Zawgyi
ဘာလိုလိုႏွင့္ေဆာင္းဦးတို႔ႏွစ္ေယာက္တြဲလာတာ ေျခာက္လေက်ာ္ေလာက္ေတာင္ရွိေနၿပီျဖစ္သည္။ဒီၾကားထဲမွာျပႆနာႀကီးႀကီးမားမားေတာ့ ဘာမွမျဖစ္ခဲ့ၾက။ႏွစ္ေယာက္စလုံးကသဝန္အရမ္းတိုတတ္တာမို႔လို႔ တစ္ခါတေလကေတာက္ကဆေသးေသးေလးေတြေတာ့ျဖစ္ေလ့ရွိၾကသည္။
"ကိုထက္ ၿငိမ္ၿငိမ္ေနေလဗ်ာ။ကြၽန္ေတာ္ယားတယ္လို႔"
"ကိုယ္ဘာမွမလုပ္ပါဘူး၊ၿငိမ္ၿငိမ္ေလးပဲထိုင္ေနတာေလ"
"ဟာ ခင္ဗ်ားကိုဘာမွမေျပာေတာ့ဘူး။ေတာ္ၿပီ"
"ခင္ဗ်ားတဲ့လား။ဒီေကာင္ေလးေတာ္ေတာ္႐ိုင္းလာတာပဲ"
"ကြၽန္ေတာ္ကကိုယ့္ဘာသာကိုယ္စာလုပ္ေနတာကို ကိုထက္ကဘာလို႔လိုက္ကလိထိုးေနလဲ။ၿငိမ္ၿငိမ္ေနလို႔ေျပာတာလည္း နားမွမေထာင္တာ"
ေက်ာင္းပိတ္ရက္မွာ ကိုထက္ကေတြ႕ခ်င္သည္ဟုဖုန္းဆက္ဂ်ီက်ေသာေၾကာင့္ ေဆာင္းဦးတစ္ေယာက္ထက္ဘုန္းအိမ္သို႔ေရာက္ေနရသည္။'စာအတူတူလုပ္ရေအာင္'ဟုေျပာၿပီး လာခိုင္းေသာေၾကာင့္ သူလည္းျငင္းမေနေတာ့ဘဲ 'ဟုတ္'ဟုသာေျပာ၍ ထက္ဘုန္းအိမ္ကိုလာခဲ့သည္။
အိမ္ကိုေရာက္ေတာ့ ထက္ဘုန္းကသူေျပာထားသည့္အတိုင္း ေဆာင္းဦးႏွင့္စာအတူတူလုပ္ျဖစ္သည္။နာရီဝက္ေက်ာ္ေက်ာ္ေလာက္ၾကာေတာ့ ပ်င္းလာၿပီဆိုေသာအေၾကာင္းျပခ်က္ျဖင့္ စာလုပ္ေနတာကိုရပ္ကာ ေဆာင္းဦးကိုလိုက္ေႏွာင့္ယွက္ေနျခင္းျဖစ္သည္။
တစ္နာရီနီးပါးေလာက္မေမာမပန္းဘဲ ေဘးနားမွာတတြတ္တြတ္စကားမ်ားႏိုင္ေသာထက္ဘုန္းေၾကာင့္ ေဆာင္းဦးလက္ေရာ၊ေျခေရာေျမႇာက္ခ်င္လာသည္။ကိုထက္စကားမ်ားမွန္းသိေပမယ့္ အဲ့ေလာက္ထိမရပ္မနားေျပာႏိုင္မယ္လို႔ လုံးဝကိုမေတြးထားမိခဲ့ေပ။
"ေဆာင္းဦး စာမလုပ္နဲ႔ေတာ့ေလ။စစေရာက္ကတည္းကလုပ္ေနတာ အခုထိနားလည္းမနားေသးဘူး။ခဏေလာက္ပဲနားေလ ေနာ္"
"ကိုထက္ဗ်ာ မရစ္နဲ႔ေလ"
"မရဘူး။ကိုယ့္ကိုခ်စ္ရင္ စာမလုပ္နဲ႔လို႔။ၿပီးမွအတူတူျပန္လုပ္ၾကမယ္ေလ ေနာ္။လိမၼာရဲ႕သားနဲ႔ကို"
"အဲ့ဒါဆိုဆယ့္ငါးမိနစ္ပဲထပ္လုပ္မယ္ေလ။ၿပီးရင္ခဏနားမယ္"
"တကယ္ေျပာတာေနာ္"
"အင္း တကယ္ ဆယ့္ငါးမိနစ္လုပ္ၿပီးရင္ခဏနားမယ္"
"အဲ့ဒါဆိုကိုယ့္ကိုနမ္း"
"ဟင္ ဘာမွလည္းမဆိုင္ဘူး။ကိုထက္ညစ္တယ္"
"အာ ဘယ္မွာညစ္လို႔လဲ။ကိုယ္ကအခုနားလို႔ေျပာတာကို ဆယ့္ငါးမိနစ္လုပ္ၿပီးမွနားမယ္ေျပာလို႔နမ္းခိုင္းတာေလ။အဲ့ဒါမွညီမွ်မွာေပါ့။အခုနမ္း"
