[ကိုးလျ]ကိုးလ် [Complete]

By RigelMiKha

877K 84.4K 4.9K

လောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 20... More

intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part~11
Part-12
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29🔞
Part-30 Finale
Extra-1 For Kyaw Htet Oo
Extra-2
Thanks all my reader
Extra-3
Extra-4
Extra-5
Extra-6
Extra-7
Extra-8
Extra-9 finale
S_2
S-3
Hello
Present Extra💚

Part-13

17.3K 2.2K 358
By RigelMiKha

အခန်း(၁၃)

Unicode

အိမ်အိုအရှေ့သို့ ရောက်လာသည့်အခါ လေးလေးက မီးဖိုခန်းကထွက်လာ၍ သူခေါ်လာသော

လူငယ်ကောင်လေးကို သတိထားမိလေ၏။ သူဟာ အပေါင်းအသင်းမရှိသလို လူများနှင့် ရင်းရင်းနှီးနှီးမနေတတ်သည်ကို လေးလေးကိုယ်တိုင်အသိဆုံးဖြစ်၏။ ထို့ကြောင့် သူ့အနောက်လိုက်လာသော ကောင်လေးကို ကြည့်၍ အံ့သြနေသည်။

"ကိုးလ် မင်းသူများကလေးကို ခြိမ်းခြောက်ပြီးခေါ်လာတာလား..."

"မင်္ဂလာပါ ဖိုးဖိုးကြီး...သားက မောင့်နဲ့လိုက်လာတာ ဗိုက်ဆာနေလို့..."

မြူဇံ့ကိုကြည့်၍ လေးလေးက သူ့အား မျက်ခုံးပင့်ပြလိုက်သည်။ သူလည်း လေးလေးကမျက်ခုံးပင့်ပြသောကြောင့် ပုခုံးပြန်တွန့်ပြလေ၏။

"ခြိမ်ခြောက်ပြီး ခေါ်လာတဲ့ရုပ် ပေါ်နေလို့လား..."

သူခပ်အေးအေးလေးသာ ပြန်ဖြေ၍ ဘောဖိနပ်ကို ကြိုးဖြည်ရန် လှေကားထစ်တွင် ဝင်ထိုင်လေသည်။ မြူဇံသည်လည်း သူ့အနားသွား၍ ပိုပြီးနိမ့်နေသော လှေကားထစ်တွင်ထိုင်ချလေ၏။ လေးလေးသည် ပျော်ပျော်ရွှင်ရွှင်လိုက်လာသော မြူဇံကို နားမလည်သလို အူကြောင်ကြောင်နှင့် ငေးကြည့်နေမိ၏။

"သေချာလို့လာကိုးလ်... မင်း ဒီကလေးကို ဆေးတို့လိုက်တာလား..."

"..........."

"ဒုက္ခပါပဲ... သူ့ကိုဘာမကျေနပ်စရာရှိလို့ ဒီလိုလုပ်ရတာလဲ..."

သူသည် ဆံပင်များကိုဖြည်ချ၍ ခေါင်းစီးကြိုးလေးကို ဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်သည်။ အပြင်မသွားဖြစ်သည့် အချိန်များဆိုလျှင် သည်အတိုင်း ဆံပင်ချထားရသည်ကိုကြိုက်သည်။ အပြင်ထွက်မှ ဆံပင်များကို ကပိုကရိုစည်းသွားတတ်၏။ အရှေ့တွင် လေးလေးက သူ၏အဖြေကို ကြားချင်၍ သူ့ရဲ့လုပ်ရပ်တစ်ခုချင်းစီကို အကြည့်မလွဲမိဘဲ လိုက်ကြည့်လေ၏။

" လေးလေး ထမင်းခူးပေးလို့ရမလား..။ ဗိုက်ဆာနေပြီ..."

အပြင်ထည်အင်္ကျီအားချွတ်၍ သူ့က ရေကန်အနီးသွားပြီး မျက်နှာသစ်လေသည်။ ထို့အတူ မြူဇံသည်လည်း သူ့အနောက်ထပ်ကြပ် မခွာလိုက်၍ သူလုပ်သမျှလိုက်ကြည့်လေ၏။ လေးလေးမှာတော့ ခေါင်းခြောက်နေ၍...

"လုပ်ရက်လိုက်တာ ကိုးလ်ရာ...ကလေးတွေကို လိုက်မြူစွယ်ရသလား...။ ဒုက္ခပါပဲ..."

လေးလေးသည် သူ့အား ကြည့်၍ ရဲဆီဖုန်းပြေးဆက်ရမလိုလိုဖြစ်နေတော့၏။ သို့သော်လည်း သူပြောထားသည့်အတိုင်း အတင်းခေါ်လာသော ပုံမပေါ်ပေ။ ကောင်လေးဟာ လိုလိုလားလားနှင့် လိုက်ကပ်နေသောကြောင့် လေးလေးခေါင်းယမ်း၍ ထမင်းအသင့်ပြင်ထားတော့၏။

"မင်းလည်း သစ်မလား..."

သွားတိုက်တံကိုင်၍ သူမေးလိုက်သောအခါ ခေါင်းခါ၍ လက်ထဲရှိ သွားတိုက်တံကိုသာ သူစိုက်ကြည့်သည်။ သွားတိုက်ပြီးသည့် အထိ သူ့နံဘေးတွင်ကပ်ရပ်နေ၍ လုပ်သမျှ အမူအရာများအားလုံးကို လိုက်မှတ်နေသည်။ မြူဇံ၏ အကြည့်များဟာ စိမ်းလဲ့လဲ့ဖြင့် ရွှန်းရွှန်းစားစားရှိနေသည်။ တောက်ပနေသော ရွှေသမင်မျက်လုံးလေးများလို အစိမ်းရောင်များက မျက်ဆံအတွင်းဖက်တွင်ခြယ်သထား၏။

မျက်နှာသစ်ပြီးသည်နှင့် အိမ်ရှေ့ရှိရေကန်အနားတွင် အသင့်လှမ်းထားသော မျက်နှာသုတ်ပါဝါကိုယူ၍ သူမျက်နှာသုတ်သည်။ ထမင်းစားရန်အတွက် မီးဖိုခန်းထဲဝင်ရန်လုပ်သောအခါ သူကလိုက်မဝင်ဘဲ ရေကန်အနားတွင်သာ ပေတေတေရပ်နေ၏။ကောင်လေးကို လှည့်ကြည့်သောအခါ နူတ်ခမ်းလေးကို အနည်းငယ်ဆူထား၍ လက်ချောင်းသေးသေးဖြင့် သူ့ရဲ့သွားတိုက်တံကို ညွှန်ပြသည်။

"ဘာဖြစ်ပြန်ပြီလဲ..."

"သွားတိုက်တံ..."

သူ့အား မရဲတရဲလှမ်းကြည့်နေတာလေးက အသည်းယားဖွယ်အတိပေ။ ထိုကောင်လေး ဘာဖြစ်ချင်မှန်း သူနားမလည်။ သူနှင့်ပတ်သက်မိလျှင် ဘယ်အရာကိုမှ သူနားမလည်ခဲ့ချေ။ ယခုလည်း သွားတိုက်တံကို လက်ညှိုးထိုးပြနေပြန်သည်။ ဗိုက်ဆာသည် ပြောသည့်လူက အချိန်ဆွဲ၍ ထမင်းစားရန်ပင်မေ့နေသလား။

"ယူချင်လို့လား..."

"..........."

မျက်နှာသုတ်ပါဝါကို ပုခုံးပေါ်တွင်တင်ထား၍ သူမျက်မှောက်ကြုတ်ကာမေးတော့ ကောင်လေးက ခေါင်းခါပြသည်။ သူဘာဖြစ်ချင်လဲဆိုတာမပြောသောကြောင့် ကိုးလ်အား မေးစေချင်လို့ထင်ရ၏။

"ဘာလုပ်ဖို့လဲ... တံဆိပ်သိချင်လို့လား.."

".........."

သူခေါင်းထပ်ခါပြပါလေသည်။ မျက်ခုံးလေးအား တွန့်နိုင်သမျှတွန့်၍ သူ့ကို မျက်နှာငယ်ငယ်နှင့် မော့ကြည့်နေသော မျက်ဝန်းစိမ်းများက အရည်ကြည်တွေလဲ့နေ၏။

"ဘာဖြစ်တာလဲ...လိုချင်လို့လား...။ ဝယ်ပေးရမလား..."

သူထပ်မံခေါင်းခါ၍ လက်ညှိုးလေးသည်လည်း သွားတိုက်တံပေါ်ကမခွာ။ ခေါင်းထဲဝင်လာသော အတွေးတစ်ခုကြောင့် သူ မျက်လုံးအနည်းငယ်ပြူးသွား၍ နူတ်ခမ်းလေးကို လက်ဖြင့်တို့ထိမိ၏။

"မဟုတ်မှ... သွားတိုက်ချင်တာလား..."

ထိုအခါမှ သူကခေါင်းဆက်ဆက်ညိတ်ပြလေတော့သည်။ သူထင်ထားသည့်အတိုင်းပင် ကောင်လေးက ထပ်ပြီးအရစ်ရှည်နေဦးမည် သိသောကြောင့် လေးလေးရှိရာ မီးဖိုခန်းကို ဝေ့ကြည့်၍....

"လေးလေး..."

"ဟေ...ဘာလဲ..."

"သွားတိုက်တံအပိုရှိလား.."

"မရှိဘူး... သွားတိုက်တံအပိုဆောင်မထားဘူး..."

"ကဲ မရှိဘူးတဲ့... မင်းမျက်နှာသစ်လာပြီးပြီမဟုတ်လား..."

ပြောင်လင်းနေသော မျက်နှာလေးက ထိရက်စရာမရှိ ချောမွတ်နေသည်ကိုကြည့်လျှင် မျက်နှာသစ်လာပြီးသည်နှင့် တူပါသည်။ အနားကပ်ကြည့်မှ ပန်းရောင်သန်းသွားသော ပါးမို့မို့လေးကို ထင်းခနဲ ရှင်းရှင်းလင်းလင်းမြင်တွေ့ရ၏။ မဟုတ်မှ သူတစ်ခုခုများ လိမ်းခြယ်ထားသလား၊ နူးနူးညံ့ညံ့နှင့် စွဲဆောင်မှုရှိသော အနံ့သင်းသင်းများကလည်း သူ၏ နှာဖျားထိပ်တွင် ဝေ့ပျံကျီစယ်သွားသည်။ ထိုအနံ့လေးက ထူခြား၍ တစ်စုံတစ်ခုအား စွဲလမ်းစေသော အနံ့အသက်မျိုးဟု သူခံစားမိ၏။

"ကြည့်ရတာလဲ မင်းတစ်ခုခုလိမ်းထားသလိုပဲ..။ မျက်နှာသစ်ပြီးရင် သွားလည်းတိုက်လာမှာ..."

မျက်နှာသုတ်ပါဝါကို လှန်းကြိုးပေါ်တွင်ပစ်တင်ထား၍ မီးဖိုခန်းသို့ သူခပ်တည်တည်သာသွားသည်။ မီးဖိုတံခါးဝရောက်မှ ကိုးလ်လှည့်ကြည့်လိုက်သောအခါ သူက ရေကန်ဘေးတွင်သာရပ်နေတုန်းပေ။

"ဘာလုပ်နေတာလဲ... မလာဘူးလား.."

"..........."

သူ့ရဲ့စကားသံကြောင့် ကောင်လေးကတစ်ချက်လှည့်ကြည့်၍ ငြိမ်နေ၏။ ခက်တော့ခက်ပြီ ဒီတစ်နေ့လုံး သူကိုရစ်ရန်ရှိနေမည်ထင်ရ၏။ ကိုးလ် စိတ်လျှော့၊ စိတ်လျှော့ သူက စိတ်ရောဂါသည်။ သူက သက်ပြင်းများကိုချရန်ပင် စိတ်မရှည်သော်လည်း သူ့ကိုပြန်သွားခေါ်ရသည်။

"ဘာရပ်လုပ်နေတာလဲ..."

"သား...သွား..သွားတိုက်ချင်တယ်..."

"သွားတိုက်တံအပိုမရှိဘူး..."

"သား...ဒါလေးနဲ့..."

"ဟမ်... အဲ့တာနဲ့မတိုက်ရဘူး..။ ပိုင်ရှင်ရှိတယ်။ တိုက်ချင်ရင် မင်းအိမ်ရောက်မှတိုက်..."

"အခု..တိုက်မယ် မလိုချင်ဘူး မောင့်သွားတိုက်တံနဲ့တိုက်ချင်တယ်..."

"ဟ... စားပြီ မင်းတော့..."

ဆံပင်များကို ဖွပစ်၍ ကိုးလ်သူ့ကို ထပ်ပြီးစိတ်ရှည်ရှည်ထား၍ မပြောချင်တော့။ ဘာကြောင့် သူ့ကို သည်းခံနေရသနည်း ကိုးလ်လည်းမသိ။ သေချာတာတစ်ခုက စိတ်ရောဂါသည်ဆိုသည့် အသိကြောင့် ကိုးလ်သည်းခံပေးနေ၍ ဖြစ်ပါလိမ့်မည်။ ကိုယ့်စိတ်ကို ကိုယ်အသိဆုံးဖြစ်သောကြောင့် သူ့နေရာမှာ တစ်ခြားလူသာဖြစ်ခဲ့မည်ဆိုလျှင် ယခုလိုမျိုး ကိုးလ်စိတ်ရှည်ပေးနိုင်မည် မဟုတ်ပါ။

"မင်းကို ကုသပေးတဲ့ ဆရာဝန်တွေက ဘာမှမပြောဘူးလား..."

