Unicode
မောင့်ကို လှည့်ဖြားတတ်သူလို့မဆိုချင် လျှို့ဝှက်တတ်သူဟုသာ ဆိုချင်သည်
_မောင်_
မောင်က ကျွန်တော့်ရဲ့ စာအုပ်ဆိုင်ကို နေ့တိုင်းလာတယ် လာတိုင်းလည်း ကျွန်တော့်ကို အမြဲတမ်းခိုးခိုးကြည့်တယ်လေ အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော် မောင့်အပေါ်မှာ သံယောဇဉ်ရှိလာတယ်ထင်တယ် မောင်မလာတဲ့နေ့တွေဆို မောင့်ကိုမျှော်နေမိတယ် ဒါကို အချစ်ဟု ကျွန်တော်ခေါင်းစဉ်မတပ်လိုသေး နေ့တိုင်းတွေ့နေရတဲ့သူတယောက်ကို မမြင်ရ၍သာ ဖြစ်မည်ဟု စိတ်ထဲကတွေးလိုက်ပါသည်
"သား မင်ရေ ဟိုဘက်ဝိုင်းက ပိုက်ဆံရှင်းမလို့တဲ့ ဒေါ်လေးကို ကူပေးပါဦး သားရယ်"
"ဟုတ် ဒေါ်လေး သားသွားလိုက်မယ်"
ကျွန်တော်လည်းပိုက်ဆံရှင်းလာပြီးအပြန်မှာ မောင်အအေးခွက်တင်ထားတဲ့စားပွဲကို ကျွန်တော့်ခြေထောက်နဲ့တိုက်မိပြီး မောင်သဘောကျစွာ သောက်တတ်တဲ့ ထောပတ်သီးဖျော်ရည်ခွက်ကလေးဟာ မှောက်ကျသွားတယ်
"အားနာလိုက်တာဗျာ ကျွန်တော်အသစ်တခွက်သွားယူပေးပါ့မယ်"
အဲ့အချိန်က ကျွန်တော် သူ့ကိုခေါ်ခဲ့တဲ့နာမ်စားလေးတခု "Jeon"
"Jeon မင်အသစ်တခွက်ဖျော်လာပေးတယ် ဒီခွက်အတွက်ပိုက်ဆံပေးစရာမလိုပါဘူး ခုနကကိစ္စအတွက်လည်း မင်တောင်းပန်ပါတယ်နော်"
"ရပါတယ်ဗျာ ဒီလူနဲ့ဒီလူ အားနာနေရမယ့်လူတွေမှမဟုတ်တာ"
"ဟုတ် ကျွန်တော်သွားလိုက်ဦးမယ်နော်"
"ဟုတ်ပါပြီဗျာ"
နောက်တနေ့ရောက်တော့ ကျွန်တော်ဟာ မောင်မရောက်ခင်ကတည်းက သူသိပ်ကြိုက်လွန်းတဲ့ ထောပတ်သီးဖျော်ရည်ကို အသင့်ဖျော်ပြီး စောင့်နေလိုက်တယ် သူလည်းရောက်လာရော သူထိုင်နေကျဝိုင်းကို ဖျော်ရည်သွားပို့လိုက်တယ်
အဲ့ဒီအချိန်ကတည်းက သူ ကျွန်တော့်ကိုခေါ်နေခဲ့တဲ့နာမ်စားလေး "မင်"
"မင် ဒီထောပတ်သီးဖျော်ရည်က"
"မင်ကိုယ်တိုင် Jeonသောက်ဖို့ဖျော်ပေးထားတာ"
"ဟာဗျာ ကျွန်တော် ဒီနေ့ထောပတ်သီးဖျော်ရည်ဝယ်ဖို့ ပိုက်ဆံမပါဘူးဗျ နေ့တိုင်းဆိုတော့ ကျွန်တော်လည်းမတတ်နိုင်ဘူးလေ"