မ်က္လုံးကိုမွိတ္၍ ႏႈတ္ခမ္းကိုအတင္းဆူျပကာ ေဆာင္းဦးဆီမွအနမ္းကိုေစာင့္ဆိုင္းေနေသာ ထက္ဘုန္းပုံစံက ရယ္လည္းရယ္ရသလိုခ်စ္ဖို႔လည္း ေကာင္းသည္။သုံးမိနစ္ေက်ာ္ေလာက္အထိ ထိုပုံအတိုင္းရွိေနေသးေသာေၾကာင့္ ေဆာင္းဦးလည္းသူ႔ကိုသနားလာသည္။စာေရးေနတာကိုရပ္လိုက္ၿပီး ပါးႏွစ္ဖက္ကိုအုပ္ကိုင္ကာ ထက္ဘုန္းႏႈတ္ခမ္းကို ဖြဖြေလးနမ္းလိုက္ေတာ့ လူလည္ေကာင္ထက္ဘုန္းညီကမ်က္လုံးခ်က္ခ်င္းပြင့္လာသည္။
ေဆာင္းဦးေခါင္းကိုထိန္းကိုင္လိုက္၍ခါးကိုတင္းၾကပ္စြာဖက္ထားေသာေၾကာင့္ ေဆာင္းဦးမွာလုံးဝ႐ုန္း၍မရ။ၾကာလာေသာအသက္ရွဴၾကပ္လာေသာေၾကာင့္ ထက္ဘုန္းႏႈတ္ခမ္းကိုနာေအာင္ကိုက္ပစ္လိုက္သည္။ထိုအခါမွ 'အာ့'ဟူေသာအသံတိုးတိုးေလးထြက္လာကာ သူ႔ကိုလႊတ္ေပးေတာ့သည္။ဖြဖြေလးသာကိုက္လိုက္ေသာေၾကာင့္ ေသြးေတာ့မထြက္သြားေပ။
"ဘာလို႔ကိုက္တာလဲ။မတရားဘူးေနာ္။ေနာက္တစ္ခါျပန္နမ္း"
"ေတာ္ၿပီေလဗ်ာ။ကိုထက္ေၾကာင့္ကြၽန္ေတာ္အသက္ရွဴေတာင္ရပ္ေတာ့မလိုပဲ"
"ဘာလို႔လဲဟင္။ရင္ခုန္သြားလို႔လား"
"မဟုတ္ပါဘူး။ကိုထက္ကအတင္းဖက္ထားတာကို။ကြၽန္ေတာ္ကတိတည္တယ္ေနာ္။အခုစာလုပ္မွာမို႔လို႔ၿငိမ္ၿငိမ္ေနေပး။ဆယ့္ငါးမိနစ္ျပည့္မွ ကြၽန္ေတာ့္ကိုသတိေပးလိုက္"
"အင္းပါ၊ေျပာလို႔မရေတာ့လည္း လုပ္ေပါ့"
ေဆာင္းဦးကသူ႔စာအုပ္ကိုကိုင္ကာ စာျပန္လုပ္ေတာ့ ထက္ဘုန္းကလည္းဆူပုတ္ပုတ္ႏွင့္ သူ႔ဖုန္းသူယူကာ သုံးေနေတာ့သည္။မ်က္လုံးေထာင့္မွျမင္ေနရေသာသူ႔ပုံေၾကာင့္ ေဆာင္းဦးမွာေတာ့ႏႈတ္ခမ္းကိုကိုက္၍ ရယ္ခ်င္စိတ္ကိုထိန္းထားရသည္။ကိုထက္ကတကယ့္ကို ကေလးဆိုးႀကီး။
အခ်ိန္ခဏေလာက္ၾကာေတာ့ ကိုထက္ဆီမွတခစ္ခစ္ႏွင့္ရယ္သံထြက္လာေသာေၾကာင့္ သူ႔ကိုၾကည့္လိုက္ေတာ့ ဖုန္းကိုၾကည့္ၿပီး ဘာေတြရယ္ေနမွန္းကိုမသိေပ။လက္ေခ်ာင္းေတြကလည္း ဖုန္းမ်က္ႏွာျပင္ေပၚမွာ အဆက္မျပတ္လႈပ္ရွားေနသည္။
ထက္ဘုန္းေၾကာင့္ေဆာင္းဦးစာလုပ္ရတာစိတ္မပါေတာ့၊အခ်ိန္ကိုၾကည့္လိုက္ေတာ့ ဆယ့္ငါးမိနစ္ေက်ာ္ၿပီျဖစ္ေသာေၾကာင့္ စာလုပ္တာကိုနားဖို႔ဆုံးျဖတ္လိုက္သည္။ခါးကိုမတ္လိုက္ကာ သူ႔ကိုဥေပကၡာျပဳထားေသာထက္ဘုန္းနားကိုတိုးကပ္သြားလိုက္သည္။ထက္ဘုန္းကေတာ့အခုထိကိုအရယ္မရပ္ေသး။
"ကိုထက္"
"......."