".............."

"သူများသွားတိုက်တံနဲ့ သွားတိုက်ရင် ရောဂါပိုးတွေကူးသွားတယ်မဆိုတာ မင်းမသိဘူးလား..."

"မသိပါဘူးဆို...အခုသားလိုချင်တာ ဒီအတံနဲ့ သွားတိုက်ရဖို့ပဲ..."

"ဟာကွာ... မင်းဟာမင်း ဘယ်အတံနဲ့ပဲတိုက်တိုက် ငါ့သွားတိုက်တံကိုတော့ မျှမသုံးနိုင်ဘူး..."

"အဟင့်...ဟင့်..."

ကိုးလ်အသံကျယ်သွားသောကြောင့် သူအသံထွက်အောင်ငိုချလေသည်။ မဟုတ်လျှင်လည်း သူအစကတည်းက ငိုရန်ပြင်နေသောပုံဖြစ်နေ၏။ မြူဇံ၏ ငိုသံကြားသောကြောင့် လေးလေးကလည်း မီးဖိုခန်းက ကမန်းကတန်းထွက်လာ၍....

"ဟာ..ကိုးလ် ဘာလို့ကလေးကို အော်နေရတာလဲ.."

"မသိဘူးကွာ... သွားတိုက်တံတောင်းနေလို့..."

"ဟင့်..ဟင့်.."

"တောင်းရင် ပေးလိုက်ပေါ့ နောက်မှ အသစ်ထပ်ဝယ်လိုက်ပါ။ သွားတိုက်တံတစ်ခုက စျေးများတာမှမဟုတ်တာ..."

လေးလေးက ပွစိပွစိရွတ်နေသောကြောင့် သွားတိုက်တံယူ၍ သူ့လက်ထဲထည့်ပေးလိုက်သည်။ ကိုးလ်ဟာ ကျောအပူခံနိုင်ပေမယ့် နားအပူတော့မခံနိုင်။ ယူမပေးလျှင်လည်း သကောင့်သားက အငိုတိတ်ရန်ကိန်းမရှိ။

"ယူသွား...မင်းဘာသာ သွားပဲတိုက်တိုက် ဘာပဲလုပ်လုပ် စိတ်ကြိုက်သာလုပ်တော့..."

"အဟင့်... မောင်တကယ်ပြောတာနော်...နောက်မှ မဆူနဲ့...ဟင့်..."

"........."

စိတ်တိုတိုဖြင့် မြူဇံအားကြည့်၍ သူမီးဖိုခန်းသို့ ခြေလှမ်းကျဲကျဲဖြင့် လှည့်ထွက်သွားသည်။ ထိုအခါ လေးလေးသည် မောင်ဆိုသော အသုံးအနှုန်းကို နားမလည်ဘဲ စဥ်းစားနေကာ မြူဇံနှင့်အတူ ကျန်ခဲ့လေသည်။

"သား သွားတိုက်မလို့လား...။ ကိုးလ်ကို မရွံဘူးလား.."

"ဟုတ် ဖိုးဖိုးကြီး...ဟိုဟာလေး ထည့်ပေးပါ..."

"ဟမ်... ဘယ်ဟာလဲ..."

"အစိမ်းရောင်နဲ့...အပေါ်မှာရှိတဲ့ဟာ..."

လေးလေးလည်း သူ့စကားကြောင်သွား၍ လက်ညှိုးထိုးပြမှ သွားတိုက်ဆေးထည့်ခိုင်းမှန်း သိရတော့၏။ လေးလေးနှင့် ကိုးလ်က အကြိုက်မတူသောကြောင့် ကိုးလ်က သွားတိုက်ဆေး အစိမ်းရောင်လေးကိုသပ်သပ်သုံးသည်။ ထိုအခါ လေးလေးသည် ကိုးလ်၏ သွားတိုက်ဆေးဗူးအားယူ၍ ထည့်ပေးသည်။

"ရပြီ..."

သွားတိုက်ရမည့်သူက ဝမ်းသာနေ၍ မျက်နှာများပြုံးဖြီးသွားသည်။ လေးလေးလည်း မီးဖိုခန်းထဲရှိ အလုပ်များကို သွားလုပ်တော့၏။ မြူဇံသည် သွားတိုက်ပြီး၍ သူရှိသော မီးဖိုခန်းထဲသို့ မခေါ်ဘဲ ဝင်ထိုင်သည်။ လေးလေးအသင့်ပြင်ပေးထားသော မနက်စာလေးကို မစားဘဲ အထူးအဆန်းကြည့်နေသေးသည်။

မြူဇံ့ကိုမြင်လိုက်သည်နှင့် မျက်လုံးစူးနေသော ဆူးလို သူ့အတွက် အရမ်းအနှောင့်အယှက်ဖြစ်ရသည်။ ပြီးတော့ သူနှင့် အတူရှိနေလျှင် ကိုးလ်ဟာ စကားများလွန်းသည့် အဖွားကြီးလိုလိုဖြစ်နေရ၏။ သည်လိုစကားအများကြီး မပြောချင် စကားပြောရမှာ သူပျင်းသည်။

"မစားဘူးလား....။ မစားရင်ပြန်မယ်..."

ကိုးလ်သတိပေးလိုက်မှ ဇွန်းကိုကောက်ခနဲယူ၍ ထမင်းကြော်လေးကိုပါးစပ်ထဲထည့်လိုက်သည်။ အရသာတွေ့သွားသောကြောင့် ထမင်းကြော်လေးက ခဏလေးနှင့် ကုန်သွား၏။ အရံဟင်းများကို မစားဘဲ ထမင်းကြော်လေးကိုသာ ကောင်လေးကပြောင်နေအောင်စားသည်။

"ဒါဘာလဲ..."

ထမင်းကြော်အကုန်လုံးစားပြီမှ မြူဇံထမေးလေတော့ သူကရေမော့သောက်ရင်း တန်းလန်းကြီးနှင့် သီသွား၍ နှာခေါင်ထဲ ရေများထွက်ကျသွား၏။ ငရုတ်သီးကြောင့် ခေါင်းတစ်ခုလုံးကျဥ်သွားကာ မြူဇံအား စိတ်မရှည်စွာ ဝေ့ကြည့်လိုက်လေသည်။ သို့သော်သူ့အား အူတူတူပြန်ကြည့်နေသော ကောင်လေးကို မှုန်ဝါးဝါးလေးသာမြင်ရ၏။

ရေသီသွားသောကြောင့် ငရုတ်အစပ်များက နှာခေါင်းထဲရောက်သွား၍ မျက်ရည်များဝေ့သီလာသည်။ ထိုကောင်လေးကိုလည်း စိတ်များတို၍ တစ်စစီဆွဲဆုပ်ပစ်ချင်ပါလျက်နှင့် ကောင်လေးက တမင်လုပ်နေခြင်းမဟုတ်။ ပြီးတော့ ဘေးတွင်ပွစိပွစိလုပ်ရန် အသင့်စောင့်နေသော လေးလေးရှိနေသောကြောင့် သူလည်း နားရင်းကိုသာဖိထား၍ သူ့ကို စူးစိုက်ကြည့်လေ၏။

"မင်းမသိလို့မေးတာလား..."

"တစ်ခါမှ မစားဖူးလို့..."

တစ်ခါမှမစားဖူးလို့တဲ့...။မြူဇံက ဘာများစားသလဲ သူအရမ်းစိတ်ဝင်စားသွားမည် မထင်နှင့် အရူးကအရူးပါပဲဟုသာ သူတွေး၍ ထမင်းဆက်စားဖြစ်သည်။ ထို့နောက်တွင် သူ၏အကြောင်း သိသောကြောင့် လေးလေးကသာ မြူဇံ့အားအပြင်ခေါ်ထုတ်သွားသည်။

××××××××××××××××××××××××××××

လင်းထက်နိုင်တို့အုပ်စုသည် ထင်းရှူးတောထဲပတ်ရှာ၍ အချိန်ကုန်လူပန်းကျနေလေပြီ။ သို့သော်လည်း မြူဇံမပြောနှင့် မြူဇံနှင့်တူသော အရိပ်ကလေးတောင်မမြင်ရသေးပေ။ နာရီဝက်လောက် မြူဇံအားရှာ၍ မတွေ့တော့ အကုန်လက်လျှော့၍ ပြန်သွားကြသည်။

"ပြန်ကြမယ်... ဒီရက်မသေလည်း နောက်ရက်ရှိပါသေးတယ်..."

လင်းထက်နိုင်သည် သူ၏လူများကိုပြန်ခေါ်၍ လှည့်ထွက်ရန်ပြင်သောအခါ အိမ်အိုကြီးတစ်လုံးကို လှမ်းမြင်လိုက်သည်။ မီးခိုးများလည်း ထွက်နေသောကြောင့် ထိုအိမ်တွင် သေချာပေါက်လူရှိနေလိမ့်မည်။ အိမ်အရှေ့တွင် လူအရိပ်လေး မြင့်တွေ့ရသော်လည်း ရှင်းရှင်းလင်းလင်းကြီးမဟုတ်။ အကယ်၍ မြူဇံလည်း ထိုနေရာတွင်ရှိနေမည်လား။ သိချင်သောကြောင့် လင်းထက်နိုင် အရှေ့ဆက်သွားသည်။

နည်းနည်းထပ်သွားလျှင် အရိပ်ကြီးနှစ်ခုကို သေချာမြင်ရမည်ဖြစ်သောကြောင့် လင်းထက်နိုင်သည် ခါးကြားက သေနတ်ကိုပင် အသင့်ထုတ်ယူထား၏။ အရှေ့တွင် သေသေချာချာမြင်တွေ့ရသော ဦးလေးကြီးတစ်ယောက်နှင့် ထိုဦးလေးကြီး ကွယ်ထားသောလူတစ်ယောက်။ ထိုဦးလေးကြီးသာ အနည်းငယ်နေရာရွှေ့ပေးလျှင် မြူဇံဟုတ်မဟုတ် လင်းထက်နိုင်မြင်ရမည်။

"နည်းနည်းလေးတောင် မရွေ့ပေးဘူးလား...။ "

လင်းထက်နိုင်သည် သေနတ်မောင်းခလုတ်လေးကိုဆွဲ၍ အသင့်ချိန်ထား၏။ ထိုလူကြီးနေရာအနည်းငယ်ရွှေ့ပေးလျှင် ပစ်ရန်အသင့်ဖြစ်နေပြီ။

"လင်းထက်နိုင်... သူများကို ပစ်မလို့လား...။ မလုပ်နဲ့ သူက ဒီတောရဲ့ပိုင်ရှင်..."

အနောက်က အသံလေးကသူမှန်းသိနေသောကြောင့် လင်းထက်နိုင် သေနတ်လေးအားချလိုက်သည်။ အိမ်အိုကြီးဆီကို တစ်ချက်ဝေ့ကြည့်၍ သူ့အနောက်သို့လိုက်ပါလာ၏။

"ဟိုအိမ်ထဲမှာ ရှိရင်လည်းရှိနိုင်တယ်မလား...။ သွားကြည့်ရအောင်..."

"အေးဆေးပဲလုပ်ပါ အရမ်းကြီးမလောပါနဲ့... ဒီရက်ရာသီဥတုမပြောနဲ့ လေတောင်မှ မင်းဘက်မှာမရှိဘူး..."

သူခပ်ပြတ်ပြတ်ပြော၍ ကားဆီသို့ဦးတည်သွားလေတော့၏။ လင်းထက်နိုင်သည် သူ့အနောက်ဆက်လိုက်ရမလိုလိုနှင့် ထိုနေရာတွင်သာကျန်နေခဲ့သည်။ စိတ်မလုံသောကြောင့် အိမ်အိုကြီးကို ဝေ့ကြည့်လိုက်သောအခါ မိမိအား ခပ်တည်တည်ကြီး ကြည့်လာသော လူတစ်ယောက်ကြောင့် သူ လန့်သွား၍ အမြန်ထွက်လာခဲ့၏။

မြူဇံက ထိုအိမ်မှာရှိမနေနိုင်။ တွေ့သည့်လူနှစ်ယောက်က ဦးလေးကြီးနှင့် မိမိအား အေးစက်စက်ကြီးရပ်ကြည့်နေသော ထိုလူလေးသာရှိသည်။ ထိုသို့တွေး၍ လင်းထက်နိုင် ကားထဲဝင်ထိုင်လိုက်သည်။

"မင်း အရမ်းညံ့တယ်..."

"ဘာ!..."

"အခုပဲကြည့် မင်းတောလိုက်ထွက်ပေမယ့် သားကောင်မရဘူး...အဲ့တာမင်းညံ့လို့မဟုတ်ရင် ဘာလဲ..."

"တောက်!... အဖျက်သမားတွေရှိလို့..နောက်တစ်ခါကျရင် မင်းပြောနေစရာတောင်မလိုဘူး အသေသတ်ပစ်မယ်..."

"တောလိုက်မုဆိုးတွေတိုင်း သူတို့သားကောင်ကို ဖြတ်လုသွားတဲ့သူရှိတာပဲ...မင်းလည်း မအောင်မြင်ခဲ့ဘူး..."

သူသည် လင်းထက်နိုင်အားထိုသို့ စကားနိုင်ထိုး၍ မခံမရပ်ဖြစ်လာအောင် ဆွပေးနေ၏။ လင်းထက်နိုင် လက်သီးဆုပ်၍ ခံပြင်းနေသည်ကိုကြည့်၍ သူနူတ်ခမ်းတစ်ဖက်မဲ့၍ ပြုံးလိုက်သည်။ ထို့နောက် လင်းထက်နိုင်၏ လက်ထဲသို့ စိတ်ကြွဆေးတစ်ချို့ထည့်ပေး၍ ....

