Unicode
.....................
အရှေ့ကမြင်ကွင်းကိုကြည့်ပြီး မာန်အတော်အံံ့သြနေမိသည်။ သူသိခဲ့ဖူးတဲ့ ဟေဇယ်မိုးဆိုတာ ဒါမျိုးမဟုတ် ။
အာကာထွဋ် သူ့ကိုယ်တွင်ထိုးစိုက်ခြင်းခံထားရတဲ့ဓားကိုဆွဲထုတ်၍ လဲနေလျက်ပင် ဓားကိုကိုင်ကာ ဟေဇယ့်ခြေထောက်ကို လှီးဖြတ်လိုက်သည်။ ဟေဇယ် အလျှင်အမြန်ရှောင်လိုက်သော်လည်း အနည်းငယ်တော့ထိသွားသေးသည်။
ဟေဇယ်လည်းသူ့ကိုပြန်လုပ်နေတဲ့သူကိုဒေါသထွက်ကာ ဗိုက်ကို ဒေါက်ဖိနပ်ထိပ်ဖူးနဲ့ကန်လိုက်သည်။ ခံရတဲ့ အာကာ့တွင်တော့မသေရုံတမယ် ။
" အ့....မင်း....မကောင်းတဲ့....မိန်းမ...."
အကွယ်တွင်ရပ်ကြည့်နေသော ဘုန်းစစ်ဟန် မနေနိုင်တော့ဘဲ ထွက်လာလေသည်။
" မကောင်းတဲ့မိန်းမ! အဲ့လိုဆိုတာ ငါအစောကြီးကတည်းကသိခဲ့သင့်တာ "
ဘုန်းစစ်ဟန် အရှေ့ကိုထွက်ဖို့ကြံလိုက်သော်လည်း ထိုက် ကဒုက္ခရောက်မည်ဆိုးတာကြောင့်ပြန်ဆွဲထားရသည်။ အောက်ပိုင်းကလည်းနာနေတုန်းပဲမို့ ဘုန်းစစ်လည်းငြိမ်လိုက်သည်။
မကြာခင်ပဲ သူတို့အနောက်ကနေ မုန်းမာန်စစ်သွေး ထွက်လာ၍ ဟေဇယ့်ရှေ့ကိုသွားကာ ဦးတည်ပြောတော့ ဟေဇယ်က ကြောင်၍ သူ့ကိုရပ်ကြည့်နေလေသည်။
ခဏနေတော့မှ သတိပြန်ဝင်၍ ပြတင်းပေါက်နေခုန်ချလေသည်။ နာနေသော ခြေထောက်အရှိန်ဟာ ခုန်ချတဲ့ဒဏ်နဲ့ပေါင်းပြီး သွေးတွေအဆက်မပြတ်ထွက်လာလေသည်။
အနောက်ဘက်တွင်တောကြီးဖြစ်နေတာမို့ အာကာ့ကိုဘုန်းစစ်နဲ့ထားခဲ့ကာ ထိုက်ရော မာန်ရော ဟေဇယ်မိုးပြေးရာနောက်ကိုလိုက်လာလေသည်။
သွေးစက်တို့ကိုခြေရာခံ၍ လိုက်လာသော်လည်း တစ်နေရာအရောက်တွင် သွေးစက်တို့ဟာ လမ်းစပျောက်သွားလေသည်။
" ကျစ်!"
