အပိုင်း(၄၇)
ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း
နှစ်လကြာပြီးနောက်....
" ပါးပါး သားကျောင်းက ပြန်လာပြီ"
အိမ်ရှေ့မှ ထွက်ပေါ်လာသော ပေါက်စီလေးအသံကြောင့် လွန်းငယ် အိမ်ရှေ့သို့ထွက်လာလိုက်သည်။ ရင်းနှီးနေသော အိမ်အနေအထားကြောင့် မမြင်ရသော်လည်း အပြင်ရောက်ရန်မခက်ခဲခဲ့။
အိမ်တံခါးဝဆီ မရောက်သေးခင် လက်တစ်ဖက်အား ထိန်းကိုင်လာသူကြောင့် လွန်းငယ် ခြေလှမ်းတို့ ရပ်တန့်လိုက်သည်။
"မောင် မှာထားတယ်လေ...မောင် မပါဘဲ လွယ်လွယ်လျှောက်မသွားပါနဲ့ဆို"
လွန်းငယ် ပြုံးကာ ပြောလိုက်မိသည်။
"အိမ်ထဲက ငါလျှောက်လို့ရပါတယ်"
"သုသု ဆော့ထားတာတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ"
တကယ်ကို အရမ်းစိုးရိမ်စွာ ပြောနေပုံကြောင့် လွန်းငယ် ဘာမှမပြောတော့ဘဲ ငြိမ်နေလိုက်သည်။
"ဖေဖေက မဆီမဆိုင် သားကို ဆွဲထည့်နေတာ...သား ဆော့ပြီးရင် ပါးပါး မထိခိုက်အောင် အမြဲပြန်သိမ်းပါတယ်နော်"
ဘေးဘက်ဆီမှ ထွက်လာသော မကျေမနပ်သံစူးစူးလေးကြောင့် လွန်းငယ် ထပ်၍ ပြုံးလိုက်မိသည်။
"ဖေဖေက စိုးရိမ်လို့ ပြောတာပါ...မတော်တဆ သား မေ့ကျန်ခဲ့ရင်"
"သား မမေ့ပါဘူးနော်...ပါးပါးကို ထိခိုက်စေမှာမျိုး သား မမေ့ဖူးဘူး ဟွန့်"
ပေါက်စီလေး၏ ချစ်စရာကောင်းနေမည့်ပုံစံအား လွန်းငယ် မမြင်ရသော်လည်း မှန်းဆမြင်ယောင်ကာ အသံထွက်ရယ်လိုက်မိသည်။
"ပါးပါးက အရမ်းချစ်စရာကောင်းတာပဲ"
သေချာပေါက် ပေါက်စီလေးက သူရယ်နေပုံအား ငေးကြည့်ကာ ပြောလာပုံရသည်။
လွန်းငယ် မောင့်လက်အား အသာဖယ်လိုက်ပြီး ထိုင်ချ၍ လက်နှစ်ဖက်အား ဆန့်တန်းလိုက်သည်။
"လာပါဦး ပါးပါးရဲ့ ပေါက်စီလေး"
ရင်ခွင်ထဲ နွေးထွေးစွာ တိုးဝှေ့လာမှုလေးအား ခံစားလိုက်ရသည်။ လွန်းငယ် တင်းကျပ်စွာ ဖက်ထားလိုက်မိ၏။
"ပါးပါးရဲ့ ပေါက်စီလေးက အရမ်းချစ်ဖို့ ကောင်းတာပဲ"
"ချစ်ဖို့ကောင်းရင် သားကို နမ်း"
လွန်းငယ် ချစ်မြတ်နိုးစွာ ကလေးငယ် မျက်နှာအား စမ်း၍ နမ်းရှိုက်လိုက်သည်။
"စာလုပ်ရလို့ ပင်ပန်းနေတာတွေ ပျောက်သွားပြီ"
စကားတတ်လွန်းသော ထိုကလေးငယ်လေးအား လွန်းငယ် လွန်စွာ အသည်းယားချစ်ခင်ရလွန်းသည်။
"သုသု အင်္ကျီ အရင် သွားလဲဦး"
မောင်၏ အသံကြောင့် လွန်းငယ် ကလေးငယ်အား ပွေ့ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။
"ဖေဖေက သားလို အနမ်းမခံရလို့ သဝန်တိုနေတာမလား"
လွန်းငယ် ပြောစရာစကားတို့ ပျောက်ရှသွားရသည်။ နေရခက်စွာ မျက်နှာပင်ပူလာရ၏။
"သုသု ဒီကလေးတော့"
ဂရုမစိုက်စွာ သူ့အား လျှာထုတ်ပြောင်ပြပြီး အခန်းဆီလှစ်ခနဲပြေးသွားသော သုသုအား မနိုင်စွာ ခွန်းသုရှင် လက်ပိုက်ကြည့်နေလိုက်ရသည်။
မတ်တပ်ပြန်ရပ်လာသော လွန်းငယ်ကြောင့် သူဂရုစိုက်၍ လက်အားပြန်တွဲလိုက်၏။
"ကြီးကြီးရော"
"စျေးဝယ်ထွက်သွားတယ်"
ခွန်းသုရှင် လွန်းငယ်အား ဂရုစိုက်တွဲကာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ ကုတင်နားရောက်သည်နှင့် ကုတင်ပေါ်ထိုင်စေလိုက်သည်။
"ဘာစားပြီးပြီလဲ"
"မောင်နဲ့ သုသု ပြန်အလာစောင့်နေတာ...မစားရသေးဘူး"
လွန်းငယ်ရှေ့တွင် သူထိုင်လိုက်ကာ လွန်းငယ်၏ လက်များအား ဆုပ်ကိုင်ထားလိုက်သည်။
"အိမ်မှာနေရတာ ပျင်းနေပြီလား"
လွန်းငယ်က သူ့အား ခေါင်းညိတ်ပြလာသည်။
"ဖုန်းလည်း ကိုင်လို့မရ...TVလည်း ကြည့်လို့မရတော့ တကယ် ပျင်းတာ"
"ကုမ္ပဏီကို လိုက်ခဲ့ချင်လား"
မောင်၏ အမေးကြောင့် လွန်းငယ် တွေဝေသွားရ၏။
" ငါ ဒီလိုပုံစံနဲ့ လိုက်ခဲ့လို့ဖြစ်ပါ့မလား...မင်းကို အရှက်ရစေမယ်ထင်တယ်"
နဖူးပြင်မှ ဆံစများအား ဖယ်ရှားပေးလာသော လက်ချောင်းလေးများကို လွန်းငယ်ခံစားသိရှိလိုက်ရသည်။
"မောင့်မှာ ဒီလောက်ချောတဲ့ ယောကျာ်းရှိတာ ဘာလို့အရှက်ရစေမှာလဲ"
လွန်းငယ် မောင့်စကားကြောင့် တိုးဖွဖွ ရယ်မောလိုက်မိသည်။
" ငါ မနက်ဖြန် မင်းနဲ့ လိုက်ခဲ့ချင်တယ်"
"အင်း"
လွန်းငယ် မမြင်ရသော မောင့် မျက်နှာအား လက်ချောင်းများဖြင့်စမ်းကာ ထိကိုင်လိုက်သည်။
"မင်းလည်း ပိုချောလာမယ်ထင်တယ်"
သူ၏ နှာခေါင်းအား အသာဖိညှစ်လိုက်သည်ကို လွန်းငယ်ခံစားလိုက်ရ၏။
"မောင် မင်းကို မမှီဘူး"
ထို့နောက် မောင့် မျက်နှာအား ကိုင်တွယ်ထားသော သူ၏လက်များကို မောင်က ဆွဲဖယ်ကာ ကိုင်တွယ်ကြည့်ရှုနေသည်ကို ခံစားလိုက်ရသည်။
"လက်သည်းတွေရှည်လာပြီပဲ...မောင် ညှပ်ပေးမယ်"
သူ၏ လက်များအား အသာချကာ အနားမှ ထွက်သွားသော ခြေသံတိုးဖွဖွကို လွန်းငယ်ကြား လိုက်ရသည်။ တခဏလေးအတွင်း ခြေသံအနီးသို့ ပြန်ရောက်လာ၏။
သူ၏ လက်ချောင်းများအား ဂရုတစိုက်ကိုင်တွယ်ကာ လက်သည်းညှပ်ပေးနေသည်အား ခံစားလိုက်ရသည်။ လွန်းငယ် ရင်ထဲကြည်နူးကာ ပြုံးလိုက်မိသည်။
မောင်က သူ့အား လိုအပ်သည်ဟူ၍ မရှိရလေအောင် သေချာဂရုစိုက်စောင့်ရှောက်ပေးသည်။
ဘာမှမမြင်ရသော သူ့အတွက် အစစအရာရာ လုပ်ကိုင်ပေးရပါသော်လည်း တခါလေးမျှ ညီးညူခြင်း မရှိခဲ့။
အချိန်အနည်းငယ်ကြာပြီးနောက် သူ၏လက်များအား မောင်က လွှတ်ပေးကာ အိပ်ရာပေါ်တင်ပေးလာသည်။ ထို့နောက် ဆံပင်များအား ညင်သာစွာ ပွတ်သတ်လာ၏။
