Unicode//
စိတ်မဖြောင့်၍ အလုပ်အားမြန်မြန်လက်စသတ်ထားခဲ့သည် ။
ဒီနေ့ကျမှ ဘာရယ်ကြောင့် စိတ်မဖြောင့်ဖြစ်နေသည် မသိ ။
ကားပေါ်ရောက်ရောက်ချင်း ဖုန်းဝင်လာသောကြောင့် ထုတ်ကြည့်မိတော့ ဖြိုးလေးဖုန်း......
" ဖြိုးလေး ကိုယ်အခု ပြန်လာပြီ ဘာမှာမလို့လဲ ပြောလေ "
"..............."
" ဘာ "
"..........."
" အခုချက်ချင်းလာခဲ့မယ် ကျေးဇူးပါဗျာ ခနလောက် စောင့်ထားပေးပါ ကျွန်တော်အခုချက်ချင်းထွက်လာပြီ "
ကားလေးတစ်စီး အရှိန်ကုန်မြင့်ကာ မောင်းထွက်သွားခဲ့သည် ။ ရင်ထဲတွင် လှိုင်းထံပိုးများ ထန်နေခဲ့ပြီ ။ မြန်နိုင်သမျှ အမြန်ဆုံးမောင်းကာ ဖြိုးလေးဆီသို့ရောက်ချင်လွန်းလှလေပြီ ။
ဒေါသစိတ် ဝမ်းနည်းစိတ်များက လွန်ဆွဲနေခဲ့သည်။
ဆေးရုံသို့ရောက်သောအခါ သူနာပြုတစ်ယောက်အားမေး၍ ဖြိုးလေးရှိရာအခန်းဆီသို့ သွားခဲ့သည် ။
အခန်းရှေ့ရောက်သောအခါ အခန်းတံခါးမခေါက်ဘဲ ဝင်သွားလိုက်သည် ။ ဖုန်းဆက်သောလူသည် ရှိမ
နေတော့
အလုပ်မအား၍ ပြန်သွားလေသည်လား...
လူသားလေးကား အိပ်ယာထက် မှေးစက်ဆဲ ။
လက်ဖွေးဖွေးလေးတွင် ပုလင်းချိတ်ထားသည့်အပ်ကား အကျည်းတန်လွန်းလှစွာ မလိုက်မဖက်ရှိနေခဲ့သည်။
ဖြူလျော့၍ သွေးမရှိသည့်အလား ။ မျက်နှာထက်တွင် အညိုအမည်းများစွဲနေသည် ။ လွန်ပြီ တော်တော်လွန်သွားပြီ။ ကိုယ့်လူသားလေးကို အကြည့်စူးစူးတစ်ချက်တောင် ကြည့်လျှင် မျက်လုံစဖောက်ထုတ်ပစ်ချင်သည် ။ ယခုတော့.... အရမ်းလွန်သွားပြီ ဟက်.. တန်ကြေးကတော့ များမယ် ။
ကုတင်ဘေးကပ်သွားတော့ နိုးနေပြီထင်သည် ။ မျက်ဝန်းများကား ဖြည်းညင်းစွာ ပွင့်ဟလာခဲ့သည် ။
"ဖြိုးလေး သတိရ..."
ပြောစကားပင် မဆုံးသေး ရင်ခွင်ထဲ ရောက်ရှိလာလေသည်။
" ကျွန်တော် ကျွန်တော် အရမ်းကြောက်နေခဲ့တာ ကိုခွန်းစစ် သိလား ကိုခွန်းစစ်...ကိုခွန်းစစ်ကို...နောက်...နောက်မတွေ့ရတော့မှာကို...အရမ်း... ကျွန်တော် အရမ်း....ကြောက်နေခဲ့တာ "
ယခင်ကထက် ယခင်ကထက် ပိုမို၍ တင်းကြပ်စွာ ဖက်တွယ်ထားမိသည် ။ ကျွန်တော့်ဆီကနေ ထွက်သွားမည်ကို ကျွန်တော် အရမ်းကြောက်သည်.။ ကျွန်တော့်ကို ထားခဲ့မှာကို ကြောက်သည်။ ကျွန်တော့်အတွက် ကိုခွန်းစစ်က မရှိမဖြစ်သောအရာ အလိုအပ်ဆုံးသောအရာ.....
" ကိုယ် ဖြိုးလေးဘေးမှာ အမြဲရှိတယ် မကြောက်ပါနဲ့ ကိုယ် ဘယ်တော့မှ ထားမသွားဘူးဆိုတာ ယုံတယ်မလား ဖြိုးလေး "
" ယုံတာပေါ့ အခုတောင် ကိုခွန်းစစ် အချိန်မှီ ရောက်လာလို့ မဟုတ်...မဟုတ်ရင်...ကျွန်တော်...."
" လျှောက်မတွေးနဲ့တော့လေ အခုလည်း ကိုယ်ဘေးမှာ ရှိတာဘဲ နားလိုက်နော် ဖြိုးလေး "
" ဟင့်အင်း ဒီလိုလေး ဒီလိုလေး နေချင်သေးတယ် ကိုခွန်းစစ်ရင်ခွင်ထဲမှာ နေချင်သေးတယ် "
ကျွန်တော့်အတွက် လုံခြုံတယ်လို့ ခံစားရတယ် ။ ကိုခွန်းစစ်သာဘေးနားမှာ ရှိတယ်ဆို ကျွန်တော် ဘာကိုမှ မကြောက်တော့ ။ ကျွန်တော့်အားပွေ့ဖက်ထားသော ကိုခွန်းစစ်၏လက်တစ်စုံမှ နွေးထွေးမှု......
ကိုခွန်းစစ်ရဲ့ ကိုယ်သင်းနံ့သင်းသင်းလေး......
ကျွန်တော်မှီခိုစရာ ရင်ခွင်ကျယ်.....
ကျွန်တော့်အတွက် အရာရာပြည့်စုံနေပါပြီ
ဘာကိုမှ ထပ်မလိုအပ်တော့ပါ
ဘာကိုမှမတောင်းဆိုတော့ပါ
ကျွန်တော့်ဆီကလည်း ဘာကိုမှ ယူမသွားပါနဲ့လား......
ရင်ခွင်ထဲတွင် အိပ်ပျော်နေသော လူသားလေးအား
အိပ်ယာထက် ပြန်လည်သိပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည် ။
နဖူးလေးထက် အနမ်းပန်းလေးတစ်ပွင့် သက်ဆင်း.....
' ဖြိုးလေးကို နာကျင်အောင်လုပ်တဲ့သူတွေကို ကိုယ်အလွတ်မပေးဘူး ။ သူတို့နောင်တရစေရမယ် ဖြိုးလေး ။ ကိုယ် ကတိပေးတယ် ။ '
အခန်းလေးအတွင်းမှ ထွက်လာခဲ့သည် ။ ကုတင်ထက်ရှိ လူသားလေး အိပ်မပျော်သေးသည်ကို မသိခဲ့ပါ...
အခန်းတံခါးပိတ်သံကြားသောအခါ မျက်ဝန်းညိုများပွင့်ဟလာခဲ့သည် ။
ကိုခွန်းစစ်ပြောသွားသည့်အဓိပ္ပါယ်အား တိကျစွာ နားလည်နိုင်ခြင်း မရှိသော်လည်း တစ်ခုခုအားစိတ်ထင့်နေမိသည် ။ ကိုခွန်းစစ် ဘာမဟုတ်တာ လုပ်မည်မသိ ။ ကိုခွန်းစစ်က အာ့လိုလုပ်မယ့်လူ မဟုတ်ပါဘူးလေ ။ ကျွန်တော် လျှောက်တွေးနေမိတာပါ ။
...............................
သံတုတ်တစ်ချောင်းနှင့်လူတစ်ယောက်ကား အခန်းထဲတွင် သီးသန့်မတ်တပ်ရပ်နေခဲ့သည် ။
လူတစ်စုကား အိတ်အမည်းစွပ်ထားသော လူနှစ်ယောက်ကို အခန်းထဲ ဆွဲခေါ်လာခဲ့သည် ။
ပက်တီးဖြူစတစ်ချို့ ပက်ထားသော ထိုလူသားနှစ်ယောက်အား တုတ်ကိုင်ထားသော လူက မရပ်မနားရိုက်နေခဲ့သည် ။ မိုက်ရူးရဲဆန်စွာ အငြှိုးကြီးစွာ ။
သံတုတ်တွင် အနီရောင်များ စွန်းထင်းလာခဲ့သည် ။ သို့သော် အော်သံမကြားရ ။ တစ်ချက် နှစ်ချက် ။ လူသားနှစ်ယောက် လှုပ်ရှားခြင်း ရပ်တန့်သွားလေပြီ ။ ငြိမ်ကျသွားခဲ့သည် ။
ကြမ်းပြင်ထက် ဒူးတစ်ဖက်ထောက်ကာ ခေါင်းတွင်စွပ်ထားသော အိတ်မည်းများကို ချွတ်လိုက်သည် ။
' ချောက် '
အိတ်ကပ်ထဲမှ ခေါက်ဓားလေးတစ်ချောင်း
မျက်နှာထက်ကပ်ထားသော တိတ်များအား ဓားနှင့်ဖြတ်လိုက်သည် ။
"အာ့"
"ဪ အော်သံထွက်လာပြီဘဲ "
ပါးစပ်ဘေးတွင် ဓားသွားက ဖြဲချသွားသောကြောင့် သွေးစက်များ စီးကျနေခဲ့သည် ။
တစ်ကိုယ်လုံး အရိုးများကျေသည်အထိ အရိုက်ခံထားရသောကြောင့် ပြေးဖို့မဆိုထားနှင့် ။
လှုပ်၍ပင်မလှုပ်နိုင်ပါ ။ အသံတိုးတိုးလေးထွက်နိုင်သည်ဆိုရုံ......
