လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ {...

By Vera_Vicki

883K 72K 3.7K

ပိုချစ်မိတဲ့သူကအရှုံးတဲ့ ။ ကျွန်တော်ကပိုချစ်ပေမယ့် ဘယ်တော့မှမရှုံးစေရဘူး ကိုကို....။ ပိုခ်စ္မိတဲ့သူကအရႈံးတဲ... More

Episode-1(Z+U)
Episode-2(Z+U)
Episode -3 (Z+U)
Episode - 4 (Z+U)
Episode - 5 ( Z+U)
Episode - 6 (Z+U)
Episode - 7 ( U+Z )
Episode - 8 (Z+U)
Episode - 9 (Z+U)
Episode - 10 (Z+U)
Episode - 11 (Z+U)
Episode - 12 (Z+U)
Episode - 13 (Z+U)
Episode - 14 ( Z+U)
Episode - 15 (Z+U)
Episode - 16 (Z+U)
Episode - 17 (Z+U)
Episode - 18 (Z+U)
Episode - 19 (Z+U)
Episode - 20 (Z+U)
Episode - 21 (Z+U)
Episode - 22 ( Z+U)
Episode - 23 ( Z+U)
Episode - 24 (Z+U)
Episode - 25 (Z+U)
Episode - 26 (Z+U)
Happy new year!
Episode - 27 (Z+U)
Episode - 28 (Z+U)
Episode - 29 (Z+U)
Episode - 30 (Z+U)
Episode - 31 (Z+U)
Episode - 32 (Z+U)
Episode - 33 (Z+U)
Episode - 34 (Z+U)
Episode - 35 (Z+U)
Episode - 36 (Z+U)
Episode - 37 (Z+U)
Episode - 38 (Z+U)
Episode - 39 (Z+U)
Episode - 40 (Z+U)
Episode - 41 (Z+U)
Episode - 43 (Z+U)
Episode - 44 (Z+U)
Episode - 45 (Z+U)
Episode - 46 - Final (Z+U)
ကြေညာချက် ပိစိ
Can order now !!!

Episode - 42 (Z+U)

13.6K 1.2K 59
By Vera_Vicki

Unicode

...................

" အ့....ဘယ်သူလဲ? လွှတ်ဒီလက်ကို "

ဘုန်းစစ်ဟန် သူ့အနောက်ကနေ လှမ်းဖက်ထားသောသူကြောင့် ရုန်းမရဖြစ်နေလေသည်။

" က်ိုကို ဘယ်လိုလူတွေနဲ့စကားထိုင်ပြောနေတာလဲ ဟမ်! "

ဘုန်းစစ်ဟန် ကို ကားထဲမခေါ်ခင် အာကာနဲ့ထိုက်စိုးစံ အချေအတင်ဖြစ်ခဲ့ကြသေးသည် ။

ထိုက် ပြောတော့ အာကာကရယ်၍

" ဘယ်လိုလူလဲဆိုတော့ ငါက အမှန်တွေကိုပြောပြပေးနေတဲ့လူလေ အဟက်! "

" ထိုက် သူပြောတာတွေအကုန်တကယ်ပဲလား? "

" ...... "

" ဟုတ်နေခဲ့တာပဲ ..... ဘာလို့လဲ ဟမ်! "

" ကားထဲအရင်သွားရအောင် "

ဟုပြောရင်း ဘုန်းစစ်ဟန် ကိုခေါ်သွားလေသည်။

..........။

ကားထဲတွင် ....

ကားမောင်းနေသော ထိုက် ကို ဘုန်းစစ် သေချာစိုက်ကြည့်နေမိသည်။

" ဘာလို့အဲ့လိုလုပ်ရတာလဲ? "

" ........ "

" ငါကအဲ့လောက်အထိ တန်ဖိုးရှိနေလို့လား? ဘာဖြစ်လဲ အဲ့စာမေးပွဲမအောင်ရင်ရော ငါဘဝပျက်သွားမှာမို့လို့လား? အနည်းဆုံး ထမင်းတော့မငတ်ပါဘူးကွာ "

". ......."

ထိုက်ကတော့ကားမှန်ကနေတစ်ဆင့် ဘုန်းစစ် ကိုသာကြည့်နေခဲ့သည်။ အင်းလေ..... သူလည်းမှန်းထားပြီးသားပါ ။ တစ်ချိန်တော့ ကိုကို သိသွားမှာပဲလေ ။

" အကုန်လုံးက ငါ့ကြောင့်ချည်းပဲ "

" မဟုတ်ဘူး! အဲ့လိုလုံးဝမဟုတ်ဘူး ။ ကျွန်တော့်ဘာသာကျွန်တော်လုပ်ချင်လို့လုပ်တာ "

ဘုန်းစစ်ကတော့ကားထဲမှာသောင်းကျန်းနေလေသည်။

" တော်တော့ "

ထိုက်ကလည်းကားမောင်းနေတာမို့ ဘုန်းစစ်ကိုထိန်းရန်တကယ်ကိုအဆင်မပြေပေ ။

" ကိိုကိုတော်တော့လို့! "

ထိိုက်စိုးစံ အော်လိုက်တော့မှ မျက်ရည်တွေဝေ့သီတွေနဲ့မျက်ဝန်းနဲ့အတူ ဘုန်းစစ်က သူ့ကိုလှည့်ကြည့်လာသည်။

