My Nerdy Boy

By serenity_han

48K 4.4K 381

You're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my ima... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56||Final||
Thank You!
New Fiction!

Chapter-49

466 62 2
By serenity_han

Zawgyi

ပိတ္ရက္ႏွစ္ရက္စလုံး ထက္ဘုန္းဆီမွဖုန္းေတြအဆက္မျပတ္ဝင္ေသာ္လည္း ေဆာင္းဦးမကိုင္ျဖစ္၊မကိုင္ခ်င္တာဆိုပိုမွန္မည္။သူကိုထက္ကိုခဏေလာက္ျဖစ္ျဖစ္ လ်စ္လ်ဴရႈခ်င္သည္။ၿပီးေတာ့ သူတို႔ေက်ာင္းgroupထဲမွာ ပြထေနေသာ ထက္ဘုန္းႏွင့္ရွင္ေႏွာင္းတို႔၏ ဓာတ္ပုံေျမာက္ျမားစြာမွာလည္း သူတို႔ႏွစ္ေယာက္ကဘယ္ေလာက္အထိလိုက္ဖက္ေၾကာင္းေရးထားေသာ comment ေပါင္းစုံ။

'ငါအစကတည္းကသိၿပီးသား၊သူတို႔ႏွစ္ေယာက္ကတစ္ခုခုပါဆို'

'ရွင္ေႏွာင္းကထက္ဘုန္းရင္ခြင္ထဲမွာ ေသးေသးေလးေတာ့။အသည္းယားဖို႔ေကာင္းလိုက္တာ'

'အား သူတို႔ကတကယ္လိုက္တာပဲ။အစက ထက္ဘုန္းညီကေဆာင္းဦးစက္နားမွာပူးကပ္ေနေတာ့ ရွင္ေႏွာင္းနဲ႔မျဖစ္ႏိုင္ေတာ့ဘူးထင္ေနတာ။ေနာက္ဆုံးေတာ့ ငါ့otpေလးကတကယ္ျဖစ္သြားၿပီ'

'ခစ္ခစ္ ရွင္ေႏွာင္းနဲ႔ထက္ဘုန္းသာႀကိဳက္ရင္ ေဆာင္းဦးစက္က third wheel ျဖစ္သြားမွာေပါ့။အဲ့တစ္ေယာက္ပုံစံကိုကထက္ဘုန္းကို အတင္းလိုက္ကပ္ေနတာႀကီး'

ထိုစာမ်ားကိုဆက္မျမင္ခ်င္ေသာေၾကာင့္ ဖုန္းကိုစားပြဲေပၚခ်ပစ္လိုက္သည္။စိတ္ညစ္ဖို႔ေကာင္းလိုက္တာ၊သူ႔နာမည္ကဘာလို႔ပါပါလာရတာလဲ။ၿပီးေတာ့ သူကိုထက္ကိုဆက္ယုံလို႔ေရာရေသးရဲ႕လား။

ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ သူတစ္ေယာက္တည္းကိုခ်စ္ႏိုင္တာေရာ ေသခ်ာရဲ႕လား။အဲ့လိုမေတြးမိခ်င္ေပမယ့္ အကယ္၍မ်ားကိုထက္ကရွင္ေႏွာင္းကို သေဘာက်သြားမိရင္ေရာ။ေဆာင္းဦးေခါင္းထဲတြင္ ေမးခြန္းေပါင္းေျမာက္ျမားစြာက ဆက္တိုက္ဆိုသလိုေပၚေပါက္လာသည္။

"ငယ္ေလး...ငယ္ေလး!"

"ဟင္ ဪ ဘာလဲ ကိုႀကီး"

"ေက်ာင္းမသြားဘူးလား၊ၿဖိဳးဉာဏ္ေတာင္ေရာက္ေနၿပီကို။မွန္းစမ္း ေနလို႔မေကာင္းလို႔လား ငယ္ေလး"

ေလျပည္ကကိုယ္ပူစမ္းၾကည့္ဖို႔လုပ္ေတာ့ ေဆာင္းဦးလည္းအသည္းအသန္ေခါင္းခါရင္း ျငင္းရွာသည္။

"ကြၽန္ေတာ္ေနလို႔ေကာင္းပါတယ္၊ဘာမွမျဖစ္ပါဘူး။အဲ့ဒါဆိုကြၽန္ေတာ္သြားေတာ့မယ္ေနာ္"

"ေနပါဦး၊ပန္းကန္ထဲမွာမုန္႔ေတြေတာင္ မေလ်ာ့ေသးဘူးေလ။ဗိုက္ဆာရင္ဘယ္လိုလုပ္မလဲ"

"ဗိုက္သိပ္မဆာလို႔၊ေက်ာင္းေရာက္မွပဲေန႔လယ္စာစားလိုက္ေတာ့မယ္။ကြၽန္ေတာ့္ကိုစိတ္မပူပါနဲ႔ဆို။ၿဖိဳးဉာဏ္ေစာင့္ေနတာၾကာၿပီထင္တယ္။အာ အခ်ိန္ေတာင္သိပ္မလိုေတာ့ဘူးပဲ။သြားေတာ့မယ္ေနာ္ တာ့တာ"

လြယ္အိတ္ကိုလြယ္၍ အသည္းအသန္ေျပးထြက္သြားေသာ ငယ္ေလးေၾကာင့္ ေလျပည္သက္ျပင္းခ်လိုက္သည္။ငယ္ေလးကအစကတည္းက တစ္ေယာက္တည္းၿငိမ္ၿငိမ္ေလးေနတတ္ေသာသူမ်ိဳးျဖစ္ေပမယ့္ ဒီရက္ပိုင္းပိုၿငိမ္လာသည္။ဘာေၾကာင့္လဲဆိုတာကို ကေလးကမေမးခိုင္းေသာေၾကာင့္ သူလည္းေသခ်ာမသိ။

