ပုလဲတို့ဖြင့်ဖွဲ့သီသော ( Comp...

By TAIN_YAN_THWAY

228K 22.6K 2.3K

"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ" More

Part 1 ( Unicode )
Part 1 ( Zawgyi )
Part_2 ( Unicode )
Part_2 ( Zawgyi )
Part 3 ( Unicode )
Part 3 ( Zawgyi )
Part 4 ( Unicode )
Part 4 ( Zawgyi )
Part 5 ( Unicode )
Part 5 (Zawgyi)
Part 6 ( Unicode )
Part 6 ( Zawgyi )
Part 7 ( Unicode )
Part 7 ( Zawgyi )
Part 8 ( Unicode )
Part 8 ( Zawgyi )
Part 9 ( Unicode )
Part 9 ( Zawgyi)
Part 10( Unicode )
Part 10 ( Zawgyi )
Part 11 ( Unicode )
Part 11 ( Zawgyi )
Part 12 ( Unicode )
Part 12 ( Zawgyi )
Part 13 ( Zawgyi )
Part 14 ( Unicode )
Part 14 ( Zawgyi )
Part 15 ( Unicode )
Part 15 ( Zawgyi )
Part 16 ( Unicode )
Part 16 ( Zawgyi )
Part 17 ( Unicode )
Part 17 ( Zawgyi )
Part 18 ( Unicode)
Part 18 ( Zawgyi )
Part 19 ( Unicode)
Part 19 ( Zawgyi)
Part 20 ( Unicode )
Part 20 ( Zawgyi)
Part 21 ( Unicode )
Part 21 (Zawgyi )
Part 22 ( Unicode )
Part 22 ( Zawgyi)
Part 23 ( Unicode)
Part 23 (Zawgyi)
Part 24 (Unicode)
Part 24 ( Zawgyi )
Part 25 ( Unicode )
Part 25 ( Zawgyi )
Part 26 ( Unicode )
Part 26 ( Zawgyi )
Part 27 ( Unicode )
Part -27 ( Zawgyi )
Part 28 ( Unicode )
Part 28 ( Zawgyi)
Part 29 ( Unicode)
Part 29 ( Zawgyi)
Part 30 ( Unicode)
Part 30 ( Zawgyi)
Part 31 ( Unicode)
Part 31 ( Zawgyi)
Part 32 ( Unicode)
Part 32 ( Zawgyi)
Part 33 ( Unicode)
Part 33 ( Zawgyi)
Part 34 ( Unicode)
Part 34 ( Zawgyi)
Part 35 ( Unicode)
Part 35 ( Zawgyi )
Part 36 ( Final )
Part 36 - Final ( Zawgyi)
Extra Final
Extra Final ( Zawgyi)

Part 13 ( Unicode )

3.1K 452 75
By TAIN_YAN_THWAY

"ကျော်မိုးရေ ဗိုလ်ချုပ်ဈေး သွားရအောင်"

စာကျက်နေသော ကျော်မိုးက အောင်ခိုင်၏ စကားကို ခေါင်းခါပြသည်။

"စာမေးပွဲနီးနေပြီ မသွားဘူး"

"ပြန်လာရင် ဒိန်ချဉ် ဝယ်တိုက်မယ်လေ"

"မသွားပါဘူးကွာ ၊ စာတွေကျက်ရဦးမယ်"

"၃၈ လမ်းက ထမင်းပေါင်း ကျွေးမယ်လေကွာ"

"တကယ်လား"

"အေး"

ထိုအခါမှ ကျော်မိုးက ခေါင်းညိတ်ပြသည်။

"ပြီးတာပဲ အခု သွားမှာလား"

"အေး"

***

ကျော်မိုးတို့ ဆူးလေ ရောက်သော အခါ ဆယ်နာရီပင် ထိုးနေပြီ ။

"ဟေ့ ကျော်မိုး ဗြိတိသျှသံရုံး ဘက်သွားရအောင် ၊ ထမင်းပေါင်း စားကြမယ်"

"နေပါဦး ပန်းခြံနားရောက်နေတာကို ခဏ ဖြစ်ဖြစ် ဝင်နားကြမယ်လေကွာ"

တနင်္ဂနွေ နေ့ ဖြစ်သောကြေင့် ‌ဗန္ဓုလပန်းခြံ ထဲတွင် လူမနည်းလှ။

အောင်ခိုင်က မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ပြီး နဖူးမှချွေးကို လက်ကိုင်ပုဝါဖြင့်သုတ်သည်။

"ပူလိုက်တာကွာ ၊ ဖရဲသီး မစားချင်ဘူးလား"

"ဖရဲသီးလား "