"ပြီးပြီ...ရေချိုးပြီးပြီလား"
လွန်းငယ် ခေါင်းခါပြလိုက်သည်။
"မောင် ရေချိုးဖို့ ပြင်ပေးမယ်"
လွန်းငယ် ရေမချိုးချင်သောကြောင့် ချက်ချင်းငြင်းဆန်လိုက်သည်။
"မောင် ဆောင်းရာသီကြီး...အေးတယ်...ဒီနေ့တော့ မချိုးတော့ဘူး"
"မနေ့ကလည်း မောင့်ကို အဲဒီအတိုင်း ပြောတာပဲ"
လွန်းငယ် မကျေမနပ်ဖြစ်သွားရသည်။
"မနေ့ကလည်း အရမ်းအေးတာကို"
"မောင် ရေနွေးနဲ့ စပ်ပေးမယ်"
" ရေမချိုးလို့ သေတဲ့မသာမှ မရှိတာ...ရေချိုးလို့သေတဲ့မသာပဲ ကြားဖူးတယ်...မချိုးတော့ဘူး"
သူ့စကားကြောင့် မောင့်ဆီမှ ရယ်သံထွက်ပေါ်လာသည်။
"ဟုတ်ပါပြီ...မောင် မချိုးခိုင်းတော့ပါဘူး...ဗိုက်ဆာနေပြီမလား...မောင် ထမင်းစားဖို့ သွားပြင်ပေးမယ်"
လွန်းငယ် အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ သူ တကယ်ဗိုက်ဆာနေပြီလေ။
သူ၏ ဆံပင်များအား ထပ်၍ ဖွလိုက်သည်ကို ခံစားလိုက်ရပြီး အခန်းထဲမှ ထွက်ခွာသွားသောခြေသံကို လွန်းငယ် ကြားလိုက်ရသည်။
ဘာမှ မမြင်ရခြင်းအား သူအသားကျနေသော်လည်း မကြားရတာကြာပြီဖြစ်သော အသံတစ်သံအား လွမ်းဆွတ်ခြင်းကိုမူ သူ အသားကျမနေခဲ့ပေ။
နာရီစက္ကန့်တွေဟာ
တရွေ့ရွေ့လှုပ်ရှားနေတယ်။
အချိန်စက်ဝန်းကလည်း
တဖြည်းဖြည်းလည်ပတ်နေတယ်။
မင်းကိုချစ်တဲ့ငါ့အချစ်တွေကလည်း
အလားသဏ္ဍာန်တူစွာ
ရပ်တန့်မသွားခဲ့ဘူး။
*************************
"ထားရာ အားလုံးအဆင်ပြေမှာပါ စိတ်မပူပါနဲ့"
လူနာကုတင်ပေါ် ဖျော့တော့စွာ လဲလျောင်းနေသူက သူ့အား အသက်မပါစွာ ပြုံးပြလာသည်။
Ka-kochan စိတ်မရှည်စွာ တောက် ခေါက်လိုက်မိသည်။
"ထားရာ အဲလို မနေစမ်းနဲ့ကွာ...ငါ့ကို စိတ်ပျက်ရအောင် မလုပ်နဲ့"
"မနက်ဖြန် ငါ ခွဲစိတ်မှာလေ Ka-kochan...ငါက ဘယ်လိုပုံစံနေရမှာလဲ"
Ka-kochan သက်ပြင်းချလိုက်မိသည်။
"ငါ အကောင်းဆုံးကြိုးစားထားတယ်...ငါ မင်းကို အဆုံးရှုံးမခံနိုင်တာ သိတယ်မလား"
စေထားရာ ဖျော့တော့စွာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"တကယ်လို့ ခွဲစိတ်မှုအောင်မြင်ခဲ့ရင် ငါ ငယ့်ကို နောက်ဆုံးတခေါက် တွေ့ချင်တယ်...သာယာပျော်ရွှင်တဲ့ သူ့ဘဝလေးကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ရပြီးရင် တစ်ကမ္ဘာလုံးအနှံ့ခြေဦးတည့်ရာ လျှောက်သွားချင်တယ်...ငယ်ငယ်ကတည်းက သယ်ပိုးခဲ့ရတဲ့ အဲဒီတာဝန်တွေကို လွှင့်ပစ်ပြီး လွတ်လွတ်လပ်လပ် ခရီးတွေထွက်ပစ်ချင်တယ် Ka-kochan"
Ka-kochan အတွေးများနှင့် ပြုံးကာပြောနေသော စေထားရာ၏ မျက်နှာချောချောအား ငေးမောကြည့်လိုက်မိသည်။
"ငါက မင်းဘေး လိုက်ကပ်နေမှာ သိတယ်မလား...မင်းနဲ့အတူ ခရီးတွေ လိုက်ထွက်မှာ"
"မင်း ဆရာဝန်အလုပ်ကရော"
"နှုတ်ထွက်လိုက်မှာပေါ့ လွယ်လွယ်လေးကို"
"ငါနဲ့ အတူလိုက်ဖို့ မင်းလူနာတွေ ပစ်ထားခဲ့တော့မယ်ပေါ့...မင်း လူနာတွေတော့ ငိုနေတော့မှာပဲ"
စေထားရာ အခုလို အမြဲပြုံးနေလျှင် သူသည်လည်း အမြဲ ပျော်ရွှင်ရသည်။
" ငါ့အတွက် မင်းလောက်ဘယ်အရာကမှ အရေးမပါဘူး"
တစ်စုံတစ်ရာအား သတိရသွားသည့်ပုံစံဖြင့် စေထားရာမျက်နှာတွင် ဝမ်းနည်းမှုတို့ဖြစ်ပေါ်လာသည်။ အမြဲအရိပ်တကြည့်ကြည့် ကြည့်နေခဲ့သူက ထိုအရာအား ချက်ချင်းနားလည်လိုက်သည်။
"မင်း တကယ် သူ့ကို အသိမပေးတော့ဘူးလား"
စေထားရာ၏ အကြည့်စူးစူးများက သူ့ဆီသို့ ရောက်ရှိလာကြသည်။
"အင်း...ငယ့်ကိုမသိစေချင်ဘူး Ka-kochan...သူအရမ်းပျော်ရွှင်နေတာ...ငါ့ကြောင့်နဲ့ အနှောင့်အယှက်မဖြစ်စေချင်ဘူး"
"မင်းနေ့တိုင်း မင်းလူတွေနဲ့ သူ့သတင်းအမြဲ နားထောင်နေတာ...မင်း သူ့ကို မသိစေချင်တာ တကယ် သေချာပြီလား"
"ငါ့အလိုဆန္ဒကြောင့် ငါအများကြီး မှားခဲ့ပြီးပြီ Ka-kochan...ငယ့်ကို နာကျင်အောင် ငါထပ်မမှားချင်တော့ဘူး...ငါ အကြောင်းကြားလိုက်ရင် ငယ် ချက်ချင်းပြေးလာလိမ့်မယ်...ငယ့် မျက်လုံးအခြေအနေနဲ့ ငယ် ထိခိုက်မှာကို ငါ မလိုလားဘူး"
Ka-kochan ဘာပြောရမည်မှန်း မသိစွာ ဆွံ့အနေမိသည်။ ထို့နောက် စကားတစ်ခွန်းသာ သူ့ပါးစပ်မှ ထွက်လာနိုင်တော့သည်။
"အရူး"
ကိုယ့်အခြေအနေကိုယ် စိုးရိမ်ရမည့်အချိန်တွင် ညီဖြစ်သူအား စိုးရိမ်နိုင်သေးသည့် စေထားရာအား Ka-kochan တကယ်အံသြရပါသည်။
ခွဲစိတ်ခါနီးထိပင် ဖုန်းအား လက်မလွှတ်နိုင်ဘဲ မြန်မာပြည်ရှိ သူ့လူများပို့ပေးသော Krenပုံများအား နေ့တိုင်းကြည့်နေသူကို Ka-kochan တကယ်ပင် စိတ်တိုရသည်။ အဆင်ပြေနေကြောင်း သိသော်လည်း အခုထိ စိတ်ချပုံမရသေး။
သူသည်လည်း စေထားရာ ရောဂါအခြေအနေကြောင့် တရက်လေးမှ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့။ သူ၏ စေတနာများကိုတော့ ထိုအရူးက မြင်ပုံမရပေ။
မနက်ဖြန်ဆို သူတကယ် ကြောက်ရွံ့နေမိသည့် အချိန်ရောက်ရှိလာခဲ့ပြီ။ သူ၏ရှေ့မှ ဘာမှမဖြစ်သလို ဟန်ဆောင်နေသူသည်လည်း သေချာပေါက်ကြောက်ရွံ့နေပေလိမ့်မည်။
သက်ပြင်းချကာ ပြတင်းပေါက် အပြင်ငေးမောနေသူကိုသာ သူ တိတ်ဆိတ်စွာ ငေးမောနေလိုက်တော့သည်။
အချစ်က
ဆန်းကြယ်တယ်။
မရနိုင်မှန်းသိလေ
ပိုလိုချင်လေတဲ့။
မရနိုင်တော့တဲ့
မင်းရဲ့အချစ်ကို
ငါကလည်း
အရမ်းလိုချင်နေခဲ့မိတယ်။