"ရပါတယ်ဗျာ ဒါက မင်ကသပ်သပ်ဝယ်တိုက်တာ ဟိုနေ့ကကိစ္စကလည်း မင်လုပ်လို့ဖြစ်ရတာပဲလေ"
"အဲ့နေ့ကဖျော်ရည်မှောက်သွားလို့ နေ့တိုင်း ဖျော်ရည်တိုက်ရမယ်ဆိုရင်တော့ အရင်းတွေပြုတ်ကုန်တော့မှာပေါ့"
"ရပါတယ် သောက်ပါ"
"မင်ကရပေမယ့် ကျွန်တော်ကမရဘူးဗျ ဒီလိုလုပ်လေ ကျွန်တော် မင်တို့ဆိုင်မှာ အချိန်ပိုင်းဝင်လုပ်မယ် မင်က ထောပတ်သီးဖျော်ရည်တိုက် စာအုပ်ပေးဖတ်ပေါ့ ကောင်းတယ်မလား"
"အင်း မဆိုးဘူးပဲ"
"ဟုတ်ပြီ အဲ့တာဆို ဒီနေ့ပဲဝင်လုပ်လိုက်တော့မယ်"
"မောင်လေးရေ သံပုရာရည်ချဉ်ချဉ်လေးတခွက်လောက်"
"ဟုတ် ရမယ် အမ မင်အထဲသွားတော့လေ ကိုယ်လုပ်လိုက်မယ်"
"ဟုတ်"
အဲ့နေ့ကစပြီး မောင်ဟာ မင်တို့ဆိုင်မှာအချိန်ပိုင်းအဖြစ်စလုပ်တော့တယ် မောင့်ကိုလုပ်အားခပေးလည်း မောင်ဟာ လုံးဝမယူခဲ့ဘူး နေ့တိုင်းထောပတ်သီးဖျော်ရည်တိုက်ပေး ထမင်းကျွေး စာအုပ်ဖတ်ခိုင်းရင်ပဲ ရပါပြီတဲ့ အဲ့တော့ မင်ဟာ အမြဲတမ်း မောင်ဖတ်နေကျစာအုပ်လေးထဲမှာ တပတ်တခါဆိုသလို ဝမ်5000ကို ထည့်ထားပေးမိတယ်
"မင်ရေ လူနည်းနေတုန်းဆိုတော့ မင့်ဆိုင်ထဲကိုယ်ခနဝင်ခဲ့မယ်နော်"
"ဟုတ် လာခဲ့လေ Jeon"
သူဆိုင်ထဲဝင်လာပြီး တိတ်ဆိတ်နေတဲ့လေထုကို ကျွန်တော်ကဖြိုခွင်းလိုက်တယ်
"Jeonက ကျောင်းပြီးသွားပြီလားဟင်"
"အင်း ပြီးသွားပြီ"
"တကယ် ဘာမေဂျာနဲ့လဲ"
"မဟုတ်ဘူး အထက်တန်းကို ၃နှစ်ကျတော့ဆက်မဖြေချင်တော့တာ အဲ့တာကျောင်းပြီးတာပေါ့"
"ဟား Jeonကတော့နောက်ပြီဗျာ"
"မင်ကရော"
"မင်က အခုမှကျောင်းတက်တုန်း အခုကကျောင်းပိတ်ထားလို့"
အဲ့လိုနဲ့ ကျွန်တော်တို့ကြားကလေထုက ပြန်လည်တိတ်ဆိတ်သွားပြန်တယ်
မောင်ကလေ သိပ်ကိုလျှို့ဝှက်တတ်တာ သူနဲ့ပတ်သတ်ပြီး ဘာအကြောင်းမှမပြောဘူး သူဟာ Seoulမှာနေတဲ့သူတယောက်ဆိုတာသာ သေချာသိရတယ် ကျန်တဲ့ဟာ ဘာမှမသိရဘူး မင်လိုက်ရှာလို့မရအောင်များ မောင်အခုလိုလုပ်ခဲ့လေသလား မောင်ရယ်
