ပုလဲတို့ဖြင့်ဖွဲ့သီသော ( Comp...

By TAIN_YAN_THWAY

228K 22.6K 2.3K

"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ" More

Part 1 ( Unicode )
Part 1 ( Zawgyi )
Part_2 ( Unicode )
Part_2 ( Zawgyi )
Part 3 ( Unicode )
Part 3 ( Zawgyi )
Part 4 ( Unicode )
Part 4 ( Zawgyi )
Part 5 ( Unicode )
Part 5 (Zawgyi)
Part 6 ( Unicode )
Part 6 ( Zawgyi )
Part 7 ( Unicode )
Part 7 ( Zawgyi )
Part 8 ( Unicode )
Part 8 ( Zawgyi )
Part 9 ( Unicode )
Part 9 ( Zawgyi)
Part 10 ( Zawgyi )
Part 11 ( Unicode )
Part 11 ( Zawgyi )
Part 12 ( Unicode )
Part 12 ( Zawgyi )
Part 13 ( Unicode )
Part 13 ( Zawgyi )
Part 14 ( Unicode )
Part 14 ( Zawgyi )
Part 15 ( Unicode )
Part 15 ( Zawgyi )
Part 16 ( Unicode )
Part 16 ( Zawgyi )
Part 17 ( Unicode )
Part 17 ( Zawgyi )
Part 18 ( Unicode)
Part 18 ( Zawgyi )
Part 19 ( Unicode)
Part 19 ( Zawgyi)
Part 20 ( Unicode )
Part 20 ( Zawgyi)
Part 21 ( Unicode )
Part 21 (Zawgyi )
Part 22 ( Unicode )
Part 22 ( Zawgyi)
Part 23 ( Unicode)
Part 23 (Zawgyi)
Part 24 (Unicode)
Part 24 ( Zawgyi )
Part 25 ( Unicode )
Part 25 ( Zawgyi )
Part 26 ( Unicode )
Part 26 ( Zawgyi )
Part 27 ( Unicode )
Part -27 ( Zawgyi )
Part 28 ( Unicode )
Part 28 ( Zawgyi)
Part 29 ( Unicode)
Part 29 ( Zawgyi)
Part 30 ( Unicode)
Part 30 ( Zawgyi)
Part 31 ( Unicode)
Part 31 ( Zawgyi)
Part 32 ( Unicode)
Part 32 ( Zawgyi)
Part 33 ( Unicode)
Part 33 ( Zawgyi)
Part 34 ( Unicode)
Part 34 ( Zawgyi)
Part 35 ( Unicode)
Part 35 ( Zawgyi )
Part 36 ( Final )
Part 36 - Final ( Zawgyi)
Extra Final
Extra Final ( Zawgyi)

Part 10( Unicode )

3.3K 498 64
By TAIN_YAN_THWAY

နေမြင့်လာသည်နှင့်အမျှ ပူအိုက်လာသောကြောင့် အထွန်းသည် ပတ်လာသော စောင်ကို ခေါက်ကာ သိမ်းသည် ။
ထို့နောက် အင်္ကျီ သုံးထပ် ဝတ်ထားရာမှ နှစ်ထပ်ကို ချွတ်သည် ။

‌မနက်ဘက်ကျတော့လည်း အရမ်းအေးတယ် ၊ နေမြင့်လာတော့လည်း အရမ်းပူတယ် ။ ဘယ်လို ရာသီဥတုမျိုးပါလိမ့် ။
အေးရင်လည်း တစ်နေ့လုံးအေး ၊ ပူရင်လည်း တစ်နေ့လုံး ပူနေပါတော့လား ။

အခုတော့ အဝတ်တွေ ပြန်သယ်သွားရတော့မယ် ။

အထွန်းတစ်ယောက် ကောင်းကင်ကို မျက်စောင်းထိုးရင်းက ရန်တွေ့ပြန်သည် ။

"နောက်နေ့တွေ ပူလိုက်အေးလိုက် မလုပ်နဲ့ ၊ ကြားလား "