"ငယ္ေလး အခုရက္ပိုင္းဘာျဖစ္ေနတာပါလိမ့္"

ကားေပၚရက္ေတာ့ ၿဖိဳးဉာဏ္ကသူ႔ဘက္ကိုလွည့္၍ေမးလာသည္။

"ေဆာင္းဦး"

"အင္း ေျပာ"

"အဆင္ေျပသြားၿပီလား"

"ဟင္ ဘာကိုလဲ။ငါအစကတည္းကအဆင္ေျပပါတယ္"

"ေအးပါ၊ထက္ဘုန္းနဲ႔ေသခ်ာစကားေျပာလိုက္ဦးေနာ္။ၿပီးေတာ့ သူေျပာတာကိုေသခ်ာနားေထာင္လိုက္ေနာ္ ေဆာင္းဦး။မင္းတို႔ႏွစ္ေယာက္ ဘာမဟုတ္တဲ့ကိစၥနဲ႔ျပႆနာျဖစ္မွာကို ငါမလိုလားဘူး"

"ဘာမဟုတ္တဲ့ကိစၥတဲ့လား၊ထားပါေတာ့။ေက်ာင္းကိုေမာင္းေတာ့ေလ။ေနာက္က်ေတာ့မယ္"

ဘာမွဆက္မေျပာခ်င္လိုေသာပုံေပါက္ေနေသာသူ႔ပုံေၾကာင့္ ၿဖိဳးဉာဏ္လည္းဆက္မေမးေတာ့ဘဲ ေက်ာင္းသို႔သာတန္းေမာင္းလာလိုက္ေတာ့သည္။အခုခ်ိန္မွာ စိတ္ရႈပ္ေနမွာအေသအခ်ာပဲမို႔လို႔ သူဒီတိုင္းၿငိမ္ၿငိမ္ေလးေနတာက ပိုေကာင္းသည္မဟုတ္လား။

ေက်ာင္းကိုေရာက္ေတာ့ သူ႔ကိုသနားသလိုလို၊ဘာလိုလိုမ်က္လုံးႏွင့္ၾကည့္ေနေသာအၾကည့္တို႔ကို ဂ႐ုမစိုက္စြာအခန္းထဲကိုဝင္လာခဲ့သည္။သူဘာျဖစ္ေနလို႔ အဲ့ေလာက္ေတာင္ သူတို႔ကအဲ့လိုေတြၾကည့္ေနၾကရတာလဲ နားမလည္ႏိုင္ေတာ့။သူ႔ပုံစံကကိုထက္နားမွာ အဲ့ေလာက္ေတာင္တြယ္ကပ္ေနတဲ့ပုံေပါက္ေနတာလား။အဲ့လိုပုံစံမ်ိဳးနဲ႔ အာ႐ုံစိုက္ခံရတာကိုေတာ့ သူလုံးဝသေဘာမက်ပါ။

အခန္းထဲေရာက္ေရာက္လိုက္ခ်င္း ၾကားေနရေသာဆူညံသံေတြက သူ႔စိတ္ကိုပိုညစ္ညဴးေစသည္။ေဆာင္းဦးခုံမွာထိုင္လိုက္ေတာ့ ထက္ဘုန္းကေမာ့ကာမ်က္ႏွာငယ္ေလးႏွင့္ၾကည့္လာသည္။ထို႔ေနာက္ၿဖိဳးဉာဏ္ကို သူ႔နားလာဖို႔တိုးတိုးေလးေခၚလိုက္သည္။

"ဘာလဲ၊ဘာေျပာမလို႔လဲ"

"ဟဲဟဲ ၿဖိဳးဉာဏ္၊ငါ့ကိုတစ္ခုေလာက္ကူညီ။ဒီေန႔ငါေဆာင္းဦးေဘးမွာ ထိုင္ခ်င္တယ္"

"ေဟ့ေကာင္ ျဖစ္ပါ့မလား၊မင္းနဲ႔သူရန္ျဖစ္ထားတာေလ"

"ေအးေလကြာ၊အဲ့ဒါေၾကာင့္ ငါေသခ်ာျပန္ရွင္းျပခ်င္တယ္ေလ"

"ဟမ္ အဲ့လိုလား။အင္း အဲ့ဒါဆိုလည္းၿပီးေရာ။ေသခ်ာေတာ့ရွင္းျပေနာ္။မဟုတ္ရင္ျပႆနာပိုႀကီးသြားလိမ့္မယ္"

"သိပါတယ္ကြ၊ခ်က္ခ်င္းျပန္အဆင္ေျပသြားေစရမယ္"

ၿဖိဳးဉာဏ္ ေဆာင္းဦးကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ေခါင္းကိုငုံ႔၍သူ႔စာအုပ္ကိုသာစိုက္ၾကည့္ေနေသာေၾကာင့္ ထက္ဘုန္းႏွင့္အျမန္ေနရာလဲလိုက္သည္။ေဆာင္းဦးေဘးကိုေရာက္ေရာက္ခ်င္း ႏွစ္ရက္တာမေတြ႕ရေသာ မ်က္ႏွာေလးကို အရင္ဆုံးငုံ႔ၾကည့္လိုက္သည္။

ေဆာင္းဦးမ်က္ႏွာက ဘာခံစားခ်က္မွမရွိေသာသူတစ္ေယာက္ႏွင့္တူေနသည္။ၾကည့္ရတာ စိတ္ဆိုးေနေသးသည့္ပုံပင္။စားပြဲေပၚတင္ထားေသာလက္ကိုအုပ္ကာ ကိုင္လိုက္ေတာ့ သူ႔ဘက္ကိုလွည့္ၾကည့္လာသည္။