ထိုက် လည်းကားကိုတစ်နေရာရာမှာရပ်လိုက်သည်။ ညအချိန်ဖြစ်တာမို့ သူတို့ကားတစ်စီးမှလွှဲ၍ ခွေးတွေကြောင်တွေတောင်မမြင်ရပေ ။ ဘေးနားတွင် မြစ်ရေစီးဆင်းနေကာ လေပြည်တွေဟာလည်းတိုက်ခတ်နေခဲ့သည်။

ထိုက်စိုးစံ ဘုန်းစစ်ရဲ့မျက်ဝန်းကမျက်ရည်တွေကိုသုတ်ပေး၍ မျက်နှာကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်သည်။

" ကိုကို့အပြစ်မဟုတ်ဘူးနော် ။ အခုလည်းအားလုံးအဆင်ပြေနေတာပဲလေ ။ ပြီးခဲ့တာတွေကိုထားခဲ့လိုက်တော့ ။ ပစ္စုပ္ပန်ကိုပဲဂရုစိုက် "

" ဒါပေမယ့်..... "

ရုတ်တရက်ဆိုသလို နမ်းလိုက်တဲ့ ထိုက်စိုးစံကြောင့် ဘုန်းစစ်ဟန် ကြောင်အသွားသည်။

တစ်ဖြည်းဖြည်းနဲ့အားကုန်လာ၍ မျက်လုံးတို့ဟာမှိတ်ကျလာခဲ့သည်။ ထိုက်ရဲနှုတ်ခမ်းတွေဟာတကယ်ကိုချိူမြိန်လွန်းလှသည်။ ညီအစ်ကိုဆိုတဲ့စည်း ။ အဲ့စည်းကိုမဖောက်ဖျက်ချင်ဘဲ ဖောက်ဖျက်မိခဲ့သည် ။

ဟုတ်တယ်...ထိုက်...။ မင်းပြောခဲ့သလိုပဲ ။ အတိတ်တွေကိုမေ့ပစ်ပြီး ပစ္စုပ္ပန်မှာပဲ ငါ့ကိုယ်ငါစီး‌မျောခွင့်ပေးလိုက်တော့မယ်။

တစ်ဆင့်ထက်တစ်ဆင့်အနမ်းတို့ဟာပိုလာ၍ လည်ပင်းထက်သို့ဦးတည်လာခဲ့သည် ။ သင်းပျံ့ပျံ့ရနံ့လေးကြောင့် ထိုက်စိုးစံပြုံးလိုက်သေးသည်။

လွန်ခဲ့တဲ့ ၂ နာရီလောက်ကတည်းက ဘုန်းစစ်ရဲ့ကားကိုခြေရာခံ၍ လိုက်လာခဲ့သည်။ သို့ပေမယ့်ကားပိတ်နေတာမို့ အတော်နဲ့မရောက်နိုင်ဘဲဖြစ်နေလေသည်။

ခဏအကြာတွင် ဆိုင်တစ်ဆိုင်ထဲတွင် လူတစ်ယောက်နှင့်အတူတူထိုင်ကာ စကားပြောနေသော ကိုကို့ကိုတွေ့တာမို့ ကားရပ်၍ ချက်ချင်းဆိုသလိုကားပေါ်ကဆင်းကာ ကိုကို့ကိုဆွဲခေါ်ခဲ့ရသည်။

ထိုက်စိုးစံရဲ့လက်တို့ဟာ ဘုန်းစစ်ရဲ့အင်္ကျီအတွင်းသို့လျောသွင်း၍ ဘုန်းစစ်ဟန် ရဲ့ ခန္ဓာကိုယ်ကိုပွတ်သပ်နေမိသည်။
ထို့အချိန်၌ ဘုန်းစစ်ဟန် အနည်းငယ်တုန်တက်သွားသည်။

" ထိုက်.... ငါ....."

" အင်းသိတယ်....နမ်းရုံလေးပဲ "

ထိုက် ပြောနေတာမို့ ဘုန်းစစ်လည်းဘာမှမပြောတော့ဘဲ အလိုက်သင့်လေးစီးမျောပေးလိုက်သည်။

" မြတ်နိုးတယ်....."

" ဟမ် "

" ချစ်တယ်ဆိုတာထက် မြတ်နိုးမိတယ် ။ အကိုတစ်ယောက်လိုမျိုး ငယ်ငယ်လေးကတည်းကစောင့်ရှောက်ပေးခဲ့တဲ့ ကိုကို့ ကိုစည်းကျော်ခဲ့မိပြီ ။ ကျွန်တော်တောင်းပန်ပါတယ် ။ ဒါပေမယ့် ကိုကို့ကိုတကယ်မြတ်နိုးတယ် "

ဘုန်းစစ်ကတော့ ထိုက်ကိုကြောင်အ၍သာကြည့်နေမိသည်။ ထိုက်ပြောသလို သူ့ဘက်ကရော ညီအစ်ကိုဆက်ဆံရေးထက်ပိုချင်နေခဲ့တာလား? သူ့ကိုယ်သူမေးကြည့်သော်လည်း အဖြေမရခဲ့ပေ ။

ထို့နောက် ထိုက်လည်းကားကိုပြန်မောင်းကာ အိမ်ကြီးသို့သာဦးတည်ခဲ့လေသည်။

. . . . . . . . . .