" ခင်ဗျား....ခင်ဗျားက..ဘယ်သူလဲ...ဘာလို့ အခုလို လုပ်ရတာလဲ "
" ဟမ် မကြားရဘူးလေကွာ တိုးတိုးလေးပြောနေတာမင်းကြားရတိုင်း ကိုယ်မကြားဘူးလေကွာ မင်းကိုမကြားရအောင် လုပ်ပေးရမလား "
လက်ထဲရှိ ဓားထက်ထက်လေးကား လူနှစ်ယောက်၏နားများထက်
" အားးးးး "
အော်ရုံမှတစ်ပါး ဘာမှမလုပ်နိုင်
" ဘာလို့ အခုလို လုပ်ရတာလဲ လွှတ်ပေးပါ ကျွန်တော့တို့ကို လွှတ်ပေးပါ "
" ဟက် ဘာလို့လွှတ်ပေးရမှာလဲ မင်းတို့ ကိုယ့်အပြစ်ကို ကိုယ်မသိဘူးလား "
" ဘာ...ဘာအပြစ်လဲ...ကျွန်တော်...ကျွန်တော်တို့ ဘာမှမလုပ်ထားဘူး "
တစ်ချိန်လုံးတိတ်နေသော လူမှ စကားထပြောသည် ။
" ဟက် သေချာလား "
လက်ထဲတွင် ဓားအားဆော့ကစားနေပုံမှာ သွေးအေးသော လူတစ်ယောက်ပုံစံကို အပြည့်အဝဖော်ဆောင်နေသည် ။
" မင်းတို့ မနက်က စျေးထဲမှာ ကောင်လေးတစ်ယောက်နဲ့ မတွေ့ခဲဘူးလား ဟမ် "
" အာ့တာ....အာ့တာ "
အပြစ်ပေါ်သောလူသားတို့၏ ထုံးစံအတိုင်း စကားများထစ်အနေခဲ့သည် ။ သားရဲတစ်ကောင်အလား စူးရဲသောအကြည့်များကား ကျောချမ်းစရာကောင်းလွန်းလှသည် ။
" ဘာလဲ မင်းတို့မှာ ဖြေရှင်းချက် မရှိဘူးလား ဟမ်
မပြောနိုင်တော့ဘူးမလား "
" အာ့တာဆို ကျွန်တော်တို့ ခံသင့်သလောက် ခံပြီးပြီ ဘယ်ကကောင်မှန်းမသိဘူး လာရိုက်လို့ ချုပ်တောင်ချုပ်လိုက်ရတယ် ကျွန်တော်တို့ သူ့ကိုအာ့လောက်တောင် မလုပ်လိုက်ဘူး ရဲတွေကလည်း လာစစ်သွားတယ် အဖမ်းလည်းခံရမှာပါဗျ "
" ဘာ အာ့လောက်နဲ့ ကျေနပ်ရမှာလား မင်းတို့အသက်နဲ့ဆိုတောင် မတန်သေးဘူး ဟက် "
လက်ထဲရှိ ဓားသွားသည် ခုနကပြောသောလူ၏ မျက်နှာထက် အစင်းကြောင်းများ ဖြစ်သွားစေခဲ့သည် ။
အသံနက်ကြီးနဲ့အော်သံထွက်ပေါ်လာခဲ့သည် ။
" အာ့ကောင်က အာ့လောက်တောင် အဖိုးတန်တယ်လား ကျွန်တော်တို့သေရင် ခင်ဗျား လူသတ်မှုနဲ့ထောင်ကျမှာနော် ခင်ဗျား ထောင်ကျ ခံနိုင်လို့လား "
ကျန်တစ်ယောက်မှ မခံချင်၍ အော်ပြောလိုက်ခြင်း
" ဟားးးးးးးး "
" မင်းက ခြိမ်းခြောက်တာလား ဟမ် "
မျက်နှာထက်တွင် မချိပြုံးတစ်ခု ပေါ်လာခဲ့သည် ။ ထိုလူ၏ခန္ဓာကိုယ်အနှံ့တွင်လည်း ဓားရာများ ထွက်ပေါ်လာခဲ့သည် ။
" သတ်...သတ်လိုက်ပါတော့လားဗျာ တောင်းပန်ပါတယ် "
" ဟက် ဒီလောက်နဲ့ မရသေးဘူးလေ မင်းတို့က မထိသင့်တဲ့သူကို သွားထိတာ မင်းတို့ သိခဲ့သင့်တာ သူနာကျင်ရမယ်ဆိုရင် ငါ့ကြောင့်ဘဲ နာကျင်ရမယ်ဆိုတာ သူထိခိုက်မယ်ဆိုတောင် ငါ့ကြောင့်ဘဲ ဖြစ်ရမယ် သူ့အသက်က ငါ့အပိုင် သူက ငါ့အပိုင်ဆိုတာ မင်းတို့ သိထားခဲ့သင့်တာ "
" ခင်ဗျား အတ္တအရမ်းကြီးတဲ့သူဘဲ ခင်ဗျားက သူ့ကိုချစ်တာမှ မဟုတ်တာ သူက အရမ်းသနားဖို့ကောင်းတဲ့သူဘဲ ကျွန်တော်တို့လိုလူကတောင် သနားတယ်ဆို ခင်ဗျား သိသင့်ပြီ ။ ခင်ဗျားအတ္တအတွက် သူ့ကိုစတေးနေတာ ခင်ဗျား ပျော်ရွှင်ဖို့အတွက် ခင်ဗျား ရယူလိုမှုအတွက် သူ့ကို အသုံးချနေတာ ခင်ဗျားက သူ့ဘဝကို နစ်မွန်းအောင် လုပ်နေတာ "
" တော်သင့်ပြီ မင်းတို့ စကားပြောချိန် ကုန်သွားပြီ "
တစ်ချက် ခေါင်းတည့်တည့်သို့ သံတုတ်ဖြင့် အားကုန်ရိုက်လိုက်သည် ။ ထိုလူသားသည်လည်း သွေးအိုင်ထဲတွင် လဲကျသွားခဲ့လေသည် ။
ကျန်တစ်ယောက်သည် ဆွံအစွာ ကျန်ရစ်ဆဲ......
" မင်းဘဲ ကျန်တော့တယ် ပြောကြည့်လေ ဘယ်လိုမျိုးလေး သေချင်လဲဆိုတာ ဓားလား တုတ်လား သေနတ်ဆိုလည်း ရပါတယ် နားတော့နဲနဲငြီးတာပေါ့"
" ကျွန်တော်...ကျွန်တော်..တောင်းပန်ပါတယ်..ကျွန်တော့်ကို မသတ်ပါနဲ့လား "
" အာ့လိုတော့ မရဘူးလေ ကိုယ်ဘက်လိုက်သလို ဖြစ်သွားမှာပေါ့ ဒီလိုလုပ် ညင်ညင်သာသာလေး သတ်ပေးမယ် "
ဘေးရှိလူများအား မျက်ရိပ်ပြလိုက်သောအခါ ထိုလူ့ထံ ဆေးပုလင်းတစ်ခု လာပေးလေသည် ။
" သောက်လေ "
စူးရှတဲ့ မျက်ဝန်းတစ်စုံနှင့်ဆုံခိုက် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဆေးပုလင်းကုန်အောင် မော့သောက်လိုက်သည် ။ ထိုလူသည်လည်း တိတ်ဆိတ်စွာ အသက်ဆုံးသွားခဲ့လေသည် ။
.........................
ဆေးရုံခန်းထဲလာနေစဉ် ဆေးရုံပတ်လမ်းတစ်လျှောက်တွင် ဆရာဝန်တစ်ချို့နှင့်သူနာပြုတစ်ချို့ပြေးလွှားနေခဲ့သည် ။
ဘာဖြစ်လို့ပါလိမ့် ။ အရေးပေါ်လူနာရောက်လို့ထင်တယ် ။
လစ်လျူရှုကာ ဖြိုးလေးအခန်းထဲသို့ ဆက်လက်လျှောက်လှမ်းလာခဲ့သည် ။
ဟိုက်..မဟုတ်ဘူး ဆရာဝန်တွေသွားနေကြတာ ကျွန်တော်ချစ်ရသူရှိတဲ့အခန်းဆီသို့......