"ကိုထက္လို႔၊ကြၽန္ေတာ္ေခၚေနတယ္ေလဗ်ာ"
"ဟင္ ဪ စာလုပ္လို႔ၿပီးသြားၿပီလား"
"အင္း ဘာလို႔ဖုန္းကိုၾကည့္ၿပီးတစ္ေယာက္တည္းရယ္ေနတာလဲ။ကြၽန္ေတာ့္ကိုလည္းျပ"
"အာ ဒီမွာေလ ရွင္ေႏွာင္းကသူ႔ရယ္စရာပုံေတြပို႔ထားလို႔ရယ္ေနရတယ္။လာၾကည့္ၾကည့္"
ထက္ဘုန္းကကမ္းေပးလိုက္ေတာ့ ေဆာင္းဦးသူ႔ဖုန္းကိုယူလိုက္သည္။ခဏၾကာေတာ့မွ မ်က္ႏွာငယ္ေလးႏွင့္ဖုန္းကိုျပန္ေပးလာသည္။
"ကိုထက္နဲ႔ရွင္ေႏွာင္းနဲ႔ကခင္သြားၿပီလား"
"အင္း ရွင္ေႏွာင္းကတကယ္ေပါင္းၾကည့္ေတာ့ ခင္ဖို႔ေကာင္းတယ္ သိလား။အဲ့ဒါေၾကာင့္"
"ဪ အင္း"
ဘာစကားမွဆက္မေျပာေတာ့ေသာေဆာင္းဦးေၾကာင့္ သူဖုန္းကိုပိတ္လိုက္ကာ ေဆာင္းဦးကိုဖက္လိုက္သည္။
"ဘာျဖစ္လို႔လဲ၊တစ္ခုခုအဆင္မေျပတာရွိလို႔လားဟင္"
"ဟင့္အင္း ဘာမွမျဖစ္ပါဘူး၊ဒီတိုင္းပဲ"
"တစ္ခုခုဆိုပြင့္ပြင့္လင္းလင္းေျပာရမယ္ေလ။ကိုယ္တို႔ကဘာေတြလဲဆိုတာေမ့သြားတာလား"
"ေမ့စရာလား။ကြၽန္ေတာ္မေမ့ပါဘူး"
"အဲ့ဒါဆိုေျပာျပေလ"
"ဟို အဲ့ဒါက"
"ရွင္ေႏွာင္းေၾကာင့္လား"
"......."
"တကယ္ပဲကို၊ကိုယ္ေျပာထားတယ္ေလ။ကိုယ္ဘယ္သူ႔ကိုခ်စ္တာလဲဆိုတာကို သိေနရဲ႕သားနဲ႔"
"သိပါတယ္ ဒါေပမယ့္"
"ဘာမွမျဖစ္နဲ႔ေနာ္။ကိုယ္ကကတိတည္မွာမို႔လို႔ စိုးရိမ္မေနနဲ႔။ၿပီးေတာ့ကိုယ္သူ႔ကိုလည္းသေဘာမက်ပါဘူး"
"အင္းပါ၊ကြၽန္ေတာ္ယုံပါတယ္"
အသံတိုးတိုးေလးျဖင့္ ထက္ဘုန္းစကားကိုတုံ႔ျပန္လိုက္ၿပီးေနာက္ ရင္ခြင္ထဲကိုအတင္းတိုးဝင္လာသည္။သူ႔ဆံပင္ေလးကိုနမ္းလိုက္ေတာ့ ထက္ဘုန္းရင္ဘတ္နားမွာ မ်က္ႏွာအပ္လာသည္။
"ကိုထက္"
"ခင္ဗ်ာ"
"႐ြဲ႕တာလား"
"ဟားဟား မ႐ြဲ႕ပါဘူးဗ်ာ။ဘာေျပာမလို႔လဲ ေျပာ"
"ကြၽန္ေတာ့္ပုံကအရမ္းတြယ္ကပ္ေနတဲ့ပုံနဲ႔တူလားဟင္"
"ဘာလို႔တူရမွာလဲ၊မတူပါဘူး"
"ကိုထက္ကြၽန္ေတာ့္ကိုစိတ္ကုန္သြားမွာအရမ္းစိုးရိမ္တယ္သိလား။အဲ့ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ထိန္းဖို႔ႀကိဳးစားေပမယ့္ တကယ္တမ္းက်ေတာ့မလုပ္ႏိုင္ဘူး။ကြၽန္ေတာ့္ကိုစိတ္ေတာ့မပ်က္ေသးဘူးမလားဟင္"
ရင္ဘတ္တစ္ေနရာကစိုစြတ္လာေသာေၾကာင့္ ေဆာင္းဦးငိုေနမွန္းသိလိုက္သည္။မ်က္ႏွာကိုေမာ့ခိုင္းဖို႔လုပ္ေတာ့ အေမာ့မခံဘဲ ေခါင္းကိုသာတြင္တြင္ငုံ႔ထားသည္။
"ေဆာင္းဦး ကေလးေလး ကိုယ့္ကိုၾကည့္"
နားနားကိုကပ္၍အသံကိုေဖ်ာ့ေျပာလိုက္ေတာ့မွ ေခါင္းေလးကေထာင္လာသည္။ပါးႏွစ္ဖက္မွာစီးက်ေနေသာ မ်က္ရည္တို႔ကိုသုတ္ေပးလိုက္ၿပီးမွ သူ႔ႏွဖူးကိုသုံးစကၠန္႔ေလာက္ထိကာနမ္းရႈိက္လိုက္သည္။
"ကိုယ့္ကိုယုံတယ္လို႔ေျပာၿပီး ဘာလို႔ငိုေနရတာလဲ၊ေျပာပါဦး"