မနက် ၁၀ နာရီ ။

" ငါတကယ်မအားဘူး အချိန်လည်းမရှိဘူး "

မာန် လည်း ခွန်း ကိုစောင့်ပေးရင်း ဖုန်းပြောနေလေသည်။

( အဲ့တာဆို ငါလာခဲ့မယ် ငါလည်းခွန်းကိုတွေ့ရဦးမယ်)

" လာစရာမလိုဘူး "

( မုန်းမာန်စစ်သွေး မင်းထင်နေတာတွေတကယ်မှားနေပြီ ဒီနှစ်တွေမှာ ငါ ခွန်းဆက်အိမ် ကိုငါ့ညီလေးအရင်းတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့တာ ငါဒီလိုစော်ကားခံရဖို့အတွက်လား ဟမ်! ငါတကယ်အရေးကြီးတာပြောစရာရှိနေတယ်)

" ဒေါက်! ဒေါက် Boss "

နေစစ်ကို တံခါးခေါက်ရင်း အခန်းထဲဝင်လာတာမု့် ဘုန်းစစ်ဟန် ရဲ့ဖုန်းကိုလက်စသတ်၍ ဖုန်းချလိုက်သည်။

" အကိုဘုန်းစစ်ဟန် ဆက်တာထင်တယ် ။ သွားသင့်တယ်နော် Boss "

" ဘာကြောင့်သွားရမှာလဲ? သူကငါ့လက်ထဲကနေ ခွန်း ကိုလုယူခဲ့တာ "

" မှားနေပြီ boss ၊ သူနဲ့ထိုက်စိုးစံရဲ့အခြေအနေက Boss နဲ့ ခွန်း လိုမျိူးပဲ မပြောချင်ပေမယ့်ပြောရတော့မယ် "

"........"

" မပြောပါနဲ့လို့တောင်းဆိုထားပေမယ့်ပြောရတော့မယ် ။ အဲ့နေ့က Boss ကသွေးမရရင်သေမယ့်အခြေအနေဖြစ်ခဲ့တာ အဲ့အခြေအနေကိုကယ်တင်ပေးခဲ့တာ ထိုက်စိုးစံပဲ Boss ၊ Boss မှန်းသိနေရက်နဲ့သူ Boss အတွက်သွေးလှူပေးခဲ့တာ ပြီးတော့ ပြန်မပြောပါနဲ့လို့လည်းတောင်းဆိုထားပေမယ့် အခုတော့ နားလည်ပေးလိုက်ပါ Boss ထိုက်စိုးစံနဲ့ဘုန်းစစ်ဟန်က တကယ်လူကောင်းတွေပါ ။ ဘာပဲဖြစ်ဖြစ် ခွန်းကိုသူတို့စောင့်ရှောက်ပေးခဲ့တာပဲလေ ။ ကျေးဇူးရှိပါတယ် Boss သွားတော့လိုက်ပါ အရေးကြီးတာပြောစရာရှိလို့နေပါလိမ့်မယ် ထိုက်စိုးစံမရှိတော့ဘူးဆိုပေမယ့်လည်း သွားလိုက်ပါနော် "

မာန် လည်းတုန်လှုပ်သွားပေမယ့် အရမ်းကြီးတော့မဟုတ်ပေ ။ တကယ်ပဲ သူတို့တွေကခွန်းကိုဘာမှမလုပ်ခဲ့ကြတာလား?

ဒါပေမယ့် ခွန်းပြောတော့ "ကိုကိုထင်နေသလိုပဲ " တဲ့ ။

"အင်း...အင်းပြီးရော.....ဒီတစ်ခါတော့ ထိုက်စိုးစံမျက်နှာကြောင့်သွားတွေ့ပေးလိုက်မယ် ။ ခွန်း ကိုသေချာဂရုစိုက်ပေးထား ။ အကြောင်းတစ်ခုခုဆိုဖုန်းဆက် "

" ok boss!"

မာန် လည်းအပေါ်ကုတ်အင်္ကျီကိုယူဝတ်၍ ဆေးရုံခန်းထဲကနေထွက်ကာ ဘုန်းစစ်ဟန် နဲ့ချ်ိန်းထားတဲ့နေရာသို့လာလိုက်သည်။

. . . . . . . . .

" ဒါကိုနားထောင်ကြည့် "

ဘုန်းစစ်ဟန် သူ့ဖုန်းထဲကအသံဖိုင်တစ်ခုကိုချဖွင့်ပြလိုက်သည် ။ သက်သေဖြစ်တဲ့ အာကာ တစ်ယောက်လုံး သူ့အရှေ့မှာရှိနေပေမယ့် အာကာပြောသမျှကိုအသံမသွင်းထားရင် တုံးရာကျသွားမှာပေါ့ ။

" ....... " ( အသံဖိုင်ဖွင့်ပြနေ)

မာန်လည်းနားထောင်ရင်းကိစ္စတစ်ချို့ကိုနားလည်လာသည်။
တကယ်ပဲ ဟေဇယ်မိုး ကအဲ့လိုလူစားမျိူးလား? ဒါဆိုသူထင်တာမှန်နေတာပဲ ။ ဟေဇယ်မိုး သူ့မောင်လေးလို့လိမ်ထားတဲ့သူက အာကာထွဋ်ပေါ့ ။

ဟက်! ခွန်းကိုလာထိခဲ့တာ မင်းတို့မှားတာပဲ ။ ငါ့လက်ထဲကနေဘယ်သူမှမလွှတ်စေရဘူး ။

* ကိုကို ဘယ်လိုလူတွေနဲ့စကားပြောနေတာလဲ? *

"အိ...."