"ဒါလေးနဲ့ အားပြန်ဖြည့်ထား နောက်တစ်ခါ သူ့ကိုတွေ့တာနဲ့ တန်းပြီးခုန်အုပ်လို့ရတဲ့ ခွန်အားတွေရလာမယ်..."

"အခုမသောက်တော့ဘူး... ညနေကျရင် ဘိုးတော်ကိုသွားတွေ့ရဦးမယ်.."

လင်းထက်နိုင်သည် သူထည့်ပေးသော စိတ်ကြွဆေးများကို သူ့လက်ထဲပြန်ထည့်၍ ပြောသည့်အခါသူက...

"အခုမသောက်လည်း အသင့်ဖြစ်အောင်ဆောင်ထား...အသုံးဝင်တယ်..ယူပါ..ဒါလေးသောက်ရင် ခွန်အားတွေရလာမှာ..."

လင်းထက်နိုင်ငြင်းသော်လည်း အိတ်ကပ်ထဲအတင်းထိုးထည့်သောကြောင့် လက်ခံရသည်။ ထိုမှတစ်ဆင့် မြို့ထဲသို့ပြန်ဝင်ကြ၍ ညနေကျလျှင် ဦးဇံလင်းနှင့်တွေ့ရန်ပြင်ဆင်နေကြ၏။

××××××××××××××××××××××××××××

မြူဇံမီးဖိုခန်းထဲဝင်လာသည်နှင့်သူပြင်ထွက်လာခဲ့သည်။ ခဏကြာသောအခါ လေးလေးက မြူဇံ့ကိုသွားကြည့်၍ ....

"ရှာမတွေ့ဘူးလား ကလေး..."

"တွေ့ပြီ ဖိုးဖိုးကြီး..."

မြူဇံသည် ယုန်ဖြူလေးအား ပြန်ပွေ့ယူ၍ လေးလေးအားပြောလေသည်။ ထိုအခါ မြူဇံက ရေထပ်ဆာလာသည်ပြော၍ လေးလေးက သစ်သီးဖျော်ရည်လုပ်ပေးလိုက်၏။

သူသည် ခပ်လှမ်းလှမ်းက ထင်ရှူးထဲတွင် တစ်စုံတစ်ယောက်က မိမိတို့အိမ်လေးကို ချောင်းနေသည့်လူကြောင့် မယုံသင်္ကာဖြစ်ကာ ထိုလူအား သူစူးစိုက်ကြည့်လေသည်။ ခဏကြာသောအခါ ထိုလူလည်း လက်ထဲက သေနတ်ဟုထင်ရသော အရာတစ်ခုကို ခါးကြားထဲပြန်ထိုးထည့်၍ ထွက်သွားသည်။ ထိုအခါ ကိုးလ်လည်းမယုံသင်္ကာဖြစ်၍ လိုက်ဖို့ပြင်သော်လည်း လေးလေးနှင့်မြူဇံထွက်လာသောကြောင့် ဆက်မလိုက်ဖြစ်တော့ပေ။

"ကိုးလ် ကလေးကိုပြန်ပို့မယ်ဆို..."

လေးလေးက မြူဇံ့ကို ခေါ်၍ ကိသူ့အားပြောလေသည်။ မြူဇံက လေးလေးကို ဘာတွေပြောပြ၍ လေးလေးက သူ့ကို ဆက်မဆူတော့မှန်းမသိသော်လည်း ပွစိပွစိထပ်မလုပ်သောကြောင့် သူ့ကိုကျေးဇူးတင်မိသည်။

ထို့နောက်တွင် ယုန်ဖြူလေးကိုပိုက်လျက် သူ့အနောက်လိုက်လာသော မြူဇံကိုကြည့်၍ လေးလေးမီးဖိုခန်းထဲပြန်ဝင်သည်။ တစ်ခြားလူနှင့် မတူဘဲ ကိုးလ်အားအတင်းလိုက်ကပ်နေသော ထိုကလေးကို လေးလေးအံ့အားသင့်မိသည်။ ပုံမှန်ဆို ကိုးလ်ဟာ တစ်ဖက်သားလူကို ဥပက္ခာပြုထားတတ်သော်လည်း ထိုကလေးကိုတော့ ကိုးလ်ဂရုစိုက်နေသည်ကို လေးလေးမြင်တွေ့နေရ၏။

တစ်မနက်လုံး ရှုပ်ထား၍ ယခုကျတော့သူမဟုတ်သည့်အတိုင်း ကိုးလ်အနောက်က ခုန်ဆွခုန်ဆွနှင့် လိုက်ပါလေ၍ ပျော်နေသည်။ သူ့နူတ်ဖျားထက်တွင်လည်း ဘာသီချင်းများညဥ်းဆိုနေမှန်းလည်း သူနားမလည်။

"မင်း တိတ်တိတ်လေးလိုက်ခဲ့လို့မရဘူးလား..."

".............."

ကိုးလ်ရုတ်တရက်လှည့်လာပြီး ငေါက်လိုက်သောအခါ သူလန့်သွား၍ နောက်ဆုတ်မိသွားသည်။ ထိုအခါကျတော့လည်း သူ့ကိုကြည့်၍ ကိုးလ်သနားမိပြန်သည်။သူ့ဟာ သူပျော်နေသည့်ဟာကို ကိုးလ်ငေါက်လိုက်မှ လန့်သွား၍ ကြောက်သွားဟန်တူ၏။

"တိတ်တိတ်လေးလိုက်ခဲ့လို့ မရဘူးလား"

"..........."

ထိုအခါ သူကနူတ်ခမ်းလေးကိုလက်ဖြင့် အုပ်ထား၍ တိတ်တိတ်လေးလိုက်လာခဲ့သည်။ ထင်းရှူးတောကိုဖြတ်ပြီးသည့်အထိ သူစကားတစ်ခွန်းမှမဟ။ လမ်းလျှောက်လျှင်တောင် သစ်ကိုင်းများတက်နင်းမှာဆိုး၍ ကျော်ခွပြီးသွားတော့ သူရယ်ချင်မိသွားသည်။ အသံမထွက်နှင့်ဟုပြောတော့ သူအသံလေးပင်မထွက်ချေ။

လမ်းမကြီးရောက်မှ သစ်ကိုင်းများမရှိတော့သောအခါ သူပေါ့ပေါ့ပါးပါးနှင့် ခုန်ဆွ ခုန်ဆွလိုက်လာပြန်၏။ သူ့လက်ထဲက ယုန်ဖြူလေးကိုပင်အားမနာဘဲ ခုန်နေတော့၏။ ယုန်လေးတောင် သူ့လောက်မခုန်နိုင်။

"မောင်..."

အနောက်ကနေလိုက်၍ ကိုးလ်၏လက်မောင်းကို မထိတထိကပ်သည်။ သူ့ရဲ့ခေါ်သံကြားတော့ ကိုးလ်လှည့်ကြည့်လေသောအခါ သူနူတ်ခမ်းလေးဆူကာ တစ်ခုခုပြောချင်နေ၏။

"ဘာလဲ... ဘာပြောမလဲ စကားကိုဒီမှာကုန်အောင်ပြော.."

"ဟွန့်...စကားက ဘယ်လိုကုန်အောင်ပြောမလဲ...။ အစားကိုကုန်အောင်စား.. စကားကိုကုန်အောင်မပြောနဲ့တဲ့..."

"ရှည်ကိုရှည်လွန်းတယ်..ပြော"

"ဟိုလေး... လူတွေက ရေဗူးတစ်ဗူးထဲ အတူသောက်ရင် အဲ့တာဘယ်လိုပြောရမလဲ..."

ပေါက်ကရတွေမေးနေသော်လည်း ကိုးလ်ခဏစဥ်းစားကြည့်၏။ ထိုအခါမှ ...

"ရေအတူသောက်တာပေါ့..."

"မဟုတ်ဘူး ဗူးတစ်နေရာထဲကိုမှ နှစ်ယောက်သောက်ပြီး နူတ်ခမ်းချင်းထိမိတာကိုလေး...ဘယ်လိုပြောရမလဲ..."

"ညစ်ပတ်လို့မလား..."

"မဟုတ်ဘူး...အဲ့တာကို သွယ်ဝိုက်အနမ်းလို့ခေါ်တယ်..."

ပေါက်ကရတွေကို ကိုးလ်လက်မခံသော်လည်း ခေါင်းလေးမသိမသာညိတ်မိ၏။ သူပြောနေသည်ကို ကိုးလ်မငြင်းချင်ပါ တစ်ချို့ရုပ်ရှင်ထဲတွင် ထိုသို့ပြောသည်ကို သူတွေ့ဖူး၏။

"အဲ့တာက ရိုးရိုးအနမ်းလေးပေါ့နော်..."

"ဘာလဲ မင်းဟာက ဆန်းဆန်းအနမ်းရှိသေးလို့လား.."

"ရှိတာပေါ့..စာအုပ်ထဲမှာ ကျွန်တော်ဖတ်ဖူးတယ်...။ တကယ်ချစ်ရင်တဲ့ သူ့ချစ်သူရဲ့ ဘယ်အရာကိုမှ မစက်ဆုပ်တတ်ဘူးတဲ့..ဒါကြောင့် မနက်က စမ်းကြည့်တာ..."

"................."

ပေါက်ကရများဆိုပြီး ကိုးလ်က မျက်နှာကို အရှေ့တည့်တည့်ပြန်လှည့်၍ ခပ်တည်တည်သာလျှောက်လိုက်သည်။ ထို့နောက် မြူဇံထပ်ပြီးလျှာရှည်မည်သိ၍ အိတ်ကပ်ထဲက စီးကရက်လိပ်ကို ထုတ်ယူပြီး ဖွာရှိုက်လိုက်၏။

"မောင်နဲ့ သားကြားမှာ ပထမဆုံးအနမ်းဖြစ်သွားပြီ..."

"ဘာ!...အဟွတ်...ဟွတ်..."

ဘာအရိုးမှမရှိသော စီးကရက်ငွေ့တောင်မှ သူ၏စကားကြားလိုက်သောအခါ ကိုးလ်လည်ချောင်းထဲတွင်အလုံးလိုက်သီသွား၏။ ရူးနေသည်၊ ရူးနေသည်။ "အရူးထောင်ထဲဘာကြောင့်မပို့တာလဲ ဒီအတိုင်းလွတ်ထားရတာလဲ"ဟု ကိုးလ်စဥ်းစားစရာဖြစ်သွား၏။ အရူးကအရူးပဲကို ဘာကြောင့်ဒီလိုစကားမျိုးတတ်သလဲ...။

"မင်း ပြန်ပြောလိုက်စမ်း.."

"မောင်နဲ့သား ပထမဆုံးအနမ်းရှိသွားပြီ.."

"နေ..နေပါဦး မင်းကိုငါဘယ်တုန်းက နမ်းလိုက်လို့လဲ..ဘယ်..ဘယ်အချိန်တုန်းကလဲ..ပြော..ပြောစမ်း.."

ကိုးလ်သည် အံကိုကြိတ်၍ မျက်လုံးမှိတ်ချပစ်သည်။ သူ့ကြောင့် ကိုးလ်အရူးထောင်ထဲအရင်ရောက်ရလိမ့်မည်။

"မောင်သေချာမသိဘူးလာ..."

"ပြော..ဘယ်တုန်းကလဲ မင်းမဟုတ်တာတွေမစွတ်စွဲနဲ့.."

"မနက်တုန်းက သွားတိုက်တံတစ်ချောင်းထဲအတူတိုက်တာ အဲ့တာသွယ်ဝိုက် ဆန်းဆန်းပြားပြားအနမ်းဆိုမှ..."

"သေလိုက်ပါတော့လား"ဟု ကိုးလ်သည် ကိုယ့်နဖူးကိုသာရိုက်ချ၍ သူ့ကိုစိတ်ပျက်စွာမျက်နှာလွဲလိုက်သည်။ ကိုးလ်က သူစိတ်ချမ်းသာအောင် မိမိ၏သွားတိုက်တံပေးလိုက်သော်လည်း သူကတော့သည်လိုမရိုးမသားကြံစည်နေလေရဲ့။ သည်လောက်ကဗျာဆန်တတ်လျှင်လည်း စာရေးဆရာလုပ်လိုက်ပါတော့လား...။

"မင်း နူတ်ခမ်းနဲ့ ငါ့နူတ်ခမ်း မထိဘူးလေး အရူးကွက်တွေလာနင်းမနေနဲ့..သွက်သွက်ခါ..."

"သွက်သွက်ခါရင်လည်း မောင့်ကြောင့်ဆိုတာ။ ဘာဖြစ်ဖြစ်အဲ့တာက အနမ်းပဲ သွားတိုက်တံကိုတောင် ယူထားတယ်။ မနက်တိုင်း၊ညတိုင်း မောင်နဲ့အနမ်းပေးမယ်..."

"ဘာ! မင်းကို...ဟင်း ငါလုပ်မိတော့မယ်"

အိတ်ကပ်ထဲက သွားတိုက်တံလေးကို ထုတ်ယူ၍ သူနူတ်ခမ်းဆူကာ ကိုးလ်အားမကျေနပ်စွာပြောသည်။ ယခုတစ်ခါက သူရူးနေတာမဟုတ်ဘဲ ကိုးလ်ပါရူးချင်လာ၏။

"နူတ်ခမ်းချင်းမထိရင် အနမ်းမဟုတ်ဘူး..ဟက်! ပြီးတော့မင်းလို သွက်သွက်ခါပြီးရူးနေတဲ့ ယောင်္ကျားလေးတစ်ယောက်ကို ငါစိတ်ကူးထဲမပြောနဲ့ ငါ့အိပ်မက်ထဲတောင် လာခွင့်မပေးဘူး..."

