{ Unicode Version }
ယခု သလင်းရောက်ရှိနေသောနေရာမှာ အစိုးရတက္ကသိုလ်တစ်ခု၏ ကျောင်းဝင်းအတွင်းတွင်ဖြစ်၏။
စိမ်းနုနုမြက်ခင်းပြင်လေးနှင့်ကျောင်းဘောလုံးကွင်း၏ ဘေးတွင်ကပ်လျက်ရှိနေသည့် ကားပါကင်ဧရိယာအတွင်းတွင်လည်းဖြစ်သည်။
သလင်း ခေါ် သလင်းနွေသည် ဤတက္ကသိုလ်မှ လေ့လာရေးခရီးတွင် လမ်းညွှန်တစ်ယောက်အဖြစ်လိုက်သွားရပေမည်။
ကားပါကင်ဧရိယာအတွင်း ရပ်ထားသည့် expressကား နှစ်စီးပေါ်တွင်လည်း ကျောင်းသား၊ကျောင်းသူများဖြင့် ပြည့်နှက်နေလေပြီ။
သို့သော် ထိုကားနှစ်စီးလုံး ကျောင်းဝင်းအတွင်းမှ တစ်လိမ့်မှပင် မလိမ့်ရသေးပေ။
လေ့လာရေးခရီးစဥ်တွင် လိုက်ပါမည့်ကျောင်းသားတွေထဲမှ ကျောင်းသားတစ်ဦးရောက်မလားသေး၍ဖြစ်သည်။
ကျောင်းသား၊ကျောင်းသူတွေထံမှလည်း ကျွတ်စီကျွတ်စီအသံများလည်း ထွက်နေကြပြီး သလင်းသည်း ကားပြတင်းမှတဆင့် အပြင်ဘက်သို့သာ အာရုံစုထားလိုက်၏။
Ringtone!!
ကား၏ နောက်ဆုံးခုံတွင် ထိုင်နေသည့် သလင်းသည် ဘေးအိတ်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်တော့ ဖုန်းဆက်လာသူမှာ သူ့ရဲ့လုပ်ငန်းရှင်သူဌေးဖြစ်သည်။
"ဟယ်လို၊ ကိုဘုန်း''
" --------- ''
" ဟုတ် အားလုံးအဆင်ပြေပါတယ်၊ အခုတော့ ကလေးတစ်ယောက်မရောက်သေးလို့ စောင့်နေတာ ''
" --------- ''
" စိတ်ချပါဗျာ၊ ကျွန်တော်က ခရီးသွားနေကျပါ၊ အခုမှ ပထမဆုံးသွားမှာမဟုတ်ဘူးလေ၊ စိတ်ချပါ ''
" ---------- ''
'' ဟုတ်ကဲ့ပါ၊ နားလည်ပါတယ်၊ ဒါပဲနော် ကိုဘုန်း ''
ဖုန်းချပြီးသွားတော့ သလင်း လက်မှနာရီအား ကြည့်လိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်မိ၏။
၈နာရီခွဲထွက်ခွာပါမည်ဆိုသည့် ခရီးသည် ယခု၉နာရီပင်ထိုးနေပြီဖြစ်သည်။ သို့သော် အခုထိမထွက်ရသေး။
သလင်းလည်း ထိုင်နေရာမှ ထသွားလိုက်ကာ ကားရှေ့ပိုင်းဆီမှ Tourism major ဆရာမဆီလျှောက်လာခဲ့၏။
ဆရာမဘေးတွင်ရပ်နေလိုက်တော့ ဆရာမကအလိုက်သိစွာ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။
" ဆရာမ...၊ဟိုကျောင်းသားဆီ ဖုန်းဆက်ကြည့်ပါဦး၊အရမ်းနောက်ကျနေပြီ၊ ကျွန်တော်တို့က ခရီးဆက်စရာလည်းရှိသေးတော့လေ...၊ တခြားကလေးတွေကိုလဲ အားနာစရာတွေဖြစ်ကုန်မှာစိုးလို့ပါ ''
" ဟုတ်ကဲ့ရှင့်၊ ဆက်တော့ဆက်ထားပါတယ်ရှင်၊ ကျွန်မလည်းအားနာမိပါတယ်၊ ဒါဆို ကျွန်မ သူ့ကို ထပ်ဆက်လိုက်ပါဦးမယ် ''
" ကျေးဇူးပါ ဆရာမ ''
သလင်း ဆရာမကို ကျောခိုင်းခဲ့ကာ သူ့နေရာသူပြန်လာပြီး အေးအေးလူလူ ထိုင်နေလိုက်၏။
သလင်းနွေဆိုသည်မှာ ''Future'' Hotels and Travellingရဲ့ မန်နေဂျာ တဖြစ်လဲ ခရီးသွားလမ်းညွှန် တစ်ယောက်ပင်ဖြစ်၏။
ယခု ဒီအစိုးရတက္ကသိုလ်မှ ကျိုက်ထီးရိုးစေတီတော်သို့ လေ့လာရေးခရီးထွက်ရန် သလင်းနွေတို့ ကုမ္ပဏီသို့လာရောက်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
''Future"ရဲ့ CEOဖြစ်သူ ဦးဘုန်းသာလျှံသည် အစစအရာရာ အဆင်ပြေအောင် အားလုံးစီစဥ်ပေးပြီး သလင်းနွေကို ဒီခရီးစဥ်၏ အထူးလမ်းညွှန်အဖြစ် လိုက်သွားစေခဲ့သည်။
သလင်း ထိုင်နေရင်း အတွေးထဲနှစ်မျောနေစဥ်မှာပဲ သူ့ဘေးမှာ လူရိပ်တစ်ခုကြောင့် ပြန်အသိဝင်လာပြီး ဘေးသို့ကြည့်လိုက်၏။
ဆံပင်အနက်ပေါ်မှာ ငွေရောင်လိုင်းဖောက်ထားသော ဆံပင်အနည်းငယ်နှင့် အနက်ရောင် လည်သာဂျာကင်ကို ဝတ်ဆင်ထားပြီး စိန်တစ်ပွင့်မျှသာပါသော နားကပ်ကိုတစ်ဖက်ကို နားထက်တွင်ဆင်မြန်းထားသော သူပါလေ။
ခပ်ငယ်ငယ်ကောင်လေးတစ်ဦးသာ။
သလင်းသည် ထိုကောင်လေး၏ မျက်ဝန်းတစ်စုံကို အချိန်တစ်ခုထိ ငေးမောနေမိသည်။
'' ကျွန်တော့် နေရာထင်တယ် ''
ထိုမျှသာပြောပြီး ကောင်လေးသည် သလင်းရဲ့ဘေးမှ နေရာလွတ်အား မျက်စပစ်ပြလာသည့်အတွက် သလင်းလည်း ထိုနေရာတွင်တင်ထားသည့် သူ့ရဲ့ ခရီးဆောင်အိတ်ကို ဖယ်ပေးလိုက်ရ၏။
