Zawgyi
"အဲ့ဒီေတာ့ မင္းနဲ႔ေဆာင္းဦးနဲ႔က ဘာဆက္လုပ္ၾကမွာလဲ"
"ေနပါဦး။အဲ့ဒါဆိုမင္းနဲ႔သူကတြဲေနေသးတာေပါ့"
"ဒီေကာင္ကေတာ့ ငါလုပ္ေတာ့မယ္။တြဲေနေသးတာေပါ့ကြ"
"မသိဘူးေလ။မင္းပဲေျပာေတာ့ ေဆာင္းဦးကမင္းကိုလမ္းခြဲမယ္ေျပာတယ္ဆို"
"သူလမ္းခြဲမယ္ေျပာေပမယ့္ ငါ့မွလက္မခံတာ အ႐ူးရဲ႕။ငါကသူ႔ကိုစိတ္ပဲဆိုးေနတာ"
"မင္းကသူ႔ကိုစိတ္ဆိုးေနတယ္၊ဟုတ္လား"
ႏွစ္ေယာက္စလုံးထံမွ အသံအက်ယ္ႀကီးထြက္လာေသာေၾကာင့္ အားႀကိဳးမာန္တက္ေျပာေနေသာထက္ဘုန္းပင္ နည္းနည္းလန္႔သြားရသည္။
"မင္းတို႔ကလည္းျဖည္းျဖည္းေျပာေလ။ဘာျဖစ္လို႔ေအာ္ေျပာေနရတာလဲ"
"ထူးဆန္းလို႔ေပါ့ကြ။မွားတာကမင္းေလ။အဲ့ဒါကိုဘယ္လိုျဖစ္လို႔ မင္းကစိတ္ဆိုးေနရတာလဲ"
"ဟာ ငါမွားတာကမွန္တယ္ေလကြာ။ဒါေပမယ့္သူကငါ့ကိုလမ္းခြဲမယ္လို႔ခဏခဏေျပာတာကေတာ့ သူမွားတယ္ေလ။အဲ့ဒါေၾကာင့္ သူငါ့ကိုျပန္ေခ်ာ့ရမယ္"
"ေဆာင္းဦးကမင္းကိုျပန္ေခ်ာ့ဦးမယ္။ငါေတာ့မင္းအေခ်ာ့ခံရဖို႔လမ္းမျမင္"
"ဟားဟား ငါေရာပဲ"
"ဟင္ ဘာလို႔လဲ။ငါကေသခ်ာေပါက္အေခ်ာ့ခံသင့္တာေလကြာ မဟုတ္ဘူးလား"
"ဒီငတုံးကေတာ့ကြာ၊ငါလုပ္မိေတာ့မယ္။သူအမွားလုပ္မိတာမွန္တယ္ေလ။ဒါေပမယ့္ မင္းကသူ႔ေရွ႕မွာသူမ်ားနဲ႔နမ္းထားတာေလ"
"ငါကတမင္သက္သက္နမ္းတာမွမဟုတ္တာ။အဲ့တုန္းကရွင္ေႏွာင္းကသူ႔ဘာသာသူ ေခ်ာ္လဲခ်င္ေယာင္ေဆာင္ၿပီး ငါ့ကိုလာနမ္းတာကိုကြာ"
"ေအးေလ၊ငါတို႔ကသိေပမယ့္ ေဆာင္းဦးကသိလား။မင္းေဆာင္းဦးကိုစိတ္ရွည္ရွည္နဲ႔ ေသခ်ာရွင္းျပလား ဟမ္"
"ဟင့္အင္း မရွင္းျပရေသးဘူး"
မ်က္ႏွာငယ္ေလးႏွင့္ထပ္ေျပာလာေတာ့ ေကာင္းထက္တို႔ဘာေျပာရမွန္းပင္မသိေတာ့၊သက္ျပင္းသာခ်၍ သူ႔ကိုစိတ္ညစ္သလိုပုံစံႏွင့္ၾကည့္ေနေသာေၾကာင့္ ထက္ဘုန္းမ်က္ႏွာကပို၍ပင္မဲ့လာၿပီး ငိုေတာ့မည့္ပုံပင္ေပါက္ေနသည္။
"အဲ့ေတာ့ငါဘာလုပ္သင့္လဲဟင္။ငါ့ကိုေျပာျပပါဦး။ငါ့မွာတိုင္ပင္စရာမင္းတို႔ပဲရွိတာ။ေနာ္ ငါ့ကိုအႀကံေလးဘာေလးေပးပါေနာ္"
"ထက္ဘုန္းညီတို႔လုပ္ခ်င္တာလုပ္ၿပီးမွ ေနာင္တေတြစြတ္ရေနတာပဲ"
"ေအးကြာ၊ျဖစ္ခ်င္ေတာ့သူ႔ရဲ႕အဲ့ပုံစံကသနားစရာေကာင္းဖို႔ေနေနသာသာ အျမင္ကပ္ဖို႔ေတာင္ေကာင္းေနတယ္ကြာ"
"မင္းတို႔ႏွစ္ေယာက္ကငါ့ကိုဆိုေျပာဖို႔ပဲ။ဒါလား၊သူငယ္ခ်င္းေကာင္း။သြား၊သြား၊မင္းတို႔ႏွစ္ေယာက္စလုံးငါ့မ်က္စိေရွ႕က ထြက္သြားလိုက္ေတာ့"
"ဟဲဟဲ ထက္ဘုန္းကလည္းငါတို႔ကစတာကို"
"ငါတို႔ကမင္းစိတ္သက္သာရာရေအာင္ေျပာေပးလိုက္တာကြာ။မင္းမွာရင္ဖြင့္ေဖာ္ဆိုေတာ့ငါတို႔ပဲရွိတာသိတာေပါ့"
