ကြွေပန်း(Unicode+Zawgi)

By KhonYate666

11.4K 505 30

အချစ်ရဆုံးသော တစ်ပွင့်တည်းသော ပန်းလေးအတွက်သာ လေပြေဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အဲ့ဒီပန်းလေးကြောင့်ဘဲ လေပွေဖြစ်သွား... More

Intro
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part (16)
Part (17)
Part(18)
Part(19)
Part(20)
Part(21) [ END]

Part(8)

310 18 0
By KhonYate666

Unicode//

တိတ်ဆိတ်ခြင်း ကြီးစိုးသော လမိုက်ည ။
မှောင်မိုက်သော အိမ်‌ေတာ် ။
အကျည်းတန်သော အခန်းကျဉ်း ။
သူ့ဒေါသကို ဖြေသိမ့်ရာ သူ့စိတ်ဖြေရာ နေရာတစ်ခု ။

အခန်းဝတွင် အမည်းရောင်ဝမ်းဆက်ဝတ်ထားတဲ့ လူတစ်စုက အသင့်စောင့်ကြိုနေသည် ။
သူမေးငေါ့‌ပြလိုက်သောအခါ ခိုင်းသည့်အတိုင်း လုပ်ပြီးကြောင်း ပြိုင်တူခေါင်းငြိမ့်ပြကြသည် ။
သူတပည့်များအား လက်ပြ၍ အဝေးသို့ထွက်သွားစေကာ အခန်းတွင်းသို့ တစ်လှမ်းချင်း လှမ်းဝင်ခဲ့ပေသည်။

' ကျွီ..... '

အခန်းတံခါး ဖြည်းညင်းစွာ ပွင့်လာခဲ့သည် ။
အဝတ်အုပ်ထားသည့်တိုင် စူးရှသောအလင်းရောင်က မျက်လုံးသို့တိုက်ရိုက် ထိုးနေသောကြောင့် ခေါင်းလွှဲလိုက်ရသည် ။

ဖိနပ်သံ.....
တစ်လှမ်းချင်း ဖြည်းနှေးစွာ လှမ်းလာသော ဖိနပ်သံ
တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့သည် ။
ရပ်.....ရပ်သွားပြီ ဖိနပ်သံ ရပ်သွားပြီ ။
တုန်လှုပ်မှုက တစ်ကိုယ်လုံးသို့ ဖြန့်ကျက်လျက် ။
စိုးရိမ်ထိတ်လန့်မှုများက လွှမ်းမိုးနေခဲ့သည် ။

ခေါင်း‌တွင်စွပ်ထားသော အမည်းရောင်အဝတ်ကြီးကို ဖယ်လိုက်သော်လည်း စကားပြော၍မရသေး ။ပါးစပ်တွင် စည်းနှောင်ထားသေးသည် ။
နဂိုကတည်းကပင် လမ်းလျှောက်ခြင်းမစွမ်းနိုင်၍ ထွက်ပြေးဖို့ကား မဖြစ်နိုင် ။ သို့ကြောင့် ခြေထောက်တွင်တော့ ကြိုးများစည်းနှောင်မထား ။
လက်နှစ်ဖက်တွင်ကား ရုန်းဖို့မပြောနှင့် လှုပ်၍ပင်မရနိုင်အောင် ကြိုးများဖြင့် တုပ်နှောင်ထားသည် ။

မျက်နှာ.... တစ်ဖက်ကလူရဲ့မျက်နှာကို သေချာစွာ မမြင်ရ ။
အလင်းကိုကွယ်၍ရှိနေခြင်းကြောင့်လည်းကောင်း အဝတ်အုပ်တာ ကြာနေပြီဖြစ်သောကြောင့် မျက်လုံးဝါးနေ၍လည်းကောင်း တစ်ဖက်လူကို ကောင်းကောင်းမမြင်ရ ။

ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားနေသည်ကို သိ၍ထင် ပါးစပ်တွင် စည်းထားသော အဝတ်ကို ဖြည်ပေးသည် ။

" မင်း မင်း ဘယ်သူလဲ ငါ့ကို ဘာလို့ ဖမ်းတာလဲ မင်းက ဘယ်သူလဲ ငါ မသိဘူး ငါ မင်းကို မသိဘူး ငါ့ကို အခုလွှတ်ပေး "

" ဟက် ကျွန်တော့်ကို မသိဘူးဟုတ်လား ‌သေချာကြည့်ပါအုံး မသိတာ သေချာရဲ့လားဗျ "

မျက်နှာကို အတင်းဆွဲမော့၍ သူ့မျက်နှာနား တိုးကပ်ပေးသည် ။

မြင်ဖူးတယ်.....မြင်ဖူးတယ် သူ့ကို မြင်ဖူးတယ် ဘယ်မှာ..... ဘယ်မှာ......

