Be Happy √ Completed √

By Zante7

101K 9.8K 716

ချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တယ် စိတ်ချမ်းသာစေချင်တယ် အဆင်ပြေစေချင်တာဟာ....... သိမ်မွေ့တဲ့အဖြူရောင်အတ္တလေး... More

ep 1 ⛄
ep 2 ⛄
ep 3 ⛄
ep 4 ⛄
ep 5 ⛄
ep 6 ⛄
ep 7 ⛄
hello
ep 8 ⛄
ep 9⛄
ep 10⛄
ep 11⛄
ep 12⛄
ep 13⛄
ep 14⛄
ep 15⛄
ep 17
ep 18
ep 19
ep 20
Final

ep 16⛄

3.9K 416 17
By Zante7

#Unicode
ကုမ္ပဏီကအပြန်မှာ ထယ်ယောင်းကသူ့တိုက်ခန်းကိုလိုက်မလားလို့ခေါ်ပေမယ့်ဂျောင်ဂုငြင်းလိုက်မိသည်။ဒါပထမဦးဆုံးထယ်ယောင်းကိုသူငြင်းလိုက်မိခြင်း။

"ကိုကို မလိုက်တော့ဘူး ကားကိုဂရုစိုက်မောင်းနော်"

"ဟုတ်ကဲ့ ကိုကို သွားတော့မယ်နော်"

ထယ်ယောင်းကားပေါ်တက်ပြီးကားလေးထွက်သွားတဲ့အထိဂျောင်ဂုငေးကြည့်နေတာကိုကားရဲ့ဘေးမှန်ကတစ်ဆင့်မြင်နေရသည်။စိုးရိမ်စိတ်တွေလွန်ကဲတက်ရန်ကော ကိုကိုရေ။ကျွန်တော့်ရွေးချယ်မှု့က ကိုကို့ ကိုပျော်ရွှင်စေပါ့မလား။အမ ယူမီကရောအမှန်တကယ်ပျော်ရွှင်ရမလား။အိမ်ထောင်ရေးကရောအဆင်ပြေပါ့မလား။ပိုဆိုးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ဝေးကြရတာ မတန်ဘူးလေ။အတ္တဆိုတာတော့ ကျွန်တော့်မှာလည်း အနည်းငယ်တော့ရှိတယ်။

"သား ယူမီခုနကပဲ ပြန်သွားတယ် မနက်ဖြန်မေမေ့ကို ပွဲမှာဝတ်ဖို့ဝတ်စုံကိုကြည့်ဖို့လာခေါ်မယ်တဲ့ ပြီးတော့....."

"ပြီးတော့ ဘာဖြစ်လဲ မေမေ"

ဂျောင်ဂုအိမ်ရောက်တာနဲ့ဧည့်ခန်းမှာထိုင်စောင့်နေသောအမေ့ကိုနှုတ်ဆက်လိုက်သည်။ယူမီလာသွားတဲ့အကြောင်းပြောနေရင်းအမေက ခဏစကားရပ်ပြီးဂျောင်ဂုကိုကြည့်နေသည်။ပြီးမှသက်ပြင်းတစ်ချက်ချကစကားဆက်ပြောသည်။

"သားနဲ့ ထယ်လေးအကြောင်းကို မေမေ့ကိုပြောသွားတယ် သားသူ့ကိုပြောလိုက်တဲ့အကြောင်းရောပေါ့"

"ဟုတ်တယ် မေမေ အဲ့လိုပဲဖြစ်သွားတယ်"

"မေမေသိပါတယ် မေမေကသားရဲ့မေမေပါ ထယ်လေးပျောက်သွားတော့သားလိုက်ရှာခဲ့တာပဲလေ အခုလိုအခြေအနေမှပြန်တွေ့ကြတာက ကံကောင်းတာလား ဘာလားမသိပေမယ့် သားလည်းသိမှာပါ လူသိရှင်ကြားတွဲနေတဲ့မိန်းကလေးတစ်ယောက်နဲ့ ငယ်ငယ်ကခဏတာသိခဲ့တဲ့ကောင်လေးတစ်ယောက် သားရွေးချယ်ရမယ့်သူကဘယ်သူလဲဆိုတာ သားအသိဆုံးပါ နှလုံးသားကချစ်လို့ရတယ်သား ဦးနှောက်နဲ့တော့ဆုံးဖြတ်ပါ"

"ခဏတာတွေ့ခဲ့တယ်တဲ့လားမေမေ အဲ့ကလေးပျောက်သွားခဲ့တာ သားကြောင့်လေ သားနဲ့တွေ့ခဲ့မိလို့ အခုလိုနာကျင်နေရတာ ပြီးတော့ကျွန်တော်မချစ်နိုင်ပါဘဲနဲ့ ယူမီ့ကိုလည်းစိတ်ဒုက္ခမပေးချင်ဘူး တစ်သက်လုံးအဲ့ဒီအိမ်ထောင်ရေးက သာယာမှာမဟုတ်ဘူးမေမေ"

ဂျောင်ဂုအမေကတော့မိခင်ဖြစ်သောကြောင့်သားကိုမိသားစုဘဝလေးနဲ့တွေ့မြင်ချင်မိသည်။မနက်ကထယ်လေးလာတွေ့သွားတဲ့အကြောင်းများပြန်ပြောပြမိရင် သူမကိုစကားကောင်းတွေပြောမှာမဟုတ်တော့ပေ။မနက်ကလာတွေ့တော့ သူမလည်းမိခင်ပီပီပြောလိုက်မိသည်။လုယူပါမယ်လို့တစ်လုံးမှမပြောတဲ့ကလေး အန်တီ့ကိုလာနှုတ်ဆက်တာပါလို့ပြောတဲ့ကောင်လေးကို ယူမီပြောပြထားတာတွေကနားထဲရောက်ပြီးမတရားတာတွေပြောလိုက်မိသည်။သားကပဲနောက်ဆုတ်ပေးပါ အဝေးမှာနေပေးပါသားကိုကို ကိုအဆင်ပြေအောင်သားပဲလုပ်ပေးပါလို့ပြောမိသည်။ပွေ့ဖက်မှု့တွေမပေးလိုက်မိဘဲရင်နာစေမယ့်စကားတွေသာပြောပြီးပြန်ခိုင်းခဲ့တာ။