သေရော ။ မနေ့ညကအသံဖိုင်မပိတ်ခဲ့ရပေ ။ ငါတော့တကယ်သေချင်တယ် ထိုက်ရေ ။

မာန့်ကိုဖွင့်ပြနေတဲ့အသံဖိုင်ပြီးသွားတဲ့အခါ ထိုက်စိုးစံပြောလိုက်တဲ့စကားကြီးပါ ပါလာတာမို့ မုန်းမာန်စစ်သွေး မျက်မှောင်ကြုံ့မိလိုက်သည်။

" အဲ့တာဘာလဲ? "

" မင်းကိစ္စမဟုတ်လို့စိတ်ပူစရာမလိုဘူး "

ဘုန်းစစ်ဟန် အသံကိုတင်း၍ ပြောလိုက်တော့မှ မာန် လည်းမေးတာကိုရပ်လိုက်သည်။

မာန်လည်းတကယ်ကို လန့်သွားသည်။ သူထင်ထားတာတွေနဲ့အကုန်လွဲနေခဲ့တာပဲ ။ တကယ်ပဲ ဘာလို့များ အဲ့လောက်ထိတောင် အမှန်တွေကိုမသိဘဲ လူတစ်ယောက်ရဲ့ဘဝ ကိုဖျက်ဆီးနိုင်ခဲ့ရတာလဲ?

" တောင်းပန်တယ် "

" ဘာ! "

" အင်း ။ ငါ မင်းနဲ့ထိုက်စိုးစံ ကိုတောင်းပန်တယ်လို့ "

" တောင်းပန်ရုံနဲ့ပြီးသွားရောလား?ဟမ်! မင်းနဲ့အဲ့မြွေဟောက်မကြောင့် ထိုက် ဘယ်လောက်ထိဒုက္ခရောက်ခဲ့တယ်ထင်လဲ ။ မင်းရဲ့ခွန်းဆက်အိမ်သာ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ငါကတောင်းပန်တယ်လို့ပြောရုံနဲ့မင်းကျေနပ်နိုင်မလား?"

မာန် လည်းသူ့အမှားတွေဖြစ်တာမို့ ဘာမှပြန်မပြောနိုင်တော့ပေ ။ ဘုန်းစစ်ဟန် ပြောနေတာတွေကိုသာ ငြိမ်၍နားထောင်နေခဲ့ရသည်။

သူတကယ်ကိုတုံးအခဲ့တာ ။ ကိုယ်နဲ့တွဲခဲ့တဲ့မိန်းကလေးကဘယ်လိုလူလဲဆိုတာကို ၇ နှစ်ကြာမှသိခဲ့ရတယ် ။ အဲ့အပြင်..... သူများပြောမှ တစ်ဆင့်ပြန်သိခဲ့ရတာ ။ တွေးရင်း ရင်နာသလို ဒေါသလည်းထွက်သည် ။

ထိုက်စိုးစံအပေါ်ကိုလည်း တကယ်ကိုအားနာမိသည်။ အမှန်တကယ်တော့ သူ့မှာထိုက်စိုးစံပေးထားတဲ့အသက်ပဲရှိတော့တာလေ ။ ရူးရူးမူးမူးချစ်ခဲ့မိတာကြောင့် ဟေဇယ်မိုးရဲ့စကားတွေကိုသာ တစ်ထစ်ချယုံခဲ့မိသည်။ ထိုက် အပေါ်ကိုလည်း တကယ်ကိုမလုပ်သင့်တာတွေလုပ်မိခဲ့သည်။

တစ်နေ့တော့လူချင်းတွေ့ကာ တောင်းပန်ရဦးပေမည်။

" မင်းစိတ်ချပါ ။ ငါထိုက်စိုးစံအတွက်တရားမျှတအောင်တကယ်လုပ်ပေးမယ် "

" အဲ့တာဆို မင်း အာကာထွဋ် ကိုဘာမှမလုပ်ဘူးလို့ကတိပေး "

မာန် လည်းကတိမပေးချင်ပေ ။ အာကာထွဋ် ကို ဟေဇယ်မိုးကခိုင်းတယ်ဆိုပါစေဦး ။ မာန် သာ အချိန်လေးနည်းနည်းနောက်ကျသွားရင် အာကာထွဋ် ကြောင့် ခွန်း သေသွားနိုင်သည်။

သို့ပေမယ့်လည်း မာန့်အမှားတွေရှိနေတာမို့ ဘုန်းစစ်ဟန် ကိုကတိပေးရဦးပေမည် ။

...................................။

မေးစရာရှိတယ် ယူတို့ရေ ။ အခုလေ လှောင်အိမ်ငယ် လေးပြီးတော့မယ်ဆိုတော့ အသစ်ရေးဖို့စဉ်းစားထားတယ် ။ plot လည်းရပြီ ။ fic name လည်းရပြီ ။ Character name လိုတော့တယ် ။ အိုင်က heavy တွေပဲရေးတာများတယ် ။ drama တွေပဲတော့ ။ အဲ့တော့ နောက်တစ်ပုဒ်မှာလည်း ဇာတ္နာဦးမွာပါ ။ 🙂 စိတ္ခ်ပါ မောင်စေရင် လောက်တော့ ဇာတ်မနာပါဘူး ။ ပိစိလေးမှပိစိလေး ။ ဖတ်ကြမလားဟင် 😁

Vote ပေးခဲ့ကြဦးနော် ။

#VeraVicki









Zawgyi

...................