သူ႔ကိုလည္းေတြ႕ေရာ လက္ကို႐ုန္းပစ္လိုက္ေသာေၾကာင့္ ထက္ဘုန္းနည္းနည္းေအာင့္သက္သက္ျဖစ္သြားသည္။အတန္ၾကာေအာင္ ေလထုကၿငိမ္သက္ေနၿပီးေတာ့မွ ေဆာင္းဦးဘက္မွအသံရွင္းရွင္းေလးထြက္လာသည္။

"ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေက်ာင္းဆင္းရင္စကားေျပာၾကမလား"

"ဟင္ တကယ္လား၊ေျပာၾကမယ္ေလ။ကိုယ္လည္းမင္းကိုေျပာစရာေတြအမ်ားႀကီးရွိတယ္"

"အင္း၊ဆရာမလာၿပီ။တိတ္တိတ္ေနေတာ့"

"ဟုတ္ပါၿပီကြာ"

အူယားစြာႏွင့္ေခါင္းကိုဖြလိုက္ေတာ့ ေဆာင္းဦးဆီမွၿပဳံးရိပ္သန္းလာေသာမ်က္ဝန္းကို ျမင္လိုက္ရေသာေၾကာင့္ သူလည္းလိုက္ၿပဳံးမိလိုက္သည္။ဒီေကာင္ေလးက သိပ္ကိုခ်စ္စရာေကာင္းလြန္းလို႔ ဘယ္လိုလုပ္ရမလဲ။ဒီလိုႏွင့္ စာသင္ခ်ိန္သုံးခ်ိန္ဆက္တိုက္လုံးမွာ ေဆာင္းဦးကိုခိုးခိုးၾကည့္ရင္း ထက္ဘုန္းတစ္ေယာက္ အခ်ိန္ျဖဳန္းမိျပန္ေတာ့သည္။

အတန္းခ်ိန္ေတြၿပီးသြားေတာ့ သူတို႔ေန႔လယ္စာစားဖို႔သြားၾကသည္။ေဆာင္းဦးကသူ႔ကိုမေစာင့္ဘဲ ၿဖိဳးဉာဏ္ႏွင့္ထြက္သြားေသာေၾကာင့္ သူ႔ေနာက္ကိုလိုက္ဖို႔လုပ္ရသည္။ထိုစဥ္သူ႔ sweat shirt စကိုလာဆြဲေသာ လက္တစ္စုံ။လွည့္ၾကည့္လိုက္ေတာ့ ရွင္ေႏွာင္းျဖစ္ေနသည္။အတန္းထဲကသူေတြကလည္း သူတို႔ႏွစ္ေယာက္ကိုတၿပဳံးၿပဳံးႏွင့္ၾကည့္ေနၾကေသးသည္။

"ေႏွာင္းတို႔အတူတူသြားရေအာင္ေလ"

"က်စ္ ဖယ္စမ္းပါ။ငါ့မွာမင္းအတြက္အခ်ိန္မရွိဘူး"

ထိုစကားကိုေျပာၿပီးေနာက္ သူ႔ဆီမွ႐ုန္းထြက္လာခဲ့သည္။ေလွကားမွတစ္ဆင့္ခ်င္းဆင္းေနေသာေဆာင္းဦးကိုေတြ႕ေတာ့ သူနားကိုေျပးသြားကာ လက္ကိုယွက္ႏြယ္၍ကိုင္လိုက္သည္။

"ကိုထက္၊သူမ်ားေတြရွိတယ္ေလ။ကြၽန္ေတာ့္လက္ကိုလႊတ္ေပးလို႔ရမလား"

"ဘာျဖစ္လဲ။သူတို႔ၾကည့္ေတာ့ဘာလုပ္ရမွာလဲ"

"ဒါေပမယ့္ကြၽန္ေတာ္အဆင္မေျပဘူးေလ။ကြၽန္ေတာ့္ကိုနားလည္ေပးလို႔မရဘူးလား"

"ေဆာင္းဦး ဘာျဖစ္ေနတာလဲ။ကိုယ့္ကိုဘာလို႔အဲ့လိုဆက္ဆံေနရတာလဲ။ဟိုတစ္ေန႔ကကိစၥေၾကာင့္လား။ကိုယ္ေသခ်ာရွင္းျပမယ္ေလ။အဲ့ဒါေၾကာင့္ ကိုယ့္ကိုသူစိမ္းလိုမဆက္ဆံပါနဲ႔ ေက်းဇူးျပဳၿပီး"

"အဲ့ဒီကိစၥကိုညေနက်မွေသခ်ာေျပာၾကတာေပါ့။အခုကြၽန္ေတာ္ဗိုက္အရမ္းဆာေနၿပီ။မနက္ကတည္းကဘာမွမစားလာရေသးဘူး"

"ဟမ္ ဘာလို႔မစားလာရတာလဲ၊လာ ျမန္ျမန္သြားၾကမယ္။ဗိုက္ေတြေတာ့ေအာင့္ကုန္ေတာ့မွာပဲကြာ"

ေဆာင္းဦးလက္ကိုဆြဲရင္းေျပးထြက္သြားေသာေၾကာင့္ ၿဖိဳးဉာဏ္ကေတာ့ေခါင္းခါ၍သာ ျဖည္းျဖည္းခ်င္းဆက္ေလွ်ာက္လာခဲ့ေတာ့သည္။

Cafeteria ကိုေရာက္ေတာ့ အျမန္ဆုံးရမည့္ set ကိုမွာလိုက္သည္။ထိုင္ခုံမွာေနရာေသခ်ာခ်ေပးၿပီးမွ ေဆာင္းဦးကိုေသခ်ာျပင္ဆင္ေပးလိုက္သည္။သူကေတာ့ထက္ဘုန္းလုပ္သမွ်ကိုၿငိမ္ၿငိမ္ေလးေန၍သာ ထိုင္ၾကည့္ေနသည္။

"စားလို႔ရၿပီ၊ဗိုက္ဆာေနတယ္ဆိုေပမယ့္ ျဖည္းျဖည္းခ်င္းစားေနာ္"

"အင္း၊ကိုထက္လည္းစားေလ"

"ဘာလဲ၊ကိုယ့္ကိုစိတ္ပူေပးေနတာလား"

"....."