" မင်း...မင်း..."

" မှတ်မိသွားပြီထင်တယ် ဒါပေမယ့် ဘယ်လိုလုပ်မလဲဗျ ခင်ဗျားမှာ အခြားသူကိုပြောဖို့ အခွင့်အရေး မရှိတော့ဘူး ခင်ဗျားရဲ့အဆုံးသတ်ချိန် ရောက်ပြီမို့ "

" အားးးးးးးး"

နာကျင်မှု ကျွန်တော့်ဝမ်းဗိုက်တွင်းကလား
စိုရွှဲနေတဲ့ခံစားချက်ကရော ကျွန်တော့်ကိုယ်ကထွက်တဲ့သွေးစက်တွေလား
ကျွန်တော် ကျွန်တော် တကယ်အဆုံးသတ်ရတော့မှာလား ။
ကျွန်တော် ဘာအမှားလုပ်မိလို့လဲ

" မင်း....မင်း.....ငါ မင်းကို ဘာလုပ်လို့လဲ ငါ....ငါ..ဘာအပြစ်ရှိလို့လဲ....."

" အပြစ် ဟုတ်လား ဟားးးးးဟားးးးး "

ကျောချမ်းစရာ‌ေကာင်း‌ေသာ လှောင်ရီသံကား အခန်းတွင် ပဲ့တင်ထပ်နေခဲ့သည် ။ ရီသံကြားရုံဖြင့်ပင် ကြောက်စရာကောင်းလွန်းလှသည် ။

" မင်းအပြစ်က "

ကျွန်တော့်နားသို့ ယခင်ကထက် ပို၍တိုးကပ်လာခဲ့သည် ။
ကြောက်စိတ်ကြောင့် သူ့အလိုလိုပင် နောက်သို့ တိုးဆုတ်နေခဲ့မိသည် ။
ကျွန်တော့်အကျီကို လက်တစ်ဖက်ဖြင့်လှမ်းဆွဲပြီး သူ့အနားသို့ တိုးကပ်လိုက်သည် ။ ကျွန်တော့်နား နားသို့ကပ်၍

" ငါ့ အ ရုပ် လေး နား ရှိ နေ ခဲ့ လို့  "

စကားတစ်လုံးချင်းကို ပီသဖြည်းနှင်းစွာ ပြော၍
ကျွန်တော့်ဝမ်းဗိုက်တွင်းသို့ ဓားချက်များ အဆက်မပြတ် ဝင်ရောက်လာခဲ့သည် ။
ကျွန်တော့်အသက်ဇီဝိန်ကို ခြွေသွားခဲ့သည် ။

.........................

မျက်နှာတွင် စင်နေသော သွေးစက်အချို့ကို လက်တစ်ဖက်ဖြင့် ဖိသုတ်လိုက်သည် ။

" ဟက် ဖြိုးလေးနားက အမှိုက်တစ်ကောင် ထပ်ရှင်းလိုက်ရပြန်ပြီဘဲ "

မဲ့ပြုံးတစ်ချက်ဖြင့် သွေးအိုင်ထဲမှလူကို ကျောခိုင်းထွက်လာခဲ့သည် ။
အပေါက်ဝတွင် ရပ်စောင့်နေသော လူတစ်စုကို မျက်ရိပ်ပြပြီး ရှင်းခိုင်းလိုက်သည် ။

သူကတော့ ခုနကနှင့်မတူစွာ လွတ်လပ်မှုအပြည့် စိတ်အေးချမ်းမှုအပြည့်ဖြင့် အိမ်တော်အတွင်းမှ ပြန်ထွက်လာခဲ့သည် ။
မီးရောင်စုံများလင်းတဲ့ လမ်းမထက် ကားနက်လေးတစ်စီး အရှိန်ဖြင့် မောင်းနှင်နေသည် ။
ကားထဲတွင်ကား အသိစိတ်ကင်းလွတ်နေသော လူတစ်ဦး.......

