စေရာ(Complete)

By StarRia19

1.3M 100K 9.6K

Unicode သံစဥ်တွေဟာ တီးခတ်သူရဲ့ စေရာ ကိုလိုက်နာကြတယ်တဲ့။ ဒါဆို ချစ်မိသွားသူတွေကရော? ဘယ်သူ့ စေရာ ကို လိုက်နာကြမ... More

Intro
ခ်စ္ျခင္းႏွင့္ သံေယာစဥ္
အပိုင္း(၁)ေမ်ွာ္လင့္ခ်က္မ်ား ႐ိုက္ခ်ိဳးခံရျခင္း
အပိုင္း(၂)အိပ္မရေသာ နာက်င္ဖြယ္ညတစ္ည
အပိုင္း(၃)ေမာင္က သူ႔ကို အရမ္းမုန္းတယ္တဲ့
အပိုင္း(၄)ေမာင္ ဘာလို႔ ေျပာင္းလဲသြားရတာလဲ
အပိုင္း(၅)ကိုကို ျပန္လာၿပီ
အပိုင္း(၆)ကိုကိုႏွင့္ေမာင္၏ ကြာျခားမႈ
အပိုင္း(၇)နာက်င္သြားရေသာ ႏွလံုးသားတစ္စံု
အပိုင္း(၈)ေမာင့္လုပ္ရပ္ေတြ လြန
အပိုင္း(၉) ထပ္တူနာက်င္ခံစားရျခင္း
အပိုင္း(၁၀)တန္ျပန္မႈ၏ ေစရာ.....။
အပိုင္း(၁၁)ေၾကမြသြားေသာ ဆႏၵငယ္ေလး
အပိုင္း(၁၂)ေမ်ွာ္လင့္ခ်က္အလင္းေရာင္ေလး ႐ွင္သန္ခြင့္ေပးပါ....။
အပိုင္း(၁၃)အိပ္မက္လွလွေလး ဆက္မက္ခြင့္ျပဳပါ...။
အပိုင္း(၁၄)ေမာင့္အေပၚ ယံုၾကည္မႈမ်ား ယိမ္းယိုင္လာၿပီ...။
အပိုင္း(၁၅)မထင္မွတ္ေသာ ဂ႐ုစိုက္မႈေလးမ်ားႏွင့္အတူ ျပန္လည္ ရ႐ွိလိုက္ေသာ ႏွလံုးသားဒ
အပိုင္း(၁၆)ေစတနာမွ ေဝဒနာဆီသို႔
အပိုင္း(၁၇)သံေယာဇဥ္ႏွင့္ ခ်စ္ျခင္းၾကားက ေျမစာပင္ေလး
အပိုင္း(၁၈) အမွတ္တရေလး
အပိုင္း(၁၉)ခံႏိုင္ရည္႐ွိသြားခဲ့ေသာ ႏွလံုးသားဒဏ္ရာ
အပိုင္း(၂၀)ဖုံးကြယ္ထားေသာ ခံစားခ်က္မ်ား
အပိုင္း(၂၁)လက္ေလ်ွာ့လိုက္ၿပီ
အပိုင္း(၂၂)အေမွာင္ထဲက ကာကြယ္မယ့္ သူ
Thadingyut Gift✨✨
အပိုင္း(၂၃)အမုန္းမွသည္ အခ်စ္ဆီသို႔
အပိုင္း(၂၄)မေမ်ွာ္လင့္ထားေသာ ျဖစ္ရပ္မ်ား
အပိုင္း(၂၅)သူ႔အတြက္ဆိုလ်ွင္
အပိုင္း(၂၆)ႏႈတ္ဆက္ျခင္း
အပိုင္း(၂၇)စြန္႔လႊတ္လိုက္ေသာ ႏွလံုးသား
အပိုင္း(၂၈) ခ်န္ရစ္ခဲ့သူ မင္းအဆင္ေျပရဲ႕လား
အပိုင္း(၂၉) ေရြးခ်ယ္ခြင့္
အပိုင္း(၃၀)ခ်စ္ျခင္းအၿပိဳင္
အပိုင္း(၃၁)မင္းေပးခဲ့ေသာ ဒဏ္ရာ
အပိုင္း(၃၂)ခြင့္မလႊတ္ႏိုင္ေသာ
အပိုင္း(၃၃)အတံု႔အလွည့္
အပိုင္း(၃၄)တစ္ေက်ာ့ျပန္
အပိုင္း(၃၅)အေရးအႀကီးဆံုးသူ
အပိုင္း(၃၆)စိတ္မခ်ေလေသာေၾကာင့္...ေမြးရပ္ေျမဆီသို႔
အပိုင္း(၃၇)ခ်စ္ျခင္းကိုယ္စီ၏ ဦးတည္ရာ တစ္ဖက္စြန္းဆီသို႔
အပိုင္း(၃၈)အျမဲ အတူ႐ွိေနေပးပါ
အပိုင်း(၃၉)အသစ်တဖန် စတင်ခြင်း
Next fiction
အပိုင်း(၄၀)မင်းနဲ့အတူ အဝေးဆုံးဆီသို့
အပိုင်း(၄၁)ဝမ်းနည်းမှု လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပြုံးရယ်ခြင်း
အပိုင်း(၄၂)အမှတ်တရများပျောက်ဆုံးခြင်း
အပိုင်း(၄၃)အတိတ်နေ့ရက်များဆီသို့
အပိုင်း(၄၄)နာကျင်ရလွန်းသော စွန့်ပစ်ခြင်း
အပိုင်း(၄၆) ပျော်ရွှင့စေရန် မျှော်လင့်လျက်
အပိုင်း(၄၇) ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း
Hello...
အပိုင်း(၄၈)ကိုယ့်ရဲ့မြတ်နိုးရာလေး
အပိုင်း(၄၉)Final 1+2 စေစားသူရဲ့ "စေရာ"
Book📙📙
Attention plz✨✨
New fiction💕
Announcement for book...🤍
For Book 🍁🍁

အပိုင်း(၄၅) မထင်မှတ်ထားခဲ့လေသော လွဲမှားခြင်းများ

16.8K 1.2K 120
By StarRia19

အပိုင်း(၄၅)

မထင်မှတ်ထားခဲ့လေသော လွဲမှားခြင်းများ

"လွန်းငယ် မောင်နဲ့ မြန်မာပြည် ပြန်လိုက်မလား"

သူ၏ အမေးကြောင့် မျက်ဝန်းများအား ပက်တီးစီးထားသော လွန်းငယ်က သူရှိရာဘက် မှန်းဆကြည့်လာသည်။

"ပြန်ရအောင် မောင်...ငါ ဒီမှာ မနေချင်တော့ဘူး"

ခွန်းသုရှင် သက်ပြင်းချလိုက်မိသည်။ သူနှင့်ပတ်သတ်သောအမှတ်တရများမှလွဲ၍ ဘာမှ မမှတ်မိသော လွန်းငယ်က အရာအားလုံးနှင့်စိမ်းသက်နေပုံရသည်။

"မောင် ငါ့ကို ရေတစ်ခွက်လောက် ယူပေးပါလား"

" မောင် ယူပေးမယ်...ခဏနော်"

စားပွဲပေါ်ရှိ ဖန်ခွက်ထဲသို့ ရေငှဲ့ကာ လွန်းငယ် လက်ထဲသို့ဂရုတစိုက်ထည့်ပေးလိုက်သည်။ ရေဆာနေပုံရသော လွန်းငယ်က ရေအား ချက်ချင်းမော့သောက်လိုက်ပြီး ရေမကျန်တော့သော ခွက်အား ပြန်ပေးလာ၏။

စေထားရာ ခွက်အား လက်ထဲတွင် ပြန်ကိုင်လိုက်သည်။ အသင့်ယူလာသော လက်ကိုင်ပုဝါဖြင့် ပါးစပ်နားတဝိုက်ရေများအား ဂရုစိုက် သုတ်ပေးလိုက်သည်။

"အကုန်လုံး မည်းမှောင်နေတာ နေရခက်လိုက်တာ...ငါ တစ်ယောက်တည်း ညရောက်နေတယ်ထင်တယ်"

ဘာမှ မဖြစ်သလို ပြုံးရယ်၍ ပြောနေသော်လည်း ဝမ်းနည်းနေသော မျက်နှာအား အတိုင်းသား တွေ့မြင်နေရသည်။ ခွန်းသုရှင် ရင်ဘတ်ထဲမှ နာကျင်လာရသည်။

"ခဏပဲ လွန်းငယ်...မောင် ဆရာဝန်တွေနဲ့တိုင်ပင်ပြီး အကောင်းဆုံးကြိုးစားပေးမယ်နော်"

လွန်းငယ် ပြုံးလျက်ပင် ဆက်နေလိုက်သည်။ ဘာမှ ပြန်မပြောဖြစ်တော့။ မျက်ကြည်လွှာ အလှူရှင်ပေါ်ရန်မှာ လွန်စွာခက်ခဲလွန်းလှသည်။ သူ လက်လျှော့လိုက်လေပြီ။

"လွန်းငယ် ဆာပြီလား...ဘာစားမလဲ...မောင် ဝယ်ပေးမယ်"

"တယ်မာကီဆူရှီ(temaki zushi)စားချင်တယ် မောင်"

ခွန်းသုရှင် လွန်းငယ်၏ ဆံပင်များအား ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

"မောင် အခုဝယ်လာခဲ့ပေးမယ်"

"အင်း"

မမြင်ရသော်လည်း မှန်းဆခေါင်းညိတ်ပြလာသော လွန်းငယ်အား ကြည့်ကာ သူ့မျက်ဝန်းမှ မျက်ရည်များဝေ့သီလာရသည်။ မျက်နှာအထက်သို့မော့ကာ မျက်တောင်များအား တဖျတ်ဖျတ်ခတ်လိုက်ရသည်။

"ဒီမှာပဲ ထိုင်နေနော်...ဘယ်မှလျှောက်မသွားနဲ့...မောင်ချက်ချင်းပြန်လာခဲ့မယ်"

"အင်း"

နဖူးအား ညင်သာစွာ နမ်းရှိုက်လိုက်ပြီး လူနာခန်းအပြင်သို့ ထွက်လာလိုက်သည်။ အားတင်းနိုင်ခြင်း မရှိတော့စွာ နံရံအား ကျောမှီ၍ ထိုင်ချလိုက်သည်။ မျက်ဝန်းမှ မျက်ရည်တို့ပါးပြင်ပေါ် ဖြတ်သန်းစီးကျလာကြသည်။

ဘာမှမလုပ်ပေးနိုင်သည့် အသုံးမကျသူတစ်ယောက်ဖြစ်နေခြင်းအား သူတကယ်မုန်းတီးလှသည်။ ရက်စက်လွန်းသောကံကြမ္မာက အမှားကိုယ်စီအတွက် ပြစ်ဒဏ်ကိုယ်စီ သူတို့အား ချမှတ်ခဲ့သည်။