" အ့....ဘယ္သူလဲ? လႊတ္ဒီလက္ကို "

ဘုန္းစစ္ဟန္ သူ႕အေနာက္ကေန လွမ္းဖက္ထားေသာသူေၾကာင့္ ႐ုန္းမရျဖစ္ေနေလသည္။

" က်ိုကို ဘယ္လိုလူေတြနဲ႕စကားထိုင္ေျပာေနတာလဲ ဟမ္! "

ဘုန္းစစ္ဟန္ ကို ကားထဲမေခၚခင္ အာကာနဲ႕ထိုက္စိုးစံ အေခ်အတင္ျဖစ္ခဲ့ၾကေသးသည္ ။

ထိုက္ ေျပာေတာ့ အာကာကရယ္၍

" ဘယ္လိုလူလဲဆိုေတာ့ ငါက အမွန္ေတြကိုေျပာျပေပးေနတဲ့လူေလ အဟက္! "

" ထိုက္ သူေျပာတာေတြအကုန္တကယ္ပဲလား? "

" ...... "

" ဟုတ္ေနခဲ့တာပဲ ..... ဘာလို႔လဲ ဟမ္! "

" ကားထဲအရင္သြားရေအာင္ "

ဟုေျပာရင္း ဘုန္းစစ္ဟန္ ကိုေခၚသြားေလသည္။

..........။

ကားထဲတြင္ ....

ကားေမာင္းေနေသာ ထိုက္ ကို ဘုန္းစစ္ ေသခ်ာစိုက္ၾကည့္ေနမိသည္။

" ဘာလို႔အဲ့လိုလုပ္ရတာလဲ? "

" ........ "

" ငါကအဲ့ေလာက္အထိ တန္ဖိုးရွိေနလို႔လား? ဘာျဖစ္လဲ အဲ့စာေမးပြဲမေအာင္ရင္ေရာ ငါဘဝပ်က္သြားမွာမို႔လို႔လား? အနည္းဆုံး ထမင္းေတာ့မငတ္ပါဘူးကြာ "

". ......."

ထိုက္ကေတာ့ကားမွန္ကေနတစ္ဆင့္ ဘုန္းစစ္ ကိုသာၾကည့္ေနခဲ့သည္။ အင္းေလ..... သူလည္းမွန္းထားၿပီးသားပါ ။ တစ္ခ်ိန္ေတာ့ ကိုကို သိသြားမွာပဲေလ ။

" အကုန္လုံးက ငါ့ေၾကာင့္ခ်ည္းပဲ "

" မဟုတ္ဘူး! အဲ့လိုလုံးဝမဟုတ္ဘူး ။ ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္လုပ္ခ်င္လို႔လုပ္တာ "

ဘုန္းစစ္ကေတာ့ကားထဲမွာေသာင္းက်န္းေနေလသည္။

" ေတာ္ေတာ့ "

ထိုက္ကလည္းကားေမာင္းေနတာမို႔ ဘုန္းစစ္ကိုထိန္းရန္တကယ္ကိုအဆင္မေျပေပ ။

" ကိိုကိုေတာ္ေတာ့လို႔! "

ထိိုက္စိုးစံ ေအာ္လိုက္ေတာ့မွ မ်က္ရည္ေတြေဝ့သီေတြနဲ႕မ်က္ဝန္းနဲ႕အတူ ဘုန္းစစ္က သူ႕ကိုလွည့္ၾကည့္လာသည္။

ထိုက္ လည္းကားကိုတစ္ေနရာရာမွာရပ္လိုက္သည္။ ညအခ်ိန္ျဖစ္တာမို႔ သူတို႔ကားတစ္စီးမွလႊဲ၍ ေခြးေတြေၾကာင္ေတြေတာင္မျမင္ရေပ ။ ေဘးနားတြင္ ျမစ္ေရစီးဆင္းေနကာ ေလျပည္ေတြဟာလည္းတိုက္ခတ္ေနခဲ့သည္။

ထိုက္စိုးစံ ဘုန္းစစ္ရဲ႕မ်က္ဝန္းကမ်က္ရည္ေတြကိုသုတ္ေပး၍ မ်က္ႏွာကိုလက္ႏွစ္ဖက္နဲ႕ဆုပ္ကိုင္လိုက္သည္။

" ကိုကို႔အျပစ္မဟုတ္ဘူးေနာ္ ။ အခုလည္းအားလုံးအဆင္ေျပေနတာပဲေလ ။ ၿပီးခဲ့တာေတြကိုထားခဲ့လိုက္ေတာ့ ။ ပစၥဳပၸန္ကိုပဲဂ႐ုစိုက္ "

" ဒါေပမယ့္..... "

႐ုတ္တရက္ဆိုသလို နမ္းလိုက္တဲ့ ထိုက္စိုးစံေၾကာင့္ ဘုန္းစစ္ဟန္ ေၾကာင္အသြားသည္။

တစ္ျဖည္းျဖည္းနဲ႕အားကုန္လာ၍ မ်က္လုံးတို႔ဟာမွိတ္က်လာခဲ့သည္။ ထိုက္ရဲႏႈတ္ခမ္းေတြဟာတကယ္ကိုခ်ိဴၿမိန္လြန္းလွသည္။ ညီအစ္ကိုဆိုတဲ့စည္း ။ အဲ့စည္းကိုမေဖာက္ဖ်က္ခ်င္ဘဲ ေဖာက္ဖ်က္မိခဲ့သည္ ။