" ဟားးးဟားးးးးးဟားးးး "

လှောင်ရီသံများကား လမ်းမထက်ပျံ့လွင့်နေခဲ့သည် ။
မီးရောင်အောက် ဖြတ်သွားသည့်အချိန်တိုင်း တစ်ကိုယ်လုံးစိုရွှဲနေသော သွေးတို့ကို အတိုင်းသား မြင်နေရသည် ။
လှုပ်ရှားမှုကြောင့် ရင်ဘတ်ကဒဏ်ရာကလည်း သွေးများပြန်ထွက်လာခဲ့သည် ။
လမ်းမထက် ‌မိုးစက်များ ကျဆင်းလာခဲ့သည် ။

ကားအရှိန်နှင့် တူညီစွာ မိုးများကလည်း သည်းထန်စွာ ရွာသွန်းနေခဲ့သည် ။ တစ်နေရာအရောက် လမ်းမီးတိုင်အောက်တွင် ရုတ်တရက်ကားရပ်သွားသည် ။
ကားထဲမှ လူတစ်ဦး ထွက်လာခဲ့သည် ။

မျက်ဝန်းထဲတွင် မိုးစက်များနှင့်အပြိုင် ငိုကြွေးနေခဲ့သည် ။
ဆုံးရှုံးရမှာကြောက်သည့်စိတ် လုယူသွားမှာစိုးသည့်စိတ်များက လူကို ထိုးနှက်နေခဲ့သည် ။

" ဖြိုးလေး မင်းအတွက် ကိုယ်အမှိုက်တစ်စ ထပ်ရှင်းလိုက်ပြီ
မင်း ကိုယ့်စကား နားမထောင်ရင် မင်းကိုလည်း ကိုယ်ဘာလုပ်မိမယ်မသိဘူး "

ခပ်ရွဲ့ရွဲ့ ရီမောကာ မိုးစက်များအောက် ဝမ်းနည်းစွာ ငိုကြွေးနေ‌ေသာ လူတစ်ဦး.......
စိတ်လွတ်နေသော အရူးတစ်ယောက်လို......
သူ့အား မျက်ရည်စက်များနှင့် မိုးစက်များက အဖော်ပြုပေးနေသည် ။

..............................

ညက စောအိပ်လို့ထင် မနက်အစောကြီး နိုးနေသောကြောင့် လမ်းလျှောက်ရန် ခြံဝင်းထဲသို့ဆင်းလာခဲ့သည် ။
ခြံဝင်းထဲ ခြေချမည့်ဆဲဆဲ ကိုခွန်းစစ်ကားသံကြားသောကြောင့် သွားကြိုမည်အပြု
ခြေလှမ်းများကား ဆွဲထားသလို သေနေသလို ရပ်တန့်သွားရသည် ။

တစ်ကိုယ်လုံးမိုးရေများစိုရွှဲကာ ဖြူဖျော့နေသော ကိုခွန်းစစ်ရဲ့ အသွင်
ရှပ်အကျီအဖြူပေါ်တွင် သွေးစက်များက အတိုင်းသား
ကျွန်တော့်နှလုံးသား နာကျင်ရသည် ။
ကိုခွန်းစစ်ကို ဤသို့ မမြင်ချင် ။
ဘာဖြစ်လာတာလဲ ကိုခွန်းစစ်ကို ဘယ်သူက လုပ်လိုက်တာလဲ
ကားပေါ်ကဆင်းသည့်ခြေထောင်များကပင် ယိုင်ထိုးနေသည်ကို ကျွန်တော်ရိပ်မိသည် ။ ကားတံခါးကို အားပြုပြီး ကားပေါ်က ဆင်းနေရသည် ။

ကျွန်တော်.......ကျွန်တော်.....ကိုခွန်းစစ်ဆီ သွားသင့်သလား
ကိုခွန်းစစ်....ကိုခွန်းစစ်ကို......

တွေးနေသောအတွေးများသည် ကိုခွန်းစစ်က ကျွန်တော့်ဘက် လှမ်းကြည့်လိုက်သော အကြည့်တစ်ချက်ကြောင့် ပျောက်ရှသွားရသည် ။
မျက်နှာထက် ကျဆင်းလာသော မျက်ရည်စက်များကို မထိန်းနိုင်ခဲ့ ။ မျက်ရည်များက ယောကျာ်းတန်မဲ့ အဘယ်ကြောင့် အတားအဆီးမရှိ ကျဆင်းနေရပါသနည်း ။

ကိုခွန်းစစ်ကို ကျွန်တော်ချစ်သည် သို့ထိတိုင် ကြောက်လည်းကြောက်သည် ။
ကိုခွန်းစစ်နားသွားရင် ကျွန်တော် ငိုကြွေး‌မိမည်မှာ အမှန်
ထိုအခါ ကိုခွန်းစစ် ပို၍ပင် စိတ်ဆင်းရဲရလိမ့်မည် ။
ကိုခွန်းစစ်ကလည်း သူ့ရဲ့အခုလိုပုံစံကို ကျွန်တော့်အား မြင်စေချင်မှာ မဟုတ်သည်ကို ကျွန်တော်သိသည် ။