တကယ်ပါပဲ ၊ မနက်ဆို အေးလိုက် နေ့လည်ဆို ပူအိုက်လာလိုက် ၊ ညဆို ပြန်အေးလိုက် နဲ့ တကယ်ပါပဲ ။

တော်ပြီ ၊ အနွေးထည်လည်း မဝယ်တော့ဘူး။

***

ဈေးသိမ်းပြီး ပြန်လာသော အထွန်းသည် လမ်းတစ်လျှောက်တွင် အိမ်တိုင်းကို ငေးကြည့်ရင်း အေးအေးဆေးဆေးပင် လမ်းလျှောက်လာသည် ။

အထွန်းလည်း ဒီလို အိမ်အကြီးကြီးတွေနဲ့ နေဖူးချင်လိုက်တာ ။

အထွန်းတို့ မြို့သည် သုံးနှစ်လျှင် တစ်ခါခန့် ရေကြီး တတ်သောကြောင့် အိမ်အမြင့်များနှင့် ခြေတံ‌ရှည် အိမ်များကိုတွေ့ရသည်က များပါသည်။

အထွန်းလည်း ဒီလို အိမ်အမြင့်နဲ့ နေချင်လိုက်တာ။
ဒါဆို ရေကြီးရင် အထွန်းတို့ စိတ်မပူရတော့ဘူး ။

လမ်းလျှောက်လာရင်းက အထွန်းသည် အိမ်တစ်အိမ်ရှေ့တွင် ရပ်နေမိသည်။

သဇင် တွေ လှလိုက်တာ ။

မနက်ဖြန်ဆို လပြည့်နေ့ ။ အထွန်းတို့ ဘကြီး အိမ်မှာ အလှူရှိတာပဲ ။ အမေ့ကို ပန်စေချင်လိုက်တာ။

တွေး‌ရင်း ငေးရင်းပင် အထွန်းတစ်ယောက် ထိုခြံရှေ့တွင် ရပ်နေမိတော့သည် ။

"ဟိုကလေး ပန်းလိုချင်လို့လား"

ပြတင်းပေါက်ဆီမှ ရုတ်တရက် အသံကြားတော့ အထွန်းလန့်ပင်သွားရသည် ။

ပြောရင်း ဆိုရင်းပင် ထိုအန်တီကြီးက ခြံထဲဆင်းလာတော့ အထွန်း ပန်းဝယ်ရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ် ပန်း ဘယ်လောက်လဲဟင်"

"ပန်းက အမျိုးမျိုးရှိတယ် ၊ လာလေ အထဲဝင် "

အထွန်း ခဏပင် ကြောင်သွားမိသည် ။ တော်တော်များများက အထွန်းတို့ကို အိမ်ထဲ မပြောနဲ့ လမ်းမှာ တွေ့ရင်တောင် ရှောင်သွားချင်ကြတာ။

ခြံထဲရောက်တော့ သဇင်အုံများကို စိတ်ဝင်တစားပင် ကြည့်နေမိသည် ။

သဇင်ဥစိမ်းစိမ်းလေးများ နှင့် သဇင်ပန်း ဖြူဖြူလေးများမှ သဇင်ပန်းနံ့ သင်းသင်းလေးများကိုပင် ရနေသည် ။

"ဘယ်အတံ ကြိုက်လဲ ကြည့်နော်"

"ဟုတ်"

အထွန်း သဇင်ပန်း များကို စိတ်ကြိုက်ရွေးနေတော့သည် ။ အမေ့ အတွက် တော့ အလှဆုံးပန်းကို လိုချင်သည် ။

"ကြိုက်တာတွေ့လား"

ယောက်ျားလေး တစ်ယောက် အသံ ကြားလိုက်ရသော ကြောင့် အထွန်း လှည့်ကြည့်မိလိုက်တော့ ထိုသူက အထွန်းကို ပြုံးပြသည်။

