Unicode//
ကျွန်တော့်နှင့် အကြည့်ချင်းဆုံခိုက် အပြုံးတစ်ပွင့်ဖြင့်သာ တုန့်ပြန်သည် ။ အကိုဆိုသော ဘေးရှိလူထံသို့ မျက်ဝန်းများက ပြန်လည်ရောက်ရှိသွားခဲ့သည် ။
သေချာတာတစ်ခုကား အခုထိ မသိသေးဘူးဆိုသည်ပင် ။
ကိုနေသူရိန်ဆုံးပြီဆိုသည့်အကြောင်း ငယ်လေး မကြားသေးသည်ဘဲ ဖြစ်မည် ။
အနှောင့်အယှက်တစ်ခုအဖြစ်တော့ မဖြစ်ချင်ပါ ။
အပျော်တွေပျောက်အောင်လုပ်တဲ့သူလည်း မဖြစ်ချင်ပါ ။
လက်ထဲရှိ လိပ်စာမှတ်ထားသော စာရွက်လေးအား အိတ်ကပ်ထဲပြန်သိမ်းကာ အတန်းထဲပင် ပြန်သွားတော့မည် ။
ညီအစ်ကိုအရင်း မဟုတ်ဘူးဆိုသောကြောင့်
ကျွန်တော့်ရင်ထဲ ပူလောင်လာသည် ။
ငယ်လေးရဲ့မျက်ဝန်းတွေကို ကျွန်တော် နားလည်နေသည် ။
အကိုဆိုေသာသူအား မနာလိုမိသည် ။
သူ့နေရာတွင် ကျွန်တော်သာ ဖြစ်လိုက်ချင်တော့သည် ။
မင်းရဲ့ရွေးချယ်မှုကား ကိုယ်ဖြစ်ခွင့်မရှိခဲ့ပြီဆိုတောင်
ကိုယ့်အတွက်က အရာရာကို ပေးဆပ်ချစ်နေဆဲပါ လူသားငယ်.......
ပိုင်ဆိုင်ခြင်းကိုမှ အချစ်ဟု သတ်မှတ်မည်လား ။
မပိုင်ဆိုင်ရလည်း ဖြစ်ပါသည် ။
ကိုယ့်အတွက် ချစ်နေရခြင်းကိုက အချစ်ပင်မို့........
ပျော်ရွှင်နေသော လူသားနှစ်ဦးကား ကျောခိုင်းလျက်
အတန်းထဲသို့ ပြန်လာသော ခြေလှမ်းများကား တုန့်နှေးနေခဲ့သည် ။ မျက်ဝန်းထဲတွင် မိုးသားတိမ်ဆိုင်တစ်ခုကား ကြီးစိုး၍လာသည် ။
" မင်းကို ကိုယ့်အသက်ထက်ပိုချစ်တယ် ငယ်..... "
" မင်းပျော်ရွှင်ဖို့အတွက်သာ ကိုယ့်အတွက် အဓိကအရာ....."
နာကျင်မှုများအား လူသားလေးတစ်ယောက်၏အပြုံးများနှင့်ပင် ပျောက်ကွယ်၍ရပါသလား......
ကျွန်တော်သာဆိုရင်တော့ အပြုံးတစ်ပွင့်ဖြင့် နာကျင်မှုအားလုံးကို မျက်ကွယ်ပြုနိုင်ပါသည် ။
မျက်ဝန်းထဲရှိ မိုးသားတိမ်ဆိုင်အား မျက်တောင်ရှည်များကို ပုတ်ခပ်ကာ ပျောက်ကွယ်သွားစေသည် ။
နှုတ်ခမ်းပါးထက် အပြုံးတုတစ်ခုကို ဆင်မြန်းရင်း
အတန်းထဲတွင် နေရာတကျ ဝင်ထိုင်လိုက်သည် ။
အတန်းတက်ချိန်လည်း နီးကပ်နေလေပြီ ။
...............................