" ကိုစစ်သွေး ဟိုနားမှာတစ်ခုခုတွေ့.... အ့ "
ထိုက်ပြောမယ်ကြံတုန်း သူ့ရဲ့ လက်မောင်းပေါ်သို့ဓားချက်တစ်ချက်ကျရောက်လာခဲ့သည်။ အငိုက်မ်ိနေသော ထိုက်အဖို့ အခြေအနေတွေကိုမရင်ဆိုင်နိုင်လိုက်ပေ ။
" ထိုက်စိုးစံ ရရဲ့လား? "
ထိုက်ရဲ့လက်မောင်းတွင်သွေးတွေထွက်နေတာမို့ မာန်လည်းစိတ်ပူကာမေးမိသည်။
" ကျွန်တော့်ကိုထားခဲ့ ! ဟိုဘက်ပြေးသွားတယ်လိုက်သွား
ဖမ်းမိမှရမယ် အ့ "
တစ်ချက်လုပ်လိုက်တိုင်း လက်မောင်းဖြူဖြူတို့ဟာသွေးတွေစီးကျနေခဲ့သည်။ ဒဏ်ရာဟာနက်သွားတာမို့ အပိုင်းပိုင်းပြတ်နေလေသည်။
မာန်လည်းဘာမှပြောမနေတော့ဘဲ ဟေဇယ်ပြေးတဲ့နောက်ကိုသာပြေးထွက်လာခဲ့သည်။
ခဏကြာတော့ ဘုန်းစစ်နဲ့အတူရဲ့အချို့ဟာလည်းပါလာလေသည်။ အာကာထွဋ် ကတော့ ကံမကောင်းစွာနဲ့ပဲ လောကကြီးကနှုတ်ဆက်သွားခဲ့လေပြီ ။ အချိန်တန်သေရမယ့်အတူတူ ဘာမှလုပ်လို့မရတော့တဲ့ လောကကြီးမှာ သူဘယ်လိုမှအသက်ဆက်မရှင်နိုင်တော့ပေ ။
သူဆုတစ်ခုတောင်းခဲ့သည်။ နောင်ဘဝတော့ သာယာအေးချမ်းသော မိသားစုလေးပိုင်ဆိုင်ရပြီး ဟေဇယ်မိုးလိုမိန်းမမျိုးနဲ့မတွေ့ရပါစေနဲ့ ဟုဆုတောင်းခဲ့သေးသည်။ အခုတော့ သူ့ရဲ့ကလေးလေးနဲ့ရော အကိုကြီးနဲ့ပါကောင်းကင်ဘုံမှာပြန်တွေ့နိုင်ပြီလေ ။
" ထိုက်...ထိုက်....ဘာဖြစ်တာလဲ "
ဘုန်းစစ် ရောကိရောက်လာချင်းပဲ ထိုက်ကိုစိုးရိမ်ပူပန်စွာမေးလာခဲ့သည်။ သို့ပေမယ့် ထိုက်ကတော့ဘာမှမပြောဘဲ လက်ကိုသာပြလိုက်သည်။ ဘုန်းစစ်က သူ့ရဲ့အပေါ်ထပ်အင်္ကျီကို ဆွဲချွတ်၍ ထိုက်ရဲ့ဒဏ်ရာကိုသွေးတိတ်စေရင် စည်းနှောင်လိုက်သည်။
" ခဏလေးနော် ခဏလေးသည်းခံပေး မာန်ရော "
" ဟေဇယ့်နောက်လိုက်သွားတယ် ။ ရဲမှူကြီးတို့ အဲ့အနောက်ကိုလိုက်သွားလိုက်နော် "
ထိုက်က ဘုန်းစစ်ကိုပြောရင်း ရဲမှူးကြီးတို့ကိုလမ်းညွှန်လိုက်တာမို့ ရဲတွေအကုန်လိုက်သွားကြလေသည်။ စစ်ကိုကတော့ အာကာထွဋ် ကိစ္စနဲ့အလုပ်ရှုပ်ခဲ့သာ ကျန်ခဲ့လေသည်။
.............။
" ဟေဇယ်မိုး ၊ ထပ်ပြီးပြေးမနေနဲ့ မင်းအပြစ်တွေဝန်ခံလိုက် "
" ဟင့်အင်း....ဟင့်အင်း ရှင်တို့ကလူယုတ်မာတွေ အား....!"
ဟေဇယ်ဆက်ပြေး၍ မရနိုင်တော့ပေ ။ အနောက်တွင် သစ်ရွက်တွေနဲ့ဖုံးနေတဲ့ တွင်းကြီးတစ်ခုရှိတာမို့ ပြုတ်ကျတာနဲ့သေသွားနိုင်သည်။
" ဟင့်အင်း မလာနဲ့....အား....! ဟားဟား ! နင်တို့ငါ့ကိုဖမ်းလို့ရနိုင်မယ်ထင်နေတာလား?"