ဟုတ္တယ္...ထိုက္...။ မင္းေျပာခဲ့သလိုပဲ ။ အတိတ္ေတြကိုေမ့ပစ္ၿပီး ပစၥဳပၸန္မွာပဲ ငါ့ကိုယ္ငါစီးေမ်ာခြင့္ေပးလိုက္ေတာ့မယ္။

တစ္ဆင့္ထက္တစ္ဆင့္အနမ္းတို႔ဟာပိုလာ၍ လည္ပင္းထက္သို႔ဦးတည္လာခဲ့သည္ ။ သင္းပ်ံ့ပ်ံ့ရနံ႕ေလးေၾကာင့္ ထိုက္စိုးစံၿပဳံးလိုက္ေသးသည္။

လြန္ခဲ့တဲ့ ၂ နာရီေလာက္ကတည္းက ဘုန္းစစ္ရဲ႕ကားကိုေျခရာခံ၍ လိုက္လာခဲ့သည္။ သို႔ေပမယ့္ကားပိတ္ေနတာမို႔ အေတာ္နဲ႕မေရာက္နိုင္ဘဲျဖစ္ေနေလသည္။

ခဏအၾကာတြင္ ဆိုင္တစ္ဆိုင္ထဲတြင္ လူတစ္ေယာက္ႏွင့္အတူတူထိုင္ကာ စကားေျပာေနေသာ ကိုကို႔ကိုေတြ႕တာမို႔ ကားရပ္၍ ခ်က္ခ်င္းဆိုသလိုကားေပၚကဆင္းကာ ကိုကို႔ကိုဆြဲေခၚခဲ့ရသည္။

ထိုက္စိုးစံရဲ႕လက္တို႔ဟာ ဘုန္းစစ္ရဲ႕အကၤ်ီအတြင္းသို႔ေလ်ာသြင္း၍ ဘုန္းစစ္ဟန္ ရဲ႕ ခႏၶာကိုယ္ကိုပြတ္သပ္ေနမိသည္။
ထို႔အခ်ိန္၌ ဘုန္းစစ္ဟန္ အနည္းငယ္တုန္တက္သြားသည္။

" ထိုက္.... ငါ....."

" အင္းသိတယ္....နမ္း႐ုံေလးပဲ "

ထိုက္ ေျပာေနတာမို႔ ဘုန္းစစ္လည္းဘာမွမေျပာေတာ့ဘဲ အလိုက္သင့္ေလးစီးေမ်ာေပးလိုက္သည္။

" ျမတ္နိုးတယ္....."

" ဟမ္ "

" ခ်စ္တယ္ဆိုတာထက္ ျမတ္နိုးမိတယ္ ။ အကိုတစ္ေယာက္လိုမ်ိဳး ငယ္ငယ္ေလးကတည္းကေစာင့္ေရွာက္ေပးခဲ့တဲ့ ကိုကို႔ ကိုစည္းေက်ာ္ခဲ့မိၿပီ ။ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ။ ဒါေပမယ့္ ကိုကို႔ကိုတကယ္ျမတ္နိုးတယ္ "

ဘုန္းစစ္ကေတာ့ ထိုက္ကိုေၾကာင္အ၍သာၾကည့္ေနမိသည္။ ထိုက္ေျပာသလို သူ႕ဘက္ကေရာ ညီအစ္ကိုဆက္ဆံေရးထက္ပိုခ်င္ေနခဲ့တာလား? သူ႕ကိုယ္သူေမးၾကည့္ေသာ္လည္း အေျဖမရခဲ့ေပ ။

ထို႔ေနာက္ ထိုက္လည္းကားကိုျပန္ေမာင္းကာ အိမ္ႀကီးသို႔သာဦးတည္ခဲ့ေလသည္။

. . . . . . . . . .

မနက္ ၁၀ နာရီ ။

" ငါတကယ္မအားဘူး အခ်ိန္လည္းမရွိဘူး "

မာန္ လည္း ခြန္း ကိုေစာင့္ေပးရင္း ဖုန္းေျပာေနေလသည္။

( အဲ့တာဆို ငါလာခဲ့မယ္ ငါလည္းခြန္းကိုေတြ႕ရဦးမယ္)

" လာစရာမလိုဘူး "

( မုန္းမာန္စစ္ေသြး မင္းထင္ေနတာေတြတကယ္မွားေနၿပီ ဒီႏွစ္ေတြမွာ ငါ ခြန္းဆက္အိမ္ ကိုငါ့ညီေလးအရင္းတစ္ေယာက္လိုေစာင့္ေရွာက္ေပးခဲ့တာ ငါဒီလိုေစာ္ကားခံရဖို႔အတြက္လား ဟမ္! ငါတကယ္အေရးႀကီးတာေျပာစရာရွိေနတယ္)

" ေဒါက္! ေဒါက္ Boss "

ေနစစ္ကို တံခါးေခါက္ရင္း အခန္းထဲဝင္လာတာမု႔္ ဘုန္းစစ္ဟန္ ရဲ႕ဖုန္းကိုလက္စသတ္၍ ဖုန္းခ်လိဳက္သည္။

" အကိုဘုန္းစစ္ဟန္ ဆက္တာထင္တယ္ ။ သြားသင့္တယ္ေနာ္ Boss "

" ဘာေၾကာင့္သြားရမွာလဲ? သူကငါ့လက္ထဲကေန ခြန္း ကိုလုယူခဲ့တာ "

" မွားေနၿပီ boss ၊ သူနဲ႕ထိုက္စိုးစံရဲ႕အေျခအေနက Boss နဲ႕ ခြန္း လိုမ်ိဴးပဲ မေျပာခ်င္ေပမယ့္ေျပာရေတာ့မယ္ "

"........"