ချစ်ရသူ အမြဲပျော်ရွှင်နေသည်ကိုသာ မြင်ချင်သည့်အချိန်တွင် သူ့အား ချစ်သူ၏ နာကျင်မှုများကို ရင်နှင့်မဆံ့အောင် မြင်တွေ့ရန် ဖန်တီးခဲ့သည်။ ကိုယ့်ကိုကိုယ်အပြစ်တင်မှု၊ ယူကြုံးမရမှုတို့ဖြင့် အက်ကွဲနေသော နှလုံးသားက အကောင်းပကတိပြန်မရောက်နိုင်တော့။

" မင်းကပါ ခုလို ဖြစ်နေလို့ မဖြစ်ဘူး ခွန်းသုရှင်"

အပေါ်ဘက်ဆီမှ ထွက်ပေါ်လာသောစကားသံကြောင့် ခွန်းသုရှင် ခေါင်းမော့ကြည့်လိုက်မိသည်။

အပေါ်စီးမှ သူ့အား ငုံ့မိုးကြည့်နေသော စေထားရာအား တွေ့မြင်လိုက်ရသည်။

"ငယ်က အရမ်းကြောက်တတ်တာ...အပြင်မှာ သန်မာချင်ယောင်ဆောင်နေပေမဲ့ စိတ်အရမ်းပျော့ညံ့လွန်းတယ်...အတွေးများလွန်းတဲ့ ငယ်ကသာ မင်းရဲ့ ခုလိုပုံစံတွေ သိသွားမယ်ဆို သူလုံးဝပြန်ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး"

ခွန်းသုရှင် စေထားရာနှင့် မျက်နှာချင်းဆိုင်အနေအထား မတ်တပ်ရပ်လိုက်သည်။ မျက်ရည်များလည်း ကုန်စင်အောင် လက်ဖြင့် ပွတ်သပ်ပစ်လိုက်၏။

" ဘာကိစ္စရှိလို့လဲ စေထားရာ"

"ငယ် ကြိုက်တဲ့ တယ်မာကီဆူရှီ ဝယ်လာတာ...ငယ် စားရအောင်"

နှစ်ယောက်၏ စိတ်ချင်းဆက်နွှယ်မှုအား ခွန်းသုရှင်အံ့အားသင့်သွားရသည်။ လွန်းငယ်အပေါ်ထားသော စေထားရာ၏ မေတ္တာကလွန်စွာ နက်ရှိုင်းလွန်းသည်။ ဘာမှပြောစရာမလိုအောင် လိုအပ်သမျှ ကြိုသိနေခြင်းက စေထားရာ၏ ဂရုစိုက်မှုများပင်။ သို့သော် ထိုဂရုစိုက်ချစ်မြတ်နိုးမှုများက လွန်းငယ်အတွက် အဆိပ်အတောက်ဖြစ်နေခဲ့သည်။

" လွန်းငယ် အဲဒါ စားချင်တယ်ပြောနေတာ"

"ခွန်းသုရှင် ငါ ငယ်နဲ့စကားပြောချင်တယ်...ခဏ အပြင်မှာနေပေးပါ"

စေထားရာ၏ တောင်းဆိုမှုကြောင့် ခွန်းသုရှင် စဥ်းစားရကြပ်သွားသည်။

"လွန်းငယ် အခြေအနေက မင်းကို မမှတ်မိဘူးလေ...သူ မင်းကိုတွေ့လို့ ပထမတစ်ခါလို တုံ့ပြန်ရင်"

"ငယ် ဖြည်းဖြည်းချင်း မှတ်မိလာမှာပါ...ငါတို့ရဲ့ သံယောဇဥ်က အဲလိုလွယ်လွယ်မေ့ဖျောက်နိုင်တဲ့အရာမှ မဟုတ်တာ"

ခွန်းသုရှင် စေထားရာအား တွေ့ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။

"အက်ဆီးဒင့်ကြောင့် ငယ့်အခြေအနေ ခဏshockဖြစ်သွားတာပါ...ဖြည်းဖြည်းချင်း ပြန်သတိရမှာမို့ အရမ်းတွန်းအားမပေးပါနဲ့"

"အင်း"

စေထားရာ ခွန်းသုရှင်အား ခေါင်းညိတ် ပြန်ဖြေကာ တံခါးဖွင့်၍ အခန်းထဲဝင်လိုက်သည်။ အခန်းတံခါးပြန်ပိတ်လိုက်ပြီး ကုတင်ပေါ်မလှုပ်မယှက်ထိုင်နေသူအား ဝမ်းနည်းရိပ်များလွှမ်းခြုံနေသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"မောင် ပြန်လာပြီလား...မြန်လိုက်တာ"

တံခါးပိတ်သံကြားသွားပုံရသော ငယ်က တံခါးရှိရာဘက်မျက်နှာမူကာ ပြောလာသည်။ စေထားရာ ငယ်ရှိရာဆီ လျှောက်သွားလိုက်ပြီး ငယ့်ရှေ့ဒူးထောက်လိုက်ကာ မျက်ဝန်းတွင်စီးထားသော ပက်တီးများအား ထိကိုင်လိုက်သည်။

သူ၏ လက်များအား ချက်ချင်းပုတ်ချလာသော ငယ်။

"မောင် မဟုတ်ဘူး...ဘယ်သူလဲ"

"ငယ် ကိုကိုလေ...ငယ်ရဲ့ ကိုကို"

သူ၏ ပြန်ဖြေသံအဆုံး ငယ်၏ လက်နှစ်ဖက်က သူ့အား အရှိန်ဖြင့် ပြင်းထန်စွာ အဝေးသို့တွန်းပစ်လိုက်သည်။ အချိန်မီ လက်ထောက်လိုက်နိုင်သောကြောင့် ကြမ်းပြင်နှင့် ဦးခေါင်းမထိဘဲ အန္တရာယ်ကင်းသွားခြင်းဖြစ်သည်။

"ဘယ်က ကိုကိုလဲ...မသိဘူး...ထွက်သွား...အခုချက်ချင်းထွက်သွားပေး"

စေထားရာ လက်မလျော့နိုင်စွာ ငယ်၏ ရုန်းကန်ဖယ်ထုတ်ခြင်းများအား လျစ်လျူရှု၍ ငယ့်ပုခုံးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

"စေထားရာ...ဒီနာမည်ကိုတော့ ငယ်မှတ်မိသင့်တယ်...အရာအားလုံး ငယ် မေ့လို့ရတယ်...ဒီနာမည်ကို ငယ် မေ့လို့မဖြစ်ဘူး"

"မသိဘူး....လွှတ်ပေး...အခုလွှတ်ပေး....အားးး"

ခေါင်းအား ဖိကိုင်ကာ အော်လာသော ငယ်။ စေထားရာ ဒီလောက်နှင့် လက်မလျော့နိုင်ပါ။ ငယ့်အတွက် အရာအားလုံးလုပ်နိုင်ခဲ့သောသူ့အား ငယ်မေ့ပစ်လိုက်ခြင်းကို သူ လုံးဝလက်မခံနိုင်။

"အရင်တုန်းက အရမ်းချစ်ကြတဲ့ညီအစ်ကိုနှစ်ယောက်ရှိတယ်...အကိုဖြစ်သူရဲ့ဘဝမှာ သူ့ညီလေးတစ်ယောက်ပဲရှိသလို သူ့ညီလေးကလည်း အကို့ကို ယုံကြည်အားကိုးပြီး အရမ်းချစ်ခဲ့တယ်"

"အားး ဆက်မပြောနဲ့တော့"

နားနှစ်ဖက်အား လက်ဖြင့်ပိတ်ကာ အသည်းအသန်တားဆီးလာသော ငယ်။ စေထားရာ ပြောနေခြင်းအား မရပ်တန့်နိုင်ပါ။

"တစ်နေ့ ညီလေးမှာ ချစ်ရသူရှိလာတယ်တဲ့...သူ့ညီလေးရဲ့အချစ်တွေအကုန် သူအပိုင်ရထားတယ်လို့မှတ်ထားတဲ့အကိုက အဲဒီအဖြစ်ကို လက်မခံနိုင်ခဲ့ဘူး...သူ့ညီကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားမှာ သူအရမ်းကြောက်ခဲ့တယ်...သူ့မှာ ဒီညီလေးတစ်ယောက်ပဲ ရှိခဲ့တာ...ဒီညီလေးက သူ့အတွက် တစ်ဘဝလုံးပဲ"

"ဆက်မပြောနဲ့တော့ ခေါင်းတွေကိုက်တယ် အား... တောင်းပန်ပါတယ်...ဆက်မပြောပါနဲ့တော့"

စေထားရာ မျက်ဝန်းမှ မျက်ရည်ပူများအဆက်မပြတ်စီးကျလာခဲ့သည်။ ရင်တစ်ခုလုံးပူလောင်ကာ နာကျင်နေရသည်။

"သူ့ညီလေးရဲ့ ချစ်သူက မကောင်းတဲ့သူတစ်ယောက်မှန်း သိရှိသွားတော့ နည်းလမ်းပေါင်းစုံနဲ့ သူ့ညီလေးကို ပြန်ရယူခဲ့တယ်...သူက သူ့လုပ်ရပ်တိုင်းမှန်တယ်လို့ ထင်နေခဲ့တယ်...သူ့ညီလေးကို အန္တရာယ်ပေါင်းစုံက သူကာကွယ်ပေးနိုင်မယ်ထင်ခဲ့ပေမဲ့ သူမှားခဲ့တယ်...သူ့ညီလေးက သူ့ကိုစက်စုပ်အရွံရှာဆုံး လူတစ်ယောက်အဖြစ် မုန်းတီးသွားခဲ့တယ်"

"အားးး"

စေထားရာ ဒူးထောက်လျက် မျက်ရည်များကြားမှ ငယ့်အား ကြိုးစားပြုံး၍ ကြည့်လိုက်မိသည်။

"သူက အခုချိန်ထိ လက်မခံနိုင်ခဲ့ဘူး ငယ်...သူ့ညီလေးက သူ့ထက် တခြားတစ်ယောက်ကို ပိုချစ်သွားခဲ့တာ သူဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး...သူ့ဘဝမှာ သူ့ညီလေးတစ်ယောက်ပဲရှိခဲ့သလို သူ့ညီလေးဘဝမှာလည်း သူတစ်ယောက်ပဲရှိစေချင်ခဲ့တာ...အဲဒါ သူအလိုချင်ခဲ့ဆုံး ဆန္ဒတစ်ခုပါ"

လွန်းငယ် နားအား တင်းကျပ်စွာ ဖိထားသောလက်များကိုဖယ်၍ ဘေးရှိ ပစ္စည်းများအား စမ်းကာ ကောက်ယူလိုက်ပြီး ဆက်တိုက်နံရံဆီသို့ မှန်းဆပစ်ခွဲလိုက်သည်။

"ခွမ်း...ခွမ်း...."