တစ်ယောက်တည်းအရူးလို ဂနာမငြိမ်ဖြစ်ကာ ရုန်းကန်နေသော ဟေဇယ့်ကိုသေချာစိုက်ကြည့်နေလေသည်။
" နောက်ကိုဆက်မသွားနဲ့! ဟေဇယ်မိုး!!!!!"
ဟေဇယ်မိုး အနောက်သို့ဆုတ်ရင်းဆုတ်ရင်း တွင်းကြီးထဲသို့ကျသွားလေတော့သည်။ မာန် လည်းပြေး၍ လာကြည့်လိုက်တော့ ပက်လက်အနေအထားဖြင့် ဗိုက်ကိုသံဆူးချွန်က ထုတ်ချင်းပေါက်အောင် စိုက်ဝင်နေလေသည်။
မာန်ခေါင်းခါရမ်းလိုက်သည်။ နာရီဝက်လောက်အကြာ ရဲတွေရောက်လာ၍ ဟေဇယ့်ကိုတွင်းထဲမှထုတ်ရန်ကြိုးစားကြသည်။ မာန်ကတော့သက်ပြင်းချ၍သာ....
" မကောင်းတဲ့လူတွေရဲ့ဇာတ်သိမ်းကရော ကောင်းနိုင်မယ်လို့ထင်နေတာလား? မင်းပြုတဲ့ကံမင်းထံပြန်တာပဲ ။ နောင်ဘဝတော့မင်းဘဝလှပနိုင်ပါစေ ။ မင်းအမုန်းတရားတွေ ဒီဘဝမှာပဲကြေပါစေ "
မာန်လည်းတိုးတိုးတိတ်တိတ်ရွတ်ရင်း အခင်းဖြစ်တဲ့နေရာမှထွက်လာလိုက်သည်။ ထိုက်ကိုတော့ မှုခင်းဆရာဝန်တွေရောက်လာတာမို့ ဆေးထည့်ပေးနေကြသည်။ တကယ်ကိုအရာအားလုံးကပြီးဆုံးသွားခဲ့ပြီလား?
" မငိုနဲ့လေ ကိုကိုကလည်း "
ကားနောက်ခန်းမှာထိုင်ရင်းအဖြစ်သည်းနေသော ၂ ယောက်ကိုမာန်ကြည့်ပြီး မဲ့လိုက်သည်။
" ပုစိရဲ့လက်ပေါ်မှာ အမာရွတ်ကျန်ခဲ့မှာ ကိုကိုမကြိုက်ဘူး ရွှတ် "
နှပ်တွေပါထွက်နေသော ကိုကို့ကိုကြည့်ရင်း ထိုက်ပြုံးမိလိုက်သည်။ သူ့တို့ဘဝဟာနောက်ဆုံးတော့အေးချမ်းခဲ့ပြီ ။ အပူအပင်တွေကိုစွန့်လွှတ်ကာ မိသားစုလေးအဖြစ်ပျော်ပါးကြမည်။ အသက်ထက်ကိုပိုချစ်ရပါသည်....ကိုကို ။
မာန်လည်းအိမ်ရောက်မှ ခွန်းနဲ့roပစ်မည်ဟုတွေး၍ ပြုံးကာကားမောင်းလာလေသည်။
. . . . . . . . . .
အရာအားလုံးပြီးဆုံးသွားခဲ့ပြီ ။ လူတိုင်းဟာလည်းကိုယ်ပိုင်ဘဝလေးနဲ့ပျော်နေကြပြီ ။ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးကြသည်။ သို့ပေမယ့် စုံတွဲတိုင်းမှာ စကားများရန်ဖြစ်တာလေးတွေရှိမှ ပြီးပြည့်စုံနိုင်သည် မဟုတ်လား?
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပေါ့..... ။
တီ....တီ....တီ....
