အပိုင်း ၁၁
သခင်မ၏ကိုယ်ဝန် ၃လပြည့်သည့်နေ့အတွက် ဧည့်ခံပွဲကျင်းပရန် အိမ်တော်ရှိအစေခံများအလုပ်ရှုပ်နေကြသည်။ သခင်မသည် ကိုယ်ဝန်ရှိချိန်မှစ၍ စစ်သူကြီးမှဖူးဖူးမှုတ်ထားသောကြောင့် အကျေနပ်ကြီးကျေနပ်နေတော့သည်။
ရှောင်ကျောင်းမှာတော့ သခင်မခြိမ်းခြောက်ခြင်းကိုခံရသည့်အချိန်မှစ၍ အိမ်တော်ရှိအစေခံအများစု၏ဝိုင်းပယ်ခြင်းကိုခံရလေသည်။ သူမအား မိန်းမပျက်ဟု မကြားကြားအောင်ပြောကြသည်။ ယခုလည်းပဲ...
"သခင်မက အခုဆိုကိုယ်ဝန်ရှိနေပြီ စစ်သူကြီးကလည်းချစ်လိုက်တာမှတုန်နေရောပဲ''
"ဟုတ်ပါ့ အားကျလိုက်တာဟယ်''
"ဟင်း တချို့သူတွေကတော့ သခင်မနေရာကိုလုချင်နေသေးတယ် ကိုယ့်အဆင့်အတန်းကိုမှအားမနာ''
ကဲ့ရဲ့စောင်းမြောင်းပြောဆိုမှုများကြားထဲတွင်နေရသည်မှာ ရှောင်ကျောင်းအားငယ်လာသည်။ အိမ်တော်တွင်အလုပ်လုပ်ရသည်ကိုလည်းမပျော်ရွှင်တော့ပေ။ အားသည့်အချိန်များတွင် ဆေးဆိုင်သို့သွားကာ ရှင်းယာထံ ရင်ဖွင့်မိတော့သည်။
"အဲ့ဒီတော့ နင်အဲ့ဒီမှာမပျော်တော့ဘူးပေါ့...ဒါမှမဟုတ် အလုပ်ထွက်လိုက်ပါလား''
"ဟင် ယာယာ နင်ပြောတဲ့စကားက အဆန်းပါလား အစေခံတွေဆိုတာ ပိုင်ရှင်က စာချုပ်နဲ့ဝယ်ထားတာဟ ပိုင်ရှင်ကရောင်းမှသာ ငါတို့တခြားပိုင်ရှင်ဆီကိုရောက် မှာ''
"ဟင်း နင့်ဟာကလည်းစိတ်ညစ်စရာပဲ''
"အင်း ငါပြန်တော့မယ် နောက်ကျရင်ထပ်ပြီးအဆူခံရအုံးမှာ အခုဆို အိမ်တော်တစ်ခုလုံးက ငါ့ကိုအမြင်ကြည်တာမဟုတ်ဘူး''
"အေးပါ ဘာပဲဖြစ်ဖြစ် နင်စစ်သူကြီးနဲ့ဝေးဝေးနေပေါ့ဟာ အချိန်တွေကြာသွားရင် အားလုံးကမေ့ကုန်ကြမှာပါ''
ရှင်းယာ၏အကြံပြုချက်အတိုင်း စစ်သူကြီးနှင့်ဝေးနိုင်သမျှဝေးစေရန် ရှောင်နေမိသည်။ သို့သော် ကံကြမ္မာက သူ့မအားအလွတ်မပေးချင်ဘူးထင်သည်။ ဆောင်းဦးပွဲတော်မတိုင်မီရက်တွင် ပြသနာစလာတော့သည်။
မနက်ဖြန်ဆောင်းဦးပွဲတော်ကျင်းပမည်ဖြစ်သဖြင့် အစေခံများအလုပ်ရှုပ်နေသည်။ ရှောင်ကျောင်းသည် ပွဲတော်ညတွင် သူမတိတ်တခိုးချစ်ရသူအားပေးရန် ကိုယ်တိုင်ထိုးထားသော သိုးမွှေးမာဖလာလေးအား အပြီးသတ်လိုက်သည်။ အလုပ်ရှုပ်သည့်ကြားထဲက ရသည့်အချိန်လေးတွင် ခိုး၍ပြုလုပ်ထားသဖြင့် ယနေ့အပြီးသတ်နိုင်ခြင်းဖြစ်သည်။ ထုပ်ပိုးထားသော မာဖလာလေးအား တယုတယကိုင်လိုက်ပြီး မနက်ဖြန်အတွက်စိတ်ကူးယဥ်နေမိသည်။
"ဟဲ့ရှောင်ကျောင်း စစ်သူကြီးနဲ့သခင်မတို့ ညလယ်စာစားဖို့ ကွေဟွားမုန့်လုပ်ခိုင်းထားတယ် ငါမအားလို့သွားလုပ်ပေးစမ်း''
"ရှင် ဒါပေမဲ့...''
"ဘာဒါပေမဲ့လဲ နင်က ငါခိုင်းတာကိုမလုပ်ပေးချင်တာလား''
"မဟုတ်ပါဘူး''
သူမ၏တာဝန်များမှာပြီးဆုံးပြီဖြစ်သဖြင့် အိပ်ယာဝင်ရန်ပြင်နေခြင်းဖြစ်သည်။ သူမ၏အကြောင်းများ ကောလဟာလပြန့်လာသည့်အချိန်မှစ၍ အစေခံတချို့၏ အနိုင်ကျင့်ခြင်းကိုခံခဲ့ရသဖြင့် မထူးဆန်းတော့ပါ။
မီးဖိုချောင်သို့ရောက်သောအခါ သက်ပြင်းတစ်ချက်ချပြီး လုပ်စရာကို စတင်လုပ်ဆောင်လိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် မွှေးပျံ့လှပသော ကွေဟွားကိတ်မုန့်လေး ရရှိလာတော့သည်။ အရသာကိုမြည်းကြည့်ရန် မုန့်တစ်ခုကိုယူလိုက်သည်။
"မွှေးလိုက်တာ''
ရှတတနှင့်ချိုမြသောယောကျ်ားအသံ...
ထိုအသံကိုကြားလိုက်ရသောအခါ တစ်ကိုယ်လုံးရှိအကြောအချင်များလှုပ်နိုးလာသကဲ့သို့ ကြက်သီးပင်ထလာရတော့သည်။ သူမရုတ်တရက်အနောက်လှည့်ကြည့်မိသောအခါ ထိုလူ၏မျက်နှာနှင့် သူမ၏မျက်နှာသည် အလွန်နီးကပ်သွားတော့သည်။ ထို့နောက် သူမ၏ရင်ခုန်သံများအထိန်းအကွပ်မဲ့စွာခုန်ပေါက်လာတော့သည်။
"ကျဲရှီ''
"ကိုယ့်ကိုတစ်ခုလောက်ကျွေးပါလား''
"ဟင်''
"အဲ့ဒီမုန့်လေ နာမည်ကဘာတဲ့လဲ''
"ဪ ေကွဟွားမုန့်လို့ခေါ်ပါတယ် ကွေဟွားပန်းနဲ့လုပ်ထားတာပါ''
သူမ မုန့်တစ်ခုယူကာ ကျဲရှီကိုပေးလိုက်သည်။
"ကွေဟွားမုန့်တဲ့လား ကိုယ့်ဇာတိမြေမှာ ဒီမုန့်မရှိဘူး''
"ဟုတ်သားပဲ ရှင်ကမွန်ဂိုက မလား''
"အင်း မုန့်အတွက်ကျေးဇူးနော်''
မြင်ကွင်းမှကျဲရှီ၏နောက်ကျောပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။ ယနေ့ညတော့အိပ်မက် လှလှမက်တော့မည်ထင်ပါရဲ့...
💞💞💞💞💞💞💞💞💞
"စစ်သူကြီး ကွေဟွားမုန့်လေးစားပါအုံး''
"အင်း ရှင်မ လည်းစား''
"ဟုတ်ကဲ့''
"ဒီနေ့မုန့်က တော်တော်အရသာရှိတာပဲနော်ရှင်မ''
"အင်းနော် စစ်သူကြီးနဲ့အတူစားရလို့ထင်ပါရဲ့''
"ဟားဟားဟား ဟုတ်ပါ့ဗျာ...ဒီမုန့်ဘယ်သူလုပ်တာလဲ''
"ကျွန်မလုပ်တာပါ''
ခပ်ဝဝအစေခံတစ်ယောက်သည် ေရှ့သို့ထွက်လာတော့သည်။
"ဟုတ်လား ဘာပါဝင်ပစ္စည်းကြောင့် ဒီလောက်ထူးခြားရတာလဲ''
"ရှင်...အဲ့ဒါက...''
ထိုစဥ် သခင်မ၏ဘေးတွင်မတ်တပ်ရပ်နေသော ကျဲရှီသည်...
"မုန့်လုပ်နေတုန်းကကျွန်တော်မီးဖိုချောင်ကိုရောက်သွားသေးတယ် မုန့်လုပ်သူက ဒီမိန်းကလေးမဟုတ်ပါဘူး''
"ဘာ ဒါဆိုဘယ်သူလဲ မှန်မှန်ပြောစမ်း''
အစေခံမိန်းကလေးသည် သခင်မ၏မျက်နှာအား အရင်လှမ်းကြည့်ပြီးနောက် မဝံ့မရဲနှင့်...
"ရှောင်ကျောင်းလုပ်တာပါ''
"ဟုတ်လား ရှောင်ကျောင်းကိုခေါ်လိုက်စမ်း''
ဆက်ရန်...
#Flamingo
....................................
....................................
#Zawgyi