"ဘာမွေတာင္မေျပာပါလားကြာ။ထားပါေတာ့။ေဆာင္းဦးစကားကိုနားေထာင္မယ္ေနာ္"

ေကာင္းထက္တို႔ကေတာ့ သူတို႔ႏွစ္ေယာက္ေသခ်ာစကားေျပာလို႔ရေအာင္တျခားေနရာမွာ သြားစားေပးၾကသည္။အလိုက္ကန္းဆိုးမသိေသာ ရွင္ေႏွာင္းကေတာ့ထုံးစံအတိုင္း သူတို႔ေရွ႕မွာလာထိုင္သည္။

ဒါတင္မကေသးဘဲ ထက္ဘုန္းကိုသိသိသာသာေရာ၊မသိမသာပါလိုက္ဂ႐ုစိုက္ေပးေနေသာေၾကာင့္ ထိုင္ေနေသာသူအားလုံးဆီမွ အသံေပါင္းစုံထြက္လာသည္။

"ဝိုး ငါတို႔ရွင္ေႏွာင္းေလးကထက္ဘုန္းကိုအရမ္းဂ႐ုစိုက္တာပဲဟယ္"

"ေအးဟယ္၊အား အရမ္းခ်စ္စရာေကာင္းတာပဲ။တခ်ိဳ႕တခ်ိဳ႕ေတြနဲ႔မ်ားကြာပါ့။သူမ်ားေရွ႕မွာေတာ့ ဂ႐ုမစိုက္သလိုပုံစံနဲ႔ ေနာက္ကြယ္မွာေတာ့အတင္းေတြလိုက္ကပ္ေနတာ"

"ဟုတ္ပါ့၊အဲ့လိုလူမ်ိဳးေတြငါအရမ္းမုန္းတာပဲ။စိတ္ပ်က္စရာႀကီး"

"အဲ့လိုအေၾကာင္းေတြေျပာမေနပါနဲ႔ဟာ။အနာထိလို႔စပ္ကုန္ဦးမယ္။ငါတို႔ရဲ႕ otp ေလးကိုပဲတစ္ဝႀကီးၾကည့္ၾကမယ္"

သူ႔ကိုတမင္ရည္ၫႊန္းေျပာေနမွန္းသိေသာေၾကာင့္ ေဆာင္းဦးဇြန္းကိုင္ထားေသာ လက္ေတြတုန္လာကာ အံကိုတင္းတင္းႀကိတ္ထားမိသည္။အခုသူကဘယ္သူ႔ေၾကာင့္အေျပာခံေနရတာလဲ။သူ႔အမွားမပါဘဲနဲ႔ ဘာလို႔သူ႔ကိုပဲအျပစ္ဝိုင္းတင္ေနၾကတာလဲ။ကိုယ္ခ်င္းစာစိတ္ေလးဘာေလးမရွိၾကဘူးလား။အဲ့ဒီခံစားခ်က္ကသိပ္ကိုခံရခက္လြန္းတယ္။

ထမင္းလည္းဆက္စားခ်င္စိတ္မရွိေတာ့ေပ။ေဘးနားမွာခ်ထားေသာေရကိုေသာက္ၿပီး မတ္တပ္ရပ္လိုက္ေတာ့ အကုန္လုံးကသူ႔ကိုၾကည့္လာသည္။ထက္ဘုန္းကလည္း ေဆာင္းဦးလက္ကိုဆြဲ၍ေမးလိုက္သည္။

"ေဆာင္းဦး ထမင္းဆက္မစားေတာ့ဘူးလား။မနက္ကဘာမွမစားရေသးဘူးဆို"

"အင္း ရင္ျပည့္သြားတာလား မသိဘူး၊ဗိုက္မဆာေတာ့ဘူး။ကိုထက္ပဲရွင္ေႏွာင္းနဲ႔အတူစားလိုက္ေတာ့"

"မဟုတ္ဘူးေလ၊ေဆာင္းဦးမစားေတာ့ဘူးဆိုကိုယ္လည္းမစားေတာ့ဘူး"

"ရပါတယ္ဆိုဗ်ာ၊ကိုယ့္ဘာသာကိုယ္ေနခဲ့လိုက္။ကိုထက္ေၾကာင့္ ကြၽန္ေတာ္ထပ္ၿပီးမေျပာမခံႏိုင္ေတာ့ဘူး"

ေခါင္းကိုငုံ႔လ်က္ႏွင့္ပင္ သူထိုေနရာမွအျမန္ေျပးထြက္သြားမိသည္။တစ္သက္မွာတစ္ခါမွ အဲ့လိုအရွက္ရေစမယ့္ခံစားခ်က္မ်ိဳးမခံစားဖူးဘူး။သူ႔ကိုစိတ္ပ်က္စရာေကာင္းတဲ့မ်က္ဝန္းေတြႏွင့္ၾကည့္ေနေသာသူေတြေၾကာင့္ စိတ္ရႈပ္လာတာေတာ့အမွန္ပဲ။

အကြယ္တစ္ေနရာကိုေရာက္ေတာ့ နံရံကိုမွီလိုက္ရင္း ေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။သူသိပ္ကိုပင္ပန္းေနၿပီ။စိတ္ကိုေလွ်ာ့ခ်ပစ္လိုက္ေတာ့ မ်က္ဝန္းႏွစ္ဖက္လုံးမွ မ်က္ရည္မ်ားကအတားအဆီးမဲ့စြားက်ဆင္းလာသည္။အသံထြက္သည္အထိတစ္ေယာက္တည္းရႈိက္၍ငိုေနတုန္း ႐ုတ္တရက္ရင္ခြင္တစ္စုံထဲကို ေရာက္ရွိသြားသည္။

"ေဆာင္းဦး၊ကေလးေလးရယ္။ဘာလို႔အဲ့ေလာက္ေတာင္ငိုေနတာလဲ"

"ဟမ္ ကိုယ့္ကိုၾကည့္ပါဦး။ကေလးေလးကလိမၼာတယ္မလား"

"ေျပာ၊ကိုယ္ဘာလုပ္ေပးရမလဲ။ကိုယ့္ေကာင္ေလးသက္သာေအာင္"

"ကိုထက္"

"အင္း"

"ကြၽန္ေတာ္တို႔..."