မြည်နေတဲ့ ဖုန်းAlarm ကြောင့် ထိုက်စိုးစံ သူ့ဘေးနားက ကိုကို့ကိုနှိုးလိုက်သည်။
" ထေတာ့ ကိုကို Alarm မြည်နေတာ ၄ ခေါက်ရှိပြီ ၁၁ နာရီတောင်ထိုးပြီ ထေတာ့ "
" ထိုက် အိပ်ပါရစေဦး ၊ မနေ့ညက မင်းမခံရတိုင်း "
" ကိုကိုကလည်းနည်းနည်းလေးကိုကွာ "
" အေး...နောက်တစ်ခါငါအပေါ်မှာနေမယ် "
" ကိုကို့သဘော အခုထ ဆေးသောက်ရမယ် ။ မနက်စာစားရဦးမယ် ထတော့ "
ထိုက်လည်း လှဲနေရင်းနဲ့မှ ဘုန်းစစ် ရဲ့ဆံပင်လေးကိုနမ်းရှိုက်ရင်း နှိုးနေလေသည်။
* So,baby don't worry.... You're my only....... *
ဖုန်းလာနေတာမို့ ထိုက်လည်း ဘေးခုံပေါ်ကသူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။
( ရား.....ခွေးကောင်! ဘုန်းစစ်ဟန် ကဘာလို့ဖုန်းမကိုင်ရတာလဲ)
ဖုန်းကို speaker ဖွင့်ထားမိတာကြောင့် တစ်ဖက်ကအသံဟာ အော၍ထွက်လာခဲ့တာမို့ ထိုက်လည်း ကိုကိုအနှောက်အယှက်ဖြစ်မည်ကိုဆိုး၍ အိပ်ရာပေါ်ကထလိုက်သည်။
" Rhon! စကားကိုဘယ်လိုပြောနေတာလဲ? ကိုကိုနိုးသွားမယ်ဟ "
( ဘုန်းစစ် ဒီလောက်ထိမအိပ်ဖူးဘူး ။ မင်းဘာလုပ်ထားလို့လဲ? )
" ပါးစပ်ကိုပိတ်ထား ခွေးကောင်ရ ၊ ဘာကိစ္စလဲ "
( ညီလေးကိုဖုန်းဆက်တာလည်းစက်ပိတ်ထားတယ်တဲ့ မင်းတို့ကွာ! သဘက်ခါ ငါမြန်မာရောက်မယ် ၊ အချစ်လေးပါ ပါလာမှာ နေဖို့ထိုင်ဖို့စီစဉ်ပေး ဒါပဲ!!!)
ထိုက်လည်းသူ့ကိုအော်ရင်းဖုန်းချသွားသော Rhon ကိုကျိန်ဆဲနေသည်။ တကယ်ပဲ ဘယ်လိုကောက်လဲဟ! လူလိုနားမလည်ဘူး!
" အင်း....ဟင်း....ဘယ်သူလဲ ထိုက် "
" Rhon ဆက်တာ။ သူ့ကောင်လေးပါ ပါလာမယ်တဲ့ အဲ့တာ နေစရာစီစဉ်ပေးတဲ့ "
" အားအားယားယား သူ့ညီရဲ့လင်မှာ အဲ့လောက်တိုက်ခန်းတွေပေါတာ မာန့်ကိုပြောလိုက် "
" အေးလေ ဟုတ်သားပဲ ထိုက် ကိိုကိုအတော်ဆုံး! "
ထိုက် လည်း အိပ်ရာပေါ်တက်၍ ဘုန်းစစ်ကိုအားနဲ့ဖက်လိုက်တော့ အောက်ပိုင်းကနည်းနည်းနာသွားတာမို့ ထိုက်ကို မျက်စောင်းထိုးလိုက်သည်။
တစ်ယောက်နဲ့တစ်ယောက်အိပ်ရာပေါ်မှာ ထိုးနေကြတာ နေ့လည် ၁၂ နာရီမှ အိပ်ရာပေါ်ကဆင်းကြလေသည်။
နှုတ်ခမ်းနဲ့.....အဟမ်း...!
. . . . . . . . . . . .