********************
ကုမ္ပဏီထဲ ရောက်ရှိနေပြီဟူသော အသိကြောင့် လွန်းငယ် မမြင်ရသော်လည်း စိုးရိမ်နေမိသည်။
သူ၏ စိုးရိမ်စိတ်အား သိရှိစွာ မောင်က သူ့လက်အား ခပ်တင်းတင်း ဆုပ်ကိုင်ပေးလာ၏။
"အစကတည်းက လွန်းငယ် ကုမ္ပဏီပဲလေ...ဘာစိုးရိမ်စရာမှ မရှိဘူး...မောင်က လွန်းငယ်အစား ခဏတာဝန်ယူပေးနေတာ"
လွန်းငယ် အံ့အားသင့်သွားရသည်။ ခြေလှမ်းတို့ရပ်တန့်ကာ မောင့်စကားသံထွက်ရာဘက် လှည့်ရပ်လိုက်မိသည်။
"မောင် ဘာကို ဆိုလိုတာလဲ"
"မောင် PSကို လွန်းငယ် နာမည်နဲ့လွှဲထားပြီးပြီ...PSမှာ ရှယ်ယာအများဆုံးက လွန်းငယ်ပဲ"
လွန်းငယ် မယုံကြည်နိုင်မှုကြောင့် ပါးစပ်ပင် ပွင့်ဟသွားရသည်။
"ဒါဆို မောင်ကရော"
" မောင့်မှာ High Risk ရှိတယ်လေ...PS က အစကတည်းက လွန်းငယ် မိသားစုပိုင်ပဲ...စေထားရာလည်း လွန်းငယ် ဆက်ခံဖို့ မျှော်လင့်နေမှာပဲ"
"မောင် လွန်းငယ် စီးပွားရေး စိတ်မဝင်စားဘူး"
"မောင် လွန်းငယ်ကို PS ပေးပြီးပြီပဲ...လွန်းငယ် စိတ်ကြိုက်လုပ်လို့ရတယ်"
လွန်းငယ် တခဏမျှ စဥ်းစားတွေဝေသွားပုံရသည်။
"ဒါဆို PSကိုရောင်းပြီး အကုန်မိဘမဲ့ဂေဟာဆောက်တာတို့ ဘိုးဘွားရိပ်သာ ဆောက်တာတို့အတွက် လှူပစ်ချင်တယ်"
"အဟွတ် အဟွတ် အဟွတ်"
ခွန်းသုရှင် နောက်တွင်ပါလာသော အတွင်းရေးမှူးကိုဆက် ထိုစကားအား ကြားကာ ချောင်းဆက်တိုက်ဆိုးလေတော့သည်။
"ဘာလို့လဲ မောင်...အဆင်မပြေလို့လား"
ခွန်းသုရှင် ပြုံးကာ နဖူးပေါ်အမြဲဝဲကျတတ်သော လွန်းငယ်၏ ဆံစလေးများအား သပ်တင်ပေးလိုက်သည်။
" အဆင်ပြေတာပေါ့...လွန်းငယ် စိတ်ကြိုက်လုပ်လို့ရတယ်...မောင်တို့မှာ High Riskရှိသေးတာပဲ"
လွန်းငယ် မောင့်စကားကြောင့် စိတ်ကျေနပ်စွာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။
"ဒါပေမဲ့ တစ်ခုတော့ရှိတယ်...မောင်တို့မှာ ပေါက်စီလေးအပြင် တခြားသားတစ်ယောက်ရှိလာခဲ့ရင်တော့ မောင် အမွေပေးနိုင်ဖို့အတွက် နောက်ထပ်ကုမ္ပဏီတစ်ခုထပ်ထောင်ပြီး ထပ်ကြိုးစားရတော့မှာပဲ"
လွန်းငယ် မျက်နှာတစ်ခုလုံး နီရဲသွားရသည်။
"မောင် ငါတို့ပတ်သတ်မှုက အဲလိုမှ မဟုတ်တာ...ပြီးတော့ ကလေးရဖို့က ပိုတောင်မဖြစ်နိုင်ဘူး"
ခွန်းသုရှင် ချစ်စရာကောင်းနေသော လွန်းငယ်၏ ပါးအား ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။
"မောင် လူမြင်ကွင်းကြီး"
လွန်းငယ်၏ လွန်စွာရှက်ရွံ့နေသော ပုံစံကြောင့် ခွန်းသုရှင် ပြုံးလိုက်မိသည်။
"မောင် နားလည်ပါတယ် လွန်းငယ်...မင်း မောင့်ကိုပြန်လက်ခံနိုင်တဲ့အချိန်ထိ မောင်စောင့်ပါ့မယ်...မောင့်နားမှာ မင်းရှိနေရင် ပြည့်စုံပြီ"
လွန်းငယ် မောင့်အား မှန်းဆကြည့်ကာ ပြုံးလိုက်ချိန် ရုတ်တရက် မြောက်တက်သွားသော ခန္ဓာကိုယ်ကြောင့်ထိတ်လန့်သွားရသည်။
"မောင်...ဘာလုပ်တာလဲ"
"အပေါ်ဆုံးထပ်ထိ အဝေးကြီးသွားရဦးမှာ...လွန်းငယ်လျှောက်ရမှာ ညောင်းလိမ့်မယ်...မောင် ချီသွားပေးမယ်"
မောင့်စကားကြောင့် လွန်းငယ်တစ်စုံတစ်ရာအား စဥ်းစားမိကာ ဝမ်းနည်းသွားရသည်။
"ငါ့မျက်လုံးတွေကြောင့်လား မောင်"
"လျှောက်တွေးပြန်ပြီ...မောင့်ယောကျာ်းကို တကယ်ခြေထောက်မညောင်းစေချင်လို့"
မောင့်အဖြေကြောင့် လွန်းငယ်ထပ်၍ အတွန့်တက်လိုက်မိ၏။
"ဒါမဲ့ လူတွေအများကြီးဟာ"
"လူတွေများတော့ ဘာဖြစ်လဲ လွန်းငယ်ရဲ့...ဘာမှ ကြောက်စရာမလိုဘူး...မင်းက မောင် လက်ထပ်ယူထားတဲ့ မောင့်ယောကျာ်းပဲဟာ"
လွန်းငယ် မျက်နှာတစ်ပြင်လုံး ပူထူကာ ပို၍နီရဲလာရသည်။
"မောင် ငါ...ငါ လမ်းလျှောက်နိုင်တယ်"
"ဆက်မပြောနဲ့တော့နော်...မဟုတ်ရင် မောင့်ရုံးခန်းရောက်တဲ့ထိ ဆက်ချီထားမှာ"
သူ ဘာပြန်ပြောရမည်လည်း တကယ် မသိတော့။ တဒိတ်ဒိတ် ခုန်နေသော ရင်ခုန်သံနှင့်အတူ ပြောစရာစကားတို့ ပျောက်ရှသွားရသည်။
ကြည့်ရှုနေသူများအား ဂရုမစိုက်စွာ လွန်းငယ်အား ပွေ့ချီ၍ ရှေ့မှ လျှောက်သွားသော Bossအား ကြည့်ကာ ကိုဆက် ခေါင်းရမ်းလိုက်မိသည်။
မကြာခင် ဒီအခြေအနေပြန်ရောက်အောင် သူနှင့် Bossအတူတူ အတော် ကြိုးစားခဲ့ရသော PSကုမ္ပဏီကြီးသည်လည်း အလှူအတန်းပြုရန်အရောင်းချခံပစ္စည်းအဖြစ်သို့ ဘဝပြောင်းသွားရှာပေတော့မည်။
ကိုယ်တို့ကြား
ပိုင်ဆိုင်မှုတွေ
ဂုဏ်ပကာသနတွေ
မလိုအပ်ပါဘူး။
တစ်ယောက်ကိုတစ်ယောက်
ချစ်နေဖို့သည်သာ
အဓိက။
***********************
ခွန်းသုရှင် ကိုဆက်နှင့် အလုပ်ကိစ္စဆွေးနွေးနေရာမှ လွန်းငယ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ခဏလေးအတွင်း ဆိုဖာပေါ်တွင် လွန်းငယ် အိပ်ပျော်သွားလေပြီ။
ခွန်းသုရှင် ကိုဆက် တင်ပြနေသည်အား ခဏရပ်ရန် လက်ပြလိုက်ပြီး လွန်းငယ်ရှိရာဆီ လျှောက်သွားလိုက်သည်။
ဖိနပ်ချွတ်ပေးလိုက်ပြီးနောက် ခြေအိတ်များလည်း ချွတ်ပေးလိုက်သည်။ ဘေးရှိ ဆိုဖာခေါင်းအုံးအသေးလေးအား ယူကာ ဆိုဖာခေါင်းရင်းတွင် နေရာချလိုက်သည်။ ကူရှင်အား မှီထားသည့် လွန်းငယ်ခေါင်းလေးအား ဂရုတစိုက်ထိန်းကိုင်ကာ ခေါင်းအုံးပေါ်နေရာချပေးလိုက်၏။
