My Nerdy Boy

De serenity_han

48.1K 4.4K 381

You're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my ima... Mais

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56||Final||
Thank You!
New Fiction!

Chapter-43

485 58 4
De serenity_han

Zawgyi

Fresher Welcomeေန႔မို႔လို႔ ေက်ာင္းတစ္ေက်ာင္းလုံးမွာ ေနရာလြတ္မက်န္စည္ကားေနၾကသည္။အတန္းထဲတြင္လည္း တစ္ေယာက္စ၊ႏွစ္ေယာက္စမွလြဲ၍ ဘယ္သူမွမရွိၾကေပ။လူေလွ်ာက္စၾကၤေတြမွာလည္း လူေတြမ်ားလြန္းလို႔ တိုးႀကိတ္ေနရသည္။လူအစည္ဆုံးေနရာကေတာ့ ေက်ာင္း၏အလည္တည့္တည့္ရွိ stageစင္နားတြင္ျဖစ္သည္။

ထက္ဘုန္းကေတာ့ သီခ်င္းဆိုမွာျဖစ္သည့္အတြက္ စတိတ္စင္ေနာက္မွာအလုပ္ရႈပ္ေနသည္။ေဆာင္းဦးတို႔ေလးေယာက္ကေတာ့ ေက်ာင္းကန္တင္းမွာထိုင္ကာ မုန္႔ထိုင္စားေနၾကသည္။လူေတြအရမ္းမ်ားေနေသာေၾကာင့္စတိတ္စင္နားမွာေနရင္ အသက္ရွဴၾကပ္ရင္ေတာင္ၾကပ္သြားႏိုငါသည္ေလ။

ေဆာင္းဦးကထက္ဘုန္းနဲ႔အတူတူေနဖို႔ လုပ္ခဲ့ေပမယ့္ ၿဖိဳးဉာဏ္ကအတင္းဆြဲေခၚေသာေၾကာင့္ကန္တင္းကို ကားယားကားယားႏွင့္ပါသြားရေတာ့သည္။ဆူပုတ္ပုတ္ႏွင့္ျဖစ္ေနေသာေဆာင္းဦးေၾကာင့္ သုံးေယာက္သားကမုန္႔စားေနရင္း လွမ္းေမးၾကသည္။

"ေဟ့ေကာင္ ဘာျဖစ္ေနတာလဲ။ဘာမွမစားေတာ့ဘူးလား"

"ဟင့္အင္း မစားေတာ့ဘူး။ဗိုက္မဆာဘူး"

"အင္း ၿပီးေရာ။ဒါနဲ႔မ်က္ႏွာကဘာလို႔အဲ့ေလာက္ဆူပုတ္ေနရတာလဲ"

"ဘာမွမဟုတ္ဘူး။ထက္ဘုန္းနားကေနအတင္းဆြဲေခၚလာလို႔ ဆူပုတ္ေနတာ ဟုတ္တယ္မလား"

"ဘာမွမဟုတ္ဘူး ဒီတိုင္းပဲ"

"အာ အဲ့ဒါေၾကာင့္ကို၊ထက္ဘုန္းနားကအဲ့ေလာက္ေတာင္မခြဲႏိုင္ဘူးကို"

"ထက္ဘုန္းညီကိုေတာ္ေတာ္ျဖစ္တယ္မွတ္ေနတာ။ေဆာင္းဦးစက္ကသူ႔ေလာက္နီးနီးပဲကို"

"မဟုတ္ဘူး။ေလွ်ာက္မေျပာနဲ႔လို႔။မင္းတို႔ေနာ္"

ရွက္ရမ္းရမ္းကာေခါင္းငုံ႔၍ေအာ္ေနေသာေၾကာင့္ သူတို႔လည္းစတာကိုရပ္လိုက္ကာ တဟားဟားႏွင့္ေအာ္ရီၾကသည္။ေဆာင္းဦးကေတာ့ အခုထိေခါင္းကိုျပန္မေမာ့ႏိုင္ေသးေပ။ဒီၾကားထဲမ်က္ႏွာတစ္ခုလုံးကလည္း နီျမန္းေနေသးသည္။

"Kingနဲ႔Queenေ႐ြးဖို႔အခ်ိန္နီးၿပီပဲ။လာ လာ သြားၾကရေအာင္။ဒီႏွစ္ေကာင္မေလးေတြကေတာ္ေတာ္လွတယ္တဲ့ကြ"

ေကာင္းထက္ကအားတက္သေရာေျပာေတာ့ ေစာျမတ္ကလည္းအေအးေသာက္တာကိုရပ္ၿပီးဝင္ေျပာလာသည္။

"ဟုတ္လား၊အဲ့ဒါဆိုျမန္ျမန္သြားၾကရေအာင္။ဟဲဟဲ မ်က္စိအစာေကြၽးရမယ္"

"အိုေက သြားမယ္၊သြားမယ္။မင္းတို႔လည္းျမန္ျမန္လိုက္ခဲ့ေနာ္"

ေကာင္းထက္တို႔ကတစ္ေယာက္ပုခုံးတစ္ေယာက္ဖက္ကာ ေျပးထြက္သြားၾကသည္။ၿဖိဳးဉာဏ္ကေတာ့ သူ႔အေအးကိုကုန္ေအာင္ေသာက္ၿပီးေတာ့မွ ေဆာင္းဦးႏွင့္အတူstageစင္နားကိုထြက္ခဲ့သည္။ကြင္းျပင္အက်ယ္ႀကီးမွာလုပ္တာျဖစ္ေသာေၾကာင့္ ေနရာမရမွာေတာ့စိတ္ပူစရာမလို။ထိုင္ခုံေတြမွာေတာ့ လူေတြျပည့္ေနၿပီမို႔လို႔ စင္ေဘးနားမွာသာ သြားရပ္လိုက္ၾကသည္။