ခွန်းလည်းအောက်ထပ်မှာ မာန့်အတွက် နေ့လည်စာပြင်ပေးပြီး အခန်းထဲတွင် အင်္ကျီလဲနေတဲ့မာန့်ဆီကိုလာလိုက်သည်။
" ကိုကို.....နေ့လည်စာစားကြမယ်လေ "
" လာပါဦး ကလေးလေးရဲ့ "
ခွန်းရဲ့သေးတယ်ဟုမဆိုသော်လည်း မကြီးလွန်းလှသော ကိုယ်လေးကို မာန်ပွေ့ချီလိုက်သည်။
" အ့...နာတယ်....ချပေး....ကိုယ့်အကြောင်းကိုသိရင်ချလိုက် "
ဘယ်လောက်ပြောပြော မာန်ကမချပေးတာမို့ ခွန်းလည်း အားကုန်သုံး၍ မာန့်ရဲ့ဆံပင်တို့ကို ဆောင့်ဆွဲလိုက်သည်။
" အား...အား.... သေပြီ အုံလိုက်ကျွတ်ပြီ "
" မှတ်ထား နာနေလို့ လွှတ်ပါပြောနေတာကို ဂါး...!"
ခွန်းလည်း စိတ်တိုကာ မာန့်ဆံပင်တို့ကိုမလွှတ်ပေးသေးပေ ။
" အခုလွှတ်ရင် ဒီည လွှတ်ပေးမယ် "
ခွန်းလည်းမာန်ပြောတော့ ချက်ချင်းလွှတ်လိုက်သည်။
အခုလေ ခွန်းဘဝက အာ့အာ ဖြစ်နေပြီ ။ တစ်ရက်မှအလွတ်ပေးတယ်ဆိုတာကိုမရှိပေ ။ ပျောက်ခါနီးဖြစ်လိုက် နောက်တစ်ခါ ပြန်နာသွားလိုက်နဲ့ လူကသေတော့မလိုပင် ။
ခွန်း ကိုကို မသိအောင် ခိုးဖတ်ဖူးတဲ့ Novel တစ်ခုကိုတောင်တွေးမိလိုက်သေးသည်။
Everyday is Everyday! ဆိုတာကြီးကိုပေါ့ ။
သူလည်း သခင်လေးဝေ့ လိုဖြစ်နေလေပြီ ။
(A/N ဘယ် Novel လဲသိတယ်ဟုတ်! 😁)
"အာမေ့နေတာ မနေ့ညက ကိုကို ခွန်းဖုန်းကိုပိတ်လိုက်တယ်မဟုတ်လား?"
ခွန်းမေးတော့ မာန်ကခေါင်းငြိမ့်ပြသည်။
ခွန်းလည်းသက်ပြင်းချ၍ ဖုန်းကိုပါဝါဖွင့်လိုက်တော့ ကိုကြီးခေါ်ထားတဲ့ missed call တွေမနည်းမနော ။
ချက်ချင်းဆိုသလို အကိုဘုန်းစစ်ဆီက ဖုန်းဝင်လာတာမို့
" ဟုတ်ပြော အကိုဘုန်းစစ် "
( ခွန်းရေ မင်းကိုကြီး သဘက်ခါရောက်မယ် တိုက်ခန်းတစ်ခန်းစီစဉ်ပေးလိုက်ဦး)
" ဟုတ်ကဲ့ အကို ၊ ခွန်းလုပ်ထားလိုက်မယ် "
2 လနီးပါးလောက်မတွေ့လိုက်ရသော အကိုဖြစ်သူပြန်လာမယ်ဆိုတာကြောင့် ပျော်လဲပျော်သည်။ ဖေဖေ့ကိစ္စကိုတော့ ကိုကြီးကိုဖုန်းထဲကနေပြောပြထားတာမို့ အခြေအနေသိပ်မဆိုးလောက်ပေ ။ ကိုကြီးလည်းအရင်က မာန်နဲ့ခွန်းကိုသဘောမတူပေမယ့် ခွန်းအတင်းတောင်းဆိုထားတာမို့ လိုက်လျောပေးလေသည်။
ပြောလိုက်သေးတယ် ။
" ငါ့ညီကိုတစ်ခုခုထပ်လုပ်ရင် မင်းကိုသတ်မှာ " ဆိုပြီး ကိုကို့ကို ကြိမ်းမောင်းသွားသေး၏ ။ သို့သော် သူ့ညီလေးမှာတော့ နေ့တိုင်းအလုပ်ခံနေရတာကို မသိပါရောလား?