"က်...ကြၽန္ေတာ္ေၾကာက္လို႔၊ကိုထက္ကြၽန္ေတာ့္ကိုထားသြားမွာကို အရမ္းေၾကာက္တယ္"
"မဟုတ္တာေတြ ေလွ်ာက္စဥ္းစားၿပီး စိတ္မပူနဲ႔ေလကြာ။ကိုယ္ကအရင္ကထက္ဘုန္းညီမွမဟုတ္ေတာ့တာ။ကိုယ္အခုခ်စ္ေနတာက ကိုယ့္အေရွ႕ကေဆာင္းဦးစက္ဆိုတဲ့ေကာင္ေလးေလ"
"အင္း"
"ကိုယ့္မွာခ်စ္လို႔ေတာင္မဝေသးတာကို ဘာလို႔ထားခဲ့ဖို႔ဆိုေဝးေသး။ကိုယ့္ကိုအခုထိအျပည့္အဝမယုံႏိုင္ေသးဘူးဆိုတာ သိပါတယ္။အတင္းလည္းမယုံခိုင္းဘူး။ဒါေပမယ့္ ကိုယ္ေပးႏိုင္တဲ့ကတိက ကိုယ္အရင္ကဘယ္ေလာက္ရႈပ္ခဲ့ရႈပ္ခဲ့၊အခုကိုယ္ခ်စ္တာကမင္းတစ္ေယာက္တည္းပဲ"
"ခ်စ္တယ္ဆိုၿပီးေတာ့ ကိုယ့္ခံစားခ်က္ေတြကို ဝန္ခံခဲ့တာလည္း မင္းကပထမဆုံးပဲ။မင္းကကိုယ့္အတြက္ ဘယ္ေလာက္အေရးပါၿပီး ေလးနက္လည္းဆိုတာသိတယ္မလား။အဲ့ဒါေၾကာင့္ အမ်ားႀကီးစိတ္မပူမေနနဲ႔ေနာ္။ေဆာင္းဦးအဆင္မေျပရင္ ကိုယ္ရွင္ေႏွာင္းနဲ႔စကားမေျပာေတာ့ဘူး"
"အဲ့ေလာက္ထိေတာ့လုပ္စရာမလိုပါဘူး၊ကြၽန္ေတာ္ကခုနကနည္းနည္းစိတ္ပူသြားလို႔ပါ။အခုဘာမွမျဖစ္ေတာ့ဘူး။ၿပီးေတာ့ ကြၽန္ေတာ့္ေၾကာင့္ကိုထက္ခင္တဲ့သူေတြေလ်ာ့သြားမွာလည္း မျဖစ္ေစခ်င္ဘူး"
"ဟုတ္ပါၿပီ၊ေနာက္ဆိုအဆင္မေျပရင္ပြင့္ပြင့္လင္းလင္းေျပာေနာ္"
"ဟုတ္ ဟုတ္"
ေဆာင္းဦးအငိုတိတ္သြားေတာ့မွ ထက္ဘုန္းကသူ႔ကိုရင္ခြင္ထဲမွထုတ္လိုက္သည္။တစ္ဖန္သူ႔ကိုယ္ႀကီးႏွင့္ေဆာင္းဦးရင္ခြင္ထဲကို ျပန္တိုးဝင္လာေသာေၾကာင့္ ေဆာင္းဦးမွာအသံထြက္ေအာင္ရယ္လိုက္ေတာ့သည္။
"ကိုထက္ကလည္း ကေလးက်ေနတာပဲဗ်ာ"
"ဘာျဖစ္လဲ။ကိုယ့္ေခါင္းကိုဖြေပး။ေဆာင္းဦး အဲ့လိုလုပ္ေပးရင္အရမ္းသေဘာက်တယ္"
"အင္းပါ၊အင္းပါ။လုပ္ေပးမယ္ေနာ္"
ထက္ဘုန္းလုပ္ခိုင္းသည့္အတိုင္း သူ႔ဆံပင္ေတြၾကားထဲလက္ထည့္ကာ ဖြလိုက္ေတာ့ ေခြးေပါက္ေလးကိုမ်က္စိတ္မွိတ္၍ၿငိမ္ခံေနသည္။
"ရၿပီ၊မလုပ္ေပးနဲ႔ေတာ့"
"ေတာ္ေသးတာေပါ့။ကြၽန္ေတာ့္လက္လည္းေညာင္းေနၿပီ"
"ဟုတ္လား၊ေဆာရီးေနာ္ ဟီးဟီး။ကိုယ္လည္းေနလို႔ေကာင္းလို႔ၿငိမ္ၿငိမ္ေလးေနေနတာ"
"ရပါတယ္ဗ်"
"အာ ဆယ့္ႏွစ္ေတာင္ေက်ာ္ၿပီပဲ၊ဗိုက္ဆာေနၿပီလား"
"ဟင့္အင္း အရမ္းေတာ့မဆာေသးဘူး"
"အဲ့ဒါဆိုခဏေနာ္။ကိုယ္တစ္ခုခုမွာလိုက္ဦးမယ္။ၿပီးမွအတူတူစားၾကတာေပါ့"
"ဟုတ္ ရတယ္"
ထက္ဘုန္းလည္းသူ႔ဖုန္းကိုယူလိုက္ကာ စားေသာက္ဆိုင္တစ္ခုခုကိုဖုန္းဆက္ၿပီး စားစရာေတြမွာလိုက္သည္။သူမွာေသာဆိုင္ကကြန္ဒိုႏွင့္အရမ္းမေဝးတာေၾကာင့္ ဆယ့္ငါးမိနစ္ေလာက္ေနေတာ့ စားစရာေတြေရာက္လာသည္။