"ဘာဖြစ်ဖြစ် အနမ်းပဲ.."

"ဒီမှာ!.."

သူလည်းအလျှော့မပေးဘဲ အပိုင်တွက်နေသောကြောင့် ကိုးလ်စိတ်မရှည်တော့ပေ။

"အနမ်းဆိုတာက နူတ်ခမ်းချင်းထိမှ အနမ်းလို့ခေါ်တာ...မင်းပေါက်ကရတွေနဲ့ ငါ့ကိုမစွတ်စွဲနဲ့..."

"နူတ်ခမ်းထိမှ အနမ်းလား.."

"ဟုတ်တယ်.."

ကိုးလ်စိတ်ပျက်ပျက်ဖြင့်ပြော၍ ဆံပင်များကိုဖွပစ်လိုက်သည်။ တွေ့လိုက်တိုင်း စိတ်ဒုက္ခအမျိုးမျိုးပေးနိုင်လွန်းသောသူပေ။

"မောင်.."

"ဘာလဲ..ဘာလဲ..ထပ်ပြီးတော့ဘာလဲ..."

ကိုးလ်သည် လျှာဖျားကိုနူတ်ခမ်းအတွင်းဘက်တွင်ထိုး၍ သူ့အားဒေါသထွက်လာသည်။ သို့သော်လည်း ချောမောလွန်းသော ရုပ်ကြောင့် မြူဇံ့အတွက် ကြည့်ကောင်းနေ၏။

"ပန်းလေးတွေခူးပေး.."

"မင်းက မိန်းကလေးလား.."

"မောင်မရှည်ပါနဲ့ ခူးပေးပါဆို..."

"အောင်မလေဗျာ"ဟုသာ အဖွားကြီးလိုတလိုက်ရ။ သူ့ကိုပြောရမည့်စကားကို ကိုယ့်ကိုယ်အရင်လာပြောသောအခါ ကိုးလ်ခံပြင်းသွား၏။ ကိုးလ်သူနှင့် စကားနိုင်လုမပြောချင်သောကြောင့် လမ်းဘေးက နေကြာပန်းရိုင်းအားခူးရန်လုပ်သောအခါ...

"အဲ့ပန်းမဟုတ်ဘူး..ချယ်ရီပန်း.."

ချယ်ရီပင်များက မြင့်လွန်းသောကြောင့် ကိုးလ်၏အရပ်နှင့်လည်းမမီပေ။ အရှေ့တွင်ရှိသောအပင်လေးက ကိုးလ်အရပ်နှင့်ခူးလျှင် မီသောကြောင့် သွားခူးပေးရန်လုပ်သည့်အခါ...

"ဒီအပင်ပဲခူးပေး ဟိုအပင်မကြိုက်ဘူး"

အထပ်တစ်ရာအရစ်လေးက စတင် ရစ်လာပါလေတော့သည်။ ချယ်ရီပင်ချင်းအတူတူ လာပြီးခွဲခြားနေသေး၏။ အင်းပေါ့လေး သူ့မိဘများလည်း လူချင်းတူတာတောင် အဆင့်အတန်းလာခွဲခြားသေးတာပဲဆို၍ ကိုးလ်အပင်ပေါ်တက်ရန်ပြင်လေသည်။ သူနှင့်ပတ်သက်လျှင် ဘာကြောင့်ကိုးလ်ကပဲ အလျှော့ပေးနေရလဲမသိတော့။

"မတက်နဲ့ "

"..........."

"သား ခူးမယ်.."

သူပြော၍ ကိုးလ်အားချီခိုင်းတော့၏ ။ မိမိညီလေး၊ သားလေးလည်းမဟုတ်ဘဲနှင့် သူ့အားချီပေးရဦးမည်။ "နေပါစေတော့ ကိုးလ်ပါ၊ တစ်ကိုးလ်ထဲရှိတာ စိတ်မရှည်တတ်ဘူး" ထိုသို့ပြောနေသော်လည်း သူ၏ခါးလေးကို မ,ချီ၍ အပွင့်နားမြောက်ပေးလိုက်၏။ သူကအပေါ်ရောက်သွားသောအခါ ပျော်နေ၍ ပန်းများမခူးဘဲ ကိုးလ်အားငုံ့ကြည့်လေ၏။

"မြန်မြန်ခူး... ဒီမှာမြောက်ပေးရတာစိတ်မရှည်တော့ဘူး..."

မြူဇံဟာ ပန်းများကိုမကြည့်ဘဲ သူ့ကိုသာ ငုံ့ကြည့်၍ ပြုံးနေပြီးလက်နှစ်ဖက်ကိုမြောက်ကာ သူ၏မျက်နှာကို အုပ်ကိုင်လေသည်။ ပြီးနောက် တည်တင်းသော နူတ်ခမ်းစွေးစွေးလေးကို ငုံ့၍ နူတ်ခမ်းလေးဖြင့် ဖိကပ်လိုက်၏။ ကိုးလ်သည်လည်း နူးညံ့အိစက်နေသော နူတ်ခမ်းလေး၏ လှုပ်ရှားမှုအောက်တွင် သွေးကြောများပြောင်းပြန်စီးကျကုန်သောခံစားချက်ဖြင့် မျက်လုံးများပြူးပြဲကာ မှင်သက်နေ၍ အသက်ပင်ရှူရန်မေ့နေ၏။

သူ့ခါးလေးကိုင်ထားသောလက်များလည်း တုန်ယင်လာသည်။ လေထု၏ အခြေအနေဟာလည်း ပူလိုက်အေးလိုက်နှင့် အပူလိုင်းများဖြတ်သန်းသွားသလို၊ ကြွေကျလာသောပန်းလေးများလည်း ထိုအခိုက်တွင် ချက်ချင်းရပ်တန့်သွားသလို၊ ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွား၍ ဒုန်..ဒုန်..ဆိုတဲ့ အသံကိုပဲ ကျယ်လောင်စွာ ကြားနေရသည်။

ဘဝတစ်လျှောက်လုံး ပထမဆုံး ခံစားဖူးသော ခံစားမှုဖြင့် သူ့နူတ်ခမ်းများလှုပ်ရှားမှုအောက် ကိုးလ်ငြိမ်သက်နေလျက် တောင့်တောင့်ကြီးရပ်နေ၏။ နူးညံ့လွန်းသော ထိုအရာလေးက ကိုးလ်အား မှင်သက်စေသည်။ ဒူးဆစ်များလည်းမခိုင်ချင်တော့၍ ထိုနေရာတွင်သာ ထိုင်ကျသွားသည်။

ဘုပ်!

"အာ့..."

သူ့ခါးကိုလည်း ရုတ်တရက်လွတ်ချလိုက်သောအခါ သူလည်းလမ်းမထက်တွင် ဖင်ထိုင်ကျသွားသည်။ ကိုးလ်က ဘာကိုမှသတိမထားမိဘဲ ငူငူကြီးငိုင်နေတော့၏။

"ဟင့်..နာလိုက်တာ... စိတ်ဆိုးရင်လည်းမတတ်နိုင်ဘူးဗျာ...။ နူတ်ခမ်းချင်းထိမှ အနမ်းဆိုလို့ နမ်းလိုက်တာ..."

အသံစူးစူးဖြင့် သူထပြောသောကြောင့် ကိုးလ်သတိဝင်လာ၍ ပြန်ထလာသည်။ "မဖြစ်နိုင်ဘူး..ဒီအရူးနဲ့ပထမဆုံးအနမ်း..ငါ့ရဲ့အနမ်း..."စိတ်ထဲတွင် ကြိတ်တွေး၍ ဆံပင်များကို ဆွဲဆုပ်ပစ်လိုက်သည်။ ကမ္ဘာကြီးက ခဏရပ်တန့်သွားသလား ယခုမှ လေပြေများလည်း ပြန်တိုက်ခတ်လာသလို။

"စိတ်မဆိုးပါနဲ့... သားက..."

"တိတ်စမ်း! မင်း..မင်းကို..ငါသတ်မိတော့မယ်..."

ကိုးလ်သည် လက်သီးများကိုဆုပ်ထား၍ သူ့ကိုငေါက်လိုက်သည်။ ထိုခဏအတွင်းတွင် ကိုးလ်ဂနာမငြိမ်ဘဲ ဘာလုပ်ဘာကိုင်ရမှန်းမသိတော့။ လေးလေးသာသိလျှင် လှောင်၍ ပြီးတော့မည်မဟုတ်၊ ယောင်္ကျားလေးတစ်ယောက်နှင့် ပထမဆုံးအနမ်းဖြစ်ဖူးသည်ကို လူတွေကြားလျှင် ဟားတိုက်နေတော့မည်။

"မင်း...ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောနဲ့။ ကြားလား...မင်းပြောလိုက်တာနဲ့ မင်းကို ငါ့လက်နဲ့ကိုယ်တိုင်သတ်မယ်..."

"ဟုတ်..သားမပြောဘူး..ဟီး.."

"စပ်ဖြီးဖြီး လုပ်မနေနဲ့ ဖြတ်ရိုက်လိုက်မယ်..."

ဒေါသနှင့် ရှက်စိတ်တို့ရောထွေးလျက် စိတ်တိုနေသောကိုးလ်ဟာ သူ့အတွက်ကြည့်ကောင်းဖွယ်အတိပေ။ သူ့လိုလူမိုက်ကြီးက ရှက်တတ်သေးသည်တဲ့လား။ မြူဇံတွေး၍ စိတ်မထိန်းနိုင်ဘဲ ရယ်မိသွားလေသည်။

"ဟုတ်ကဲ့..."

ပါးစပ်လေးကို အသာအုပ်ထား၍ ဒေါသထွက်နေသော သူ့အနောက်သို့ မြူဇံခပ်ကုတ်ကုတ်လေးလိုက်လာတော့သည်။

ကိုးလ်သည် သူ့ကိုဒေါသထွက်သည် စိတ်တိုသည်။ ဗြောင်းဆန်သွားတဲ့ နှလုံးခုန်သံများကိုလည်း ဒေါသထွက်သည်၊ စိတ်တိုသည်။ အရင်ဆုံးသူ့ကို အိမ်အရောက်ပို့ရမည် ပြီးလျှင်ဘယ်တော့မှ မပတ်သတ်တော့ဘူး။ သူနှင့်နောက်တစ်ခါထပ်တွေ့လျှင် ကိုးလ်ရူးရုံမကဘဲ အရူးထောင်ထဲရောက်သွားနိုင်သည်။

သူကတော့ ဘာမှမဖြစ်သလိုနှင့် ကိုးလ်၏ကျောပြင်ကြီးကိုမထိတထိလိုက်ကပ်၍ သီချင်းများညဥ်းဆိုနေတော့၏။

××××××××××××××××××××××××××××

Zawgyi

အခန္း(၁၃)



အိမ္အိုအေရွ႕သို႔ ေရာက္လာသည့္အခါ ေလးေလးက မီးဖိုခန္းကထြက္လာ၍ သူေခၚလာေသာ


လူငယ္ေကာင္ေလးကို သတိထားမိေလ၏။ သူဟာ အေပါင္းအသင္းမရွိသလို လူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးမေနတတ္သည္ကို ေလးေလးကိုယ္တိုင္အသိဆုံးျဖစ္၏။ ထို႔ေၾကာင့္ သူ႕အေနာက္လိုက္လာေသာ ေကာင္ေလးကို ၾကည့္၍ အံ့ၾသေနသည္။



"ကိုးလ္ မင္းသူမ်ားကေလးကို ၿခိမ္းေျခာက္ၿပီးေခၚလာတာလား..."



"မဂၤလာပါ ဖိုးဖိုးႀကီး...သားက ေမာင့္နဲ႕လိုက္လာတာ ဗိုက္ဆာေနလို႔..."



ျမဴဇံ့ကိုၾကည့္၍ ေလးေလးက သူ႕အား မ်က္ခုံးပင့္ျပလိုက္သည္။ သူလည္း ေလးေလးကမ်က္ခုံးပင့္ျပေသာေၾကာင့္ ပုခုံးျပန္တြန့္ျပေလ၏။



"ၿခိမ္ေျခာက္ၿပီး ေခၚလာတဲ့႐ုပ္ ေပၚေနလို႔လား..."



သူခပ္ေအးေအးေလးသာ ျပန္ေျဖ၍ ေဘာဖိနပ္ကို ႀကိဳးျဖည္ရန္ ေလွကားထစ္တြင္ ဝင္ထိုင္ေလသည္။ ျမဴဇံသည္လည္း သူ႕အနားသြား၍ ပိုၿပီးနိမ့္ေနေသာ ေလွကားထစ္တြင္ထိုင္ခ်ေလ၏။ ေလးေလးသည္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လိုက္လာေသာ ျမဴဇံကို နားမလည္သလို အူေၾကာင္ေၾကာင္ႏွင့္ ေငးၾကည့္ေနမိ၏။



"ေသခ်ာလို႔လာကိုးလ္... မင္း ဒီကေလးကို ေဆးတို႔လိုက္တာလား..."



"..........."



"ဒုကၡပါပဲ... သူ႕ကိုဘာမေက်နပ္စရာရွိလို႔ ဒီလိုလုပ္ရတာလဲ..."