Zawgyi
ေမာင့္ကို လွည့္ျဖားတတ္သူလို႔မဆိုခ်င္ လွ်ိဳ႕ဝွက္တတ္သူဟုသာ ဆိုခ်င္သည္
_ေမာင္_
ေမာင္က ကြၽန္ေတာ့္ရဲ႕ စာအုပ္ဆိုင္ကို ေန႔တိုင္းလာတယ္ လာတိုင္းလည္း ကြၽန္ေတာ့္ကို အၿမဲတမ္းခိုးခိုးၾကည့္တယ္ေလ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ကြၽန္ေတာ္ ေမာင့္အေပၚမွာ သံေယာဇဥ္႐ွိလာတယ္ထင္တယ္ ေမာင္မလာတဲ့ေန႔ေတြဆို ေမာင့္ကိုေမွ်ာ္ေနမိတယ္ ဒါကို အခ်စ္ဟု ကြၽန္ေတာ္ေခါင္းစဥ္မတပ္လိုေသး ေန႔တိုင္းေတြ႕ေနရတဲ့သူတေယာက္ကို မျမင္ရ၍သာ ျဖစ္မည္ဟု စိတ္ထဲကေတြးလိုက္ပါသည္
"သား မင္ေရ ဟိုဘက္ဝိုင္းက ပိုက္ဆံ႐ွင္းမလို႔တဲ့ ေဒၚေလးကို ကူေပးပါဦး သားရယ္"
"ဟုတ္ ေဒၚေလး သားသြားလိုက္မယ္"
ကြၽန္ေတာ္လည္းပိုက္ဆံ႐ွင္းလာၿပီးအျပန္မွာ ေမာင္အေအးခြက္တင္ထားတဲ့စားပြဲကို ကြၽန္ေတာ့္ေျခေထာက္နဲ႔တိုက္မိၿပီး ေမာင္သေဘာက်စြာ ေသာက္တတ္တဲ့ ေထာပတ္သီးေဖ်ာ္ရည္ခြက္ကေလးဟာ ေမွာက္က်သြားတယ္
"အားနာလိုက္တာဗ်ာ ကြၽန္ေတာ္အသစ္တခြက္သြားယူေပးပါ့မယ္"
အဲ့အခ်ိန္က ကြၽန္ေတာ္ သူ႕ကိုေခၚခဲ့တဲ့နာမ္စားေလးတခု "Jeon"
"Jeon မင္အသစ္တခြက္ေဖ်ာ္လာေပးတယ္ ဒီခြက္အတြက္ပိုက္ဆံေပးစရာမလိုပါဘူး ခုနကကိစၥအတြက္လည္း မင္ေတာင္းပန္ပါတယ္ေနာ္"
"ရပါတယ္ဗ်ာ ဒီလူနဲ႔ဒီလူ အားနာေနရမယ့္လူေတြမွမဟုတ္တာ"
"ဟုတ္ ကြၽန္ေတာ္သြားလိုက္ဦးမယ္ေနာ္"
"ဟုတ္ပါၿပီဗ်ာ"
ေနာက္တေန႔ေရာက္ေတာ့ ကြၽန္ေတာ္ဟာ ေမာင္မေရာက္ခင္ကတည္းက သူသိပ္ႀကိဳက္လြန္းတဲ့ ေထာပတ္သီးေဖ်ာ္ရည္ကို အသင့္ေဖ်ာ္ၿပီး ေစာင့္ေနလိုက္တယ္ သူလည္းေရာက္လာေရာ သူထိုင္ေနက်ဝိုင္းကို ေဖ်ာ္ရည္သြားပို႔လိုက္တယ္
အဲ့ဒီအခ်ိန္ကတည္းက သူ ကြၽန္ေတာ့္ကိုေခၚေနခဲ့တဲ့နာမ္စားေလး "မင္"
"မင္ ဒီေထာပတ္သီးေဖ်ာ္ရည္က"
"မင္ကိုယ္တိုင္ Jeonေသာက္ဖို႔ေဖ်ာ္ေပးထားတာ"
"ဟာဗ်ာ ကြၽန္ေတာ္ ဒီေန႔ေထာပတ္သီးေဖ်ာ္ရည္ဝယ္ဖို႔ ပိုက္ဆံမပါဘူးဗ် ေန႔တိုင္းဆိုေတာ့ ကြၽန္ေတာ္လည္းမတတ္ႏိုင္ဘူးေလ"