အေးဆေးလမ်းလျှောက်နေ၍မရတော့ ကျွန်တော်သည်လည်း အပြေးသွားရတော့သည် ။
ပွင့်နေသောတံခါးကြားမှ အခန်းထဲတွင်ဖြစ်နေသည်ကို အတိုင်းသားမြင်ရသည် ။
" မလိုဘူးလို့ပြောနေတယ်လေဗျာ မလိုဘူး ဒီဆေးထိုးအပ်တွေကဘာလုပ်ဖို့လည်း မလိုဘူး ခင်ဗျားတို့ကိုလည်း ဘယ်သူကလိုအပ်တယ်ပြောလည်း မလိုဘူး ထွက်သွား အကုန်ထွက်သွား "
လူကောင်သေးသေးလေးက ဘယ်ကဘယ်လိုအားတွေရလာသည်မသိ ။ အခန်းတစ်ခုလုံးလွှမ်းသွားအောင် အသားကုန်အော်ဟစ်နိုင်လေသည် ။
" မဟုတ်ဘူးလေ လူနာဆိုတာ ဆေးသောက်ရတယ်ဗျ ကိုခွန်းစစ်နိုင်က ကျွန်တော်တို့ကို သေချာမှာပြီး အပ်သွားတယ် ဆေးလေးသောက်လိုက်ပါဗျာ "
ဆရာဝန်တွေ သူနာပြုတွေက ဝိုင်းဝန်းချော့မော့နေကြသည် ။ အကောင်ပေါက်လေးကလည်း ချော့လေဆိုးလေ သောင်းကျန်းနေလေသည် ။
" ကိုခွန်းစစ်နိုင်....ဟုတ်လား..ဟက်...ဘယ်က ကိုခွန်းစစ်နိုင်လည်း ကျွန်တော်မသိဘူး ခင်ဗျားတို့ကိုလည်း ထွက်သွားလို့ပြောနေတယ်လေ ဒီဆေးတွေလည်း မသောက်ဘူး မလိုဘူးလို့ ကျွန်တော်သေသွားတာက နားအေးအုံးမယ် သေသေ ပစ်ထားလိုက်ပါဆိုဗျာ "
" ဖြိုးလေး တော်ပြီ မင်းကလေးမဟုတ်တော့ဘူး အာ့လောက်ဆိုးမနေနဲ့ "
ကျွန်တော်ရောက်လာတော့ မျက်နှာထက်အပြုံးလေးယှက်သန်းလာသည်ကို သတိထားမိသည် ။ မငေါက်လျှင်မဖြစ်တော့ ဒီကလေး အတော်ဆိုးနေပြီ ။ လေးသံမာမာလေးနဲ့ နည်းနည်းတော့ ခြောက်ရမည် ။
ဆရာဝန်တွေဘက်လှည့်ကာ တောင်းပန်ရပြန်သည် ။
" တောင်းပန်ပါတယ်ဗျာ သူက စိတ်မထင်ရင်မထင်သလိုထဖောက်လို့ပါ ဆေးကကျွန်တော့်ပေးခဲ့ပါ ။ ကျွန်တော်တိုက်လိုက်ပါ့မယ် "
" ရပါတယ် မလိုပါဘူးဗျာ ပုလင်းကချိတ်ဖို့လိုတယ် သူအားမပြည့်သေးဘူး "
" ဟုတ် ပုလင်းပြန်ချိတ်ပေးပါ ဆရာ "
ဆရာဝန်တွေနဲ့သူနာပြုတွေ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်နေကြသည် ။ ခုနကလို ထပ်သောင်းကျန်းမည်ကို စိုးရိမ်နေကြပုံပေါ်သည် ။
စိုးလည်းစိုးရိမ်စရာပါဘဲ တစ်ခန်းလုံးတွင် ပစ္စည်းများကို ပစ်ပေါက်ထားသည်များ ရစရာမရှိ ။
ပုလင်းချိတ်ထားသောအပ်ကို ဆွဲဖြုတ်ထားသည့်အတွက် လက်တွင်လည်း သွေးစို့နေသည် ။
" ရပါတယ် ဆရာ ပုလင်းပြန်ချိတ်ပေးပါ "
ခေါင်းတစ်ချက်သာ ငြိမ့်ပြကာ လုပ်စရာရှိသည်များကို လုပ်၍ ဆရာဝန်များကော သူနာပြုများကော အခန်းထဲမှ ထွက်သွားကြသည် ။ ဆရာဝန်များက သဘောကောင်း၍သာ ။ ရှုပ်ပွနေသောအခန်းနှင့်အတူ အမွှေစိန်လေးနှင့် ကျွန်တော်သာ ကျန်ခဲ့တော့သည် ။
ဆရာဝန်တွေထွက်မသွားခင်ကတည်းက ဘာစကားမှလည်းမပြောသလို သောင်းလည်းမသောင်းကျန်းတော့ ။ တစ်ချိန်လုံး ကျွန်တော့်ကိုသာ လိုက်ကြည့်နေလေသည် ။
" ဘာလို့ ကိုယ့်ကိုဘဲ လိုက်ကြည့်နေတာလဲ "
ပြောမှ ခေါင်းငုံ့သွားသည် ။ ခေါင်းကို ပြန်မမော့တော့ ။
" ဖြိုးလေးကို ငေါက်ရအုံးမယ် ဘာလို့အာ့လောက်ဆိုးနေရတာလဲ မင်းအရင်က အာ့လောက်မဆိုးပါဘူး အခုမှ ဘာလို့ ဒီလောက်တောင် ဆိုးရတာလဲ ကိုယ်အရေးပေးတိုင်း အခုလိုမဆိုးနဲ့ ကိုယ်စိတ်ဆိုးတာ သေမယ်ဆိုတဲ့စကားဘဲ ဖြိုးလေးသေရင် ကိုယ်ဘယ်လောက်ခံစားရမယ်ဆိုတာ မသိဘူးလား ဖြိုးလေးမရှိတော့ရင် ကိုယ်ပါဖြိုးလေးနောက်ကို လိုက်လာခဲ့မှာ "
အရင်က ကပ်ကပ်လန်အောင် ရန်တွေ့တတ်သည့်သူက အခုတော့ ငေါက်နေသည်ကို ခေါင်းပင်မော့မကြည့် ။ ဘာမှလည်း ပြန်၍မပြော ။
တသိမ့်သိမ့်လှုပ်ရှားလာသော ခန္ဓာကိုယ်လေး ။
တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့ ငိုသံသဲ့သဲ့လေး ။
" ဟင် ဖြိုးလေး ငိုနေတာလား ဘာလို့ငိုတာလဲ ကိုယ်ကစိတ်ပူလို့ပြောတာလေ မကြိုက်ရင်နောက်တစ်ခါ မပြောတော့ဘူးနော် ကိုယ်တောင်းပန်တယ်နော် မငိုနဲ့တော့နော် တိတ် တိတ် "
ခုနကတော့ ရိုက်တော့မလိုလို လူကြမ်းပုံစံနဲ့ လူကြီးက အခုတော့ သူမဟုတ်သည့်အတိုင်းပင် သကာရည်လောင်းပြီး ချော့နေပြန်သည် ။
" မတိတ်ဘူးဗျာ ငိုမှာဘဲ ကျွန်တော့်ကို စကားလာမပြောနဲ့ ကျွန်တော့်ဆီလည်း မလာနဲ့ သွား မခေါ်နဲ့လို့ "
ပြောပြောဆိုဆို အသံဗြဲကြီးနှင့် ထငိုလေသည် ။ မွေးကင်းစကလေးငိုရင်တောင် အာ့လောက်မဆူဘူး ။
" ဟာ နားစည်ကွဲတော့မှာဘဲ ဘာလို့အာ့လောက်ငိုနေရတာလဲ ဖြိုးလေးရယ် "
" မသိဘူးဗျာ ငိုမှာဘဲ အော်မှာဘဲ နားစည်ကွဲတဲ့ထိအော်မှာ "
ဒီကလေး ပြောလေဆိုးလေ မန်းလေပြဲလေပါလား တစ်ခါပြောရင်နှစ်ဆ နှစ်ခါပြောရင် လေးဆ ။တော်တော်လည်း အသံကျယ်နိုင်လွန်းတယ် ။
" တော်ပြီ ကိုယ်တောင်းပန်ပါတယ်ဆို ဆေးရုံကဆင်းရင် ကစားကွင်းလိုက်ပို့ပေးမယ် မငိုနဲ့တော့ "
" မသွားချင်ဘူးဗျာ ငိုမှာဘဲ "
ငိုဖို့ အရှိန်ယူနေတဲ့ပုံလေးက ချစ်စရာလေးမို့ ပန်းနုရောင်သန်းနေတဲ့ ပါးပြင်အိအိလေးကို နမ်းရှိုက်မိလိုက်သည် ။
ကျွန်တော်နမ်းလိုက်လို့ အရှိန်ပျက်သွားသည်ထင် ။ မငိုတော့ဘဲ ကျွန်တော့်ကို ဂျိုကြည့်လာကြည့်လေသည် ။
" ဟိ ချစ်ဖို့ကောင်းလို့ ဖြိုးလေးက အရမ်းချစ်ဖို့ကောင်းနေလို့ မထိန်းနိုင်တော့လို့ ဆက်ငို ဆက်ငို "
" ဟွင့် မငိုတော့ဘူး ချစ်ဖို့ကောင်းတယ်ဆို လူကိုဘာလို့ တစ်ယောက်တည်း ထားခဲ့တာလည်း "
" ဪ လက်စသတ်တော့ အာ့ကြောင့် အခုလို သောင်းကျန်းနေရတာပေါ့ ဟုတ်လား "
" ဟုတ်တယ် အိပ်ယာကနိုးနိုးချင်း ကိုခွန်းစစ်ကို လိုက်ရှာနေတာ သိလား ကိုခွန်းစစ်ကိုမတွေ့လို့ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ သိလား ကျွန်တော့်ကို မချစ်လို့ ထားခဲ့တာမလား အလုပ်လောက်တောင် အရေးမပါလို့ ထားခဲ့တာမလား "