တောက်ပနေသော နေမင်းကြီးနဲ့ အားပြိုင်စွာ ကျွန်တော့်ဘေးရှိလူသား၏မျက်နှာသည် တောက်ပ၍ နေပေသည် ။
မဟူရာရောင်ဆံပင်များအား ဂျယ်ဖြင့်နောက်သို့လှန်တင်ထားသည် ။ ပြေပစ်သော ဗွီရှိတ်သဏ္ဍာန်မေးရိုးဖြင့် လိုက်ဖက်စွာ ။
နှုတ်ခမ်းပါး တစ်ချက်ပြုံးလိုက်တိုင်း ပေါ်လာတတ်တဲ့ သွားတက်လေး ။
ကျောင်းသားများဝတ်နေကြ ဝတ်စုံများနှင့်ကွဲပြားစွာ အနက်ရောင်အနောက်တိုင်းဝတ်စုံအား ဝတ်ဆင်ထားသောကြောင့် လူများကြားတွင် ကွဲပြား၍ နေပေသည် ။ ကျောင်းဝင်းအတွင်းရှိ ကောင်မလေးများက ကွက်ကြည့် ကွက်ကြည့် ။
အမြင်ကပ်ပါသည် ။ ကျွန်တော်ချစ်ရသူအား မည်သူ့ကိုမှ မကြည့်စေချင်ပါ ။ စေ့ေစ့ကြည့်ဖို့ မပြောနှင့် လျှပ်တစ်ပြက်ကြည့်သည်ကိုပင် မနာလိုပါသည် ။
အကြည့်ခံတဲ့ ဒီလူကြီးကိုလည်း အမြင်ကပ်သည် ။
အမြင်ကပ်ကပ်ဖြင့် မကြည်ကြည့် မော့ကြည့်မိတော့ ဘာဖြစ်တာလဲ ဆိုသည့်အထာဖြင့် မျက်ခုံးတစ်ဖက် ပင့်ပြသည် ။ ဟုတ်ပါသည် ။ ထိုအပြုအမူသည် သူများတွေလုပ်လျှင် လူချဉ်စရာ ဖြစ်နေပါလိမ့်မည် ။
သို့သော် ကိုခွန်းစစ်အတွက်မူ တစ်မျိုးစမတ်ကျနေသောကြောင့် ငေးရပြန်သည် ။
နဖူးကို ကိုခွန်းစစ်က လက်ဖြင့်တောက်လိုက်မှ သတိပြန်ကပ်မိသွားသည် ။
" အမြင်ကပ်တယ် "
" ဘာကို "
" အမြင်ကပ်တယ်လို့ ပြန်တော့ နောက်နေ့ ကျောင်းထဲ လိုက်မလာနဲ့ "
" ဘာလို့ "
" မသိဘူးဗျာ မျက်မှန်ပါတယ်မလား တပ်ထား "
အူလည်လည်လုပ်နေသောကြောင့် လက်ထဲမှ မျက်မှန်အားလု၍ ကိုယ်တိုင်တပ်ပေးလိုက်သည် ။
ခေါင်းတစ်လုံးစာ မြင့်နေသောကြောင့် ခြေဖျားထောက်၍ တပ်ပေးရသည် ။
ဘေးပတ်ဝန်းကျင်ရှိလူများအား ကျွန်တော်ပိုင်သည့်လူသားအဖြစ် ကြော်ငြာသလို ဖြစ်သွားတယ်ေလ ။
ကျွန်တော် အကြံပိုင်တယ်မလား ဟဲဟဲ ။
ကိုယ့်အတွေးနဲ့ကိုယ် ညစ်ကျယ်ကျယ်ပြုံးနေမိသည် ။
မျက်မှန်အောက်ရှိ မျက်ဝန်းများအား မမြင်ရသော်လည်း ကိုခွန်းစစ်မျက်နှာထက်ရှိ အပြုံးတစ်ချက်ကို မြင်လိုက်ရသည် ။
ပြုံးလည်းပြုံးတတ်တယ် ပါးတစ်ခြမ်းထဲ ရွဲ့ပြီး ပြုံးတာ ။
ဇာတ်ကားတွေထဲမှာဆို လူမိုက်အပြုံးလား လူယုတ်အပြုံးလား ။ အာ့လို....အာ့လို အပြုံးမျိုး ။
သို့ပေသော်ငြား ထိုအပြုံးတစ်ချက်အောက် ကျွန်တော့်နှလုံးသားတစ်စုံ ပါသွားရပြီ ။
" ကိုယ့်ကို မနာလိုနေတာလား "
" ဗျာ "
အစအဆုံးမရှိသော စကားတစ်ခွန်းနှင့်အတူ ကျွန်တော့်ခါးထက်သို့ လက်တစ်စုံကျရောက်လာသည် ။
" ဟုတ်တယ်မလား ကိုယ့်ကို မနာလိုနေတာ "
" မဟုတ်.....မဟုတ်ပါဘူး..အတန်း...အတန်းနောက်ကျလိမ့်မယ်...သွားပြီ "
ရှေ့မှ ကွတကွတဖြင့် ထွက်သွားလေသည် ။
လူကောင်သေးသေးလေးနဲ့ ပုပုလုံးလုံးဖြူဖြူသေးသေးလေး ။
ကျွန်တော် စိတ်မချနိုင်တာ ကျွန်တော် စိုးထိတ်နေတာ ဖြစ်သင့်တယ်မလား ။
ရှေ့မှလူသားလေးအား မြင်နိုင်ရုံအကွာအဝေးတွင်းမှပင် အပျောက်မခံချင်ပါ ။ ပျောက်ဆုံးသွားမည်ကို စိုးမိသည့်အလား မပြေးရုံတမယ် အလျင်အမြန်လိုက်သွားမိသည် ။
" ဟင် ကိုခွန်းစစ် "
" စာသာ အာရုံစိုက်ပြီး သေချာနားထောင် ဖြိုးလေး မရေးနိုင်မှာစိုးလို့ စာက ကိုယ်လိုက်ရေးမယ် "
" ရလို့လား ဆရာမက...."
စကားမပြီးသေးခင် ထွက်ပေါ်လာတဲ့ ဩဇာအပြည့်နဲ့အသံတစ်ခု....
