ParkJimin ကိုချစ်တယ်....
By ThetHmue3
836K 73.6K 3.2K
"မောင်သိခဲ့တာ...မင်းတစ်​ယောက်ထဲ...." More
Jeon..1
💜2💜
❤️3
🚨🚨4
❤️5
❤️6
❤️7
❤️8
❤️9
✨10
💚11
🐻12
💌13
📩14
☁️15
🥃16
☁️17
🥂18
💛💛19
💔💔💔💔💔20
☁️21
📝22
💔23
🦋24
💔25
💛26
🖤27
🤍28
⭐️29
🎁30
🤟31
🤴🏼🤴🏻32
🤟Ending🤟
1(Zawgyi)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
26
27
28
29
30
31
32
Ending🤍
Extra❤️
25
2.1K 258 2
By ThetHmue3
တံခါးဖွင့်သံတိုးတိုးကိုတော့ကြားလိုက်သည်။
ထို့နောက်ခြေသံသဲ့သဲ့...။
သူ၏အာရုံတခုလုံးသည်ချက်ချင်းဆိုသလို
နိုးကြားသွားသည်။ ဒီခြေသံဟာ.....
သူသတိရပီးငါးရက်မြောက်နေ့....။
အနားသို့နီးစပ်လာတိုင်းလေထဲတွင်လွင့်လွင့်
ပါလာသောရေမွှေးနံ့သင်းသင်း..။
နောက်ဆုံးတော့ အသည်းနှလုံးမဲ့သူသည်
သူ့ဆီသို့ရောက်လာခဲ့ပြီ...။
"Jeon..."
ထိုအသံငယ်သည်သူ့ဘဝတခုလုံးအားဇောက်ထိုး
မိုးမျှော်ဖြစ်သွားစေခဲ့သောအသံ..။
ချိုချိုအီအီအသံ စွဲစွဲငင်ငင်အသံ
ဘဝထက်တောင်ပိုချစ်ပေးခဲ့ရသောအသံ။
အပြစ်တခုမှမတင်ရက်လေသောအသံ။
မျက်လုံးတွေဖွင့်ကြည့်လိုက်တော့သိသိ
သာသာပိန်သွားပါသောသူသည်
မတ်တပ်တောင်မနည်းရပ်နေရသောပုံ။
အများကြီးဖိအားတွေပေးခဲ့ကြတယ်နဲ့
တူပါတယ်....လွန်လွန်ကြူးကြူးတွေ
အပြောခံထိထားပုံသောပင်ပန်းခြင်းတွေ
Hungမျက်လုံးတွေမှာအပြည့်ပင်။
"ဘယ်တော့မှမလာတော့ဘူးထင်နေတာ..."
အိပ်ယာပေါ်မှသူထတော့ကူညီပေးသော
Hyung၏မျက်နှာလှလှလေးအားအငမ်း
မရငေးနေလိုက်သည်။ခေါင်းအုံးတလုံး
အားခါးနောက်သို့ထားကာသေချာပြင်ဆင်နေ
သောHyungသည်အပိုးကျိုးကျိုး
လူဆိုးငယ်လေးလို။မျက်လုံးတွေထဲ
အထိထိုးဖောက်ကြည့်လျက်ငြိမ်သက်နေပြီးမှ
ခေါင်းလေးငုံ့ဝင်သွားပုံသည်ထူးထူးဆန်းဆန်း။
"တောင်းပန်ပါတယ်"
အက်ကွဲစွာထွက်ပေါ်လာသောအသံ
ငယ်သည်အဓိပ္ပာယ်ပေါင်းများစွာပျော်
ဝင်နေခဲ့သည်။
"....."
"ကိုယ်မောင်နဲ့စသိထဲကမောင့်အပေါ်
ဇွတ်တရွတ်ဆန်ခဲ့ပါတယ် အရာအားလုံး
အတွက်တောင်းပန်ပါတယ် မောင့်
ခြေထောက်တွေအတွက် မောင့်ဝေဒနာ
တွေအတွက်ရော ခွင့်လွှတ်ပါလို့
ကိုယ်မတောင်းဆိုပါဘူး
ဒါပေမယ့်တောင်းပန်တာကိုလက်ခံပေးပါ"
"မှားမှန်းတော့သိသားပဲ....."