ပြောနေရင်းပင် မျက်ဝန်းအိမ်၌ မိုးသားတိမ်ဆိုင်မိုးရိပ်များက ယှက်သန်းလာပြန်သည် ။
ပြိုတော့မည့်မိုးလို ယိုတော့မည့်အမိုးလို ။
" မဟုတ်ပါဘူးကွာ အလုပ်လည်းမသွားဘူး ကိုယ်က ဖြိုးလေးအတွက် ရေခဲမုန့်သွားဝယ်တာ ဖြိုးလေးအဝတ်တွေဘာတွေ သွားယူတာလေ အဝတ်မလဲဘဲ ဒီတိုင်းကြီးနေမှာလား ညစ်ပတ်ချက် "
" ဟွင့် အာ့ဆို ဘယ်မှာလဲ ရေခဲမုန့် "
" ဒီမယ်လေ "
စားပွဲပေါ်တွင် တင်ထားသော ရေခဲမုန့်ထုပ်ကို မြှောက်ပြရသည် ။ တစ်ခန်းလုံးလည်း အဝတ်အစားအိတ်နဲ့ ရေခဲမုန့်ဲအိတ်ကလွဲ ကောင်းတာကိုတစ်ခုမှ မရှိတော့ ။
" ဘာရေခဲမုန့်လည်း ကျွန်တော်ကြိုက်တဲ့ ချောကလက်လား "
ကြည့် မုန့်နဲ့ချော့တော့ တန်းငြိမ်သွားတယ်
" မဟုတ်ဘူး "
" အာ့ဆို မစားဘူး "
" စတာ ဖြိုးလေးအကြိုက် ကိုယ်သိတာပေါ့ ဆေးအရင်သောက် "
" ဟုတ် ဒါနဲ့ "
" အွမ်း ပြောလေ "
" ကျွန်တော့်ကို ချစ်လားဟင် ချစ်ရင် အရမ်းချစ်တာလား ဘယ်လောက်တောင် ချစ်တာလဲဟင် ဘယ်ထိချစ်မှာလဲ ကျွန်တော့်ကို ငြီးငွေ့သွားမှာလားဟင် "
" ဘယ်လောက်ချစ်တယ် ဘယ်ထိချစ်မယ်ဆိုတာတော့ ကိုယ်မဖြေတတ်ဘူး ကိုယ့်အသက်ထက်ပိုချစ်တယ် ဖြိုးလေးကိုယ့်အနားမရှိတော့ဘူးဆိုတောင် ကိုယ့်ကိုထားခဲ့မယ်ဆိုတောင် ချစ်နေမှာ ထာဝရဆိုတဲ့ စကားလုံးထက်ပိုသော ခိုင်မြဲခြင်းနဲ့ ချစ်နေမှာ "
" စကား အရမ်းတတ် ပေး ဆေးသောက်မယ် "
" ဟားးးစကားတတ်တာ မဟုတ်ပါဘူးဗျာ "
ဆေးသောက်ပြီးတော့ လက်ကဖြန့်လာပြန်ပြီ ။ ကျွန်တော် သိတာပေါ့ ရေခဲမုန့်တောင်းနေတယ်ဆိုတာ ။
" ရော့ အများကြီး မစားရဘူး တစ်ဗူးအရင်စား "
" ဟုတ် ကိုခွန်းစစ်ကော စားအုံးမှာလား "
" ကျွေးချင်လို့လား "
" ဒါပေါ့ "
" အာ့ဆို ကျွေးလေ စားမယ် "
စားမယ်ပြောမှ လျှာက်ထုတ်ပြောင်လာလေသည် ။ ဘာလို့ကျွေးရမှာလဲဆိုတဲ့ သဘောနဲ့ လူကိုကျောတောင် ပေးသွားသေး ။
" စားချင်ရင် စားလေ ဟဲဟဲ "
လူယုတ်မာအပြုံးနဲ့ လူကသေးသေးညှပ်ညှပ်နဲ့ လိုက်ဖက်ပါရဲ့ ။ စားချင်ရင်စားဆိုပြီး ပါးစပ်ထဲရှိရေခဲမုန့်ကို ပြောင်ပြနေတာ ။
ပါးစပ်ပြန်မပိတ်ခင် နှုတ်ခမ်းတစ်စုံကား ထပ်တူကျသွားသည် ။ ရေခဲမုန့်မကြိုက်တဲ့ကျွန်တော် ချောကလက်မကြိုက်တဲ့ကျွန်တော် အခုရေခဲမုန့်ကျ စားကောင်းလိုက်တာ ။
" အာ့ဆိုင်က ရေခဲမုန့်ကောင်းသားဘဲ နောက်နေ့လည်း အာ့ဆိုင်ကဘဲ ဝယ်စားရမယ် "
" မရွံဘူးလား ဟင့် လူယုတ်ကြီး ရွံလိုက်တာ ဝေါ့ ဝေါ့ "
" မရွံပါဘူး ထပ်ကျွေး ခုနကလို ထပ်စားချင်လို့ "
" ဟင့်အင်း ကျွေးဘူး ဟိုမယ် စားပွဲပေါ်မှာ ရှိသေးတယ် ကိုယ့်ဘာသာ စား "
တစ်ယောက်ကပြောင်လိုက် တစ်ယောက်က စလိုက်နဲ့ နှစ်ဦးတည်းရှိတဲ့ကမ္ဘာလေးကတော့ ပျော်စရာအပြည့်ပေါ့ ။ ထိုကမ္ဘာလေးထဲ မဖိတ်ခေါ်သည့် တတိယလူတစ်ဦးဝင်ရောက်လာလျှင်တော့ ပျော်ရွှင်ခြင်းများအစား ဝမ်းနည်းမှုများကား အစားထိုးဝင်ရောက်လာခဲ့သည် ။
အခန်းရှေ့တွင် ခြေစုံရပ်ကာ လက်မှိုင်ချနေခဲ့သည့်လူသားတစ်ဦးလည်း ရှိလေရဲ့ ။
လက်ထဲရှိ ရေခဲမုန့်ဗူးလေးပင် အရည်ပျော်ရောပေါ့ ။
ဆရာဝန်တွေထွက်သွားကတည်းက ရပ်နေခဲ့တာ ကြာလှပြီ ။
ခြေထောက်တွေလည်း ညောင်းရောပေါ့ ။
သူ့လူသားလေး အခြားလူနဲ့ပျော်နေသည်ကို ကြည့်နေရတာ ရင်တွေလည်းနာလှပေါ့ ။
သူ့အချစ်ကို မရမှန်းပိုသေချာသွားတာ နာကျင်စရာတွေလည်း များလှပေါ့ ။
မညောင်းဘူးလား မနာကျင်ဘူးလား နာကျင်စရာတွေကို ပွေ့ပိုက်ပြီး ပြန်ရတဲ့ အိမ်ပြန်လမ်းလေးက ခြောက်သွေ့ပြီး အထီးကျန်နေတယ်မလား ။
သို့ပေသော် နာကျင်စရာတွေများခဲ့သော်လည်း ပျော်ရွှင်စရာကင်းမဲ့ခဲ့သော်လည်း အသင် ထိုလူသားလေးအား ဆက်၍ ချစ်နေအုံးမည်မလား ။ ထိုလူသားလေးဘေးမှာဘဲ ကပ်တွယ်နေအုံးမည်မလား ။
ရင်ထဲရှိ နာကျင်ခြင်းများအား အပြုံးတုများနဲ့ ဖုံးကွယ်မထားပါနဲ့လား ။ အခန်းရှေ့ရှိ ခြေစုံရပ်နေသော လူထံတွင် မျှော်လင့်ချက်ရောင်ခြည်များ မှေးမှိန်ပျောက်ကွယ်ကာ အမှောင်ဖုံးသွားခဲ့လေပြီ ။
•••••••••••••••••••••
Update ကြာသွားလို့ တောင်းပန်ပါတယ်
အားနည်းချက်လေးတွေ ထောက်ပြပေးကြပါအုံးနော်😁
🌹🌹🌹🌹🌹🌹🌹🌹
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Zawgi//
စိတ္မေျဖာင့္၍ အလုပ္အားျမန္ျမန္လက္စသတ္ထားခဲ့သည္ ။
ဒီေန႕က်မွ ဘာရယ္ေၾကာင့္ စိတ္မေျဖာင့္ျဖစ္ေနသည္ မသိ ။
ကားေပၚေရာက္ေရာက္ခ်င္း ဖုန္းဝင္လာေသာေၾကာင့္ ထုတ္ၾကည့္မိေတာ့ ၿဖိဳးေလးဖုန္း......
" ၿဖိဳးေလး ကိုယ္အခု ျပန္လာၿပီ ဘာမွာမလို႔လဲ ေျပာေလ "
"..............."
" ဘာ "
"..........."
" အခုခ်က္ခ်င္းလာခဲ့မယ္ ေက်းဇူးပါဗ်ာ ခနေလာက္ ေစာင့္ထားေပးပါ ကြၽန္ေတာ္အခုခ်က္ခ်င္းထြက္လာၿပီ "
ကားေလးတစ္စီး အရွိန္ကုန္ျမင့္ကာ ေမာင္းထြက္သြားခဲ့သည္ ။ ရင္ထဲတြင္ လွိုင္းထံပိုးမ်ား ထန္ေနခဲ့ၿပီ ။ ျမန္နိုင္သမွ် အျမန္ဆုံးေမာင္းကာ ၿဖိဳးေလးဆီသို႔ေရာက္ခ်င္လြန္းလွေလၿပီ ။
ေဒါသစိတ္ ဝမ္းနည္းစိတ္မ်ားက လြန္ဆြဲေနခဲ့သည္။
ေဆး႐ုံသို႔ေရာက္ေသာအခါ သူနာျပဳတစ္ေယာက္အားေမး၍ ၿဖိဳးေလးရွိရာအခန္းဆီသို႔ သြားခဲ့သည္ ။
အခန္းေရွ႕ေရာက္ေသာအခါ အခန္းတံခါးမေခါက္ဘဲ ဝင္သြားလိုက္သည္ ။ ဖုန္းဆက္ေသာလူသည္ ရွိမ
ေနေတာ့
အလုပ္မအား၍ ျပန္သြားေလသည္လား...