အခန်းထဲ ဆူညံစွာထွက်ပေါ်လာသော ပစ္စည်းကွဲသံများ။ လွန်းငယ် ဘာကိုမှ ဂရုမစိုက်နိုင်စွာ ပစ္စည်းများကိုသာ ပစ်ပေါက်၍ ခွဲနေမိသည်။

"လွန်းငယ်"

ဆူညံသံများကြောင့် အခန်းတံခါးဖွင့်ကာ အထဲသို့ ပြေးဝင်လာသောခွန်းသုရှင်။ လွန်းငယ်ဆီသို့ သွားကာ စိတ်ထိန်းချုပ်မရဖြစ်နေသော လွန်းငယ်အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။

"ဘာမှ မဖြစ်တော့ဘူး...ဘာမှမဖြစ်တော့ဘူးနော်...စိတ်လျှော့ လွန်းငယ်...စိတ်လျှော့"

"မောင်...မောင် ခေါင်းတွေကိုက်တယ်...ခေါင်းတွေ အရမ်းကိုက်တယ်"

ငယ်လေး၏ အော်ဟစ်သောင်းကျန်းနေသောပုံရိပ်အား ကြည့်ကာ စေထားရာ ရင်ထဲမချိမဆန့်ဝေဒနာခံစားလာရသည်။

ခွန်းသုရှင် သူ၏ရင်ခွင်ထဲရှိ လွန်းငယ်ခန္ဓာကိုယ်တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။ သူ စေထားရာအား စူးစိုက်ကြည့်လိုက်၏။

"စေထားရာ...လွန်းငယ် မင်းကိုကြောက်နေတယ်...မင်း"

သူ၏စကားပင် အဆုံးမသတ်သေး။ စေထားရာက ဆက်၍ ပြောလာသည်။

"ငါ ထွက်သွားပေးမယ်"

ကျောခိုင်းထွက်သွားသော စေထားရာ မြင်ကွင်းမှပျောက်ကွယ်သည်အထိ ခွန်းသုရှင် ငေးမောကြည့်နေမိသည်။ အထီးကျန်ဖြစ်နေသော နောက်ကျောတစ်စုံကိုသာ လွန်းငယ် မြင်နိုင်ခဲ့လျှင်။ လွန်းငယ် အတိတ်တို့အား ပြန်လည်သတိရပေလိမ့်မည်လား။

"ထွက်သွားပြီလား"

ရင်ခွင်ထဲရှိ လွန်းငယ်ဆီမှ တိုးညှင်းသောစကားသံထွက်ပေါ်လာသည်။

"အင်း ထွက်သွားပြီ"

လွန်းငယ်၏ လက်များက သူ၏လက်တို့အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လာလေသည်။ ခွန်းသုရှင် ပြောင်းလဲသွားသော အဖြစ်အပျက်များကြောင့် ရင်မောစွာ ချစ်ရသူမျက်နှာကိုသာ ငေးမောကြည့်နေလိုက်မိတော့သည်။

အပင်တစ်ပင်ရှင်သန်ဖို့
မြေဆီလွှာ
မရှိမဖြစ်လိုအပ်တယ်။

အဲလိုပဲ
ကိုယ်ရှင်သန်ဖို့
မင်းဟာ
မရှိမဖြစ်လိုအပ်တယ်။

***********************

စေထားရာ မျက်ဝန်းရှေ့မှ DNAစာရွက်အား တုန်ယင်သောလက်များဖြင့် ဖွင့်ကြည့်လိုက်သည်။

စာရွက်ပေါ်ရှိ အဖြေအား မြင်လိုက်ရချိန် စာရွက်လေးသည် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားလေသည်။

မယုံကြည်နိုင်မှုဖြင့် စေထားရာ ရင်ထဲဗလောင်ဆူလာရသည်။ သူ တကယ် ဘာကိုမှ မှတ်မိမနေ။ သွေးသားရင်းစစ်ဆေးချက်ရလဒ်သည်လည်း လုံးဝမမှားနိုင်။ ဒါဆို သူဘယ်နေရာက စမှားယွင်းသွားခဲ့သလဲ။

အိတ်ကပ်ထဲမှ ဖုန်းအား ထုတ်ကာ ဖုန်းနံပါတ်တစ်ခုအား ရိုက်၍ ဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်ဝင်သွားချင်း တစ်ဖက်မှ ဖုန်းအား ချက်ချင်းကိုင်လိုက်လေသည်။

"ဟယ်လို"

"ဟယ်လို Ka-kochan...ငါ မေးစရာရှိလို့"

"အင်း မေးလေ...ခဏနေ ငါ လူနာကြည့်ရတော့မှာ"

"ဦးနှောက်အကြိတ်ကင်ဆာသမားတွေက မှတ်ဥာဏ်ပျောက်ဆုံးတာတွေရှိတတ်လား"

စိတ်လှုပ်ရှားစွာဖြင့် စေထားရာ အဖြေအား စောင့်ဆိုင်းနေမိသည်။

"အင်း ရှိတယ်...ဦးနှောက်ထဲမှာ အကြိတ်က တဖြည်းဖြည်းနေရာယူလာလို့ တချို့မှတ်ဥာဏ်အပိုင်းအစတွေ ပျောက်ဆုံးသွားတတ်တယ်"

စေထားရာ လက်သီးအား တင်းကျပ်စွာ ဆုပ်ထားလိုက်မိသည်။

"အင်း ကျေးဇူးပဲ"

ချက်ချင်း ဖုန်းချလိုက်ပြီးနောက် စိတ်တည်ငြိမ်စွာထားကာ လွန်ခဲ့သော ခြောက်နှစ် ဂျပန်မသွားခင်အချိန်များအား သေချာစဥ်းစားကြည့်လိုက်သည်။

ဂျပန်မသွားခင်က မြန်မာပြည်ရှိ ဆေးရုံတွင် သူ တက်ခဲ့သေးသည်။ ထိုဆေးရုံတွင် တက်ရောက်စဥ် ခွဲရခက်သောနေရာတွင် ဦးနှောက်အကြိတ်ဖြစ်နေကြောင်းသိရ၍ ဂျပန်ဆေးရုံသို့အမြန်ပြောင်းရွှေ့ခဲ့ရသည်။ ငယ့်အား စိတ်မပူစေချင်သောကြောင့် အလုပ်ကိစ္စဟုသာ သူ အကြောင်းပြခဲ့သည်။

ဂျပန်ဆေးရုံတွင် စမ်းသပ်စစ်ဆေးမှုများအပြီး ဦးနှောက်အကြိတ်ကင်ဆာမှန်း သူသိရှိခဲ့ရသည်။ Chemo ဆေးသွင်းခြင်း၊ ဆေးကုသမှုခံယူခြင်းတို့ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သော်လည်း အရဲစွန့်ကာ သူ မခွဲစိတ်ရဲခဲ့။ ယခုအချိန်ထိ အသက်ရှင်ခြင်းက သူ လွန်စွာ ကံကောင်းလွန်းနေခဲ့ပြီ။

"တီ"

တစ်ဖက်သို့ ဖုန်းဝင်သွားသံက သူ၏ အတွေးစများအား ပြတ်တောက်သွားစေခဲ့သည်။

"ဟယ်လို Boss"

"ဟယ်လို လင်းထက်...ငါ ဂျပန်ကို ထွက်မသွားခင် လွန်ခဲ့တဲ့ခြောက်နှစ်က ရန်ကုန်မှာ ဆေးရုံတက်ခဲ့​သေးတယ်...မှတ်မိတယ်မလား"

"ဟုတ်ကဲ့ Boss...မှတ်မိပါတယ်"

"အဲဒီတုန်းက ငါ့ကို ဆေးရုံပို့ခဲ့တဲ့သူက မင်းလား"

"မဟုတ်ဘူး Boss...Bossရဲ့ ကိုယ်ရံတော် နှစ်ယောက်ပါ"

စေထားရာ ချက်ချင်း နာမည်မေးလိုက်သည်။

"ဘယ်သူတွေလဲ"

"Harry နဲ့ Jack"

"Ok"

ဒီနေ့တော့ သူသေချာပေါက်ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်ရပေတော့မည်။ စေထားရာ လင်းထက်ဖုန်းအား ချလိုက်ပြီး Harry ဆီ ဆက်သွယ်လိုက်သည်။

"ဟယ်လို Boss"

"ငါ လွန်ခဲ့တဲ့ခြောက်နှစ် ဂျပန်မသွားခင်က ရန်ကုန်ဆေးရုံပို့ခဲ့တာ မင်းနဲ့ Jack မလား...ငါ ဆေးရုံမရောက်ခင် ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြ"

"အဲဒါက Boss"

ထစ်အနေသော Harry အား စိတ်မရှည်စွာ စေထားရာ အော်ငေါက် ဆူပူလိုက်သည်။

"မြန်မြန်ပြော"

"အဲဒီတုန်းက Boss ကောင်မလေးတစ်ယောက်ကို ကျွန်တော်တို့ကို ဖမ်းခိုင်းခဲ့တယ်...ဖမ်းမိတော့ bossကို ဖုန်းဆက်တာ အခုလာခဲ့မယ်ဆိုပြီး သိပ်မကြာခင် ကောင်မလေး ဖမ်းထားတဲ့ဆီ ရောက်လာတယ်...

Boss အထဲဝင် ကောင်မလေးနဲ့တွေ့နေတုန်း အတော်ဝေးဝေးက ကားမီးရောင်တွေ့လို့ နှစ်ယောက်လုံး မသိမသာပုန်းပြီး သွားကြည့်လိုက်ကြတယ်...အရက်မူးနေသူတစ်ယောက် ကားမီးဖွင့် ဟွန်းဆက်တိုက်တီးနေလို့ လူတွေသတိမထားမိအောင် သတိမေ့အောင်လုပ်ပြီး ကိစ္စရှင်းလိုက်တာ...ကျွန်တော်တို့ ပြန်ရောက်တော့ ပိတ်ထားတဲ့ တံခါးပေါက်က ပွင့်နေတယ်...နှစ်ယောက်လုံးထိတ်လန့်ပြီး အထဲဝင်ကြည့်တော့မှ မေ့လဲနေတဲ့ Bossကို တွေ့တာပဲ...အဲဒါနဲ့ ဆေးရုံပို့ခဲ့ကြတာ"

စေထားရာ မျက်ဝန်းတို့စုံမှိတ်လိုက်မိသည်။ အရာအားလုံးက သူအထင်လွဲမှားခြင်း မဟုတ်ကြောင်း သေချာနေခဲ့ပြီ။

"အဲဒီတုန်းက ငါသတိရတော့ ဘာလို့ဘာမှမပြောခဲ့ကြတာလဲ"

"Bossက ဘာမှမမှတ်မိဘူးလေ...Bossနဲ့ ကျွန်တော်တို့နှစ်ယောက်ပဲ သိတဲ့ကိစ္စကို Bossကမမှတ်မိတော့ ခိုင်းသမျှ လုပ်ရတဲ့ကျွန်တော်တို့က Bossကို မပြောရဲခဲ့ဘူး"

တင်းတင်းကျပ်ကျပ် ဆုပ်ထားသောကြောင့် လက်သည်းများက အသားထဲနစ်ဝင်ကာ နာကျင်လာရသည်။

"မင်းတို့ ဖုန်းဆက်တော့ ဖုန်းထဲကနေ တခြားဘယ်သူ့အသံကြားသေးလဲ"

"DJ သံတွေ၊ စကားပြောသံတွေနဲ့  ဆူညံသံတွေ ကြားရတယ် Boss...Boss club တစ်ခုခု ရောက်နေပုံပဲ"