"ရပါတယ္ဗ်ာ ဒါက မင္ကသပ္သပ္ဝယ္တိုက္တာ ဟိုေန႔ကကိစၥကလည္း မင္လုပ္လို႔ျဖစ္ရတာပဲေလ"
"အဲ့ေန႔ကေဖ်ာ္ရည္ေမွာက္သြားလို႔ ေန႔တိုင္း ေဖ်ာ္ရည္တိုက္ရမယ္ဆိုရင္ေတာ့ အရင္းေတြျပဳတ္ကုန္ေတာ့မွာေပါ့"
"ရပါတယ္ ေသာက္ပါ"
"မင္ကရေပမယ့္ ကြၽန္ေတာ္ကမရဘူးဗ် ဒီလိုလုပ္ေလ ကြၽန္ေတာ္ မင္တို႔ဆိုင္မွာ အခ်ိန္ပိုင္းဝင္လုပ္မယ္ မင္က ေထာပတ္သီးေဖ်ာ္ရည္တိုက္ စာအုပ္ေပးဖတ္ေပါ့ ေကာင္းတယ္မလား"
"အင္း မဆိုးဘူးပဲ"
"ဟုတ္ၿပီ အဲ့တာဆို ဒီေန႔ပဲဝင္လုပ္လိုက္ေတာ့မယ္"
"ေမာင္ေလးေရ သံပုရာရည္ခ်ဥ္ခ်ဥ္ေလးတခြက္ေလာက္"
"ဟုတ္ ရမယ္ အမ မင္အထဲသြားေတာ့ေလ ကိုယ္လုပ္လိုက္မယ္"
"ဟုတ္"
အဲ့ေန႔ကစၿပီး ေမာင္ဟာ မင္တို႔ဆိုင္မွာအခ်ိန္ပိုင္းအျဖစ္စလုပ္ေတာ့တယ္ ေမာင့္ကိုလုပ္အားခေပးလည္း ေမာင္ဟာ လုံးဝမယူခဲ့ဘူး ေန႔တိုင္းေထာပတ္သီးေဖ်ာ္ရည္တိုက္ေပး ထမင္းေကြၽး စာအုပ္ဖတ္ခိုင္းရင္ပဲ ရပါၿပီတဲ့ အဲ့ေတာ့ မင္ဟာ အၿမဲတမ္း ေမာင္ဖတ္ေနက်စာအုပ္ေလးထဲမွာ တပတ္တခါဆိုသလို ဝမ္5000ကို ထည့္ထားေပးမိတယ္
"မင္ေရ လူနည္းေနတုန္းဆိုေတာ့ မင့္ဆိုင္ထဲကိုယ္ခနဝင္ခဲ့မယ္ေနာ္"
"ဟုတ္ လာခဲ့ေလ Jeon"
သူဆိုင္ထဲဝင္လာၿပီး တိတ္ဆိတ္ေနတဲ့ေလထုကို ကြၽန္ေတာ္ကၿဖိဳခြင္းလိုက္တယ္
"Jeonက ေက်ာင္းၿပီးသြားၿပီလားဟင္"
"အင္း ၿပီးသြားၿပီ"
"တကယ္ ဘာေမဂ်ာနဲ႔လဲ"
"မဟုတ္ဘူး အထက္တန္းကို ၃ႏွစ္က်ေတာ့ဆက္မေျဖခ်င္ေတာ့တာ အဲ့တာေက်ာင္းၿပီးတာေပါ့"
"ဟား Jeonကေတာ့ေနာက္ၿပီဗ်ာ"
"မင္ကေရာ"
"မင္က အခုမွေက်ာင္းတက္တုန္း အခုကေက်ာင္းပိတ္ထားလို႔"
အဲ့လိုနဲ႔ ကြၽန္ေတာ္တို႔ၾကားကေလထုက ျပန္လည္တိတ္ဆိတ္သြားျပန္တယ္
ေမာင္ကေလ သိပ္ကိုလွ်ိဳ႕ဝွက္တတ္တာ သူနဲ႔ပတ္သတ္ၿပီး ဘာအေၾကာင္းမွမေျပာဘူး သူဟာ Seoulမွာေနတဲ့သူတေယာက္ဆိုတာသာ ေသခ်ာသိရတယ္ က်န္တဲ့ဟာ ဘာမွမသိရဘူး မင္လိုက္႐ွာလို႔မရေအာင္မ်ား ေမာင္အခုလိုလုပ္ခဲ့ေလသလား ေမာင္ရယ္