" ရတယ် ကိုယ်ပြောပြီးပြီ "
" ဟုတ် "
ဆရာမအတန်းထဲ ဝင်လာသောအခါ အားလုံး မတ်တပ်ရပ် နှုတ်ဆက်ကြသည် ။ ကိုခွန်းစစ်မှအပ ။
ဆရာမကလည်း မြင်ပါသည် ။ ဘာမှမပြောခြင်းသာ ။
ဟုတ်ပါသည်လေ ။ ကိုခွန်းစစ်အနေနှင့် ထမနှုတ်ဆက်လည်း ရပါတယ် ။
ဆရာမ စာသင်နေသည်ကိုလည်း အာရုံမစိုက်နိုင်ပါ ။
ဘေးရှိလူသားအပေါ်၌သာ ရှိသမျှ စိတ်အစဉ် လွင့်မျောနေခဲ့သည် ။
ဘေးတိုက်ကြည့်တာတောင် ချောမောမှုကား လျော့မသွား ။
လူကြီးလူကောင်းဆန်စွာ စမတ်ကျနေဆဲ ။
ကျွန်တော့်မျက်စိရှေ့ရှိ လူသားက ကျွန်တော့်ချစ်သူတဲ့လား ။ ယခုအချိန်ထိ အိပ်မက် မက်နေရသလိုပင် ။
ကျွန်တော် ခိုးကြည့်သည်ကို ရိပ်မိသည် ထင်သည် ။ စာရေးနေရင်းမှ မျက်ဝန်းနက်များသည် ကျွန်တော့်ထံပါးသို့ ရောက်ရှိလာသည် ။
စာကို အာရုံစိုက်ရန် သတိပေး၍ စာဆက်ရေးနေလေသည် ။
ကျွန်တော့်အလားတူ ကိုခွန်းစစ်ကို ထိုင်ငေးနေသည့် မိန်းမချောတစ်သိုက်လည်း ရှိလေသည် ။
ဘယ်ရမလဲ လူကောင်သာ သေးတာ ခံတော့မနေဘူးလေ ။
နဂါးမျက်စောင်း ထိုးပစ်လိုက်သည် ။ ထိုအခါမှသာ စာငုံ့ရေးသူရေး စာနားထောင်သူထောင် စာအုပ်ကြည့်သူကြည့် ဖြစ်ကုန်ကြသည် ။
" မျက်မှန်တပ်ထားပါဆိုဗျာ "
" ကိုယ် စာရေးနေတာလေ "
" ရေးလည်းတပ်ထား ဘာဖြစ်လဲ "
" ဟော နေကာမျက်မှန်ကြီးလေကွာ "
" မသိဘူးဗျာ တပ်ထား "
" သဘောတော်အတိုင်းပါဗျာ "
" ဟီးးးချစ်တာ "
" ဘာပြောလိုက်တာ "
" ဘာမှ မဟုတ်တော့ဘူး စာသင်နေတယ် "
ရှက်သွားေသာေကြာင့် ဆရာမစာသင်နေတဲ့ဘက်သို့ ပြန်လှည့်သွားရသည် ။
လက်ဖြူဖြူသွယ်သွယ်လေးများမှ တင်းကြပ်မှုကို ခံစားလိုက်ရသည် ။
ကိုခွန်းစစ်မှ ကျန်လက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ခြင်း ။
ရင်ခုန်သံတစ်ချက် ။ အသက်ရှုသံတွေ ရပ်တန့်သွားရသည် ။ တဒဂ်အတွင်း အရာအားလုံး တိတ်ဆိတ်သွားသည် ။
ကိုခွန်းစစ်မျက်နှာကို ကြည့်မိခိုက် ဘာမှမဟုတ်သလိုပင် ။
စာဆက်ရေးနေဆဲ ။ ဘာစာတွေ ဒီလောက်ရေးနေလဲတော့ မသိ ။
" ကိုယ့်ကို မနာလိုဖို့ဘဲ တွေးမနေနဲ့ စာအာရုံစိုက် "
" ဗျာ ဟင့်....."
ဒီလူကြီး ကျွန်တော့်ကို ဘယ်လောက်ထိ ပြုစားမှာလဲ မသိပါဘူး ။ ဒီမှာ အလဲလဲအပြိုပြို ဖြစ်နေပြီ ။ ခင်ဗျားကလွဲ ဘာကိုမှ မမြင်နိုင်တော့အောင် ခင်ဗျားရဲ့နာမည်လေးကို ကြားမိရရုံနဲ့တင် လူမှာ အရူးတစ်ပိုင်း.......
" ခင်ဗျားကို ကျွန်တော်ချစ်တယ် ကိုခွန်းစစ် "
" ခင်ဗျားအတွက်ဆို အရာရာ ပေးဆပ်ဖို့ အသင့်ရှိနေသူ "
............................
ကျွန်တော်ကား အဘယ်သို့သော မျက်လုံးမျိုးဖြင့် အဘယ်သို့သော ခံစားချက်မျိုးဖြင့် နေရပါမည်နည်း ။
ကျွန်တော့်ရှေ့ခုံတွင် ငယ်လေးတို့နှစ်ယောက် ထိုင်နေသည် ။
ငယ်လေးသည် ထိုင်နေကြနေရာတွင် ထိုင်ခြင်းပင် ။
နောက်ခုံသို့ ပြောင်းထိုင်သည်မှာ ကျွန်တော် ။
ပြောင်းထိုင်လိုက်သည်ပင် မှန်သွားသည်ဟု ဆိုရမည် ။
လက်ဖြူဖြူလေးထက် အုပ်မိုးဆုပ်ကိုင်ထားသော လက်တစ်ဖက်......