လူသားေလးကား အိပ္ယာထက္ ေမွးစက္ဆဲ ။
လက္ေဖြးေဖြးေလးတြင္ ပုလင္းခ်ိတ္ထားသည့္အပ္ကား အက်ည္းတန္လြန္းလွစြာ မလိုက္မဖက္ရွိေနခဲ့သည္။
ျဖဴေလ်ာ့၍ ေသြးမရွိသည့္အလား ။ မ်က္ႏွာထက္တြင္ အညိုအမည္းမ်ားစြဲေနသည္ ။ လြန္ၿပီ ေတာ္ေတာ္လြန္သြားၿပီ။ ကိုယ့္လူသားေလးကို အၾကည့္စူးစူးတစ္ခ်က္ေတာင္ ၾကည့္လွ်င္ မ်က္လုံစေဖာက္ထုတ္ပစ္ခ်င္သည္ ။ ယခုေတာ့.... အရမ္းလြန္သြားၿပီ ဟက္.. တန္ေၾကးကေတာ့ မ်ားမယ္ ။
ကုတင္ေဘးကပ္သြားေတာ့ နိုးေနၿပီထင္သည္ ။ မ်က္ဝန္းမ်ားကား ျဖည္းညင္းစြာ ပြင့္ဟလာခဲ့သည္ ။
"ၿဖိဳးေလး သတိရ..."
ေျပာစကားပင္ မဆုံးေသး ရင္ခြင္ထဲ ေရာက္ရွိလာေလသည္။
" ကြၽန္ေတာ္ ကြၽန္ေတာ္ အရမ္းေၾကာက္ေနခဲ့တာ ကိုခြန္းစစ္ သိလား ကိုခြန္းစစ္...ကိုခြန္းစစ္ကို...ေနာက္...ေနာက္မေတြ႕ရေတာ့မွာကို...အရမ္း... ကြၽန္ေတာ္ အရမ္း....ေၾကာက္ေနခဲ့တာ "
ယခင္ကထက္ ယခင္ကထက္ ပိုမို၍ တင္းၾကပ္စြာ ဖက္တြယ္ထားမိသည္ ။ ကြၽန္ေတာ့္ဆီကေန ထြက္သြားမည္ကို ကြၽန္ေတာ္ အရမ္းေၾကာက္သည္.။ ကြၽန္ေတာ့္ကို ထားခဲ့မွာကို ေၾကာက္သည္။ ကြၽန္ေတာ့္အတြက္ ကိုခြန္းစစ္က မရွိမျဖစ္ေသာအရာ အလိုအပ္ဆုံးေသာအရာ.....
" ကိုယ္ ၿဖိဳးေလးေဘးမွာ အၿမဲရွိတယ္ မေၾကာက္ပါနဲ႕ ကိုယ္ ဘယ္ေတာ့မွ ထားမသြားဘူးဆိုတာ ယုံတယ္မလား ၿဖိဳးေလး "
" ယုံတာေပါ့ အခုေတာင္ ကိုခြန္းစစ္ အခ်ိန္မွီ ေရာက္လာလို႔ မဟုတ္...မဟုတ္ရင္...ကြၽန္ေတာ္...."
" ေလွ်ာက္မေတြးနဲ႕ေတာ့ေလ အခုလည္း ကိုယ္ေဘးမွာ ရွိတာဘဲ နားလိုက္ေနာ္ ၿဖိဳးေလး "
" ဟင့္အင္း ဒီလိုေလး ဒီလိုေလး ေနခ်င္ေသးတယ္ ကိုခြန္းစစ္ရင္ခြင္ထဲမွာ ေနခ်င္ေသးတယ္ "
ကြၽန္ေတာ့္အတြက္ လုံၿခဳံတယ္လို႔ ခံစားရတယ္ ။ ကိုခြန္းစစ္သာေဘးနားမွာ ရွိတယ္ဆို ကြၽန္ေတာ္ ဘာကိုမွ မေၾကာက္ေတာ့ ။ ကြၽန္ေတာ့္အားေပြ႕ဖက္ထားေသာ ကိုခြန္းစစ္၏လက္တစ္စုံမွ ေႏြးေထြးမႈ......
ကိုခြန္းစစ္ရဲ႕ ကိုယ္သင္းနံ႕သင္းသင္းေလး......
ကြၽန္ေတာ္မွီခိုစရာ ရင္ခြင္က်ယ္.....
ကြၽန္ေတာ့္အတြက္ အရာရာျပည့္စုံေနပါၿပီ
ဘာကိုမွ ထပ္မလိုအပ္ေတာ့ပါ
ဘာကိုမွမေတာင္းဆိုေတာ့ပါ
ကြၽန္ေတာ့္ဆီကလည္း ဘာကိုမွ ယူမသြားပါနဲ႕လား......
ရင္ခြင္ထဲတြင္ အိပ္ေပ်ာ္ေနေသာ လူသားေလးအား
အိပ္ယာထက္ ျပန္လည္သိပ္ကာ အခန္းထဲမွ ထြက္လာခဲ့သည္ ။
နဖူးေလးထက္ အနမ္းပန္းေလးတစ္ပြင့္ သက္ဆင္း.....
' ၿဖိဳးေလးကို နာက်င္ေအာင္လုပ္တဲ့သူေတြကို ကိုယ္အလြတ္မေပးဘူး ။ သူတို႔ေနာင္တရေစရမယ္ ၿဖိဳးေလး ။ ကိုယ္ ကတိေပးတယ္ ။ '
အခန္းေလးအတြင္းမွ ထြက္လာခဲ့သည္ ။ ကုတင္ထက္ရွိ လူသားေလး အိပ္မေပ်ာ္ေသးသည္ကို မသိခဲ့ပါ...
အခန္းတံခါးပိတ္သံၾကားေသာအခါ မ်က္ဝန္းညိုမ်ားပြင့္ဟလာခဲ့သည္ ။
ကိုခြန္းစစ္ေျပာသြားသည့္အဓိပၸါယ္အား တိက်စြာ နားလည္နိုင္ျခင္း မရွိေသာ္လည္း တစ္ခုခုအားစိတ္ထင့္ေနမိသည္ ။ ကိုခြန္းစစ္ ဘာမဟုတ္တာ လုပ္မည္မသိ ။ ကိုခြန္းစစ္က အာ့လိုလုပ္မယ့္လူ မဟုတ္ပါဘူးေလ ။ ကြၽန္ေတာ္ ေလွ်ာက္ေတြးေနမိတာပါ ။
...............................
သံတုတ္တစ္ေခ်ာင္းႏွင့္လူတစ္ေယာက္ကား အခန္းထဲတြင္ သီးသန့္မတ္တပ္ရပ္ေနခဲ့သည္ ။
လူတစ္စုကား အိတ္အမည္းစြပ္ထားေသာ လူႏွစ္ေယာက္ကို အခန္းထဲ ဆြဲေခၚလာခဲ့သည္ ။
ပက္တီးျဖဴစတစ္ခ်ိဳ႕ ပက္ထားေသာ ထိုလူသားႏွစ္ေယာက္အား တုတ္ကိုင္ထားေသာ လူက မရပ္မနားရိုက္ေနခဲ့သည္ ။ မိုက္႐ူးရဲဆန္စြာ အျငႇိုးႀကီးစြာ ။
သံတုတ္တြင္ အနီေရာင္မ်ား စြန္းထင္းလာခဲ့သည္ ။ သို႔ေသာ္ ေအာ္သံမၾကားရ ။ တစ္ခ်က္ ႏွစ္ခ်က္ ။ လူသားႏွစ္ေယာက္ လႈပ္ရွားျခင္း ရပ္တန့္သြားေလၿပီ ။ ၿငိမ္က်သြားခဲ့သည္ ။
ၾကမ္းျပင္ထက္ ဒူးတစ္ဖက္ေထာက္ကာ ေခါင္းတြင္စြပ္ထားေသာ အိတ္မည္းမ်ားကို ခြၽတ္လိုက္သည္ ။
' ေခ်ာက္ '
အိတ္ကပ္ထဲမွ ေခါက္ဓားေလးတစ္ေခ်ာင္း
မ်က္ႏွာထက္ကပ္ထားေသာ တိတ္မ်ားအား ဓားႏွင့္ျဖတ္လိုက္သည္ ။
"အာ့"
"ဪ ေအာ္သံထြက္လာၿပီဘဲ "
ပါးစပ္ေဘးတြင္ ဓားသြားက ၿဖဲခ်သြားေသာေၾကာင့္ ေသြးစက္မ်ား စီးက်ေနခဲ့သည္ ။
တစ္ကိုယ္လုံး အရိုးမ်ားေက်သည္အထိ အရိုက္ခံထားရေသာေၾကာင့္ ေျပးဖို႔မဆိုထားႏွင့္ ။
လႈပ္၍ပင္မလႈပ္နိုင္ပါ ။ အသံတိုးတိုးေလးထြက္နိုင္သည္ဆို႐ုံ......