ခြေထောက်များအား ဆိုဖာခုံပေါ်တင်ပေးလိုက်ပြီး မျက်နှာပေါ်ဝဲကျနေသော ဆံပင်များအား ဖယ်ရှားပေးလိုက်သည်။ ထို့နောက် သူ၏ အပေါ်ကုတ်အင်္ကျီအားချွတ်ကာ လွန်းငယ်ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။
အားလုံးသေချာဂရုစိုက်လုပ်ပေးပြီးနောက် အလုပ်စားပွဲဆီပြန်သွားလိုက်ပြီး ထိုင်ခုံပေါ်ပြန်ထိုင်လိုက်၏။ ကိုဆက်အား ဆက်ပြောရန် ပြောခိုင်းမည့်ဆဲဆဲတွင် ကိုဆက်ဖုန်းမှ ဖုန်း ringtone သံထွက်ပေါ်လာသည်။
"Boss တောင်းပန်ပါတယ်...ကျွန်တော် Silent မလုပ်လိုက်မိဘူး"
"ရတယ် ဖုန်းကိုင်လိုက်ပါ"
"ဟုတ်ကဲ့"
ကိုဆက် Bossအား ခေါင်းညိတ်ကာ တရိုတသေပြောလိုက်ပြီးနောက် မျက်နှာတဖက်လှည့်ကာ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
တစ်ဘက်မှ ပြောလာသည့်စကားကြောင့် သူ၏မျက်လုံးတို့ ပြူးကျယ်သွားသည်။
အံသြဝမ်းသာမှုဖြင့် Bossအား ကြည့်လိုက်မိသည်။
"Boss"
သူ၏ ပုံစံအား ခန့်မှန်းမိပုံပေါ်သော Bossက သူဆက်ပြောမည့်စကားအား စိတ်ဝင်စားစွာ အာရုံစိုက် နားထောင်နေသည်။
"မျက်ကြည်လွှာအလှူရှင်ပေါ်ပြီတဲ့"
ခွန်းသုရှင် အံ့သြဝမ်းသာစွာ ထိုင်ခုံပေါ်မှ ချက်ချင်းထရပ်လိုက်မိသည်။
မင်းကို
နင့်နင့်နဲနဲချစ်မိသွားတဲ့
ကိုယ်က
ဆုံးရှုံးရမှာကို
အမြဲတွေးကြောက်နေတတ်ခဲ့ပြီ။
***********************
2021 March 14,
ဂျပန်နိုင်ငံ၊ တိုကျိုမြို့။
At Tokyo Metropolitan Hiroo Hospital,
မျက်ဝန်းဆီမှ ဖြည်းဖြည်းချင်း ဖယ်ခွာသွားသော ပက်တီးများအား လွန်းငယ် ခံစားနေရသည်။
"မျက်လုံးဖွင့်ကြည့်လို့ရပါပြီ"
ပထမဆုံး မြင်ချင်သူ သက်သက်ရှိသော်လည်း အခြေအနေတို့က သူ့အားထိုအခွင့်အရေးမပေးခဲ့။ အလှူရှင် ချက်ချင်းပေါ်လာသောကြောင့် အလျင်အမြန် ဂျပန်သို့လာကာ ရောက်ရောက်ချင်း ခွဲစိတ်ကုသမှု ခံလိုက်ရသည်။
မျက်ဝန်းတို့အား ဖြည်းဖြည်းချင်း ဖွင့်ယူလိုက်တော့ အနည်းငယ် စူးရှသော အလင်းရောင်ကြောင့် ပြန်မှိတ်လိုက်ရသည်။
"ရတယ် ဘာမှမဖြစ်ဘူး ဖြည်းဖြည်းချင်း ဖွင့်ကြည့်နော်"
ဒေါက်တာ အသံကြောင့် လွန်းငယ် ကြိုးစားပြန်ဖွင့်ကြည့်လိုက်သည်။ အလင်းရောင်နှင့်အသားကျသွားချိန် ဝေဝေဝါးဝါး မြင်ကွင်းတို့သည်လည်း ထင်ရှားလာကြသည်။
အခန်းအား ဝေ့ဝဲကြည့်လိုက်တော့ စိုးရိမ်စွာကြည့်ရှုနေကြသော ပေါက်စီလေးနှင့် မောင်အား တွေ့လိုက်ရသည်။
"မောင်...ပေါက်စီလေး"
မျက်နှာများအား သေချာကြည့်ကာ ခေါ်ဆိုလိုက်သော သူ၏အသံကြောင့် နှစ်ယောက်လုံး၏ မျက်နှာများ ဝင်းပလာကြလေသည်။
"မောင် ငါ...ငါ မျက်လုံးတွေ ပြန်မြင်ရပြီ...ငါ အကုန် မြင်နေရပြီ...ငါ...ငါ"
လွန်းငယ် ဘာပြောရမည်မှန်း မသိစွာ စကားတို့ထစ်အနေရသည်။
" ပါးပါး...ပါးပါးအတွက် ဝမ်းသာပါတယ်"
ချစ်စရာကောင်းလွန်းသော ဝဝကစ်ကစ် ကလေးလေးဆီ ပြေးကာ လွန်းငယ် ပါးဖောင်းဖောင်းလေးတို့အား တဝနမ်းရှိုက်လိုက်သည်။
ထို့နောက် ဘေးတွင် ရပ်၍ သူ့အား ဝမ်းသာစွာ ကြည့်နေသော မောင့်အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်မိသည်။
"မောင် ငါ...ငါ တကယ် ပြန်မြင်နေရပြီ...အိပ်မက် မဟုတ်ဘူးမလား....ဒါ အိပ်မက်မဟုတ်ပါဘူးနော်"
မောင်က သူ၏ ပါးတို့အားဆွဲညှစ်လာ၏။
"နာလား လွန်းငယ်...နာရင် အိပ်မက် မဟုတ်ဘူး"
လွန်းငယ် မောင်ဆွဲသော ပါးနှစ်ဖက်အား လက်ဝါးနှစ်ဖက်ဖြင့် ဖိကိုင်လိုက်မိသည်။
"နာတယ် မောင်...အိပ်မက် မဟုတ်ဘူး...တကယ်အိပ်မက်မဟုတ်ဘူးဘဲ"
"အင်း အိပ်မက် မဟုတ်ဘူး"
လွန်းငယ် ပျော်ရွှင်မှုကြောင့် ရင်ထဲတလှပ်လှပ်ဖြစ်အောင် ခံစားနေရသည်။
" ကိုကို...ဟုတ်တယ်...ကိုကို့ဆီ အခုသွားရမယ်"
အခန်းအပြင်အလောတကြီး ထွက်ရန်ပြင်နေသော လွန်းငယ်ကြောင့် ခွန်းသုရှင် တားယူလိုက်ရသည်။
"လွန်းငယ် အရင်ဖုန်းဆက်ကြည့်ပါဦး...သူဘယ်မှာရှိမလဲမသိဘူးလေ"
"ဟုတ်တယ် ဖုန်း...ဖုန်း...ကိုကို့ကို video call ခေါ်ရမယ်...ကိုကို့မျက်နှာ မမြင်ရတာကြာပြီ"
တစ်ဖက်သို့ ဝင်သွားသော ဖုန်းသံအား နားထောင်ရင်း လွန်းငယ် လွန်စွာ စိတ်လှုပ်ရှားနေရသည်။ ကိုကို့မျက်နှာမြင်သည်နှင့် ပြောရမည့်စကားတို့အားလည်း ကြိုစဥ်းစားထားလိုက်သည်။ သေချာပေါက် အရမ်းသတိရနေကြောင်း အရင်စပြောရမည်။
တဘက်မှ ဖုန်းကိုင်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်က ကိုကို့မျက်နှာ မဟုတ်။ ဒေါက်တာ Ka-kochan၏ မျက်နှာဖြစ်နေခဲ့သည်။
"ဒေါက်တာ ကိုကိုရော...ကိုကိုက ဒေါက်တာနဲ့အတူတူရှိနေတာလား"
ဒေါက်တာ Ka-kochanကသူ့အား မကြည့်ဘဲ မျက်နှာလွှဲနေကာ ဘေးဖက်ဆီသို့သာကြည့်ရှုနေသည်။
"အင်း ထားရာ ငါနဲ့အတူရှိနေတယ်"
" ကိုကို့ကို မြင်ချင်လို့...ဒေါက်တာ ကိုကို့ကို ပြပေးပါ"
"အင်း"
ထို့နောက် ရွေ့လျားသွားသော ပုံရိပ်များ။ ပုံရိပ်များ ပြန်တည်ငြိမ်သွားသောအခါ ဖုန်းမျက်နှာပြင်တွင် ကိုကို့အား တွေ့လိုက်ရသည်။
"ဟင်"
လွန်းငယ် ကိုကို့ပုံရိပ်အား ကြည့်ကာ အံ့သြထိတ်လန့်သွားရတော့သည်။
ပျော်ရွှင်စရာ
ဘဝတစ်ခုကို
မင်းပိုင်ဆိုင်ပေမဲ့
ငါ့အတွက်တော့
နာကျင်စရာအဆုံးသတ်တစ်ခု
မင်းချန်ထားရစ်ခဲ့တယ်။
*************************
အပိုင္း(၄၇)
ေပ်ာ္႐ႊင္ျခင္းႏွင့္ နာက်င္ရျခင္း
ႏွစ္လၾကာၿပီးေနာက္....