"အင်း အဲဒါဆို ဒါပဲ"

ဖုန်းချလိုက်ပြီးနောက် စေထားရာ အားလုံးအား ဆက်စပ်၍ သေချာစဥ်းစားကြည့်လိုက်သည်။

Club ဟူ၍ သူ သွားနေကြ club တစ်ခုသာ ရှိသည်။ သူငယ်ချင်း သံလွင်ရှိုင်း ပိုင်သော Palace Club တစ်ခုတည်းသာ။ မခေါ်တာကြာပြီဖြစ်သော သံလွင်ရှိုင်း၏ ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်သည်။

"ဟယ်လို bro...ထူးထူးဆန်းဆန်း ငါ့ဆီဖုန်းတွေဆက်လို့ပါလား...မင်း ဖုန်းမဆက်တာ ဘယ်လောက်တောင် ကြာနေပြီလဲ...ငါ သတိရနေတာကွ"

စေထားရာ သံလွင်ရှိုင်း၏ နှုတ်ဆက်စကားတို့အား အရေးမစိုက်နိုင်တော့။ သိလိုနေသည်ကိုသာ ချက်ချင်း မေးလိုက်သည်။

"ငါနဲ့မင်း နောက်ဆုံးတွေ့တာ Palace Clubမှာမလား...အရင်တွေ့ဆုံနေကြအတိုင်း မင်းရယ်၊ ထက်သျှား၊ မိုးထက်မင်း တို့လည်း ပါမယ်ထင်တယ်"

တဖက်မှ စဥ်းစားသည့်ပုံစံ တခဏမျှ ငြိမ်သက်သွားသည်။

"အင်းဟုတ်တယ်"

စေထားရာ ဘာမှမမှတ်မိသော်လည်း မှန်းဆမေးမြန်းလိုက်သည်။

"အဲဒီတုန်းက မင်းတို့ ဘာလုပ်ရပ်လုပ်ခဲ့သေးလဲ...ငါ့ကိုမှန်မှန်ဖြေ သံလွင်ရှိုင်း...မင်းလိမ်လို့ကတော့ ငါ မင်းကို ထောင်ထဲက မထွက်နိုင်အောင် လုပ်ပေးမယ်"

ဖုန်းထဲမှ ဘာစကားသံမှ ထွက်ပေါ်လာခြင်း မရှိတော့ဘဲ ငြိမ်သက်သွားသည်။ တခဏအကြာ သက်ပြင်းချသံတစ်သံထွက်ပေါ်လာသည်။

"အင်း အရမ်းကြာခဲ့ပြီ...အဲဒီတုန်းက မင်းဘာမှ မမေးခဲ့လို့ ငါတို့အားလုံးပြသနာမတက်နိုင်ဘူးဆိုပြီး စိတ်အေးခဲ့ကြတာ...​ခြောက်နှစ်ကြာမှ မင်းမေးလာမယ်လို့ မထင်ခဲ့မိဘူး"

"တောက်...ပြောစရာရှိတာ မြန်မြန်ပြော သံလွင်ရှိုင်း...ငါ စိတ်မရှည်တာ မင်းသိပါတယ်"

"ငါတို့အတူတူ အဲဒီညတုန်းက မင်းကိုစနောက်ဖို့ လုပ်ခဲ့ကြတယ်...ဘယ်မိန်းကလေးကိုမှ လက်ဖျားနဲ့မထိတဲ့ မင်းကို စချင်လို့ မင်းသောက်မဲ့ဝိုင်ထဲ ဆေးခတ်ခဲ့မိတယ် ထားရာ...မင်းနဲ့အတူတူရှိမဲ့ မိန်းကလေးကိုလည်း ငါတို့ကြိုစီစဥ်ထားခဲ့တယ်...ဒါပေမဲ့ ဆေးစွမ်းမပြခင် မင်းအရေးကြီးကိစ္စရှိလို့ဆိုပြီး ထွက်သွားတယ်...ငါတို့ ဘယ်လောက်တားတား မရခဲ့ဘူး...နောက်သိပ်မကြာဘူး...မင်း ဂျပန်ထွက်သွားပြီး ငါတို့နဲ့အဆက်အသွယ်ပြတ်သွားခဲ့တာပဲ"

စေထားရာ ရင်ထဲဒေါသတို့ ပြည့်လျှံကာ နံရံအား လက်သီးဖြင့် အချက်များစွာ ဆင့်ထိုးလိုက်သည်။ နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအား သူ သိရှိသွားခဲ့လေပြီ။

"မင်းတို့အတွက်တော့ အပျော်စနောက်မှုလေးတစ်ခုပေါ့...ဒါပေမဲ့ မင်းတို့သိလား...မင်းတို့ရဲ့အဲဒီစနောက်မှုက မိန်းကလေးတစ်ယောက်ရဲ့ဘဝကို ပျက်ဆီးစေခဲ့တယ်...လူသုံးယောက်ရဲ့ ဘဝကို ကမောက်ကမဖြစ်အောင် မင်းတို့လုပ်ခဲ့တာ"

ရင်ဘတ်ထဲမှ နာကျင်မှုနှင့်အတူ ဦးခေါင်းဆီမှ နာကျင်မှုတို့လည်း ပြင်းထန်စွာ ခံစားလာရသည်။ စေထားရာ လောကကြီးအား စိတ်နာစွာ အော်ဟစ်ရယ်မောလိုက်မိသည်။

"အဟား....ဟား....ဟား"

"ထားရာ...ငါတို့ မရည်ရွယ်ခဲ့ပါဘူး...ငါတို့က ငါတို့ ဒီတိုင်း မင်းကိုစနောက်ချင်ခဲ့ရုံပါ"

"တော်တော့ သံလွင်ရှိုင်း...မင်းပါးစပ်ပိတ်လိုက်တော့...ငါသာ မြန်မာပြည်မှာရှိရင် မင်းကိုအခုချက်ချင်း လာသတ်ပြီးလောက်ပြီ"

စေထားရာ လက်ထဲမှ ဖုန်းအား ကြမ်းပြင်သို့ ပစ်ပေါက်လိုက်သည်။ ကွဲသွားသော ဖုန်းမှန်အတိုင်း သူ၏ ဘဝသည်လည်း စုတ်ပြတ်သတ်သွားခဲ့လေပြီ။

တာဝန်ယူမှုမရှိခဲ့သော ယောကျာ်း၊ မိန်းကလေးတစ်ယောက်အား သေစေအောင်ထိ စိတ်ဒဏ်ရာပေးခဲ့မိသော ယောကျာ်း၊ ငါးနှစ်ကျော်သာရှိသေးသော သားဖြစ်သူကိုပင် မသိရှိစွာ ပြန်ပေးဆွဲခဲ့သော သူ့အား ငယ်လေး မည်မျှ နာကျည်းသွားခဲ့သနည်း။ သူနှင့်သက်ဆိုင်သော မှတ်ဥာဏ်များကို မေ့ပစ်ခဲ့သည်အထိ ငယ်လေး သူ့အား မုန်းတီးသွားခဲ့ပုံရသည်။ နှစ်ရှည်လများ တည်ဆောက်ခဲ့ရသော ငယ်လေး လေးစားစေသည့် ပုံရိပ်ကောင်းက သူ့အတွက် မကျန်ရှိခဲ့တော့ပေ။

နာမည်ဆိုးများကိုသာ တသီကြီးပိုင်ဆိုင်ခဲ့သောသူက ရှေ့ဆက် မည်ကဲ့သို့ရပ်တည်ရမည်နည်း။ ငယ်လေးအတွက် အကိုကောင်းမဖြစ်နိုင်သောသူက ငယ်လေးအား ဆက်ဆွဲထားစရာသိက္ခာတို့လည်း မကျန်ရှိတော့။

အပျော်တစ်ခုက ပျက်ဆီးခြင်းများစွာကို သယ်ဆောင်လာခဲ့ခြင်းအား သက်ဆိုင်သူတို့ကို သူသိရှိစေချင်သည်။ ဘဝပေါင်းများစွာကို ပျက်ဆီးအောင် ခြယ်လှယ်ခဲ့သော အပျော်က နာကျင်စရာဖြစ်ရပ်များကိုသာ ပေးစွမ်းခဲ့သည်။

ရင်ဘတ်ဆီမှ မခံရပ်နိုင်စွာ တဆစ်ဆစ်နာကျင်မှုကြောင့် ရင်ဘတ်အား အကြိမ်များစွာ ထုရိုက်နေမိသည်။ ဦးခေါင်းမှ နာကျင်မှူနှင့်အတူ လည်ပင်းဆီမှ ပျို့တက်လာမှု။ ဝေဒနာဆိုးများစွာက သူ့အား နှိပ်စက်နေခဲ့သည်။

စေထားရာ အဆက်မပြတ်စီးကျနေသော မျက်ဝန်းများအား လက်ဖြင့်အုပ်ကာ အဆက်မပြတ် ဆက်တိုက်ရယ်မောနေလိုက်သည်။

ဟန်ဆောင်ရယ်မောသံသည် တစ်ခန်းလုံးအား ဆူညံနေခဲ့စေသော်လည်း စိတ်ထဲမှ တောင်းဆုလေးတစ်ခုသည်တော့ အပြင်ဘက်ဆီသို့ပင် ထိုးဖောက် မထွက်ရှိနိုင်ခဲ့ပါ။

"ဝဋ်ကြွေးရှိသမျှ ​ကျေပါစေ" ဟူသော တောင်းဆုလေးအား နှုတ်ထွက်ဆုတောင်းရန်ပင် ယုံကြည်ချက်တို့ သူ့တွင် မရှိခဲ့တော့ပါချေ။

ကော်ဖီခါးခါးတစ်ခွက်
သောက်ရခြင်းကို
နှစ်သက်ပါသော်လည်း

ဘဝ၏
ခါးသက်သက်အရသာကိုမူ
သူလုံးဝ မနှစ်မြို့ခဲ့ပေ။

***********************

" ကျေးဇူးပြုပြီး သတိရလာပါတော့...ခုလို လှဲမနေပါနဲ့တော့...ငါတောင်းပန်ပါတယ်"

ခပ်ကျဥ်းကျဥ်း လူနာခန်းလေး တစ်ခုတွင်ကုတင်ပေါ်လှဲနေသော ကောင်လေးတစ်ယောက်လက်အား ကိုင်ကာ လက်ဖမိုးပေါ်မျက်နှာအပ်၍ တတွတ်တွတ် တောင်းဆိုနေသော ကောင်လေးတစ်ယောက်ရှိနေသည်။ ထိုကောင်လေး၏ မျက်ရည်တစ်စက်သည် မျက်နှာအပ်ထားသော လက်ဖမိုးပေါ် စီးဆင်းကျသွားသည်။

ကုတင်ပေါ်လှဲအိပ်နေသူ၏ လက်ချောင်းလေးများ တဖြည်းဖြည်းလှုပ်ရှားလာလေသည်။

မျက်ရည်ကျနေသော ကောင်လေးသည်ချက်ချင်း ဝမ်းသာ ပျော်ရွှင်သော မျက်နှာထားသို့ ပြောင်းလဲသွားသည်။