"အဲ့ဒီေတာ့ကြာ အခုမင္းမွားမွန္းမင္းသိၿပီမလား"
"အင္း သိသြားၿပီ"
"အဲ့ဒါေၾကာင့္ေဆာင္းဦးေတာင္းပန္တာကိုေစာင့္မယ့္အစား မင္းကပဲသူ႔ကိုစေတာင္းပန္လိုက္။အဲ့ဒါမွမင္းတို႔ျမန္ျမန္အဆင္ျပန္ေျပမွာေပါ့"
"ဟုတ္လား၊အဲ့ဒါဆိုငါေဆာင္းဦးကိုအခုဖုန္းဆက္လိုက္မယ္"
"အာ မဟုတ္ဘူးေလကြာ။ဒီတိုင္းဖုန္းဆက္ၿပီးေျပာရင္ အေလးမထားတဲ့ပုံေပါက္ေနမွာေပါ့။လူခ်င္းေတြ႕ၿပီး ေျပာတာကပိုအဆင္ေျပတယ္ေလ။အဲ့ဒါမွေဆာင္းဦးကျမန္ျမန္စိတ္ဆိုးေျပမွာေပါ့"
"ေကာင္းထက္ေျပာတာဟုတ္တယ္။ဟိုကြာ သိလား။သူႀကိဳက္တာတစ္ခုခုကို ကိုယ္တိုင္လုပ္ၿပီးမွ သူ႔ကိုေတာင္းပန္တာျဖစ္ျဖစ္၊ဘာျဖစ္ျဖစ္ေပါ့"
"မင္းသူဘာႀကိဳက္လဲသိလား"
"အင္း ခဏ၊ငါစဥ္းစားၾကည့္လိုက္ဦးမယ္။သိၿပီ၊သိၿပီ။ေဆာင္းဦးက chocolate အရမ္းႀကိဳက္တာတဲ့၊ငါ့ကိုၿဖိဳးဉာဏ္တစ္ခါေျပာဖူးတယ္ေလ။မင္းတို႔လည္းမွတ္မိတယ္မလား"
"ဪ မွတ္မိၿပီ။ဟိုးအရင္တုန္းကေဆာင္းဦးကမင္းကိုသူ႔ေခြးနဲ႔မွားနမ္းမိတဲ့ေန႔တုန္းကမလား"
"အဟမ္း မင္းတို႔ကလည္းအဲ့အေၾကာင္းကိုအစျပန္မေဖာ္နဲ႔ေလကြာ"
"ဟဲဟဲ ႐ုတ္တရက္ျပန္မွတ္မိသြားလို႔ပါကြာ။ငါတို႔ေျပာတာဟုတ္တယ္မလား"
"ဟုတ္တယ္၊အင္း အဲ့ဒါဆိုလိုတဲ့ပစၥည္းေတြသြားဝယ္ရမယ္။အရင္တုန္းက chocolate စမ္းလုပ္ၾကည့္ဖူးလို႔ေတာ္ေသးတာေပါ့။အာ သုံးနာရီေတာင္ရွိေနၿပီပဲ။ငါလိုတာေတြသြားဝယ္ဦးမယ္။မင္းတို႔ႏွစ္ေယာက္ကေရာ ေနဦးမွာလား"
"ဟင့္အင္း ငါတို႔လည္းျပန္ေတာ့မယ္ေလ။လုပ္စရာရွိေသးလို႔"
"အင္း ဟုတ္ၿပီ။အဲ့ဒါဆိုငါနဲ႔အတူတူထြက္ၾကတာေပါ့။ခဏ၊ငါအဝတ္အစားသြားလဲလိုက္ဦးမယ္"
"သြား၊သြား"
ေကာင္းထက္တို႔ကိုေျပာၿပီးေနာက္ ထက္ဘုန္းအခန္းထဲကိုေျပးဝင္လာခဲ့သည္။အရင္ဆုံးေတြ႕ေသာအဝတ္အစားတစ္စုံကိုထုတ္လိုက္ၿပီးေနာက္ လိုအပ္တာေတြယူကာ အိမ္မွထြက္လာခဲ့သည္။
ဝယ္ရမည့္ပစၥည္းေတြကို စာ႐ြက္တစ္ခုမွာမွတ္ၿပီးေနာက္ အနီးအနားရွိ mall တစ္ခုကိုထြက္လာလိုက္သည္။သူလိုအပ္ေသာပစၥည္းေတြ ဝယ္ၿပီးေနာက္ counter မွာပိုက္ဆံရွင္းရန္ေစာင့္ေနရင္း အခ်ိန္ကိုၾကည့္လိုက္ေတာ့ ေလးနာရီ။
"ဒီအခ်ိန္ဆိုင္ကိုသြားရင္မွီေလာက္မယ္ထင္တယ္"
ထိုမွတစ္ဆင့္ သူတို႔သူငယ္ခ်င္းေတြစုဖြင့္ထားေသာဆိုင္ကိုေမာင္းလာလိုက္သည္။ဆိုင္မွာဆို အသုံးအေဆာင္ေတြကပိုစုံတယ္မဟုတ္လား။ဆိုင္ကိုေရာက္ေတာ့ သူဝယ္ထားတာေတြကိုယူၿပီး အေနာက္ဖက္သို႔ဝင္ခဲ့သည္။သူ႔ကိုေတြ႕ေတာ့ ႏႈိင္းကခ်က္ခ်င္းေျပးလာ၍ ႏႈတ္ဆက္သည္။