အကိုကြီးအတွက်မျက်ရည် ၂ စက် ။
ခွန်းလည်းအတွေးတို့်ကို သေဘာကျကာ ရယ်လိုက်တော့ ကိုကိုကမေးလာသည်။ ထို့နောက် နေ့လည်စာစားကြရင်း တိုက်ခန်းရွေးဖို့အတွက် ၂ ယောက်သားအပြင်ကိုထွက်လာခဲ့လိုက်သည်။
ခွန်းရဲ့မိသားစုအကြောင်းနဲ့ ဒီ ၄ နှစ်တာကာလမှာဖြစ်ပျက်ခဲ့သမျှအကြောင်းတွေ ၊ ဘုန်းစစ်ဟန် က ခွန်း ရဲ့ကျေးဇူးရှင်ဆိုတဲ့အကြောင်းတွေကိုပါစုံအောင်ပြောပြခဲ့တာမို့ ကိုကိုကနားလည်ပေးသည်။
ထို့ကြောင့်လည်း သာယာသောမိသားစုလေးကိုပိုင်ဆိုင်နိုင်ခဲ့လေပြီ ။ နားလည်မှု ၊ အချစ် ၊ မြတ်နိူးမှု ၊ ယုံကြည်မှု တွေနဲ့တည်ဆောက်နိုင်ခဲ့ပြီ ။
. . . . . . . . . .
၁ရက်ကြာပြီးနောက်.... ၂၁ နာရီလေယဉ်စီးလာပြီးမှာတော့ မြန်မာနိုင်ငံကိုအခြေပြန်ချနိုင်ပြီ ။ နှစ် ၂၀ ကျော်ခွဲခွာခဲ့ရသော အမိမြေရဲ့ရနံ့ဟာ ဆန်းကြယ်မွှေးပျံ့လွန်းလှသည်။
" လာသွားမယ် အချစ် "
LA နိုင်ငံသားတစ်ဦးဖြစ်တဲ့ Luous ကတော့ Rhon ခေါ်ရာနောက်ကိုသာလိုက်လာခဲ့သည်။
Taxi ငှား၍ တစ်ခါရောက်ဖူးတဲ့ ဘုန်းစစ်ဟန်တို့အိမ်ကိုလာလိုက်သည်။
" ဟျောင့် ဘာလို့ငါတို့အိမ်လဲ? "
ထိုက် အိမ်ထဲဝင်လာသော Taxi ပေါ်မှဆင်းလာတဲ့ Rhon ကိုတွေ့၍ မေးလိုက်သည်။
" ငါကမင်းအိမ်မပါလို့ ဘယ်သွားရမှာလဲ? "
" ကျစ်! မင်းညီရဲ့လင် ဆီသွားလေ ငါနဲ့ကိုကိုအရှိန်ပျက်တယ် "
" အေး မင်းတို့ပဲသာယာနေ "
ထို့နောက် ကားပေါ်မှဆင်းလာတဲ့ မိန်းကလေးအရှုံးပေးရလောက်အောင်လှလွန်းတဲ့ ကောင်လေးကိုထိုက်စိုးစံ မျက်လုံးကျွတ်မတတ်ကြည့်နေမိသည်။
" ဟေးဟေး....အဲ့အကြည့်ကိုပြင် ၊ မင်းလူကြီးနဲ့မင်းနေ ငါ့ဟာလေးက်ိုလာမထိနဲ့ "
" အူပုတ်ကောင် ၊ ဖြူဖွေးနေလွန်းလို့ပါဟ ဆောတီး ၊ ကိုကို့မှလွဲရင်ဘယ်သူမှစိတ်မဝင်စားဘူး ၁၀ နှစ်အချစ်နော် အဟွန်း! "
ပြီးကျမှ ဘုန်းစစ်ဟန်လည်းအိမ်ထဲမှထွက်လာ၍ ဒေါ်လေးတို့ကိုရော သကောင့်သား၂ကောင်ကိုခေါ်ကာ စကားထိုင်ပြောရင်း ဘုန်းစစ်ကတော့ မာန်နဲ့ခွန်းကိုဖုန်းဆက်၍ လှမ်းခေါ်နေလေသည်။
၁ နာရီလောက်အကြာတွင် မာန့်ရဲ့ကားနက်ပြာရောင်လေး ဟာဘုန်းစစ်ရဲ့အိမ်ခြံဝန်းအတွင်းသို့ဆိုက်ရောက်လာသည်။
ကားနောက်ခန်းတွင် အရင်လိုမဟုတ်ဘဲ သန့်ရှင်းသပ်ရပ်၍ လှပတင့်တယ်သော အမျိုးသမီးတစ်ဦးလည်းပါလာသေးသည်။
ထိုမိန်းမဟာ ခွန်းတို့နဲ့အတူတူအိမ်ထဲဝင်ရင်း ဓာတ်ပုံထဲကကောင်လေးတစ်ယောက်ကိုလိုက်ရှာနေမိသည်။ ဧည့်ခန်းရဲ့ ထောင့်စွန်းခုံမှာ ကောင်လေးတစ်ယောက်ရဲ့လက်ကိုကိုင်ရင်းထိုင်နေသော လူတစ်ဦးကိုတွေ့လိုက်သည်။
နှုတ်ခမ်းဖျားမှ တိုးစွာ
" သား...!"