ေကာင္းထက္ေျပာသည့္အတိုင္းပင္ ပထမႏွစ္ကေကာင္မေလးေတြက ေတာ္ေတာ့ကိုလွသည္။ေဆာင္းဦးလိုစာဂ်ပိုးကိုပင္ ေငးၾကည့္ေအာင္ ဆြဲေဆာင္ႏိုင္သည္မွာ ေတာ္႐ုံလွသည္ေတာ့မဟုတ္။ေဆာင္းဦးသူတို႔ေတြကို မ်က္မွန္ေလးပင့္ကာ လိုက္ၾကည့္ေနတုန္း ႐ုတ္တရက္လက္ကိုေဆာင့္ဆြဲခံလိုက္ရေသာေၾကာင့္ အေနာက္ကိုလဲက်မလိုျဖစ္သြားသည္။

သို႔ေပမယ့္ သူက်သြားတာကရင္အုပ္က်ယ္က်ယ္ထဲသို႔ျဖစ္သည္။သူေမာ့ၾကည့္လိုက္ေတာ့ ထက္ဘုန္းျဖစ္ေနတာေၾကာင့္ အျမန္႐ုန္းထြက္လိုက္သည္။တျခားသူေတြျမင္သြားရင္မေကာင္းဘူးမလား။သို႔ေသာ္ထက္ဘုန္းကလုံးဝကိုမလႊတ္ေပးေသာေၾကာင့္ သူလည္းၿငိမ္ၿငိမ္ေလးသာေနလိုက္ေတာ့သည္။စင္ေပၚပဲအာ႐ုံေရာက္ေနၾကတာဆိုေတာ့ သူတို႔ကိုလည္းသတိထားမိေလာက္မွာ မဟုတ္ပါဘူးေလ။

သူလည္းထက္ဘုန္းကိုဒီတိုင္းထားလိုက္ကာ စင္ဘက္ကိုသာအာ႐ုံျပန္စိုက္ေနလိုက္ေတာ့သည္။သူ႔ကိုဂ႐ုမစိုက္ေသာေဆာင္းဦးေၾကာင့္ ထက္ဘုန္းႏွာေခါင္းရႈံ႕လိုက္သည္။ဒီေကာင္ေလးကေနႏိုင္လိုက္တာ။ေခါင္းကိုငုံ႔ကာ နားသယ္စပ္ေလးကိုနမ္ရလိုက္ေတာ့ ကိုယ္ေလးကတြန္႔သြားကာ သူ႔ကိုဆူပုတ္ပုတ္ႏွင့္လွည့္ၾကည့္လာသည္။

"ကိုထက္ဗ်ာ၊ၿငိမ္ၿငိမ္ေနေလလို႔။သူမ်ားေတြေတြ႕သြားရင္ဘယ္လိုလုပ္မလဲ"

"မင္းကကိုယ့္ကိုမွမၾကည့္တာ။ဘာလဲ၊ေကာင္မေလးေတြကေခ်ာလို႔ လိုက္ေငးေနတာလား"

"အာ ကြၽန္ေတာ္ကဒီတိုင္း...မသိေတာ့ဘူးဗ်ာ"

"ကိုယ္ေလမင္းကိုအသည္းယားေနၿပီသိလား။အခုေတာင္နမ္းခ်င္စိတ္ကိုမနည္းထိန္းထားရတာ"

"ဟာ ကိုထက္!!!"

"ကဲ မင္းတို႔ႏွစ္ေယာက္တိုးတိုးေနမလား၊ငါေဆာင့္ကန္လိုက္ရမလား။အရမ္းနားၿငီးေနၿပီကြ"

ၿဖိဳးဉာဏ္ကမ်က္ေမွာင္ႀကဳံ႔ကာေျပာေတာ့ သူတို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ရယ္လိုက္မိၾကသည္။ၿဖိဳးဉာဏ္ကမ်က္ေစာင္းထိုးေနတာကို ေတြ႕ေတာ့မွ တိတ္တိတ္ေလးေနကာ ပြဲဘက္ကိုျပန္အာ႐ုံစိုက္လိုက္သည္။သူ႔ဆံပင္ေတြကိုလိုက္နမ္းေနတာသိေပမယ့္ ဒီတိုင္းသာေနလိုက္ေတာ့သည္။ကိုထက္ကေျပာလည္းစကားနားေထာင္မယ့္သူမွမဟုတ္တာ။

Kingေတြ၊Queenေတြေ႐ြးခ်ယ္လို႔ၿပီးသြားေတာ့ ေက်ာင္းကလူေတြေဖ်ာ္ေျဖမည့္အလွည့္ကိုေရာက္လာသည္။ထက္ဘုန္းက သီခ်င္းဆိုရမွာျဖစ္သည့္အတြက္ ေဆာင္းဦးကိုဖက္ထားတာကို ဖယ္လိုက္ကာ ကိုယ္ကိုျပန္မတ္လိုက္သည္။

"ကိုယ္ခဏေလာက္သြားလိုက္ဦးမယ္ေနာ္။ဒီမွာပဲေနေန သိၿပီလား။ၿပီးရင္ျပန္လာခဲ့မယ္။ဪ ၿပီးေတာ့ကိုယ္သီခ်င္းဆိုတာကိုေသခ်ာၾကည့္ေနေနာ္။တျခားသူေတြကိုပဲလိုက္မၾကည့္နဲ႔ေနာ္ နားလည္ၿပီလား"