ထို့နောက် ထိုကောင်လေးသည် မပြောမဆိုနှင့် ဘေးတွင်ဝင်ထိုင်လာသောသူ့ကြောင့် သလင်း စိတ်ခုသွားပေမယ့် သူ့နေရာသူထိုင်တာ ဆိုတော့လည်း သလင်းဘာမှမပြောသာ။
အနည်းဆုံးတော့ မိတ်ဆက်သင့်သည်ဟု သလင်းစိတ်ထဲမှတ်ယူထား၏။
" ကဲ...၊ဒါဆို အားလုံးပဲ၊ လူစုံသွားပြီဆိုတော့ ဆရာမတို့ရဲ့ ခရီးစဥ်လေးကို စတင်ကြရအောင် ''
'' ဝေး.... ''
'' ရေး..... ''
ကားရှေ့ပိုင်းမှ ဆရာမဖြစ်သူက အားလုံးကိုအသိပေးလိုက်တော့ ကျောင်းသားကျောင်းသူများထံမှ ပျော်ရွှင်သွားသောအသံများသည် ကားအတွင်းတွင် ပြည့်နှက်သွားတော့၏။
ထို့အသံတွေကြောင့် နားကြပ်တပ်လိုက်ပြီး အများနှင့်မတူဘဲ သူ့ဘာသာသူ အေးအေးလူလူထိုင်နေသည့်သူက သလင်းရဲ့ဘေးမှ သူ.....။
သလင်းသည် အများနည်းတူ မပျော်မရွှင်ဘဲ စိတ်မပါလက်မပါဖြစ်နေသော ထိုကောင်လေးကြောင့် စိတ်ထဲဘဝင်မကျသလို တစ်မျိုးတစ်မည်ခံစားနေမိသည်။
အားလုံးစုပေါင်းပြီး ခရီးထွက်လာရခြင်းမှာ လွတ်လွတ်လပ်လပ်ရှိစေပြီး စိတ်ပျော်ရွှင်စေဖို့ပင်မဟုတ်လား။
ဒီလူကတော့ ပျင်းရိပျင်းတောနဲ့ အစကတည်းကမလိုက်ခဲ့ရင် အကောင်းသား။
သလင်းသည် စိတ်ထဲမှ ပြောချင်ရာပြောနေပြီး သတိမထားမိဘဲ ထိုကောင်လေးအား မမှိတ်မသုန်စိုက်ကြည့်နေမိတော့ သူကလည်း သလင်းကို ပြန်ကြည့်လာသည်။
ထိုအခါမှ နှစ်ယောက်သား အကြည့်ချင်းဆုံမိသွားကာ သလင်းသည် ရှက်အန်းအန်းနှင့် မျက်နှာလွှဲလိုက်၏။
ထိုကောင်လေးသည် သူလွယ်လာသော ကျောပိုးအိတ်ကို သူ့ပေါင်ပေါ်တင်ထားလိုက်ပြီး ဝတ်လာသော ဂျာကင်ကိုချွတ်လိုက်သည်။
ထို့နောက် ထိုကောင်လေးသည် သလင်းဘက်သို့လှည့်လာကာ
'' ခဏ မှီချင်တယ် ''
ဟုဆိုကာ သလင်းရဲ့ ပခုံးပေါ်သို့ သူ့ရဲ့ခေါင်းကို ထိုးတင်လာသည်။
ထိုအပြုအမူကြောင့် ရုတ်တရက် သလင်း ဆွံ့အသွားရပြီး ထိုကောင်လေးခေါင်းကို ပြန်တွန်းဖယ်မည်အပြု ထိုကောင်လေးထံမှရသည့် ကိုယ်သင်းရနံ့နှင့်အတူ နွေးထွေးမှုတစ်စုံတရာပါ ပူးတွဲပါလာသကဲ့သို့ သလင်း ခံစားရမိ၏။
သလင်းရဲ့နှာဖျားတဝိုက်တွင်လည်း ထိုကောင်လေးထံမှထွက်လာသည့် ဆေးလိပ်အနံ့က ရစ်ဝဲနေသည်။
ကောင်လေးနှင့် တွေ့ဆုံမှုမှာ သလင်းအတွက် ပထမဆုံးအကြိမ်ဖြစ်ပေမယ့် သလင်းစိတ်ကတော့ ထိုကောင်လေးနှင့်အကျွမ်းတဝင်ရှိနေသလိုပင်။
သလင်းသည် ရုတ်တရက် ကောင်လေး၏လက်ခုံမှ ပွန်းပဲ့ဒဏ်ရာတချို့ကို တွေ့လိုက်ရသည်။
သို့သော် သလင်းသည် သူနှင့်မဆိုင်ဘူးဟု တွေးလိုက်မိပြီး အကြည့်လွှဲလိုက်၏။
ထိုဒဏ်ရာမှသွေးအနည်းငယ်စို့လာသောအခါ သလင်း မနေနိုင်တော့ပေ။
သူ့အိတ်ထဲမှ အရံသင့်ပါလာသည့် ဆေးပစ္စည်းအချို့ထည့်ထားသည့်အိတ်ကို ထုတ်ယူလိုက်၏။
သလင်း အိတ်ထဲမှာ ဆေးပစ္စည်းအိတ်ပါသည်ဆိုသည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်။
သလင်း ကိုယ်တိုင်သည်လည်း ဧည့်လမ်းညွှန် တစ်ယောက်ဖြစ်ရာ သူသွားလေရာခရီးစဥ်တိုင်းကို ဆေးပစ္စည်းအချို့ပါယူသွားလေ့ရှိသည်။
သလင်းသည် ဆေးအိတ်ထဲမှ ဂွမ်းအချို့ယူလိုက်ပြီး အရက်ပြန် အနည်းငယ်တို့လိုက်သည်။
ထို့နောက် သူ့ပခုံးထက်ဝယ် မှေးစက်နေသူရဲ့ လက်ခုံမှပွန်းပဲ့ဒဏ်ရာဆို အသာအယာတို့ပေး၏။
အရက်ပြန်ကြောင့်စပ်သွား၍ထင်သည်၊ ထိုကောင်လေး၏လက်သီးဆုပ်လိုက်ပြီး ရုန်းဟန်ပြု၏။
သလင်း အားနေသောလက်ဖြင့် ထိုကောင်လေး၏ လက်ကောက်ဝတ်ကို ထိန်းကိုင်လိုက်ပြီး အရက်ပြန်ဆက်တို့ပေးနေလိုက်သည်။
အရက်ပြန်တို့ပေးပြီးသွားတော့ ထိုကောင်လေး၏ လက်ကို မ ယူလိုက်ပြီး ဒဏ်ရာကို လေဖြင့်မှုတ်ပေးလိုက်၏။
'' ကျေးဇူးပဲ ''
ထိုကောင်လေး၏နှုတ်မှ ထွက်ပေါ်လာသည့် ဒုတိယံမိစကားသံကို သလင်း၏နားထဲတွင် ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရ၏။