"ဟာ ကိုထက္၊ဒီကိုလာတာလား"
"အင္း ဟုတ္တယ္၊လုပ္စရာရွိလို႔။ညီကေရာဘယ္လိုျဖစ္လို႔ ေရာက္လာတာလဲ"
"ဟီးဟီး ကိုကိုနဲ႔လိုက္လာတာ။ကိုကိုကအခုဘယ္ေပ်ာက္...ဪ ဟိုမွာလာၿပီ။ကိုကိုေရ ကိုထက္ေရာက္ေနတယ္"
ႏႈိင္း၏ေအာ္သံဆာဆာေလးေၾကာင့္ အလကၤာကသူတို႔နားကိုေျပးလာသည္။
"ႏႈိင္းေလးရယ္ ျဖည္းျဖည္းေအာ္ပါ၊အကုန္လုံးၾကည့္ကုန္ၾကၿပီ"
"ကိုကိုကလည္း၊ကြၽန္ေတာ္ကေျပာလည္းေျပာျပရေသးတယ္။စိတ္ဆိုးလိုက္ရမလား"
"ကိုယ္ကစတာကို။ဒါနဲ႔မင္းကဘာလာလုပ္တာလဲ။လက္ထဲမွာလည္းအထုတ္ေတြနဲ႔"
"ဒါလား၊ငါ့ေကာင္ေလးကိုေခ်ာ့မလို႔ ငါကိုယ္တိုင္ chocolate လုပ္ေပးမလို႔"
"ဝါး ကိုထက္က romantic ဆန္လိုက္တာ။ဟြန္း ကိုကိုက်ေတာ့ကြၽန္ေတာ့္ကိုတစ္ခါမွအဲ့လိုမလုပ္ေကြၽးဖူးဘူး"
"ႏႈိင္းစားခ်င္ရင္ကိုယ္လုပ္ေကြၽးမွာေပါ့"
"မဟုတ္ဘူးေလဗ်ာ။အဲ့လိုႀကီးက်ေတာ့ ဘယ္ရင္ခုန္စရာေကာင္းေတာ့မလဲ။ကိုကိုကတုံးလိုက္တာ။ကိုကို႔ကိုသုံးမိနစ္စိတ္ေကာက္မယ္။ကြၽန္ေတာ့္ကို စကားလာမေျပာနဲ႔ေနာ္"
ႏႈတ္ခမ္းတဆူဆူႏွင့္ေျပာၿပီး ႏႈိင္းကအေရွ႕ကိုထြက္သြားေတာ့ အလကၤာကရယ္ရင္းႏွင့္ သူ႔ေကာင္ေလးကိုအေျပးသြားဖက္ရွာသည္။သုံးမိနစ္စိတ္ေကာက္မည္ဆိုေသာ ႏႈိင္းကတစ္မိနစ္တည္းနဲ႔တင္ အလကၤာ့ကိုစိတ္ဆိုးေျပသြားရွာသည္။
သူတို႔ႏွင့္စကားေျပာၿပီးေတာ့ ထက္ဘုန္းလည္းလုပ္စရာရွိတာဆက္လုပ္ေနလိုက္သည္။ဒီကိုကလာေနက်မို႔လို႔ ဘယ္သူမွေတာ့အထူးအဆန္းမျဖစ္။အာ႐ုံစိုက္ကာ ေသခ်ာလုပ္ေနေသာသူ႔ပုံစံက လုံးဝကို boyfriend material ျဖစ္ေနေသာေၾကာင့္ မိန္းကေလးေတြက မ်က္လုံးတလက္လက္ႏွင့္ၾကည့္ေနၾကသည္။
သူအကုန္လုံးၿပီးစီးသြားေတာ့ အခ်ိန္ေတာင္ေတာ္ေတာ္လင့္ေနၿပီျဖစ္သည္။ေရခဲေသတၱာထဲမွာထည့္ထားေသာ ပုံစံခြက္ေလးမ်ားကို အျပင္ကိုထုတ္လိုက္ၿပီးေနာက္ သူဝယ္ထားေသာ ဘူးအျဖဴေရာင္ေလးထဲမွာ chocolate မ်ားကို ေသခ်ာစီ၍ထည့္လိုက္သည္။ဖဲႀကိဳးကိုတင္းေနေအာင္ ခ်ည္ေႏွာင္ၿပီးေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။
"ေနာက္ဆုံးေတာ့ၿပီးသြားၿပီ။ေဆာင္းဦးသေဘာက်ေလာက္မွာပါ။အာ ဆိုင္ပိတ္ခ်ိန္ေတာင္ေရာက္ေတာ့မွာပဲ။အလၤကာတို႔ေတာင္ျပန္သြားေလာက္ၿပီနဲ႔တူတယ္"
ဆိုင္ကလူေတြကိုအကုန္ႏႈတ္ဆက္ၿပီးေတာ့မွ သူ႔ကြန္ဒိုကိုျပန္လာခဲ့သည္။အခန္းကိုျပန္ေရာက္ေတာ့ အရင္ဆုံးမီးဖိုေခ်ာင္ထဲကိုဝင္ၿပီး သူလုပ္ထားေသာဘူးေလးကို ေရခဲေသတၱာထဲေသခ်ာျပန္ထည့္လိုက္သည္။အိပ္ရမည့္အခ်ိန္လည္းေရာက္ေနၿပီျဖစ္ေသာေၾကာင့္ ေနာက္ေန႔အတြက္ရင္ခုန္ရင္း သူခဏေလာက္အနားယူလိုက္ေတာ့သည္။