" ပါးပါး သားေက်ာင္းက ျပန္လာၿပီ"
အိမ္ေရွ႕မွ ထြက္ေပၚလာေသာ ေပါက္စီေလးအသံေၾကာင့္ လြန္းငယ္ အိမ္ေရွ႕သို႔ထြက္လာလိုက္သည္။ ရင္းႏွီးေနေသာ အိမ္အေနအထားေၾကာင့္ မျမင္ရေသာ္လည္း အျပင္ေရာက္ရန္မခက္ခဲခဲ့။
အိမ္တံခါးဝဆီ မေရာက္ေသးခင္ လက္တစ္ဖက္အား ထိန္းကိုင္လာသူေၾကာင့္ လြန္းငယ္ ေျခလွမ္းတို႔ ရပ္တန့္လိုက္သည္။
"ေမာင္ မွာထားတယ္ေလ...ေမာင္ မပါဘဲ လြယ္လြယ္ေလွ်ာက္မသြားပါနဲ႕ဆို"
လြန္းငယ္ ၿပဳံးကာ ေျပာလိုက္မိသည္။
"အိမ္ထဲက ငါေလွ်ာက္လို႔ရပါတယ္"
"သုသု ေဆာ့ထားတာတစ္ခုခုေၾကာင့္ ထိခိုက္ဒဏ္ရာရသြားရင္ ဘယ္လိုလုပ္မလဲ"
တကယ္ကို အရမ္းစိုးရိမ္စြာ ေျပာေနပုံေၾကာင့္ လြန္းငယ္ ဘာမွမေျပာေတာ့ဘဲ ၿငိမ္ေနလိုက္သည္။
"ေဖေဖက မဆီမဆိုင္ သားကို ဆြဲထည့္ေနတာ...သား ေဆာ့ၿပီးရင္ ပါးပါး မထိခိုက္ေအာင္ အၿမဲျပန္သိမ္းပါတယ္ေနာ္"
ေဘးဘက္ဆီမွ ထြက္လာေသာ မေက်မနပ္သံစူးစူးေလးေၾကာင့္ လြန္းငယ္ ထပ္၍ ၿပဳံးလိုက္မိသည္။
"ေဖေဖက စိုးရိမ္လို႔ ေျပာတာပါ...မေတာ္တဆ သား ေမ့က်န္ခဲ့ရင္"
"သား မေမ့ပါဘူးေနာ္...ပါးပါးကို ထိခိုက္ေစမွာမ်ိဳး သား မေမ့ဖူးဘူး ဟြန့္"
ေပါက္စီေလး၏ ခ်စ္စရာေကာင္းေနမည့္ပုံစံအား လြန္းငယ္ မျမင္ရေသာ္လည္း မွန္းဆျမင္ေယာင္ကာ အသံထြက္ရယ္လိုက္မိသည္။
"ပါးပါးက အရမ္းခ်စ္စရာေကာင္းတာပဲ"
ေသခ်ာေပါက္ ေပါက္စီေလးက သူရယ္ေနပုံအား ေငးၾကည့္ကာ ေျပာလာပုံရသည္။
လြန္းငယ္ ေမာင့္လက္အား အသာဖယ္လိုက္ၿပီး ထိုင္ခ်၍ လက္ႏွစ္ဖက္အား ဆန့္တန္းလိုက္သည္။
"လာပါဦး ပါးပါးရဲ႕ ေပါက္စီေလး"
ရင္ခြင္ထဲ ေႏြးေထြးစြာ တိုးေဝွ႕လာမႈေလးအား ခံစားလိုက္ရသည္။ လြန္းငယ္ တင္းက်ပ္စြာ ဖက္ထားလိုက္မိ၏။
"ပါးပါးရဲ႕ ေပါက္စီေလးက အရမ္းခ်စ္ဖို႔ ေကာင္းတာပဲ"
"ခ်စ္ဖို႔ေကာင္းရင္ သားကို နမ္း"
လြန္းငယ္ ခ်စ္ျမတ္နိုးစြာ ကေလးငယ္ မ်က္ႏွာအား စမ္း၍ နမ္းရွိုက္လိုက္သည္။
"စာလုပ္ရလို႔ ပင္ပန္းေနတာေတြ ေပ်ာက္သြားၿပီ"
စကားတတ္လြန္းေသာ ထိုကေလးငယ္ေလးအား လြန္းငယ္ လြန္စြာ အသည္းယားခ်စ္ခင္ရလြန္းသည္။
"သုသု အကၤ်ီ အရင္ သြားလဲဦး"
ေမာင္၏ အသံေၾကာင့္ လြန္းငယ္ ကေလးငယ္အား ေပြ႕ဖက္ထားရာမွ လႊတ္ေပးလိုက္သည္။
"ေဖေဖက သားလို အနမ္းမခံရလို႔ သဝန္တိုေနတာမလား"
လြန္းငယ္ ေျပာစရာစကားတို႔ ေပ်ာက္ရွသြားရသည္။ ေနရခက္စြာ မ်က္ႏွာပင္ပူလာရ၏။
"သုသု ဒီကေလးေတာ့"
ဂ႐ုမစိုက္စြာ သူ႕အား လွ်ာထုတ္ေျပာင္ျပၿပီး အခန္းဆီလွစ္ခနဲေျပးသြားေသာ သုသုအား မနိုင္စြာ ခြန္းသုရွင္ လက္ပိုက္ၾကည့္ေနလိုက္ရသည္။
မတ္တပ္ျပန္ရပ္လာေသာ လြန္းငယ္ေၾကာင့္ သူဂ႐ုစိုက္၍ လက္အားျပန္တြဲလိုက္၏။
"ႀကီးႀကီးေရာ"
"ေစ်းဝယ္ထြက္သြားတယ္"
ခြန္းသုရွင္ လြန္းငယ္အား ဂ႐ုစိုက္တြဲကာ အခန္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။ ကုတင္နားေရာက္သည္ႏွင့္ ကုတင္ေပၚထိုင္ေစလိုက္သည္။
"ဘာစားၿပီးၿပီလဲ"
"ေမာင္နဲ႕ သုသု ျပန္အလာေစာင့္ေနတာ...မစားရေသးဘူး"
လြန္းငယ္ေရွ႕တြင္ သူထိုင္လိုက္ကာ လြန္းငယ္၏ လက္မ်ားအား ဆုပ္ကိုင္ထားလိုက္သည္။
"အိမ္မွာေနရတာ ပ်င္းေနၿပီလား"
လြန္းငယ္က သူ႕အား ေခါင္းညိတ္ျပလာသည္။
"ဖုန္းလည္း ကိုင္လို႔မရ...TVလည္း ၾကည့္လို႔မရေတာ့ တကယ္ ပ်င္းတာ"
"ကုမၸဏီကို လိုက္ခဲ့ခ်င္လား"
ေမာင္၏ အေမးေၾကာင့္ လြန္းငယ္ ေတြေဝသြားရ၏။
" ငါ ဒီလိုပုံစံနဲ႕ လိုက္ခဲ့လို႔ျဖစ္ပါ့မလား...မင္းကို အရွက္ရေစမယ္ထင္တယ္"
နဖူးျပင္မွ ဆံစမ်ားအား ဖယ္ရွားေပးလာေသာ လက္ေခ်ာင္းေလးမ်ားကို လြန္းငယ္ခံစားသိရွိလိုက္ရသည္။
"ေမာင့္မွာ ဒီေလာက္ေခ်ာတဲ့ ေယာက်ာ္းရွိတာ ဘာလို႔အရွက္ရေစမွာလဲ"
လြန္းငယ္ ေမာင့္စကားေၾကာင့္ တိုးဖြဖြ ရယ္ေမာလိုက္မိသည္။
" ငါ မနက္ျဖန္ မင္းနဲ႕ လိုက္ခဲ့ခ်င္တယ္"
"အင္း"
လြန္းငယ္ မျမင္ရေသာ ေမာင့္ မ်က္ႏွာအား လက္ေခ်ာင္းမ်ားျဖင့္စမ္းကာ ထိကိုင္လိုက္သည္။
"မင္းလည္း ပိုေခ်ာလာမယ္ထင္တယ္"
သူ၏ ႏွာေခါင္းအား အသာဖိညွစ္လိုက္သည္ကို လြန္းငယ္ခံစားလိုက္ရ၏။
"ေမာင္ မင္းကို မမွီဘူး"
ထို႔ေနာက္ ေမာင့္ မ်က္ႏွာအား ကိုင္တြယ္ထားေသာ သူ၏လက္မ်ားကို ေမာင္က ဆြဲဖယ္ကာ ကိုင္တြယ္ၾကည့္ရႈေနသည္ကို ခံစားလိုက္ရသည္။
"လက္သည္းေတြရွည္လာၿပီပဲ...ေမာင္ ညွပ္ေပးမယ္"
သူ၏ လက္မ်ားအား အသာခ်ကာ အနားမွ ထြက္သြားေသာ ေျခသံတိုးဖြဖြကို လြန္းငယ္ၾကား လိုက္ရသည္။ တခဏေလးအတြင္း ေျခသံအနီးသို႔ ျပန္ေရာက္လာ၏။
သူ၏ လက္ေခ်ာင္းမ်ားအား ဂ႐ုတစိုက္ကိုင္တြယ္ကာ လက္သည္းညွပ္ေပးေနသည္အား ခံစားလိုက္ရသည္။ လြန္းငယ္ ရင္ထဲၾကည္ႏူးကာ ၿပဳံးလိုက္မိသည္။
ေမာင္က သူ႕အား လိုအပ္သည္ဟူ၍ မရွိရေလေအာင္ ေသခ်ာဂ႐ုစိုက္ေစာင့္ေရွာက္ေပးသည္။
ဘာမွမျမင္ရေသာ သူ႕အတြက္ အစစအရာရာ လုပ္ကိုင္ေပးရပါေသာ္လည္း တခါေလးမွ် ညီးၫူျခင္း မရွိခဲ့။
အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ သူ၏လက္မ်ားအား ေမာင္က လႊတ္ေပးကာ အိပ္ရာေပၚတင္ေပးလာသည္။ ထို႔ေနာက္ ဆံပင္မ်ားအား ညင္သာစြာ ပြတ္သတ္လာ၏။
"ၿပီးၿပီ...ေရခ်ိဳးၿပီးၿပီလား"