" ခင္ဗ်ား....ခင္ဗ်ားက..ဘယ္သူလဲ...ဘာလို႔ အခုလို လုပ္ရတာလဲ "
" ဟမ္ မၾကားရဘူးေလကြာ တိုးတိုးေလးေျပာေနတာမင္းၾကားရတိုင္း ကိုယ္မၾကားဘူးေလကြာ မင္းကိုမၾကားရေအာင္ လုပ္ေပးရမလား "
လက္ထဲရွိ ဓားထက္ထက္ေလးကား လူႏွစ္ေယာက္၏နားမ်ားထက္
" အားးးးး "
ေအာ္႐ုံမွတစ္ပါး ဘာမွမလုပ္နိုင္
" ဘာလို႔ အခုလို လုပ္ရတာလဲ လႊတ္ေပးပါ ကြၽန္ေတာ့တို႔ကို လႊတ္ေပးပါ "
" ဟက္ ဘာလို႔လႊတ္ေပးရမွာလဲ မင္းတို႔ ကိုယ့္အျပစ္ကို ကိုယ္မသိဘူးလား "
" ဘာ...ဘာအျပစ္လဲ...ကြၽန္ေတာ္...ကြၽန္ေတာ္တို႔ ဘာမွမလုပ္ထားဘူး "
တစ္ခ်ိန္လုံးတိတ္ေနေသာ လူမွ စကားထေျပာသည္ ။
" ဟက္ ေသခ်ာလား "
လက္ထဲတြင္ ဓားအားေဆာ့ကစားေနပုံမွာ ေသြးေအးေသာ လူတစ္ေယာက္ပုံစံကို အျပည့္အဝေဖာ္ေဆာင္ေနသည္ ။
" မင္းတို႔ မနက္က ေစ်းထဲမွာ ေကာင္ေလးတစ္ေယာက္နဲ႕ မေတြ႕ခဲဘူးလား ဟမ္ "
" အာ့တာ....အာ့တာ "
အျပစ္ေပၚေသာလူသားတို႔၏ ထုံးစံအတိုင္း စကားမ်ားထစ္အေနခဲ့သည္ ။ သားရဲတစ္ေကာင္အလား စူးရဲေသာအၾကည့္မ်ားကား ေက်ာခ်မ္းစရာေကာင္းလြန္းလွသည္ ။
" ဘာလဲ မင္းတို႔မွာ ေျဖရွင္းခ်က္ မရွိဘူးလား ဟမ္
မေျပာနိုင္ေတာ့ဘူးမလား "
" အာ့တာဆို ကြၽန္ေတာ္တို႔ ခံသင့္သေလာက္ ခံၿပီးၿပီ ဘယ္ကေကာင္မွန္းမသိဘူး လာရိုက္လို႔ ခ်ဳပ္ေတာင္ခ်ဳပ္လိုက္ရတယ္ ကြၽန္ေတာ္တို႔ သူ႕ကိုအာ့ေလာက္ေတာင္ မလုပ္လိုက္ဘူး ရဲေတြကလည္း လာစစ္သြားတယ္ အဖမ္းလည္းခံရမွာပါဗ် "
" ဘာ အာ့ေလာက္နဲ႕ ေက်နပ္ရမွာလား မင္းတို႔အသက္နဲ႕ဆိုေတာင္ မတန္ေသးဘူး ဟက္ "
လက္ထဲရွိ ဓားသြားသည္ ခုနကေျပာေသာလူ၏ မ်က္ႏွာထက္ အစင္းေၾကာင္းမ်ား ျဖစ္သြားေစခဲ့သည္ ။
အသံနက္ႀကီးနဲ႕ေအာ္သံထြက္ေပၚလာခဲ့သည္ ။
" အာ့ေကာင္က အာ့ေလာက္ေတာင္ အဖိုးတန္တယ္လား ကြၽန္ေတာ္တို႔ေသရင္ ခင္ဗ်ား လူသတ္မႈနဲ႕ေထာင္က်မွာေနာ္ ခင္ဗ်ား ေထာင္က် ခံနိုင္လို႔လား "
က်န္တစ္ေယာက္မွ မခံခ်င္၍ ေအာ္ေျပာလိုက္ျခင္း
" ဟားးးးးးးး "
" မင္းက ၿခိမ္းေျခာက္တာလား ဟမ္ "
မ်က္ႏွာထက္တြင္ မခ်ိၿပဳံးတစ္ခု ေပၚလာခဲ့သည္ ။ ထိုလူ၏ခႏၶာကိုယ္အႏွံ႕တြင္လည္း ဓားရာမ်ား ထြက္ေပၚလာခဲ့သည္ ။
" သတ္...သတ္လိုက္ပါေတာ့လားဗ်ာ ေတာင္းပန္ပါတယ္ "
" ဟက္ ဒီေလာက္နဲ႕ မရေသးဘူးေလ မင္းတို႔က မထိသင့္တဲ့သူကို သြားထိတာ မင္းတို႔ သိခဲ့သင့္တာ သူနာက်င္ရမယ္ဆိုရင္ ငါ့ေၾကာင့္ဘဲ နာက်င္ရမယ္ဆိုတာ သူထိခိုက္မယ္ဆိုေတာင္ ငါ့ေၾကာင့္ဘဲ ျဖစ္ရမယ္ သူ႕အသက္က ငါ့အပိုင္ သူက ငါ့အပိုင္ဆိုတာ မင္းတို႔ သိထားခဲ့သင့္တာ "
" ခင္ဗ်ား အတၱအရမ္းႀကီးတဲ့သူဘဲ ခင္ဗ်ားက သူ႕ကိုခ်စ္တာမွ မဟုတ္တာ သူက အရမ္းသနားဖို႔ေကာင္းတဲ့သူဘဲ ကြၽန္ေတာ္တို႔လိုလူကေတာင္ သနားတယ္ဆို ခင္ဗ်ား သိသင့္ၿပီ ။ ခင္ဗ်ားအတၱအတြက္ သူ႕ကိုစေတးေနတာ ခင္ဗ်ား ေပ်ာ္႐ႊင္ဖို႔အတြက္ ခင္ဗ်ား ရယူလိုမႈအတြက္ သူ႕ကို အသုံးခ်ေနတာ ခင္ဗ်ားက သူ႕ဘဝကို နစ္မြန္းေအာင္ လုပ္ေနတာ "
" ေတာ္သင့္ၿပီ မင္းတို႔ စကားေျပာခ်ိန္ ကုန္သြားၿပီ "
တစ္ခ်က္ ေခါင္းတည့္တည့္သို႔ သံတုတ္ျဖင့္ အားကုန္ရိုက္လိုက္သည္ ။ ထိုလူသားသည္လည္း ေသြးအိုင္ထဲတြင္ လဲက်သြားခဲ့ေလသည္ ။
က်န္တစ္ေယာက္သည္ ဆြံအစြာ က်န္ရစ္ဆဲ......
" မင္းဘဲ က်န္ေတာ့တယ္ ေျပာၾကည့္ေလ ဘယ္လိုမ်ိဳးေလး ေသခ်င္လဲဆိုတာ ဓားလား တုတ္လား ေသနတ္ဆိုလည္း ရပါတယ္ နားေတာ့နဲနဲၿငီးတာေပါ့"
" ကြၽန္ေတာ္...ကြၽန္ေတာ္..ေတာင္းပန္ပါတယ္..ကြၽန္ေတာ့္ကို မသတ္ပါနဲ႕လား "
" အာ့လိုေတာ့ မရဘူးေလ ကိုယ္ဘက္လိုက္သလို ျဖစ္သြားမွာေပါ့ ဒီလိုလုပ္ ညင္ညင္သာသာေလး သတ္ေပးမယ္ "
ေဘးရွိလူမ်ားအား မ်က္ရိပ္ျပလိုက္ေသာအခါ ထိုလူ႕ထံ ေဆးပုလင္းတစ္ခု လာေပးေလသည္ ။
" ေသာက္ေလ "
စူးရွတဲ့ မ်က္ဝန္းတစ္စုံႏွင့္ဆုံခိုက္ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ျဖင့္ ေဆးပုလင္းကုန္ေအာင္ ေမာ့ေသာက္လိုက္သည္ ။ ထိုလူသည္လည္း တိတ္ဆိတ္စြာ အသက္ဆုံးသြားခဲ့ေလသည္ ။
.........................
ေဆး႐ုံခန္းထဲလာေနစဥ္ ေဆး႐ုံပတ္လမ္းတစ္ေလွ်ာက္တြင္ ဆရာဝန္တစ္ခ်ိဳ႕ႏွင့္သူနာျပဳတစ္ခ်ိဳ႕ေျပးလႊားေနခဲ့သည္ ။
ဘာျဖစ္လို႔ပါလိမ့္ ။ အေရးေပၚလူနာေရာက္လို႔ထင္တယ္ ။
လစ္လ်ဴရႈကာ ၿဖိဳးေလးအခန္းထဲသို႔ ဆက္လက္ေလွ်ာက္လွမ္းလာခဲ့သည္ ။
ဟိုက္..မဟုတ္ဘူး ဆရာဝန္ေတြသြားေနၾကတာ ကြၽန္ေတာ္ခ်စ္ရသူရွိတဲ့အခန္းဆီသို႔......