♤♤♤♤♤♤♤♤♤♤
ထက္ဘုန္းႏွင့္စကားေျပာၿပီးသည့္ေန႔မွစ၍ ေဆာင္းဦးအရင္လိုပုံမွန္ျပန္ျဖစ္သြားသည္။ပုံမွန္မျဖစ္တာကေတာ့ သူႏွင့္ထက္ဘုန္း၏ဆက္ဆံေရးပင္ျဖစ္သည္။သူႏွင့္ၿဖိဳးဉာဏ္ေက်ာင္းထဲကို ဝင္လာရင္း ကြင္းျပင္နားမွာလူေတြအုံေနေသာေၾကာင့္ ၿဖိဳးဉာဏ္ကသူ႔ဘက္ကိုလက္တို႔လာသည္။
"ေဆာင္းဦးဟိုနားမွာလူေတြအုံေနတယ္။သြားၾကည့္ရေအာင္"
"မင္းကလည္းငါတို႔နဲ႔မွမဆိုင္တာ။ကိုယ့္ဘာသာကိုယ္အခန္းထဲသြားမယ္ လာ"
"မင္းကလည္းခဏပဲေလကြာ။သြားၾကည့္ၾကမယ္လို႔"
"ေအးပါ၊ေအးပါ။အဲ့ဒါဆိုလည္းသြားၾကမယ္"
ၿဖိဳးဉာဏ္ကအေရွ႕ကေနထြက္သြားေတာ့ ေဆာင္းဦးလည္းသူ႔လြယ္အိတ္ကိုေသခ်ာကိုင္ကာ အေနာက္ကေနျဖည္းျဖည္းခ်င္းလိုက္လာသည္။လူအုပ္ၾကားထဲတိုးေဝွ႔ရင္း အေရွ႕နားကိုေရာက္ေတာ့ သူ႔မ်က္မွန္ကိုခြၽတ္လိုက္သည္။
"ေဆာင္းဦး ဟို...ဟိုမွာၾကည့္"
"ခဏေနဦး။ငါမ်က္မွန္သုတ္မလို႔"
"ျမန္ျမန္ၾကည့္ပါဆို"
"ဘာေတြအဲ့ေလာက္ထူးဆန္း...အယ္"
သူမ်က္မွန္ကိုျပန္တပ္ရင္းၾကည့္လိုက္ေတာ့ ထက္ဘုန္းႏွင့္ရွင္ေႏွာင္းကိုေတြ႕လိုက္ရေသာေၾကာင့္ ပါးစပ္မွအသံတိုးတိုးေလးပင္ထြက္သြားသည္။ထက္ဘုန္းပုံစံကစိတ္ရႈပ္သည့္ပုံေပါက္ေနၿပီး ရွင္ေႏွာင္းကသူ႔လက္သူဆုပ္ကိုင္ရင္း စိတ္လႈပ္ရွားသည့္ပုံေပါက္ေနသည္။ဘာျဖစ္ေနမွန္း သူကိုယ္တိုင္လည္းနားမလည္ေသာေၾကာင့္ ဒီတိုင္းသာဆက္ၾကည့္ေနလိုက္ေတာ့သည္။
"အခုေႏွာင္းေျပာမယ့္စကားကိုေသခ်ာနားေထာင္ေပးေနာ္"
"ျမန္ျမန္ေျပာ၊ေနပူတယ္"
"အာ အင္းပါ။အဲ့ဒါကိုထက္သိၿပီးသားျဖစ္မွာေပမယ့္ ေႏွာင္းကိုယ္တိုင္ေျပာခ်င္လို႔"
"အင္း"
"ထက္ကို ေႏွာင္းအရမ္းခ်စ္တယ္"
'ဝိုး'
"ငါတို႔ရဲ႕ရွင္ေႏွာင္းေလးကဖြင့္ေျပာလိုက္ၿပီဟဲ့"
"အမေလး၊မ်က္ႏွာေလးကနီေနတာ ခ်စ္စရာေလး"
"ထက္ဘုန္းညီကျမန္ျမန္အေျဖမေပးဘူးဟယ္။ငါတို႔ကေလးက ေစာင့္ေနပါတယ္ဆိုမွ"
တစ္ေယာက္တစ္ေပါက္ႏွင့္ေျပာဆိုေနသံမ်ားေၾကာင့္ ကြင္းတစ္ခုလုံးစကားေျပာသံမ်ားႏွင့္ ျပည့္ႏွက္သြားေတာ့သည္။ထိုျမင္ကြင္းကို မ်က္ေတာင္မခတ္ဘဲၾကည့္ေနရင္း ေဆာင္းဦးေခါင္းထဲတြင္ အေတြးမ်ားစြာေပၚလာသည္။ကိုထက္သူ႔အပိုင္ဟူေသာ အတၱေသးေသးေလးက ခ်က္ခ်င္းေခါင္းထဲဝင္လာေသာေၾကာင့္ သူ႔ကိုယ္သူပင္မသိလိုက္ဘဲ ထိုနားကိုေျပးသြားလိုက္မိသည္။
♤♤♤♤♤♤♤♤♤♤
Unicode
"အဲ့ဒီတော့ မင်းနဲ့ဆောင်းဦးနဲ့က ဘာဆက်လုပ်ကြမှာလဲ"