"အကို့ကို မှတ်မိလား "

အထွန် ခပ်မြန်မြန်ပင် စဉ်းစားလိုက်သည်။
ဘယ်သူများပါလိမ့် ၊ အထွန်းနဲ့ သိတဲ့သူလား ။

အထွန်း စဉ်းစားမရ ဖြစ်နေစဉ်မှာပင် ထိုသူက အထွန်းကို ရယ်ပြလာသည် ။

"ဖရဲသီးဝယ်ဖူးတယ်လေကွာ ၊ ပိုက်ဆံ လိုနေတာကိုတောင် လျှော့ပေးခဲ့သေးတယ်လေ"

ထိုအခါမှ အထွန်း သတိရသွားသည် ။
မှတ်မိပြီ ၊ အထွန်းမှတ်မိပြီ ။ ပိုက်ဆံမပါတဲ့ အကိုပဲ။

"ဟုတ် မှတ်မိပြီ "

"ဒါနဲ့ သဇင်ပန်းလာဝယ်တာလား ၊ ကြိုက်တာတွေ့ရင်ပြောနော် "

"ဟုတ် ဟိုဘက်က အဖြူလေး ဘယ်လောက်လဲဟင် "

"ဒီအဖြူလေးက နှစ်ထောင်"

နှစ်ထောင် ၊ အထွန်း အိမ်က ဆန်တစ်ပြည်တောင် ဒီလောက်မကျဘူး ။ ဒါပေမယ့် အမေ့အတွက်ပဲ ။ ဈေးကြီးတာ မကြီးတာထက် အမေကြိုက်ဖို့ အရေးကြီးတယ် ။

"ဒါဆို အဲ့ အဖြူလေး ယူမယ် ၊ ပြီးတော့ ..."

အထွန်း မျက်လုံးတို့က သဇင်ဝါပေါ်သို့ရောက်သွားသည်။ သဇင်က အဖြူရောင်ပါ ၊ ဘာလို့ ဒီအတံတွေက ဝါနေရတာလဲ။ မကောင်းတော့လို့များလား ။

"ဒီသဇင်ပန်း‌တွေက ဘာလို့ အဝါရောင်ဖြစ်နေတာလဲဟင်"

အထွန်း က လက်ညှိုးထိုးရင်း မေးတော့

"ဒါက သဇင်ဝါလေ ၊ သဇင်မှာ အဖြူ ၊ အနီ ၊ အဝါ ၊ အနက် ဆိုပြီး လေးမျိုးတောင်ရှိတာ ၊ အကိုတို့ဆီမှာတော့ အဖြူနဲ့ အဝါပဲ ရှိတယ်"

"ဪ .. "

အထွန်းက ခေါင်းညိတ်ကာ သဇင်တံများကို စိတ်ဝင်တစား ကြည့်သည်။

"ပုံစံချင်း မတူဘူးနော် "

"အင်း ဟုတ်တယ် ၊ သဇင် အဖြူက အပွင့်ပိုကြီးတယ် ဒါပေမယ့် ရိုးတံမှာကျတော့ အပွင့်ပွင့်တာ ကျဲတယ် ၊ သဇင် အဝါကျတော့ အပွင့်သေးပေမယ့် ရိုးတံပေါ်မှာ စိပ်စိပ်လေးပွင့်တာ ၊ မွှေးတာကတော့ အဝါက ပိုမွှေးတာပေါ့ "

"ဪ ."