"ဟုတ်ပါတယ်လေ သားကိုလက်ထပ်ပေးပြီးမှ အိမ်ထောင်ရေးအဆင်မပြေရင် တစ်ဘဝလုံးစိတ်ဆင်းရဲနေရမှာ သားရွေးချယ်မှု့တွေက အမြဲမှန်ကန်ခဲ့ပါတယ် မေမေတို့ကမိသားစုပဲ သားဘာကိုပဲဆုံးဖြတ်ဆုံးဖြတ် မေမေတို့ကိုမငဲ့ပါနဲ့ မေမေတို့ကဒီဂုဏ်တွေမရှိလည်းရတယ် အရင်ထဲကအေးအေးချမ်းချမ်းနေလာခဲ့တာပဲ ဖေဖေရောမေမေပါ သားရဲ့မိသားစုမလို့ငဲ့ကြည့်စရာ အားနာစရာမလိုပါဘူး"

"စိတ်ချပါမေမေ သားကြောင့်နဲ့ဖေဖေရော မေမေပါ မျက်နှာမပျက်စေရပါဘူး"

ဂျောင်ဂု သူ့အမေကိုပွေ့ဖက်ပြီးအခန်းထဲဝင်လာခဲ့လိုက်သည်။ရေချိုးပြီးညစာစားကာ စာရင်းတွေစစ်ပြီး TVကသတင်းကိုခဏကြည့်နေမိသည်။ပင်လယ်ကိုမြင်တော့မှ ညနေကထယ်ကသူ့ကိုပင်လယ်ကိုလည်း လိုက်ပို့ချင်ပါသေးတယ်တဲ့။မဟုတ်မှ ဒီကောင်လေးပင်လယ်ကိုများသွားချင်နေတာလား။အတွေးနဲ့အတူကားသော့ယူပြီးထယ်ယောင်းတိုက်ခန်းသို့သွားဖို့ပြင်လိုက်သည်။အချိန်ကြည့်လိုက်တော့ ည၉နာရီနဲ့ မိနစ်၅၀ရှိနေပြီ။ဖုန်းဆက်ကြည့်မယ်ဆိုလည်းအိပ်နေခဲ့ရင်နိုးသွားမှာစိုးတာနဲ့မဆက်ဘဲသွားလိုက်တော့သည်။ဒီတိုင်းညဝတ်အင်္ကျီနဲ့ထွက်လာမိတာသတိရပြီး မနက်စောစောမှအလုပ်သွားဖို့အဝတ်ကိုအိမ်ပြန်လာယူရတော့မယ်။တံခါး password နှိပ်ပြီးဝင်သွားတော့ အပြင်ကမီးရောင်ကြောင့်သာအနည်းငယ်လင်းနေကာ ဧည့်ခန်းမှာဘာမီးမှမဖွင့်ထားခဲ့။အခန်းတံခါးကိုဖွင့်လိုက်တော့နံရံကပ်မီးအိမ်လေးကိုမှိန်ပြပြလေးဖွင့်ထားပြီး ခုတင်ပေါ်မှာအိပ်ပျော်နေတာတွေ့လိုက်ရသည်။
ဂျောင်ဂု ရေချိုးခန်းဝင်ခြေလက်ဆေးပြီး ကုတင်ပေါ်အသာလေးတက်ကာထယ်ယောင်းဘေးနားဝင်အိပ်လိုက်တော့သည်။ခပ်စိပ်စိပ်မျက်တောင်မွှေးလေးတွေကညီညီညာညာ ဖြာကြနေသည်။တကယ်ကိုအရွယ်ရောက်လာခဲ့တာပဲလှလှပပနဲ့။မျက်နှာလေးကိုအသာလေးထိကိုင်နေရင်း ပြုံးပြီးကြည့်နေမိသည်။

"ကိုကို ကျွန်တော်ကအရမ်းချောတယ်မလား"

ဂျောင်ဂုမှာပြုံးနေရင်း အငိုက်မိသွားကာ ပါးစပ်ဟပြီးမျက်ခုံးနှစ်ဖက်ပါမြင့်တက်သွားတော့သည်။

"အာ.....သိနေတာလား ကိုကိုလာထဲကအိပ်ချင်ယောင်ဆောင်နေတာလား"

"တကယ်အိပ်ပျော်နေတာပါ ဒါပေမယ့်လည်း အိမ်ထဲကိုဝင်လို့ရတာဆိုလို့ ကိုကိုပဲရှိတယ်လေ"

"အိပ်ပျော်နေတယ်ဆိုပြီး ကိုကိုရောက်နေတာကိုဘယ်လိုသိလဲ"

"ဒါကလား....စိတ်ထဲကသိနေတာပေါ့ ဟီးဟီး ကိုကိုကညနေကကြမလာတော့ဘူးဆို"

"အင်း အခုမှလာချင်သွားတာ"

စကားတွေပြောနေတဲ့အချိန်ဆို နှစ်ယောက်လုံးဘာအကြောင်းမှမတွေးမိ။
အခုလိုအနားရှိခွင့်ရတာကိုကဘုရားပေးတဲ့ဆု။

"ထယ် ခဏခဏလည်း ကိုကိုပြောနေကြပေမယ့် အခုလည်းပြောရအုံးမယ် ထယ်အခုလိုအနားမှာရှိနေတာ အိပ်မက်လိုပဲ ကိုကို့မှာမယုံနိုင်ဘူး
ဘယ်မှမသွားတော့နဲ့ ကိုကိုမပါပဲ
အလည်ခရီးဆိုရင်လည်း ကိုကိုနဲ့ပဲအတူသွား ကြားလားလို့"