ချက်ချင်းအခန်းကျဥ်းလေးထဲမှ ပြေးထွက်ကာ ဝမ်းသာအားရ ဟစ်အော်လိုက်သည်။

"ဒေါက်တာ ဒေါက်တာတို့...သူ...သူ သတိရလာပြီ"

သေးငယ်သော ဆေးရုံလေးထဲရှိ ဆရာမများသည် ထိုအခန်းလေးရှိရာသို့ ပြေးလာကြလေသည်။

***************************

အပိုင္း(၄၅)

မထင္မွတ္ထားခဲ့ေလေသာ လြဲမွားျခင္းမ်ား

"လြန္းငယ္ ေမာင္နဲ႕ ျမန္မာျပည္ ျပန္လိုက္မလား"

သူ၏ အေမးေၾကာင့္ မ်က္ဝန္းမ်ားအား ပက္တီးစီးထားေသာ လြန္းငယ္က သူရွိရာဘက္ မွန္းဆၾကည့္လာသည္။

"ျပန္ရေအာင္ ေမာင္...ငါ ဒီမွာ မေနခ်င္ေတာ့ဘူး"

ခြန္းသုရွင္ သက္ျပင္းခ်လိဳက္မိသည္။ သူႏွင့္ပတ္သတ္ေသာအမွတ္တရမ်ားမွလြဲ၍ ဘာမွ မမွတ္မိေသာ လြန္းငယ္က အရာအားလုံးႏွင့္စိမ္းသက္ေနပုံရသည္။

"ေမာင္ ငါ့ကို ေရတစ္ခြက္ေလာက္ ယူေပးပါလား"

" ေမာင္ ယူေပးမယ္...ခဏေနာ္"

စားပြဲေပၚရွိ ဖန္ခြက္ထဲသို႔ ေရငွဲ႕ကာ လြန္းငယ္ လက္ထဲသို႔ဂ႐ုတစိုက္ထည့္ေပးလိုက္သည္။ ေရဆာေနပုံရေသာ လြန္းငယ္က ေရအား ခ်က္ခ်င္းေမာ့ေသာက္လိုက္ၿပီး ေရမက်န္ေတာ့ေသာ ခြက္အား ျပန္ေပးလာ၏။

ေစထားရာ ခြက္အား လက္ထဲတြင္ ျပန္ကိုင္လိုက္သည္။ အသင့္ယူလာေသာ လက္ကိုင္ပုဝါျဖင့္ ပါးစပ္နားတဝိုက္ေရမ်ားအား ဂ႐ုစိုက္ သုတ္ေပးလိုက္သည္။

"အကုန္လုံး မည္းေမွာင္ေနတာ ေနရခက္လိုက္တာ...ငါ တစ္ေယာက္တည္း ညေရာက္ေနတယ္ထင္တယ္"

ဘာမွ မျဖစ္သလို ၿပဳံးရယ္၍ ေျပာေနေသာ္လည္း ဝမ္းနည္းေနေသာ မ်က္ႏွာအား အတိုင္းသား ေတြ႕ျမင္ေနရသည္။ ခြန္းသုရွင္ ရင္ဘတ္ထဲမွ နာက်င္လာရသည္။

"ခဏပဲ လြန္းငယ္...ေမာင္ ဆရာဝန္ေတြနဲ႕တိုင္ပင္ၿပီး အေကာင္းဆုံးႀကိဳးစားေပးမယ္ေနာ္"

လြန္းငယ္ ၿပဳံးလ်က္ပင္ ဆက္ေနလိုက္သည္။ ဘာမွ ျပန္မေျပာျဖစ္ေတာ့။ မ်က္ၾကည္လႊာ အလႉရွင္ေပၚရန္မွာ လြန္စြာခက္ခဲလြန္းလွသည္။ သူ လက္ေလွ်ာ့လိုက္ေလၿပီ။

"လြန္းငယ္ ဆာၿပီလား...ဘာစားမလဲ...ေမာင္ ဝယ္ေပးမယ္"

"တယ္မာကီဆူရွီ(temaki zushi)စားခ်င္တယ္ ေမာင္"

ခြန္းသုရွင္ လြန္းငယ္၏ ဆံပင္မ်ားအား ခပ္ဖြဖြ ပြတ္သပ္ေပးလိုက္သည္။

"ေမာင္ အခုဝယ္လာခဲ့ေပးမယ္"

"အင္း"

မျမင္ရေသာ္လည္း မွန္းဆေခါင္းညိတ္ျပလာေသာ လြန္းငယ္အား ၾကည့္ကာ သူ႕မ်က္ဝန္းမွ မ်က္ရည္မ်ားေဝ့သီလာရသည္။ မ်က္ႏွာအထက္သို႔ေမာ့ကာ မ်က္ေတာင္မ်ားအား တဖ်တ္ဖ်တ္ခတ္လိုက္ရသည္။

"ဒီမွာပဲ ထိုင္ေနေနာ္...ဘယ္မွေလွ်ာက္မသြားနဲ႕...ေမာင္ခ်က္ခ်င္းျပန္လာခဲ့မယ္"

"အင္း"

နဖူးအား ညင္သာစြာ နမ္းရွိုက္လိုက္ၿပီး လူနာခန္းအျပင္သို႔ ထြက္လာလိုက္သည္။ အားတင္းနိုင္ျခင္း မရွိေတာ့စြာ နံရံအား ေက်ာမွီ၍ ထိုင္ခ်လိဳက္သည္။ မ်က္ဝန္းမွ မ်က္ရည္တို႔ပါးျပင္ေပၚ ျဖတ္သန္းစီးက်လာၾကသည္။

ဘာမွမလုပ္ေပးနိုင္သည့္ အသုံးမက်သဴတစ္ေယာက္ျဖစ္ေနျခင္းအား သူတကယ္မုန္းတီးလွသည္။ ရက္စက္လြန္းေသာကံၾကမၼာက အမွားကိုယ္စီအတြက္ ျပစ္ဒဏ္ကိုယ္စီ သူတို႔အား ခ်မွတ္ခဲ့သည္။

ခ်စ္ရသူ အၿမဲေပ်ာ္႐ႊင္ေနသည္ကိုသာ ျမင္ခ်င္သည့္အခ်ိန္တြင္ သူ႕အား ခ်စ္သူ၏ နာက်င္မႈမ်ားကို ရင္ႏွင့္မဆံ့ေအာင္ ျမင္ေတြ႕ရန္ ဖန္တီးခဲ့သည္။ ကိုယ့္ကိုကိုယ္အျပစ္တင္မႈ၊ ယူႀကဳံးမရမႈတို႔ျဖင့္ အက္ကြဲေနေသာ ႏွလုံးသားက အေကာင္းပကတိျပန္မေရာက္နိုင္ေတာ့။

" မင္းကပါ ခုလို ျဖစ္ေနလို႔ မျဖစ္ဘူး ခြန္းသုရွင္"

အေပၚဘက္ဆီမွ ထြက္ေပၚလာေသာစကားသံေၾကာင့္ ခြန္းသုရွင္ ေခါင္းေမာ့ၾကည့္လိုက္မိသည္။

အေပၚစီးမွ သူ႕အား ငုံ႕မိုးၾကည့္ေနေသာ ေစထားရာအား ေတြ႕ျမင္လိုက္ရသည္။

"ငယ္က အရမ္းေၾကာက္တတ္တာ...အျပင္မွာ သန္မာခ်င္ေယာင္ေဆာင္ေနေပမဲ့ စိတ္အရမ္းေပ်ာ့ညံ့လြန္းတယ္...အေတြးမ်ားလြန္းတဲ့ ငယ္ကသာ မင္းရဲ႕ ခုလိုပုံစံေတြ သိသြားမယ္ဆို သူလုံးဝျပန္ရပ္တည္နိုင္မွာ မဟုတ္ေတာ့ဘူး"

ခြန္းသုရွင္ ေစထားရာႏွင့္ မ်က္ႏွာခ်င္းဆိုင္အေနအထား မတ္တပ္ရပ္လိုက္သည္။ မ်က္ရည္မ်ားလည္း ကုန္စင္ေအာင္ လက္ျဖင့္ ပြတ္သပ္ပစ္လိုက္၏။

" ဘာကိစၥရွိလို႔လဲ ေစထားရာ"

"ငယ္ ႀကိဳက္တဲ့ တယ္မာကီဆူရွီ ဝယ္လာတာ...ငယ္ စားရေအာင္"

ႏွစ္ေယာက္၏ စိတ္ခ်င္းဆက္ႏႊယ္မႈအား ခြန္းသုရွင္အံ့အားသင့္သြားရသည္။ လြန္းငယ္အေပၚထားေသာ ေစထားရာ၏ ေမတၱာကလြန္စြာ နက္ရွိုင္းလြန္းသည္။ ဘာမွေျပာစရာမလိုေအာင္ လိုအပ္သမွ် ႀကိဳသိေနျခင္းက ေစထားရာ၏ ဂ႐ုစိုက္မႈမ်ားပင္။ သို႔ေသာ္ ထိုဂ႐ုစိုက္ခ်စ္ျမတ္နိုးမႈမ်ားက လြန္းငယ္အတြက္ အဆိပ္အေတာက္ျဖစ္ေနခဲ့သည္။

" လြန္းငယ္ အဲဒါ စားခ်င္တယ္ေျပာေနတာ"

"ခြန္းသုရွင္ ငါ ငယ္နဲ႕စကားေျပာခ်င္တယ္...ခဏ အျပင္မွာေနေပးပါ"

ေစထားရာ၏ ေတာင္းဆိုမႈေၾကာင့္ ခြန္းသုရွင္ စဥ္းစားရၾကပ္သြားသည္။

"လြန္းငယ္ အေျခအေနက မင္းကို မမွတ္မိဘူးေလ...သူ မင္းကိုေတြ႕လို႔ ပထမတစ္ခါလို တုံ႕ျပန္ရင္"

"ငယ္ ျဖည္းျဖည္းခ်င္း မွတ္မိလာမွာပါ...ငါတို႔ရဲ႕ သံေယာဇဥ္က အဲလိုလြယ္လြယ္ေမ့ေဖ်ာက္နိုင္တဲ့အရာမွ မဟုတ္တာ"

ခြန္းသုရွင္ ေစထားရာအား ေတြ႕ခြင့္ေပးရန္ ဆုံးျဖတ္လိုက္သည္။

"အက္ဆီးဒင့္ေၾကာင့္ ငယ့္အေျခအေန ခဏshockျဖစ္သြားတာပါ...ျဖည္းျဖည္းခ်င္း ျပန္သတိရမွာမို႔ အရမ္းတြန္းအားမေပးပါနဲ႕"

"အင္း"

ေစထားရာ ခြန္းသုရွင္အား ေခါင္းညိတ္ ျပန္ေျဖကာ တံခါးဖြင့္၍ အခန္းထဲဝင္လိုက္သည္။ အခန္းတံခါးျပန္ပိတ္လိုက္ၿပီး ကုတင္ေပၚမလႈပ္မယွက္ထိုင္ေနသူအား ဝမ္းနည္းရိပ္မ်ားလႊမ္းၿခဳံေနသည့္မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။