လြန္းငယ္ ေခါင္းခါျပလိုက္သည္။
"ေမာင္ ေရခ်ိဳးဖို႔ ျပင္ေပးမယ္"
လြန္းငယ္ ေရမခ်ိဳးခ်င္ေသာေၾကာင့္ ခ်က္ခ်င္းျငင္းဆန္လိုက္သည္။
"ေမာင္ ေဆာင္းရာသီႀကီး...ေအးတယ္...ဒီေန႕ေတာ့ မခ်ိဳးေတာ့ဘူး"
"မေန႕ကလည္း ေမာင့္ကို အဲဒီအတိုင္း ေျပာတာပဲ"
လြန္းငယ္ မေက်မနပ္ျဖစ္သြားရသည္။
"မေန႕ကလည္း အရမ္းေအးတာကို"
"ေမာင္ ေရေႏြးနဲ႕ စပ္ေပးမယ္"
" ေရမခ်ိဳးလို႔ ေသတဲ့မသာမွ မရွိတာ...ေရခ်ိဳးလို႔ေသတဲ့မသာပဲ ၾကားဖူးတယ္...မခ်ိဳးေတာ့ဘူး"
သူ႕စကားေၾကာင့္ ေမာင့္ဆီမွ ရယ္သံထြက္ေပၚလာသည္။
"ဟုတ္ပါၿပီ...ေမာင္ မခ်ိဳးခိုင္းေတာ့ပါဘူး...ဗိုက္ဆာေနၿပီမလား...ေမာင္ ထမင္းစားဖို႔ သြားျပင္ေပးမယ္"
လြန္းငယ္ အလ်င္အျမန္ ေခါင္းညိတ္ျပလိုက္သည္။ သူ တကယ္ဗိုက္ဆာေနၿပီေလ။
သူ၏ ဆံပင္မ်ားအား ထပ္၍ ဖြလိုက္သည္ကို ခံစားလိုက္ရၿပီး အခန္းထဲမွ ထြက္ခြာသြားေသာေျခသံကို လြန္းငယ္ ၾကားလိုက္ရသည္။
ဘာမွ မျမင္ရျခင္းအား သူအသားက်ေနေသာ္လည္း မၾကားရတာၾကာၿပီျဖစ္ေသာ အသံတစ္သံအား လြမ္းဆြတ္ျခင္းကိုမူ သူ အသားက်မေနခဲ့ေပ။
နာရီစကၠန့္ေတြဟာ
တေ႐ြ႕ေ႐ြ႕လႈပ္ရွားေနတယ္။
အခ်ိန္စက္ဝန္းကလည္း
တျဖည္းျဖည္းလည္ပတ္ေနတယ္။
မင္းကိုခ်စ္တဲ့ငါ့အခ်စ္ေတြကလည္း
အလားသ႑ာန္တူစြာ
ရပ္တန့္မသြားခဲ့ဘူး။
*************************
"ထားရာ အားလုံးအဆင္ေျပမွာပါ စိတ္မပူပါနဲ႕"
လူနာကုတင္ေပၚ ေဖ်ာ့ေတာ့စြာ လဲေလ်ာင္းေနသူက သူ႕အား အသက္မပါစြာ ၿပဳံးျပလာသည္။
Ka-kochan စိတ္မရွည္စြာ ေတာက္ ေခါက္လိုက္မိသည္။
"ထားရာ အဲလို မေနစမ္းနဲ႕ကြာ...ငါ့ကို စိတ္ပ်က္ရေအာင္ မလုပ္နဲ႕"
"မနက္ျဖန္ ငါ ခြဲစိတ္မွာေလ Ka-kochan...ငါက ဘယ္လိုပုံစံေနရမွာလဲ"
Ka-kochan သက္ျပင္းခ်လိဳက္မိသည္။
"ငါ အေကာင္းဆုံးႀကိဳးစားထားတယ္...ငါ မင္းကို အဆုံးရႈံးမခံနိုင္တာ သိတယ္မလား"
ေစထားရာ ေဖ်ာ့ေတာ့စြာ ၿပဳံး၍ ေခါင္းညိတ္ျပလိုက္သည္။
"တကယ္လို႔ ခြဲစိတ္မႈေအာင္ျမင္ခဲ့ရင္ ငါ ငယ့္ကို ေနာက္ဆုံးတေခါက္ ေတြ႕ခ်င္တယ္...သာယာေပ်ာ္႐ႊင္တဲ့ သူ႕ဘဝေလးကို ငါ့မ်က္လုံးနဲ႕ ကိုယ္တိုင္ ျမင္ရၿပီးရင္ တစ္ကမာၻလုံးအႏွံ႕ေျခဦးတည့္ရာ ေလွ်ာက္သြားခ်င္တယ္...ငယ္ငယ္ကတည္းက သယ္ပိုးခဲ့ရတဲ့ အဲဒီတာဝန္ေတြကို လႊင့္ပစ္ၿပီး လြတ္လြတ္လပ္လပ္ ခရီးေတြထြက္ပစ္ခ်င္တယ္ Ka-kochan"
Ka-kochan အေတြးမ်ားႏွင့္ ၿပဳံးကာေျပာေနေသာ ေစထားရာ၏ မ်က္ႏွာေခ်ာေခ်ာအား ေငးေမာၾကည့္လိုက္မိသည္။
"ငါက မင္းေဘး လိုက္ကပ္ေနမွာ သိတယ္မလား...မင္းနဲ႕အတူ ခရီးေတြ လိုက္ထြက္မွာ"
"မင္း ဆရာဝန္အလုပ္ကေရာ"
"ႏႈတ္ထြက္လိုက္မွာေပါ့ လြယ္လြယ္ေလးကို"
"ငါနဲ႕ အတူလိုက္ဖို႔ မင္းလူနာေတြ ပစ္ထားခဲ့ေတာ့မယ္ေပါ့...မင္း လူနာေတြေတာ့ ငိုေနေတာ့မွာပဲ"
ေစထားရာ အခုလို အၿမဲၿပဳံးေနလွ်င္ သူသည္လည္း အၿမဲ ေပ်ာ္႐ႊင္ရသည္။
" ငါ့အတြက္ မင္းေလာက္ဘယ္အရာကမွ အေရးမပါဘူး"
တစ္စုံတစ္ရာအား သတိရသြားသည့္ပုံစံျဖင့္ ေစထားရာမ်က္ႏွာတြင္ ဝမ္းနည္းမႈတို႔ျဖစ္ေပၚလာသည္။ အၿမဲအရိပ္တၾကည့္ၾကည့္ ၾကည့္ေနခဲ့သူက ထိုအရာအား ခ်က္ခ်င္းနားလည္လိုက္သည္။
"မင္း တကယ္ သူ႕ကို အသိမေပးေတာ့ဘူးလား"
ေစထားရာ၏ အၾကည့္စူးစူးမ်ားက သူ႕ဆီသို႔ ေရာက္ရွိလာၾကသည္။
"အင္း...ငယ့္ကိုမသိေစခ်င္ဘူး Ka-kochan...သူအရမ္းေပ်ာ္႐ႊင္ေနတာ...ငါ့ေၾကာင့္နဲ႕ အေႏွာင့္အယွက္မျဖစ္ေစခ်င္ဘူး"
"မင္းေန႕တိုင္း မင္းလူေတြနဲ႕ သူ႕သတင္းအၿမဲ နားေထာင္ေနတာ...မင္း သူ႕ကို မသိေစခ်င္တာ တကယ္ ေသခ်ာၿပီလား"
"ငါ့အလိုဆႏၵေၾကာင့္ ငါအမ်ားႀကီး မွားခဲ့ၿပီးၿပီ Ka-kochan...ငယ့္ကို နာက်င္ေအာင္ ငါထပ္မမွားခ်င္ေတာ့ဘူး...ငါ အေၾကာင္းၾကားလိုက္ရင္ ငယ္ ခ်က္ခ်င္းေျပးလာလိမ့္မယ္...ငယ့္ မ်က္လုံးအေျခအေနနဲ႕ ငယ္ ထိခိုက္မွာကို ငါ မလိုလားဘူး"
Ka-kochan ဘာေျပာရမည္မွန္း မသိစြာ ဆြံ႕အေနမိသည္။ ထို႔ေနာက္ စကားတစ္ခြန္းသာ သူ႕ပါးစပ္မွ ထြက္လာနိုင္ေတာ့သည္။
"အ႐ူး"
ကိုယ့္အေျခအေနကိုယ္ စိုးရိမ္ရမည့္အခ်ိန္တြင္ ညီျဖစ္သူအား စိုးရိမ္နိုင္ေသးသည့္ ေစထားရာအား Ka-kochan တကယ္အံၾသရပါသည္။
ခြဲစိတ္ခါနီးထိပင္ ဖုန္းအား လက္မလႊတ္နိုင္ဘဲ ျမန္မာျပည္ရွိ သူ႕လူမ်ားပို႔ေပးေသာ Krenပုံမ်ားအား ေန႕တိုင္းၾကည့္ေနသူကို Ka-kochan တကယ္ပင္ စိတ္တိုရသည္။ အဆင္ေျပေနေၾကာင္း သိေသာ္လည္း အခုထိ စိတ္ခ်ပဳံမရေသး။
သူသည္လည္း ေစထားရာ ေရာဂါအေျခအေနေၾကာင့္ တရက္ေလးမွ ေကာင္းေကာင္းအိပ္မေပ်ာ္နိုင္ခဲ့။ သူ၏ ေစတနာမ်ားကိုေတာ့ ထိုအ႐ူးက ျမင္ပုံမရေပ။
မနက္ျဖန္ဆို သူတကယ္ ေၾကာက္႐ြံ႕ေနမိသည့္ အခ်ိန္ေရာက္ရွိလာခဲ့ၿပီ။ သူ၏ေရွ႕မွ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနသူသည္လည္း ေသခ်ာေပါက္ေၾကာက္႐ြံ႕ေနေပလိမ့္မည္။
သက္ျပင္းခ်ကာ ျပတင္းေပါက္ အျပင္ေငးေမာေနသူကိုသာ သူ တိတ္ဆိတ္စြာ ေငးေမာေနလိုက္ေတာ့သည္။
အခ်စ္က
ဆန္းၾကယ္တယ္။
မရနိုင္မွန္းသိေလ
ပိုလိုခ်င္ေလတဲ့။
မရနိုင္ေတာ့တဲ့
မင္းရဲ႕အခ်စ္ကို
ငါကလည္း
အရမ္းလိုခ်င္ေနခဲ့မိတယ္။