"ဆက္ေျပာေလ ေဆာင္းဦးရဲ႕။ဘာေျပာမလို႔လဲ"

"ကြၽန္ေတာ္တို႔ဒီအေျခအေနကေနရပ္သင့္ၿပီနဲ႔တူတယ္"

"ဟင္ ဘာကိုရပ္မွာလဲ။ကိုယ့္ကိုေသခ်ာေျပာျပ"

"ကြၽန္ေတာ္တို႔ႏွစ္ေယာက္လမ္းခြဲလိုက္ၾကမလား"

♤♤♤♤♤♤♤♤♤♤

Unicode

ပိတ်ရက်နှစ်ရက်စလုံး ထက်ဘုန်းဆီမှဖုန်းတွေအဆက်မပြတ်ဝင်သော်လည်း ဆောင်းဦးမကိုင်ဖြစ်၊မကိုင်ချင်တာဆိုပိုမှန်မည်။သူကိုထက်ကိုခဏလောက်ဖြစ်ဖြစ် လျစ်လျူရှုချင်သည်။ပြီးတော့ သူတို့ကျောင်းgroupထဲမှာ ပွထနေသော ထက်ဘုန်းနှင့်ရှင်နှောင်းတို့၏ ဓာတ်ပုံမြောက်မြားစွာမှာလည်း သူတို့နှစ်ယောက်ကဘယ်လောက်အထိလိုက်ဖက်ကြောင်းရေးထားသော comment ပေါင်းစုံ။

'ငါအစကတည်းကသိပြီးသား၊သူတို့နှစ်ယောက်ကတစ်ခုခုပါဆို'

'ရှင်နှောင်းကထက်ဘုန်းရင်ခွင်ထဲမှာ သေးသေးလေးတော့။အသည်းယားဖို့ကောင်းလိုက်တာ'

'အား သူတို့ကတကယ်လိုက်တာပဲ။အစက ထက်ဘုန်းညီကဆောင်းဦးစက်နားမှာပူးကပ်နေတော့ ရှင်နှောင်းနဲ့မဖြစ်နိုင်တော့ဘူးထင်နေတာ။နောက်ဆုံးတော့ ငါ့otpလေးကတကယ်ဖြစ်သွားပြီ'

'ခစ်ခစ် ရှင်နှောင်းနဲ့ထက်ဘုန်းသာကြိုက်ရင် ဆောင်းဦးစက်က third wheel ဖြစ်သွားမှာပေါ့။အဲ့တစ်ယောက်ပုံစံကိုကထက်ဘုန်းကို အတင်းလိုက်ကပ်နေတာကြီး'

ထိုစာများကိုဆက်မမြင်ချင်သောကြောင့် ဖုန်းကိုစားပွဲပေါ်ချပစ်လိုက်သည်။စိတ်ညစ်ဖို့ကောင်းလိုက်တာ၊သူ့နာမည်ကဘာလို့ပါပါလာရတာလဲ။ပြီးတော့ သူကိုထက်ကိုဆက်ယုံလို့ရောရသေးရဲ့လား။

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သူတစ်ယောက်တည်းကိုချစ်နိုင်တာရော သေချာရဲ့လား။အဲ့လိုမတွေးမိချင်ပေမယ့် အကယ်၍များကိုထက်ကရှင်နှောင်းကို သဘောကျသွားမိရင်ရော။ဆောင်းဦးခေါင်းထဲတွင် မေးခွန်းပေါင်းမြောက်မြားစွာက ဆက်တိုက်ဆိုသလိုပေါ်ပေါက်လာသည်။

"ငယ်လေး...ငယ်လေး!"

"ဟင် ဪ ဘာလဲ ကိုကြီး"

"ကျောင်းမသွားဘူးလား၊ဖြိုးဉာဏ်တောင်ရောက်နေပြီကို။မှန်းစမ်း နေလို့မကောင်းလို့လား ငယ်လေး"

လေပြည်ကကိုယ်ပူစမ်းကြည့်ဖို့လုပ်တော့ ဆောင်းဦးလည်းအသည်းအသန်ခေါင်းခါရင်း ငြင်းရှာသည်။

"ကျွန်တော်နေလို့ကောင်းပါတယ်၊ဘာမှမဖြစ်ပါဘူး။အဲ့ဒါဆိုကျွန်တော်သွားတော့မယ်နော်"

"နေပါဦး၊ပန်းကန်ထဲမှာမုန့်တွေတောင် မလျော့သေးဘူးလေ။ဗိုက်ဆာရင်ဘယ်လိုလုပ်မလဲ"

"ဗိုက်သိပ်မဆာလို့၊ကျောင်းရောက်မှပဲနေ့လယ်စာစားလိုက်တော့မယ်။ကျွန်တော့်ကိုစိတ်မပူပါနဲ့ဆို။ဖြိုးဉာဏ်စောင့်နေတာကြာပြီထင်တယ်။အာ အချိန်တောင်သိပ်မလိုတော့ဘူးပဲ။သွားတော့မယ်နော် တာ့တာ"