ဖရဲသီး ‌ဟူသော စကားအဆုံးတွင် ကျော်မိုး တစ်ယောက် မသိမသာ ပြုံးမိသွားသည်။

"ကျော်မိုး ၊ ဖရဲသီး စားမလားလို့ "

"အေး စားမယ်လေ ၊ ငါ သွားဝယ်လိုက်မယ် "

ပြောပြောဆိုဆို ကျော်မိုးက မြက်ခင်းပေါ်မှ ထကာ ပန်းခြံ အပြင်ဘက်သို့ထွက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဖရဲသီးသည်ကို လှမ်းမြင်ရတော့ အမြန်ပင်ပြေးသွားလိုက်သည်။

"ညီလေး ဖရဲသီး တစ်စိတ် ဘယ်လောက်လဲ"

"လေးရာ အကို "

"နှစ်စိတ်ယူမယ် "

အိတ်ဖြင့် ထည့်ပေးလိုက်သော ဖရဲသီးစိတ်များကို ဂရုတစိုက်ကိုင်ရင်း ပန်းခြံထဲသို့ ပြန်ဝင်လာလိုက်သည်။

"ကြာလိုက်တာကွာ"

"‌အောင်ရင် မင်းကလေ ဆယ်မိနစ်လောက်လေးကို "

ထိုအခါမှ အောင်ရင်က ရယ်ပြရင်း ဖရဲသီးကို လှမ်းယူသည်။

"ကျေးဇူးပဲ "

"ရပါတယ်ကွာ"

အောင်ရင်က ဖရဲသီးစိတ်ကို နှိုက်စားရင်း ‌ကျော်မိုးကို ကြည့်သည်။

"မင်းက မစားဘူးလား"

"အင်း စားမယ်လေ"

သူ ဖရဲသီးစိတ်ကို ယူကာ တစ်ကိုက်ကိုက် လိုက်သည်။

အထွန်းဖရဲသီးလောက်လည်း မချိုဘူး။

ဖရဲသီး စားနေရင်းပင် အထွန်းကို သတိရမိပြန်တော့ မသိမသာ ပြုံးမိပြန်သည် ။

ဖြူစင်လွန်းသော အထွန်း ၊ အလှကြိုက်လွန်းသော အထွန်း ၊ အသီးဗန်းကို ခေါင်းပေါ်ရွက်ကာ နွဲ့နွဲ့လျလျ ဖြင့် လမ်းလျှောက်တတ်သော အထွန်း ။

အထွန်းဟူသော ထိုကောင်လေးသည် အမြဲတစေပင် ပြုံးရွှင်နေတတ်သလို စကားပြောလျှင်လည်း ချိုချိုသာသာ ရှိတတ်လွန်းသည်။

သို့သော် အထွန်းသည် တစ်ခါတရံတွင်တော့ မျက်နှာနွမ်းကာ အားငယ်နေတတ်သည် ။
ဈေးရောင်းမကောင်းသော နေ့တွင် သက်ပြင်းတချချဖြင့် တွေဝေငေးမော နေတတ်သည်။
လူအများ၏ လှောင်ပြောင်ခြင်းကို ခံရသော အချိန်တွင် ခေါင်းကိုငုံ့ရင်း ညှိုးငယ်နေတတ်သည်။

အထွန်းက ချစ်စရာကောင်းသည်။ သူ့အတွက်တော့ သနားစရာလည်း ကောင်းနေပြန်သည်။

နွဲ့နွဲ့လျလျကောင်လေးကို ပတ်ဝန်းကျင်က သဘောမကျ သောကြောင့် ခင်ခင်မင်မင်ပင် မရှိလှ။

ကျော်မိုး သက်ပြင်းသဲ့သဲ့ ချမိတော့ အောင်ရင်က လှည့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲ ကျော်မိုး"

"ဘာမှမဖြစ်ပါဘူးကွာ ဒါနဲ့ နေပူလာတော့မယ် "

"အေး ၃၈ လမ်းဘက်သွားရအောင် "

" BC ရောသွားကြမလား"

အောင်ရင်က သူ့ အိတ်ထဲသို့ မွှေနှောက်ရှာရင်း ခေါင်းခါပြသည်။

"ငါ ကတ်မပါလာဘူး ၊ မှတ်ပုံတင်လည်း မပါလာဘူး "

"အင်း ဒါဆိုလည်း မသွားတော့ပါဘူး ၊ ထမင်းပေါင်းပဲ သွားစားကြတာပေါ့"

ဆူးလေပန်းခြံမှ ကုန်သည်လမ်း ၊ ထိုမှ တစ်ဆင့် တောက်လျှောက် လမ်းလျှောက်လာပြီးသောအခါတွင်တော့ ထမင်းပေါင်းဆိုင်သို့ရောက်လာသည်။