********************
ကုမၸဏီထဲ ေရာက္ရွိေနၿပီဟူေသာ အသိေၾကာင့္ လြန္းငယ္ မျမင္ရေသာ္လည္း စိုးရိမ္ေနမိသည္။
သူ၏ စိုးရိမ္စိတ္အား သိရွိစြာ ေမာင္က သူ႕လက္အား ခပ္တင္းတင္း ဆုပ္ကိုင္ေပးလာ၏။
"အစကတည္းက လြန္းငယ္ ကုမၸဏီပဲေလ...ဘာစိုးရိမ္စရာမွ မရွိဘူး...ေမာင္က လြန္းငယ္အစား ခဏတာဝန္ယူေပးေနတာ"
လြန္းငယ္ အံ့အားသင့္သြားရသည္။ ေျခလွမ္းတို႔ရပ္တန့္ကာ ေမာင့္စကားသံထြက္ရာဘက္ လွည့္ရပ္လိုက္မိသည္။
"ေမာင္ ဘာကို ဆိုလိုတာလဲ"
"ေမာင္ PSကို လြန္းငယ္ နာမည္နဲ႕လႊဲထားၿပီးၿပီ...PSမွာ ရွယ္ယာအမ်ားဆုံးက လြန္းငယ္ပဲ"
လြန္းငယ္ မယုံၾကည္နိုင္မႈေၾကာင့္ ပါးစပ္ပင္ ပြင့္ဟသြားရသည္။
"ဒါဆို ေမာင္ကေရာ"
" ေမာင့္မွာ High Risk ရွိတယ္ေလ...PS က အစကတည္းက လြန္းငယ္ မိသားစုပိုင္ပဲ...ေစထားရာလည္း လြန္းငယ္ ဆက္ခံဖို႔ ေမွ်ာ္လင့္ေနမွာပဲ"
"ေမာင္ လြန္းငယ္ စီးပြားေရး စိတ္မဝင္စားဘူး"
"ေမာင္ လြန္းငယ္ကို PS ေပးၿပီးၿပီပဲ...လြန္းငယ္ စိတ္ႀကိဳက္လုပ္လို႔ရတယ္"
လြန္းငယ္ တခဏမွ် စဥ္းစားေတြေဝသြားပုံရသည္။
"ဒါဆို PSကိုေရာင္းၿပီး အကုန္မိဘမဲ့ေဂဟာေဆာက္တာတို႔ ဘိုးဘြားရိပ္သာ ေဆာက္တာတို႔အတြက္ လႉပစ္ခ်င္တယ္"
"အဟြတ္ အဟြတ္ အဟြတ္"
ခြန္းသုရွင္ ေနာက္တြင္ပါလာေသာ အတြင္းေရးမႉးကိုဆက္ ထိုစကားအား ၾကားကာ ေခ်ာင္းဆက္တိုက္ဆိုးေလေတာ့သည္။
"ဘာလို႔လဲ ေမာင္...အဆင္မေျပလို႔လား"
ခြန္းသုရွင္ ၿပဳံးကာ နဖူးေပၚအၿမဲဝဲက်တတ္ေသာ လြန္းငယ္၏ ဆံစေလးမ်ားအား သပ္တင္ေပးလိုက္သည္။
" အဆင္ေျပတာေပါ့...လြန္းငယ္ စိတ္ႀကိဳက္လုပ္လို႔ရတယ္...ေမာင္တို႔မွာ High Riskရွိေသးတာပဲ"
လြန္းငယ္ ေမာင့္စကားေၾကာင့္ စိတ္ေက်နပ္စြာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးလိုက္မိသည္။
"ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္...ေမာင္တို႔မွာ ေပါက္စီေလးအျပင္ တျခားသားတစ္ေယာက္ရွိလာခဲ့ရင္ေတာ့ ေမာင္ အေမြေပးနိုင္ဖို႔အတြက္ ေနာက္ထပ္ကုမၸဏီတစ္ခုထပ္ေထာင္ၿပီး ထပ္ႀကိဳးစားရေတာ့မွာပဲ"
လြန္းငယ္ မ်က္ႏွာတစ္ခုလုံး နီရဲသြားရသည္။
"ေမာင္ ငါတို႔ပတ္သတ္မႈက အဲလိုမွ မဟုတ္တာ...ၿပီးေတာ့ ကေလးရဖို႔က ပိုေတာင္မျဖစ္နိုင္ဘူး"
ခြန္းသုရွင္ ခ်စ္စရာေကာင္းေနေသာ လြန္းငယ္၏ ပါးအား ခပ္ဖြဖြ နမ္းရွိုက္လိုက္သည္။
"ေမာင္ လူျမင္ကြင္းႀကီး"
လြန္းငယ္၏ လြန္စြာရွက္႐ြံ႕ေနေသာ ပုံစံေၾကာင့္ ခြန္းသုရွင္ ၿပဳံးလိုက္မိသည္။
"ေမာင္ နားလည္ပါတယ္ လြန္းငယ္...မင္း ေမာင့္ကိုျပန္လက္ခံနိုင္တဲ့အခ်ိန္ထိ ေမာင္ေစာင့္ပါ့မယ္...ေမာင့္နားမွာ မင္းရွိေနရင္ ျပည့္စုံၿပီ"
လြန္းငယ္ ေမာင့္အား မွန္းဆၾကည့္ကာ ၿပဳံးလိုက္ခ်ိန္ ႐ုတ္တရက္ ေျမာက္တက္သြားေသာ ခႏၶာကိုယ္ေၾကာင့္ထိတ္လန့္သြားရသည္။
"ေမာင္...ဘာလုပ္တာလဲ"
"အေပၚဆုံးထပ္ထိ အေဝးႀကီးသြားရဦးမွာ...လြန္းငယ္ေလွ်ာက္ရမွာ ေညာင္းလိမ့္မယ္...ေမာင္ ခ်ီသြားေပးမယ္"
ေမာင့္စကားေၾကာင့္ လြန္းငယ္တစ္စုံတစ္ရာအား စဥ္းစားမိကာ ဝမ္းနည္းသြားရသည္။
"ငါ့မ်က္လုံးေတြေၾကာင့္လား ေမာင္"
"ေလွ်ာက္ေတြးျပန္ၿပီ...ေမာင့္ေယာက်ာ္းကို တကယ္ေျခေထာက္မေညာင္းေစခ်င္လို႔"
ေမာင့္အေျဖေၾကာင့္ လြန္းငယ္ထပ္၍ အတြန့္တက္လိုက္မိ၏။
"ဒါမဲ့ လူေတြအမ်ားႀကီးဟာ"
"လူေတြမ်ားေတာ့ ဘာျဖစ္လဲ လြန္းငယ္ရဲ႕...ဘာမွ ေၾကာက္စရာမလိုဘူး...မင္းက ေမာင္ လက္ထပ္ယူထားတဲ့ ေမာင့္ေယာက်ာ္းပဲဟာ"
လြန္းငယ္ မ်က္ႏွာတစ္ျပင္လုံး ပူထူကာ ပို၍နီရဲလာရသည္။
"ေမာင္ ငါ...ငါ လမ္းေလွ်ာက္နိုင္တယ္"
"ဆက္မေျပာနဲ႕ေတာ့ေနာ္...မဟုတ္ရင္ ေမာင့္႐ုံးခန္းေရာက္တဲ့ထိ ဆက္ခ်ီထားမွာ"
သူ ဘာျပန္ေျပာရမည္လည္း တကယ္ မသိေတာ့။ တဒိတ္ဒိတ္ ခုန္ေနေသာ ရင္ခုန္သံႏွင့္အတူ ေျပာစရာစကားတို႔ ေပ်ာက္ရွသြားရသည္။
ၾကည့္ရႈေနသူမ်ားအား ဂ႐ုမစိုက္စြာ လြန္းငယ္အား ေပြ႕ခ်ီ၍ ေရွ႕မွ ေလွ်ာက္သြားေသာ Bossအား ၾကည့္ကာ ကိုဆက္ ေခါင္းရမ္းလိုက္မိသည္။
မၾကာခင္ ဒီအေျခအေနျပန္ေရာက္ေအာင္ သူႏွင့္ Bossအတူတူ အေတာ္ ႀကိဳးစားခဲ့ရေသာ PSကုမၸဏီႀကီးသည္လည္း အလႉအတန္းျပဳရန္အေရာင္းခ်ခံပစၥည္းအျဖစ္သို႔ ဘဝေျပာင္းသြားရွာေပေတာ့မည္။
ကိုယ္တို႔ၾကား
ပိုင္ဆိုင္မႈေတြ
ဂုဏ္ပကာသနေတြ
မလိုအပ္ပါဘူး။
တစ္ေယာက္ကိုတစ္ေယာက္
ခ်စ္ေနဖို႔သည္သာ
အဓိက။
***********************
ခြန္းသုရွင္ ကိုဆက္ႏွင့္ အလုပ္ကိစၥေဆြးေႏြးေနရာမွ လြန္းငယ္ဆီသို႔ လွမ္းၾကည့္လိုက္သည္။ ခဏေလးအတြင္း ဆိုဖာေပၚတြင္ လြန္းငယ္ အိပ္ေပ်ာ္သြားေလၿပီ။
ခြန္းသုရွင္ ကိုဆက္ တင္ျပေနသည္အား ခဏရပ္ရန္ လက္ျပလိုက္ၿပီး လြန္းငယ္ရွိရာဆီ ေလွ်ာက္သြားလိုက္သည္။
ဖိနပ္ခြၽတ္ေပးလိုက္ၿပီးေနာက္ ေျခအိတ္မ်ားလည္း ခြၽတ္ေပးလိုက္သည္။ ေဘးရွိ ဆိုဖာေခါင္းအုံးအေသးေလးအား ယူကာ ဆိုဖာေခါင္းရင္းတြင္ ေနရာခ်လိဳက္သည္။ ကူရွင္အား မွီထားသည့္ လြန္းငယ္ေခါင္းေလးအား ဂ႐ုတစိုက္ထိန္းကိုင္ကာ ေခါင္းအုံးေပၚေနရာခ်ေပးလိုက္၏။