ပခုံးပေါ်မီအိပ်နေသည့် ထိုကောင်လေးသည် ခေါင်းထောင်လာပြီး သလင်းနွေဘက်ကိုလှည့်လာခဲ့သည်။
'' ဆေးထည့်ပေးတဲ့အတွက်ပြောတာ ''
'' သြော်...ရပါတယ် ''
ထိုမျှသာပြောပြီး နှစ်ယောက်လုံး ကိုယ့်အာရုံနဲ့ကိုယ် ပြန်ဖြစ်သွားကြသည်။
" ဉာဏ် ကျွန်တော့်နာမည် သွေးသစ်ဉာဏ်၊ ဉာဏ်လို့ခေါ်လို့ရတယ် ''
'' အင်း ကိုယ့်နာမည်က သလင်းနွေပါ ''
သလင်းသည် သွေးသစ်ဉာဏ်ဟုခေါ်သည့် ကောင်လေး၏ နားထင်နားမှ ဒဏ်ရာကိုလည်း တွေ့သွား၏။
'' မင်း ဒဏ်ရာကို ကိုယ် ဆေးထည့်ပေးရမလား ''
သလင်းသည် သွေးသစ်ရဲ့ နားထင်မှ ဒဏ်ရာကို လက်ညှိုးနဲ့ထိုးပြရင်းမေးလိုက်၏။
'' သလင်းက လုပ်ပေးချင်လို့လား ''
'' ဒီတိုင်းကြီး ထား,ထားတာထက် ဆေးပလာစတာလေး ကပ်ထားတာက ပိုအဆင်ပြေမလားလို့ ''
'' ဒါဆိုလည်း ကပ်ပေး ''
သလင်းလည်း ဒဏ်ရာကို အရက်ပြန်အနည်းငယ်ပွတ်ပေးလိုက်ပြီး ဆေးပလာစတာကပ်လေးလိုက်သည်။
ချွန်ထက်သည့်အရာတစ်ခုခုနှင့် ခြစ်မိခဲ့သည့် ဒဏ်ရာမျိုးဖြစ်သော်လည်း အရမ်းမနက်၍ တော်သေးသည်ဆိုရမည်။
'' ရသွားပြီ ''
'' ကဲ ကျေနပ်ပြီလား၊ ကျွန်တော် ခဏအိပ်ဦးမယ် ''
'' အင်း အင်း အိပ် ''
'' ဟို ကျွန်တော် သလင်းရဲ့ပခုံးပေါ် မှီအိပ်မယ်နော် ''
သလင်း ခေါင်းညိတ်မိသလား၊ ခေါင်းခါမိသလားမသိတော့ပေမယ့် သွေးသစ်ရဲ့ခေါင်းက သလင်းရဲ့ပခုံးပေါ်ပင်ရောက်နေပြီ။
သွေးသစ်သည် နားကြပ်တစ်ဖက်ကို သူ့နားတွင်တပ်လိုက်ပြီး ကျန်တစ်ဖက်ကို သလင်းလက်ထဲထည့်ပေးလိုက်၏။
'' တူတူနားထောင်ရအောင် ''
ဆိုလာတော့ သလင်းလည်း သူပေးသည့် နားကြပ်ကိုယူကာ နားတွင်တပ်လိုက်၏။
ဂျစ်တစ်တစ်စတိုင်လ်နဲ့မို့ ခပ်မြူးမြူးသီချင်းတွေနားထောင်လိမ့်မည်ဟု သလင်းတွေးထားပေမယ့် တကယ်နားထောင်ကြည့်လိုက်တော့ မြန်မာသီချင်းအေးအေးလေးသာဖြစ်သည်။
စာသားတစ်ကြောင်းစီတိုင်းက စိတ်ထဲတွင် ခံစားနှစ်လိုဖွယ်ကောင်စေ၏။
သွေးသစ်သည် သလင်းထက် အရပ်ပိုရှည်သူ ဖြစ်ရာ သူ့ထက် နဲနဲပုနေသည့် သလင်းရဲ့ပခုံးပေါ် မှီအိပ်ရသည်မှာ အဆင်မပြေဘဲဖြစ်နေသည်။
သွေးသစ်သည် သလင်းရဲ့ခေါင်းကို ဆွဲယူကာ သူ့ပခုံးပေါ်ဆွဲမှီစေလိုက်ပြီးမှ သူက သလင်းရဲ့ ခေါင်းကို ပြန်မှီလိုက်၏။
နှစ်ယောက်စလုံးသူမှီကိုယ်မှီနှင့် သီချင်းထဲစီးမျောနေလိုက်ကြပြီး ခရီးဆက်ကြ၏။
အမှန်စင်စစ် သလင်းသည့် မည်သူ့အပေါ်ကိုမျှ မထားရှိခဲ့ဖူးသည့် စိတ်အာရုံအချို့ကို ဒီကောင်လေးအပေါ် အလုံးစုံပုံအပ်မိသွားခဲ့သည်ကို သူကိုယ်တိုင်ပင် မသိခဲ့ရိုးအမှန်ဖြစ်၏။
------------------------------------------------------------------------
၁၁၅မိုင်တွင် နေ့လည်စာစားရန်အတွက် ခရီးတစ်ထောက်နားကြ၏။
အချိန် ၁၂ခွဲမှ ၁ခွဲအထိ နားကြမည်ဖြစ်ပြီး ကိစ္စအဝဝဖြေရှင်းခဲ့ရန်မှာကြားနေသည့် ကားဆရာ၏ စကားဆုံးသည်နှင့် အကုန်လုံး တပျော်တပါးပြေးဆင်းသွားကြသည်။
အားလုံးကားပေါ်က ဆင်းသွားပေမယ့် သကောင့်သား သွေးသစ်သည် နိုးမလာသေးသဖြင့် သလင်းကပဲ နှိုးပေးလိုက်ရသည်။
သွေးသစ်သည် အိပ်ချင်မူးတူးနှင့် ထလာခဲ့ပြီး သလင်းရဲ့ ပေါင်ပေါ်တင်ထားသည့် သူ၏ဂျာကင်အားယူဝတ်လိုက်၏။
ထို့နောက် သွေးသစ်သည် သလင်းရဲ့ လက်ကိုဆွဲကာ ကားပေါ်ကဆင်းလာခဲ့ကြ၏။
သလင်းလည်း အယောင်ယောင်အမှားမှားနှင့် သွေးသစ်လက်ဆွဲရာနောက်သာ လိုက်လာမိခဲ့သည်။
စားသောက်ဆိုင်များ ရှိရာဘက်သို့ ဦးတည်နေသည့် သလင်းကို သွေးသစ်က တားမြစ်လိုက်၏။
" ခဏ သလင်း ''
" အင်း၊ ဘာဖြစ်လို့လဲ ''
" သလင်း အထဲဝင်ပြီး စားချင်တာမှာထားနှင့်လိုက်၊ ကျွန်တော်ခဏ နေရင်လာခဲ့မယ် ''
" အေးပါ ''
'' ကျွန်တော် သလင်းနဲ့တစ်ဝိုင်းတည်း အတူထိုင်မှာနော် ''
'' အွန်းပါ ''
'' လိမ္မာတယ် ''