ေအးေဆးလမ္းေလွ်ာက္ေန၍မရေတာ့ ကြၽန္ေတာ္သည္လည္း အေျပးသြားရေတာ့သည္ ။
ပြင့္ေနေသာတံခါးၾကားမွ အခန္းထဲတြင္ျဖစ္ေနသည္ကို အတိုင္းသားျမင္ရသည္ ။
" မလိုဘူးလို႔ေျပာေနတယ္ေလဗ်ာ မလိုဘူး ဒီေဆးထိုးအပ္ေတြကဘာလုပ္ဖို႔လည္း မလိုဘူး ခင္ဗ်ားတို႔ကိုလည္း ဘယ္သူကလိုအပ္တယ္ေျပာလည္း မလိုဘူး ထြက္သြား အကုန္ထြက္သြား "
လူေကာင္ေသးေသးေလးက ဘယ္ကဘယ္လိုအားေတြရလာသည္မသိ ။ အခန္းတစ္ခုလုံးလႊမ္းသြားေအာင္ အသားကုန္ေအာ္ဟစ္နိုင္ေလသည္ ။
" မဟုတ္ဘူးေလ လူနာဆိုတာ ေဆးေသာက္ရတယ္ဗ် ကိုခြန္းစစ္နိုင္က ကြၽန္ေတာ္တို႔ကို ေသခ်ာမွာၿပီး အပ္သြားတယ္ ေဆးေလးေသာက္လိုက္ပါဗ်ာ "
ဆရာဝန္ေတြ သူနာျပဳေတြက ဝိုင္းဝန္းေခ်ာ့ေမာ့ေနၾကသည္ ။ အေကာင္ေပါက္ေလးကလည္း ေခ်ာ့ေလဆိုးေလ ေသာင္းက်န္းေနေလသည္ ။
" ကိုခြန္းစစ္နိုင္....ဟုတ္လား..ဟက္...ဘယ္က ကိုခြန္းစစ္နိုင္လည္း ကြၽန္ေတာ္မသိဘူး ခင္ဗ်ားတို႔ကိုလည္း ထြက္သြားလို႔ေျပာေနတယ္ေလ ဒီေဆးေတြလည္း မေသာက္ဘူး မလိုဘူးလို႔ ကြၽန္ေတာ္ေသသြားတာက နားေအးအုံးမယ္ ေသေသ ပစ္ထားလိုက္ပါဆိုဗ်ာ "
" ၿဖိဳးေလး ေတာ္ၿပီ မင္းကေလးမဟုတ္ေတာ့ဘူး အာ့ေလာက္ဆိုးမေနနဲ႕ "
ကြၽန္ေတာ္ေရာက္လာေတာ့ မ်က္ႏွာထက္အၿပဳံးေလးယွက္သန္းလာသည္ကို သတိထားမိသည္ ။ မေငါက္လွ်င္မျဖစ္ေတာ့ ဒီကေလး အေတာ္ဆိုးေနၿပီ ။ ေလးသံမာမာေလးနဲ႕ နည္းနည္းေတာ့ ေျခာက္ရမည္ ။
ဆရာဝန္ေတြဘက္လွည့္ကာ ေတာင္းပန္ရျပန္သည္ ။
" ေတာင္းပန္ပါတယ္ဗ်ာ သူက စိတ္မထင္ရင္မထင္သလိုထေဖာက္လို႔ပါ ေဆးကကြၽန္ေတာ့္ေပးခဲ့ပါ ။ ကြၽန္ေတာ္တိုက္လိုက္ပါ့မယ္ "
" ရပါတယ္ မလိုပါဘူးဗ်ာ ပုလင္းကခ်ိတ္ဖို႔လိုတယ္ သူအားမျပည့္ေသးဘူး "
" ဟုတ္ ပုလင္းျပန္ခ်ိတ္ေပးပါ ဆရာ "
ဆရာဝန္ေတြနဲ႕သူနာျပဳေတြ တစ္ေယာက္နဲ႕တစ္ေယာက္မ်က္စပစ္ေနၾကသည္ ။ ခုနကလို ထပ္ေသာင္းက်န္းမည္ကို စိုးရိမ္ေနၾကပုံေပၚသည္ ။
စိုးလည္းစိုးရိမ္စရာပါဘဲ တစ္ခန္းလုံးတြင္ ပစၥည္းမ်ားကို ပစ္ေပါက္ထားသည္မ်ား ရစရာမရွိ ။
ပုလင္းခ်ိတ္ထားေသာအပ္ကို ဆြဲျဖဳတ္ထားသည့္အတြက္ လက္တြင္လည္း ေသြးစို႔ေနသည္ ။
" ရပါတယ္ ဆရာ ပုလင္းျပန္ခ်ိတ္ေပးပါ "
ေခါင္းတစ္ခ်က္သာ ၿငိမ့္ျပကာ လုပ္စရာရွိသည္မ်ားကို လုပ္၍ ဆရာဝန္မ်ားေကာ သူနာျပဳမ်ားေကာ အခန္းထဲမွ ထြက္သြားၾကသည္ ။ ဆရာဝန္မ်ားက သေဘာေကာင္း၍သာ ။ ရႈပ္ပြေနေသာအခန္းႏွင့္အတူ အေမႊစိန္ေလးႏွင့္ ကြၽန္ေတာ္သာ က်န္ခဲ့ေတာ့သည္ ။
ဆရာဝန္ေတြထြက္မသြားခင္ကတည္းက ဘာစကားမွလည္းမေျပာသလို ေသာင္းလည္းမေသာင္းက်န္းေတာ့ ။ တစ္ခ်ိန္လုံး ကြၽန္ေတာ့္ကိုသာ လိုက္ၾကည့္ေနေလသည္ ။
" ဘာလို႔ ကိုယ့္ကိုဘဲ လိုက္ၾကည့္ေနတာလဲ "
ေျပာမွ ေခါင္းငုံ႕သြားသည္ ။ ေခါင္းကို ျပန္မေမာ့ေတာ့ ။
" ၿဖိဳးေလးကို ေငါက္ရအုံးမယ္ ဘာလို႔အာ့ေလာက္ဆိုးေနရတာလဲ မင္းအရင္က အာ့ေလာက္မဆိုးပါဘူး အခုမွ ဘာလို႔ ဒီေလာက္ေတာင္ ဆိုးရတာလဲ ကိုယ္အေရးေပးတိုင္း အခုလိုမဆိုးနဲ႕ ကိုယ္စိတ္ဆိုးတာ ေသမယ္ဆိုတဲ့စကားဘဲ ၿဖိဳးေလးေသရင္ ကိုယ္ဘယ္ေလာက္ခံစားရမယ္ဆိုတာ မသိဘူးလား ၿဖိဳးေလးမရွိေတာ့ရင္ ကိုယ္ပါၿဖိဳးေလးေနာက္ကို လိုက္လာခဲ့မွာ "
အရင္က ကပ္ကပ္လန္ေအာင္ ရန္ေတြ႕တတ္သည့္သူက အခုေတာ့ ေငါက္ေနသည္ကို ေခါင္းပင္ေမာ့မၾကည့္ ။ ဘာမွလည္း ျပန္၍မေျပာ ။
တသိမ့္သိမ့္လႈပ္ရွားလာေသာ ခႏၶာကိုယ္ေလး ။
တစ္ခ်က္တစ္ခ်က္ ထြက္ေပၚလာတဲ့ ငိုသံသဲ့သဲ့ေလး ။
" ဟင္ ၿဖိဳးေလး ငိုေနတာလား ဘာလို႔ငိုတာလဲ ကိုယ္ကစိတ္ပူလို႔ေျပာတာေလ မႀကိဳက္ရင္ေနာက္တစ္ခါ မေျပာေတာ့ဘူးေနာ္ ကိုယ္ေတာင္းပန္တယ္ေနာ္ မငိုနဲ႕ေတာ့ေနာ္ တိတ္ တိတ္ "
ခုနကေတာ့ ရိုက္ေတာ့မလိုလို လူၾကမ္းပုံစံနဲ႕ လူႀကီးက အခုေတာ့ သူမဟုတ္သည့္အတိုင္းပင္ သကာရည္ေလာင္းၿပီး ေခ်ာ့ေနျပန္သည္ ။
" မတိတ္ဘူးဗ်ာ ငိုမွာဘဲ ကြၽန္ေတာ့္ကို စကားလာမေျပာနဲ႕ ကြၽန္ေတာ့္ဆီလည္း မလာနဲ႕ သြား မေခၚနဲ႕လို႔ "
ေျပာေျပာဆိုဆို အသံၿဗဲႀကီးႏွင့္ ထငိုေလသည္ ။ ေမြးကင္းစကေလးငိုရင္ေတာင္ အာ့ေလာက္မဆူဘူး ။
" ဟာ နားစည္ကြဲေတာ့မွာဘဲ ဘာလို႔အာ့ေလာက္ငိုေနရတာလဲ ၿဖိဳးေလးရယ္ "
" မသိဘူးဗ်ာ ငိုမွာဘဲ ေအာ္မွာဘဲ နားစည္ကြဲတဲ့ထိေအာ္မွာ "
ဒီကေလး ေျပာေလဆိုးေလ မန္းေလၿပဲေလပါလား တစ္ခါေျပာရင္ႏွစ္ဆ ႏွစ္ခါေျပာရင္ ေလးဆ ။ေတာ္ေတာ္လည္း အသံက်ယ္နိုင္လြန္းတယ္ ။
" ေတာ္ၿပီ ကိုယ္ေတာင္းပန္ပါတယ္ဆို ေဆး႐ုံကဆင္းရင္ ကစားကြင္းလိုက္ပို႔ေပးမယ္ မငိုနဲ႕ေတာ့ "
" မသြားခ်င္ဘူးဗ်ာ ငိုမွာဘဲ "
ငိုဖို႔ အရွိန္ယူေနတဲ့ပုံေလးက ခ်စ္စရာေလးမို႔ ပန္းႏုေရာင္သန္းေနတဲ့ ပါးျပင္အိအိေလးကို နမ္းရွိုက္မိလိုက္သည္ ။
ကြၽန္ေတာ္နမ္းလိုက္လို႔ အရွိန္ပ်က္သြားသည္ထင္ ။ မငိုေတာ့ဘဲ ကြၽန္ေတာ့္ကို ဂ်ိဳၾကည့္လာၾကည့္ေလသည္ ။