"ဝက်သားကင်နဲ့ နှစ်ပွဲ"

မှာပြီး ခဏ အကြာတွင်တော့ အငွေ့တထောင်ထောင်းထနေသော ထမင်းပေါင်း နှစ်ပန်းကန် ရောက်လာသည် ။

"ရော့ မင်း ငုံးဥ ကြိုက်တယ်မလား"

ငုံးဥ မကြိုက်သော ကျော်မိုးက အောင်ရင်၏ ပန်းကန်ထဲသို့ ငုံးဥ နှစ်လုံးကို ထည့်ပေးသည်။

"ကျေးဇူးပဲ"

"ဒါနဲ့ အောင်ရင် မင်းက ဗိုလ်ချုပ်ဈေးမှာ ဘာဝယ်မလို့လဲ "

"ငါ့ ညီမလေးအတွက် မြန်မာဝတ်စုံဝယ်ပေးမလို့လေ ၊ သင်္ကြန်လည်း ရောက်တော့မယ်ဆိုတော့"

ဟုတ်သားပဲ ၊ မတ်လကုန်ရင် ဧပြီ ၊ သင်္ကြန်တောင် ရောက်တော့မှာပဲ ။

******

"ပန်းရောင် ယူရမလား ၊ အစိမ်း ကောင်းမလား"

"နှစ်စုံလုံး လှပါတယ်ကွ"

အောင်ရင်ရဲ့ ညီမလေးကို မြင်မှ မမြင်ဖူးတာ ၊ ဘာနဲ့ ပိုလိုက်မလဲ ဆိုတာ ဘယ်သိပါ့မလဲ ။

"မိန်းကလေးဆိုတော့ ပန်းရောင်လေး ယူလိုက်ပါလား"

ကျော်မိုး ၏ စကားကို အောင်ရင်က ခေါင်းတစ်ချက်ညိတ်ကာ လက်ခံပြီး ပိုက်ဆံရှင်းသည်။

ဆိုင်က ထွက်လာသော အချိန်တွင် နှစ်နာရီပင် ခွဲနေပြီ။

လမ်းလျှောက်လာရင်းမှ ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ကျော်မိုးက ဆက်မသွားတော့ဘဲ ဆိုင်ထဲသို့ ကြည့်သည်။

"ကျော်မိုး ဆွယ်တာ ဝယ်မလို့လား"

"အင်း ခဏ ဝင်ကြည့်ရအောင်"

ကျော်မိုးက ဆင်စွယ်ရောင် ဆွယ်တာလက်ရှည် ကို လှမ်းယူသည် ။

"ဒါလေး ဘယ်လောက်လဲဗျ"

"ခြောက်ထောင့်ငါးရာ သားလေး"

"ဟုတ် ဒါလေး ယူမယ်"

ပြောရင်းကပင် တစ်ထောင်တန် ခြောက်ရွက်နှင့် ငါးရာတန် တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

အထွန်းက အသားညိုပေမယ့် ဒီဆွယ်တာလေးနဲ့ လိုက်မှာပဲ ။
ဆင်စွယ်ရောင် ဆွယ်တာလေးကို အထွန်း သဘောကျမှာပါ ။

***********

"အမေရေ အမေ့ "

အပြေးအလွှားပင် အိမ်ထဲ ဝင်လာသော အထွန်းကြောင့် အမေက ရင်ဘတ်ကို ဖိကာ ထွက်လာသည်။

"ဟဲ့ အထွန်း အလန့်တကြား ဘာဖြစ်လာတာလဲ"

"ကံ့ကော်တွေ ပွင့် ပြီ အမေရေ့ "

အထွန်းက စကား‌‌ဆုံးသည်နှင့် ဈေးဗန်းကို အောက်သို့ချကာ က‌လေးတစ်ယောက်ကဲ့သို့ပင် ခုန်ပေါက်နေသည်။

"အထွန်းလေ ကံ့ကော်ပင်ကို နေ့တိုင်းကြည့်နေတာ ၊ ဒီနေ့ ပွင့်လာပြီသိလား "

ကံ့ကော်ပင်ကို လက်ညှိုးတထိုးထိုးဖြင့် ပြောနေသော အထွန်းကို အမေက မျက်စောင်းထိုးကြည့်သည်။

"ကံ့ကော်ပွင့်တာ ဒီလို အလန့်တကြားနဲ့ ပြောစရာလား"

"အမေကလည်း အထွန်းက ပျော်လို့ စိတ်မထိန်းနိုင်ဘူး ဖြစ်သွားတာ "