ပလတ္စတစ္ဘူးထဲကိုထည့္ထားေသာစားစရာမ်ားကို ေႂကြပန္းကန္ထဲေျပာင္းထည့္လိုက္ၿပီးမွ ဧည့္ခန္းထဲမွာထိုင္ေနေသာေဆာင္းဦးကိုလွမ္းေခၚလိုက္သည္။ထို႔ေနာက္ႏွစ္ေယာက္အတူတူထိုင္၍ေန႔လယ္စာစားၾကေတာ့သည္။
♤♤♤♤♤♤♤♤♤♤
အခုျဖစ္ေနတဲ့ကိစၥေတြေၾကာင့္ အပ္ဒိတ္လုပ္တာခဏနားထားမယ္ေနာ္။အိုင္စာေရးဖို႔အဆင္လုံးဝမေျပလို႔ရယ္။ေနာက္မွျပန္ေတြ႕ၾကမယ္။အိမ္ျပင္လုံးဝမထြက္ၾကပါနဲ႔ေနာ္။ကိုယ့္ဘာသာကိုယ္အိမ္ထဲမွာပဲေနပါ။အာ ၿပီးေတာ့အဆင္ေျပရင္Twitterမွာhashtagေတြနဲ႔trendေပးၾကဦးေနာ္။
♤♤♤♤♤♤♤♤♤♤
Unicode
ဘာလိုလိုနှင့်ဆောင်းဦးတို့နှစ်ယောက်တွဲလာတာ ခြောက်လကျော်လောက်တောင်ရှိနေပြီဖြစ်သည်။ဒီကြားထဲမှာပြဿနာကြီးကြီးမားမားတော့ ဘာမှမဖြစ်ခဲ့ကြ။နှစ်ယောက်စလုံးကသဝန်အရမ်းတိုတတ်တာမို့လို့ တစ်ခါတလေကတောက်ကဆသေးသေးလေးတွေတော့ဖြစ်လေ့ရှိကြသည်။
"ကိုထက် ငြိမ်ငြိမ်နေလေဗျာ။ကျွန်တော်ယားတယ်လို့"
"ကိုယ်ဘာမှမလုပ်ပါဘူး၊ငြိမ်ငြိမ်လေးပဲထိုင်နေတာလေ"
"ဟာ ခင်ဗျားကိုဘာမှမပြောတော့ဘူး။တော်ပြီ"
"ခင်ဗျားတဲ့လား။ဒီကောင်လေးတော်တော်ရိုင်းလာတာပဲ"
"ကျွန်တော်ကကိုယ့်ဘာသာကိုယ်စာလုပ်နေတာကို ကိုထက်ကဘာလို့လိုက်ကလိထိုးနေလဲ။ငြိမ်ငြိမ်နေလို့ပြောတာလည်း နားမှမထောင်တာ"
ကျောင်းပိတ်ရက်မှာ ကိုထက်ကတွေ့ချင်သည်ဟုဖုန်းဆက်ဂျီကျသောကြောင့် ဆောင်းဦးတစ်ယောက်ထက်ဘုန်းအိမ်သို့ရောက်နေရသည်။'စာအတူတူလုပ်ရအောင်'ဟုပြောပြီး လာခိုင်းသောကြောင့် သူလည်းငြင်းမနေတော့ဘဲ 'ဟုတ်'ဟုသာပြော၍ ထက်ဘုန်းအိမ်ကိုလာခဲ့သည်။
အိမ်ကိုရောက်တော့ ထက်ဘုန်းကသူပြောထားသည့်အတိုင်း ဆောင်းဦးနှင့်စာအတူတူလုပ်ဖြစ်သည်။နာရီဝက်ကျော်ကျော်လောက်ကြာတော့ ပျင်းလာပြီဆိုသောအကြောင်းပြချက်ဖြင့် စာလုပ်နေတာကိုရပ်ကာ ဆောင်းဦးကိုလိုက်နှောင့်ယှက်နေခြင်းဖြစ်သည်။
တစ်နာရီနီးပါးလောက်မမောမပန်းဘဲ ဘေးနားမှာတတွတ်တွတ်စကားများနိုင်သောထက်ဘုန်းကြောင့် ဆောင်းဦးလက်ရော၊ခြေရောမြှောက်ချင်လာသည်။ကိုထက်စကားများမှန်းသိပေမယ့် အဲ့လောက်ထိမရပ်မနားပြောနိုင်မယ်လို့ လုံးဝကိုမတွေးထားမိခဲ့ပေ။
"ဆောင်းဦး စာမလုပ်နဲ့တော့လေ။စစရောက်ကတည်းကလုပ်နေတာ အခုထိနားလည်းမနားသေးဘူး။ခဏလောက်ပဲနားလေ နော်"
"ကိုထက်ဗျာ မရစ်နဲ့လေ"
"မရဘူး။ကိုယ့်ကိုချစ်ရင် စာမလုပ်နဲ့လို့။ပြီးမှအတူတူပြန်လုပ်ကြမယ်လေ နော်။လိမ္မာရဲ့သားနဲ့ကို"
"အဲ့ဒါဆိုဆယ့်ငါးမိနစ်ပဲထပ်လုပ်မယ်လေ။ပြီးရင်ခဏနားမယ်"
"တကယ်ပြောတာနော်"
"အင်း တကယ် ဆယ့်ငါးမိနစ်လုပ်ပြီးရင်ခဏနားမယ်"
"အဲ့ဒါဆိုကိုယ့်ကိုနမ်း"