"နေပါဦး။အဲ့ဒါဆိုမင်းနဲ့သူကတွဲနေသေးတာပေါ့"
"ဒီကောင်ကတော့ ငါလုပ်တော့မယ်။တွဲနေသေးတာပေါ့ကွ"
"မသိဘူးလေ။မင်းပဲပြောတော့ ဆောင်းဦးကမင်းကိုလမ်းခွဲမယ်ပြောတယ်ဆို"
"သူလမ်းခွဲမယ်ပြောပေမယ့် ငါ့မှလက်မခံတာ အရူးရဲ့။ငါကသူ့ကိုစိတ်ပဲဆိုးနေတာ"
"မင်းကသူ့ကိုစိတ်ဆိုးနေတယ်၊ဟုတ်လား"
နှစ်ယောက်စလုံးထံမှ အသံအကျယ်ကြီးထွက်လာသောကြောင့် အားကြိုးမာန်တက်ပြောနေသောထက်ဘုန်းပင် နည်းနည်းလန့်သွားရသည်။
"မင်းတို့ကလည်းဖြည်းဖြည်းပြောလေ။ဘာဖြစ်လို့အော်ပြောနေရတာလဲ"
"ထူးဆန်းလို့ပေါ့ကွ။မှားတာကမင်းလေ။အဲ့ဒါကိုဘယ်လိုဖြစ်လို့ မင်းကစိတ်ဆိုးနေရတာလဲ"
"ဟာ ငါမှားတာကမှန်တယ်လေကွာ။ဒါပေမယ့်သူကငါ့ကိုလမ်းခွဲမယ်လို့ခဏခဏပြောတာကတော့ သူမှားတယ်လေ။အဲ့ဒါကြောင့် သူငါ့ကိုပြန်ချော့ရမယ်"
"ဆောင်းဦးကမင်းကိုပြန်ချော့ဦးမယ်။ငါတော့မင်းအချော့ခံရဖို့လမ်းမမြင်"
"ဟားဟား ငါရောပဲ"
"ဟင် ဘာလို့လဲ။ငါကသေချာပေါက်အချော့ခံသင့်တာလေကွာ မဟုတ်ဘူးလား"
"ဒီငတုံးကတော့ကွာ၊ငါလုပ်မိတော့မယ်။သူအမှားလုပ်မိတာမှန်တယ်လေ။ဒါပေမယ့် မင်းကသူ့ရှေ့မှာသူများနဲ့နမ်းထားတာလေ"
"ငါကတမင်သက်သက်နမ်းတာမှမဟုတ်တာ။အဲ့တုန်းကရှင်နှောင်းကသူ့ဘာသာသူ ချော်လဲချင်ယောင်ဆောင်ပြီး ငါ့ကိုလာနမ်းတာကိုကွာ"
"အေးလေ၊ငါတို့ကသိပေမယ့် ဆောင်းဦးကသိလား။မင်းဆောင်းဦးကိုစိတ်ရှည်ရှည်နဲ့ သေချာရှင်းပြလား ဟမ်"
"ဟင့်အင်း မရှင်းပြရသေးဘူး"
မျက်နှာငယ်လေးနှင့်ထပ်ပြောလာတော့ ကောင်းထက်တို့ဘာပြောရမှန်းပင်မသိတော့၊သက်ပြင်းသာချ၍ သူ့ကိုစိတ်ညစ်သလိုပုံစံနှင့်ကြည့်နေသောကြောင့် ထက်ဘုန်းမျက်နှာကပို၍ပင်မဲ့လာပြီး ငိုတော့မည့်ပုံပင်ပေါက်နေသည်။
"အဲ့တော့ငါဘာလုပ်သင့်လဲဟင်။ငါ့ကိုပြောပြပါဦး။ငါ့မှာတိုင်ပင်စရာမင်းတို့ပဲရှိတာ။နော် ငါ့ကိုအကြံလေးဘာလေးပေးပါနော်"
"ထက်ဘုန်းညီတို့လုပ်ချင်တာလုပ်ပြီးမှ နောင်တတွေစွတ်ရနေတာပဲ"
"အေးကွာ၊ဖြစ်ချင်တော့သူ့ရဲ့အဲ့ပုံစံကသနားစရာကောင်းဖို့နေနေသာသာ အမြင်ကပ်ဖို့တောင်ကောင်းနေတယ်ကွာ"
"မင်းတို့နှစ်ယောက်ကငါ့ကိုဆိုပြောဖို့ပဲ။ဒါလား၊သူငယ်ချင်းကောင်း။သွား၊သွား၊မင်းတို့နှစ်ယောက်စလုံးငါ့မျက်စိရှေ့က ထွက်သွားလိုက်တော့"
"ဟဲဟဲ ထက်ဘုန်းကလည်းငါတို့ကစတာကို"
"ငါတို့ကမင်းစိတ်သက်သာရာရအောင်ပြောပေးလိုက်တာကွာ။မင်းမှာရင်ဖွင့်ဖော်ဆိုတော့ငါတို့ပဲရှိတာသိတာပေါ့"
"အဲ့ဒီတော့ကွာ အခုမင်းမှားမှန်းမင်းသိပြီမလား"
"အင်း သိသွားပြီ"
"အဲ့ဒါကြောင့်ဆောင်းဦးတောင်းပန်တာကိုစောင့်မယ့်အစား မင်းကပဲသူ့ကိုစတောင်းပန်လိုက်။အဲ့ဒါမှမင်းတို့မြန်မြန်အဆင်ပြန်ပြေမှာပေါ့"
"ဟုတ်လား၊အဲ့ဒါဆိုငါဆောင်းဦးကိုအခုဖုန်းဆက်လိုက်မယ်"
"အာ မဟုတ်ဘူးလေကွာ။ဒီတိုင်းဖုန်းဆက်ပြီးပြောရင် အလေးမထားတဲ့ပုံပေါက်နေမှာပေါ့။လူချင်းတွေ့ပြီး ပြောတာကပိုအဆင်ပြေတယ်လေ။အဲ့ဒါမှဆောင်းဦးကမြန်မြန်စိတ်ဆိုးပြေမှာပေါ့"
"ကောင်းထက်ပြောတာဟုတ်တယ်။ဟိုကွာ သိလား။သူကြိုက်တာတစ်ခုခုကို ကိုယ်တိုင်လုပ်ပြီးမှ သူ့ကိုတောင်းပန်တာဖြစ်ဖြစ်၊ဘာဖြစ်ဖြစ်ပေါ့"
"မင်းသူဘာကြိုက်လဲသိလား"
"အင်း ခဏ၊ငါစဉ်းစားကြည့်လိုက်ဦးမယ်။သိပြီ၊သိပြီ။ဆောင်းဦးက chocolate အရမ်းကြိုက်တာတဲ့၊ငါ့ကိုဖြိုးဉာဏ်တစ်ခါပြောဖူးတယ်လေ။မင်းတို့လည်းမှတ်မိတယ်မလား"
"ဪ မှတ်မိပြီ။ဟိုးအရင်တုန်းကဆောင်းဦးကမင်းကိုသူ့ခွေးနဲ့မှားနမ်းမိတဲ့နေ့တုန်းကမလား"
"အဟမ်း မင်းတို့ကလည်းအဲ့အကြောင်းကိုအစပြန်မဖော်နဲ့လေကွာ"
"ဟဲဟဲ ရုတ်တရက်ပြန်မှတ်မိသွားလို့ပါကွာ။ငါတို့ပြောတာဟုတ်တယ်မလား"
"ဟုတ်တယ်၊အင်း အဲ့ဒါဆိုလိုတဲ့ပစ္စည်းတွေသွားဝယ်ရမယ်။အရင်တုန်းက chocolate စမ်းလုပ်ကြည့်ဖူးလို့တော်သေးတာပေါ့။အာ သုံးနာရီတောင်ရှိနေပြီပဲ။ငါလိုတာတွေသွားဝယ်ဦးမယ်။မင်းတို့နှစ်ယောက်ကရော နေဦးမှာလား"
"ဟင့်အင်း ငါတို့လည်းပြန်တော့မယ်လေ။လုပ်စရာရှိသေးလို့"
"အင်း ဟုတ်ပြီ။အဲ့ဒါဆိုငါနဲ့အတူတူထွက်ကြတာပေါ့။ခဏ၊ငါအဝတ်အစားသွားလဲလိုက်ဦးမယ်"
"သွား၊သွား"
ကောင်းထက်တို့ကိုပြောပြီးနောက် ထက်ဘုန်းအခန်းထဲကိုပြေးဝင်လာခဲ့သည်။အရင်ဆုံးတွေ့သောအဝတ်အစားတစ်စုံကိုထုတ်လိုက်ပြီးနောက် လိုအပ်တာတွေယူကာ အိမ်မှထွက်လာခဲ့သည်။
ဝယ်ရမည့်ပစ္စည်းတွေကို စာရွက်တစ်ခုမှာမှတ်ပြီးနောက် အနီးအနားရှိ mall တစ်ခုကိုထွက်လာလိုက်သည်။သူလိုအပ်သောပစ္စည်းတွေ ဝယ်ပြီးနောက် counter မှာပိုက်ဆံရှင်းရန်စောင့်နေရင်း အချိန်ကိုကြည့်လိုက်တော့ လေးနာရီ။
"ဒီအချိန်ဆိုင်ကိုသွားရင်မှီလောက်မယ်ထင်တယ်"
ထိုမှတစ်ဆင့် သူတို့သူငယ်ချင်းတွေစုဖွင့်ထားသောဆိုင်ကိုမောင်းလာလိုက်သည်။ဆိုင်မှာဆို အသုံးအဆောင်တွေကပိုစုံတယ်မဟုတ်လား။ဆိုင်ကိုရောက်တော့ သူဝယ်ထားတာတွေကိုယူပြီး အနောက်ဖက်သို့ဝင်ခဲ့သည်။သူ့ကိုတွေ့တော့ နှိုင်းကချက်ချင်းပြေးလာ၍ နှုတ်ဆက်သည်။
"ဟာ ကိုထက်၊ဒီကိုလာတာလား"
"အင်း ဟုတ်တယ်၊လုပ်စရာရှိလို့။ညီကရောဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"
"ဟီးဟီး ကိုကိုနဲ့လိုက်လာတာ။ကိုကိုကအခုဘယ်ပျောက်...ဪ ဟိုမှာလာပြီ။ကိုကိုရေ ကိုထက်ရောက်နေတယ်"
နှိုင်း၏အော်သံဆာဆာလေးကြောင့် အလင်္ကာကသူတို့နားကိုပြေးလာသည်။
"နှိုင်းလေးရယ် ဖြည်းဖြည်းအော်ပါ၊အကုန်လုံးကြည့်ကုန်ကြပြီ"
"ကိုကိုကလည်း၊ကျွန်တော်ကပြောလည်းပြောပြရသေးတယ်။စိတ်ဆိုးလိုက်ရမလား"
"ကိုယ်ကစတာကို။ဒါနဲ့မင်းကဘာလာလုပ်တာလဲ။လက်ထဲမှာလည်းအထုတ်တွေနဲ့"
"ဒါလား၊ငါ့ကောင်လေးကိုချော့မလို့ ငါကိုယ်တိုင် chocolate လုပ်ပေးမလို့"
"ဝါး ကိုထက်က romantic ဆန်လိုက်တာ။ဟွန်း ကိုကိုကျတော့ကျွန်တော့်ကိုတစ်ခါမှအဲ့လိုမလုပ်ကျွေးဖူးဘူး"
"နှိုင်းစားချင်ရင်ကိုယ်လုပ်ကျွေးမှာပေါ့"
"မဟုတ်ဘူးလေဗျာ။အဲ့လိုကြီးကျတော့ ဘယ်ရင်ခုန်စရာကောင်းတော့မလဲ။ကိုကိုကတုံးလိုက်တာ။ကိုကို့ကိုသုံးမိနစ်စိတ်ကောက်မယ်။ကျွန်တော့်ကို စကားလာမပြောနဲ့နော်"
နှုတ်ခမ်းတဆူဆူနှင့်ပြောပြီး နှိုင်းကအရှေ့ကိုထွက်သွားတော့ အလင်္ကာကရယ်ရင်းနှင့် သူ့ကောင်လေးကိုအပြေးသွားဖက်ရှာသည်။သုံးမိနစ်စိတ်ကောက်မည်ဆိုသော နှိုင်းကတစ်မိနစ်တည်းနဲ့တင် အလင်္ကာ့ကိုစိတ်ဆိုးပြေသွားရှာသည်။
သူတို့နှင့်စကားပြောပြီးတော့ ထက်ဘုန်းလည်းလုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။ဒီကိုကလာနေကျမို့လို့ ဘယ်သူမှတော့အထူးအဆန်းမဖြစ်။အာရုံစိုက်ကာ သေချာလုပ်နေသောသူ့ပုံစံက လုံးဝကို boyfriend material ဖြစ်နေသောကြောင့် မိန်းကလေးတွေက မျက်လုံးတလက်လက်နှင့်ကြည့်နေကြသည်။
သူအကုန်လုံးပြီးစီးသွားတော့ အချိန်တောင်တော်တော်လင့်နေပြီဖြစ်သည်။ရေခဲသေတ္တာထဲမှာထည့်ထားသော ပုံစံခွက်လေးများကို အပြင်ကိုထုတ်လိုက်ပြီးနောက် သူဝယ်ထားသော ဘူးအဖြူရောင်လေးထဲမှာ chocolate များကို သေချာစီ၍ထည့်လိုက်သည်။ဖဲကြိုးကိုတင်းနေအောင် ချည်နှောင်ပြီးတော့မှ သက်ပြင်းချနိုင်တော့သည်။
"နောက်ဆုံးတော့ပြီးသွားပြီ။ဆောင်းဦးသဘောကျလောက်မှာပါ။အာ ဆိုင်ပိတ်ချိန်တောင်ရောက်တော့မှာပဲ။အင်္လကာတို့တောင်ပြန်သွားလောက်ပြီနဲ့တူတယ်"
ဆိုင်ကလူတွေကိုအကုန်နှုတ်ဆက်ပြီးတော့မှ သူ့ကွန်ဒိုကိုပြန်လာခဲ့သည်။အခန်းကိုပြန်ရောက်တော့ အရင်ဆုံးမီးဖိုချောင်ထဲကိုဝင်ပြီး သူလုပ်ထားသောဘူးလေးကို ရေခဲသေတ္တာထဲသေချာပြန်ထည့်လိုက်သည်။အိပ်ရမည့်အချိန်လည်းရောက်နေပြီဖြစ်သောကြောင့် နောက်နေ့အတွက်ရင်ခုန်ရင်း သူခဏလောက်အနားယူလိုက်တော့သည်။