အကျည်းတန်လွန်းလှသည် ။ ဆုပ်ကိုင်သောလက်မှာ ကျွန်တော့်လက်ဖြစ်ခွင့်မရှိသည့်အတွက် အကျည်းတန်လှပါသည် ။
ဘေးရှိသူအား တစ်ချက် တစ်ချက် ခိုးခိုးကြည့်နေသော ငယ်လေး၏မျက်ဝန်းများတွင် ကြင်နာရိပ်များအပြည့် ။
ပြုံးရွှင်နေသော ငယ်လေး၏မျက်နှာထက် အေးမြမှုများအပြည့် ။ ပျော်ရွှင်မှုများ လွှမ်းခြုံကာ နေသည် ။
ကျွန်တော် ပျော်သင့်ပါသလား ။
သို့မဟုတ် တစ်လောကလုံး ကြားသည်ထိ ကျွန်တော် အော်ဟစ် ငိုကြွေးသင့်ပါသလား ။
ဝေခွဲမရခြင်းများကား စိတ်ကို ရှုပ်ထွေးစေသည် ။
သိမ်းဆည်းထားသော မျက်ရည်စက်များကား တားဆီးနိုင်ခြင်း မရှိလေတော့ ။
ပါးပြင်ထက် စီးကျလာလေပြီ ။
နောက်ကွယ်မှာ ငိုကြွေးနေသောလူအား ရှေ့ရှိလူသားနှစ်ဦးသည် လစ်လျူရှုလျက်......
ကျဆင်းလာသော မျက်ရည်စက်များအား လက်ဖမိုးဖြင့် ဖိသုတ်လိုက်သည် ။ ကျွန်တော့်ကမ္ဘာလေး ပျော်ရွှင်နေတယ်လေ ။ ကျွန်တော်က ဘာလို့ ငိုနေရတာလဲ ။
မငိုရဘူးလေ ။ ကျွန်တော်လည်း ပျော်ရွှင်နေသင့်တာပေါ့ ။
မျက်နှာထက် အပြုံးတစ်ပွင့် ဆင်မြန်းလျက် ရှေ့ရှိလူသားလေးအား ငေးကြည့်နေလိုက်သည် ။
သူ့မျက်နှာလေးမြင်ရရင် ကျွန်တော့်ရဲ့ နာကျင်မှုတွေ အကုန်ပျောက်ကွယ်သွားတယ်လေ ။
အချစ်စစ်သာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့အချစ်သာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်......
ချစ်ရသောသူ၏အချစ်အား မရရှိခဲ့ရင်တောင် အသိအမှတ်ပြုမှုတော့ ကျွန်တော် ရနိုင်သေးသည်လေ........
........................
စာသင်ခန်းလေးအတွင်း စာရေးနေသော ကောင်လေးအား ငေးကြည့်နေခဲ့သော ကောင်လေးတစ်ယောက် နှင့် ထိုကောင်လေးအား ငေးကြည့်နေသော ကောင်လေးတစ်ယောက်.........
ပတ်ဝန်းကျင်အား လစ်လျူရှုကာ ကိုယ်စီကမ္ဘာလေးအတွင်း ပျော်ရွင်လျက်........
••••••••••••••••••••••••
လိုအပ်ချက်တွေ များနေသေးပေမယ့် ဖတ်ပေးကြတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ် ။
ဒီထက်ပိုကောင်းကောင်းရေးနိုင်အောင် update မှန်နိုင်အောင် ကြိုးစားပါ့မယ် ။
🌹🌹🌹🌹🌹🌹
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Zawgi//
ကၽြန္ေတာ့္ႏွင့္ အၾကည့္ခ်င္းဆုံခိုက္ အျပဳံးတစ္ပြင့္ျဖင့္သာ တုန႔္ျပန္သည္ ။ အကိုဆိုေသာ ေဘးရွိလူထံသို႔ မ်က္ဝန္းမ်ားက ျပန္လည္ေရာက္ရွိသြားခဲ့သည္ ။
ေသခ်ာတာတစ္ခုကား အခုထိ မသိေသးဘူးဆိုသည္ပင္ ။
ကိုေနသူရိန္ဆုံးၿပီဆိုသည့္အေၾကာင္း ငယ္ေလး မၾကားေသးသည္ဘဲ ျဖစ္မည္ ။
အေႏွာင့္အယွက္တစ္ခုအျဖစ္ေတာ့ မျဖစ္ခ်င္ပါ ။
အေပ်ာ္ေတြေပ်ာက္ေအာင္လုပ္တဲ့သူလည္း မျဖစ္ခ်င္ပါ ။
လက္ထဲရွိ လိပ္စာမွတ္ထားေသာ စာရြက္ေလးအား အိတ္ကပ္ထဲျပန္သိမ္းကာ အတန္းထဲပင္ ျပန္သြားေတာ့မည္ ။
ညီအစ္ကိုအရင္း မဟုတ္ဘူးဆိုေသာေၾကာင့္
ကၽြန္ေတာ့္ရင္ထဲ ပူေလာင္လာသည္ ။
ငယ္ေလးရဲ့မ်က္ဝန္းေတြကို ကၽြန္ေတာ္ နားလည္ေနသည္ ။
အကိုဆိုေသာသူအား မနာလိုမိသည္ ။
သူ႔ေနရာတြင္ ကၽြန္ေတာ္သာ ျဖစ္လိုက္ခ်င္ေတာ့သည္ ။
မင္းရဲ့ေရြးခ်ယ္မွုကား ကိုယ္ျဖစ္ခြင့္မရွိခဲ့ၿပီဆိုေတာင္
ကိုယ့္အတြက္က အရာရာကို ေပးဆပ္ခ်စ္ေနဆဲပါ လူသားငယ္.......