"ေမာင္ ျပန္လာၿပီလား...ျမန္လိုက္တာ"

တံခါးပိတ္သံၾကားသြားပုံရေသာ ငယ္က တံခါးရွိရာဘက္မ်က္ႏွာမူကာ ေျပာလာသည္။ ေစထားရာ ငယ္ရွိရာဆီ ေလွ်ာက္သြားလိုက္ၿပီး ငယ့္ေရွ႕ဒူးေထာက္လိုက္ကာ မ်က္ဝန္းတြင္စီးထားေသာ ပက္တီးမ်ားအား ထိကိုင္လိုက္သည္။

သူ၏ လက္မ်ားအား ခ်က္ခ်င္းပုတ္ခ်လာေသာ ငယ္။

"ေမာင္ မဟုတ္ဘူး...ဘယ္သူလဲ"

"ငယ္ ကိုကိုေလ...ငယ္ရဲ႕ ကိုကို"

သူ၏ ျပန္ေျဖသံအဆုံး ငယ္၏ လက္ႏွစ္ဖက္က သူ႕အား အရွိန္ျဖင့္ ျပင္းထန္စြာ အေဝးသို႔တြန္းပစ္လိုက္သည္။ အခ်ိန္မီ လက္ေထာက္လိုက္နိုင္ေသာေၾကာင့္ ၾကမ္းျပင္ႏွင့္ ဦးေခါင္းမထိဘဲ အႏၲရာယ္ကင္းသြားျခင္းျဖစ္သည္။

"ဘယ္က ကိုကိုလဲ...မသိဘူး...ထြက္သြား...အခုခ်က္ခ်င္းထြက္သြားေပး"

ေစထားရာ လက္မေလ်ာ့နိုင္စြာ ငယ္၏ ႐ုန္းကန္ဖယ္ထုတ္ျခင္းမ်ားအား လ်စ္လ်ဴရႈ၍ ငယ့္ပုခုံးအား တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္သည္။

"ေစထားရာ...ဒီနာမည္ကိုေတာ့ ငယ္မွတ္မိသင့္တယ္...အရာအားလုံး ငယ္ ေမ့လို႔ရတယ္...ဒီနာမည္ကို ငယ္ ေမ့လို႔မျဖစ္ဘူး"

"မသိဘူး....လႊတ္ေပး...အခုလႊတ္ေပး....အားးး"

ေခါင္းအား ဖိကိုင္ကာ ေအာ္လာေသာ ငယ္။ ေစထားရာ ဒီေလာက္ႏွင့္ လက္မေလ်ာ့နိုင္ပါ။ ငယ့္အတြက္ အရာအားလုံးလုပ္နိုင္ခဲ့ေသာသူ႕အား ငယ္ေမ့ပစ္လိုက္ျခင္းကို သူ လုံးဝလက္မခံနိုင္။

"အရင္တုန္းက အရမ္းခ်စ္ၾကတဲ့ညီအစ္ကိုႏွစ္ေယာက္ရွိတယ္...အကိုျဖစ္သူရဲ႕ဘဝမွာ သူ႕ညီေလးတစ္ေယာက္ပဲရွိသလို သူ႕ညီေလးကလည္း အကို႔ကို ယုံၾကည္အားကိုးၿပီး အရမ္းခ်စ္ခဲ့တယ္"

"အားး ဆက္မေျပာနဲ႕ေတာ့"

နားႏွစ္ဖက္အား လက္ျဖင့္ပိတ္ကာ အသည္းအသန္တားဆီးလာေသာ ငယ္။ ေစထားရာ ေျပာေနျခင္းအား မရပ္တန့္နိုင္ပါ။

"တစ္ေန႕ ညီေလးမွာ ခ်စ္ရသူရွိလာတယ္တဲ့...သူ႕ညီေလးရဲ႕အခ်စ္ေတြအကုန္ သူအပိုင္ရထားတယ္လို႔မွတ္ထားတဲ့အကိုက အဲဒီအျဖစ္ကို လက္မခံနိုင္ခဲ့ဘူး...သူ႕ညီကို သူ႕ရင္ခြင္ထဲက ဆြဲထုတ္သြားမွာ သူအရမ္းေၾကာက္ခဲ့တယ္...သူ႕မွာ ဒီညီေလးတစ္ေယာက္ပဲ ရွိခဲ့တာ...ဒီညီေလးက သူ႕အတြက္ တစ္ဘဝလုံးပဲ"

"ဆက္မေျပာနဲ႕ေတာ့ ေခါင္းေတြကိုက္တယ္ အား... ေတာင္းပန္ပါတယ္...ဆက္မေျပာပါနဲ႕ေတာ့"

ေစထားရာ မ်က္ဝန္းမွ မ်က္ရည္ပူမ်ားအဆက္မျပတ္စီးက်လာခဲ့သည္။ ရင္တစ္ခုလုံးပူေလာင္ကာ နာက်င္ေနရသည္။

"သူ႕ညီေလးရဲ႕ ခ်စ္သူက မေကာင္းတဲ့သူတစ္ေယာက္မွန္း သိရွိသြားေတာ့ နည္းလမ္းေပါင္းစုံနဲ႕ သူ႕ညီေလးကို ျပန္ရယူခဲ့တယ္...သူက သူ႕လုပ္ရပ္တိုင္းမွန္တယ္လို႔ ထင္ေနခဲ့တယ္...သူ႕ညီေလးကို အႏၲရာယ္ေပါင္းစုံက သူကာကြယ္ေပးနိုင္မယ္ထင္ခဲ့ေပမဲ့ သူမွားခဲ့တယ္...သူ႕ညီေလးက သူ႕ကိုစက္စုပ္အ႐ြံရွာဆုံး လူတစ္ေယာက္အျဖစ္ မုန္းတီးသြားခဲ့တယ္"

"အားးး"

ေစထားရာ ဒူးေထာက္လ်က္ မ်က္ရည္မ်ားၾကားမွ ငယ့္အား ႀကိဳးစားၿပဳံး၍ ၾကည့္လိုက္မိသည္။

"သူက အခုခ်ိန္ထိ လက္မခံနိုင္ခဲ့ဘူး ငယ္...သူ႕ညီေလးက သူ႕ထက္ တျခားတစ္ေယာက္ကို ပိုခ်စ္သြားခဲ့တာ သူဘယ္လိုမွ လက္မခံနိုင္ခဲ့ဘူး...သူ႕ဘဝမွာ သူ႕ညီေလးတစ္ေယာက္ပဲရွိခဲ့သလို သူ႕ညီေလးဘဝမွာလည္း သူတစ္ေယာက္ပဲရွိေစခ်င္ခဲ့တာ...အဲဒါ သူအလိုခ်င္ခဲ့ဆုံး ဆႏၵတစ္ခုပါ"

လြန္းငယ္ နားအား တင္းက်ပ္စြာ ဖိထားေသာလက္မ်ားကိုဖယ္၍ ေဘးရွိ ပစၥည္းမ်ားအား စမ္းကာ ေကာက္ယူလိုက္ၿပီး ဆက္တိုက္နံရံဆီသို႔ မွန္းဆပစ္ခြဲလိုက္သည္။

"ခြမ္း...ခြမ္း...."

အခန္းထဲ ဆူညံစြာထြက္ေပၚလာေသာ ပစၥည္းကြဲသံမ်ား။ လြန္းငယ္ ဘာကိုမွ ဂ႐ုမစိုက္နိုင္စြာ ပစၥည္းမ်ားကိုသာ ပစ္ေပါက္၍ ခြဲေနမိသည္။

"လြန္းငယ္"

ဆူညံသံမ်ားေၾကာင့္ အခန္းတံခါးဖြင့္ကာ အထဲသို႔ ေျပးဝင္လာေသာခြန္းသုရွင္။ လြန္းငယ္ဆီသို႔ သြားကာ စိတ္ထိန္းခ်ဳပ္မရျဖစ္ေနေသာ လြန္းငယ္အား တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားလိုက္သည္။

"ဘာမွ မျဖစ္ေတာ့ဘူး...ဘာမွမျဖစ္ေတာ့ဘူးေနာ္...စိတ္ေလွ်ာ့ လြန္းငယ္...စိတ္ေလွ်ာ့"

"ေမာင္...ေမာင္ ေခါင္းေတြကိုက္တယ္...ေခါင္းေတြ အရမ္းကိုက္တယ္"

ငယ္ေလး၏ ေအာ္ဟစ္ေသာင္းက်န္းေနေသာပုံရိပ္အား ၾကည့္ကာ ေစထားရာ ရင္ထဲမခ်ိမဆန့္ေဝဒနာခံစားလာရသည္။

ခြန္းသုရွင္ သူ၏ရင္ခြင္ထဲရွိ လြန္းငယ္ခႏၶာကိုယ္တုန္ယင္ေနသည္ကို ခံစားလိုက္ရသည္။ သူ ေစထားရာအား စူးစိုက္ၾကည့္လိုက္၏။

"ေစထားရာ...လြန္းငယ္ မင္းကိုေၾကာက္ေနတယ္...မင္း"

သူ၏စကားပင္ အဆုံးမသတ္ေသး။ ေစထားရာက ဆက္၍ ေျပာလာသည္။

"ငါ ထြက္သြားေပးမယ္"

ေက်ာခိုင္းထြက္သြားေသာ ေစထားရာ ျမင္ကြင္းမွေပ်ာက္ကြယ္သည္အထိ ခြန္းသုရွင္ ေငးေမာၾကည့္ေနမိသည္။ အထီးက်န္ျဖစ္ေနေသာ ေနာက္ေက်ာတစ္စုံကိုသာ လြန္းငယ္ ျမင္နိုင္ခဲ့လွ်င္။ လြန္းငယ္ အတိတ္တို႔အား ျပန္လည္သတိရေပလိမ့္မည္လား။

"ထြက္သြားၿပီလား"

ရင္ခြင္ထဲရွိ လြန္းငယ္ဆီမွ တိုးညွင္းေသာစကားသံထြက္ေပၚလာသည္။

"အင္း ထြက္သြားၿပီ"

လြန္းငယ္၏ လက္မ်ားက သူ၏လက္တို႔အား တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္လာေလသည္။ ခြန္းသုရွင္ ေျပာင္းလဲသြားေသာ အျဖစ္အပ်က္မ်ားေၾကာင့္ ရင္ေမာစြာ ခ်စ္ရသူမ်က္ႏွာကိုသာ ေငးေမာၾကည့္ေနလိုက္မိေတာ့သည္။

အပင္တစ္ပင္ရွင္သန္ဖို႔
ေျမဆီလႊာ
မရွိမျဖစ္လိုအပ္တယ္။

အဲလိုပဲ
ကိုယ္ရွင္သန္ဖို႔
မင္းဟာ
မရွိမျဖစ္လိုအပ္တယ္။

***********************

ေစထားရာ မ်က္ဝန္းေရွ႕မွ DNAစာ႐ြက္အား တုန္ယင္ေသာလက္မ်ားျဖင့္ ဖြင့္ၾကည့္လိုက္သည္။

စာ႐ြက္ေပၚရွိ အေျဖအား ျမင္လိုက္ရခ်ိန္ စာ႐ြက္ေလးသည္ ၾကမ္းျပင္ေပၚသို႔ လြတ္က်သြားေလသည္။