"ကြားတယ်လို့"

သူပြောနေတာကိုပြုံးပြီးနားထောင်ပြီးကြည့်နေတော့ နှုတ်ခမ်းတွေဘာတွေရွဲ့ကာကြည့်ပြီးကြားလားတဲ့။ကိုကိုကတစ်ခါတစ်ခါ ကလေးလေးနဲ့တကယ်တူတော့တာပဲ။

"အော်...ဒါနဲ့ထယ်က ပင်လယ်ကိုသွားချင်လို့လား ကိုကိုလိုက်ပို့ရမလား"

"ထယ်က ကိုကို့ ကိုလိုက်ပို့ချင်တာပါ စိတ်ရှုပ်မှု့များစွာထဲကနေ ခဏပင်လယ်ကိုကြည့်ပြီး အနားယူစေချင်လို့"

"အဲ့ဒါများ အခုလိုထယ်လေး အနားရှိတာက ပင်လယ်သွားရတာထက်ပိုကောင်းတယ်လေ ကိုကို့အတွက်ပင်လယ်မလိုဘူး ထယ်ရှိရင် အကုန်အေးချမ်းတယ်"

"အာ....လူကြီးက ပိုပြီဗျာ"

အခုတလော ဒီကောင်လေးခဏခဏ
ကျွန်တော်ကပြောလို့ပြော လူကြီးပြောလို့ပြောနဲ့။

"လာပါအုံး ကျွန်တော်လည်းမေးရပါအုံးမယ် အခုတလော ထယ်လို့သိပ်မပြောပဲ ကျွန်တော်တွေ လူကြီးတွေပြောနေတာလေး ရှင်းပါအုံး"

"အာ...အဲ့ဒါလား ကိုကိုကလည်း ဒီတိုင်းဘာရယ်မဟုတ်ဘူးပြောလိုက်တာ ထယ်လို့ပြောတာက ကလေးဆန်တယ်လေ အခုကျွန်တော်က လူကြီးဖြစ်နေပြီလေ ဟဲဟဲ"

ပြောလည်းပြော ရယ်လည်းရယ်သေးသည်။ဘာရယ်မဟုတ်နှစ်ယောက်အတူရှိနေရင်ပြောစရာတွေကမကုန်နိုင်တော့တဲ့အထိ။

"ကဲ အိပ်တော့ ညနက်နေပြီ"

"လူကြီးဖြစ်တဲ့အထိမ်းအမှတ်နဲ့ goodnight kissပေးရမလား"

"ကင်မ်ထယ်ယောင်း မပြောရဲတာကိုမရှိတော့ဘူးနော်"

"အဲ့တော့မကြိုက်ဘူးလား"

"ဘယ်သူကပြောလဲ လာခဲ့"

"ကိုကိုနော်....ကလိမထိုးနဲ့ ဟားဟားကြောက်ပါပြီ တော်ပါတော့"

အမြဲတမ်းရယ်နေကောင်လေးရေ။ကိုကိုကဖန်တီးပေးမယ် ကိုကို့လက်ကိုသာရဲရဲဆွဲထား။ ဘယ်လိုအခက်အခဲပဲကြုံကြုံ မင်းသာရှိရင်ရပြီ။ပင်လယ်ရဲ့အလှလည်းမလိုဘူး နွေးဦးရဲ့နွေးထွေးမှု့လည်းမလိုဘူး ဆောင်းဦးရဲ့ပန်းပွင့်တွေကိုငေးကြည့်ဖို့လည်းမလိုဘူး။မင်းအနားရှိပြီး မင်းအပြုံးတွေသာမြင်ရရင်ရပြီ။

မနက်မိုးလင်းတော့ မနက်စာပြင်ပေးဖို့လုပ်တော့သည်။ကိုကိုညလာအိပ်ပြီး မနက်ရုံးမသွားခင် မနက်စာပြင်ပေးရတာ သဘောကျသည်။နိုင်ငံခြားမှာကျောင်းတက်တုန်းက ကိုရီးယားအစားအစာတွေကိုစားချင်တိုင်း လိုအပ်တဲ့ပစ္စည်းတွေဝယ်ကာ YouTube မှကြည့်ကာချက်ကြည့်ရင်းနဲ့ အရမ်းမကောင်းပေမယ့် စားလို့ရတဲ့အထိတော့ချက်တက်ခဲ့သည်။

"ထယ် ကိုကို မနက်စာမစားတော့ဘူး"

"ပြောပြန်ပြီ ဒီတစ်ခါနောက်ရင်သည်းမခံဘူးနော်"

"ရုံးတက်ဖို့လေ အဝတ်တွေမပါဘူး ထယ်ရ ကိုကိုအခုပြန်မှရမယ်"

"ဒါများ အခန်းထဲက ဗီရိုဘယ်ဘက်ခြမ်းမှာ ကိုကို့အတွက် အင်္ကျီတွေထား ထားတယ် အဆင်ပြေရာယူဝတ်"

"ဟုတ်လား အင်း အင်း"

ကြောင်တောင်တောင်နဲ့ခေါင်းတဆက်ဆက်ငြိမ့်ကာအခန်းထဲပြန်ဝင်သွားတော့သည်။ထယ်ယောင်းမှာတော့အူတူတူဖြစ်နေသောဂျောင်ဂုပုံကို ကြည့်ကာရယ်နေရတော့သည်။