လွယ်အိတ်ကိုလွယ်၍ အသည်းအသန်ပြေးထွက်သွားသော ငယ်လေးကြောင့် လေပြည်သက်ပြင်းချလိုက်သည်။ငယ်လေးကအစကတည်းက တစ်ယောက်တည်းငြိမ်ငြိမ်လေးနေတတ်သောသူမျိုးဖြစ်ပေမယ့် ဒီရက်ပိုင်းပိုငြိမ်လာသည်။ဘာကြောင့်လဲဆိုတာကို ကလေးကမမေးခိုင်းသောကြောင့် သူလည်းသေချာမသိ။

"ငယ်လေး အခုရက်ပိုင်းဘာဖြစ်နေတာပါလိမ့်"

ကားပေါ်ရက်တော့ ဖြိုးဉာဏ်ကသူ့ဘက်ကိုလှည့်၍မေးလာသည်။

"ဆောင်းဦး"

"အင်း ပြော"

"အဆင်ပြေသွားပြီလား"

"ဟင် ဘာကိုလဲ။ငါအစကတည်းကအဆင်ပြေပါတယ်"

"အေးပါ၊ထက်ဘုန်းနဲ့သေချာစကားပြောလိုက်ဦးနော်။ပြီးတော့ သူပြောတာကိုသေချာနားထောင်လိုက်နော် ဆောင်းဦး။မင်းတို့နှစ်ယောက် ဘာမဟုတ်တဲ့ကိစ္စနဲ့ပြဿနာဖြစ်မှာကို ငါမလိုလားဘူး"

"ဘာမဟုတ်တဲ့ကိစ္စတဲ့လား၊ထားပါတော့။ကျောင်းကိုမောင်းတော့လေ။နောက်ကျတော့မယ်"

ဘာမှဆက်မပြောချင်လိုသောပုံပေါက်နေသောသူ့ပုံကြောင့် ဖြိုးဉာဏ်လည်းဆက်မမေးတော့ဘဲ ကျောင်းသို့သာတန်းမောင်းလာလိုက်တော့သည်။အခုချိန်မှာ စိတ်ရှုပ်နေမှာအသေအချာပဲမို့လို့ သူဒီတိုင်းငြိမ်ငြိမ်လေးနေတာက ပိုကောင်းသည်မဟုတ်လား။

ကျောင်းကိုရောက်တော့ သူ့ကိုသနားသလိုလို၊ဘာလိုလိုမျက်လုံးနှင့်ကြည့်နေသောအကြည့်တို့ကို ဂရုမစိုက်စွာအခန်းထဲကိုဝင်လာခဲ့သည်။သူဘာဖြစ်နေလို့ အဲ့လောက်တောင် သူတို့ကအဲ့လိုတွေကြည့်နေကြရတာလဲ နားမလည်နိုင်တော့။သူ့ပုံစံကကိုထက်နားမှာ အဲ့လောက်တောင်တွယ်ကပ်နေတဲ့ပုံပေါက်နေတာလား။အဲ့လိုပုံစံမျိုးနဲ့ အာရုံစိုက်ခံရတာကိုတော့ သူလုံးဝသဘောမကျပါ။

အခန်းထဲရောက်ရောက်လိုက်ချင်း ကြားနေရသောဆူညံသံတွေက သူ့စိတ်ကိုပိုညစ်ညူးစေသည်။ဆောင်းဦးခုံမှာထိုင်လိုက်တော့ ထက်ဘုန်းကမော့ကာမျက်နှာငယ်လေးနှင့်ကြည့်လာသည်။ထို့နောက်ဖြိုးဉာဏ်ကို သူ့နားလာဖို့တိုးတိုးလေးခေါ်လိုက်သည်။

"ဘာလဲ၊ဘာပြောမလို့လဲ"

"ဟဲဟဲ ဖြိုးဉာဏ်၊ငါ့ကိုတစ်ခုလောက်ကူညီ။ဒီနေ့ငါဆောင်းဦးဘေးမှာ ထိုင်ချင်တယ်"

"ဟေ့ကောင် ဖြစ်ပါ့မလား၊မင်းနဲ့သူရန်ဖြစ်ထားတာလေ"

"အေးလေကွာ၊အဲ့ဒါကြောင့် ငါသေချာပြန်ရှင်းပြချင်တယ်လေ"

"ဟမ် အဲ့လိုလား။အင်း အဲ့ဒါဆိုလည်းပြီးရော။သေချာတော့ရှင်းပြနော်။မဟုတ်ရင်ပြဿနာပိုကြီးသွားလိမ့်မယ်"

"သိပါတယ်ကွ၊ချက်ချင်းပြန်အဆင်ပြေသွားစေရမယ်"

ဖြိုးဉာဏ် ဆောင်းဦးကိုတစ်ချက်ကြည့်လိုက်တော့ ခေါင်းကိုငုံ့၍သူ့စာအုပ်ကိုသာစိုက်ကြည့်နေသောကြောင့် ထက်ဘုန်းနှင့်အမြန်နေရာလဲလိုက်သည်။ဆောင်းဦးဘေးကိုရောက်ရောက်ချင်း နှစ်ရက်တာမတွေ့ရသော မျက်နှာလေးကို အရင်ဆုံးငုံ့ကြည့်လိုက်သည်။

ဆောင်းဦးမျက်နှာက ဘာခံစားချက်မှမရှိသောသူတစ်ယောက်နှင့်တူနေသည်။ကြည့်ရတာ စိတ်ဆိုးနေသေးသည့်ပုံပင်။စားပွဲပေါ်တင်ထားသောလက်ကိုအုပ်ကာ ကိုင်လိုက်တော့ သူ့ဘက်ကိုလှည့်ကြည့်လာသည်။

သူ့ကိုလည်းတွေ့ရော လက်ကိုရုန်းပစ်လိုက်သောကြောင့် ထက်ဘုန်းနည်းနည်းအောင့်သက်သက်ဖြစ်သွားသည်။အတန်ကြာအောင် လေထုကငြိမ်သက်နေပြီးတော့မှ ဆောင်းဦးဘက်မှအသံရှင်းရှင်းလေးထွက်လာသည်။