♤♤♤♤♤♤♤♤♤♤
ထက်ဘုန်းနှင့်စကားပြောပြီးသည့်နေ့မှစ၍ ဆောင်းဦးအရင်လိုပုံမှန်ပြန်ဖြစ်သွားသည်။ပုံမှန်မဖြစ်တာကတော့ သူနှင့်ထက်ဘုန်း၏ဆက်ဆံရေးပင်ဖြစ်သည်။သူနှင့်ဖြိုးဉာဏ်ကျောင်းထဲကို ဝင်လာရင်း ကွင်းပြင်နားမှာလူတွေအုံနေသောကြောင့် ဖြိုးဉာဏ်ကသူ့ဘက်ကိုလက်တို့လာသည်။
"ဆောင်းဦးဟိုနားမှာလူတွေအုံနေတယ်။သွားကြည့်ရအောင်"
"မင်းကလည်းငါတို့နဲ့မှမဆိုင်တာ။ကိုယ့်ဘာသာကိုယ်အခန်းထဲသွားမယ် လာ"
"မင်းကလည်းခဏပဲလေကွာ။သွားကြည့်ကြမယ်လို့"
"အေးပါ၊အေးပါ။အဲ့ဒါဆိုလည်းသွားကြမယ်"
ဖြိုးဉာဏ်ကအရှေ့ကနေထွက်သွားတော့ ဆောင်းဦးလည်းသူ့လွယ်အိတ်ကိုသေချာကိုင်ကာ အနောက်ကနေဖြည်းဖြည်းချင်းလိုက်လာသည်။လူအုပ်ကြားထဲတိုးဝှေ့ရင်း အရှေ့နားကိုရောက်တော့ သူ့မျက်မှန်ကိုချွတ်လိုက်သည်။
"ဆောင်းဦး ဟို...ဟိုမှာကြည့်"
"ခဏနေဦး။ငါမျက်မှန်သုတ်မလို့"
"မြန်မြန်ကြည့်ပါဆို"
"ဘာတွေအဲ့လောက်ထူးဆန်း...အယ်"
သူမျက်မှန်ကိုပြန်တပ်ရင်းကြည့်လိုက်တော့ ထက်ဘုန်းနှင့်ရှင်နှောင်းကိုတွေ့လိုက်ရသောကြောင့် ပါးစပ်မှအသံတိုးတိုးလေးပင်ထွက်သွားသည်။ထက်ဘုန်းပုံစံကစိတ်ရှုပ်သည့်ပုံပေါက်နေပြီး ရှင်နှောင်းကသူ့လက်သူဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားသည့်ပုံပေါက်နေသည်။ဘာဖြစ်နေမှန်း သူကိုယ်တိုင်လည်းနားမလည်သောကြောင့် ဒီတိုင်းသာဆက်ကြည့်နေလိုက်တော့သည်။
"အခုနှောင်းပြောမယ့်စကားကိုသေချာနားထောင်ပေးနော်"
"မြန်မြန်ပြော၊နေပူတယ်"
"အာ အင်းပါ။အဲ့ဒါကိုထက်သိပြီးသားဖြစ်မှာပေမယ့် နှောင်းကိုယ်တိုင်ပြောချင်လို့"
"အင်း"
"ထက်ကို နှောင်းအရမ်းချစ်တယ်"
'ဝိုး'
"ငါတို့ရဲ့ရှင်နှောင်းလေးကဖွင့်ပြောလိုက်ပြီဟဲ့"
"အမလေး၊မျက်နှာလေးကနီနေတာ ချစ်စရာလေး"
"ထက်ဘုန်းညီကမြန်မြန်အဖြေမပေးဘူးဟယ်။ငါတို့ကလေးက စောင့်နေပါတယ်ဆိုမှ"
တစ်ယောက်တစ်ပေါက်နှင့်ပြောဆိုနေသံများကြောင့် ကွင်းတစ်ခုလုံးစကားပြောသံများနှင့် ပြည့်နှက်သွားတော့သည်။ထိုမြင်ကွင်းကို မျက်တောင်မခတ်ဘဲကြည့်နေရင်း ဆောင်းဦးခေါင်းထဲတွင် အတွေးများစွာပေါ်လာသည်။ကိုထက်သူ့အပိုင်ဟူသော အတ္တသေးသေးလေးက ချက်ချင်းခေါင်းထဲဝင်လာသောကြောင့် သူ့ကိုယ်သူပင်မသိလိုက်ဘဲ ထိုနားကိုပြေးသွားလိုက်မိသည်။
♤♤♤♤♤♤♤♤♤♤