သူသည္ ဆံပင္မ်ားကိုျဖည္ခ်၍ ေခါင္းစီးႀကိဳးေလးကို ေဘာင္းဘီအိတ္ကပ္ထဲျပန္ထည့္သည္။ အျပင္မသြားျဖစ္သည့္ အခ်ိန္မ်ားဆိုလွ်င္ သည္အတိုင္း ဆံပင္ခ်ထားရသည္ကိုႀကိဳက္သည္။ အျပင္ထြက္မွ ဆံပင္မ်ားကို ကပိုကရိုစည္းသြားတတ္၏။ အေရွ႕တြင္ ေလးေလးက သူ၏အေျဖကို ၾကားခ်င္၍ သူ႕ရဲ႕လုပ္ရပ္တစ္ခုခ်င္းစီကို အၾကည့္မလြဲမိဘဲ လိုက္ၾကည့္ေလ၏။



" ေလးေလး ထမင္းခူးေပးလို႔ရမလား..။ ဗိုက္ဆာေနၿပီ..."



အျပင္ထည္အကၤ်ီအားခြၽတ္၍ သူ႕က ေရကန္အနီးသြားၿပီး မ်က္ႏွာသစ္ေလသည္။ ထို႔အတူ ျမဴဇံသည္လည္း သူ႕အေနာက္ထပ္ၾကပ္ မခြာလိုက္၍ သူလုပ္သမွ်လိုက္ၾကည့္ေလ၏။ ေလးေလးမွာေတာ့ ေခါင္းေျခာက္ေန၍...



"လုပ္ရက္လိုက္တာ ကိုးလ္ရာ...ကေလးေတြကို လိုက္ျမဴစြယ္ရသလား...။ ဒုကၡပါပဲ..."



ေလးေလးသည္ သူ႕အား ၾကည့္၍ ရဲဆီဖုန္းေျပးဆက္ရမလိုလိုျဖစ္ေနေတာ့၏။ သို႔ေသာ္လည္း သူေျပာထားသည့္အတိုင္း အတင္းေခၚလာေသာ ပုံမေပၚေပ။ ေကာင္ေလးဟာ လိုလိုလားလားႏွင့္ လိုက္ကပ္ေနေသာေၾကာင့္ ေလးေလးေခါင္းယမ္း၍ ထမင္းအသင့္ျပင္ထားေတာ့၏။



"မင္းလည္း သစ္မလား..."



သြားတိုက္တံကိုင္၍ သူေမးလိုက္ေသာအခါ ေခါင္းခါ၍ လက္ထဲရွိ သြားတိုက္တံကိုသာ သူစိုက္ၾကည့္သည္။ သြားတိုက္ၿပီးသည့္ အထိ သူ႕နံေဘးတြင္ကပ္ရပ္ေန၍ လုပ္သမွ် အမူအရာမ်ားအားလုံးကို လိုက္မွတ္ေနသည္။ ျမဴဇံ၏ အၾကည့္မ်ားဟာ စိမ္းလဲ့လဲ့ျဖင့္ ႐ႊန္း႐ႊန္းစားစားရွိေနသည္။ ေတာက္ပေနေသာ ေ႐ႊသမင္မ်က္လုံးေလးမ်ားလို အစိမ္းေရာင္မ်ားက မ်က္ဆံအတြင္းဖက္တြင္ျခယ္သထား၏။



မ်က္ႏွာသစ္ၿပီးသည္ႏွင့္ အိမ္ေရွ႕ရွိေရကန္အနားတြင္ အသင့္လွမ္းထားေသာ မ်က္ႏွာသုတ္ပါဝါကိုယူ၍ သူမ်က္ႏွာသုတ္သည္။ ထမင္းစားရန္အတြက္ မီးဖိုခန္းထဲဝင္ရန္လုပ္ေသာအခါ သူကလိုက္မဝင္ဘဲ ေရကန္အနားတြင္သာ ေပေတေတရပ္ေန၏။ေကာင္ေလးကို လွည့္ၾကည့္ေသာအခါ ႏူတ္ခမ္းေလးကို အနည္းငယ္ဆူထား၍ လက္ေခ်ာင္းေသးေသးျဖင့္ သူ႕ရဲ႕သြားတိုက္တံကို ၫႊန္ျပသည္။



"ဘာျဖစ္ျပန္ၿပီလဲ..."



"သြားတိုက္တံ..."



သူ႕အား မရဲတရဲလွမ္းၾကည့္ေနတာေလးက အသည္းယားဖြယ္အတိေပ။ ထိုေကာင္ေလး ဘာျဖစ္ခ်င္မွန္း သူနားမလည္။ သူႏွင့္ပတ္သက္မိလွ်င္ ဘယ္အရာကိုမွ သူနားမလည္ခဲ့ေခ်။ ယခုလည္း သြားတိုက္တံကို လက္ညွိုးထိုးျပေနျပန္သည္။ ဗိုက္ဆာသည္ ေျပာသည့္လူက အခ်ိန္ဆြဲ၍ ထမင္းစားရန္ပင္ေမ့ေနသလား။



"ယူခ်င္လို႔လား..."



"..........."



မ်က္ႏွာသုတ္ပါဝါကို ပုခုံးေပၚတြင္တင္ထား၍ သူမ်က္ေမွာက္ၾကဳတ္ကာေမးေတာ့ ေကာင္ေလးက ေခါင္းခါျပသည္။ သူဘာျဖစ္ခ်င္လဲဆိုတာမေျပာေသာေၾကာင့္ ကိုးလ္အား ေမးေစခ်င္လို႔ထင္ရ၏။



"ဘာလုပ္ဖို႔လဲ... တံဆိပ္သိခ်င္လို႔လား.."



".........."



သူေခါင္းထပ္ခါျပပါေလသည္။ မ်က္ခုံးေလးအား တြန့္နိုင္သမွ်တြန့္၍ သူ႕ကို မ်က္ႏွာငယ္ငယ္ႏွင့္ ေမာ့ၾကည့္ေနေသာ မ်က္ဝန္းစိမ္းမ်ားက အရည္ၾကည္ေတြလဲ့ေန၏။



"ဘာျဖစ္တာလဲ...လိုခ်င္လို႔လား...။ ဝယ္ေပးရမလား..."



သူထပ္မံေခါင္းခါ၍ လက္ညွိုးေလးသည္လည္း သြားတိုက္တံေပၚကမခြာ။ ေခါင္းထဲဝင္လာေသာ အေတြးတစ္ခုေၾကာင့္ သူ မ်က္လုံးအနည္းငယ္ျပဴးသြား၍ ႏူတ္ခမ္းေလးကို လက္ျဖင့္တို႔ထိမိ၏။



"မဟုတ္မွ... သြားတိုက္ခ်င္တာလား..."



ထိုအခါမွ သူကေခါင္းဆက္ဆက္ညိတ္ျပေလေတာ့သည္။ သူထင္ထားသည့္အတိုင္းပင္ ေကာင္ေလးက ထပ္ၿပီးအရစ္ရွည္ေနဦးမည္ သိေသာေၾကာင့္ ေလးေလးရွိရာ မီးဖိုခန္းကို ေဝ့ၾကည့္၍....



"ေလးေလး..."



"ေဟ...ဘာလဲ..."



"သြားတိုက္တံအပိုရွိလား.."



"မရွိဘူး... သြားတိုက္တံအပိုေဆာင္မထားဘူး..."



"ကဲ မရွိဘူးတဲ့... မင္းမ်က္ႏွာသစ္လာၿပီးၿပီမဟုတ္လား..."



ေျပာင္လင္းေနေသာ မ်က္ႏွာေလးက ထိရက္စရာမရွိ ေခ်ာမြတ္ေနသည္ကိုၾကည့္လွ်င္ မ်က္ႏွာသစ္လာၿပီးသည္ႏွင့္ တူပါသည္။ အနားကပ္ၾကည့္မွ ပန္းေရာင္သန္းသြားေသာ ပါးမို႔မို႔ေလးကို ထင္းခနဲ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ရ၏။ မဟုတ္မွ သူတစ္ခုခုမ်ား လိမ္းျခယ္ထားသလား၊ ႏူးႏူးညံ့ညံ့ႏွင့္ စြဲေဆာင္မႈရွိေသာ အနံ႕သင္းသင္းမ်ားကလည္း သူ၏ ႏွာဖ်ားထိပ္တြင္ ေဝ့ပ်ံက်ီစယ္သြားသည္။ ထိုအနံ႕ေလးက ထူျခား၍ တစ္စုံတစ္ခုအား စြဲလမ္းေစေသာ အနံ႕အသက္မ်ိဳးဟု သူခံစားမိ၏။



"ၾကည့္ရတာလဲ မင္းတစ္ခုခုလိမ္းထားသလိုပဲ..။ မ်က္ႏွာသစ္ၿပီးရင္ သြားလည္းတိုက္လာမွာ..."



မ်က္ႏွာသုတ္ပါဝါကို လွန္းႀကိဳးေပၚတြင္ပစ္တင္ထား၍ မီးဖိုခန္းသို႔ သူခပ္တည္တည္သာသြားသည္။ မီးဖိုတံခါးဝေရာက္မွ ကိုးလ္လွည့္ၾကည့္လိုက္ေသာအခါ သူက ေရကန္ေဘးတြင္သာရပ္ေနတုန္းေပ။



"ဘာလုပ္ေနတာလဲ... မလာဘူးလား.."



"..........."



သူ႕ရဲ႕စကားသံေၾကာင့္ ေကာင္ေလးကတစ္ခ်က္လွည့္ၾကည့္၍ ၿငိမ္ေန၏။ ခက္ေတာ့ခက္ၿပီ ဒီတစ္ေန႕လုံး သူကိုရစ္ရန္ရွိေနမည္ထင္ရ၏။ ကိုးလ္ စိတ္ေလွ်ာ့၊ စိတ္ေလွ်ာ့ သူက စိတ္ေရာဂါသည္။ သူက သက္ျပင္းမ်ားကိုခ်ရန္ပင္ စိတ္မရွည္ေသာ္လည္း သူ႕ကိုျပန္သြားေခၚရသည္။



"ဘာရပ္လုပ္ေနတာလဲ..."



"သား...သြား..သြားတိုက္ခ်င္တယ္..."



"သြားတိုက္တံအပိုမရွိဘူး..."



"သား...ဒါေလးနဲ႕..."



"ဟမ္... အဲ့တာနဲ႕မတိုက္ရဘူး..။ ပိုင္ရွင္ရွိတယ္။ တိုက္ခ်င္ရင္ မင္းအိမ္ေရာက္မွတိုက္..."



"အခု..တိုက္မယ္ မလိုခ်င္ဘူး ေမာင့္သြားတိုက္တံနဲ႕တိုက္ခ်င္တယ္..."



"ဟ... စားၿပီ မင္းေတာ့..."



ဆံပင္မ်ားကို ဖြပစ္၍ ကိုးလ္သူ႕ကို ထပ္ၿပီးစိတ္ရွည္ရွည္ထား၍ မေျပာခ်င္ေတာ့။ ဘာေၾကာင့္ သူ႕ကို သည္းခံေနရသနည္း ကိုးလ္လည္းမသိ။ ေသခ်ာတာတစ္ခုက စိတ္ေရာဂါသည္ဆိုသည့္ အသိေၾကာင့္ ကိုးလ္သည္းခံေပးေန၍ ျဖစ္ပါလိမ့္မည္။ ကိုယ့္စိတ္ကို ကိုယ္အသိဆုံးျဖစ္ေသာေၾကာင့္ သူ႕ေနရာမွာ တစ္ျခားလူသာျဖစ္ခဲ့မည္ဆိုလွ်င္ ယခုလိုမ်ိဳး ကိုးလ္စိတ္ရွည္ေပးနိုင္မည္ မဟုတ္ပါ။



"မင္းကို ကုသေပးတဲ့ ဆရာဝန္ေတြက ဘာမွမေျပာဘူးလား..."



".............."



"သူမ်ားသြားတိုက္တံနဲ႕ သြားတိုက္ရင္ ေရာဂါပိုးေတြကူးသြားတယ္မဆိုတာ မင္းမသိဘူးလား..."



"မသိပါဘူးဆို...အခုသားလိုခ်င္တာ ဒီအတံနဲ႕ သြားတိုက္ရဖို႔ပဲ..."



"ဟာကြာ... မင္းဟာမင္း ဘယ္အတံနဲ႕ပဲတိုက္တိုက္ ငါ့သြားတိုက္တံကိုေတာ့ မွ်မသုံးနိုင္ဘူး..."



"အဟင့္...ဟင့္..."



ကိုးလ္အသံက်ယ္သြားေသာေၾကာင့္ သူအသံထြက္ေအာင္ငိုခ်ေလသည္။ မဟုတ္လွ်င္လည္း သူအစကတည္းက ငိုရန္ျပင္ေနေသာပုံျဖစ္ေန၏။ ျမဴဇံ၏ ငိုသံၾကားေသာေၾကာင့္ ေလးေလးကလည္း မီးဖိုခန္းက ကမန္းကတန္းထြက္လာ၍....



"ဟာ..ကိုးလ္ ဘာလို႔ကေလးကို ေအာ္ေနရတာလဲ.."



"မသိဘူးကြာ... သြားတိုက္တံေတာင္းေနလို႔..."



"ဟင့္..ဟင့္.."



"ေတာင္းရင္ ေပးလိုက္ေပါ့ ေနာက္မွ အသစ္ထပ္ဝယ္လိုက္ပါ။ သြားတိုက္တံတစ္ခုက ေစ်းမ်ားတာမွမဟုတ္တာ..."