Jeonသည်ရှည်လာပီဖြစ်သောဆံပင်နက်နက်တွေ
ကြားထဲမှဆွေးမြေ့စွာကြည့်လျက်ဆိုသည်။
သူ့လက်တွေကိုဆုပ်ကိုင်လိုက်ပြီး
နူတ်ခမ်းတွေဆီသို့သယ်ဆောင်သွား
ခြင်းကြောင့်ရဲခနဲဖြစ်သွားသော
ပါးနှစ်ဖက်သည်အလိုက်မသိခဲ့။
"တော်သေးတာပေါ့ လက်တွေကသုံးလို့
ရနေသေးလို့ဒီလက်ဖောင်းဖောင်းလေးတွေ
ကိုနမ်းလို့ရနေသေးတာ....
မောင်အရမ်းကံကောင်းလွန်းတယ်မလားကလေး"
Jeonလက်ချောင်းသွယ်သွယ်တွေကြားမှ
လက်တွေအားရုန်းထွက်လိုက်ရင်းမျက်လုံး
တွေအားရှောင်ဖယ်လိုက်သည်။
ကိုယ် မောင့်ကိုနူတ်ဆက်ဖို့လာခဲ့တာ."
"နူတ်ဆက်ဖို့.."
Jeonသည်မပြင်ဆင်တာကြာပီဖြစ်သော
ပျက်ဆီးနေသည့်အညိုရင့်ရောင်ဆံပင်
တွေအားဆော့ကစားရင်းအံ့အံ့ဩဩမေး
လာသည်။
"ကိုယ် MinYoongiနဲ့အီတလီမှာ
အခြေချတော့မှာ Jeon...."
လက်တို့ရပ်တန့်သွားသည်။
"ဘာတွေပြောနေတာလဲ..Hyung..."
"ကိုယ်မင်းAccident မဖြစ်ခင်က
ဝန်ခံခဲ့တာက မင်းကိုရွဲ့ဖို့ရုံတင်မဟုတ်
ဘူး ကိုယ်တို့အဲ့ထဲကအစီအစဉ်တွေ
သေသေချာချာရှိခဲ့တာပါ ဒါကြောင့်
လည်းကိုယ်ရှင်းရှင်းလင်းလင်းဝန်ခံ
ခဲ့တာ မင်းနဲ့ကိုယ်ကဘယ်လိုမှမအပ်စပ်ဘူး
Jeon ပြသနာတွေကကိုယ်တို့ဘဝတလျှောက်
လုံးလိုက်နေအုန်းမှာ မင်းမသိပေမယ့်
ကိုယ်သိပ်ပင်ပန်းနေပြီ..."
အော်...။ပင်ပန်းနေပီတဲ့လား...။
အစိမ်းလိုက်ချူပ်ခဲ့ရသောတကိုယ်လုံး
ကမှန်ကွဲစတွေထိုးခွဲထားသောဒဏ်ရာ
တွေတောင်ဒီလောက်မနာကျင်နိုင်ခဲ့။
သူဒီအခန်းထဲကိုခြေချလိုက်ပီဆိုတာနှင့်
HappyEndingတစ်ခုဖြစ်ရန်
တွေးထားခဲ့ပြီးသား။ရောက်လာခဲ့တာက
သူထွက်သွားမယ့်အကြောင်းအား
ဆို့ဆို့နစ်နစ်လာပြောပြနေတာတဲ့...။
သူ့ထက်အများကြီးနွေးထွေးယုယမှုရှိ
ခဲ့သောMinYoongiသည်ပန်းချီလေးတွေ
ဆွဲနေရုံဖြင့် Hyung အရာအားလုံးပုံအပ်ချင်သွား
လောက်အောင်ပြီးပြည့်စုံခဲ့တာလား။
"မောင်မှ လမ်းမလျှောက်နိုင်တာ..
Hyung တို့ထွက်သွားရင်ဖျက်လိုဖျက်ဆီး
ဘယ်လုပ်နိုင်ပါ့မလဲ...ခြေထောက်တွေကောင်းမှပဲ
သစ္စာဖောက်ပါလား Hyungရယ်..."