"ဟင် ဘာမှလည်းမဆိုင်ဘူး။ကိုထက်ညစ်တယ်"
"အာ ဘယ်မှာညစ်လို့လဲ။ကိုယ်ကအခုနားလို့ပြောတာကို ဆယ့်ငါးမိနစ်လုပ်ပြီးမှနားမယ်ပြောလို့နမ်းခိုင်းတာလေ။အဲ့ဒါမှညီမျှမှာပေါ့။အခုနမ်း"
မျက်လုံးကိုမှိတ်၍ နှုတ်ခမ်းကိုအတင်းဆူပြကာ ဆောင်းဦးဆီမှအနမ်းကိုစောင့်ဆိုင်းနေသော ထက်ဘုန်းပုံစံက ရယ်လည်းရယ်ရသလိုချစ်ဖို့လည်း ကောင်းသည်။သုံးမိနစ်ကျော်လောက်အထိ ထိုပုံအတိုင်းရှိနေသေးသောကြောင့် ဆောင်းဦးလည်းသူ့ကိုသနားလာသည်။စာရေးနေတာကိုရပ်လိုက်ပြီး ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ ထက်ဘုန်းနှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်တော့ လူလည်ကောင်ထက်ဘုန်းညီကမျက်လုံးချက်ချင်းပွင့်လာသည်။
ဆောင်းဦးခေါင်းကိုထိန်းကိုင်လိုက်၍ခါးကိုတင်းကြပ်စွာဖက်ထားသောကြောင့် ဆောင်းဦးမှာလုံးဝရုန်း၍မရ။ကြာလာသောအသက်ရှူကြပ်လာသောကြောင့် ထက်ဘုန်းနှုတ်ခမ်းကိုနာအောင်ကိုက်ပစ်လိုက်သည်။ထိုအခါမှ 'အာ့'ဟူသောအသံတိုးတိုးလေးထွက်လာကာ သူ့ကိုလွှတ်ပေးတော့သည်။ဖွဖွလေးသာကိုက်လိုက်သောကြောင့် သွေးတော့မထွက်သွားပေ။
"ဘာလို့ကိုက်တာလဲ။မတရားဘူးနော်။နောက်တစ်ခါပြန်နမ်း"
"တော်ပြီလေဗျာ။ကိုထက်ကြောင့်ကျွန်တော်အသက်ရှူတောင်ရပ်တော့မလိုပဲ"
"ဘာလို့လဲဟင်။ရင်ခုန်သွားလို့လား"
"မဟုတ်ပါဘူး။ကိုထက်ကအတင်းဖက်ထားတာကို။ကျွန်တော်ကတိတည်တယ်နော်။အခုစာလုပ်မှာမို့လို့ငြိမ်ငြိမ်နေပေး။ဆယ့်ငါးမိနစ်ပြည့်မှ ကျွန်တော့်ကိုသတိပေးလိုက်"
"အင်းပါ၊ပြောလို့မရတော့လည်း လုပ်ပေါ့"
ဆောင်းဦးကသူ့စာအုပ်ကိုကိုင်ကာ စာပြန်လုပ်တော့ ထက်ဘုန်းကလည်းဆူပုတ်ပုတ်နှင့် သူ့ဖုန်းသူယူကာ သုံးနေတော့သည်။မျက်လုံးထောင့်မှမြင်နေရသောသူ့ပုံကြောင့် ဆောင်းဦးမှာတော့နှုတ်ခမ်းကိုကိုက်၍ ရယ်ချင်စိတ်ကိုထိန်းထားရသည်။ကိုထက်ကတကယ့်ကို ကလေးဆိုးကြီး။
အချိန်ခဏလောက်ကြာတော့ ကိုထက်ဆီမှတခစ်ခစ်နှင့်ရယ်သံထွက်လာသောကြောင့် သူ့ကိုကြည့်လိုက်တော့ ဖုန်းကိုကြည့်ပြီး ဘာတွေရယ်နေမှန်းကိုမသိပေ။လက်ချောင်းတွေကလည်း ဖုန်းမျက်နှာပြင်ပေါ်မှာ အဆက်မပြတ်လှုပ်ရှားနေသည်။
ထက်ဘုန်းကြောင့်ဆောင်းဦးစာလုပ်ရတာစိတ်မပါတော့၊အချိန်ကိုကြည့်လိုက်တော့ ဆယ့်ငါးမိနစ်ကျော်ပြီဖြစ်သောကြောင့် စာလုပ်တာကိုနားဖို့ဆုံးဖြတ်လိုက်သည်။ခါးကိုမတ်လိုက်ကာ သူ့ကိုဥပေက္ခာပြုထားသောထက်ဘုန်းနားကိုတိုးကပ်သွားလိုက်သည်။ထက်ဘုန်းကတော့အခုထိကိုအရယ်မရပ်သေး။
"ကိုထက်"
"......."