ပိုင္ဆိုင္ျခင္းကိုမွ အခ်စ္ဟု သတ္မွတ္မည္လား ။
မပိုင္ဆိုင္ရလည္း ျဖစ္ပါသည္ ။
ကိုယ့္အတြက္ ခ်စ္ေနရျခင္းကိုက အခ်စ္ပင္မို႔........
ေပ်ာ္ရႊင္ေနေသာ လူသားႏွစ္ဦးကား ေက်ာခိုင္းလ်က္
အတန္းထဲသို႔ ျပန္လာေသာ ေျခလွမ္းမ်ားကား တုန႔္ေႏွးေနခဲ့သည္ ။ မ်က္ဝန္းထဲတြင္ မိုးသားတိမ္ဆိုင္တစ္ခုကား ႀကီးစိုး၍လာသည္ ။
" မင္းကို ကိုယ့္အသက္ထက္ပိုခ်စ္တယ္ ငယ္..... "
" မင္းေပ်ာ္ရႊင္ဖို႔အတြက္သာ ကိုယ့္အတြက္ အဓိကအရာ....."
နာက်င္မွုမ်ားအား လူသားေလးတစ္ေယာက္၏အျပဳံးမ်ားႏွင့္ပင္ ေပ်ာက္ကြယ္၍ရပါသလား......
ကၽြန္ေတာ္သာဆိုရင္ေတာ့ အျပဳံးတစ္ပြင့္ျဖင့္ နာက်င္မွုအားလုံးကို မ်က္ကြယ္ျပဳနိုင္ပါသည္ ။
မ်က္ဝန္းထဲရွိ မိုးသားတိမ္ဆိုင္အား မ်က္ေတာင္ရွည္မ်ားကို ပုတ္ခပ္ကာ ေပ်ာက္ကြယ္သြားေစသည္ ။
ႏွုတ္ခမ္းပါးထက္ အျပဳံးတုတစ္ခုကို ဆင္ျမန္းရင္း
အတန္းထဲတြင္ ေနရာတက် ဝင္ထိုင္လိုက္သည္ ။
အတန္းတက္ခ်ိန္လည္း နီးကပ္ေနေလၿပီ ။
...............................
ေတာက္ပေနေသာ ေနမင္းႀကီးနဲ႔ အားၿပိဳင္စြာ ကၽြန္ေတာ့္ေဘးရွိလူသား၏မ်က္ႏွာသည္ ေတာက္ပ၍ ေနေပသည္ ။
မဟူရာေရာင္ဆံပင္မ်ားအား ဂ်ယ္ျဖင့္ေနာက္သို႔လွန္တင္ထားသည္ ။ ေျပပစ္ေသာ ဗြီရွိတ္သ႑ာန္ေမးရိုးျဖင့္ လိုက္ဖက္စြာ ။
ႏွုတ္ခမ္းပါး တစ္ခ်က္ျပဳံးလိုက္တိုင္း ေပၚလာတတ္တဲ့ သြားတက္ေလး ။
ေက်ာင္းသားမ်ားဝတ္ေနၾက ဝတ္စုံမ်ားႏွင့္ကြဲျပားစြာ အနက္ေရာင္အေနာက္တိုင္းဝတ္စုံအား ဝတ္ဆင္ထားေသာေၾကာင့္ လူမ်ားၾကားတြင္ ကြဲျပား၍ ေနေပသည္ ။ ေက်ာင္းဝင္းအတြင္းရွိ ေကာင္မေလးမ်ားက ကြက္ၾကည့္ ကြက္ၾကည့္ ။
အျမင္ကပ္ပါသည္ ။ ကၽြန္ေတာ္ခ်စ္ရသူအား မည္သူ႔ကိုမွ မၾကည့္ေစခ်င္ပါ ။ ေစ့ေစ့ၾကည့္ဖို႔ မေျပာႏွင့္ လၽွပ္တစ္ျပက္ၾကည့္သည္ကိုပင္ မနာလိုပါသည္ ။
အၾကည့္ခံတဲ့ ဒီလူႀကီးကိုလည္း အျမင္ကပ္သည္ ။
အျမင္ကပ္ကပ္ျဖင့္ မၾကည္ၾကည့္ ေမာ့ၾကည့္မိေတာ့ ဘာျဖစ္တာလဲ ဆိုသည့္အထာျဖင့္ မ်က္ခုံးတစ္ဖက္ ပင့္ျပသည္ ။ ဟုတ္ပါသည္ ။ ထိုအျပဳအမူသည္ သူမ်ားေတြလုပ္လၽွင္ လူခ်ဥ္စရာ ျဖစ္ေနပါလိမ့္မည္ ။