အထွန်း စိတ်ဝင်တစားပင် နားထောင်ရာမှ ခေါင်းညိတ်သည် ။

"ဒါဆို အထွန်းကို အဖြူတစ်တံနဲ့ အဝါလေးတစ်တံပေးပါ"

"ကောင်းပါပြီဗျာ"

ထိုအကိုက အထွန်းရွေးထားသော သဇင်နှစ်ခက်ကို ငှက်ပျောရိုး တွင် အသာအသယာ ထိုးစိုက်သည်။ ထို့နောက် ငှက်ပျောရွက် ဖြင့် လုံအောင်ပတ်သည် ။

"ရပြီ ဒါကို အိမ်မှာ နေမပူတဲ့နေရာမှာထားနော် ၊ ရေအိုးစင် အောက်မှာ ထားရင်လည်း ရတယ်""

"ဟုတ် "

အထွန်း တစ်ထောင်တန်လေးရွက်ကို ထုတ်ပေးလိုက်တော့ တစ်ထောင်တန်တစ်ရွက်ကို ပြန်ပေးလာသည်။

"လျှော့ပေးလိုက်မယ် ၊ သုံးထောင်ပဲ ပေးခဲ့"

"ဟုတ် ကျေးဇူးတင်ပါတယ်"

အထွန်း အမှန်တကယ်ပင် ကျေးဇူးတင်မိပါသည်။ အမေ့ကို ပန်စေချင်လွန်းလို့သာဝယ်ရတာ သဇင်ပန်းက အထွန်းတို့ရဲ့ တစ်ပတ်စာဆန်ဖိုး ထက် ပိုများတယ် ။

အထွန်း အိမ်ပြန်လမ်းတစ်လျှောက်တွင် ကရင်းခုန်ရင်း ပြန်လာသည်။ နောက်ဆုံးတော့ အမေ့အတွက် သဇင်ပန်း ဝယ်ပေးဖြစ်သွားပြီ။

အထွန်းသည် သဇင် အနီနှင့် အနက်ရောင်ကို အတော်ပင် စိတ်ဝင်စားနေသည်။

လက်ထဲမှ သဇင်ပန်းကို ကြည့်ရင်း နောက်ကြုံရင် မေးဦးမှပါ ဟုလည်း တွေးပြန်သည် ။

**
အထွန်း အိမ်ရောက်တော့ ကြီးမြ ကိုပါ တွေ့လိုက်ရသာ် ။ မနက်ဖြန် ‌အတွက် ရောက်လာတာပဲ နေမှာ ။

အထွန်းက ရေအိုးစင်ဆီသို့ အပြေးလေးသွားကာ သဇင်ပန်း ထုပ်ကို အကျအန တင်သည် ။

ကြီးမြက အထွန်းကို မြင်တော့ ခေါင်းခါပြီး သက်ပြင်းချသည် ။

အထွန်းသိပါတယ် ။ ကြီးမြက အထွန်းကို သဘောမကျမှန်း အထွန်းသိပါတယ် ။

ဒါပေမယ့်လေ ဒါ အထွန်းရဲ့ ပုံစံ‌ပဲဟာ ။
အထွန်း ပြောင်းကြည့်ဖူးတယ် ၊ အခြားယောက်ျားလေးတွေနဲ့ တူအောင် အထွန်း နေကြည့်သေးတယ်

ဒါပေမယ့် ရမှ မရတာ ။အထွန်း စိတ်ပျက်လက်ပျက်ဖြင့်ပင် ခြေဆင်းထိုင်ရင်း တွေးလိုက်မိသည် ။

ကြီး မြ မြန်မြန် ပြန်ရင် ကောင်းမှာပဲ ။

****
AN/

သွေး နောက်ကျသွားတယ်ရယ် တကယ်
တောင်းပန်ပါတယ် 😩😩










Continue Reading

You'll Also Like

10.4K 193 17
ငယ်ရွယ်ချိန်မှာ ပေါက်ဖွားလာတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ အချစ်ကို ရသမျိုးစုံနဲ့ ပေါ်လွင်အောင်ရေးဖွဲ့ထားပါသည်။
With you By ^^

Fanfiction

1M 36.9K 94
Jungkook finds out that he has 6 mates, what can he do? Will they accept him?
18.4K 221 22
Have you ever thought how the Gods and lightning thief crew would react to the Percy Jackson and the Olympian books? What about camp half-blood with...
1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...