ေလးေလးက ပြစိပြစိ႐ြတ္ေနေသာေၾကာင့္ သြားတိုက္တံယူ၍ သူ႕လက္ထဲထည့္ေပးလိုက္သည္။ ကိုးလ္ဟာ ေက်ာအပူခံနိုင္ေပမယ့္ နားအပူေတာ့မခံနိုင္။ ယူမေပးလွ်င္လည္း သေကာင့္သားက အငိုတိတ္ရန္ကိန္းမရွိ။



"ယူသြား...မင္းဘာသာ သြားပဲတိုက္တိုက္ ဘာပဲလုပ္လုပ္ စိတ္ႀကိဳက္သာလုပ္ေတာ့..."



"အဟင့္... ေမာင္တကယ္ေျပာတာေနာ္...ေနာက္မွ မဆူနဲ႕...ဟင့္..."



"........."



စိတ္တိုတိုျဖင့္ ျမဴဇံအားၾကည့္၍ သူမီးဖိုခန္းသို႔ ေျခလွမ္းက်ဲက်ဲျဖင့္ လွည့္ထြက္သြားသည္။ ထိုအခါ ေလးေလးသည္ ေမာင္ဆိုေသာ အသုံးအႏႈန္းကို နားမလည္ဘဲ စဥ္းစားေနကာ ျမဴဇံႏွင့္အတူ က်န္ခဲ့ေလသည္။



"သား သြားတိုက္မလို႔လား...။ ကိုးလ္ကို မ႐ြံဘူးလား.."



"ဟုတ္ ဖိုးဖိုးႀကီး...ဟိုဟာေလး ထည့္ေပးပါ..."



"ဟမ္... ဘယ္ဟာလဲ..."



"အစိမ္းေရာင္နဲ႕...အေပၚမွာရွိတဲ့ဟာ..."



ေလးေလးလည္း သူ႕စကားေၾကာင္သြား၍ လက္ညွိုးထိုးျပမွ သြားတိုက္ေဆးထည့္ခိုင္းမွန္း သိရေတာ့၏။ ေလးေလးႏွင့္ ကိုးလ္က အႀကိဳက္မတူေသာေၾကာင့္ ကိုးလ္က သြားတိုက္ေဆး အစိမ္းေရာင္ေလးကိုသပ္သပ္သုံးသည္။ ထိုအခါ ေလးေလးသည္ ကိုးလ္၏ သြားတိုက္ေဆးဗူးအားယူ၍ ထည့္ေပးသည္။



"ရၿပီ..."



သြားတိုက္ရမည့္သူက ဝမ္းသာေန၍ မ်က္ႏွာမ်ားၿပဳံးၿဖီးသြားသည္။ ေလးေလးလည္း မီးဖိုခန္းထဲရွိ အလုပ္မ်ားကို သြားလုပ္ေတာ့၏။ ျမဴဇံသည္ သြားတိုက္ၿပီး၍ သူရွိေသာ မီးဖိုခန္းထဲသို႔ မေခၚဘဲ ဝင္ထိုင္သည္။ ေလးေလးအသင့္ျပင္ေပးထားေသာ မနက္စာေလးကို မစားဘဲ အထူးအဆန္းၾကည့္ေနေသးသည္။



ျမဴဇံ့ကိုျမင္လိုက္သည္ႏွင့္ မ်က္လုံးစူးေနေသာ ဆူးလို သူ႕အတြက္ အရမ္းအေႏွာင့္အယွက္ျဖစ္ရသည္။ ၿပီးေတာ့ သူႏွင့္ အတူရွိေနလွ်င္ ကိုးလ္ဟာ စကားမ်ားလြန္းသည့္ အဖြားႀကီးလိုလိုျဖစ္ေနရ၏။ သည္လိုစကားအမ်ားႀကီး မေျပာခ်င္ စကားေျပာရမွာ သူပ်င္းသည္။



"မစားဘူးလား....။ မစားရင္ျပန္မယ္..."



ကိုးလ္သတိေပးလိုက္မွ ဇြန္းကိုေကာက္ခနဲယူ၍ ထမင္းေၾကာ္ေလးကိုပါးစပ္ထဲထည့္လိုက္သည္။ အရသာေတြ႕သြားေသာေၾကာင့္ ထမင္းေၾကာ္ေလးက ခဏေလးႏွင့္ ကုန္သြား၏။ အရံဟင္းမ်ားကို မစားဘဲ ထမင္းေၾကာ္ေလးကိုသာ ေကာင္ေလးကေျပာင္ေနေအာင္စားသည္။



"ဒါဘာလဲ..."



ထမင္းေၾကာ္အကုန္လုံးစားၿပီမွ ျမဴဇံထေမးေလေတာ့ သူကေရေမာ့ေသာက္ရင္း တန္းလန္းႀကီးႏွင့္ သီသြား၍ ႏွာေခါင္ထဲ ေရမ်ားထြက္က်သြား၏။ င႐ုတ္သီးေၾကာင့္ ေခါင္းတစ္ခုလုံးက်ဥ္သြားကာ ျမဴဇံအား စိတ္မရွည္စြာ ေဝ့ၾကည့္လိုက္ေလသည္။ သို႔ေသာ္သူ႕အား အူတူတူျပန္ၾကည့္ေနေသာ ေကာင္ေလးကို မႈန္ဝါးဝါးေလးသာျမင္ရ၏။



ေရသီသြားေသာေၾကာင့္ င႐ုတ္အစပ္မ်ားက ႏွာေခါင္းထဲေရာက္သြား၍ မ်က္ရည္မ်ားေဝ့သီလာသည္။ ထိုေကာင္ေလးကိုလည္း စိတ္မ်ားတို၍ တစ္စစီဆြဲဆုပ္ပစ္ခ်င္ပါလ်က္ႏွင့္ ေကာင္ေလးက တမင္လုပ္ေနျခင္းမဟုတ္။ ၿပီးေတာ့ ေဘးတြင္ပြစိပြစိလုပ္ရန္ အသင့္ေစာင့္ေနေသာ ေလးေလးရွိေနေသာေၾကာင့္ သူလည္း နားရင္းကိုသာဖိထား၍ သူ႕ကို စူးစိုက္ၾကည့္ေလ၏။



"မင္းမသိလို႔ေမးတာလား..."



"တစ္ခါမွ မစားဖူးလို႔..."



တစ္ခါမွမစားဖူးလို႔တဲ့...။ျမဴဇံက ဘာမ်ားစားသလဲ သူအရမ္းစိတ္ဝင္စားသြားမည္ မထင္ႏွင့္ အ႐ူးကအ႐ူးပါပဲဟုသာ သူေတြး၍ ထမင္းဆက္စားျဖစ္သည္။ ထို႔ေနာက္တြင္ သူ၏အေၾကာင္း သိေသာေၾကာင့္ ေလးေလးကသာ ျမဴဇံ့အားအျပင္ေခၚထုတ္သြားသည္။



××××××××××××××××××××××××××××



လင္းထက္နိုင္တို႔အုပ္စုသည္ ထင္းရႉးေတာထဲပတ္ရွာ၍ အခ်ိန္ကုန္လူပန္းက်ေနေလၿပီ။ သို႔ေသာ္လည္း ျမဴဇံမေျပာႏွင့္ ျမဴဇံႏွင့္တူေသာ အရိပ္ကေလးေတာင္မျမင္ရေသးေပ။ နာရီဝက္ေလာက္ ျမဴဇံအားရွာ၍ မေတြ႕ေတာ့ အကုန္လက္ေလွ်ာ့၍ ျပန္သြားၾကသည္။



"ျပန္ၾကမယ္... ဒီရက္မေသလည္း ေနာက္ရက္ရွိပါေသးတယ္..."



လင္းထက္နိုင္သည္ သူ၏လူမ်ားကိုျပန္ေခၚ၍ လွည့္ထြက္ရန္ျပင္ေသာအခါ အိမ္အိုႀကီးတစ္လုံးကို လွမ္းျမင္လိုက္သည္။ မီးခိုးမ်ားလည္း ထြက္ေနေသာေၾကာင့္ ထိုအိမ္တြင္ ေသခ်ာေပါက္လူရွိေနလိမ့္မည္။ အိမ္အေရွ႕တြင္ လူအရိပ္ေလး ျမင့္ေတြ႕ရေသာ္လည္း ရွင္းရွင္းလင္းလင္းႀကီးမဟုတ္။ အကယ္၍ ျမဴဇံလည္း ထိုေနရာတြင္ရွိေနမည္လား။ သိခ်င္ေသာေၾကာင့္ လင္းထက္နိုင္ အေရွ႕ဆက္သြားသည္။



နည္းနည္းထပ္သြားလွ်င္ အရိပ္ႀကီးႏွစ္ခုကို ေသခ်ာျမင္ရမည္ျဖစ္ေသာေၾကာင့္ လင္းထက္နိုင္သည္ ခါးၾကားက ေသနတ္ကိုပင္ အသင့္ထုတ္ယူထား၏။ အေရွ႕တြင္ ေသေသခ်ာခ်ာျမင္ေတြ႕ရေသာ ဦးေလးႀကီးတစ္ေယာက္ႏွင့္ ထိုဦးေလးႀကီး ကြယ္ထားေသာလူတစ္ေယာက္။ ထိုဦးေလးႀကီးသာ အနည္းငယ္ေနရာေ႐ႊ႕ေပးလွ်င္ ျမဴဇံဟုတ္မဟုတ္ လင္းထက္နိုင္ျမင္ရမည္။



"နည္းနည္းေလးေတာင္ မေ႐ြ႕ေပးဘူးလား...။ "



လင္းထက္နိုင္သည္ ေသနတ္ေမာင္းခလုတ္ေလးကိုဆြဲ၍ အသင့္ခ်ိန္ထား၏။ ထိုလူႀကီးေနရာအနည္းငယ္ေ႐ႊ႕ေပးလွ်င္ ပစ္ရန္အသင့္ျဖစ္ေနၿပီ။



"လင္းထက္နိုင္... သူမ်ားကို ပစ္မလို႔လား...။ မလုပ္နဲ႕ သူက ဒီေတာရဲ႕ပိုင္ရွင္..."



အေနာက္က အသံေလးကသူမွန္းသိေနေသာေၾကာင့္ လင္းထက္နိုင္ ေသနတ္ေလးအားခ်လိဳက္သည္။ အိမ္အိုႀကီးဆီကို တစ္ခ်က္ေဝ့ၾကည့္၍ သူ႕အေနာက္သို႔လိုက္ပါလာ၏။



"ဟိုအိမ္ထဲမွာ ရွိရင္လည္းရွိနိုင္တယ္မလား...။ သြားၾကည့္ရေအာင္..."



"ေအးေဆးပဲလုပ္ပါ အရမ္းႀကီးမေလာပါနဲ႕... ဒီရက္ရာသီဥတုမေျပာနဲ႕ ေလေတာင္မွ မင္းဘက္မွာမရွိဘူး..."



သူခပ္ျပတ္ျပတ္ေျပာ၍ ကားဆီသို႔ဦးတည္သြားေလေတာ့၏။ လင္းထက္နိုင္သည္ သူ႕အေနာက္ဆက္လိုက္ရမလိုလိုႏွင့္ ထိုေနရာတြင္သာက်န္ေနခဲ့သည္။ စိတ္မလုံေသာေၾကာင့္ အိမ္အိုႀကီးကို ေဝ့ၾကည့္လိုက္ေသာအခါ မိမိအား ခပ္တည္တည္ႀကီး ၾကည့္လာေသာ လူတစ္ေယာက္ေၾကာင့္ သူ လန့္သြား၍ အျမန္ထြက္လာခဲ့၏။



ျမဴဇံက ထိုအိမ္မွာရွိမေနနိုင္။ ေတြ႕သည့္လူႏွစ္ေယာက္က ဦးေလးႀကီးႏွင့္ မိမိအား ေအးစက္စက္ႀကီးရပ္ၾကည့္ေနေသာ ထိုလူေလးသာရွိသည္။ ထိုသို႔ေတြး၍ လင္းထက္နိုင္ ကားထဲဝင္ထိုင္လိုက္သည္။



"မင္း အရမ္းညံ့တယ္..."



"ဘာ!..."



"အခုပဲၾကည့္ မင္းေတာလိုက္ထြက္ေပမယ့္ သားေကာင္မရဘူး...အဲ့တာမင္းညံ့လို႔မဟုတ္ရင္ ဘာလဲ..."



"ေတာက္!... အဖ်က္သမားေတြရွိလို႔..ေနာက္တစ္ခါက်ရင္ မင္းေျပာေနစရာေတာင္မလိုဘူး အေသသတ္ပစ္မယ္..."



"ေတာလိုက္မုဆိုးေတြတိုင္း သူတို႔သားေကာင္ကို ျဖတ္လုသြားတဲ့သူရွိတာပဲ...မင္းလည္း မေအာင္ျမင္ခဲ့ဘူး..."



သူသည္ လင္းထက္နိုင္အားထိုသို႔ စကားနိုင္ထိုး၍ မခံမရပ္ျဖစ္လာေအာင္ ဆြေပးေန၏။ လင္းထက္နိုင္ လက္သီးဆုပ္၍ ခံျပင္းေနသည္ကိုၾကည့္၍ သူႏူတ္ခမ္းတစ္ဖက္မဲ့၍ ၿပဳံးလိုက္သည္။ ထို႔ေနာက္ လင္းထက္နိုင္၏ လက္ထဲသို႔ စိတ္ႂကြေဆးတစ္ခ်ိဳ႕ထည့္ေပး၍ ....



"ဒါေလးနဲ႕ အားျပန္ျဖည့္ထား ေနာက္တစ္ခါ သူ႕ကိုေတြ႕တာနဲ႕ တန္းၿပီးခုန္အုပ္လို႔ရတဲ့ ခြန္အားေတြရလာမယ္..."