ဂျောင်ဂု အခန်းထဲဝင်ပြီးဗီရိုဖွင့်လိုက်တော့ ထယ်ယောင်းပြောသလိုဘယ်ဘက်ခြမ်းမှာ သဘက် ညဝတ်အင်္ကျီ
Suit တွေသာမက ပေါ့ပေါ့ပါးပါးဝတ်လို့ရသောအင်္ကျီ ဘောင်းဘီတွေကိုထားပေးထားသည်။ရေချိုးခန်းဝင်ကာရေချိုးပြီးတာနဲ့အဝတ်လဲကာ ထွက်လာခဲ့လိုက်သည်။ထမင်းစားခန်းရဲ့ စားပွဲပေါ်မှာမနက်စာကအဆင်သင့်။

"ထယ် အင်္ကျီတွေကအများကြီး ကိုကို့အတွက်ဝယ်ပေးထားတာလား"

"ကျွန်တော်ချုပ်ပေးထားတာရော ဝယ်ထားတာရောပါတယ် ကိုကိုနောက်ရက်တွေကျွန်တော်မရှိလည်း လာနေပြီး ဝတ်လို့ရအောင်လေ"

"ထယ်ကဘယ်သွားမှာမလို့လဲ"

"အလုပ်ခရီးပါ"

"ဘယ်လောက်ကြာမှာလဲထယ် ဘယ်ကိုလဲ"

"မကျိန်းသေသေးပါဘူး ကိုကိုရာ စားစားအေးကုန်တော့မယ်"

တရစပ်တွေမေးနေသော ကိုကို့ ကိုအမှန်တိုင်းပြောဖို့ကမလွယ်ကူမှန်းသိသည်။ဒီအခြေအနေတွေကနေ စိတ်ထဲရှိရာအတိုင်း ကိုကို့ ကိုခေါ်ပြီးအားလုံးနဲ့ဝေးရာထွက်သွားဖို့လည်းတွေးခဲ့မိသည်။တကယ်ပဲ ဘယ်သူထွက်သွားမှအဆင်ပြေမှာလဲ။ ဒီတွေ့ဆုံဆက်နွယ်နေမှု့ကဘယ်တော့မှ အပြီးသတ်မှာလဲ။

"ထယ် ကိုကို့ ကိုစားခိုင်းပြီးဘာတွေတွေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး စားကောင်းလားကိုကို"

"စားလို့ကောင်းတယ် ဒါပေမယ့်အမြဲအဲ့လိုမလုပ်ပါနဲ့ ကိုကိုက ပေါင်မုန့်နဲ့ကော်ဖီဆိုလည်းရတယ်"

"အမြဲလည်း ချက်မကျွေးနိုင်ပါဘူးကိုကိုရာ ဒီမနက်စာလေးကနွေးထွေးတယ်မလား အမြဲအမှတ်ရနေနော်"

"လာပြန်ပြီ ဘာကိုမှတ်ခိုင်းနေပြန်တာလဲ ထယ်နော် ကိုကိုစိတ်ဆိုးမိတော့မယ်"

"ပထမဆုံး ချက်ကျွေးတဲ့မနက်စာမလို့နောက်ကိုလည်း မှတ်မိနေရအောင်ပြောတာပါ ကိုကိုမသိပဲ ဘယ်မှမသွားဘူး
စိတ်ချ ကျွန်တော့်ကိုယုံပါ"

"ထယ်ကို ယုံတယ် ကံကြမ္မာကိုမယုံရဲဘူးကွာ..."

ဒီစကားပြောတဲ့အချိန်မှာဂျောင်ဂုဝမ်းနည်းသံစွက်နေခဲ့သည်။
ထယ်ယောင်းကအနားရှိနေတယ်ဆိုပေမယ့် အခြေအနေတွေရှုပ်ထွေးနေတော့ စိတ်ရှုပ်ပြီးသူမသိဘဲ ထွက်သွားမှာစိုးရိမ်နေသည်။

"ကိုကို တကယ်စိတ်မပူနဲ့နော် ကျွန်တော်ကကိုကို့ ကိုအသိမပေးပဲဘယ်ကိုမှမသွားဘူး"

ဂျောင်ဂုလက်ကိုဆုပ်ကိုင်ကာ မျက်လုံးကိုစေ့စေ့ကြည့်ပြီးပြောမှပြုံးပြကာ ထမင်းဆက်စားတော့သည်။ကိုကိုစိုးရိမ်နေတာကိုသိသည်။တစ်ယောက်ရင်ထဲကိုတစ်ယောက်ဝင်ကြည့်လို့ရအောင်မြင်နေတာမျိုး မဟုတ်ပေမယ့်ရိပ်မိကောင်းရိပ်မိနိုင်သည်။ကိုကိုသွားပြီးတာနဲ့ ဝန်ထမ်းတွေကိုနေ့လည်မှလာခိုင်းထားသည်။အမယူမီ တွေ့ချင်တယ် ပြောစရာရှိတယ်ဆိုလို့ ရုံးခန်းကိုသာချိန်းလိုက်မိသည်။ကျွန်တော်တို့ရဲ့မေတ္တာလွန်ဆွဲပွဲမှာ ကျိန်းသေ ပျော်ရွှင်ရမယ့်သူက ကိုကိုပဲဖြစ်ရမယ်......

Be Happy⛄
Zante💜

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်.......

#Zawgyi
ကုမၸဏီကအျပန္မွာ ထယ္ေယာင္းကသူ႔တိုက္ခန္းကိုလိုက္မလားလို႔ေခၚေပမယ့္ေဂ်ာင္ဂုျငင္းလိုက္မိသည္။ဒါပထမဦးဆုံးထယ္ေယာင္းကိုသူျငင္းလိုက္မိျခင္း။

"ကိုကို မလိုက္ေတာ့ဘူး ကားကိုဂ႐ုစိုက္ေမာင္းေနာ္"

"ဟုတ္ကဲ့ ကိုကို သြားေတာ့မယ္ေနာ္"