မယုံၾကည္နိုင္မႈျဖင့္ ေစထားရာ ရင္ထဲဗေလာင္ဆူလာရသည္။ သူ တကယ္ ဘာကိုမွ မွတ္မိမေန။ ေသြးသားရင္းစစ္ေဆးခ်က္ရလဒ္သည္လည္း လုံးဝမမွားနိုင္။ ဒါဆို သူဘယ္ေနရာက စမွားယြင္းသြားခဲ့သလဲ။

အိတ္ကပ္ထဲမွ ဖုန္းအား ထုတ္ကာ ဖုန္းနံပါတ္တစ္ခုအား ရိုက္၍ ဖုန္းေခၚလိုက္သည္။ ဖုန္းဝင္ဝင္သြားခ်င္း တစ္ဖက္မွ ဖုန္းအား ခ်က္ခ်င္းကိုင္လိုက္ေလသည္။

"ဟယ္လို"

"ဟယ္လို Ka-kochan...ငါ ေမးစရာရွိလို႔"

"အင္း ေမးေလ...ခဏေန ငါ လူနာၾကည့္ရေတာ့မွာ"

"ဦးေႏွာက္အႀကိတ္ကင္ဆာသမားေတြက မွတ္ဥာဏ္ေပ်ာက္ဆုံးတာေတြရွိတတ္လား"

စိတ္လႈပ္ရွားစြာျဖင့္ ေစထားရာ အေျဖအား ေစာင့္ဆိုင္းေနမိသည္။

"အင္း ရွိတယ္...ဦးေႏွာက္ထဲမွာ အႀကိတ္က တျဖည္းျဖည္းေနရာယူလာလို႔ တခ်ိဳ႕မွတ္ဥာဏ္အပိုင္းအစေတြ ေပ်ာက္ဆုံးသြားတတ္တယ္"

ေစထားရာ လက္သီးအား တင္းက်ပ္စြာ ဆုပ္ထားလိုက္မိသည္။

"အင္း ေက်းဇူးပဲ"

ခ်က္ခ်င္း ဖုန္းခ်လိဳက္ၿပီးေနာက္ စိတ္တည္ၿငိမ္စြာထားကာ လြန္ခဲ့ေသာ ေျခာက္ႏွစ္ ဂ်ပန္မသြားခင္အခ်ိန္မ်ားအား ေသခ်ာစဥ္းစားၾကည့္လိုက္သည္။

ဂ်ပန္မသြားခင္က ျမန္မာျပည္ရွိ ေဆး႐ုံတြင္ သူ တက္ခဲ့ေသးသည္။ ထိုေဆး႐ုံတြင္ တက္ေရာက္စဥ္ ခြဲရခက္ေသာေနရာတြင္ ဦးေႏွာက္အႀကိတ္ျဖစ္ေနေၾကာင္းသိရ၍ ဂ်ပန္ေဆး႐ုံသို႔အျမန္ေျပာင္းေ႐ႊ႕ခဲ့ရသည္။ ငယ့္အား စိတ္မပူေစခ်င္ေသာေၾကာင့္ အလုပ္ကိစၥဟုသာ သူ အေၾကာင္းျပခဲ့သည္။

ဂ်ပန္ေဆး႐ုံတြင္ စမ္းသပ္စစ္ေဆးမႈမ်ားအၿပီး ဦးေႏွာက္အႀကိတ္ကင္ဆာမွန္း သူသိရွိခဲ့ရသည္။ Chemo ေဆးသြင္းျခင္း၊ ေဆးကုသမႈခံယူျခင္းတို႔ တစိုက္မတ္မတ္ လုပ္ေဆာင္ခဲ့ေသာ္လည္း အရဲစြန့္ကာ သူ မခြဲစိတ္ရဲခဲ့။ ယခုအခ်ိန္ထိ အသက္ရွင္ျခင္းက သူ လြန္စြာ ကံေကာင္းလြန္းေနခဲ့ၿပီ။

"တီ"

တစ္ဖက္သို႔ ဖုန္းဝင္သြားသံက သူ၏ အေတြးစမ်ားအား ျပတ္ေတာက္သြားေစခဲ့သည္။

"ဟယ္လို Boss"

"ဟယ္လို လင္းထက္...ငါ ဂ်ပန္ကို ထြက္မသြားခင္ လြန္ခဲ့တဲ့ေျခာက္ႏွစ္က ရန္ကုန္မွာ ေဆး႐ုံတက္ခဲ့​ေသးတယ္...မွတ္မိတယ္မလား"

"ဟုတ္ကဲ့ Boss...မွတ္မိပါတယ္"

"အဲဒီတုန္းက ငါ့ကို ေဆး႐ုံပို႔ခဲ့တဲ့သူက မင္းလား"

"မဟုတ္ဘူး Boss...Bossရဲ႕ ကိုယ္ရံေတာ္ ႏွစ္ေယာက္ပါ"

ေစထားရာ ခ်က္ခ်င္း နာမည္ေမးလိုက္သည္။

"ဘယ္သူေတြလဲ"

"Harry နဲ႕ Jack"

"Ok"

ဒီေန႕ေတာ့ သူေသခ်ာေပါက္ဖုန္းတစ္လုံးႏွင့္အလုပ္ရႈပ္ရေပေတာ့မည္။ ေစထားရာ လင္းထက္ဖုန္းအား ခ်လိဳက္ၿပီး Harry ဆီ ဆက္သြယ္လိုက္သည္။

"ဟယ္လို Boss"

"ငါ လြန္ခဲ့တဲ့ေျခာက္ႏွစ္ ဂ်ပန္မသြားခင္က ရန္ကုန္ေဆး႐ုံပို႔ခဲ့တာ မင္းနဲ႕ Jack မလား...ငါ ေဆး႐ုံမေရာက္ခင္ ဘာေတြျဖစ္ခဲ့လဲဆိုတာ ငါ့ကိုေျပာျပ"

"အဲဒါက Boss"

ထစ္အေနေသာ Harry အား စိတ္မရွည္စြာ ေစထားရာ ေအာ္ေငါက္ ဆူပူလိုက္သည္။

"ျမန္ျမန္ေျပာ"

"အဲဒီတုန္းက Boss ေကာင္မေလးတစ္ေယာက္ကို ကြၽန္ေတာ္တို႔ကို ဖမ္းခိုင္းခဲ့တယ္...ဖမ္းမိေတာ့ bossကို ဖုန္းဆက္တာ အခုလာခဲ့မယ္ဆိုၿပီး သိပ္မၾကာခင္ ေကာင္မေလး ဖမ္းထားတဲ့ဆီ ေရာက္လာတယ္...

Boss အထဲဝင္ ေကာင္မေလးနဲ႕ေတြ႕ေနတုန္း အေတာ္ေဝးေဝးက ကားမီးေရာင္ေတြ႕လို႔ ႏွစ္ေယာက္လုံး မသိမသာပုန္းၿပီး သြားၾကည့္လိုက္ၾကတယ္...အရက္မူးေနသူတစ္ေယာက္ ကားမီးဖြင့္ ဟြန္းဆက္တိုက္တီးေနလို႔ လူေတြသတိမထားမိေအာင္ သတိေမ့ေအာင္လုပ္ၿပီး ကိစၥရွင္းလိုက္တာ...ကြၽန္ေတာ္တို႔ ျပန္ေရာက္ေတာ့ ပိတ္ထားတဲ့ တံခါးေပါက္က ပြင့္ေနတယ္...ႏွစ္ေယာက္လုံးထိတ္လန့္ၿပီး အထဲဝင္ၾကည့္ေတာ့မွ ေမ့လဲေနတဲ့ Bossကို ေတြ႕တာပဲ...အဲဒါနဲ႕ ေဆး႐ုံပို႔ခဲ့ၾကတာ"

ေစထားရာ မ်က္ဝန္းတို႔စုံမွိတ္လိုက္မိသည္။ အရာအားလုံးက သူအထင္လြဲမွားျခင္း မဟုတ္ေၾကာင္း ေသခ်ာေနခဲ့ၿပီ။

"အဲဒီတုန္းက ငါသတိရေတာ့ ဘာလို႔ဘာမွမေျပာခဲ့ၾကတာလဲ"

"Bossက ဘာမွမမွတ္မိဘူးေလ...Bossနဲ႕ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပဲ သိတဲ့ကိစၥကို Bossကမမွတ္မိေတာ့ ခိုင္းသမွ် လုပ္ရတဲ့ကြၽန္ေတာ္တို႔က Bossကို မေျပာရဲခဲ့ဘူး"

တင္းတင္းက်ပ္က်ပ္ ဆုပ္ထားေသာေၾကာင့္ လက္သည္းမ်ားက အသားထဲနစ္ဝင္ကာ နာက်င္လာရသည္။

"မင္းတို႔ ဖုန္းဆက္ေတာ့ ဖုန္းထဲကေန တျခားဘယ္သူ႕အသံၾကားေသးလဲ"

"DJ သံေတြ၊ စကားေျပာသံေတြနဲ႕  ဆူညံသံေတြ ၾကားရတယ္ Boss...Boss club တစ္ခုခု ေရာက္ေနပုံပဲ"

"အင္း အဲဒါဆို ဒါပဲ"

ဖုန္းခ်လိဳက္ၿပီးေနာက္ ေစထားရာ အားလုံးအား ဆက္စပ္၍ ေသခ်ာစဥ္းစားၾကည့္လိုက္သည္။

Club ဟူ၍ သူ သြားေနၾက club တစ္ခုသာ ရွိသည္။ သူငယ္ခ်င္း သံလြင္ရွိုင္း ပိုင္ေသာ Palace Club တစ္ခုတည္းသာ။ မေခၚတာၾကာၿပီျဖစ္ေသာ သံလြင္ရွိုင္း၏ ဖုန္းနံပါတ္အား ေခၚဆိုလိုက္သည္။

"ဟယ္လို bro...ထူးထူးဆန္းဆန္း ငါ့ဆီဖုန္းေတြဆက္လို႔ပါလား...မင္း ဖုန္းမဆက္တာ ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲ...ငါ သတိရေနတာကြ"

ေစထားရာ သံလြင္ရွိုင္း၏ ႏႈတ္ဆက္စကားတို႔အား အေရးမစိုက္နိုင္ေတာ့။ သိလိုေနသည္ကိုသာ ခ်က္ခ်င္း ေမးလိုက္သည္။

"ငါနဲ႕မင္း ေနာက္ဆုံးေတြ႕တာ Palace Clubမွာမလား...အရင္ေတြ႕ဆုံေနၾကအတိုင္း မင္းရယ္၊ ထက္သွ်ား၊ မိုးထက္မင္း တို႔လည္း ပါမယ္ထင္တယ္"

တဖက္မွ စဥ္းစားသည့္ပုံစံ တခဏမွ် ၿငိမ္သက္သြားသည္။

"အင္းဟုတ္တယ္"