သွေးသစ်သည် သလင်းရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ကျောခိုင်းသွားသည်။
သလင်းသည် စားသောက်ဆိုင်ထဲဝင်လာခဲ့ပြီး စားပွဲတစ်ဝိုင်းတွင်နေရာယူလိုက်၏။
'' Guide ဆရာလေး၊ ကျွန်မတို့နဲ့အတူ လာထိုင်ပါ့လား ''
ဘေးဝိုင်းမှ ဆရာမနှင့်ကျောင်းသားအချို့က သလင်းကိုအတူစားဖို့ခေါ်နေပေမဲ့ သလင်း ငြင်းလိုက်ရသည်။
'' ရပါတယ်ဗျာ၊ ဆရာနဲ့တပည့်တွေသာ ပျော်ပျော်ရွှင်ရွှင်စားကြပါ ''
'' ကောင်းပါပြီရှင် ''
သလင်း ဆရာမနှင့်စကားစပြတ်ပြီးတာနှင့် ကိုဘုန်းဆီ ဖုန်းခေါ်ရန်သတိရသွားသည့်အတွက် ဖုန်းကို အလျှင်အမြန်ဖွင့်ကာ ကိုဘုန်းဆီ ဖုန်းခေါ်လိုက်၏။
" ဟယ်လို...၊ကိုဘုန်း ''
" --------- ''
" ဟုတ်တယ်၊ အခု ၁၁၅မိုင်မှာရောက်နေတာ၊ နေ့လယ်စာ စားရင်း အညောင်းဆန့်ဖို့လေ ''
" --------- ''
" ဟုတ် အားလုံးအဆင်ပြေပါတယ်၊ ကိုဘုန်းရော နေ့လည်စာ စာပြီးပြီလား ''
'' ---------- ''
'' ဟုတ်လား...အဆင်ပြေသွားရဲ့လား ''
'' ----------- ''
'' အွန်း တော်သေးတာပေါ့၊ မိတ်ဖက်ကောင်း ကုမ္ပဏီကို လက်လွှတ်ရတော့မလို့ ''
'' ------------- ''
'' ဟုတ် ဟုတ်...ဂရုစိုက်ပါ၊ ဒါပဲနော် ''
ဖုန်းချလိုက်ပြီး သလင်း ဖုန်းကို စားပွဲပေါ်တွင်တင်ထားလိုက်၏။
သလင်း ဘာရယ်မဟုတ် ဆိုင်တံခါးဝကိုလှမ်းကြည့်မိလိုက်တော့ သွေးသစ် ဆိုင်ထဲဝင်လာသည်ကိုတွေ့လိုက်ရ၏။
သွေးသစ် ဆိုင်ထဲဝင်လာတော့ ကျောင်းသားအချို့က နှာခေါင်းရှုံ့တာကို သလင်း သတိထားမိသည်။
ကိုယ်တော်ချောက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဟန်ဖြင့် သလင်းရဲ့စားပွဲတွင် ဝင်ထိုင်လာသည်။
" ဘယ်သူနဲ့ဖုန်းပြောနေတာလဲ ''
'' ကိုယ့်အလုပ်ရှင် သူဌေးနဲ့ပါ ''
'' သြော်.... ဘာမှာထားလဲ ''
"အင်း...၊ ကိုယ်စားဖို့တော့မှာပြီးပြီ၊ မင်း ဘာစားမလဲ မသိလို့ မမှာရသေးဘူး မင်းအတွက် ''
" ဉာဏ်လို့ ခေါ်ပါ ''
" ဟင် ''
" သွေးသစ်ဉာဏ်လို့မခေါ်ဘဲ ရင်းရင်းနှီးနှီးဖြစ်အောင် ဉာဏ်လို့ခေါ် ''
"အင်း..သြော်၊မှာထားတာတွေရပြီ''
စားပွဲထိုးလေးသည် သလင်းမှာထားတွေချပေးပြီး ထွက်သွားမည်အပြု သွေးသစ်က cokeတစ်ဗူး ထပ်မှာလိုက်သည်။
" ဘာမှမစားဘူးလား ''
" အင်း..၊မဆာလို့ ''
" မဟုတ်သေးဘူးလေ၊တစ်မနက်လုံးကားစီးလာရတာလေ တစ်ခုခုစားမှပေါ့ ''
" ကျွန်တော်မဆာပါဘူးဆိုဗျာ ''
သလင်း မျက်နှာကိုစိုက်ကြည့်ပြီး လေသံမာမာပြောလာသည့် သွေးသစ်ကြောင့် သလင်း ဘာမှဆက်မပြောတော့ဘဲ အသံတိတ်ကာ စားစရာရှိတာယာ စားနေလိုက်၏။
သွေးသစ်သည်လည်း လာချပေးသွားသည့် Cokeဗူးသာ အေးအေးလူလူ သောက်နေရင်း သလင်းကိုသာစိုက်ကြည့်နေခဲ့သည်။
########
(12.3.2021)
___________________________________________________________
{ Zawgyi Version }
ယခု သလင္းေရာက္ရွိေနေသာေနရာမွာ အစိုးရတကၠသိုလ္တစ္ခု၏ ေက်ာင္းဝင္းအတြင္းတြင္ျဖစ္၏။
စိမ္းႏုႏုျမက္ခင္းျပင္ေလးႏွင့္ေက်ာင္းေဘာလုံးကြင္း၏ ေဘးတြင္ကပ္လ်က္ရွိေနသည့္ ကားပါကင္ဧရိယာအတြင္းတြင္လည္းျဖစ္သည္။
သလင္း ေခၚ သလင္းႏြေသည္ ဤတကၠသိုလ္မွ ေလ့လာေရးခရီးတြင္ လမ္းၫႊန္တစ္ေယာက္အျဖစ္လိုက္သြားရေပမည္။
ကားပါကင္ဧရိယာအတြင္း ရပ္ထားသည့္ expressကား ႏွစ္စီးေပၚတြင္လည္း ေက်ာင္းသား၊ေက်ာင္းသူမ်ားျဖင့္ ျပည့္ႏွက္ေနေလၿပီ။
သို႔ေသာ္ ထိုကားႏွစ္စီးလုံး ေက်ာင္းဝင္းအတြင္းမွ တစ္လိမ့္မွပင္ မလိမ့္ရေသးေပ။
ေလ့လာေရးခရီးစဥ္တြင္ လိုက္ပါမည့္ေက်ာင္းသားေတြထဲမွ ေက်ာင္းသားတစ္ဦးေရာက္မလားေသး၍ျဖစ္သည္။
ေက်ာင္းသား၊ေက်ာင္းသူေတြထံမွလည္း ကြၽတ္စီကြၽတ္စီအသံမ်ားလည္း ထြက္ေနၾကၿပီး သလင္းသည္း ကားျပတင္းမွတဆင့္ အျပင္ဘက္သို႔သာ အာ႐ုံစုထားလိုက္၏။
Ringtone!!