သို႔ေသာ္ ကိုခြန္းစစ္အတြက္မူ တစ္မ်ိဳးစမတ္က်ေနေသာေၾကာင့္ ေငးရျပန္သည္ ။
နဖူးကို ကိုခြန္းစစ္က လက္ျဖင့္ေတာက္လိုက္မွ သတိျပန္ကပ္မိသြားသည္ ။
" အျမင္ကပ္တယ္ "
" ဘာကို "
" အျမင္ကပ္တယ္လို႔ ျပန္ေတာ့ ေနာက္ေန႔ ေက်ာင္းထဲ လိုက္မလာနဲ႔ "
" ဘာလို႔ "
" မသိဘူးဗ်ာ မ်က္မွန္ပါတယ္မလား တပ္ထား "
အူလည္လည္လုပ္ေနေသာေၾကာင့္ လက္ထဲမွ မ်က္မွန္အားလု၍ ကိုယ္တိုင္တပ္ေပးလိုက္သည္ ။
ေခါင္းတစ္လုံးစာ ျမင့္ေနေသာေၾကာင့္ ေျခဖ်ားေထာက္၍ တပ္ေပးရသည္ ။
ေဘးပတ္ဝန္းက်င္ရွိလူမ်ားအား ကၽြန္ေတာ္ပိုင္သည့္လူသားအျဖစ္ ေၾကာ္ျငာသလို ျဖစ္သြားတယ္ေလ ။
ကၽြန္ေတာ္ အႀကံပိုင္တယ္မလား ဟဲဟဲ ။
ကိုယ့္အေတြးနဲ႔ကိုယ္ ညစ္က်ယ္က်ယ္ျပဳံးေနမိသည္ ။
မ်က္မွန္ေအာက္ရွိ မ်က္ဝန္းမ်ားအား မျမင္ရေသာ္လည္း ကိုခြန္းစစ္မ်က္ႏွာထက္ရွိ အျပဳံးတစ္ခ်က္ကို ျမင္လိုက္ရသည္ ။
ျပဳံးလည္းျပဳံးတတ္တယ္ ပါးတစ္ျခမ္းထဲ ရြဲ႕ၿပီး ျပဳံးတာ ။
ဇာတ္ကားေတြထဲမွာဆို လူမိုက္အျပဳံးလား လူယုတ္အျပဳံးလား ။ အာ့လို....အာ့လို အျပဳံးမ်ိဳး ။
သို႔ေပေသာ္ျငား ထိုအျပဳံးတစ္ခ်က္ေအာက္ ကၽြန္ေတာ့္ႏွလုံးသားတစ္စုံ ပါသြားရၿပီ ။
" ကိုယ့္ကို မနာလိုေနတာလား "
" ဗ်ာ "
အစအဆုံးမရွိေသာ စကားတစ္ခြန္းႏွင့္အတူ ကၽြန္ေတာ့္ခါးထက္သို႔ လက္တစ္စုံက်ေရာက္လာသည္ ။
" ဟုတ္တယ္မလား ကိုယ့္ကို မနာလိုေနတာ "
" မဟုတ္.....မဟုတ္ပါဘူး..အတန္း...အတန္းေနာက္က်လိမ့္မယ္...သြားၿပီ "
ေရွ႕မွ ကြတကြတျဖင့္ ထြက္သြားေလသည္ ။
လူေကာင္ေသးေသးေလးနဲ႔ ပုပုလုံးလုံးျဖဴျဖဴေသးေသးေလး ။
ကၽြန္ေတာ္ စိတ္မခ်နိုင္တာ ကၽြန္ေတာ္ စိုးထိတ္ေနတာ ျဖစ္သင့္တယ္မလား ။
ေရွ႕မွလူသားေလးအား ျမင္နိုင္႐ုံအကြာအေဝးတြင္းမွပင္ အေပ်ာက္မခံခ်င္ပါ ။ ေပ်ာက္ဆုံးသြားမည္ကို စိုးမိသည့္အလား မေျပး႐ုံတမယ္ အလ်င္အျမန္လိုက္သြားမိသည္ ။
" ဟင္ ကိုခြန္းစစ္ "
" စာသာ အာ႐ုံစိုက္ၿပီး ေသခ်ာနားေထာင္ ၿဖိဳးေလး မေရးနိုင္မွာစိုးလို႔ စာက ကိုယ္လိုက္ေရးမယ္ "
" ရလို႔လား ဆရာမက...."
စကားမၿပီးေသးခင္ ထြက္ေပၚလာတဲ့ ဩဇာအျပည့္နဲ႔အသံတစ္ခု....