တောင်းဆိုနေသလိုမျက်လုံးဝိုင်းတွေနှင့်
ရင်ကျိုးစေသောစကားလေးတွေသည်
သူ့အားအကြိမ်ကြိမ်သတ်နေသလို။
အနည်းဆုံးတော့သူ့အားပေါက်ကွဲဆဲဆို
လိမ့်မည်ဟုထင်ခဲ့သော်လည်းJeon
သည်၂၃နှစ်သာရှိသေးသောသူ့ထက်ငယ်
သောကလေးလေးတယောက်ဖြစ်နေ
တာကြောင့်တကိုယ်လုံးမီးလောင်တိုက်
သွင်းခံနေရသည်။
"မင်းမှာထယ်ယောင်းရှိတယ်လေ..
အစထဲကမင်းပိုင်ဆိုင်ခဲ့တာထယ်ယောင်းပါ
ငါက မင်းကိုနည်းမျိုးစုံနဲ့လုယူခဲ့တာ
အဲ့အကျိုးဆက်တွေကြောင့်
မင်းရောငါရောနာကျင်နေရတာ
ငါMinYoongiကိုလက်ထပ်မှာ...
Jeon...မနူတ်ဆက်ဘဲထွက်သွားဖို့
ကြိုးစားခဲ့ပါသေးတယ်
မင်းအပေါ်မတရားဘူးထင်လို့
ငါကမင်းနဲ့ဘယ်လိုမှမထိုက်တန်မှန်း
မင်းလည်းသိတယ်တလောကလုံးလည်း
သိပါတယ်..."
"ကျတော်မသိပါဘူး..ကျတော်မသိဘူး"
မျက်စိစုံမှိတ်ခေါင်းခါနေသောJeonသည်
လက်ဖျားတွေပင်တုန်ရီနေကာ
"လက်ထပ်မယ်တဲ့လား ....
ဘယ်သူ့ခွင့်ပြုချက်နဲ့လဲပြောစမ်းပါအုန်း"
"ငါလက်ထပ်မဲ့ကိစ္စကဘယ်သူ့ခွင့်ပြု
ချက်လိုမှာလဲ...."
"Hyungကကျတော်နဲ့ပဲလက်ထပ်ရမှာလေ.."
"ငါမင်းနဲ့လက်ထပ်မယ်လို့တခွန်းမှမပြောခဲ့
ဖူးဘူး..."
"ပြောခဲ့တယ်..."
"မပြောခဲ့ဘူး ပြောခဲ့ရင်လည်းအဲ့တာလိမ်တာ
ငါမင်းနဲ့ပြသနာဝဲကယက်တွေထဲကမြန်မြန်
လွတ်မြောက်ချင်လှပြီ..ကြာရင်
ရူးသွားရတော့မယ်သိလား"
"ကျတော်ရူးဖို့လည်းထားပါအုန်း...ဗျာ..!!!!!"
အသံနက်ကြီးဖြင့်ထအော်လိုက်သောJeon
သည်မျက်ရည်စတွေအပြည့်ဖြင့်..။
"မောင့်ခြေထောက်တွေကြောင့်လား
Hyungယောက်ျားပါလို့ပြောပြရမှာ
သိမ်ငယ်သွားလို့လား ဟမ်..."
လက်တွေပြုတ်ထွက်မတတ်လှုပ်ခါကာ
မေးလာသောJeonကိုသူဘယ်လိုရှင်း
ပြရမှန်းမသိ။
Ri..ငါ့ရဲတဦးထဲသောညီမလေးကို
မင်းအမေသတ်ပစ်လိုက်တဲ့အကြောင်း.။
ဘာမှမသိရှာတဲ့ညီမလေးဟာ
ငါ့ကြောင့်မင်းနာကျင်ရတာထက်
အဆတရာလောက်ပိုနာကျင်ခဲ့ရင်း
သေဆုံးသွားခဲ့ရတဲ့အကြောင်း
ငါဘယ်လိုမျက်နှာမျိုးနဲ့မင်းအနားမှာ
ဆက်ရှိဖို့တွေးရဲမှာလဲ Jeonရာ...
ငါထွက်သွားပြီးRiအတွက်အပြစ်ကြွေး
ဆပ်ရုံအပြင်ဘာကျန်အုန်းမှာလဲ
မင်းနဲ့လက်ထပ်ပြီးငါဘယ်လိုလိပ်ပြာမျိုး
နဲ့ပျော်နေနိုင်မှာလဲ.ဆိုတာမင်းကိုပြောပြ
လို့ရရင်လည်းအကောင်းသား။
"ဘာလို့မဖြေတာလဲ..Hyung
ကျတော်သေမတတ်ချစ်ခဲ့တာတွေက
အလွယ်တကူသူများလက်ထဲကိုထည့်ပေး
လိုက်ဖို့မဟုတ်ဘူး..ကျတော်Hyungကို
သိပ်ချစ်ခဲ့တာ ဘာလို့...ဘာလို့..."
"ငါ့မှာအဖြေမရှိဘူး...မင်းအရိပ်အောက်က
ငါထွက်ချင်တာပဲသိတယ် ခုငါအလုပ်လည်း
ဆကိလုပ်လို့မရတော့ဘူး ငါ့ကိုတနိုင်ငံလုံး
ကမုန်းလိုက်တာမှတူးခါးနေတာပဲ.."
"ကျတော်ချစ်တယ်လေ..ကျတော်တစ်ယောက်
ပဲချစ်ဖို့လိုတာပါ...ကျန်တာအရေးမကြီးပါဘူး
ကျတော် မလှုပ်ရှားနိုင်တော့တဲ့အချိန်ကျမှ
အနိုင်မကျင့်ပါနဲ့ Hyungရယ်...."
ခုတင်ပေါ်မှဆင်းကာပြတင်းပေါက်ဆီသို့
မြန်မြန်ထွက်သွားလိုက်မိသည်။
နာကျင်လွန်းလို့သေရတော့မည်။
ဘယ်လိုအင်အားနဲ့ဘာတွေဆက်ပြောရမှန်း
လည်းမသိတော့ပါ။Jeonကိုအေးအေးသက်သာ
ပြောပြပြီးသူထွက်သွားမည်။Jeonခံစားရလျင်
လည်းခဏတာပေါ့ ပြီးလျှင်ကောင်းစွာပြန်လည်
ပတ်ရင်းဘဝကိုတောက်တောက်ပပဆက်ဖြတ်
သန်းကာသူသည်တဖြည်းဖြည်းထိုကလေးဘဝ
တွင်မှေးမိန်သွားမည်။
သူ့ကိုစိတ်နာကာမုန်း၍သတ်ပစ်မည်
ဆိုလည်းသေပစ်လိုက်မည်။
Jeonသည်သူ့အမေသွေး
အပြည့်စီးဆင်းနေသူမဟုတ်ပါလား။
ခုတော့ထင်ထားခဲ့သမျှသည်လွဲချော်ကာ
Jeonသည်သူ့အားသေလောက်အောင်ကို
ချစ်ကြောင်းနားလည်သည့်အချိန်တွင်
ကျောခိုင်းနေရသည်။
"Hyung...!JiminHyung...!"
သူလာ၍မရတာသိတာကြောင့်လွတ်လွတ်
လပ်လပ်ငိုရန်ပြတင်းပေါက်ဘက်လှည့်ကာ
အသံမထွက်အောင်ငိုနေမိသည်။
"Hyung...လာခေါ်ပါ..ကျတော်လာရင်
ပြုတ်ကျလိမ့်မယ်...Hyung..."
ဒုန်းးးးးး။
ဆက်ခနဲလှည့်ကြည့်လိုက်သောအခ်ျန်တွင်ကြမ်းပြင်
ပေါ်သို့ပြုတ်ကျနေသောJeon..။လက်တွင်ရှိနေသော
ပြတ်ရှရာတွေကိုထိသွားခြင်းကြောင့်နာကျင်
သွားကာအံကြိတ်ထားပုံသည်သူခံနိုင်ရည်အားလုံး
ကိုဖျက်ဆီးပစ်လိုက်သည်။
ပြေးသွားကာဆွဲထူလိုက်သည်နှင့်ပျော့ခွေ
ပါလာသောခြေထောက်တွေသည်ရင်ကိုခွဲ
သောဓားတွေ။
"ကိုယ့်ကိုသေချာကြည့်ပါ Jeon.!"
Jeonသည်မကြည့်ခဲ့ပါ။ပေတေပီးသာ
မျက်နှာလွှဲထားဆဲ။
"ကိုယ့်ကိုမင်းသိပ်ချစ်တယ်မလား"
သိပ်ချစ်ရင်လက်လွှတ်ပေးပါဆိုတဲ့အကြည့်တွေ
သိပ်နာကျည်းစရာကောင်းလှသော
ParkJimin သည်ကြမ်းပြင်ပေါ်ပုံရက်သား
လဲနေသူအားထပ်ထပ်နာကျင်ရအောင်ပင်
ဆကိလက်ဖိအားပေးနေဆဲ။ပြေးလာ၍
စိတ်ပူစိုးရိမ်သွားမည်ဟုထင်လိုက်မိသော်
လည်းသူ့ကိစ္စကိုသာအပြတ်ရှင်းချင်
နေသူသည်တစစီဖျက်ဆီးလိုက်ချင်စရာ။
တဖြည်းဖြည်းရုပ်လုံးပေါ်လာသော
သူ့အားဘယ်တုန်းကမှမချစ်ခဲ့ခြင်းသည်
ခုညတွင်ထင်ထင်ရှားရှား..။
ဖျက်ခနဲပြန်ကြည့်လာသောJeonမျက်လုံးတွေထဲ
တွင်အဖြေတို့သည်ရှင်းရှင်းလင်းလင်း။
မစွန့်လွှတ်နိုင်ခြင်း...
ပိုင်ဆိုင်လိုခြင်း...
မြတ်နိုးခြင်း
ယုယပေးနိုင်ခြင်း
အဆုံးမဲ့ချစ်ပေးနိုင်ခြင်းတွေသည်
မျက်လုံးဝိုင်းတွေထဲအပြည့်။
သူဘယ်လိုများထည့်ထားနိုင်ခဲ့သလဲ။
"Hyungကတော့မောင့်ကိုတခါလေး
တောင်မချစ်ဖူးဘူးမလား..."
သူသည်တိတ်တိတ်သာနေခဲ့သည်။
"ဒီလိုသနားစရာပုံစံဖြစ်နေတာ
တောင်Hyungနှလုံးသားက
ကျတော့်အတွက်အလုပ်မလုပ်ဘူး.."
"ငါတောင်းပန်ပါတယ်..."
"ငိုမနေပါနဲ့..ကျတော့်ကိုချစ်ရမှာစိုး
လို့မငိုပါနဲ့တော့...."
"ငါဘဝကိုအေးအေးချမ်းချမ်းပဲ
ဆက်သွားချင်လို့ပါ...."
"ကျတော်Hyungကိုဖန်တီးပေးခဲ့တဲ့
ဘဝကပူလောင်နေခဲ့တာပဲ
ကျတော်ကဒါကိုလုံလောက်ပြီထင်ခဲ့တာ"
"မင်းငါ့ကိုပေးခဲ့သမျှတွေကအတိုင်းထက်
အလွန်ကြီးပါပဲ လုံလောက်တာထက်
ပိုပါတယ်..."
"MinYoongi ကိုချစ်လား..."
"မချစ်ဘဲနဲ့လက်ထပ်မလား..."
Jeonသည်သူ့လည်ပင်းတွေထိကိုင်ခဲ့သည်။
ပါးပြင်တွေအားလက်ဖြင့်ခပ်ဖွဖွပွတ်သည်။
နူတ်ခမ်းတွေအားလက်ဖျားလေးဖြင့်
ထိတွေ့ကာဆံပင်တွေအားမွှေးကြူသည်။
"ဟုတ်တာပေါ့..အနံ့တွေကHyungတယောက်
ထဲရဲ့အနံ့အသက်တွေမှမဟုတ်တော့တာပဲ"
ParkJimin ကတကယ်ပဲလွတ်မြောက်ချင်နေပီ
ပေါ့လေ...ကျတော့်ကိုဒီပုံစံနဲ့ထားခဲ့ပီးတော့..."
"............"
"သွားပါ...သိပ်ခက်ခဲနေရင်သွားလိုက်ပါ...
တခုတော့ရှိတယ်...ခုကျောခိုင်းပီးတာနဲ့
ဘယ်တော့မှမျက်နှာချင်းမဆိုင်ဖြစ်
အောင်ပျောက်ဆုံးသွားပေးပါ...
လက်မထပ်ဘဲ သတ်သေသွားလည်း
ရတယ်...ဘယ်တော့မှနော်
ပြန်မမြင်ပါရစေနဲ့..ကျတော့်
ပတ်ဝန်းကျင် ကျတော့်ဘဝထဲကနေ
သေလူလိုပဲထွက်သွားပေးပါ
Hyungနဲ့ပတ်သတ်ပီးကျတော်ချစ်ခြင်း
မုန်းခြင်းမရှိအောင်နေပေးမယ်..."
Hoseokအားလိုအပ်လျင်ခေါ်ရန်ထားသော
အချက်ပေးခလုတ်လေးအားနှိပ်လိုက်
သည်။အနှေးနဲ့အမြန်ရောက်လာသော
Hoseokသည်Jiminအားမြင်သည်နှင့်
လန့်သွားလျက်ကြမ်းပြင်ပေါ်က
Jungkook ဆီသို့ပြေးလာတော့သည်။
"ငါ့ကိုအိပ်ယာပေါ်ပြန်တင်ပေးပါHoseok"
ပွေ့ချီကာအိပ်ယာပေါ်တင်ပေးလိုက်သည်
နှင့်စောင်ခြုံကာမျက်လုံးတွေမှိတ်ချလိုက်
သောJungkookသည်အသက်ရှုသံတွေက
တော့ပြင်းနေဆဲ။
"ဘာလာလုပ်တာလဲ...ဘာဒုက္ခတွေ
ထပ်ပေးမလို့လဲ ParkJimin...
သူဘာလို့ကြမ်းပြင်ပေါ်ရောက်နေရတာလဲ"
ဘာမှမဖြေတော့ဘဲအခန်းပြင်ထွက်သွား
သောJiminနောက်ပြေးလိုက်ကာ
ကိုယ်လုံးအားဆွဲလှည့်လိုက်တော့
သူ့အားတွန်းလွှတ်သည်။
"ငါ့နောက်ကိုဆက်မလိုက်လာနဲ့..."
"မင်းဘာတွေပြောသွားတာလဲ..သူ့ကို"
"Riအကြောင်း....သူ့အမေသတ်ပစ်လို့
ငါ့ညီမလေးသေခဲ့ရတဲ့အကြောင်း
သူ့ခြေထောက်တွေအတွက်ပေးခဲ့ရတဲ့
ငါ့ညီမလေးရဲ့အသက်အကြောင်း
မင်းတို့ဖုံးဖိထားမှာစိုးလို့လာအသိ
ပေးတာ..."
"မင်းညီမလေး....."
"သေလိုက်ကြ...မသိချင်ယောင်ဆောင်
နေတာရပ်ပီးသေလိုက်ကြ.."
ထွက်ပြေးသွားသောJiminနောက်သို့ဆက်မလိုက်
တော့။သူဌေးကတော်ဘာတွေလုပ်ပစ်လိုက်တာ
လဲ။ဒါကသိပ်ရက်စက်လွန်းတဲ့ကိစ္စကြီးမဟုတ်
လား။Jungkook ရှိရာသို့ချက်ချင်းဆိုသလို
ပြန်ပြေးလာခဲ့သည်။
သေချာပေါက်စိတ်ထိခိုက်သွားမှာပဲ..။
အခန်းထဲသို့ပြန်ရောက်သွားသော်အခါ
ဒုတိယအကြိမ်ကြမ်းပြင်ပေါ်တွင်မေ့မျောနေသော
CEOကိုတွေ့လိုက်ရသည်။
သူ၏ခေါ်သံများသည်အဆက်မပြတ်...။
ပြေးဝင်လာသောဆရာဝန်တွေနှင့်ချက်ချင်း
ဆိုသလိုအခြေအနေများသည်ရှုပ်ထွေး
သွားခဲ့သည်။
ဆေးရုံဝန်းအပြင်ဘက်သို့ပြေးထွက်သွား
ခဲ့သောကျောပြင်သေးသးလေးသည်
သိမ့်သိမ့်တုန်လျက်။
လမ်းတနေရာအရောက်တွင်လောကကြီး
တခုလုံးချာချာလည်လျက်အရာအားလုံး
ပျောက်ဆုံးသွားခဲ့တော့သည်။
"Jeon...!"
Continue Reading
You'll Also Like
171K 24.1K 28
Amor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က...
157K 18.9K 51
15.9K 2.2K 36
လုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည...
179K 18.6K 23
အစွန်အထိ အဆုံးအထိ....သံသရာအလွန်တွေအထိ ချစ်နိုင်သမျှတွေရဲ့...အရာခပ်သိမ်းအထိ သွေးစွန်းခဲ့သော....စိတ်ဝိဥာဉ်ဆိုပေမယ့် အိမ်ရှေ့စံလေးကိုဖြင့် ခစားရရုံနဲ့ ပ...