ကား၏ ေနာက္ဆုံးခုံတြင္ ထိုင္ေနသည့္ သလင္းသည္ ေဘးအိတ္ထဲမွ ဖုန္းကိုထုတ္ၾကည့္လိုက္ေတာ့ ဖုန္းဆက္လာသူမွာ သူ႕ရဲ႕လုပ္ငန္းရွင္သူေဌးျဖစ္သည္။
"ဟယ္လို၊ ကိုဘုန္း''
" --------- ''
" ဟုတ္ အားလုံးအဆင္ေျပပါတယ္၊ အခုေတာ့ ကေလးတစ္ေယာက္မေရာက္ေသးလို႔ ေစာင့္ေနတာ ''
" --------- ''
" စိတ္ခ်ပါဗ်ာ၊ ကြၽန္ေတာ္က ခရီးသြားေနက်ပါ၊ အခုမွ ပထမဆုံးသြားမွာမဟုတ္ဘူးေလ၊ စိတ္ခ်ပါ ''
" ---------- ''
'' ဟုတ္ကဲ့ပါ၊ နားလည္ပါတယ္၊ ဒါပဲေနာ္ ကိုဘုန္း ''
ဖုန္းခ်ၿပီးသြားေတာ့ သလင္း လက္မွနာရီအား ၾကည့္လိုက္ၿပီး ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္မိ၏။
၈နာရီခြဲထြက္ခြာပါမည္ဆိုသည့္ ခရီးသည္ ယခု၉နာရီပင္ထိုးေနၿပီျဖစ္သည္။ သို႔ေသာ္ အခုထိမထြက္ရေသး။
သလင္းလည္း ထိုင္ေနရာမွ ထသြားလိုက္ကာ ကားေရွ႕ပိုင္းဆီမွ Tourism major ဆရာမဆီေလွ်ာက္လာခဲ့၏။
ဆရာမေဘးတြင္ရပ္ေနလိုက္ေတာ့ ဆရာမကအလိုက္သိစြာ ထိုင္ေနရာမွ မတ္တပ္ရပ္လိုက္သည္။
" ဆရာမ...၊ဟိုေက်ာင္းသားဆီ ဖုန္းဆက္ၾကည့္ပါဦး၊အရမ္းေနာက္က်ေနၿပီ၊ ကြၽန္ေတာ္တို႔က ခရီးဆက္စရာလည္းရွိေသးေတာ့ေလ...၊ တျခားကေလးေတြကိုလဲ အားနာစရာေတြျဖစ္ကုန္မွာစိုးလို႔ပါ ''
" ဟုတ္ကဲ့ရွင့္၊ ဆက္ေတာ့ဆက္ထားပါတယ္ရွင္၊ ကြၽန္မလည္းအားနာမိပါတယ္၊ ဒါဆို ကြၽန္မ သူ႕ကို ထပ္ဆက္လိုက္ပါဦးမယ္ ''
" ေက်းဇူးပါ ဆရာမ ''
သလင္း ဆရာမကို ေက်ာခိုင္းခဲ့ကာ သူ႕ေနရာသူျပန္လာၿပီး ေအးေအးလူလူ ထိုင္ေနလိုက္၏။
သလင္းႏြေဆိုသည္မွာ ''Future'' Hotels and Travellingရဲ႕ မန္ေနဂ်ာ တျဖစ္လဲ ခရီးသြားလမ္းၫႊန္ တစ္ေယာက္ပင္ျဖစ္၏။
ယခု ဒီအစိုးရတကၠသိုလ္မွ က်ိဳက္ထီးရိုးေစတီေတာ္သို႔ ေလ့လာေရးခရီးထြက္ရန္ သလင္းႏြေတို႔ ကုမၸဏီသို႔လာေရာက္ဆက္သြယ္ခဲ့ျခင္းျဖစ္သည္။
''Future"ရဲ႕ CEOျဖစ္သူ ဦးဘုန္းသာလွ်ံသည္ အစစအရာရာ အဆင္ေျပေအာင္ အားလုံးစီစဥ္ေပးၿပီး သလင္းႏြေကို ဒီခရီးစဥ္၏ အထူးလမ္းၫႊန္အျဖစ္ လိုက္သြားေစခဲ့သည္။
သလင္း ထိုင္ေနရင္း အေတြးထဲႏွစ္ေမ်ာေနစဥ္မွာပဲ သူ႕ေဘးမွာ လူရိပ္တစ္ခုေၾကာင့္ ျပန္အသိဝင္လာၿပီး ေဘးသို႔ၾကည့္လိုက္၏။
ဆံပင္အနက္ေပၚမွာ ေငြေရာင္လိုင္းေဖာက္ထားေသာ ဆံပင္အနည္းငယ္ႏွင့္ အနက္ေရာင္ လည္သာဂ်ာကင္ကို ဝတ္ဆင္ထားၿပီး စိန္တစ္ပြင့္မွ်သာပါေသာ နားကပ္ကိုတစ္ဖက္ကို နားထက္တြင္ဆင္ျမန္းထားေသာ သူပါေလ။
ခပ္ငယ္ငယ္ေကာင္ေလးတစ္ဦးသာ။
သလင္းသည္ ထိုေကာင္ေလး၏ မ်က္ဝန္းတစ္စုံကို အခ်ိန္တစ္ခုထိ ေငးေမာေနမိသည္။
'' ကြၽန္ေတာ့္ ေနရာထင္တယ္ ''
ထိုမွ်သာေျပာၿပီး ေကာင္ေလးသည္ သလင္းရဲ႕ေဘးမွ ေနရာလြတ္အား မ်က္စပစ္ျပလာသည့္အတြက္ သလင္းလည္း ထိုေနရာတြင္တင္ထားသည့္ သူ႕ရဲ႕ ခရီးေဆာင္အိတ္ကို ဖယ္ေပးလိုက္ရ၏။
ထို႔ေနာက္ ထိုေကာင္ေလးသည္ မေျပာမဆိုႏွင့္ ေဘးတြင္ဝင္ထိုင္လာေသာသူ႕ေၾကာင့္ သလင္း စိတ္ခုသြားေပမယ့္ သူ႕ေနရာသူထိုင္တာ ဆိုေတာ့လည္း သလင္းဘာမွမေျပာသာ။
အနည္းဆုံးေတာ့ မိတ္ဆက္သင့္သည္ဟု သလင္းစိတ္ထဲမွတ္ယူထား၏။
" ကဲ...၊ဒါဆို အားလုံးပဲ၊ လူစုံသြားၿပီဆိုေတာ့ ဆရာမတို႔ရဲ႕ ခရီးစဥ္ေလးကို စတင္ၾကရေအာင္ ''
'' ေဝး.... ''
'' ေရး..... ''
ကားေရွ႕ပိုင္းမွ ဆရာမျဖစ္သူက အားလုံးကိုအသိေပးလိုက္ေတာ့ ေက်ာင္းသားေက်ာင္းသူမ်ားထံမွ ေပ်ာ္႐ႊင္သြားေသာအသံမ်ားသည္ ကားအတြင္းတြင္ ျပည့္ႏွက္သြားေတာ့၏။
ထို႔အသံေတြေၾကာင့္ နားၾကပ္တပ္လိုက္ၿပီး အမ်ားႏွင့္မတူဘဲ သူ႕ဘာသာသူ ေအးေအးလူလူထိုင္ေနသည့္သူက သလင္းရဲ႕ေဘးမွ သူ.....။
သလင္းသည္ အမ်ားနည္းတူ မေပ်ာ္မ႐ႊင္ဘဲ စိတ္မပါလက္မပါျဖစ္ေနေသာ ထိုေကာင္ေလးေၾကာင့္ စိတ္ထဲဘဝင္မက်သလို တစ္မ်ိဳးတစ္မည္ခံစားေနမိသည္။
အားလုံးစုေပါင္းၿပီး ခရီးထြက္လာရျခင္းမွာ လြတ္လြတ္လပ္လပ္ရွိေစၿပီး စိတ္ေပ်ာ္႐ႊင္ေစဖို႔ပင္မဟုတ္လား။
ဒီလူကေတာ့ ပ်င္းရိပ်င္းေတာနဲ႕ အစကတည္းကမလိုက္ခဲ့ရင္ အေကာင္းသား။
သလင္းသည္ စိတ္ထဲမွ ေျပာခ်င္ရာေျပာေနၿပီး သတိမထားမိဘဲ ထိုေကာင္ေလးအား မမွိတ္မသုန္စိုက္ၾကည့္ေနမိေတာ့ သူကလည္း သလင္းကို ျပန္ၾကည့္လာသည္။
ထိုအခါမွ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံမိသြားကာ သလင္းသည္ ရွက္အန္းအန္းႏွင့္ မ်က္ႏွာလႊဲလိုက္၏။
ထိုေကာင္ေလးသည္ သူလြယ္လာေသာ ေက်ာပိုးအိတ္ကို သူ႕ေပါင္ေပၚတင္ထားလိုက္ၿပီး ဝတ္လာေသာ ဂ်ာကင္ကိုခြၽတ္လိုက္သည္။
ထို႔ေနာက္ ထိုေကာင္ေလးသည္ သလင္းဘက္သို႔လွည့္လာကာ
'' ခဏ မွီခ်င္တယ္ ''
ဟုဆိုကာ သလင္းရဲ႕ ပခုံးေပၚသို႔ သူ႕ရဲ႕ေခါင္းကို ထိုးတင္လာသည္။
ထိုအျပဳအမူေၾကာင့္ ႐ုတ္တရက္ သလင္း ဆြံ႕အသြားရၿပီး ထိုေကာင္ေလးေခါင္းကို ျပန္တြန္းဖယ္မည္အျပဳ ထိုေကာင္ေလးထံမွရသည့္ ကိုယ္သင္းရနံ႕ႏွင့္အတူ ႏြေးေထြးမႈတစ္စုံတရာပါ ပူးတြဲပါလာသကဲ့သို႔ သလင္း ခံစားရမိ၏။
သလင္းရဲ႕ႏွာဖ်ားတဝိုက္တြင္လည္း ထိုေကာင္ေလးထံမွထြက္လာသည့္ ေဆးလိပ္အနံ႕က ရစ္ဝဲေနသည္။
ေကာင္ေလးႏွင့္ ေတြ႕ဆုံမႈမွာ သလင္းအတြက္ ပထမဆုံးအႀကိမ္ျဖစ္ေပမယ့္ သလင္းစိတ္ကေတာ့ ထိုေကာင္ေလးႏွင့္အကြၽမ္းတဝင္ရွိေနသလိုပင္။
သလင္းသည္ ႐ုတ္တရက္ ေကာင္ေလး၏လက္ခုံမွ ပြန္းပဲ့ဒဏ္ရာတခ်ိဳ႕ကို ေတြ႕လိုက္ရသည္။
သို႔ေသာ္ သလင္းသည္ သူႏွင့္မဆိုင္ဘူးဟု ေတြးလိုက္မိၿပီး အၾကည့္လႊဲလိုက္၏။
ထိုဒဏ္ရာမွေသြးအနည္းငယ္စို႔လာေသာအခါ သလင္း မေနနိုင္ေတာ့ေပ။
သူ႕အိတ္ထဲမွ အရံသင့္ပါလာသည့္ ေဆးပစၥည္းအခ်ိဳ႕ထည့္ထားသည့္အိတ္ကို ထုတ္ယူလိုက္၏။
သလင္း အိတ္ထဲမွာ ေဆးပစၥည္းအိတ္ပါသည္ဆိုသည္မွာ ထူးဆန္းသည့္ကိစၥမဟုတ္။
သလင္း ကိုယ္တိုင္သည္လည္း ဧည့္လမ္းၫႊန္ တစ္ေယာက္ျဖစ္ရာ သူသြားေလရာခရီးစဥ္တိုင္းကို ေဆးပစၥည္းအခ်ိဳ႕ပါယူသြားေလ့ရွိသည္။
သလင္းသည္ ေဆးအိတ္ထဲမွ ဂြမ္းအခ်ိဳ႕ယူလိုက္ၿပီး အရက္ျပန္ အနည္းငယ္တို႔လိုက္သည္။
ထို႔ေနာက္ သူ႕ပခုံးထက္ဝယ္ ေမွးစက္ေနသူရဲ႕ လက္ခုံမွပြန္းပဲ့ဒဏ္ရာဆို အသာအယာတို႔ေပး၏။
အရက္ျပန္ေၾကာင့္စပ္သြား၍ထင္သည္၊ ထိုေကာင္ေလး၏လက္သီးဆုပ္လိုက္ၿပီး ႐ုန္းဟန္ျပဳ၏။
သလင္း အားေနေသာလက္ျဖင့္ ထိုေကာင္ေလး၏ လက္ေကာက္ဝတ္ကို ထိန္းကိုင္လိုက္ၿပီး အရက္ျပန္ဆက္တို႔ေပးေနလိုက္သည္။
အရက္ျပန္တို႔ေပးၿပီးသြားေတာ့ ထိုေကာင္ေလး၏ လက္ကို မ ယူလိုက္ၿပီး ဒဏ္ရာကို ေလျဖင့္မႈတ္ေပးလိုက္၏။
'' ေက်းဇူးပဲ ''
ထိုေကာင္ေလး၏ႏႈတ္မွ ထြက္ေပၚလာသည့္ ဒုတိယံမိစကားသံကို သလင္း၏နားထဲတြင္ ရွင္းလင္းျပတ္သားစြာ ၾကားလိုက္ရ၏။
ပခုံးေပၚမီအိပ္ေနသည့္ ထိုေကာင္ေလးသည္ ေခါင္းေထာင္လာၿပီး သလင္းႏြေဘက္ကိုလွည့္လာခဲ့သည္။
'' ေဆးထည့္ေပးတဲ့အတြက္ေျပာတာ ''
'' ေၾသာ္...ရပါတယ္ ''
ထိုမွ်သာေျပာၿပီး ႏွစ္ေယာက္လုံး ကိုယ့္အာ႐ုံနဲ႕ကိုယ္ ျပန္ျဖစ္သြားၾကသည္။
" ဉာဏ္ ကြၽန္ေတာ့္နာမည္ ေသြးသစ္ဉာဏ္၊ ဉာဏ္လို႔ေခၚလို႔ရတယ္ ''
'' အင္း ကိုယ့္နာမည္က သလင္းႏြေပါ ''
သလင္းသည္ ေသြးသစ္ဉာဏ္ဟုေခၚသည့္ ေကာင္ေလး၏ နားထင္နားမွ ဒဏ္ရာကိုလည္း ေတြ႕သြား၏။
'' မင္း ဒဏ္ရာကို ကိုယ္ ေဆးထည့္ေပးရမလား ''
သလင္းသည္ ေသြးသစ္ရဲ႕ နားထင္မွ ဒဏ္ရာကို လက္ညွိုးနဲ႕ထိုးျပရင္းေမးလိုက္၏။
'' သလင္းက လုပ္ေပးခ်င္လို႔လား ''
'' ဒီတိုင္းႀကီး ထား,ထားတာထက္ ေဆးပလာစတာေလး ကပ္ထားတာက ပိုအဆင္ေျပမလားလို႔ ''
'' ဒါဆိုလည္း ကပ္ေပး ''
သလင္းလည္း ဒဏ္ရာကို အရက္ျပန္အနည္းငယ္ပြတ္ေပးလိုက္ၿပီး ေဆးပလာစတာကပ္ေလးလိုက္သည္။
ခြၽန္ထက္သည့္အရာတစ္ခုခုႏွင့္ ျခစ္မိခဲ့သည့္ ဒဏ္ရာမ်ိဳးျဖစ္ေသာ္လည္း အရမ္းမနက္၍ ေတာ္ေသးသည္ဆိုရမည္။
'' ရသြားၿပီ ''
'' ကဲ ေက်နပ္ၿပီလား၊ ကြၽန္ေတာ္ ခဏအိပ္ဦးမယ္ ''
'' အင္း အင္း အိပ္ ''
'' ဟို ကြၽန္ေတာ္ သလင္းရဲ႕ပခုံးေပၚ မွီအိပ္မယ္ေနာ္ ''
သလင္း ေခါင္းညိတ္မိသလား၊ ေခါင္းခါမိသလားမသိေတာ့ေပမယ့္ ေသြးသစ္ရဲ႕ေခါင္းက သလင္းရဲ႕ပခုံးေပၚပင္ေရာက္ေနၿပီ။
ေသြးသစ္သည္ နားၾကပ္တစ္ဖက္ကို သူ႕နားတြင္တပ္လိုက္ၿပီး က်န္တစ္ဖက္ကို သလင္းလက္ထဲထည့္ေပးလိုက္၏။
'' တူတူနားေထာင္ရေအာင္ ''
ဆိုလာေတာ့ သလင္းလည္း သူေပးသည့္ နားၾကပ္ကိုယူကာ နားတြင္တပ္လိုက္၏။
ဂ်စ္တစ္တစ္စတိုင္လ္နဲ႕မို႔ ခပ္ျမဴးျမဴးသီခ်င္းေတြနားေထာင္လိမ့္မည္ဟု သလင္းေတြးထားေပမယ့္ တကယ္နားေထာင္ၾကည့္လိုက္ေတာ့ ျမန္မာသီခ်င္းေအးေအးေလးသာျဖစ္သည္။
စာသားတစ္ေၾကာင္းစီတိုင္းက စိတ္ထဲတြင္ ခံစားႏွစ္လိုဖြယ္ေကာင္ေစ၏။
ေသြးသစ္သည္ သလင္းထက္ အရပ္ပိုရွည္သူ ျဖစ္ရာ သူ႕ထက္ နဲနဲပုေနသည့္ သလင္းရဲ႕ပခုံးေပၚ မွီအိပ္ရသည္မွာ အဆင္မေျပဘဲျဖစ္ေနသည္။
ေသြးသစ္သည္ သလင္းရဲ႕ေခါင္းကို ဆြဲယူကာ သူ႕ပခုံးေပၚဆြဲမွီေစလိုက္ၿပီးမွ သူက သလင္းရဲ႕ ေခါင္းကို ျပန္မွီလိုက္၏။
ႏွစ္ေယာက္စလုံးသူမွီကိုယ္မွီႏွင့္ သီခ်င္းထဲစီးေမ်ာေနလိုက္ၾကၿပီး ခရီးဆက္ၾက၏။
အမွန္စင္စစ္ သလင္းသည့္ မည္သူ႕အေပၚကိုမွ် မထားရွိခဲ့ဖူးသည့္ စိတ္အာ႐ုံအခ်ိဳ႕ကို ဒီေကာင္ေလးအေပၚ အလုံးစုံပုံအပ္မိသြားခဲ့သည္ကို သူကိုယ္တိုင္ပင္ မသိခဲ့ရိုးအမွန္ျဖစ္၏။
------------------------------------------------------------------------
၁၁၅မိုင္တြင္ ေန႕လည္စာစားရန္အတြက္ ခရီးတစ္ေထာက္နားၾက၏။
အခ်ိန္ ၁၂ခြဲမွ ၁ခြဲအထိ နားၾကမည္ျဖစ္ၿပီး ကိစၥအဝဝေျဖရွင္းခဲ့ရန္မွာၾကားေနသည့္ ကားဆရာ၏ စကားဆုံးသည္ႏွင့္ အကုန္လုံး တေပ်ာ္တပါးေျပးဆင္းသြားၾကသည္။
အားလုံးကားေပၚက ဆင္းသြားေပမယ့္ သေကာင့္သား ေသြးသစ္သည္ နိုးမလာေသးသျဖင့္ သလင္းကပဲ ႏွိုးေပးလိုက္ရသည္။
ေသြးသစ္သည္ အိပ္ခ်င္မူးတူးႏွင့္ ထလာခဲ့ၿပီး သလင္းရဲ႕ ေပါင္ေပၚတင္ထားသည့္ သူ၏ဂ်ာကင္အားယူဝတ္လိုက္၏။
ထို႔ေနာက္ ေသြးသစ္သည္ သလင္းရဲ႕ လက္ကိုဆြဲကာ ကားေပၚကဆင္းလာခဲ့ၾက၏။
သလင္းလည္း အေယာင္ေယာင္အမွားမွားႏွင့္ ေသြးသစ္လက္ဆြဲရာေနာက္သာ လိုက္လာမိခဲ့သည္။
စားေသာက္ဆိုင္မ်ား ရွိရာဘက္သို႔ ဦးတည္ေနသည့္ သလင္းကို ေသြးသစ္က တားျမစ္လိုက္၏။
" ခဏ သလင္း ''
" အင္း၊ ဘာျဖစ္လို႔လဲ ''
" သလင္း အထဲဝင္ၿပီး စားခ်င္တာမွာထားႏွင့္လိုက္၊ ကြၽန္ေတာ္ခဏ ေနရင္လာခဲ့မယ္ ''
" ေအးပါ ''
'' ကြၽန္ေတာ္ သလင္းနဲ႕တစ္ဝိုင္းတည္း အတူထိုင္မွာေနာ္ ''
'' အြန္းပါ ''
'' လိမၼာတယ္ ''
ေသြးသစ္သည္ သလင္းရဲ႕ေခါင္းကို ပြတ္သပ္ေပးလိုက္ၿပီး ေက်ာခိုင္းသြားသည္။
သလင္းသည္ စားေသာက္ဆိုင္ထဲဝင္လာခဲ့ၿပီး စားပြဲတစ္ဝိုင္းတြင္ေနရာယူလိုက္၏။
'' Guide ဆရာေလး၊ ကြၽန္မတို႔နဲ႕အတူ လာထိုင္ပါ့လား ''
ေဘးဝိုင္းမွ ဆရာမႏွင့္ေက်ာင္းသားအခ်ိဳ႕က သလင္းကိုအတူစားဖို႔ေခၚေနေပမဲ့ သလင္း ျငင္းလိုက္ရသည္။
'' ရပါတယ္ဗ်ာ၊ ဆရာနဲ႕တပည့္ေတြသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စားၾကပါ ''
'' ေကာင္းပါၿပီရွင္ ''
သလင္း ဆရာမႏွင့္စကားစျပတ္ၿပီးတာႏွင့္ ကိုဘုန္းဆီ ဖုန္းေခၚရန္သတိရသြားသည့္အတြက္ ဖုန္းကို အလွ်င္အျမန္ဖြင့္ကာ ကိုဘုန္းဆီ ဖုန္းေခၚလိုက္၏။
" ဟယ္လို...၊ကိုဘုန္း ''
" --------- ''
" ဟုတ္တယ္၊ အခု ၁၁၅မိုင္မွာေရာက္ေနတာ၊ ေန႕လယ္စာ စားရင္း အေညာင္းဆန့္ဖို႔ေလ ''
" --------- ''
" ဟုတ္ အားလုံးအဆင္ေျပပါတယ္၊ ကိုဘုန္းေရာ ေန႕လည္စာ စာၿပီးၿပီလား ''
'' ---------- ''
'' ဟုတ္လား...အဆင္ေျပသြားရဲ႕လား ''
'' ----------- ''
'' အြန္း ေတာ္ေသးတာေပါ့၊ မိတ္ဖက္ေကာင္း ကုမၸဏီကို လက္လႊတ္ရေတာ့မလို႔ ''
'' ------------- ''
'' ဟုတ္ ဟုတ္...ဂ႐ုစိုက္ပါ၊ ဒါပဲေနာ္ ''
ဖုန္းခ်လိဳက္ၿပီး သလင္း ဖုန္းကို စားပြဲေပၚတြင္တင္ထားလိုက္၏။
သလင္း ဘာရယ္မဟုတ္ ဆိုင္တံခါးဝကိုလွမ္းၾကည့္မိလိုက္ေတာ့ ေသြးသစ္ ဆိုင္ထဲဝင္လာသည္ကိုေတြ႕လိုက္ရ၏။
ေသြးသစ္ ဆိုင္ထဲဝင္လာေတာ့ ေက်ာင္းသားအခ်ိဳ႕က ႏွာေခါင္းရႈံ႕တာကို သလင္း သတိထားမိသည္။
ကိုယ္ေတာ္ေခ်ာက ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဟန္ျဖင့္ သလင္းရဲ႕စားပြဲတြင္ ဝင္ထိုင္လာသည္။
" ဘယ္သူနဲ႕ဖုန္းေျပာေနတာလဲ ''
'' ကိုယ့္အလုပ္ရွင္ သူေဌးနဲ႕ပါ ''
'' ေၾသာ္.... ဘာမွာထားလဲ ''
"အင္း...၊ ကိုယ္စားဖို႔ေတာ့မွာၿပီးၿပီ၊ မင္း ဘာစားမလဲ မသိလို႔ မမွာရေသးဘူး မင္းအတြက္ ''
" ဉာဏ္လို႔ ေခၚပါ ''
" ဟင္ ''
" ေသြးသစ္ဉာဏ္လို႔မေခၚဘဲ ရင္းရင္းႏွီးႏွီးျဖစ္ေအာင္ ဉာဏ္လို႔ေခၚ ''
"အင္း..ေၾသာ္၊မွာထားတာေတြရၿပီ''
စားပြဲထိုးေလးသည္ သလင္းမွာထားေတြခ်ေပးၿပီး ထြက္သြားမည္အျပဳ ေသြးသစ္က cokeတစ္ဗူး ထပ္မွာလိုက္သည္။
" ဘာမွမစားဘူးလား ''
" အင္း..၊မဆာလို႔ ''
" မဟုတ္ေသးဘူးေလ၊တစ္မနက္လုံးကားစီးလာရတာေလ တစ္ခုခုစားမွေပါ့ ''
" ကြၽန္ေတာ္မဆာပါဘူးဆိုဗ်ာ ''
သလင္း မ်က္ႏွာကိုစိုက္ၾကည့္ၿပီး ေလသံမာမာေျပာလာသည့္ ေသြးသစ္ေၾကာင့္ သလင္း ဘာမွဆက္မေျပာေတာ့ဘဲ အသံတိတ္ကာ စားစရာရွိတာယာ စားေနလိုက္၏။
ေသြးသစ္သည္လည္း လာခ်ေပးသြားသည့္ Cokeဗူးသာ ေအးေအးလူလူ ေသာက္ေနရင္း သလင္းကိုသာစိုက္ၾကည့္ေနခဲ့သည္။
#######
(12.3.2021)