ေစထားရာ ဘာမွမမွတ္မိေသာ္လည္း မွန္းဆေမးျမန္းလိုက္သည္။

"အဲဒီတုန္းက မင္းတို႔ ဘာလုပ္ရပ္လုပ္ခဲ့ေသးလဲ...ငါ့ကိုမွန္မွန္ေျဖ သံလြင္ရွိုင္း...မင္းလိမ္လို႔ကေတာ့ ငါ မင္းကို ေထာင္ထဲက မထြက္နိုင္ေအာင္ လုပ္ေပးမယ္"

ဖုန္းထဲမွ ဘာစကားသံမွ ထြက္ေပၚလာျခင္း မရွိေတာ့ဘဲ ၿငိမ္သက္သြားသည္။ တခဏအၾကာ သက္ျပင္းခ်သံတစ္သံထြက္ေပၚလာသည္။

"အင္း အရမ္းၾကာခဲ့ၿပီ...အဲဒီတုန္းက မင္းဘာမွ မေမးခဲ့လို႔ ငါတို႔အားလုံးျပသနာမတက္နိုင္ဘူးဆိုၿပီး စိတ္ေအးခဲ့ၾကတာ...​ေျခာက္ႏွစ္ၾကာမွ မင္းေမးလာမယ္လို႔ မထင္ခဲ့မိဘူး"

"ေတာက္...ေျပာစရာရွိတာ ျမန္ျမန္ေျပာ သံလြင္ရွိုင္း...ငါ စိတ္မရွည္တာ မင္းသိပါတယ္"

"ငါတို႔အတူတူ အဲဒီညတုန္းက မင္းကိုစေနာက္ဖို႔ လုပ္ခဲ့ၾကတယ္...ဘယ္မိန္းကေလးကိုမွ လက္ဖ်ားနဲ႕မထိတဲ့ မင္းကို စခ်င္လို႔ မင္းေသာက္မဲ့ဝိုင္ထဲ ေဆးခတ္ခဲ့မိတယ္ ထားရာ...မင္းနဲ႕အတူတူရွိမဲ့ မိန္းကေလးကိုလည္း ငါတို႔ႀကိဳစီစဥ္ထားခဲ့တယ္...ဒါေပမဲ့ ေဆးစြမ္းမျပခင္ မင္းအေရးႀကီးကိစၥရွိလို႔ဆိုၿပီး ထြက္သြားတယ္...ငါတို႔ ဘယ္ေလာက္တားတား မရခဲ့ဘူး...ေနာက္သိပ္မၾကာဘူး...မင္း ဂ်ပန္ထြက္သြားၿပီး ငါတို႔နဲ႕အဆက္အသြယ္ျပတ္သြားခဲ့တာပဲ"

ေစထားရာ ရင္ထဲေဒါသတို႔ ျပည့္လွ်ံကာ နံရံအား လက္သီးျဖင့္ အခ်က္မ်ားစြာ ဆင့္ထိုးလိုက္သည္။ ေနာက္ဆုံးတြင္ ျဖစ္ပ်က္ခဲ့သမွ် အရာအားလုံးအား သူ သိရွိသြားခဲ့ေလၿပီ။

"မင္းတို႔အတြက္ေတာ့ အေပ်ာ္စေနာက္မႈေလးတစ္ခုေပါ့...ဒါေပမဲ့ မင္းတို႔သိလား...မင္းတို႔ရဲ႕အဲဒီစေနာက္မႈက မိန္းကေလးတစ္ေယာက္ရဲ႕ဘဝကို ပ်က္ဆီးေစခဲ့တယ္...လူသုံးေယာက္ရဲ႕ ဘဝကို ကေမာက္ကမျဖစ္ေအာင္ မင္းတို႔လုပ္ခဲ့တာ"

ရင္ဘတ္ထဲမွ နာက်င္မႈႏွင့္အတူ ဦးေခါင္းဆီမွ နာက်င္မႈတို႔လည္း ျပင္းထန္စြာ ခံစားလာရသည္။ ေစထားရာ ေလာကႀကီးအား စိတ္နာစြာ ေအာ္ဟစ္ရယ္ေမာလိုက္မိသည္။

"အဟား....ဟား....ဟား"

"ထားရာ...ငါတို႔ မရည္႐ြယ္ခဲ့ပါဘူး...ငါတို႔က ငါတို႔ ဒီတိုင္း မင္းကိုစေနာက္ခ်င္ခဲ့႐ုံပါ"

"ေတာ္ေတာ့ သံလြင္ရွိုင္း...မင္းပါးစပ္ပိတ္လိုက္ေတာ့...ငါသာ ျမန္မာျပည္မွာရွိရင္ မင္းကိုအခုခ်က္ခ်င္း လာသတ္ၿပီးေလာက္ၿပီ"

ေစထားရာ လက္ထဲမွ ဖုန္းအား ၾကမ္းျပင္သို႔ ပစ္ေပါက္လိုက္သည္။ ကြဲသြားေသာ ဖုန္းမွန္အတိုင္း သူ၏ ဘဝသည္လည္း စုတ္ျပတ္သတ္သြားခဲ့ေလၿပီ။

တာဝန္ယူမႈမရွိခဲ့ေသာ ေယာက်ာ္း၊ မိန္းကေလးတစ္ေယာက္အား ေသေစေအာင္ထိ စိတ္ဒဏ္ရာေပးခဲ့မိေသာ ေယာက်ာ္း၊ ငါးႏွစ္ေက်ာ္သာရွိေသးေသာ သားျဖစ္သူကိုပင္ မသိရွိစြာ ျပန္ေပးဆြဲခဲ့ေသာ သူ႕အား ငယ္ေလး မည္မွ် နာက်ည္းသြားခဲ့သနည္း။ သူႏွင့္သက္ဆိုင္ေသာ မွတ္ဥာဏ္မ်ားကို ေမ့ပစ္ခဲ့သည္အထိ ငယ္ေလး သူ႕အား မုန္းတီးသြားခဲ့ပုံရသည္။ ႏွစ္ရွည္လမ်ား တည္ေဆာက္ခဲ့ရေသာ ငယ္ေလး ေလးစားေစသည့္ ပုံရိပ္ေကာင္းက သူ႕အတြက္ မက်န္ရွိခဲ့ေတာ့ေပ။

နာမည္ဆိုးမ်ားကိုသာ တသီႀကီးပိုင္ဆိုင္ခဲ့ေသာသူက ေရွ႕ဆက္ မည္ကဲ့သို႔ရပ္တည္ရမည္နည္း။ ငယ္ေလးအတြက္ အကိုေကာင္းမျဖစ္နိုင္ေသာသူက ငယ္ေလးအား ဆက္ဆြဲထားစရာသိကၡာတို႔လည္း မက်န္ရွိေတာ့။

အေပ်ာ္တစ္ခုက ပ်က္ဆီးျခင္းမ်ားစြာကို သယ္ေဆာင္လာခဲ့ျခင္းအား သက္ဆိုင္သူတို႔ကို သူသိရွိေစခ်င္သည္။ ဘဝေပါင္းမ်ားစြာကို ပ်က္ဆီးေအာင္ ျခယ္လွယ္ခဲ့ေသာ အေပ်ာ္က နာက်င္စရာျဖစ္ရပ္မ်ားကိုသာ ေပးစြမ္းခဲ့သည္။

ရင္ဘတ္ဆီမွ မခံရပ္နိုင္စြာ တဆစ္ဆစ္နာက်င္မႈေၾကာင့္ ရင္ဘတ္အား အႀကိမ္မ်ားစြာ ထုရိုက္ေနမိသည္။ ဦးေခါင္းမွ နာက်င္မႉႏွင့္အတူ လည္ပင္းဆီမွ ပ်ိဳ႕တက္လာမႈ။ ေဝဒနာဆိုးမ်ားစြာက သူ႕အား ႏွိပ္စက္ေနခဲ့သည္။

ေစထားရာ အဆက္မျပတ္စီးက်ေနေသာ မ်က္ဝန္းမ်ားအား လက္ျဖင့္အုပ္ကာ အဆက္မျပတ္ ဆက္တိုက္ရယ္ေမာေနလိုက္သည္။

ဟန္ေဆာင္ရယ္ေမာသံသည္ တစ္ခန္းလုံးအား ဆူညံေနခဲ့ေစေသာ္လည္း စိတ္ထဲမွ ေတာင္းဆုေလးတစ္ခုသည္ေတာ့ အျပင္ဘက္ဆီသို႔ပင္ ထိုးေဖာက္ မထြက္ရွိနိုင္ခဲ့ပါ။

"ဝဋ္ေႂကြးရွိသမွ် ​ေက်ပါေစ" ဟူေသာ ေတာင္းဆုေလးအား ႏႈတ္ထြက္ဆုေတာင္းရန္ပင္ ယုံၾကည္ခ်က္တို႔ သူ႕တြင္ မရွိခဲ့ေတာ့ပါေခ်။

ေကာ္ဖီခါးခါးတစ္ခြက္
ေသာက္ရျခင္းကို
ႏွစ္သက္ပါေသာ္လည္း

ဘဝ၏
ခါးသက္သက္အရသာကိုမူ
သူလုံးဝ မႏွစ္ၿမိဳ႕ခဲ့ေပ။

***********************

" ေက်းဇူးျပဳၿပီး သတိရလာပါေတာ့...ခုလို လွဲမေနပါနဲ႕ေတာ့...ငါေတာင္းပန္ပါတယ္"

ခပ္က်ဥ္းက်ဥ္း လူနာခန္းေလး တစ္ခုတြင္ကုတင္ေပၚလွဲေနေသာ ေကာင္ေလးတစ္ေယာက္လက္အား ကိုင္ကာ လက္ဖမိုးေပၚမ်က္ႏွာအပ္၍ တတြတ္တြတ္ ေတာင္းဆိုေနေသာ ေကာင္ေလးတစ္ေယာက္ရွိေနသည္။ ထိုေကာင္ေလး၏ မ်က္ရည္တစ္စက္သည္ မ်က္ႏွာအပ္ထားေသာ လက္ဖမိုးေပၚ စီးဆင္းက်သြားသည္။

ကုတင္ေပၚလွဲအိပ္ေနသူ၏ လက္ေခ်ာင္းေလးမ်ား တျဖည္းျဖည္းလႈပ္ရွားလာေလသည္။

မ်က္ရည္က်ေနေသာ ေကာင္ေလးသည္ခ်က္ခ်င္း ဝမ္းသာ ေပ်ာ္႐ႊင္ေသာ မ်က္ႏွာထားသို႔ ေျပာင္းလဲသြားသည္။

ခ်က္ခ်င္းအခန္းက်ဥ္းေလးထဲမွ ေျပးထြက္ကာ ဝမ္းသာအားရ ဟစ္ေအာ္လိုက္သည္။

"ေဒါက္တာ ေဒါက္တာတို႔...သူ...သူ သတိရလာၿပီ"

ေသးငယ္ေသာ ေဆး႐ုံေလးထဲရွိ ဆရာမမ်ားသည္ ထိုအခန္းေလးရွိရာသို႔ ေျပးလာၾကေလသည္။

***************************

Continue Reading

You'll Also Like

998K 35.8K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
400K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
3M 261K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
954K 50.1K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...