ထယ္ေယာင္းကားေပၚတက္ၿပီးကားေလးထြက္သြားတဲ့အထိေဂ်ာင္ဂုေငးၾကည့္ေနတာကိုကားရဲ႕ေဘးမွန္ကတစ္ဆင့္ျမင္ေနရသည္။စိုးရိမ္စိတ္ေတြလြန္ကဲတက္ရန္ေကာ ကိုကိုေရ။ကြၽန္ေတာ့္ေ႐ြးခ်ယ္မႈ႕က ကိုကို႔ ကိုေပ်ာ္႐ႊင္ေစပါ့မလား။အမ ယူမီကေရာအမွန္တကယ္ေပ်ာ္႐ႊင္ရမလား။အိမ္ေထာင္ေရးကေရာအဆင္ေျပပါ့မလား။ပိုဆိုးသြားမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ေဝးၾကရတာ မတန္ဘူးေလ။အတၱဆိုတာေတာ့ ကြၽန္ေတာ့္မွာလည္း အနည္းငယ္ေတာ့ရွိတယ္။

"သား ယူမီခုနကပဲ ျပန္သြားတယ္ မနက္ျဖန္ေမေမ့ကို ပြဲမွာဝတ္ဖို႔ဝတ္စုံကိုၾကည့္ဖို႔လာေခၚမယ္တဲ့ ၿပီးေတာ့....."

"ၿပီးေတာ့ ဘာျဖစ္လဲ ေမေမ"

ေဂ်ာင္ဂုအိမ္ေရာက္တာနဲ႔ဧည့္ခန္းမွာထိုင္ေစာင့္ေနေသာအေမ့ကိုႏႈတ္ဆက္လိုက္သည္။ယူမီလာသြားတဲ့အေၾကာင္းေျပာေနရင္းအေမက ခဏစကားရပ္ၿပီးေဂ်ာင္ဂုကိုၾကည့္ေနသည္။ၿပီးမွသက္ျပင္းတစ္ခ်က္ခ်ကစကားဆက္ေျပာသည္။

"သားနဲ႔ ထယ္ေလးအေၾကာင္းကို ေမေမ့ကိုေျပာသြားတယ္ သားသူ႔ကိုေျပာလိုက္တဲ့အေၾကာင္းေရာေပါ့"

"ဟုတ္တယ္ ေမေမ အဲ့လိုပဲျဖစ္သြားတယ္"

"ေမေမသိပါတယ္ ေမေမကသားရဲ႕ေမေမပါ ထယ္ေလးေပ်ာက္သြားေတာ့သားလိုက္ရွာခဲ့တာပဲေလ အခုလိုအေျခအေနမွျပန္ေတြ႕ၾကတာက ကံေကာင္းတာလား ဘာလားမသိေပမယ့္ သားလည္းသိမွာပါ လူသိရွင္ၾကားတြဲေနတဲ့မိန္းကေလးတစ္ေယာက္နဲ႔ ငယ္ငယ္ကခဏတာသိခဲ့တဲ့ေကာင္ေလးတစ္ေယာက္ သားေ႐ြးခ်ယ္ရမယ့္သူကဘယ္သူလဲဆိုတာ သားအသိဆုံးပါ ႏွလုံးသားကခ်စ္လို႔ရတယ္သား ဦးေႏွာက္နဲ႔ေတာ့ဆုံးျဖတ္ပါ"

"ခဏတာေတြ႕ခဲ့တယ္တဲ့လားေမေမ အဲ့ကေလးေပ်ာက္သြားခဲ့တာ သားေၾကာင့္ေလ သားနဲ႔ေတြ႕ခဲ့မိလို႔ အခုလိုနာက်င္ေနရတာ ၿပီးေတာ့ကြၽန္ေတာ္မခ်စ္ႏိုင္ပါဘဲနဲ႔ ယူမီ့ကိုလည္းစိတ္ဒုကၡမေပးခ်င္ဘူး တစ္သက္လုံးအဲ့ဒီအိမ္ေထာင္ေရးက သာယာမွာမဟုတ္ဘူးေမေမ"

ေဂ်ာင္ဂုအေမကေတာ့မိခင္ျဖစ္ေသာေၾကာင့္သားကိုမိသားစုဘဝေလးနဲ႔ေတြ႕ျမင္ခ်င္မိသည္။မနက္ကထယ္ေလးလာေတြ႕သြားတဲ့အေၾကာင္းမ်ားျပန္ေျပာျပမိရင္ သူမကိုစကားေကာင္းေတြေျပာမွာမဟုတ္ေတာ့ေပ။မနက္ကလာေတြ႕ေတာ့ သူမလည္းမိခင္ပီပီေျပာလိုက္မိသည္။လုယူပါမယ္လို႔တစ္လုံးမွမေျပာတဲ့ကေလး အန္တီ့ကိုလာႏႈတ္ဆက္တာပါလို႔ေျပာတဲ့ေကာင္ေလးကို ယူမီေျပာျပထားတာေတြကနားထဲေရာက္ၿပီးမတရားတာေတြေျပာလိုက္မိသည္။သားကပဲေနာက္ဆုတ္ေပးပါ အေဝးမွာေနေပးပါသားကိုကို ကိုအဆင္ေျပေအာင္သားပဲလုပ္ေပးပါလို႔ေျပာမိသည္။ေပြ႕ဖက္မႈ႕ေတြမေပးလိုက္မိဘဲရင္နာေစမယ့္စကားေတြသာေျပာၿပီးျပန္ခိုင္းခဲ့တာ။

"ဟုတ္ပါတယ္ေလ သားကိုလက္ထပ္ေပးၿပီးမွ အိမ္ေထာင္ေရးအဆင္မေျပရင္ တစ္ဘဝလုံးစိတ္ဆင္းရဲေနရမွာ သားေ႐ြးခ်ယ္မႈ႕ေတြက အၿမဲမွန္ကန္ခဲ့ပါတယ္ ေမေမတို႔ကမိသားစုပဲ သားဘာကိုပဲဆုံးျဖတ္ဆုံးျဖတ္ ေမေမတို႔ကိုမငဲ့ပါနဲ႔ ေမေမတို႔ကဒီဂုဏ္ေတြမရွိလည္းရတယ္ အရင္ထဲကေအးေအးခ်မ္းခ်မ္းေနလာခဲ့တာပဲ ေဖေဖေရာေမေမပါ သားရဲ႕မိသားစုမလို႔ငဲ့ၾကည့္စရာ အားနာစရာမလိုပါဘူး"