"ကျွန်တော်တို့နှစ်ယောက်ကျောင်းဆင်းရင်စကားပြောကြမလား"

"ဟင် တကယ်လား၊ပြောကြမယ်လေ။ကိုယ်လည်းမင်းကိုပြောစရာတွေအများကြီးရှိတယ်"

"အင်း၊ဆရာမလာပြီ။တိတ်တိတ်နေတော့"

"ဟုတ်ပါပြီကွာ"

အူယားစွာနှင့်ခေါင်းကိုဖွလိုက်တော့ ဆောင်းဦးဆီမှပြုံးရိပ်သန်းလာသောမျက်ဝန်းကို မြင်လိုက်ရသောကြောင့် သူလည်းလိုက်ပြုံးမိလိုက်သည်။ဒီကောင်လေးက သိပ်ကိုချစ်စရာကောင်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ။ဒီလိုနှင့် စာသင်ချိန်သုံးချိန်ဆက်တိုက်လုံးမှာ ဆောင်းဦးကိုခိုးခိုးကြည့်ရင်း ထက်ဘုန်းတစ်ယောက် အချိန်ဖြုန်းမိပြန်တော့သည်။

အတန်းချိန်တွေပြီးသွားတော့ သူတို့နေ့လယ်စာစားဖို့သွားကြသည်။ဆောင်းဦးကသူ့ကိုမစောင့်ဘဲ ဖြိုးဉာဏ်နှင့်ထွက်သွားသောကြောင့် သူ့နောက်ကိုလိုက်ဖို့လုပ်ရသည်။ထိုစဉ်သူ့ sweat shirt စကိုလာဆွဲသော လက်တစ်စုံ။လှည့်ကြည့်လိုက်တော့ ရှင်နှောင်းဖြစ်နေသည်။အတန်းထဲကသူတွေကလည်း သူတို့နှစ်ယောက်ကိုတပြုံးပြုံးနှင့်ကြည့်နေကြသေးသည်။

"နှောင်းတို့အတူတူသွားရအောင်လေ"

"ကျစ် ဖယ်စမ်းပါ။ငါ့မှာမင်းအတွက်အချိန်မရှိဘူး"

ထိုစကားကိုပြောပြီးနောက် သူ့ဆီမှရုန်းထွက်လာခဲ့သည်။လှေကားမှတစ်ဆင့်ချင်းဆင်းနေသောဆောင်းဦးကိုတွေ့တော့ သူနားကိုပြေးသွားကာ လက်ကိုယှက်နွယ်၍ကိုင်လိုက်သည်။

"ကိုထက်၊သူများတွေရှိတယ်လေ။ကျွန်တော့်လက်ကိုလွှတ်ပေးလို့ရမလား"

"ဘာဖြစ်လဲ။သူတို့ကြည့်တော့ဘာလုပ်ရမှာလဲ"

"ဒါပေမယ့်ကျွန်တော်အဆင်မပြေဘူးလေ။ကျွန်တော့်ကိုနားလည်ပေးလို့မရဘူးလား"

"ဆောင်းဦး ဘာဖြစ်နေတာလဲ။ကိုယ့်ကိုဘာလို့အဲ့လိုဆက်ဆံနေရတာလဲ။ဟိုတစ်နေ့ကကိစ္စကြောင့်လား။ကိုယ်သေချာရှင်းပြမယ်လေ။အဲ့ဒါကြောင့် ကိုယ့်ကိုသူစိမ်းလိုမဆက်ဆံပါနဲ့ ကျေးဇူးပြုပြီး"

"အဲ့ဒီကိစ္စကိုညနေကျမှသေချာပြောကြတာပေါ့။အခုကျွန်တော်ဗိုက်အရမ်းဆာနေပြီ။မနက်ကတည်းကဘာမှမစားလာရသေးဘူး"

"ဟမ် ဘာလို့မစားလာရတာလဲ၊လာ မြန်မြန်သွားကြမယ်။ဗိုက်တွေတော့အောင့်ကုန်တော့မှာပဲကွာ"

ဆောင်းဦးလက်ကိုဆွဲရင်းပြေးထွက်သွားသောကြောင့် ဖြိုးဉာဏ်ကတော့ခေါင်းခါ၍သာ ဖြည်းဖြည်းချင်းဆက်လျှောက်လာခဲ့တော့သည်။

Cafeteria ကိုရောက်တော့ အမြန်ဆုံးရမည့် set ကိုမှာလိုက်သည်။ထိုင်ခုံမှာနေရာသေချာချပေးပြီးမှ ဆောင်းဦးကိုသေချာပြင်ဆင်ပေးလိုက်သည်။သူကတော့ထက်ဘုန်းလုပ်သမျှကိုငြိမ်ငြိမ်လေးနေ၍သာ ထိုင်ကြည့်နေသည်။

"စားလို့ရပြီ၊ဗိုက်ဆာနေတယ်ဆိုပေမယ့် ဖြည်းဖြည်းချင်းစားနော်"

"အင်း၊ကိုထက်လည်းစားလေ"

"ဘာလဲ၊ကိုယ့်ကိုစိတ်ပူပေးနေတာလား"

"....."