"ကံ့ကော်ပွင့်တာ ဘာပျော်စရာရှိလို့လဲ ၊ ဒီကလေးနှယ် အထိတ်တလန့်နဲ့ "

အမေက ပြောပြောဆိုဆိုပင် အိမ်ထဲသို့ ပြန်ဝင်သွားသည် ။

အထွန်းကတော့ စွပ်ကျယ်အဖြူနှင့် ဘောင်းဘီ အတို တစ်ထည်ကို လဲဝတ်ကာ ကံ့ကော်ပင်အောက်သို့ သွားတော့သည်။

လက်သီးနှစ်ဖက်ကို ဆုပ် ၊ ခါးကို ကော့ကာ ဘယ်ခြေလှမ်းနှင့် ညာခြေလှမ်းကို တစ်ထပ်တည်း ညီအောင် လှမ်းလာရင်းက ကံ့ကော်ပင်အောက် ရောက်တော့ အပင်ခြေရင်း‌တွင် ထိုင်ချလိုက်သည်။

ကံ့ကော်ပွင့်ချိန်တိုင်းတွင် အထွန်းက ကံ့ကော်ပင်အောက်တွင် ထိုင်ကာ ပင်မြင့်ပေါ်မှ ပန်းတို့ကို မော့ကြည့်တတ်သည် ။ ကြွေကျလာသော ပန်းတို့ကိုလည်း တယုတယ ကောက်ယူကာ သိမ်းထားတတ်သည် ။

သို့သော် အထွန်းသည် ကံ့ကော်ပွင့်တို့ကိုတော့ မခူး ။ လာဝယ်သော သူကိုပင် ငြင်းလွှတ်သည်။
အထွန်းမသိဘဲ လာခူးသော သူများကိုဆိုလျှင် ရန်ပင်တွေ့လွှတ်တတ်သေးသည်။

အထွန်းက ကံ့ကော်ကို သဘောကျသည်။ ပင်မြင့်ပေါ်တွင် ဝင့်ကာ ဝင့်ကာ လှနေသော ကံ့ကော်ပွင့်တို့ ကို အမြတ်တနိုးပင် ငေးကြည့်နေတတ်သည်။

ကံ့‌ကော်လေးတွေက ဖြူဖြူလေးတွေ ၊ ဝတ်ဆံ အဝါလေးတွေနဲ့ ကံ့ကော်လေးတွေက တကယ်လှတာပဲ ။

လေတိုက်တိုင်း ယိမ်းနေသော အပွင့် ၊ အခက်တို့ကို ကြည့်ရင်း အထွန်းပြုံးမိပြန်သည်။

နွေဦးရောက်ပြီပဲ ၊ ကိုမိုးလည်း ပြန်လာတော့မှာပဲ။

ကိုမိုးပြန်လာရင်တော့ ကံ့ကော်ပန်းတွေ လက်ဆောင်ပေးဦးမှပါ ။

ဒါပေမယ့် လက်ဆောင်ပေးဖို့ဆိုရင် အထွန်း ပန်းတွေ ခူးမှ ဖြစ်မှာ ။ ခူးလိုက်ရင် ပန်းလေးတွေက နွမ်းရတော့မှာ ။

အပင်ပေါ်မှာ လှနေတာပဲ ကောင်းပါတယ်လေ ။

ဒါပေမယ့် ကိုမိုးက ကံ့ကော်ပန်း လိုချင်တယ် ဆိုရင်တော့ တစ်ခက် လောက်ဖြစ်ဖြစ် ခူးပေးရမှာပေါ့။

ဟင့်အင်း တစ်ခက်လုံးတော့ အထွန်း မခူးရက်ပါဘူး ။

အထွန်းက ကံ့ကော်ပင်ကို ကြည့်ကာ လက်ညှိုးတစ်ချောင်းထောင်ရင်း တိုးတိုးဆိုပြန်သည်။

"ကိုမိုးပြန်လာရင်လေ တစ်ပွင့်လောက် ခူးမယ်နော်"

********

AN /

19.1.2021









Continue Reading

You'll Also Like

10.4K 193 17
ငယ်ရွယ်ချိန်မှာ ပေါက်ဖွားလာတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ အချစ်ကို ရသမျိုးစုံနဲ့ ပေါ်လွင်အောင်ရေးဖွဲ့ထားပါသည်။
37.5K 1K 46
တစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။
15.3K 94 21
fundamental paper education and all characters are not owned by me, but owned by Kaaatie on youtube.
18.4K 221 22
Have you ever thought how the Gods and lightning thief crew would react to the Percy Jackson and the Olympian books? What about camp half-blood with...