"စိတ္ခ်ပါေမေမ သားေၾကာင့္နဲ႔ေဖေဖေရာ ေမေမပါ မ်က္ႏွာမပ်က္ေစရပါဘူး"

ေဂ်ာင္ဂု သူ႔အေမကိုေပြ႕ဖက္ၿပီးအခန္းထဲဝင္လာခဲ့လိုက္သည္။ေရခ်ိဳးၿပီးညစာစားကာ စာရင္းေတြစစ္ၿပီး TVကသတင္းကိုခဏၾကည့္ေနမိသည္။ပင္လယ္ကိုျမင္ေတာ့မွ ညေနကထယ္ကသူ႔ကိုပင္လယ္ကိုလည္း လိုက္ပို႔ခ်င္ပါေသးတယ္တဲ့။မဟုတ္မွ ဒီေကာင္ေလးပင္လယ္ကိုမ်ားသြားခ်င္ေနတာလား။အေတြးနဲ႔အတူကားေသာ့ယူၿပီးထယ္ေယာင္းတိုက္ခန္းသို႔သြားဖို႔ျပင္လိုက္သည္။အခ်ိန္ၾကည့္လိုက္ေတာ့ ည၉နာရီနဲ႔ မိနစ္၅၀ရွိေနၿပီ။ဖုန္းဆက္ၾကည့္မယ္ဆိုလည္းအိပ္ေနခဲ့ရင္ႏိုးသြားမွာစိုးတာနဲ႔မဆက္ဘဲသြားလိုက္ေတာ့သည္။ဒီတိုင္းညဝတ္အက်ႌနဲ႔ထြက္လာမိတာသတိရၿပီး မနက္ေစာေစာမွအလုပ္သြားဖို႔အဝတ္ကိုအိမ္ျပန္လာယူရေတာ့မယ္။တံခါး password ႏွိပ္ၿပီးဝင္သြားေတာ့ အျပင္ကမီးေရာင္ေၾကာင့္သာအနည္းငယ္လင္းေနကာ ဧည့္ခန္းမွာဘာမီးမွမဖြင့္ထားခဲ့။အခန္းတံခါးကိုဖြင့္လိုက္ေတာ့နံရံကပ္မီးအိမ္ေလးကိုမွိန္ျပျပေလးဖြင့္ထားၿပီး ခုတင္ေပၚမွာအိပ္ေပ်ာ္ေနတာေတြ႕လိုက္ရသည္။
ေဂ်ာင္ဂု ေရခ်ိဳးခန္းဝင္ေျခလက္ေဆးၿပီး ကုတင္ေပၚအသာေလးတက္ကာထယ္ေယာင္းေဘးနားဝင္အိပ္လိုက္ေတာ့သည္။ခပ္စိပ္စိပ္မ်က္ေတာင္ေမႊးေလးေတြကညီညီညာညာ ျဖာၾကေနသည္။တကယ္ကိုအ႐ြယ္ေရာက္လာခဲ့တာပဲလွလွပပနဲ႔။မ်က္ႏွာေလးကိုအသာေလးထိကိုင္ေနရင္း ၿပဳံးၿပီးၾကည့္ေနမိသည္။

"ကိုကို ကြၽန္ေတာ္ကအရမ္းေခ်ာတယ္မလား"

ေဂ်ာင္ဂုမွာၿပဳံးေနရင္း အငိုက္မိသြားကာ ပါးစပ္ဟၿပီးမ်က္ခုံးႏွစ္ဖက္ပါျမင့္တက္သြားေတာ့သည္။

"အာ.....သိေနတာလား ကိုကိုလာထဲကအိပ္ခ်င္ေယာင္ေဆာင္ေနတာလား"

"တကယ္အိပ္ေပ်ာ္ေနတာပါ ဒါေပမယ့္လည္း အိမ္ထဲကိုဝင္လို႔ရတာဆိုလို႔ ကိုကိုပဲရွိတယ္ေလ"

"အိပ္ေပ်ာ္ေနတယ္ဆိုၿပီး ကိုကိုေရာက္ေနတာကိုဘယ္လိုသိလဲ"

"ဒါကလား....စိတ္ထဲကသိေနတာေပါ့ ဟီးဟီး ကိုကိုကညေနကၾကမလာေတာ့ဘူးဆို"

"အင္း အခုမွလာခ်င္သြားတာ"

စကားေတြေျပာေနတဲ့အခ်ိန္ဆို ႏွစ္ေယာက္လုံးဘာအေၾကာင္းမွမေတြးမိ။
အခုလိုအနားရွိခြင့္ရတာကိုကဘုရားေပးတဲ့ဆု။

"ထယ္ ခဏခဏလည္း ကိုကိုေျပာေနၾကေပမယ့္ အခုလည္းေျပာရအုံးမယ္ ထယ္အခုလိုအနားမွာရွိေနတာ အိပ္မက္လိုပဲ ကိုကို႔မွာမယုံႏိုင္ဘူး
ဘယ္မွမသြားေတာ့နဲ႔ ကိုကိုမပါပဲ
အလည္ခရီးဆိုရင္လည္း ကိုကိုနဲ႔ပဲအတူသြား ၾကားလားလို႔"

"ၾကားတယ္လို႔"

သူေျပာေနတာကိုၿပဳံးၿပီးနားေထာင္ၿပီးၾကည့္ေနေတာ့ ႏႈတ္ခမ္းေတြဘာေတြ႐ြဲ႕ကာၾကည့္ၿပီးၾကားလားတဲ့။ကိုကိုကတစ္ခါတစ္ခါ ကေလးေလးနဲ႔တကယ္တူေတာ့တာပဲ။