"ဘာမှတောင်မပြောပါလားကွာ။ထားပါတော့။ဆောင်းဦးစကားကိုနားထောင်မယ်နော်"

ကောင်းထက်တို့ကတော့ သူတို့နှစ်ယောက်သေချာစကားပြောလို့ရအောင်တခြားနေရာမှာ သွားစားပေးကြသည်။အလိုက်ကန်းဆိုးမသိသော ရှင်နှောင်းကတော့ထုံးစံအတိုင်း သူတို့ရှေ့မှာလာထိုင်သည်။

ဒါတင်မကသေးဘဲ ထက်ဘုန်းကိုသိသိသာသာရော၊မသိမသာပါလိုက်ဂရုစိုက်ပေးနေသောကြောင့် ထိုင်နေသောသူအားလုံးဆီမှ အသံပေါင်းစုံထွက်လာသည်။

"ဝိုး ငါတို့ရှင်နှောင်းလေးကထက်ဘုန်းကိုအရမ်းဂရုစိုက်တာပဲဟယ်"

"အေးဟယ်၊အား အရမ်းချစ်စရာကောင်းတာပဲ။တချို့တချို့တွေနဲ့များကွာပါ့။သူများရှေ့မှာတော့ ဂရုမစိုက်သလိုပုံစံနဲ့ နောက်ကွယ်မှာတော့အတင်းတွေလိုက်ကပ်နေတာ"

"ဟုတ်ပါ့၊အဲ့လိုလူမျိုးတွေငါအရမ်းမုန်းတာပဲ။စိတ်ပျက်စရာကြီး"

"အဲ့လိုအကြောင်းတွေပြောမနေပါနဲ့ဟာ။အနာထိလို့စပ်ကုန်ဦးမယ်။ငါတို့ရဲ့ otp လေးကိုပဲတစ်ဝကြီးကြည့်ကြမယ်"

သူ့ကိုတမင်ရည်ညွှန်းပြောနေမှန်းသိသောကြောင့် ဆောင်းဦးဇွန်းကိုင်ထားသော လက်တွေတုန်လာကာ အံကိုတင်းတင်းကြိတ်ထားမိသည်။အခုသူကဘယ်သူ့ကြောင့်အပြောခံနေရတာလဲ။သူ့အမှားမပါဘဲနဲ့ ဘာလို့သူ့ကိုပဲအပြစ်ဝိုင်းတင်နေကြတာလဲ။ကိုယ်ချင်းစာစိတ်လေးဘာလေးမရှိကြဘူးလား။အဲ့ဒီခံစားချက်ကသိပ်ကိုခံရခက်လွန်းတယ်။

ထမင်းလည်းဆက်စားချင်စိတ်မရှိတော့ပေ။ဘေးနားမှာချထားသောရေကိုသောက်ပြီး မတ်တပ်ရပ်လိုက်တော့ အကုန်လုံးကသူ့ကိုကြည့်လာသည်။ထက်ဘုန်းကလည်း ဆောင်းဦးလက်ကိုဆွဲ၍မေးလိုက်သည်။

"ဆောင်းဦး ထမင်းဆက်မစားတော့ဘူးလား။မနက်ကဘာမှမစားရသေးဘူးဆို"

"အင်း ရင်ပြည့်သွားတာလား မသိဘူး၊ဗိုက်မဆာတော့ဘူး။ကိုထက်ပဲရှင်နှောင်းနဲ့အတူစားလိုက်တော့"

"မဟုတ်ဘူးလေ၊ဆောင်းဦးမစားတော့ဘူးဆိုကိုယ်လည်းမစားတော့ဘူး"

"ရပါတယ်ဆိုဗျာ၊ကိုယ့်ဘာသာကိုယ်နေခဲ့လိုက်။ကိုထက်ကြောင့် ကျွန်တော်ထပ်ပြီးမပြောမခံနိုင်တော့ဘူး"

ခေါင်းကိုငုံ့လျက်နှင့်ပင် သူထိုနေရာမှအမြန်ပြေးထွက်သွားမိသည်။တစ်သက်မှာတစ်ခါမှ အဲ့လိုအရှက်ရစေမယ့်ခံစားချက်မျိုးမခံစားဖူးဘူး။သူ့ကိုစိတ်ပျက်စရာကောင်းတဲ့မျက်ဝန်းတွေနှင့်ကြည့်နေသောသူတွေကြောင့် စိတ်ရှုပ်လာတာတော့အမှန်ပဲ။

အကွယ်တစ်နေရာကိုရောက်တော့ နံရံကိုမှီလိုက်ရင်း ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။သူသိပ်ကိုပင်ပန်းနေပြီ။စိတ်ကိုလျှော့ချပစ်လိုက်တော့ မျက်ဝန်းနှစ်ဖက်လုံးမှ မျက်ရည်များကအတားအဆီးမဲ့စွားကျဆင်းလာသည်။အသံထွက်သည်အထိတစ်ယောက်တည်းရှိုက်၍ငိုနေတုန်း ရုတ်တရက်ရင်ခွင်တစ်စုံထဲကို ရောက်ရှိသွားသည်။

"ဆောင်းဦး၊ကလေးလေးရယ်။ဘာလို့အဲ့လောက်တောင်ငိုနေတာလဲ"

"ဟမ် ကိုယ့်ကိုကြည့်ပါဦး။ကလေးလေးကလိမ္မာတယ်မလား"

"ပြော၊ကိုယ်ဘာလုပ်ပေးရမလဲ။ကိုယ့်ကောင်လေးသက်သာအောင်"

"ကိုထက်"

"အင်း"

"ကျွန်တော်တို့..."

"ဆက်ပြောလေ ဆောင်းဦးရဲ့။ဘာပြောမလို့လဲ"

"ကျွန်တော်တို့ဒီအခြေအနေကနေရပ်သင့်ပြီနဲ့တူတယ်"

"ဟင် ဘာကိုရပ်မှာလဲ။ကိုယ့်ကိုသေချာပြောပြ"

"ကျွန်တော်တို့နှစ်ယောက်လမ်းခွဲလိုက်ကြမလား"

♤♤♤♤♤♤♤♤♤♤

Continue Reading

You'll Also Like

25.5K 1.2K 51
***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြေ...
3.1M 256K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
542K 17.9K 26
I always knew something about me was odd. I always considered myself a freak until I found him, a boy who was just as odd as me. (Based off of X-men...