Rhon လည်းအသံလာရာမိန်းမကြီးဆီသို့ကြည့်လိုက်တော့ မျက်ရည်တွေဝဲလာရသည်။ သူတွေ့ဖူးတဲ့ ဓာတ်ပုံထဲက စုတ်ပြတ်ပြတ်အမျိုးသမီးဟာ ယခုကဲ့သို့တောင် ပြောင်းလဲသွားလေပြီ။
" မေမေလား?"
Rhon လည်းထိုင်နေရာမှထ၍ ထိုမိန်းမကိုပြေးဖက်ကာငိုတော့သည်။ ထိုင်နေရင်း ဒေါ်လေးကပါထ၍ သူ့မောင်ဆုံးသွားတာ စိတ်မကောင်းတဲ့အကြောင်း တွေပြောပြီး သူလုပ်ခဲ့သမျှအပြစ်တွေအတွက်လည်း ဒေါ်မြဟန်ကိုတောင်းပန်ခဲ့သည်။
" မဟုတ်တာ မမရယ် ။ သားလေးကိုဒီလောက်ထိဂရုစိုက်လာပေးခဲ့တာကိုပဲ မြကကျေးဇူးတင်နေမိတာ "
ဒေါ်မြဟန်လည်းမျက်ရည်တွေဝဲနေသည်။ ထိုမြင်ကွင်းကိုမြင်နေရတဲ့ အကြင်လင်လင် ၂ တွဲဟာလည်းပိီစိဝေဖြာနေခဲ့သည်။
အခုဆိုရင် အပူအပန်ဆိုတာဘယ်မှာလဲ?
ကြည်နူးမှုတွေ ၊ သာယာမှုတွေနဲ့ပွေ့နေခဲ့ပြီး
ပျော်ရွှင်မှုစစ်စစ်ကိုသူတို့ကိုယ်တိုင်ရှာတွေ့ခဲ့လေပြီ ။
ရာသီစက်ဝန်းတွေဟာပုံမှန်လည်ပတ်ရင်း အချိန်တွေဟာ ကြာသွားခဲ့သလို အားလုံးဟာလည်း တစ်ယောက်အပေါ်တစ်ယောက် ချစ်ခြင်းမေတ္တာတွေမဆုံးနိုင်အောင် လက်မလွှတ်နိုင်ဖြစ်ခဲ့ကြတယ် ။
မိသားစုအရိပ်အမြုံဆိုတာလေးကို သူတို့တွေကောင်းကောင်းကြီးနားလည်ရင်း အခက်အခဲတွေကိုအတူတူကျော်ဖြတ်ခဲ့ကြသည်။
ပင်လယ်ပြင်ကြီးရဲ့အလယ်မှာရှိတဲ့ကျောက်ဆောင်တစ်ခုအပေါ်မှာ ချစ်ခြင်းတွေအပြည်နဲ့ တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေသော ကောင်လေး၂ယောက် ။
" ပင်လယ်ကြီးကဘာပြောလဲ ခွန်း "
မာန်ဆိုတဲ့ကောင်လေးဟာမေးလိုက်တော့
" ခွန်းဆက်အိမ် ဆိုတဲ့လူသားက သူ့အရှေ့က မုန်းမာန်စစ်သွေး ဆိုတဲ့လူကြီးကိုအရမ်းချစ်တယ်တဲ့! "
" အတတ်လေး "
မာန်လည်း ခွန်းရဲ့နှာခေါင်းလေးကိုအသာဆွဲညှစ်၍ တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်လိုက်သည်။
.....................။
ပန်းခြံထဲကကောင်လေး၂ယောက် ။
" ကိုကို အချစ်ဆိုတာဘာလဲ သိလား?"