"ေအာ္...ဒါနဲ႔ထယ္က ပင္လယ္ကိုသြားခ်င္လို႔လား ကိုကိုလိုက္ပို႔ရမလား"

"ထယ္က ကိုကို႔ ကိုလိုက္ပို႔ခ်င္တာပါ စိတ္ရႈပ္မႈ႕မ်ားစြာထဲကေန ခဏပင္လယ္ကိုၾကည့္ၿပီး အနားယူေစခ်င္လို႔"

"အဲ့ဒါမ်ား အခုလိုထယ္ေလး အနားရွိတာက ပင္လယ္သြားရတာထက္ပိုေကာင္းတယ္ေလ ကိုကို႔အတြက္ပင္လယ္မလိုဘူး ထယ္ရွိရင္ အကုန္ေအးခ်မ္းတယ္"

"အာ....လူႀကီးက ပိုၿပီဗ်ာ"

အခုတေလာ ဒီေကာင္ေလးခဏခဏ
ကြၽန္ေတာ္ကေျပာလို႔ေျပာ လူႀကီးေျပာလို႔ေျပာနဲ႔။

"လာပါအုံး ကြၽန္ေတာ္လည္းေမးရပါအုံးမယ္ အခုတေလာ ထယ္လို႔သိပ္မေျပာပဲ ကြၽန္ေတာ္ေတြ လူႀကီးေတြေျပာေနတာေလး ရွင္းပါအုံး"

"အာ...အဲ့ဒါလား ကိုကိုကလည္း ဒီတိုင္းဘာရယ္မဟုတ္ဘူးေျပာလိုက္တာ ထယ္လို႔ေျပာတာက ကေလးဆန္တယ္ေလ အခုကြၽန္ေတာ္က လူႀကီးျဖစ္ေနၿပီေလ ဟဲဟဲ"

ေျပာလည္းေျပာ ရယ္လည္းရယ္ေသးသည္။ဘာရယ္မဟုတ္ႏွစ္ေယာက္အတူရွိေနရင္ေျပာစရာေတြကမကုန္ႏိုင္ေတာ့တဲ့အထိ။

"ကဲ အိပ္ေတာ့ ညနက္ေနၿပီ"

"လူႀကီးျဖစ္တဲ့အထိမ္းအမွတ္နဲ႔ goodnight kissေပးရမလား"

"ကင္မ္ထယ္ေယာင္း မေျပာရဲတာကိုမရွိေတာ့ဘူးေနာ္"

"အဲ့ေတာ့မႀကိဳက္ဘူးလား"

"ဘယ္သူကေျပာလဲ လာခဲ့"

"ကိုကိုေနာ္....ကလိမထိုးနဲ႔ ဟားဟားေၾကာက္ပါၿပီ ေတာ္ပါေတာ့"

အၿမဲတမ္းရယ္ေနေကာင္ေလးေရ။ကိုကိုကဖန္တီးေပးမယ္ ကိုကို႔လက္ကိုသာရဲရဲဆြဲထား။ ဘယ္လိုအခက္အခဲပဲႀကဳံႀကဳံ မင္းသာရွိရင္ရၿပီ။ပင္လယ္ရဲ႕အလွလည္းမလိုဘူး ေႏြးဦးရဲ႕ေႏြးေထြးမႈ႕လည္းမလိုဘူး ေဆာင္းဦးရဲ႕ပန္းပြင့္ေတြကိုေငးၾကည့္ဖို႔လည္းမလိုဘူး။မင္းအနားရွိၿပီး မင္းအၿပဳံးေတြသာျမင္ရရင္ရၿပီ။

မနက္မိုးလင္းေတာ့ မနက္စာျပင္ေပးဖို႔လုပ္ေတာ့သည္။ကိုကိုညလာအိပ္ၿပီး မနက္႐ုံးမသြားခင္ မနက္စာျပင္ေပးရတာ သေဘာက်သည္။ႏိုင္ငံျခားမွာေက်ာင္းတက္တုန္းက ကိုရီးယားအစားအစာေတြကိုစားခ်င္တိုင္း လိုအပ္တဲ့ပစၥည္းေတြဝယ္ကာ YouTube မွၾကည့္ကာခ်က္ၾကည့္ရင္းနဲ႔ အရမ္းမေကာင္းေပမယ့္ စားလို႔ရတဲ့အထိေတာ့ခ်က္တက္ခဲ့သည္။

"ထယ္ ကိုကို မနက္စာမစားေတာ့ဘူး"

"ေျပာျပန္ၿပီ ဒီတစ္ခါေနာက္ရင္သည္းမခံဘူးေနာ္"

"႐ုံးတက္ဖို႔ေလ အဝတ္ေတြမပါဘူး ထယ္ရ ကိုကိုအခုျပန္မွရမယ္"

"ဒါမ်ား အခန္းထဲက ဗီ႐ိုဘယ္ဘက္ျခမ္းမွာ ကိုကို႔အတြက္ အက်ႌေတြထား ထားတယ္ အဆင္ေျပရာယူဝတ္"

"ဟုတ္လား အင္း အင္း"

ေၾကာင္ေတာင္ေတာင္နဲ႔ေခါင္းတဆက္ဆက္ၿငိမ့္ကာအခန္းထဲျပန္ဝင္သြားေတာ့သည္။ထယ္ေယာင္းမွာေတာ့အူတူတူျဖစ္ေနေသာေဂ်ာင္ဂုပုံကို ၾကည့္ကာရယ္ေနရေတာ့သည္။

ေဂ်ာင္ဂု အခန္းထဲဝင္ၿပီးဗီ႐ိုဖြင့္လိုက္ေတာ့ ထယ္ေယာင္းေျပာသလိုဘယ္ဘက္ျခမ္းမွာ သဘက္ ညဝတ္အက်ႌ
Suit ေတြသာမက ေပါ့ေပါ့ပါးပါးဝတ္လို႔ရေသာအက်ႌ ေဘာင္းဘီေတြကိုထားေပးထားသည္။ေရခ်ိဳးခန္းဝင္ကာေရခ်ိဳးၿပီးတာနဲ႔အဝတ္လဲကာ ထြက္လာခဲ့လိုက္သည္။ထမင္းစားခန္းရဲ႕ စားပြဲေပၚမွာမနက္စာကအဆင္သင့္။

"ထယ္ အက်ႌေတြကအမ်ားႀကီး ကိုကို႔အတြက္ဝယ္ေပးထားတာလား"

"ကြၽန္ေတာ္ခ်ဳပ္ေပးထားတာေရာ ဝယ္ထားတာေရာပါတယ္ ကိုကိုေနာက္ရက္ေတြကြၽန္ေတာ္မရွိလည္း လာေနၿပီး ဝတ္လို႔ရေအာင္ေလ"

"ထယ္ကဘယ္သြားမွာမလို႔လဲ"

"အလုပ္ခရီးပါ"

"ဘယ္ေလာက္ၾကာမွာလဲထယ္ ဘယ္ကိုလဲ"

"မက်ိန္းေသေသးပါဘူး ကိုကိုရာ စားစားေအးကုန္ေတာ့မယ္"

တရစပ္ေတြေမးေနေသာ ကိုကို႔ ကိုအမွန္တိုင္းေျပာဖို႔ကမလြယ္ကူမွန္းသိသည္။ဒီအေျခအေနေတြကေန စိတ္ထဲရွိရာအတိုင္း ကိုကို႔ ကိုေခၚၿပီးအားလုံးနဲ႔ေဝးရာထြက္သြားဖို႔လည္းေတြးခဲ့မိသည္။တကယ္ပဲ ဘယ္သူထြက္သြားမွအဆင္ေျပမွာလဲ။ ဒီေတြ႕ဆုံဆက္ႏြယ္ေနမႈ႕ကဘယ္ေတာ့မွ အၿပီးသတ္မွာလဲ။

"ထယ္ ကိုကို႔ ကိုစားခိုင္းၿပီးဘာေတြေတြးေနတာလဲ"

"ဘာမွမဟုတ္ပါဘူး စားေကာင္းလားကိုကို"

"စားလို႔ေကာင္းတယ္ ဒါေပမယ့္အၿမဲအဲ့လိုမလုပ္ပါနဲ႔ ကိုကိုက ေပါင္မုန႔္နဲ႔ေကာ္ဖီဆိုလည္းရတယ္"

"အၿမဲလည္း ခ်က္မေကြၽးႏိုင္ပါဘူးကိုကိုရာ ဒီမနက္စာေလးကေႏြးေထြးတယ္မလား အၿမဲအမွတ္ရေနေနာ္"

"လာျပန္ၿပီ ဘာကိုမွတ္ခိုင္းေနျပန္တာလဲ ထယ္ေနာ္ ကိုကိုစိတ္ဆိုးမိေတာ့မယ္"

"ပထမဆုံး ခ်က္ေကြၽးတဲ့မနက္စာမလို႔ေနာက္ကိုလည္း မွတ္မိေနရေအာင္ေျပာတာပါ ကိုကိုမသိပဲ ဘယ္မွမသြားဘူး
စိတ္ခ် ကြၽန္ေတာ့္ကိုယုံပါ"

"ထယ္ကို ယုံတယ္ ကံၾကမၼာကိုမယုံရဲဘူးကြာ..."

ဒီစကားေျပာတဲ့အခ်ိန္မွာေဂ်ာင္ဂုဝမ္းနည္းသံစြက္ေနခဲ့သည္။
ထယ္ေယာင္းကအနားရွိေနတယ္ဆိုေပမယ့္ အေျခအေနေတြရႈပ္ေထြးေနေတာ့ စိတ္ရႈပ္ၿပီးသူမသိဘဲ ထြက္သြားမွာစိုးရိမ္ေနသည္။

"ကိုကို တကယ္စိတ္မပူနဲ႔ေနာ္ ကြၽန္ေတာ္ကကိုကို႔ ကိုအသိမေပးပဲဘယ္ကိုမွမသြားဘူး"

ေဂ်ာင္ဂုလက္ကိုဆုပ္ကိုင္ကာ မ်က္လုံးကိုေစ့ေစ့ၾကည့္ၿပီးေျပာမွၿပဳံးျပကာ ထမင္းဆက္စားေတာ့သည္။ကိုကိုစိုးရိမ္ေနတာကိုသိသည္။တစ္ေယာက္ရင္ထဲကိုတစ္ေယာက္ဝင္ၾကည့္လို႔ရေအာင္ျမင္ေနတာမ်ိဳး မဟုတ္ေပမယ့္ရိပ္မိေကာင္းရိပ္မိႏိုင္သည္။ကိုကိုသြားၿပီးတာနဲ႔ ဝန္ထမ္းေတြကိုေန႔လည္မွလာခိုင္းထားသည္။အမယူမီ ေတြ႕ခ်င္တယ္ ေျပာစရာရွိတယ္ဆိုလို႔ ႐ုံးခန္းကိုသာခ်ိန္းလိုက္မိသည္။ကြၽန္ေတာ္တို႔ရဲ႕ေမတၱာလြန္ဆြဲပြဲမွာ က်ိန္းေသ ေပ်ာ္႐ႊင္ရမယ့္သူက ကိုကိုပဲျဖစ္ရမယ္......

Be Happy⛄
Zante💜

ဖတ္ေပးသူသဲေလးတစ္ေယာက္ခ်င္းစီတိုင္းကိုခ်စ္ခင္ေလးစားလွ်က္.......

Continue Reading

You'll Also Like

340K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
433K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
61.9K 9.3K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...