" မေျပာပါနဲ႕လို႔ေတာင္းဆိုထားေပမယ့္ေျပာရေတာ့မယ္ ။ အဲ့ေန႕က Boss ကေသြးမရရင္ေသမယ့္အေျခအေနျဖစ္ခဲ့တာ အဲ့အေျခအေနကိုကယ္တင္ေပးခဲ့တာ ထိုက္စိုးစံပဲ Boss ၊ Boss မွန္းသိေနရက္နဲ႕သူ Boss အတြက္ေသြးလႉေပးခဲ့တာ ၿပီးေတာ့ ျပန္မေျပာပါနဲ႕လို႔လည္းေတာင္းဆိုထားေပမယ့္ အခုေတာ့ နားလည္ေပးလိုက္ပါ Boss ထိုက္စိုးစံနဲ႕ဘုန္းစစ္ဟန္က တကယ္လူေကာင္းေတြပါ ။ ဘာပဲျဖစ္ျဖစ္ ခြန္းကိုသူတို႔ေစာင့္ေရွာက္ေပးခဲ့တာပဲေလ ။ ေက်းဇူးရွိပါတယ္ Boss သြားေတာ့လိုက္ပါ အေရးႀကီးတာေျပာစရာရွိလို႔ေနပါလိမ့္မယ္ ထိုက္စိုးစံမရွိေတာ့ဘူးဆိုေပမယ့္လည္း သြားလိုက္ပါေနာ္ "

မာန္ လည္းတုန္လႈပ္သြားေပမယ့္ အရမ္းႀကီးေတာ့မဟုတ္ေပ ။ တကယ္ပဲ သူတို႔ေတြကခြန္းကိုဘာမွမလုပ္ခဲ့ၾကတာလား?

ဒါေပမယ့္ ခြန္းေျပာေတာ့ "ကိုကိုထင္ေနသလိုပဲ " တဲ့ ။

"အင္း...အင္းၿပီးေရာ.....ဒီတစ္ခါေတာ့ ထိုက္စိုးစံမ်က္ႏွာေၾကာင့္သြားေတြ႕ေပးလိုက္မယ္ ။ ခြန္း ကိုေသခ်ာဂ႐ုစိုက္ေပးထား ။ အေၾကာင္းတစ္ခုခုဆိုဖုန္းဆက္ "

" ok boss!"

မာန္ လည္းအေပၚကုတ္အကၤ်ီကိုယူဝတ္၍ ေဆး႐ုံခန္းထဲကေနထြက္ကာ ဘုန္းစစ္ဟန္ နဲ့ချ်ိန်းထားတဲ့နေရာသို့လာလိုက်သည်။

. . . . . . . . .

" ဒါကိုနားေထာင္ၾကည့္ "

ဘုန္းစစ္ဟန္ သူ႕ဖုန္းထဲကအသံဖိုင္တစ္ခုကိုခ်ဖြင့္ျပလိုက္သည္ ။ သက္ေသျဖစ္တဲ့ အာကာ တစ္ေယာက္လုံး သူ႕အေရွ႕မွာရွိေနေပမယ့္ အာကာေျပာသမွ်ကိုအသံမသြင္းထားရင္ တုံးရာက်သြားမွာေပါ့ ။

" ....... " ( အသံဖိုင္ဖြင့္ျပေန)

မာန္လည္းနားေထာင္ရင္းကိစၥတစ္ခ်ိဳ႕ကိုနားလည္လာသည္။
တကယ္ပဲ ေဟဇယ္မိုး ကအဲ့လိုလူစားမ်ိဴးလား? ဒါဆိုသူထင္တာမွန္ေနတာပဲ ။ ေဟဇယ္မိုး သူ႕ေမာင္ေလးလို႔လိမ္ထားတဲ့သူက အာကာထြဋ္ေပါ့ ။

ဟက္! ခြန္းကိုလာထိခဲ့တာ မင္းတို႔မွားတာပဲ ။ ငါ့လက္ထဲကေနဘယ္သူမွမလႊတ္ေစရဘူး ။

* ကိုကို ဘယ္လိုလူေတြနဲ႕စကားေျပာေနတာလဲ? *

"အိ...."

ေသေရာ ။ မေန႕ညကအသံဖိုင္မပိတ္ခဲ့ရေပ ။ ငါေတာ့တကယ္ေသခ်င္တယ္ ထိုက္ေရ ။

မာန႔္ကိုဖြင့္ျပေနတဲ့အသံဖိုင္ၿပီးသြားတဲ့အခါ ထိုက္စိုးစံေျပာလိုက္တဲ့စကားႀကီးပါ ပါလာတာမို႔ မုန္းမာန္စစ္ေသြး မ်က္ေမွာင္ႀကဳံ႕မိလိုက္သည္။

" အဲ့တာဘာလဲ? "

" မင္းကိစၥမဟုတ္လို႔စိတ္ပူစရာမလိုဘူး "

ဘုန္းစစ္ဟန္ အသံကိုတင္း၍ ေျပာလိုက္ေတာ့မွ မာန္ လည္းေမးတာကိုရပ္လိုက္သည္။

မာန္လည္းတကယ္ကို လန႔္သြားသည္။ သူထင္ထားတာေတြနဲ႕အကုန္လြဲေနခဲ့တာပဲ ။ တကယ္ပဲ ဘာလို႔မ်ား အဲ့ေလာက္ထိေတာင္ အမွန္ေတြကိုမသိဘဲ လူတစ္ေယာက္ရဲ႕ဘဝ ကိုဖ်က္ဆီးနိုင္ခဲ့ရတာလဲ?