" ဟိ ခ်စ္ဖို႔ေကာင္းလို႔ ၿဖိဳးေလးက အရမ္းခ်စ္ဖို႔ေကာင္းေနလို႔ မထိန္းနိုင္ေတာ့လို႔ ဆက္ငို ဆက္ငို "
" ဟြင့္ မငိုေတာ့ဘူး ခ်စ္ဖို႔ေကာင္းတယ္ဆို လူကိုဘာလို႔ တစ္ေယာက္တည္း ထားခဲ့တာလည္း "
" ဪ လက္စသတ္ေတာ့ အာ့ေၾကာင့္ အခုလို ေသာင္းက်န္းေနရတာေပါ့ ဟုတ္လား "
" ဟုတ္တယ္ အိပ္ယာကနိုးနိုးခ်င္း ကိုခြန္းစစ္ကို လိုက္ရွာေနတာ သိလား ကိုခြန္းစစ္ကိုမေတြ႕လို႔ ကြၽန္ေတာ္ ဘယ္လိုခံစားရတယ္ဆိုတာ သိလား ကြၽန္ေတာ့္ကို မခ်စ္လို႔ ထားခဲ့တာမလား အလုပ္ေလာက္ေတာင္ အေရးမပါလို႔ ထားခဲ့တာမလား "
ေျပာေနရင္းပင္ မ်က္ဝန္းအိမ္၌ မိုးသားတိမ္ဆိုင္မိုးရိပ္မ်ားက ယွက္သန္းလာျပန္သည္ ။
ၿပိဳေတာ့မည့္မိုးလို ယိုေတာ့မည့္အမိုးလို ။
" မဟုတ္ပါဘူးကြာ အလုပ္လည္းမသြားဘူး ကိုယ္က ၿဖိဳးေလးအတြက္ ေရခဲမုန့္သြားဝယ္တာ ၿဖိဳးေလးအဝတ္ေတြဘာေတြ သြားယူတာေလ အဝတ္မလဲဘဲ ဒီတိုင္းႀကီးေနမွာလား ညစ္ပတ္ခ်က္ "
" ဟြင့္ အာ့ဆို ဘယ္မွာလဲ ေရခဲမုန့္ "
" ဒီမယ္ေလ "
စားပြဲေပၚတြင္ တင္ထားေသာ ေရခဲမုန့္ထုပ္ကို ျမႇောက္ျပရသည္ ။ တစ္ခန္းလုံးလည္း အဝတ္အစားအိတ္နဲ႕ ေရခဲမုန့္ဲအိတ္ကလြဲ ေကာင္းတာကိုတစ္ခုမွ မရွိေတာ့ ။
" ဘာေရခဲမုန့္လည္း ကြၽန္ေတာ္ႀကိဳက္တဲ့ ေခ်ာကလက္လား "
ၾကည့္ မုန့္နဲ႕ေခ်ာ့ေတာ့ တန္းၿငိမ္သြားတယ္
" မဟုတ္ဘူး "
" အာ့ဆို မစားဘူး "
" စတာ ၿဖိဳးေလးအႀကိဳက္ ကိုယ္သိတာေပါ့ ေဆးအရင္ေသာက္ "
" ဟုတ္ ဒါနဲ႕ "
" အြမ္း ေျပာေလ "
" ကြၽန္ေတာ့္ကို ခ်စ္လားဟင္ ခ်စ္ရင္ အရမ္းခ်စ္တာလား ဘယ္ေလာက္ေတာင္ ခ်စ္တာလဲဟင္ ဘယ္ထိခ်စ္မွာလဲ ကြၽန္ေတာ့္ကို ၿငီးေငြ႕သြားမွာလားဟင္ "
" ဘယ္ေလာက္ခ်စ္တယ္ ဘယ္ထိခ်စ္မယ္ဆိုတာေတာ့ ကိုယ္မေျဖတတ္ဘူး ကိုယ့္အသက္ထက္ပိုခ်စ္တယ္ ၿဖိဳးေလးကိုယ့္အနားမရွိေတာ့ဘူးဆိုေတာင္ ကိုယ့္ကိုထားခဲ့မယ္ဆိုေတာင္ ခ်စ္ေနမွာ ထာဝရဆိုတဲ့ စကားလုံးထက္ပိုေသာ ခိုင္ၿမဲျခင္းနဲ႕ ခ်စ္ေနမွာ "
" စကား အရမ္းတတ္ ေပး ေဆးေသာက္မယ္ "
" ဟားးးစကားတတ္တာ မဟုတ္ပါဘူးဗ်ာ "
ေဆးေသာက္ၿပီးေတာ့ လက္ကျဖန့္လာျပန္ၿပီ ။ ကြၽန္ေတာ္ သိတာေပါ့ ေရခဲမုန့္ေတာင္းေနတယ္ဆိုတာ ။
" ေရာ့ အမ်ားႀကီး မစားရဘူး တစ္ဗူးအရင္စား "
" ဟုတ္ ကိုခြန္းစစ္ေကာ စားအုံးမွာလား "
" ေကြၽးခ်င္လို႔လား "
" ဒါေပါ့ "
" အာ့ဆို ေကြၽးေလ စားမယ္ "
စားမယ္ေျပာမွ လွ်ာက္ထုတ္ေျပာင္လာေလသည္ ။ ဘာလို႔ေကြၽးရမွာလဲဆိုတဲ့ သေဘာနဲ႕ လူကိုေက်ာေတာင္ ေပးသြားေသး ။
" စားခ်င္ရင္ စားေလ ဟဲဟဲ "
လူယုတ္မာအၿပဳံးနဲ႕ လူကေသးေသးညွပ္ညွပ္နဲ႕ လိုက္ဖက္ပါရဲ႕ ။ စားခ်င္ရင္စားဆိုၿပီး ပါးစပ္ထဲရွိေရခဲမုန့္ကို ေျပာင္ျပေနတာ ။
ပါးစပ္ျပန္မပိတ္ခင္ ႏႈတ္ခမ္းတစ္စုံကား ထပ္တူက်သြားသည္ ။ ေရခဲမုန့္မႀကိဳက္တဲ့ကြၽန္ေတာ္ ေခ်ာကလက္မႀကိဳက္တဲ့ကြၽန္ေတာ္ အခုေရထဲမုန့္က် စားေကာင္းလိုက္တာ ။
" အာ့ဆိုင္က ေရခဲမုန့္ေကာင္းသားဘဲ ေနာက္ေန႕လည္း အာ့ဆိုင္ကဘဲ ဝယ္စားရမယ္ "
" မ႐ြံဘူးလား ဟင့္ လူယုတ္ႀကီး ႐ြံလိုက္တာ ေဝါ့ ေဝါ့ "
" မ႐ြံပါဘူး ထပ္ေကြၽး ခုနကလို ထပ္စားခ်င္လို႔ "
" ဟင့္အင္း ေကြၽးဘူး ဟိုမယ္ စားပြဲေပၚမွာ ရွိေသးတယ္ ကိုယ့္ဘာသာ စား "
တစ္ေယာက္ကေျပာင္လိုက္ တစ္ေယာက္က စလိုက္နဲ႕ ႏွစ္ဦးတည္းရွိတဲ့ကမာၻေလးကေတာ့ ေပ်ည္စရာအျပည့္ေပါ့ ။ ထိုကမာၻေလးထဲ မဖိတ္ေခၚသည့္ တတိယလူတစ္ဦးဝင္ေရာက္လာလွ်င္ေတာ့ ေပ်ာ္႐ႊင္ျခင္းမ်ားအစား ဝမ္းနည္းမႈမ်ားကား အစားထိုးဝင္ေရာက္လာခဲ့သည္ ။
အခန္းေရွ႕တြင္ ေျခစုံရပ္ကာ လက္မွိုင္ခ်ေနခဲ့သည့္လူသားတစ္ဦးလည္း ရွိေလရဲ႕ ။
လက္ထဲရွိ ေရခဲမုန့္ဗူးေလးပင္ အရည္ေပ်ာ္ေရာေပါ့ ။
ဆရာဝန္ေတြထြက္သြားကတည္းက ရပ္ေနခဲ့တာ ၾကာလွၿပီ ။
ေျခေထာက္ေတြလည္း ေညာင္းေရာေပါ့ ။
သူ႕လူသားေလး အျခားလူနဲ႕ေပ်ာ္ေနသည္ကို ၾကည့္ေနရတာ ရင္ေတြလည္းနာလွေပါ့ ။
သူ႕အခ်စ္ကို မရမွန္းပိုေသခ်ာသြားတာ နာက်င္စရာေတြလည္း မ်ားလွေပါ့ ။
မေညာင္းဘူးလား မနာက်င္ဘူးလား နာက်င္စရာေတြကို ေပြ႕ပိုက္ၿပီး ျပန္ရတဲ့ အိမ္ျပန္လမ္းေလးက ေျခာက္ေသြ႕ၿပီး အထီးက်န္ေနတယ္မလား ။
သို႔ေပေသာ္ နာက်င္စရာေတြမ်ားခဲ့ေသာ္လည္း ေပ်ာ္႐ႊင္စရာကင္းမဲ့ခဲ့ေသာ္လည္း အသင္ ထိုလူသားေလးအား ဆက္၍ ခ်စ္ေနအုံးမည္မလား ။ ထိုလူသားေလးေဘးမွာဘဲ ကပ္တြယ္ေနအုံးမည္မလား ။
ရင္ထဲရွိ နာက်င္ျခင္းမ်ားအား အၿပဳံးတုမ်ားနဲ႕ ဖုံးကြယ္မထားပါနဲ႕လား ။ အခန္းေရွ႕ရွိ ေျခစုံရပ္ေနေသာ လူထံတြင္ ေမွ်ာ္လင့္ခ်က္ေရာင္ျခဘ္မ်ား ေမွးမွိန္ေပ်ာက္ကြယ္ကာ အေမွာင္ဖုံးသြားခဲ့ေလၿပီ ။
•••••••••••••••••••••
Update ၾကာသြားလို႔ ေတာင္းပန္ပါတယ္
အားနည္းခ်က္ေလးေတြ ေထာက္ျပေပးၾကပါအုံးေနာ္😁
🌹🌹🌹🌹🌹🌹🌹🌹