"အခုမေသာက္ေတာ့ဘူး... ညေနက်ရင္ ဘိုးေတာ္ကိုသြားေတြ႕ရဦးမယ္.."



လင္းထက္နိုင္သည္ သူထည့္ေပးေသာ စိတ္ႂကြေဆးမ်ားကို သူ႕လက္ထဲျပန္ထည့္၍ ေျပာသည့္အခါသူက...



"အခုမေသာက္လည္း အသင့္ျဖစ္ေအာင္ေဆာင္ထား...အသုံးဝင္တယ္..ယူပါ..ဒါေလးေသာက္ရင္ ခြန္အားေတြရလာမွာ..."



လင္းထက္နိုင္ျငင္းေသာ္လည္း အိတ္ကပ္ထဲအတင္းထိုးထည့္ေသာေၾကာင့္ လက္ခံရသည္။ ထိုမွတစ္ဆင့္ ၿမိဳ႕ထဲသို႔ျပန္ဝင္ၾက၍ ညေနက်လွ်င္ ဦးဇံလင္းႏွင့္ေတြ႕ရန္ျပင္ဆင္ေနၾက၏။



××××××××××××××××××××××××××××



ျမဴဇံမီးဖိုခန္းထဲဝင္လာသည္ႏွင့္သူျပင္ထြက္လာခဲ့သည္။ ခဏၾကာေသာအခါ ေလးေလးက ျမဴဇံ့ကိုသြားၾကည့္၍ ....



"ရွာမေတြ႕ဘူးလား ကေလး..."



"ေတြ႕ၿပီ ဖိုးဖိုးႀကီး..."



ျမဴဇံသည္ ယုန္ျဖဴေလးအား ျပန္ေပြ႕ယူ၍ ေလးေလးအားေျပာေလသည္။ ထိုအခါ ျမဴဇံက ေရထပ္ဆာလာသည္ေျပာ၍ ေလးေလးက သစ္သီးေဖ်ာ္ရည္လုပ္ေပးလိုက္၏။



သူသည္ ခပ္လွမ္းလွမ္းက ထင္ရႉးထဲတြင္ တစ္စုံတစ္ေယာက္က မိမိတို႔အိမ္ေလးကို ေခ်ာင္းေနသည့္လူေၾကာင့္ မယုံသကၤာျဖစ္ကာ ထိုလူအား သူစူးစိုက္ၾကည့္ေလသည္။ ခဏၾကာေသာအခါ ထိုလူလည္း လက္ထဲက ေသနတ္ဟုထင္ရေသာ အရာတစ္ခုကို ခါးၾကားထဲျပန္ထိုးထည့္၍ ထြက္သြားသည္။ ထိုအခါ ကိုးလ္လည္းမယုံသကၤာျဖစ္၍ လိုက္ဖို႔ျပင္ေသာ္လည္း ေလးေလးႏွင့္ျမဴဇံထြက္လာေသာေၾကာင့္ ဆက္မလိုက္ျဖစ္ေတာ့ေပ။



"ကိုးလ္ ကေလးကိုျပန္ပို႔မယ္ဆို..."



ေလးေလးက ျမဴဇံ့ကို ေခၚ၍ ကိသူ႕အားေျပာေလသည္။ ျမဴဇံက ေလးေလးကို ဘာေတြေျပာျပ၍ ေလးေလးက သူ႕ကို ဆက္မဆူေတာ့မွန္းမသိေသာ္လည္း ပြစိပြစိထပ္မလုပ္ေသာေၾကာင့္ သူ႕ကိုေက်းဇူးတင္မိသည္။



ထို႔ေနာက္တြင္ ယုန္ျဖဴေလးကိုပိုက္လ်က္ သူ႕အေနာက္လိုက္လာေသာ ျမဴဇံကိုၾကည့္၍ ေလးေလးမီးဖိုခန္းထဲျပန္ဝင္သည္။ တစ္ျခားလူႏွင့္ မတူဘဲ ကိုးလ္အားအတင္းလိုက္ကပ္ေနေသာ ထိုကေလးကို ေလးေလးအံ့အားသင့္မိသည္။ ပုံမွန္ဆို ကိုးလ္ဟာ တစ္ဖက္သားလူကို ဥပကၡာျပဳထားတတ္ေသာ္လည္း ထိုကေလးကိုေတာ့ ကိုးလ္ဂ႐ုစိုက္ေနသည္ကို ေလးေလးျမင္ေတြ႕ေနရ၏။



တစ္မနက္လုံး ရႈပ္ထား၍ ယခုက်ေတာ့သူမဟုတ္သည့္အတိုင္း ကိုးလ္အေနာက္က ခုန္ဆြခုန္ဆြႏွင့္ လိုက္ပါေလ၍ ေပ်ာ္ေနသည္။ သူ႕ႏူတ္ဖ်ားထက္တြင္လည္း ဘာသီခ်င္းမ်ားညဥ္းဆိုေနမွန္းလည္း သူနားမလည္။



"မင္း တိတ္တိတ္ေလးလိုက္ခဲ့လို႔မရဘူးလား..."



".............."



ကိုးလ္႐ုတ္တရက္လွည့္လာၿပီး ေငါက္လိုက္ေသာအခါ သူလန့္သြား၍ ေနာက္ဆုတ္မိသြားသည္။ ထိုအခါက်ေတာ့လည္း သူ႕ကိုၾကည့္၍ ကိုးလ္သနားမိျပန္သည္။သူ႕ဟာ သူေပ်ာ္ေနသည့္ဟာကို ကိုးလ္ေငါက္လိုက္မွ လန့္သြား၍ ေၾကာက္သြားဟန္တူ၏။



"တိတ္တိတ္ေလးလိုက္ခဲ့လို႔ မရဘူးလား"



"..........."



ထိုအခါ သူကႏူတ္ခမ္းေလးကိုလက္ျဖင့္ အုပ္ထား၍ တိတ္တိတ္ေလးလိုက္လာခဲ့သည္။ ထင္းရႉးေတာကိုျဖတ္ၿပီးသည့္အထိ သူစကားတစ္ခြန္းမွမဟ။ လမ္းေလွ်ာက္လွ်င္ေတာင္ သစ္ကိုင္းမ်ားတက္နင္းမွာဆိုး၍ ေက်ာ္ခြၿပီးသြားေတာ့ သူရယ္ခ်င္မိသြားသည္။ အသံမထြက္ႏွင့္ဟုေျပာေတာ့ သူအသံေလးပင္မထြက္ေခ်။



လမ္းမႀကီးေရာက္မွ သစ္ကိုင္းမ်ားမရွိေတာ့ေသာအခါ သူေပါ့ေပါ့ပါးပါးႏွင့္ ခုန္ဆြ ခုန္ဆြလိုက္လာျပန္၏။ သူ႕လက္ထဲက ယုန္ျဖဴေလးကိုပင္အားမနာဘဲ ခုန္ေနေတာ့၏။ ယုန္ေလးေတာင္ သူ႕ေလာက္မခုန္နိုင္။



"ေမာင္..."



အေနာက္ကေနလိုက္၍ ကိုးလ္၏လက္ေမာင္းကို မထိတထိကပ္သည္။ သူ႕ရဲ႕ေခၚသံၾကားေတာ့ ကိုးလ္လွည့္ၾကည့္ေလေသာအခါ သူႏူတ္ခမ္းေလးဆူကာ တစ္ခုခုေျပာခ်င္ေန၏။



"ဘာလဲ... ဘာေျပာမလဲ စကားကိုဒီမွာကုန္ေအာင္ေျပာ.."



"ဟြန့္...စကားက ဘယ္လိုကုန္ေအာင္ေျပာမလဲ...။ အစားကိုကုန္ေအာင္စား.. စကားကိုကုန္ေအာင္မေျပာနဲ႕တဲ့..."



"ရွည္ကိုရွည္လြန္းတယ္..ေျပာ"



"ဟိုေလး... လူေတြက ေရဗူးတစ္ဗူးထဲ အတူေသာက္ရင္ အဲ့တာဘယ္လိုေျပာရမလဲ..."



ေပါက္ကရေတြေမးေနေသာ္လည္း ကိုးလ္ခဏစဥ္းစားၾကည့္၏။ ထိုအခါမွ ...



"ေရအတူေသာက္တာေပါ့..."



"မဟုတ္ဘူး ဗူးတစ္ေနရာထဲကိုမွ ႏွစ္ေယာက္ေသာက္ၿပီး ႏူတ္ခမ္းခ်င္းထိမိတာကိုေလး...ဘယ္လိုေျပာရမလဲ..."



"ညစ္ပတ္လို႔မလား..."



"မဟုတ္ဘူး...အဲ့တာကို သြယ္ဝိုက္အနမ္းလို႔ေခၚတယ္..."



ေပါက္ကရေတြကို ကိုးလ္လက္မခံေသာ္လည္း ေခါင္းေလးမသိမသာညိတ္မိ၏။ သူေျပာေနသည္ကို ကိုးလ္မျငင္းခ်င္ပါ တစ္ခ်ိဳ႕႐ုပ္ရွင္ထဲတြင္ ထိုသို႔ေျပာသည္ကို သူေတြ႕ဖူး၏။



"အဲ့တာက ရိုးရိုးအနမ္းေလးေပါ့ေနာ္..."



"ဘာလဲ မင္းဟာက ဆန္းဆန္းအနမ္းရွိေသးလို႔လား.."



"ရွိတာေပါ့..စာအုပ္ထဲမွာ ကြၽန္ေတာ္ဖတ္ဖူးတယ္...။ တကယ္ခ်စ္ရင္တဲ့ သူ႕ခ်စ္သူရဲ႕ ဘယ္အရာကိုမွ မစက္ဆုပ္တတ္ဘူးတဲ့..ဒါေၾကာင့္ မနက္က စမ္းၾကည့္တာ..."



"................."



ေပါက္ကရမ်ားဆိုၿပီး ကိုးလ္က မ်က္ႏွာကို အေရွ႕တည့္တည့္ျပန္လွည့္၍ ခပ္တည္တည္သာေလွ်ာက္လိုက္သည္။ ထို႔ေနာက္ ျမဴဇံထပ္ၿပီးလွ်ာရွည္မည္သိ၍ အိတ္ကပ္ထဲက စီးကရက္လိပ္ကို ထုတ္ယူၿပီး ဖြာရွိုက္လိုက္၏။



"ေမာင္နဲ႕ သားၾကားမွာ ပထမဆုံးအနမ္းျဖစ္သြားၿပီ..."



"ဘာ!...အဟြတ္...ဟြတ္..."



ဘာအရိုးမွမရွိေသာ စီးကရက္ေငြ႕ေတာင္မွ သူ၏စကားၾကားလိုက္ေသာအခါ ကိုးလ္လည္ေခ်ာင္းထဲတြင္အလုံးလိုက္သီသြား၏။ ႐ူးေနသည္၊ ႐ူးေနသည္။ "အ႐ူးေထာင္ထဲဘာေၾကာင့္မပို႔တာလဲ ဒီအတိုင္းလြတ္ထားရတာလဲ"ဟု ကိုးလ္စဥ္းစားစရာျဖစ္သြား၏။ အ႐ူးကအ႐ူးပဲကို ဘာေၾကာင့္ဒီလိုစကားမ်ိဳးတတ္သလဲ...။



"မင္း ျပန္ေျပာလိုက္စမ္း.."



"ေမာင္နဲ႕သား ပထမဆုံးအနမ္းရွိသြားၿပီ.."



"ေန..ေနပါဦး မင္းကိုငါဘယ္တုန္းက နမ္းလိုက္လို႔လဲ..ဘယ္..ဘယ္အခ်ိန္တုန္းကလဲ..ေျပာ..ေျပာစမ္း.."



ကိုးလ္သည္ အံကိုႀကိတ္၍ မ်က္လုံးမွိတ္ခ်ပစ္သည္။ သူ႕ေၾကာင့္ ကိုးလ္အ႐ူးေထာင္ထဲအရင္ေရာက္ရလိမ့္မည္။



"ေမာင္ေသခ်ာမသိဘူးလာ..."



"ေျပာ..ဘယ္တုန္းကလဲ မင္းမဟုတ္တာေတြမစြတ္စြဲနဲ႕.."



"မနက္တုန္းက သြားတိုက္တံတစ္ေခ်ာင္းထဲအတူတိုက္တာ အဲ့တာသြယ္ဝိုက္ ဆန္းဆန္းျပားျပားအနမ္းဆိုမွ..."



"ေသလိုက္ပါေတာ့လား"ဟု ကိုးလ္သည္ ကိုယ့္နဖူးကိုသာရိုက္ခ်၍ သူ႕ကိုစိတ္ပ်က္စြာမ်က္ႏွာလြဲလိုက္သည္။ ကိုးလ္က သူစိတ္ခ်မ္းသာေအာင္ မိမိ၏သြားတိုက္တံေပးလိုက္ေသာ္လည္း သူကေတာ့သည္လိုမရိုးမသားႀကံစည္ေနေလရဲ႕။ သည္ေလာက္ကဗ်ာဆန္တတ္လွ်င္လည္း စာေရးဆရာလုပ္လိုက္ပါေတာ့လား...။



"မင္း ႏူတ္ခမ္းနဲ႕ ငါ့ႏူတ္ခမ္း မထိဘူးေလး အ႐ူးကြက္ေတြလာနင္းမေနနဲ႕..သြက္သြက္ခါ..."