ဘုန်းစစ်ဟန်က ထိုက်ရဲ့ပေါင်ပေါ်မှာလှဲနေရင်း ထိုက်ရဲ့အမေးကို ရယ်သည်။
" ဘာလဲ အချစ်ဆိုတာ ကိုကိုလို့ပြောဦးမလို့လား?"
ဘုန်းစစ်ရဲ့အပြောကို ထိုက်ကသဘောကျစွာရယ်၍
" မဟုတ်ဘူး မဟုတ်ဘူး ကိုကိုမှားတယ် အချစ်ဆ်ိုတာတာ တစ်ဦးကိုတစ်ဦးနားလည်ပေးပြီး မြတ်နိုးယုံကြည်ခြင်းတဲ့ အရမ်းမြတ်နိုးရတယ်ကိုကို "
ဘုန်းစစ်ကထထိုင်၍ ထိုက်ရဲ့နဖူးလေးကိုအနမ်းပေးရင်း
" ကိုကိုလည်းအရမ်းမြတ်နိုးရပါတယ် ကိုကို့ရဲ့ပုစိလေး "
တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာဖက်ထားကြသည်။ ဘယ်တော့မှအနားကနေထွက်သွားလို့မရတော့အောင်တဲ့ ။
အဲ့လိုပါပဲ ပြသနာတွေကိုရင်ဆိုင်ပြီးတဲ့နောက်မှာ အရာအားလုံးကပုံမှန်ပြန်ဖြစ်သွားပြီး ။ ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေကို အသီးသိီးပိုင်ဆိုင်နိုင််ခဲ့ကြလေသည်.....။
..............The End..............။
ဆက်ရန်မရှိ No extra ၊ No S2!
အားလုံးသူတို့လိုပဲပျော်နိုင်ကြပါစေ ။
ယွန်းရဲ့ငယ်လေးတို့
Fic အသစ်အတွက်ဆွေးနွေးဖို့ နောက်တစ်ပိုင်းလာမယ် ခဏစောင့် ။ 😁
#VeraVicki
#24.1.2021
Zawgyi
.....................
" ကျစ်!"
" ထိုက်စိုးစံ ရရဲ့လား? "
ဖမ်းမိမှရမယ် အ့ "
.............။
. . . . . . . . . .
တီ....တီ....တီ....
" အေးလေ ဟုတ်သားပဲ ထိုက် ကိုကိုအတော်ဆုံး! "
နှုတ်ခမ်းနဲ့.....အဟမ်း...!
. . . . . . . . . . . .
" လာပါဦး ကလေးလေးရဲ့ "
ပြောလိုက်သေးတယ် ။
. . . . . . . . . .
" လာသွားမယ် အချစ် "
" အေး မင်းတို့ပဲသာယာနေ "
" ဟေးဟေး....အဲ့အကြည့်ကိုပြင် ၊ မင်းလူကြီးနဲ့မင်းနေ ငါ့ဟာလေးကျိုလာမထိနဲ့ "
" သား...!"
" မေမေလား?"
" အတတ်လေး "
.....................။
" မဟုတ်ဘူး မဟုတ်ဘူး ကိုကိုမှားတယ် အခဈြဆျိုတာတာ တစ်ဦးကိုတစ်ဦးနားလည်ပေးပြီး မြတ်နိုးယုံကြည်ခြင်းတဲ့ အရမ်းမြတ်နိုးရတယ်ကိုကို "
..............The End..............။
ဆက္ရန္မရွိ No extra ၊ No S2!
ယွန်းရဲ့ငယ်လေးတို့
#VeraVicki
#24.1.2021