"ကိုထက်လို့၊ကျွန်တော်ခေါ်နေတယ်လေဗျာ"
"ဟင် ဪ စာလုပ်လို့ပြီးသွားပြီလား"
"အင်း ဘာလို့ဖုန်းကိုကြည့်ပြီးတစ်ယောက်တည်းရယ်နေတာလဲ။ကျွန်တော့်ကိုလည်းပြ"
"အာ ဒီမှာလေ ရှင်နှောင်းကသူ့ရယ်စရာပုံတွေပို့ထားလို့ရယ်နေရတယ်။လာကြည့်ကြည့်"
ထက်ဘုန်းကကမ်းပေးလိုက်တော့ ဆောင်းဦးသူ့ဖုန်းကိုယူလိုက်သည်။ခဏကြာတော့မှ မျက်နှာငယ်လေးနှင့်ဖုန်းကိုပြန်ပေးလာသည်။
"ကိုထက်နဲ့ရှင်နှောင်းနဲ့ကခင်သွားပြီလား"
"အင်း ရှင်နှောင်းကတကယ်ပေါင်းကြည့်တော့ ခင်ဖို့ကောင်းတယ် သိလား။အဲ့ဒါကြောင့်"
"ဪ အင်း"
ဘာစကားမှဆက်မပြောတော့သောဆောင်းဦးကြောင့် သူဖုန်းကိုပိတ်လိုက်ကာ ဆောင်းဦးကိုဖက်လိုက်သည်။
"ဘာဖြစ်လို့လဲ၊တစ်ခုခုအဆင်မပြေတာရှိလို့လားဟင်"
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး၊ဒီတိုင်းပဲ"
"တစ်ခုခုဆိုပွင့်ပွင့်လင်းလင်းပြောရမယ်လေ။ကိုယ်တို့ကဘာတွေလဲဆိုတာမေ့သွားတာလား"
"မေ့စရာလား။ကျွန်တော်မမေ့ပါဘူး"
"အဲ့ဒါဆိုပြောပြလေ"
"ဟို အဲ့ဒါက"
"ရှင်နှောင်းကြောင့်လား"
"......."
"တကယ်ပဲကို၊ကိုယ်ပြောထားတယ်လေ။ကိုယ်ဘယ်သူ့ကိုချစ်တာလဲဆိုတာကို သိနေရဲ့သားနဲ့"
"သိပါတယ် ဒါပေမယ့်"
"ဘာမှမဖြစ်နဲ့နော်။ကိုယ်ကကတိတည်မှာမို့လို့ စိုးရိမ်မနေနဲ့။ပြီးတော့ကိုယ်သူ့ကိုလည်းသဘောမကျပါဘူး"
"အင်းပါ၊ကျွန်တော်ယုံပါတယ်"
အသံတိုးတိုးလေးဖြင့် ထက်ဘုန်းစကားကိုတုံ့ပြန်လိုက်ပြီးနောက် ရင်ခွင်ထဲကိုအတင်းတိုးဝင်လာသည်။သူ့ဆံပင်လေးကိုနမ်းလိုက်တော့ ထက်ဘုန်းရင်ဘတ်နားမှာ မျက်နှာအပ်လာသည်။
"ကိုထက်"
"ခင်ဗျာ"
"ရွဲ့တာလား"
"ဟားဟား မရွဲ့ပါဘူးဗျာ။ဘာပြောမလို့လဲ ပြော"
"ကျွန်တော့်ပုံကအရမ်းတွယ်ကပ်နေတဲ့ပုံနဲ့တူလားဟင်"
"ဘာလို့တူရမှာလဲ၊မတူပါဘူး"
"ကိုထက်ကျွန်တော့်ကိုစိတ်ကုန်သွားမှာအရမ်းစိုးရိမ်တယ်သိလား။အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းဖို့ကြိုးစားပေမယ့် တကယ်တမ်းကျတော့မလုပ်နိုင်ဘူး။ကျွန်တော့်ကိုစိတ်တော့မပျက်သေးဘူးမလားဟင်"
ရင်ဘတ်တစ်နေရာကစိုစွတ်လာသောကြောင့် ဆောင်းဦးငိုနေမှန်းသိလိုက်သည်။မျက်နှာကိုမော့ခိုင်းဖို့လုပ်တော့ အမော့မခံဘဲ ခေါင်းကိုသာတွင်တွင်ငုံ့ထားသည်။
"ဆောင်းဦး ကလေးလေး ကိုယ့်ကိုကြည့်"
နားနားကိုကပ်၍အသံကိုဖျော့ပြောလိုက်တော့မှ ခေါင်းလေးကထောင်လာသည်။ပါးနှစ်ဖက်မှာစီးကျနေသော မျက်ရည်တို့ကိုသုတ်ပေးလိုက်ပြီးမှ သူ့နှဖူးကိုသုံးစက္ကန့်လောက်ထိကာနမ်းရှိုက်လိုက်သည်။
"ကိုယ့်ကိုယုံတယ်လို့ပြောပြီး ဘာလို့ငိုနေရတာလဲ၊ပြောပါဦး"
"ကျ...ကျွန်တော်ကြောက်လို့၊ကိုထက်ကျွန်တော့်ကိုထားသွားမှာကို အရမ်းကြောက်တယ်"
"မဟုတ်တာတွေ လျှောက်စဉ်းစားပြီး စိတ်မပူနဲ့လေကွာ။ကိုယ်ကအရင်ကထက်ဘုန်းညီမှမဟုတ်တော့တာ။ကိုယ်အခုချစ်နေတာက ကိုယ့်အရှေ့ကဆောင်းဦးစက်ဆိုတဲ့ကောင်လေးလေ"