"သြက္သြက္ခါရင္လည္း ေမာင့္ေၾကာင့္ဆိုတာ။ ဘာျဖစ္ျဖစ္အဲ့တာက အနမ္းပဲ သြားတိုက္တံကိုေတာင္ ယူထားတယ္။ မနက္တိုင္း၊ညတိုင္း ေမာင္နဲ႕အနမ္းေပးမယ္..."



"ဘာ! မင္းကို...ဟင္း ငါလုပ္မိေတာ့မယ္"



အိတ္ကပ္ထဲက သြားတိုက္တံေလးကို ထုတ္ယူ၍ သူႏူတ္ခမ္းဆူကာ ကိုးလ္အားမေက်နပ္စြာေျပာသည္။ ယခုတစ္ခါက သူ႐ူးေနတာမဟုတ္ဘဲ ကိုးလ္ပါ႐ူးခ်င္လာ၏။



"ႏူတ္ခမ္းခ်င္းမထိရင္ အနမ္းမဟုတ္ဘူး..ဟက္! ၿပီးေတာ့မင္းလို သြက္သြက္ခါၿပီး႐ူးေနတဲ့ ေယာကၤ်ားေလးတစ္ေယာက္ကို ငါစိတ္ကူးထဲမေျပာနဲ႕ ငါ့အိပ္မက္ထဲေတာင္ လာခြင့္မေပးဘူး..."



"ဘာျဖစ္ျဖစ္ အနမ္းပဲ.."



"ဒီမွာ!.."



သူလည္းအေလွ်ာ့မေပးဘဲ အပိုင္တြက္ေနေသာေၾကာင့္ ကိုးလ္စိတ္မရွည္ေတာ့ေပ။



"အနမ္းဆိုတာက ႏူတ္ခမ္းခ်င္းထိမွ အနမ္းလို႔ေခၚတာ...မင္းေပါက္ကရေတြနဲ႕ ငါ့ကိုမစြတ္စြဲနဲ႕..."



"ႏူတ္ခမ္းထိမွ အနမ္းလား.."



"ဟုတ္တယ္.."



ကိုးလ္စိတ္ပ်က္ပ်က္ျဖင့္ေျပာ၍ ဆံပင္မ်ားကိုဖြပစ္လိုက္သည္။ ေတြ႕လိုက္တိုင္း စိတ္ဒုကၡအမ်ိဳးမ်ိဳးေပးနိုင္လြန္းေသာသူေပ။



"ေမာင္.."



"ဘာလဲ..ဘာလဲ..ထပ္ၿပီးေတာ့ဘာလဲ..."



ကိုးလ္သည္ လွ်ာဖ်ားကိုႏူတ္ခမ္းအတြင္းဘက္တြင္ထိုး၍ သူ႕အားေဒါသထြက္လာသည္။ သို႔ေသာ္လည္း ေခ်ာေမာလြန္းေသာ ႐ုပ္ေၾကာင့္ ျမဴဇံ့အတြက္ ၾကည့္ေကာင္းေန၏။



"ပန္းေလးေတြခူးေပး.."



"မင္းက မိန္းကေလးလား.."



"ေမာင္မရွည္ပါနဲ႕ ခူးေပးပါဆို..."



"ေအာင္မေလဗ်ာ"ဟုသာ အဖြားႀကီးလိုတလိုက္ရ။ သူ႕ကိုေျပာရမည့္စကားကို ကိုယ့္ကိုယ္အရင္လာေျပာေသာအခါ ကိုးလ္ခံျပင္းသြား၏။ ကိုးလ္သူႏွင့္ စကားနိုင္လုမေျပာခ်င္ေသာေၾကာင့္ လမ္းေဘးက ေနၾကာပန္းရိုင္းအားခူးရန္လုပ္ေသာအခါ...



"အဲ့ပန္းမဟုတ္ဘူး..ခ်ယ္ရီပန္း.."



ခ်ယ္ရီပင္မ်ားက ျမင့္လြန္းေသာေၾကာင့္ ကိုးလ္၏အရပ္ႏွင့္လည္းမမီေပ။ အေရွ႕တြင္ရွိေသာအပင္ေလးက ကိုးလ္အရပ္ႏွင့္ခူးလွ်င္ မီေသာေၾကာင့္ သြားခူးေပးရန္လုပ္သည့္အခါ...



"ဒီအပင္ပဲခူးေပး ဟိုအပင္မႀကိဳက္ဘူး"



အထပ္တစ္ရာအရစ္ေလးက စတင္ ရစ္လာပါေလေတာ့သည္။ ခ်ယ္ရီပင္ခ်င္းအတူတူ လာၿပီးခြဲျခားေနေသး၏။ အင္းေပါ့ေလး သူ႕မိဘမ်ားလည္း လူခ်င္းတူတာေတာင္ အဆင့္အတန္းလာခြဲျခားေသးတာပဲဆို၍ ကိုးလ္အပင္ေပၚတက္ရန္ျပင္ေလသည္။ သူႏွင့္ပတ္သက္လွ်င္ ဘာေၾကာင့္ကိုးလ္ကပဲ အေလွ်ာ့ေပးေနရလဲမသိေတာ့။



"မတက္နဲ႕ "



"..........."



"သား ခူးမယ္.."



သူေျပာ၍ ကိုးလ္အားခ်ီခိုင္းေတာ့၏ ။ မိမိညီေလး၊ သားေလးလည္းမဟုတ္ဘဲႏွင့္ သူ႕အားခ်ီေပးရဦးမည္။ "ေနပါေစေတာ့ ကိုးလ္ပါ၊ တစ္ကိုးလ္ထဲရွိတာ စိတ္မရွည္တတ္ဘူး" ထိုသို႔ေျပာေနေသာ္လည္း သူ၏ခါးေလးကို မ,ခ်ီ၍ အပြင့္နားေျမာက္ေပးလိုက္၏။ သူကအေပၚေရာက္သြားေသာအခါ ေပ်ာ္ေန၍ ပန္းမ်ားမခူးဘဲ ကိုးလ္အားငုံ႕ၾကည့္ေလ၏။



"ျမန္ျမန္ခူး... ဒီမွာေျမာက္ေပးရတာစိတ္မရွည္ေတာ့ဘူး..."



ျမဴဇံဟာ ပန္းမ်ားကိုမၾကည့္ဘဲ သူ႕ကိုသာ ငုံ႕ၾကည့္၍ ၿပဳံးေနၿပီးလက္ႏွစ္ဖက္ကိုေျမာက္ကာ သူ၏မ်က္ႏွာကို အုပ္ကိုင္ေလသည္။ ၿပီးေနာက္ တည္တင္းေသာ ႏူတ္ခမ္းေစြးေစြးေလးကို ငုံ႕၍ ႏူတ္ခမ္းေလးျဖင့္ ဖိကပ္လိုက္၏။ ကိုးလ္သည္လည္း ႏူးညံ့အိစက္ေနေသာ ႏူတ္ခမ္းေလး၏ လႈပ္ရွားမႈေအာက္တြင္ ေသြးေၾကာမ်ားေျပာင္းျပန္စီးက်ကဳန္ေသာခံစားခ်က္ျဖင့္ မ်က္လုံးမ်ားျပဴးၿပဲကာ မွင္သက္ေန၍ အသက္ပင္ရႉရန္ေမ့ေန၏။



သူ႕ခါးေလးကိုင္ထားေသာလက္မ်ားလည္း တုန္ယင္လာသည္။ ေလထု၏ အေျခအေနဟာလည္း ပူလိုက္ေအးလိုက္ႏွင့္ အပူလိုင္းမ်ားျဖတ္သန္းသြားသလို၊ ေႂကြက်လာေသာပန္းေလးမ်ားလည္း ထိုအခိုက္တြင္ ခ်က္ခ်င္းရပ္တန့္သြားသလို၊ ကမာၻႀကီးတစ္ခုလုံးရပ္တန့္သြား၍ ဒုန္..ဒုန္..ဆိုတဲ့ အသံကိုပဲ က်ယ္ေလာင္စြာ ၾကားေနရသည္။



ဘဝတစ္ေလွ်ာက္လုံး ပထမဆုံး ခံစားဖူးေသာ ခံစားမႈျဖင့္ သူ႕ႏူတ္ခမ္းမ်ားလႈပ္ရွားမႈေအာက္ ကိုးလ္ၿငိမ္သက္ေနလ်က္ ေတာင့္ေတာင့္ႀကီးရပ္ေန၏။ ႏူးညံ့လြန္းေသာ ထိုအရာေလးက ကိုးလ္အား မွင္သက္ေစသည္။ ဒူးဆစ္မ်ားလည္းမခိုင္ခ်င္ေတာ့၍ ထိုေနရာတြင္သာ ထိုင္က်သြားသည္။



ဘုပ္!



"အာ့..."



သူ႕ခါးကိုလည္း ႐ုတ္တရက္လြတ္ခ်လိဳက္ေသာအခါ သူလည္းလမ္းမထက္တြင္ ဖင္ထိုင္က်သြားသည္။ ကိုးလ္က ဘာကိုမွသတိမထားမိဘဲ ငူငူႀကီးငိုင္ေနေတာ့၏။



"ဟင့္..နာလိုက္တာ... စိတ္ဆိုးရင္လည္းမတတ္နိုင္ဘူးဗ်ာ...။ ႏူတ္ခမ္းခ်င္းထိမွ အနမ္းဆိုလို႔ နမ္းလိုက္တာ..."



အသံစူးစူးျဖင့္ သူထေျပာေသာေၾကာင့္ ကိုးလ္သတိဝင္လာ၍ ျပန္ထလာသည္။ "မျဖစ္နိုင္ဘူး..ဒီအ႐ူးနဲ႕ပထမဆုံးအနမ္း..ငါ့ရဲ႕အနမ္း..."စိတ္ထဲတြင္ ႀကိတ္ေတြး၍ ဆံပင္မ်ားကို ဆြဲဆုပ္ပစ္လိုက္သည္။ ကမာၻႀကီးက ခဏရပ္တန့္သြားသလား ယခုမွ ေလေျပမ်ားလည္း ျပန္တိုက္ခတ္လာသလို။



"စိတ္မဆိုးပါနဲ႕... သားက..."



"တိတ္စမ္း! မင္း..မင္းကို..ငါသတ္မိေတာ့မယ္..."



ကိုးလ္သည္ လက္သီးမ်ားကိုဆုပ္ထား၍ သူ႕ကိုေငါက္လိုက္သည္။ ထိုခဏအတြင္းတြင္ ကိုးလ္ဂနာမၿငိမ္ဘဲ ဘာလုပ္ဘာကိုင္ရမွန္းမသိေတာ့။ ေလးေလးသာသိလွ်င္ ေလွာင္၍ ၿပီးေတာ့မည္မဟုတ္၊ ေယာကၤ်ားေလးတစ္ေယာက္ႏွင့္ ပထမဆုံးအနမ္းျဖစ္ဖူးသည္ကို လူေတြၾကားလွ်င္ ဟားတိုက္ေနေတာ့မည္။



"မင္း...ဒီကိစၥကို ဘယ္သူ႕ကိုမွမေျပာနဲ႕။ ၾကားလား...မင္းေျပာလိုက္တာနဲ႕ မင္းကို ငါ့လက္နဲ႕ကိုယ္တိုင္သတ္မယ္..."



"ဟုတ္..သားမေျပာဘူး..ဟီး.."



"စပ္ၿဖီးၿဖီး လုပ္မေနနဲ႕ ျဖတ္ရိုက္လိုက္မယ္..."



ေဒါသႏွင့္ ရွက္စိတ္တို႔ေရာေထြးလ်က္ စိတ္တိုေနေသာကိုးလ္ဟာ သူ႕အတြက္ၾကည့္ေကာင္းဖြယ္အတိေပ။ သူ႕လိုလူမိုက္ႀကီးက ရွက္တတ္ေသးသည္တဲ့လား။ ျမဴဇံေတြး၍ စိတ္မထိန္းနိုင္ဘဲ ရယ္မိသြားေလသည္။



"ဟုတ္ကဲ့..."



ပါးစပ္ေလးကို အသာအုပ္ထား၍ ေဒါသထြက္ေနေသာ သူ႕အေနာက္သို႔ ျမဴဇံခပ္ကုတ္ကုတ္ေလးလိုက္လာေတာ့သည္။



ကိုးလ္သည္ သူ႕ကိုေဒါသထြက္သည္ စိတ္တိုသည္။ ေျဗာင္းဆန္သြားတဲ့ ႏွလုံးခုန္သံမ်ားကိုလည္း ေဒါသထြက္သည္၊ စိတ္တိုသည္။ အရင္ဆုံးသူ႕ကို အိမ္အေရာက္ပို႔ရမည္ ၿပီးလွ်င္ဘယ္ေတာ့မွ မပတ္သတ္ေတာ့ဘူး။ သူႏွင့္ေနာက္တစ္ခါထပ္ေတြ႕လွ်င္ ကိုးလ္႐ူး႐ုံမကဘဲ အ႐ူးေထာင္ထဲေရာက္သြားနိုင္သည္။



သူကေတာ့ ဘာမွမျဖစ္သလိုႏွင့္ ကိုးလ္၏ေက်ာျပင္ႀကီးကိုမထိတထိလိုက္ကပ္၍ သီခ်င္းမ်ားညဥ္းဆိုေနေတာ့၏။



××××××××××××××××××××××××××××




Continue Reading

You'll Also Like

398K 22.8K 38
​ေရြးခ်ယ္​ခြင္​့မ႐ွိတဲ့ ႏွလုံးသားမုိ႔ ......
342K 27.6K 45
ကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ
299K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
121K 10.4K 35
လွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိ...