System~ငါလေးကကြာပန်းဖြူတွေမုန...

Galing kay Maythwaythit

108K 10.4K 349

👻👻System ငါလေးက သဘာ၀လွန်တွေကို ယုံကြည်ပါတယ်ဟယ် ကိုယ်တိုင်ကြုံရမယ်လို့တော့မတွေးမိဘူးလေ ကိုယ်တိုင်ကြုံလာတော့လ... Higit pa

Arc 2 Space and Intermission
Arc(3.1)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.2)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.3)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.4)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.5)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
အပိုင်း(3.6)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
အပိုင်း(3.7)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
အပိုင်း(3.8)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.9)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.10)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.11)ဗီလိန်လေးရဲ့လမ်းကြောင်းက်ိုပြင်ပေးပါ
Arc(3.12)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.13)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.14)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Announcement for 2021
Arc(3.14)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Happy new year
Arc(3.15)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ
Arc(3.16)ဗီလိန်လေးရဲ့လမ်းကြောင်းက်ိုပြင်ပေးပါ
Space Intermission
Arc(4.1)My Vampire Father is kind!
Arc(4.2)My Vampire Father is kind!
Arc(4.3)My VampireFather is kind
Arc(4•5)My Vampire Father is kind!

Arc(4.4)My Vampire father is kind

2.5K 257 17
Galing kay Maythwaythit

AMDAတောအုပ်အတွင်း၌......

အနက်ရောင်အပြင်အဆင်နှင့် အခန်းကျယ်ကြီးထဲ၌
လူအယောက်၂၀ခန့်စုစည်းနေကြသည်။

"အရှင်သည် ကျွန်ုပ်တို့၏အသက်အား
အမှောင်နည်းဖြင့် ဆက်စေသူဖြစ်သည်။
အကျွန်တို့၏ သေဆုံးပြီးသောခန္ဓာကိုယ်အား
သခင့်စွမ်းအားဖြင့်နိုးထစေခြင်းကြောင့် တစ်ဖန်ပြန်လည်ရှင်သန်လာခဲ့သော ခန္ဓာကိုယ်သည်
သခင်ပိုင်စားရာဖြစ်ပါ၏။"

ထို့နောက်ထိုလူတို့သည်  သားရဲကြီးတစ်ကောင်ပုံ ထုထွင်းထားသော ပုလ္လင်ပေါ်ရှိ လူအားအရိုအသေပေးကြလေသည်။

ထိုသူကား............

အမှောင်တို့၏ သခင်ဟု ကျော်ကြားသည့်
အာဒန်နာဖြစ်လေသည်။

"လင်းနို့ ၁
သူမရဲ့အကြောင်းဘာတွေထူးခြားတာရှိသလဲ"

အာဒန်နာက သူ၏အနီးဆုံးအစေခံကို မေးလေသည်။ ဖြစ်နိုင်လျှင်  သူကိုယ်တိုင်အနီးကပ်သွားရောက်စုံစမ်းချင်ပေမယ့်
သူ့ကိုယ်က မကြာသေးမီကရထားသည့်ဒဏ်ရာကြောင့် အမှောင်စွမ်းအားများကို တိုသိမ်းထားနိုင်ခြင်းအလုံအလောက်မရှိ၍ သည်းခံနေခြင်းဖြစ်သည်။

"သူမ အစစအရာရာအဆင်ပြေနေပါတယ်အရှင်"

ထို့နောက် သူ၏အမည်းရောင်၀တ်ရုံရှည်အောက်က အပြာရောင်ကျောက်လေးကိုထုတ်ကာ အာဒန်နာအားဆက်သလိုက်သည်။
ထိုကျောက်လေးထဲတွင် သူမ၏တစ်နေ့တာလုပ်ရပ်များကို မှတ်တမ်းတင်ထားသည်မှာမလွဲပေ။ ယခုအခါ သူ၏ဒဏ်ရာ​ေကြာင့်
စိတ်ချင်းဆက်သွယ်ကာ တိုက်ရိုက်မြင်ရသည့် နည်းလမ်းမျိုးကို အသုံးမပြုနိုင်သေးပေ။

အာဒန်နာက အပြာရောင်ကျောက်ကလေးကို ယုယစွာကိုင်တွယ်ကာပင် အဆောင်တွင်းသို့ ပြန်လည်၀င်ရောက်သွားတော့သည်။

အမည်းရောင်၀တ်ရုံရှည်နှင့် ဂုတ်ထောက်ရှိသော​ေရွှအိုရောင်ဆံနွယ်များကိုသေသပ်စွာဖြီးသင်ထားပြီး  ငွေရောင်မျက်နှာဖုံးကို တပ်ထားသည်။ တစ်၀က်သာမြင်ရသော မျက်နှာအစိတ်အပိုင်းများက သူသည်ယောကျ်ားပီသစွာ ဆွဲဆောင်မှုရှိသူတစ်ယောက်ဟုဆိုနိုင်သည်။ ပန်းသွေးရောင်သန်းနေသော နှုတ်ခမ်းပါးများက ကျေနပ်ဟန် ကွေးညွှတ်လို့သွားတော့သည်။

နောက်မှ ဂါရ၀ပြုသံများသည်လည်း သူ၏အိပ်ဆောင်တွင်းသို့တိုင်အောင် ပျံ့နှံ့လာတော့သည်။

အာဒန်နာက အခန်းဆောင်ထဲသို့၀င်ကာ အပြာရောင်ကျောက်ကလေးကို စားပွဲပေါ်တင်လိုက်သည်။ ထိုထဲမှ ဆံပင်မီးခိုးရောင်နှင့် ပန်းရောင်မျက်ဆံရှိသော ကလေးမလေး၏ တစိနေ့တာကို ကြည့်နေလ်ိုက်သည်။
အစကခက်ထန်နေသော သူ၏မျက်လုံးများတွင် နူးညံ့ဟန်အချို့ဖြတ်​ေပြးသွားခဲ့ခြင်းကို
သူကိုယ်တိုင်မသိလိုက်ပါချေ။

သူ့ရဲ့အစွမ်းကိုအဆပေါင်းများစွာတိုးစေမည့် ယဇ်ကောင်တစ်ကောင်အဖြစ်သာ မြင်ရင်း.....

..........................

ကတ်သရင်း အိပ်ရာမှနိုးထကာ ခြေထောက်သေးသေးလေးများဖြင့် ရေချိုးခန်းသို့၀င်ပြီး
မျက်နှာသစ်လိုက်သည်။
ခနအကြာတွင် အန်ဒါရောက်လာပြီး သူမကို
နို့နှစ်ရောင်ဂါ၀န်၀တ်ပေးကာ။
ဆံပင်တွင် အနီရောင်ဖဲကြိုးလေးချည်ပေးလိုက်သည်။

"ကတ်သီ ဒီနေ့မင်းကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ရှိတယ်။ ငါ့ကိုမျက်နှာမပျက်စေဖို့  မျှော်လင့်ပါတယ်။

ကတ်သီကသူမ၏မျက်လုံးဝိုင်းလေးများဖြင့် ပြန်ကြည့်ရင်း

"ကတ်သီ မလုပ်ပါဘူး ဒယ်ဒီ"

"အင်း လိမ္မာတယ်"

သူသူမကိုပွေ့ချီပြီး အောက်ကိုဆင်းလာတော့
ဧည့်ခန်းတွင် အမျိုးသားတစ်ယောက်ထိုင်နေသည်ကိုတွေ့ရသည်။
ထိုလူက ခုနမိတ်ဆက်ပေးမည့်လူဖြစ် ဟန်ရှိသည်။

အန်ဒါကတော့  ခုံပေါ်မှာမိန့်မိန့်ကြီးထိုင်နေသည့် ၀စ်စတန်ကိုကြည့်ကာ မျက်ခုံးတို့စုကြုံ့သွားသည်၏။

ဒီကောင်ငါ့အိမ်ကို  အသိမပေးဘဲ၀င်လာနေတော့မှာလား။

"မင်း တံခါးလေးဘာလေးတောင်မခေါက်ဘူးလား"

"အ ဟမ်း တံခါးခေါက်ရဦးမှာလား။
ငါ့ယောက်..........................."

{A/N_ ယောက် ဘာလဲ ဆုံးအောင်တော့ပြောပါစေလေ သြော်}

"သမီးရှိနေတယ် မင်း"

အန်ဒါ၏ဒေါသကိုခံစားမိ၍ စနောက်နေခြင်းကိုရပ်ကာ လူကြီးလူကောင်းဆန်စွာ မတ်တပ်ရပ်လိုက်သည်။

"ဟဲလို ကတ်သီ
တွေ့ရတာ ၀မ်းသာပါတယ်။ ဦးနာမည်က
၀စ်စတန်ပါ။ သမီးဖေဖေရဲ့ သူငယ်ချင်းပေါ့။
ပြီးတော့............"

"၀စ် မင်းကသိပ်စကားများတာပဲ"

မျက်မှောင်ကြုတ်ကာပြောလာတော့ သူ့အိမ်မှာဆိုတော့ သူ့အလိုကျပါးစပ်ပိတ်ရတာပေါ့။

"ဟုတ်ကဲ့ ဦးဦးတွေ့ရတာ၀မ်းသာပါတယ်။
ဦးဦးက ဒယ်ဒီ့သူငယ်ချင်းဆိုတော့
ဒယ်ဒီ့ကိုစောင့်ရှောက်ပေးပါဥိး"

လက်ကလေးနှစ်ဖက်ရှေ့ချကာ ပြောလာသည့်ပုံစံလေးက ချစ်ဖွယ်အတိ။
၀စ်စတန်မနေနိုင်စွာပဲ ပြုံးလိုက်ပြီး
ကတ်သီ့ကို သူ့လက်ပေါ်ပြောင်းယူလိုက်သည်။

"လိမ္မာလိုက်တဲ့သမီးလေး။ သမီးလေးကိုလည်း ဦးဦးကစောင့်ရှောက်မှာပါဗျ"

{Hello host}

၀စ်စတန်၏လက်မောင်းအတွင်းမှာနေရင်း
206အသံကြားမိတော့ ပျော်သလိုလ်ိုတော့ရှိသား....... .

{အင်း ပြော}

?........ .  .          ..........          ..........

"ဟိုသစ္စာဖောက်မရဲ့ ကလေးကိုရှာတွေ့ပြီလား"

တစ်ကိုယ်လုံး အနက်ရောင်များ၀တ်ကာ
ခက်ထန်ဟန်ရှိသည့် အမျိုးသမီးက သူ၏မှော်တောင်​ေ၀ှးကို မြှောက်ကာအစီအရင်တစ်ခု ပြုလုပ်နေရင်းမေးသည်။
သူမကားအခြားသူမဟုတ်  စုန်းနက်မျိုးနွယ်၏  သခင်မလေးလန်ဇာပင်..

"သူမရဲ့ဖခင်ဆီမှာပါ သခင်မလေး
ကျွန်တော်တို့အထင်  သူတို့သားအဖနှစ်ယောက်ဟာ အဆင်ပြေပုံမရလှပါဘူး"

"ငါသိပြီ သွားတော့"

ထို့နောက်  ထိုအစေခံသည် လန်ဇာ့ကိုအရိုအသေပေးကာ ပျောက်ကွယ်သွားတော့သည်။

"အန်ဒါ ရှင်ဟာလေ ဘယ်လိုလူမျိုးနံ့နေနေအဆင်ပြေမယ့်လူမျိုးမဟုတ်ဘူး။
တစ်ခုတော့ကောင်းပါတယ်။ ရှင်တို့အဆင်မပြေလေ ကျွန်မက အခွင့်ကောင်းသာလေပဲ။
ရှင့်သွေးသားမို့ ခွင့်လွှတ်ချင်ပေမယ့်
ကျွန်မအတွက်တော့  အင်မတန်တန်ဖိုးရှိနေတဲ့ သားကောင်ပဲလေ။ ရှင်ကျွန်မကိုမရွေးချယ်ခဲ့တဲ့ အတွက် နောင်တမရပါနဲ့"

?...........................

အန်ဒါစမစ်နဲ့ ၀စ်စတန်ကဘာတွေလဲ🥵

ဂရုစိုက်ကြပါ။  အရင်အကောင့်ကပြနိ၀င်လို့မရတာ ရက်၂၀ကျော်သွားပြီဆိုတော့ သတင်းတွေနဲ့အဆက်အသွယ်ပျက်နေတာ ရက်၂၀ကျော်ပြီ
အိမ်မှာက  လျှပစစ်မီးမရတော့ တီဗွီလည်းမကြည့်ရဘူး။

အစစအရာရာဂရုစိုက်ကြပါ။ပြေးရလွှးရရင် ပြေးပါ ။ ငါဟဲ့ သူရဲကောင်းဆိုပြီးင​ြိမ်မနေပါနဲ့။ တစ်ယောက်ချင်းစီရဲ့ အသက်တစ်ချောင်းစီက တို့နိုင်ငံအတွက် အင်အားပါ။




Ipagpatuloy ang Pagbabasa

Magugustuhan mo rin

3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
372K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...