" ရတယ္ ကိုယ္ေျပာၿပီးၿပီ "
" ဟုတ္ "
ဆရာမအတန္းထဲ ဝင္လာေသာအခါ အားလုံး မတ္တပ္ရပ္ ႏွုတ္ဆက္ၾကသည္ ။ ကိုခြန္းစစ္မွအပ ။
ဆရာမကလည္း ျမင္ပါသည္ ။ ဘာမွမေျပာျခင္းသာ ။
ဟုတ္ပါသည္ေလ ။ ကိုခြန္းစစ္အေနႏွင့္ ထမႏွုတ္ဆက္လည္း ရပါတယ္ ။
ဆရာမ စာသင္ေနသည္ကိုလည္း အာ႐ုံမစိုက္နိုင္ပါ ။
ေဘးရွိလူသားအေပၚ၌သာ ရွိသမၽွ စိတ္အစဥ္ လြင့္ေမ်ာေနခဲ့သည္ ။
ေဘးတိုက္ၾကည့္တာေတာင္ ေခ်ာေမာမွုကား ေလ်ာ့မသြား ။
လူႀကီးလူေကာင္းဆန္စြာ စမတ္က်ေနဆဲ ။
ကၽြန္ေတာ့္မ်က္စိေရွ႕ရွိ လူသားက ကၽြန္ေတာ့္ခ်စ္သူတဲ့လား ။ ယခုအခ်ိန္ထိ အိပ္မက္ မက္ေနရသလိုပင္ ။
ကၽြန္ေတာ္ ခိုးၾကည့္သည္ကို ရိပ္မိသည္ ထင္သည္ ။ စာေရးေနရင္းမွ မ်က္ဝန္းနက္မ်ားသည္ ကၽြန္ေတာ့္ထံပါးသို႔ ေရာက္ရွိလာသည္ ။
စာကို အာ႐ုံစိုက္ရန္ သတိေပး၍ စာဆက္ေရးေနေလသည္ ။
ကၽြန္ေတာ့္အလားတူ ကိုခြန္းစစ္ကို ထိုင္ေငးေနသည့္ မိန္းမေခ်ာတစ္သိုက္လည္း ရွိေလသည္ ။
ဘယ္ရမလဲ လူေကာင္သာ ေသးတာ ခံေတာ့မေနဘူးေလ ။
နဂါးမ်က္ေစာင္း ထိုးပစ္လိုက္သည္ ။ ထိုအခါမွသာ စာငုံ႔ေရးသူေရး စာနားေထာင္သူေထာင္ စာအုပ္ၾကည့္သူၾကည့္ ျဖစ္ကုန္ၾကသည္ ။
" မ်က္မွန္တပ္ထားပါဆိုဗ်ာ "
" ကိုယ္ စာေရးေနတာေလ "
" ေရးလည္းတပ္ထား ဘာျဖစ္လဲ "
" ေဟာ ေနကာမ်က္မွန္ႀကီးေလကြာ "
" မသိဘူးဗ်ာ တပ္ထား "
" သေဘာေတာ္အတိုင္းပါဗ်ာ "
" ဟီးးးခ်စ္တာ "
" ဘာေျပာလိုက္တာ "
" ဘာမွ မဟုတ္ေတာ့ဘူး စာသင္ေနတယ္ "
ရွက္သြားေသာေၾကာင့္ ဆရာမစာသင္ေနတဲ့ဘက္သို႔ ျပန္လွည့္သြားရသည္ ။
လက္ျဖဴျဖဴသြယ္သြယ္ေလးမ်ားမွ တင္းၾကပ္မွုကို ခံစားလိုက္ရသည္ ။
ကိုခြန္းစစ္မွ က်န္လက္တစ္ဖက္ျဖင့္ အုပ္ကိုင္လိုက္ျခင္း ။
ရင္ခုန္သံတစ္ခ်က္ ။ အသက္ရွုသံေတြ ရပ္တန႔္သြားရသည္ ။ တဒဂ္အတြင္း အရာအားလုံး တိတ္ဆိတ္သြားသည္ ။
ကိုခြန္းစစ္မ်က္ႏွာကို ၾကည့္မိခိုက္ ဘာမွမဟုတ္သလိုပင္ ။
စာဆက္ေရးေနဆဲ ။ ဘာစာေတြ ဒီေလာက္ေရးေနလဲေတာ့ မသိ ။
" ကိုယ့္ကို မနာလိုဖို႔ဘဲ ေတြးမေနနဲ႔ စာအာ႐ုံစိုက္ "
" ဗ်ာ ဟင့္....."
ဒီလူႀကီး ကၽြန္ေတာ့္ကို ဘယ္ေလာက္ထိ ျပဳစားမွာလဲ မသိပါဘူး ။ ဒီမွာ အလဲလဲအၿပိဳၿပိဳ ျဖစ္ေနၿပီ ။ ခင္ဗ်ားကလြဲ ဘာကိုမွ မျမင္နိုင္ေတာ့ေအာင္ ခင္ဗ်ားရဲ့နာမည္ေလးကို ၾကားမိရ႐ုံနဲ႔တင္ လူမွာ အ႐ူးတစ္ပိုင္း.......
" ခင္ဗ်ားကို ကၽြန္ေတာ္ခ်စ္တယ္ ကိုခြန္းစစ္ "
" ခင္ဗ်ားအတြက္ဆို အရာရာ ေပးဆပ္ဖို႔ အသင့္ရွိေနသူ "
............................
