလိုေနရင္း ျမင့္တက္လာခဲ့သည္။
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
Black 🌻 Lotus
Words-3880
May/13/2021
Wine.
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
Note.
မေန႕ကနဲ႕ မေန႕ရဲ႕မေန႕က မီးပ်က္လိုက္ wifi မရလိုက္နဲ႕ စာလည္း မေရးျဖစ္ဘူး။
ဒါနဲ႕ပဲ စိတ္နာနာနဲ႕ black lotus ကိုအဆုံးထိ ျပန္ဖတ္လိုက္တယ္။
ရွင္တို႔ရဲ႕ အသာက wedding songs list ႀကီးဖြင့္ၿပီးေတာ့ေလ။ 😅😅😅😅
wedding အတြက္သီခ်င္းေတာင္ ရွာေနခဲ့တာ။
🌻
ပ်ားရည္က ခ်ိဳလြန္းေတာ့
အခါးဓာတ္ေလးနည္းနည္းပါေပမယ့္
အဆင္ေျပပါတယ္။
အတိတ္ရဲ႕အရိပ္ေတြ မဖုံးလႊမ္းပဲ
ဆက္ၿပီးလင္းလက္ေနမယ့္
သူတို႔ေလးေတြရဲ႕ ေန႕ရက္တိုင္းမွာ
ေလေျပေလးေတြသာ ရွိေနဖို႔ ...
ဆုေတာင္းေပးခဲ့တယ္။
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_