" ေတာင္းပန္တယ္ "

" ဘာ! "

" အင္း ။ ငါ မင္းနဲ႕ထိုက္စိုးစံ ကိုေတာင္းပန္တယ္လို႔ "

" ေတာင္းပန္႐ုံနဲ႕ၿပီးသြားေရာလား?ဟမ္! မင္းနဲ႕အဲ့ေႁမြေဟာက္မေၾကာင့္ ထိုက္ ဘယ္ေလာက္ထိဒုကၡေရာက္ခဲ့တယ္ထင္လဲ ။ မင္းရဲ႕ခြန္းဆက္အိမ္သာ အဲ့လိုျဖစ္ခဲ့မယ္ဆိုရင္ ငါကေတာင္းပန္တယ္လို႔ေျပာ႐ုံနဲ႕မင္းေက်နပ္နိုင္မလား?"

မာန္ လည္းသူ႕အမွားေတြျဖစ္တာမို႔ ဘာမွျပန္မေျပာနိုင္ေတာ့ေပ ။ ဘုန္းစစ္ဟန္ ေျပာေနတာေတြကိုသာ ၿငိမ္၍နားေထာင္ေနခဲ့ရသည္။

သူတကယ္ကိုတုံးအခဲ့တာ ။ ကိုယ္နဲ႕တြဲခဲ့တဲ့မိန္းကေလးကဘယ္လိုလူလဲဆိုတာကို ၇ ႏွစ္ၾကာမွသိခဲ့ရတယ္ ။ အဲ့အျပင္..... သူမ်ားေျပာမွ တစ္ဆင့္ျပန္သိခဲ့ရတာ ။ ေတြးရင္း ရင္နာသလို ေဒါသလည္းထြက္သည္ ။

ထိုက္စိုးစံအေပၚကိုလည္း တကယ္ကိုအားနာမိသည္။ အမွန္တကယ္ေတာ့ သူ႕မွာထိုက္စိုးစံေပးထားတဲ့အသက္ပဲရွိေတာ့တာေလ ။ ႐ူး႐ူးမူးမူးခ်စ္ခဲ့မိတာေၾကာင့္ ေဟဇယ္မိုးရဲ႕စကားေတြကိုသာ တစ္ထစ္ခ်ယဳံခဲ့မိသည္။ ထိုက္ အေပၚကိုလည္း တကယ္ကိုမလုပ္သင့္တာေတြလုပ္မိခဲ့သည္။

တစ္ေန႕ေတာ့လူခ်င္းေတြ႕ကာ ေတာင္းပန္ရဦးေပမည္။

" မင္းစိတ္ခ်ပါ ။ ငါထိုက္စိုးစံအတြက္တရားမွ်တေအာင္တကယ္လုပ္ေပးမယ္ "

" အဲ့တာဆို မင္း အာကာထြဋ္ ကိုဘာမွမလုပ္ဘူးလို႔ကတိေပး "

မာန္ လည္းကတိမေပးခ်င္ေပ ။ အာကာထြဋ္ ကို ေဟဇယ္မိုးကခိုင္းတယ္ဆိုပါေစဦး ။ မာန္ သာ အခ်ိန္ေလးနည္းနည္းေနာက္က်သြားရင္ အာကာထြဋ္ ေၾကာင့္ ခြန္း ေသသြားနိုင္သည္။

သို႔ေပမယ့္လည္း မာန႔္အမွားေတြရွိေနတာမို႔ ဘုန္းစစ္ဟန္ ကိုကတိေပးရဦးေပမည္ ။

...................................။

ေမးစရာရွိတယ္ ယူတို႔ေရ ။ အခုေလ ေလွာင္အိမ္ငယ္ ေလးၿပီးေတာ့မယ္ဆိုေတာ့ အသစ္ေရးဖို႔စဥ္းစားထားတယ္ ။ plot လည္းရၿပီ ။ fic name လည္းရၿပီ ။ Character name လိုေတာ့တယ္ ။ အိုင္က heavy ေတြပဲေရးတာမ်ားတယ္ ။ drama ေတြပဲေတာ့ ။ အဲ့ေတာ့ ေနာက္တစ္ပုဒ္မွာလည္း ဇာတၷာဦးမြာပါ ။ 🙂 စိတၡ္ပါ ေမာင္ေစရင္ ေလာက္ေတာ့ ဇာတ္မနာပါဘူး ။ ပိစိေလးမွပိစိေလး ။ ဖတ္ၾကမလားဟင္ 😁

Vote ေပးခဲ့ၾကဦးေနာ္ ။

#VeraVicki

Continue Reading

You'll Also Like

145K 19K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
253K 6.3K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
90.1K 11.4K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
856K 53.9K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...