"အင်း"
"ကိုယ့်မှာချစ်လို့တောင်မဝသေးတာကို ဘာလို့ထားခဲ့ဖို့ဆိုဝေးသေး။ကိုယ့်ကိုအခုထိအပြည့်အဝမယုံနိုင်သေးဘူးဆိုတာ သိပါတယ်။အတင်းလည်းမယုံခိုင်းဘူး။ဒါပေမယ့် ကိုယ်ပေးနိုင်တဲ့ကတိက ကိုယ်အရင်ကဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့၊အခုကိုယ်ချစ်တာကမင်းတစ်ယောက်တည်းပဲ"
"ချစ်တယ်ဆိုပြီးတော့ ကိုယ့်ခံစားချက်တွေကို ဝန်ခံခဲ့တာလည်း မင်းကပထမဆုံးပဲ။မင်းကကိုယ့်အတွက် ဘယ်လောက်အရေးပါပြီး လေးနက်လည်းဆိုတာသိတယ်မလား။အဲ့ဒါကြောင့် အများကြီးစိတ်မပူမနေနဲ့နော်။ဆောင်းဦးအဆင်မပြေရင် ကိုယ်ရှင်နှောင်းနဲ့စကားမပြောတော့ဘူး"
"အဲ့လောက်ထိတော့လုပ်စရာမလိုပါဘူး၊ကျွန်တော်ကခုနကနည်းနည်းစိတ်ပူသွားလို့ပါ။အခုဘာမှမဖြစ်တော့ဘူး။ပြီးတော့ ကျွန်တော့်ကြောင့်ကိုထက်ခင်တဲ့သူတွေလျော့သွားမှာလည်း မဖြစ်စေချင်ဘူး"
"ဟုတ်ပါပြီ၊နောက်ဆိုအဆင်မပြေရင်ပွင့်ပွင့်လင်းလင်းပြောနော်"
"ဟုတ် ဟုတ်"
ဆောင်းဦးအငိုတိတ်သွားတော့မှ ထက်ဘုန်းကသူ့ကိုရင်ခွင်ထဲမှထုတ်လိုက်သည်။တစ်ဖန်သူ့ကိုယ်ကြီးနှင့်ဆောင်းဦးရင်ခွင်ထဲကို ပြန်တိုးဝင်လာသောကြောင့် ဆောင်းဦးမှာအသံထွက်အောင်ရယ်လိုက်တော့သည်။
"ကိုထက်ကလည်း ကလေးကျနေတာပဲဗျာ"
"ဘာဖြစ်လဲ။ကိုယ့်ခေါင်းကိုဖွပေး။ဆောင်းဦး အဲ့လိုလုပ်ပေးရင်အရမ်းသဘောကျတယ်"
"အင်းပါ၊အင်းပါ။လုပ်ပေးမယ်နော်"
ထက်ဘုန်းလုပ်ခိုင်းသည့်အတိုင်း သူ့ဆံပင်တွေကြားထဲလက်ထည့်ကာ ဖွလိုက်တော့ ခွေးပေါက်လေးကိုမျက်စိတ်မှိတ်၍ငြိမ်ခံနေသည်။
"ရပြီ၊မလုပ်ပေးနဲ့တော့"
"တော်သေးတာပေါ့။ကျွန်တော့်လက်လည်းညောင်းနေပြီ"
"ဟုတ်လား၊ဆောရီးနော် ဟီးဟီး။ကိုယ်လည်းနေလို့ကောင်းလို့ငြိမ်ငြိမ်လေးနေနေတာ"
"ရပါတယ်ဗျ"
"အာ ဆယ့်နှစ်တောင်ကျော်ပြီပဲ၊ဗိုက်ဆာနေပြီလား"
"ဟင့်အင်း အရမ်းတော့မဆာသေးဘူး"
"အဲ့ဒါဆိုခဏနော်။ကိုယ်တစ်ခုခုမှာလိုက်ဦးမယ်။ပြီးမှအတူတူစားကြတာပေါ့"
"ဟုတ် ရတယ်"
ထက်ဘုန်းလည်းသူ့ဖုန်းကိုယူလိုက်ကာ စားသောက်ဆိုင်တစ်ခုခုကိုဖုန်းဆက်ပြီး စားစရာတွေမှာလိုက်သည်။သူမှာသောဆိုင်ကကွန်ဒိုနှင့်အရမ်းမဝေးတာကြောင့် ဆယ့်ငါးမိနစ်လောက်နေတော့ စားစရာတွေရောက်လာသည်။
ပလတ်စတစ်ဘူးထဲကိုထည့်ထားသောစားစရာများကို ကြွေပန်းကန်ထဲပြောင်းထည့်လိုက်ပြီးမှ ဧည့်ခန်းထဲမှာထိုင်နေသောဆောင်းဦးကိုလှမ်းခေါ်လိုက်သည်။ထို့နောက်နှစ်ယောက်အတူတူထိုင်၍နေ့လယ်စာစားကြတော့သည်။
♤♤♤♤♤♤♤♤♤♤
အခုဖြစ်နေတဲ့ကိစ္စတွေကြောင့် အပ်ဒိတ်လုပ်တာခဏနားထားမယ်နော်။အိုင်စာရေးဖို့အဆင်လုံးဝမပြေလို့ရယ်။နောက်မှပြန်တွေ့ကြမယ်။အိမ်ပြင်လုံးဝမထွက်ကြပါနဲ့နော်။ကိုယ့်ဘာသာကိုယ်အိမ်ထဲမှာပဲနေပါ။အာ ပြီးတော့အဆင်ပြေရင်Twitterမှာhashtagတွေနဲ့trendပေးကြဦးနော်။
♤♤♤♤♤♤♤♤♤♤