ေျခေထာက္မ်ားအား ဆိုဖာခုံေပၚတင္ေပးလိုက္ၿပီး မ်က္ႏွာေပၚဝဲက်ေနေသာ ဆံပင္မ်ားအား ဖယ္ရွားေပးလိုက္သည္။ ထို႔ေနာက္ သူ၏ အေပၚကုတ္အကၤ်ီအားခြၽတ္ကာ လြန္းငယ္ကိုယ္ေပၚ လႊမ္းၿခဳံေပးလိုက္သည္။
အားလုံးေသခ်ာဂ႐ုစိုက္လုပ္ေပးၿပီးေနာက္ အလုပ္စားပြဲဆီျပန္သြားလိုက္ၿပီး ထိုင္ခုံေပၚျပန္ထိုင္လိုက္၏။ ကိုဆက္အား ဆက္ေျပာရန္ ေျပာခိုင္းမည့္ဆဲဆဲတြင္ ကိုဆက္ဖုန္းမွ ဖုန္း ringtone သံထြက္ေပၚလာသည္။
"Boss ေတာင္းပန္ပါတယ္...ကြၽန္ေတာ္ Silent မလုပ္လိုက္မိဘူး"
"ရတယ္ ဖုန္းကိုင္လိုက္ပါ"
"ဟုတ္ကဲ့"
ကိုဆက္ Bossအား ေခါင္းညိတ္ကာ တရိုတေသေျပာလိုက္ၿပီးေနာက္ မ်က္ႏွာတဖက္လွည့္ကာ ဖုန္းကိုင္လိုက္သည္။
"ဟယ္လို"
တစ္ဘက္မွ ေျပာလာသည့္စကားေၾကာင့္ သူ၏မ်က္လုံးတို႔ ျပဴးက်ယ္သြားသည္။
အံၾသဝမ္းသာမႈျဖင့္ Bossအား ၾကည့္လိုက္မိသည္။
"Boss"
သူ၏ ပုံစံအား ခန့္မွန္းမိပုံေပၚေသာ Bossက သူဆက္ေျပာမည့္စကားအား စိတ္ဝင္စားစြာ အာ႐ုံစိုက္ နားေထာင္ေနသည္။
"မ်က္ၾကည္လႊာအလႉရွင္ေပၚၿပီတဲ့"
ခြန္းသုရွင္ အံ့ၾသဝမ္းသာစြာ ထိုင္ခုံေပၚမွ ခ်က္ခ်င္းထရပ္လိုက္မိသည္။
မင္းကို
နင့္နင့္နဲနဲခ်စ္မိသြားတဲ့
ကိုယ္က
ဆုံးရႈံးရမွာကို
အၿမဲေတြးေၾကာက္ေနတတ္ခဲ့ၿပီ။
***********************
2021 March 14,
ဂ်ပန္နိုင္ငံ၊ တိုက်ိဳၿမိဳ႕။
At Tokyo Metropolitan Hiroo Hospital,
မ်က္ဝန္းဆီမွ ျဖည္းျဖည္းခ်င္း ဖယ္ခြာသြားေသာ ပက္တီးမ်ားအား လြန္းငယ္ ခံစားေနရသည္။
"မ်က္လုံးဖြင့္ၾကည့္လို႔ရပါၿပီ"
ပထမဆုံး ျမင္ခ်င္သူ သက္သက္ရွိေသာ္လည္း အေျခအေနတို႔က သူ႕အားထိုအခြင့္အေရးမေပးခဲ့။ အလႉရွင္ ခ်က္ခ်င္းေပၚလာေသာေၾကာင့္ အလ်င္အျမန္ ဂ်ပန္သို႔လာကာ ေရာက္ေရာက္ခ်င္း ခြဲစိတ္ကုသမႈ ခံလိုက္ရသည္။
မ်က္ဝန္းတို႔အား ျဖည္းျဖည္းခ်င္း ဖြင့္ယူလိုက္ေတာ့ အနည္းငယ္ စူးရွေသာ အလင္းေရာင္ေၾကာင့္ ျပန္မွိတ္လိုက္ရသည္။
"ရတယ္ ဘာမွမျဖစ္ဘူး ျဖည္းျဖည္းခ်င္း ဖြင့္ၾကည့္ေနာ္"
ေဒါက္တာ အသံေၾကာင့္ လြန္းငယ္ ႀကိဳးစားျပန္ဖြင့္ၾကည့္လိုက္သည္။ အလင္းေရာင္ႏွင့္အသားက်သြားခ်ိန္ ေဝေဝဝါးဝါး ျမင္ကြင္းတို႔သည္လည္း ထင္ရွားလာၾကသည္။
အခန္းအား ေဝ့ဝဲၾကည့္လိုက္ေတာ့ စိုးရိမ္စြာၾကည့္ရႈေနၾကေသာ ေပါက္စီေလးႏွင့္ ေမာင္အား ေတြ႕လိုက္ရသည္။
"ေမာင္...ေပါက္စီေလး"
မ်က္ႏွာမ်ားအား ေသခ်ာၾကည့္ကာ ေခၚဆိုလိုက္ေသာ သူ၏အသံေၾကာင့္ ႏွစ္ေယာက္လုံး၏ မ်က္ႏွာမ်ား ဝင္းပလာၾကေလသည္။
"ေမာင္ ငါ...ငါ မ်က္လုံးေတြ ျပန္ျမင္ရၿပီ...ငါ အကုန္ ျမင္ေနရၿပီ...ငါ...ငါ"
လြန္းငယ္ ဘာေျပာရမည္မွန္း မသိစြာ စကားတို႔ထစ္အေနရသည္။
" ပါးပါး...ပါးပါးအတြက္ ဝမ္းသာပါတယ္"
ခ်စ္စရာေကာင္းလြန္းေသာ ဝဝကစ္ကစ္ ကေလးေလးဆီ ေျပးကာ လြန္းငယ္ ပါးေဖာင္းေဖာင္းေလးတို႔အား တဝနမ္းရွိုက္လိုက္သည္။
ထို႔ေနာက္ ေဘးတြင္ ရပ္၍ သူ႕အား ဝမ္းသာစြာ ၾကည့္ေနေသာ ေမာင့္အား တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္မိသည္။
"ေမာင္ ငါ...ငါ တကယ္ ျပန္ျမင္ေနရၿပီ...အိပ္မက္ မဟုတ္ဘူးမလား....ဒါ အိပ္မက္မဟုတ္ပါဘူးေနာ္"
ေမာင္က သူ၏ ပါးတို႔အားဆြဲညွစ္လာ၏။
"နာလား လြန္းငယ္...နာရင္ အိပ္မက္ မဟုတ္ဘူး"
လြန္းငယ္ ေမာင္ဆြဲေသာ ပါးႏွစ္ဖက္အား လက္ဝါးႏွစ္ဖက္ျဖင့္ ဖိကိုင္လိုက္မိသည္။
"နာတယ္ ေမာင္...အိပ္မက္ မဟုတ္ဘူး...တကယ္အိပ္မက္မဟုတ္ဘူးဘဲ"
"အင္း အိပ္မက္ မဟုတ္ဘူး"
လြန္းငယ္ ေပ်ာ္႐ႊင္မႈေၾကာင့္ ရင္ထဲတလွပ္လွပ္ျဖစ္ေအာင္ ခံစားေနရသည္။
" ကိုကို...ဟုတ္တယ္...ကိုကို႔ဆီ အခုသြားရမယ္"
အခန္းအျပင္အေလာတႀကီး ထြက္ရန္ျပင္ေနေသာ လြန္းငယ္ေၾကာင့္ ခြန္းသုရွင္ တားယူလိုက္ရသည္။
"လြန္းငယ္ အရင္ဖုန္းဆက္ၾကည့္ပါဦး...သူဘယ္မွာရွိမလဲမသိဘူးေလ"
"ဟုတ္တယ္ ဖုန္း...ဖုန္း...ကိုကို႔ကို video call ေခၚရမယ္...ကိုကို႔မ်က္ႏွာ မျမင္ရတာၾကာၿပီ"
တစ္ဖက္သို႔ ဝင္သြားေသာ ဖုန္းသံအား နားေထာင္ရင္း လြန္းငယ္ လြန္စြာ စိတ္လႈပ္ရွားေနရသည္။ ကိုကို႔မ်က္ႏွာျမင္သည္ႏွင့္ ေျပာရမည့္စကားတို႔အားလည္း ႀကိဳစဥ္းစားထားလိုက္သည္။ ေသခ်ာေပါက္ အရမ္းသတိရေနေၾကာင္း အရင္စေျပာရမည္။
တဘက္မွ ဖုန္းကိုင္လိုက္သည္ႏွင့္ ပထမဆုံး ျမင္လိုက္ရသည္က ကိုကို႔မ်က္ႏွာ မဟုတ္။ ေဒါက္တာ Ka-kochan၏ မ်က္ႏွာျဖစ္ေနခဲ့သည္။
"ေဒါက္တာ ကိုကိုေရာ...ကိုကိုက ေဒါက္တာနဲ႕အတူတူရွိေနတာလား"
ေဒါက္တာ Ka-kochanကသူ႕အား မၾကည့္ဘဲ မ်က္ႏွာလႊဲေနကာ ေဘးဖက္ဆီသို႔သာၾကည့္ရႈေနသည္။
"အင္း ထားရာ ငါနဲ႕အတူရွိေနတယ္"
" ကိုကို႔ကို ျမင္ခ်င္လို႔...ေဒါက္တာ ကိုကို႔ကို ျပေပးပါ"
"အင္း"
ထို႔ေနာက္ ေ႐ြ႕လ်ားသြားေသာ ပုံရိပ္မ်ား။ ပုံရိပ္မ်ား ျပန္တည္ၿငိမ္သြားေသာအခါ ဖုန္းမ်က္ႏွာျပင္တြင္ ကိုကို႔အား ေတြ႕လိုက္ရသည္။
"ဟင္"
လြန္းငယ္ ကိုကို႔ပုံရိပ္အား ၾကည့္ကာ အံ့ၾသထိတ္လန့္သြားရေတာ့သည္။
ေပ်ာ္႐ႊင္စရာ
ဘဝတစ္ခုကို
မင္းပိုင္ဆိုင္ေပမဲ့
ငါ့အတြက္ေတာ့
နာက်င္စရာအဆုံးသတ္တစ္ခု
မင္းခ်န္ထားရစ္ခဲ့တယ္။
*************************