"အင္းပါ အင္းပါ သိပါတယ္ဗ်။ကိုယ့္ဘာသာကိုယ္သြားစရာရွိတာသြားေတာ့ေလ"

မွာတမ္းေႁခြၿပီးသြားသည္အထိမသြားေသးေသာေၾကာင့္ ေဆာင္းဦးသူ႔ကိုအတင္းႏွင္လႊတ္ရသည္။ထက္ဘုန္းကေတာ့ဟိုဘက္ၾကည့္လိုက္၊ဒီဘက္ၾကည့္လိုက္လုပ္ၿပီးေတာ့ ဘယ္သူမွၾကည့္မေနတာေသခ်ာေတာ့မွ ေဆာင္းဦးပါးကိုဖ်တ္ခနဲနမ္းကာ ေျပးထြက္သြားသည္။ၿပဳံးေယာင္သန္းေနေသာမ်က္ႏွာရဲရဲေလးက ရွက္ေနတာကိုေဖာ္ျပေနသည္။

ထက္ဘုန္းကဂစ္တာတက္ကာ စင္ေပၚတက္လာတာကိုေတြ႕ေတာ့ ထက္ဘုန္းေျပာထားသည့္အတိုင္းပင္ သူ႔ကိုသာအၾကည့္ပို႔ထားလိုက္သည္။ခုံမွာထိုင္ကာဂစ္တာကိုကိုင္၍ သူ႔ကိုယ္သူမိတ္ဆက္ေနေသာ ထက္ဘုန္းကတကယ့္ကိုပင္ၾကည့္ေကာင္းလြန္းလွသည္။ဂစ္တာမွသံစဥ္ၿငိမ့္ၿငိမ့္ေလးထြက္လာတာနဲ႔ အကုန္လုံးရဲ႕မ်က္လုံးကထက္ဘုန္းဆီမွာ။

'You're just too good to be true
Can't take my eyes off you'

သီခ်င္းစာသားစဆိုလိုက္တာနဲ႔တစ္ၿပိဳင္နက္ ထက္ဘုန္းရဲ႕အၾကည့္ေတြက ေဆာင္းဦးဆီကိုေရာက္သြားသည္။သူ႔ကိုေငးၾကည့္ကာ ၿပဳံးေနေသာ ေဆာင္းဦးေၾကာင့္ သူလည္းေက်နပ္သြားသည္။ဒီတစ္ခါေတာ့ သူ႔စကားကိုနားေထာင္တာပဲ။

ေယာက်္ားဆန္ဆန္အသံအက္အက္ေလးက မည္သူ႔ကိုမွအၾကည့္မလႊဲႏိုင္ေအာင္ကို ဆြဲေဆာင္ေနသည္။သီခ်င္းဆိုေနသည့္တစ္ခ်ိန္လုံး ေဆာင္းဦးကိုသာစိုက္ၾကည့္၍ဆိုေနေသာေၾကာင့္ စင္ေအာက္ကသူေတြကလည္း ထက္ဘုန္းၾကည့္သည့္ဘက္ကိုလိုက္ၾကည့္မိၾကသည္။ေဆာင္းဦးကေတာ့ရွက္လြန္း၍မ်က္ႏွာကို ဘယ္နားထားရမလဲပင္မသိေတာ့ေပ။

'Now that I've found you,stay
And let me love you,baby
Let me love you'

သီခ်င္းသံၿပီးဆုံးသြားေတာ့ ခ်က္ခ်င္းပင္လက္ခုပ္သံအက်ယ္ႀကီးကေပၚထြက္သြားသည္။'ထက္ဘုန္းညီ'ဆိုၿပီး အားေပးေနသည့္အသံတို႔ကလည္း မၾကားခ်င္ေတာ့ေလာက္ေအာင္ပင္ က်ယ္လြန္းလွသည္။သူအကုန္လုံးကို ႏႈတ္ဆက္ၿပီးေတာ့မွ စင္ေအာက္ကိုေျပးဆင္းလာသည္။ဂစ္တာကိုကားထဲမွာ သြားထည့္ၿပီးေတာ့မွ ေဆာင္းဦးနားကိုျပန္ေျပးလာခဲ့သည္။

"ဘယ္လိုလဲ။ကိုယ္ဆိုတာနားေထာင္လို႔ေကာင္းရဲ႕လားဟင္"

"အင္း ေျပာရမယ္ဆိုရင္ေတာ့မဆိုးပါဘူး"

"ဟင္း မဆိုးဘူးပဲလား။ကိုယ္ဆိုတာသူမ်ားေတြေတာင္အက်ယ္ႀကီးအားေပးၾကတာကို"

"ဟီးဟီး စတာ။အရမ္းနားေထာင္လို႔ေကာင္းတယ္"

"တကယ္လား တကယ္လား"

"အင္း အေကာင္းေျပာတာ။ကိုထက္သီခ်င္းဆိုတတ္မွန္းမသိခဲ့ဘူး"

"ဟဲဟဲ အဲ့ဒါကိုယ့္ရဲ႕hidden talentေလ"

ထက္ဘုန္းကရယ္က်ဲက်ဲႏွင့္ေျပာေတာ့ ေဆာင္းဦးေခါင္းသာခါလိုက္ေတာ့သည္။ကိုထက္ကိုတကယ္ကိုမႏိုင္ေတာ့ဘူး။တစ္ဖန္သူ႔ခါးကိုျပန္ဖက္လာကာ ပုခုံးေပၚေမးတင္လာေသာေၾကာင့္ ေဆာင္းဦးလည္းသူ႔လက္ကိုျပန္ကိုင္ထားလိုက္သည္။သူကိုထက္ရင္ခြင္ထဲမွာေနရတာ တကယ္သေဘာက်သည္။ကိုထက္ရင္ခြင္ထဲမွာရွိေနတိုင္း လုံၿခဳံသလိုခံစားရတာကိုေတာ့ လိမ္လို႔မရေပ။

ေလာဘႀကီးတယ္တယ္လို႔ထင္ခ်င္လည္းထင္ႏိုင္သည္၊ထက္ဘုန္းရင္ခြင္ထဲမွာ သူကလြဲၿပီးဘယ္သူ႔ကိုမွမရွိေစခ်င္။အဲ့ဒါထက္ဘုန္းရဲ႕ပတ္သက္ၿပီး ပထမဆုံးအတၱႀကီးမိသည့္အရာျဖစ္သည္။ထက္ဘုန္းကသူ႔အပိုင္ျဖစ္သည့္အတြက္ အဲ့ေလာက္ေတာ့ေလာဘတက္သင့္သည္မဟုတ္လား။

တစ္ခုၿပီးတစ္ခုၿပီးသြားၿပီး ေနာက္ဆုံးမွာေတာ့ ရွင္ေႏွာင္းတို႔အဖြဲ႕ကရမည့္အလွည့္သို႔ေရာက္လာသည္။ေဆာင္းဦး ထက္ဘုန္းကိုၾကည့္လိုက္ေတာ့ သူ႔ကိုငုံ႔ၾကည့္ေနတာႏွင့္တိုးသြားေသာေၾကာင့္ မ်က္ႏွာပင္ပူသြားရသည္။

"ဘာလို႔ေမာ့ၾကည့္လာတာလဲ။ကိုယ္သူ႔ကိုၾကည့္ေနမွာစိတ္ပူလို႔လား"

"မ...မဟုတ္ပါဘူးေနာ္။ဘာေတြေလွ်ာက္ေျပာေနတာလဲ"

"အင္းပါ၊စကားေျပာတာထစ္ေနတာကိုလည္းမသိခ်င္ေယာင္ေဆာင္ေပးလိုက္ပါ့မယ္"

"ကိုထက္ မစနဲ႔လို႔"

"အင္းပါကြာ၊မစေတာ့ဘူးေနာ္"

သူလည္းေခါင္းညိမ့္ျပလိုက္ကာ ကေနသည့္သူေတြကိုၾကည့္ေနလိုက္သည္။ရွင္ေႏွာင္းကိုၾကည့္လိုက္မိေတာ့ သူကေနသည့္ပုံက တကယ့္ကိုဆြဲေဆာင္မႈရွိလြန္းလွသည္။ဆံပင္ေလးေတြဝဲသြားတာကအစ သိပ္ကိုစြဲမက္ဖို႔ေကာင္းလွသည္။

ၾကည့္ေနရင္းႏွင့္ပင္ ရွင္ေႏွာင္းကေျခေထာက္လိမ္သြားကာ ဝုန္းခနဲျပဳတ္က်သြားေသာေၾကာင့္ အကုန္အလန္႔တၾကားျဖစ္ကုန္သည္။ေဆာင္းဦးလည္းေၾကာင္ေနတုန္း စင္ေပၚေျပးတက္သြားေသာ တစ္စုံတေယာက္ေၾကာင့္ သူ႔အေနာက္ကိုျပန္လွည့္ၾကည့္လိုက္မိေတာ့ ထက္ဘုန္းကမရွိေတာ့။

ဘယ္အခ်ိန္ကသူ႔နားကေျပးၿပီးစင္ေပၚတက္သြားမွန္းလည္း သတိမထားမိလိုက္ေပ။ေဆာင္းဦးသူတို႔ကိုျပန္ၾကည့္လိုက္ေတာ့ ထက္ဘုန္းကလဲက်ေနေသာေဆာင္းဦးကိုေပြ႕ခ်ီကာ စင္ေပၚမွဆင္းလာသည္။ထက္ဘုန္းလည္ပင္းကိုသိုင္းဖက္ကာ ရင္ခြင္ထဲမွာမ်က္ႏွာအပ္ထားေသာရွင္ေႏွာင္းက ၿပဳံးေယာင္သမ္းေနမွန္း အေဝးကေနေတာင္လွမ္းျမင္ေနရသည္။

တခ်ိဳ႕ေတြကလည္း တစ္ေယာက္လက္ကိုတစ္ေယာက္႐ိုက္က သူတို႔ႏွစ္ေယာကိုလိုက္ဖက္သည္ဟုေျပာေနၾကတာကိုလည္း ေဆာင္းဦးၾကားေနရသည္။သူ႔ေဘးနားကျဖတ္ေျပးသြားေသာ ထက္ဘုန္းကိုၾကည့္လိုက္ေတာ့ သူ႔ကိုပင္ျမင္ပုံမရေပ။ၾကည့္ရတာစိုးရိမ္ေနပုံရသည္။ထက္ဘုန္းရင္ခြင္ထဲကရွင္ေႏွာင္းကေတာ့ သူ႔ကိုမ်က္ခုံးပင့္ျပကာ ခနဲ႔တဲ့တဲ့ၿပဳံးျပေနသည္။

ပထမဆုံးအႀကိမ္အေနႏွင့္ သူ႔ရင္ထဲမွာတင္းၾကပ္သြားသည္။စိတ္တိုတာလား၊ဘာျဖစ္တာလဲ သူ႔ကိုယ္သူလည္းေသခ်ာမသိေတာ့၊သူမ်ားအေပၚစိတ္တိုမိသည့္သူ႔ကိုယ္သူလည္းေဒါသအရမ္းထြက္သည္။သူအဲ့လိုမျဖစ္ေနသင့္ဘူးေလ။

ခုနကထက္ဘုန္းရင္ခြင္ထဲမွာ သူတစ္ေယာက္တည္းရွိခ်င္သည္ဆိုသည့္စကားကဘယ္ကိုေရာက္သြားမွန္းေတာင္မသိေတာ့ေပ။ေဘးနားကလူေတြကိုလည္း အာ႐ုံမစိုက္ႏိုင္ေတာ့ဘဲ သူထိုေနရာမွငူငူငိုင္ငိုင္ႀကီးထြက္လာခဲ့လိုက္ေတာ့သည္။

♤♤♤♤♤♤♤♤♤♤

Unicode

Fresher Welcomeနေ့မို့လို့ ကျောင်းတစ်ကျောင်းလုံးမှာ နေရာလွတ်မကျန်စည်ကားနေကြသည်။အတန်းထဲတွင်လည်း တစ်ယောက်စ၊နှစ်ယောက်စမှလွဲ၍ ဘယ်သူမှမရှိကြပေ။လူလျှောက်စင်္ကြတွေမှာလည်း လူတွေများလွန်းလို့ တိုးကြိတ်နေရသည်။လူအစည်ဆုံးနေရာကတော့ ကျောင်း၏အလည်တည့်တည့်ရှိ stageစင်နားတွင်ဖြစ်သည်။

ထက်ဘုန်းကတော့ သီချင်းဆိုမှာဖြစ်သည့်အတွက် စတိတ်စင်နောက်မှာအလုပ်ရှုပ်နေသည်။ဆောင်းဦးတို့လေးယောက်ကတော့ ကျောင်းကန်တင်းမှာထိုင်ကာ မုန့်ထိုင်စားနေကြသည်။လူတွေအရမ်းများနေသောကြောင့်စတိတ်စင်နားမှာနေရင် အသက်ရှူကြပ်ရင်တောင်ကြပ်သွားနိုငါသည်လေ။

ဆောင်းဦးကထက်ဘုန်းနဲ့အတူတူနေဖို့ လုပ်ခဲ့ပေမယ့် ဖြိုးဉာဏ်ကအတင်းဆွဲခေါ်သောကြောင့်ကန်တင်းကို ကားယားကားယားနှင့်ပါသွားရတော့သည်။ဆူပုတ်ပုတ်နှင့်ဖြစ်နေသောဆောင်းဦးကြောင့် သုံးယောက်သားကမုန့်စားနေရင်း လှမ်းမေးကြသည်။

"ဟေ့ကောင် ဘာဖြစ်နေတာလဲ။ဘာမှမစားတော့ဘူးလား"

"ဟင့်အင်း မစားတော့ဘူး။ဗိုက်မဆာဘူး"

"အင်း ပြီးရော။ဒါနဲ့မျက်နှာကဘာလို့အဲ့လောက်ဆူပုတ်နေရတာလဲ"

"ဘာမှမဟုတ်ဘူး။ထက်ဘုန်းနားကနေအတင်းဆွဲခေါ်လာလို့ ဆူပုတ်နေတာ ဟုတ်တယ်မလား"

"ဘာမှမဟုတ်ဘူး ဒီတိုင်းပဲ"

"အာ အဲ့ဒါကြောင့်ကို၊ထက်ဘုန်းနားကအဲ့လောက်တောင်မခွဲနိုင်ဘူးကို"

"ထက်ဘုန်းညီကိုတော်တော်ဖြစ်တယ်မှတ်နေတာ။ဆောင်းဦးစက်ကသူ့လောက်နီးနီးပဲကို"

"မဟုတ်ဘူး။လျှောက်မပြောနဲ့လို့။မင်းတို့နော်"

ရှက်ရမ်းရမ်းကာခေါင်းငုံ့၍အော်နေသောကြောင့် သူတို့လည်းစတာကိုရပ်လိုက်ကာ တဟားဟားနှင့်အော်ရီကြသည်။ဆောင်းဦးကတော့ အခုထိခေါင်းကိုပြန်မမော့နိုင်သေးပေ။ဒီကြားထဲမျက်နှာတစ်ခုလုံးကလည်း နီမြန်းနေသေးသည်။

"Kingနဲ့Queenရွေးဖို့အချိန်နီးပြီပဲ။လာ လာ သွားကြရအောင်။ဒီနှစ်ကောင်မလေးတွေကတော်တော်လှတယ်တဲ့ကွ"

ကောင်းထက်ကအားတက်သရောပြောတော့ စောမြတ်ကလည်းအအေးသောက်တာကိုရပ်ပြီးဝင်ပြောလာသည်။

"ဟုတ်လား၊အဲ့ဒါဆိုမြန်မြန်သွားကြရအောင်။ဟဲဟဲ မျက်စိအစာကျွေးရမယ်"

"အိုကေ သွားမယ်၊သွားမယ်။မင်းတို့လည်းမြန်မြန်လိုက်ခဲ့နော်"

ကောင်းထက်တို့ကတစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ ပြေးထွက်သွားကြသည်။ဖြိုးဉာဏ်ကတော့ သူ့အအေးကိုကုန်အောင်သောက်ပြီးတော့မှ ဆောင်းဦးနှင့်အတူstageစင်နားကိုထွက်ခဲ့သည်။ကွင်းပြင်အကျယ်ကြီးမှာလုပ်တာဖြစ်သောကြောင့် နေရာမရမှာတော့စိတ်ပူစရာမလို။ထိုင်ခုံတွေမှာတော့ လူတွေပြည့်နေပြီမို့လို့ စင်ဘေးနားမှာသာ သွားရပ်လိုက်ကြသည်။

ကောင်းထက်ပြောသည့်အတိုင်းပင် ပထမနှစ်ကကောင်မလေးတွေက တော်တော့ကိုလှသည်။ဆောင်းဦးလိုစာဂျပိုးကိုပင် ငေးကြည့်အောင် ဆွဲဆောင်နိုင်သည်မှာ တော်ရုံလှသည်တော့မဟုတ်။ဆောင်းဦးသူတို့တွေကို မျက်မှန်လေးပင့်ကာ လိုက်ကြည့်နေတုန်း ရုတ်တရက်လက်ကိုဆောင့်ဆွဲခံလိုက်ရသောကြောင့် အနောက်ကိုလဲကျမလိုဖြစ်သွားသည်။

သို့ပေမယ့် သူကျသွားတာကရင်အုပ်ကျယ်ကျယ်ထဲသို့ဖြစ်သည်။သူမော့ကြည့်လိုက်တော့ ထက်ဘုန်းဖြစ်နေတာကြောင့် အမြန်ရုန်းထွက်လိုက်သည်။တခြားသူတွေမြင်သွားရင်မကောင်းဘူးမလား။သို့သော်ထက်ဘုန်းကလုံးဝကိုမလွှတ်ပေးသောကြောင့် သူလည်းငြိမ်ငြိမ်လေးသာနေလိုက်တော့သည်။စင်ပေါ်ပဲအာရုံရောက်နေကြတာဆိုတော့ သူတို့ကိုလည်းသတိထားမိလောက်မှာ မဟုတ်ပါဘူးလေ။

သူလည်းထက်ဘုန်းကိုဒီတိုင်းထားလိုက်ကာ စင်ဘက်ကိုသာအာရုံပြန်စိုက်နေလိုက်တော့သည်။သူ့ကိုဂရုမစိုက်သောဆောင်းဦးကြောင့် ထက်ဘုန်းနှာခေါင်းရှုံ့လိုက်သည်။ဒီကောင်လေးကနေနိုင်လိုက်တာ။ခေါင်းကိုငုံ့ကာ နားသယ်စပ်လေးကိုနမ်ရလိုက်တော့ ကိုယ်လေးကတွန့်သွားကာ သူ့ကိုဆူပုတ်ပုတ်နှင့်လှည့်ကြည့်လာသည်။

"ကိုထက်ဗျာ၊ငြိမ်ငြိမ်နေလေလို့။သူများတွေတွေ့သွားရင်ဘယ်လိုလုပ်မလဲ"

"မင်းကကိုယ့်ကိုမှမကြည့်တာ။ဘာလဲ၊ကောင်မလေးတွေကချောလို့ လိုက်ငေးနေတာလား"

"အာ ကျွန်တော်ကဒီတိုင်း...မသိတော့ဘူးဗျာ"

"ကိုယ်လေမင်းကိုအသည်းယားနေပြီသိလား။အခုတောင်နမ်းချင်စိတ်ကိုမနည်းထိန်းထားရတာ"

"ဟာ ကိုထက်!!!"

"ကဲ မင်းတို့နှစ်ယောက်တိုးတိုးနေမလား၊ငါဆောင့်ကန်လိုက်ရမလား။အရမ်းနားငြီးနေပြီကွ"

ဖြိုးဉာဏ်ကမျက်မှောင်ကြုံ့ကာပြောတော့ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်လိုက်မိကြသည်။ဖြိုးဉာဏ်ကမျက်စောင်းထိုးနေတာကို တွေ့တော့မှ တိတ်တိတ်လေးနေကာ ပွဲဘက်ကိုပြန်အာရုံစိုက်လိုက်သည်။သူ့ဆံပင်တွေကိုလိုက်နမ်းနေတာသိပေမယ့် ဒီတိုင်းသာနေလိုက်တော့သည်။ကိုထက်ကပြောလည်းစကားနားထောင်မယ့်သူမှမဟုတ်တာ။

Kingတွေ၊Queenတွေရွေးချယ်လို့ပြီးသွားတော့ ကျောင်းကလူတွေဖျော်ဖြေမည့်အလှည့်ကိုရောက်လာသည်။ထက်ဘုန်းက သီချင်းဆိုရမှာဖြစ်သည့်အတွက် ဆောင်းဦးကိုဖက်ထားတာကို ဖယ်လိုက်ကာ ကိုယ်ကိုပြန်မတ်လိုက်သည်။

"ကိုယ်ခဏလောက်သွားလိုက်ဦးမယ်နော်။ဒီမှာပဲနေနေ သိပြီလား။ပြီးရင်ပြန်လာခဲ့မယ်။ဪ ပြီးတော့ကိုယ်သီချင်းဆိုတာကိုသေချာကြည့်နေနော်။တခြားသူတွေကိုပဲလိုက်မကြည့်နဲ့နော် နားလည်ပြီလား"

"အင်းပါ အင်းပါ သိပါတယ်ဗျ။ကိုယ့်ဘာသာကိုယ်သွားစရာရှိတာသွားတော့လေ"

မှာတမ်းခြွေပြီးသွားသည်အထိမသွားသေးသောကြောင့် ဆောင်းဦးသူ့ကိုအတင်းနှင်လွှတ်ရသည်။ထက်ဘုန်းကတော့ဟိုဘက်ကြည့်လိုက်၊ဒီဘက်ကြည့်လိုက်လုပ်ပြီးတော့ ဘယ်သူမှကြည့်မနေတာသေချာတော့မှ ဆောင်းဦးပါးကိုဖျတ်ခနဲနမ်းကာ ပြေးထွက်သွားသည်။ပြုံးယောင်သန်းနေသောမျက်နှာရဲရဲလေးက ရှက်နေတာကိုဖော်ပြနေသည်။

ထက်ဘုန်းကဂစ်တာတက်ကာ စင်ပေါ်တက်လာတာကိုတွေ့တော့ ထက်ဘုန်းပြောထားသည့်အတိုင်းပင် သူ့ကိုသာအကြည့်ပို့ထားလိုက်သည်။ခုံမှာထိုင်ကာဂစ်တာကိုကိုင်၍ သူ့ကိုယ်သူမိတ်ဆက်နေသော ထက်ဘုန်းကတကယ့်ကိုပင်ကြည့်ကောင်းလွန်းလှသည်။ဂစ်တာမှသံစဉ်ငြိမ့်ငြိမ့်လေးထွက်လာတာနဲ့ အကုန်လုံးရဲ့မျက်လုံးကထက်ဘုန်းဆီမှာ။

'You're just too good to be true
Can't take my eyes off you'

သီချင်းစာသားစဆိုလိုက်တာနဲ့တစ်ပြိုင်နက် ထက်ဘုန်းရဲ့အကြည့်တွေက ဆောင်းဦးဆီကိုရောက်သွားသည်။သူ့ကိုငေးကြည့်ကာ ပြုံးနေသော ဆောင်းဦးကြောင့် သူလည်းကျေနပ်သွားသည်။ဒီတစ်ခါတော့ သူ့စကားကိုနားထောင်တာပဲ။

ယောကျ်ားဆန်ဆန်အသံအက်အက်လေးက မည်သူ့ကိုမှအကြည့်မလွှဲနိုင်အောင်ကို ဆွဲဆောင်နေသည်။သီချင်းဆိုနေသည့်တစ်ချိန်လုံး ဆောင်းဦးကိုသာစိုက်ကြည့်၍ဆိုနေသောကြောင့် စင်အောက်ကသူတွေကလည်း ထက်ဘုန်းကြည့်သည့်ဘက်ကိုလိုက်ကြည့်မိကြသည်။ဆောင်းဦးကတော့ရှက်လွန်း၍မျက်နှာကို ဘယ်နားထားရမလဲပင်မသိတော့ပေ။

'Now that I've found you,stay
And let me love you,baby
Let me love you'

သီချင်းသံပြီးဆုံးသွားတော့ ချက်ချင်းပင်လက်ခုပ်သံအကျယ်ကြီးကပေါ်ထွက်သွားသည်။'ထက်ဘုန်းညီ'ဆိုပြီး အားပေးနေသည့်အသံတို့ကလည်း မကြားချင်တော့လောက်အောင်ပင် ကျယ်လွန်းလှသည်။သူအကုန်လုံးကို နှုတ်ဆက်ပြီးတော့မှ စင်အောက်ကိုပြေးဆင်းလာသည်။ဂစ်တာကိုကားထဲမှာ သွားထည့်ပြီးတော့မှ ဆောင်းဦးနားကိုပြန်ပြေးလာခဲ့သည်။

"ဘယ်လိုလဲ။ကိုယ်ဆိုတာနားထောင်လို့ကောင်းရဲ့လားဟင်"

"အင်း ပြောရမယ်ဆိုရင်တော့မဆိုးပါဘူး"

"ဟင်း မဆိုးဘူးပဲလား။ကိုယ်ဆိုတာသူများတွေတောင်အကျယ်ကြီးအားပေးကြတာကို"

"ဟီးဟီး စတာ။အရမ်းနားထောင်လို့ကောင်းတယ်"

"တကယ်လား တကယ်လား"

"အင်း အကောင်းပြောတာ။ကိုထက်သီချင်းဆိုတတ်မှန်းမသိခဲ့ဘူး"

"ဟဲဟဲ အဲ့ဒါကိုယ့်ရဲ့hidden talentလေ"

ထက်ဘုန်းကရယ်ကျဲကျဲနှင့်ပြောတော့ ဆောင်းဦးခေါင်းသာခါလိုက်တော့သည်။ကိုထက်ကိုတကယ်ကိုမနိုင်တော့ဘူး။တစ်ဖန်သူ့ခါးကိုပြန်ဖက်လာကာ ပုခုံးပေါ်မေးတင်လာသောကြောင့် ဆောင်းဦးလည်းသူ့လက်ကိုပြန်ကိုင်ထားလိုက်သည်။သူကိုထက်ရင်ခွင်ထဲမှာနေရတာ တကယ်သဘောကျသည်။ကိုထက်ရင်ခွင်ထဲမှာရှိနေတိုင်း လုံခြုံသလိုခံစားရတာကိုတော့ လိမ်လို့မရပေ။

လောဘကြီးတယ်တယ်လို့ထင်ချင်လည်းထင်နိုင်သည်၊ထက်ဘုန်းရင်ခွင်ထဲမှာ သူကလွဲပြီးဘယ်သူ့ကိုမှမရှိစေချင်။အဲ့ဒါထက်ဘုန်းရဲ့ပတ်သက်ပြီး ပထမဆုံးအတ္တကြီးမိသည့်အရာဖြစ်သည်။ထက်ဘုန်းကသူ့အပိုင်ဖြစ်သည့်အတွက် အဲ့လောက်တော့လောဘတက်သင့်သည်မဟုတ်လား။

တစ်ခုပြီးတစ်ခုပြီးသွားပြီး နောက်ဆုံးမှာတော့ ရှင်နှောင်းတို့အဖွဲ့ကရမည့်အလှည့်သို့ရောက်လာသည်။ဆောင်းဦး ထက်ဘုန်းကိုကြည့်လိုက်တော့ သူ့ကိုငုံ့ကြည့်နေတာနှင့်တိုးသွားသောကြောင့် မျက်နှာပင်ပူသွားရသည်။

"ဘာလို့မော့ကြည့်လာတာလဲ။ကိုယ်သူ့ကိုကြည့်နေမှာစိတ်ပူလို့လား"

"မ...မဟုတ်ပါဘူးနော်။ဘာတွေလျှောက်ပြောနေတာလဲ"

"အင်းပါ၊စကားပြောတာထစ်နေတာကိုလည်းမသိချင်ယောင်ဆောင်ပေးလိုက်ပါ့မယ်"

"ကိုထက် မစနဲ့လို့"

"အင်းပါကွာ၊မစတော့ဘူးနော်"

သူလည်းခေါင်းညိမ့်ပြလိုက်ကာ ကနေသည့်သူတွေကိုကြည့်နေလိုက်သည်။ရှင်နှောင်းကိုကြည့်လိုက်မိတော့ သူကနေသည့်ပုံက တကယ့်ကိုဆွဲဆောင်မှုရှိလွန်းလှသည်။ဆံပင်လေးတွေဝဲသွားတာကအစ သိပ်ကိုစွဲမက်ဖို့ကောင်းလှသည်။

ကြည့်နေရင်းနှင့်ပင် ရှင်နှောင်းကခြေထောက်လိမ်သွားကာ ဝုန်းခနဲပြုတ်ကျသွားသောကြောင့် အကုန်အလန့်တကြားဖြစ်ကုန်သည်။ဆောင်းဦးလည်းကြောင်နေတုန်း စင်ပေါ်ပြေးတက်သွားသော တစ်စုံတယောက်ကြောင့် သူ့အနောက်ကိုပြန်လှည့်ကြည့်လိုက်မိတော့ ထက်ဘုန်းကမရှိတော့။

ဘယ်အချိန်ကသူ့နားကပြေးပြီးစင်ပေါ်တက်သွားမှန်းလည်း သတိမထားမိလိုက်ပေ။ဆောင်းဦးသူတို့ကိုပြန်ကြည့်လိုက်တော့ ထက်ဘုန်းကလဲကျနေသောဆောင်းဦးကိုပွေ့ချီကာ စင်ပေါ်မှဆင်းလာသည်။ထက်ဘုန်းလည်ပင်းကိုသိုင်းဖက်ကာ ရင်ခွင်ထဲမှာမျက်နှာအပ်ထားသောရှင်နှောင်းက ပြုံးယောင်သမ်းနေမှန်း အဝေးကနေတောင်လှမ်းမြင်နေရသည်။

တချို့တွေကလည်း တစ်ယောက်လက်ကိုတစ်ယောက်ရိုက်က သူတို့နှစ်ယောကိုလိုက်ဖက်သည်ဟုပြောနေကြတာကိုလည်း ဆောင်းဦးကြားနေရသည်။သူ့ဘေးနားကဖြတ်ပြေးသွားသော ထက်ဘုန်းကိုကြည့်လိုက်တော့ သူ့ကိုပင်မြင်ပုံမရပေ။ကြည့်ရတာစိုးရိမ်နေပုံရသည်။ထက်ဘုန်းရင်ခွင်ထဲကရှင်နှောင်းကတော့ သူ့ကိုမျက်ခုံးပင့်ပြကာ ခနဲ့တဲ့တဲ့ပြုံးပြနေသည်။

ပထမဆုံးအကြိမ်အနေနှင့် သူ့ရင်ထဲမှာတင်းကြပ်သွားသည်။စိတ်တိုတာလား၊ဘာဖြစ်တာလဲ သူ့ကိုယ်သူလည်းသေချာမသိတော့၊သူများအပေါ်စိတ်တိုမိသည့်သူ့ကိုယ်သူလည်းဒေါသအရမ်းထွက်သည်။သူအဲ့လိုမဖြစ်နေသင့်ဘူးလေ။

ခုနကထက်ဘုန်းရင်ခွင်ထဲမှာ သူတစ်ယောက်တည်းရှိချင်သည်ဆိုသည့်စကားကဘယ်ကိုရောက်သွားမှန်းတောင်မသိတော့ပေ။ဘေးနားကလူတွေကိုလည်း အာရုံမစိုက်နိုင်တော့ဘဲ သူထိုနေရာမှငူငူငိုင်ငိုင်ကြီးထွက်လာခဲ့လိုက်တော့သည်။

♤♤♤♤♤♤♤♤♤♤

Continue lendo

Você também vai gostar

58.6K 2K 12
Lisa was a mentor who almost spent her youth in New York. She never thought that one day, she'll comeback to Korea just to be a manager of a top idol...
5.8M 272K 40
-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season...
25.6K 1.2K 51
***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြေ...
25.9K 2.5K 19
ကိုယ္က မင္းအပိုင္ပဲ အီယြန္းေလး ... ကိုယ်က မင်းအပိုင်ပဲ အီယွန်းလေး ...