ကၽြန္ေတာ္ကား အဘယ္သို႔ေသာ မ်က္လုံးမ်ိဳးျဖင့္ အဘယ္သို႔ေသာ ခံစားခ်က္မ်ိဳးျဖင့္ ေနရပါမည္နည္း ။
ကၽြန္ေတာ့္ေရွ႕ခုံတြင္ ငယ္ေလးတို႔ႏွစ္ေယာက္ ထိုင္ေနသည္ ။
ငယ္ေလးသည္ ထိုင္ေနၾကေနရာတြင္ ထိုင္ျခင္းပင္ ။
ေနာက္ခုံသို႔ ေျပာင္းထိုင္သည္မွာ ကၽြန္ေတာ္ ။
ေျပာင္းထိုင္လိုက္သည္ပင္ မွန္သြားသည္ဟု ဆိုရမည္ ။
လက္ျဖဴျဖဴေလးထက္ အုပ္မိုးဆုပ္ကိုင္ထားေသာ လက္တစ္ဖက္......
အက်ည္းတန္လြန္းလွသည္ ။ ဆုပ္ကိုင္ေသာလက္မွာ ကၽြန္ေတာ့္လက္ျဖစ္ခြင့္မရွိသည့္အတြက္ အက်ည္းတန္လွပါသည္ ။
ေဘးရွိသူအား တစ္ခ်က္ တစ္ခ်က္ ခိုးခိုးၾကည့္ေနေသာ ငယ္ေလး၏မ်က္ဝန္းမ်ားတြင္ ၾကင္နာရိပ္မ်ားအျပည့္ ။
ျပဳံးရႊင္ေနေသာ ငယ္ေလး၏မ်က္ႏွာထက္ ေအးျမမွုမ်ားအျပည့္ ။ ေပ်ာ္ရႊင္မွုမ်ား လႊမ္းျခဳံကာ ေနသည္ ။
ကၽြန္ေတာ္ ေပ်ာ္သင့္ပါသလား ။
သို႔မဟုတ္ တစ္ေလာကလုံး ၾကားသည္ထိ ကၽြန္ေတာ္ ေအာ္ဟစ္ ငိုေႂကြးသင့္ပါသလား ။
ေဝခြဲမရျခင္းမ်ားကား စိတ္ကို ရွုပ္ေထြးေစသည္ ။
သိမ္းဆည္းထားေသာ မ်က္ရည္စက္မ်ားကား တားဆီးနိုင္ျခင္း မရွိေလေတာ့ ။
ပါးျပင္ထက္ စီးက်လာေလၿပီ ။
ေနာက္ကြယ္မွာ ငိုေႂကြးေနေသာလူအား ေရွ႕ရွိလူသားႏွစ္ဦးသည္ လစ္လ်ဴရွုလ်က္......
က်ဆင္းလာေသာ မ်က္ရည္စက္မ်ားအား လက္ဖမိုးျဖင့္ ဖိသုတ္လိုက္သည္ ။ ကၽြန္ေတာ့္ကမၻာေလး ေပ်ာ္ရႊင္ေနတယ္ေလ ။ ကၽြန္ေတာ္က ဘာလို႔ ငိုေနရတာလဲ ။
မငိုရဘူးေလ ။ ကၽြန္ေတာ္လည္း ေပ်ာ္ရႊင္ေနသင့္တာေပါ့ ။
မ်က္ႏွာထက္ အျပဳံးတစ္ပြင့္ ဆင္ျမန္းလ်က္ ေရွ႕ရွိလူသားေလးအား ေငးၾကည့္ေနလိုက္သည္ ။
သူ႔မ်က္ႏွာေလးျမင္ရရင္ ကၽြန္ေတာ့္ရဲ့ နာက်င္မွုေတြ အကုန္ေပ်ာက္ကြယ္သြားတယ္ေလ ။
အခ်စ္စစ္သာ ျဖစ္ခဲ့မယ္ဆိုရင္ ကၽြန္ေတာ့္ရဲ့အခ်စ္သာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္......
ခ်စ္ရေသာသူ၏အခ်စ္အား မရရွိခဲ့ရင္ေတာင္ အသိအမွတ္ျပဳမွုေတာ့ ကၽြန္ေတာ္ ရနိုင္ေသးသည္ေလ........
........................
စာသင္ခန္းေလးအတြင္း စာေရးေနေသာ ေကာင္ေလးအား ေငးၾကည့္ေနခဲ့ေသာ ေကာင္ေလးတစ္ေယာက္ ႏွင့္ ထိုေကာင္ေလးအား ေငးၾကည့္ေနေသာ ေကာင္ေလးတစ္ေယာက္.........
ပတ္ဝန္းက်င္အား လစ္လ်ဴရွုကာ ကိုယ္စီကမၻာေလးအတြင္း ေပ်ာ္ရြင္လ်က္........
••••••••••••••••••••••••
လိုအပ္ခ်က္ေတြ မ်ားေနေသးေပမယ့္ ဖတ္ေပးၾကတဲ့အတြက္ တကယ္ ေက်းဇူးတင္ပါတယ္ ။
ဒီထက္ပိုေကာင္းေကာင္းေရးနိုင္ေအာင္ update မွန္နိုင္ေအာင္ ႀကိဳးစားပါ့မယ္ ။
🌹🌹🌹🌹🌹🌹