ခြေလှမ်းများကား အပေါ်ထပ်ဆီသို့ ဦးတည်နေခဲ့သည် ။
ထို့နောက် ကျွန်တော့်အခန်းရှိ ကျွန်တော့်အိပ်ယာထက်သို့
အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။

ထိုစဉ် အခန်းတံခါး ဖြည်းညင်းစွာ ပွင့်လာခဲ့သည် ။
ကျွန်တော်ထင်သည့်အတိုင်းပင် ကိုခွန်းစစ် ကျွန်တော့်ကို လာကြည့်ခြင်း......

" ဖြိုးလေးကို ကိုယ်အရမ်းချစ်တယ် အဆုံးရှုံးမခံနိုင်သည်အထိမို့ ကိုယ့်ကို ဘယ်တော့မှ ထားမသွားပါနဲ့လား ကိုယ့်ရဲ့အဝေးကို ဘယ်တော့မှ ထွက်မသွားပါနဲ့လား "

စိုစွတ်မှု ကျွန်တော့်ပါးပြင်ထက်က ရေတွေက ဘာတွေလဲ
ကိုခွန်းစစ်........ကိုခွန်းစစ် ငိုနေတာလား.......
ကျွန်တော့်ကြောင့် ကျွန်တော့်ကြောင့် ကိုခွန်းစစ် ငိုနေတာလား
ဟင့်အင်း....မငိုပါနဲ့ ကျွန်တော့်အတွက်နဲ့ ကိုခွန်းစစ် မငိုပါနဲ့
တောင်းပန်ပါတယ် မငိုပါနဲ့.......

အိပ်ချင်ယောင်ဆောင်ရာမှထ၍ ထိုသို့ပြောလိုက်ချင်သော်လည်း မပြောဖြစ်ခဲ့
တစ်စုံတစ်ခုက ကျွန်တော့်ကိုဆွဲထားသည် ။
တစ်စုံတစ်ခုက ကျွန်တော့်ကို တားနေသည် ။
တုံးစံအတိုင်းပင် ကျွန်တော့်ရဲ့နဖူးထက်သို့ အနမ်းတစ်ပွင့်ပေးရင် ကိုခွန်းစစ် ထွက်သွားခဲ့သည် ။

ကိုခွန်းစစ်ထွက်သွားမှ ထိန်းချုပ်ထားသော မျက်ရည်များက ပါးထက်သို့ စီးဆင်းလာခဲ့သည် ။
ချစ်တယ် ကျွန်တော်လည်း ကိုခွန်းစစ်ကိုချစ်တယ်
ကျွန်တော့်အသက်ထက်ကို ပိုချစ်တယ် ။
ကျွန်တော့်ကို ချစ်တဲ့အကြောင်းပြောလိုက်ပါလား
နှောင့်နှေးခြင်းမရှိဘဲ ကျွန်တော်လက်ခံမှာမို့ ပြောလိုက်ပါတော့လား ကျွန်တော့်ကိုချစ်တယ် လို့
ဘာလို့.....ဘာလို့ အခုလို ကြိတ်ပြီးခံစားနေတာလဲဗျာ.......

....................

စိတ်ချပါ ကိုခွန်းစစ်ကလွဲ
ကျွန်တော်ဘယ်သူ့ကိုမှ မချစ်ဘူး.........
စိတ်ချပါ ကိုခွန်းစစ်နားကနေ
ကျွန်တော်ဘယ်တော့မှ ထွက်မသွားဘူး.........
စိတ်ချပါ ကိုခွန်းစစ်ကလွဲ
ကျွန်တော့်ဖြစ်တည်မှုဆိုတာ မရှိတော့ပြီ...........

🌹🌹🌹🌹🌹🌹🌹🌹
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Zawgi //

တိတ္ဆိတ္ျခင္း ႀကီးစိုးေသာ လမိုက္ည ။
ေမွာင္မိုက္ေသာ အိမ္‌ေတာ္ ။
အက်ည္းတန္ေသာ အခန္းက်ဥ္း ။
သူ႔ေဒါသကို ေျဖသိမ့္ရာ သူ႔စိတ္ေျဖရာ ေနရာတစ္ခု ။

အခန္းဝတြင္ အမည္းေရာင္ဝမ္းဆက္ဝတ္ထားတဲ့ လူတစ္စုက အသင့္ေစာင့္ႀကိဳေနသည္ ။
သူေမးေငါ့‌ျပလိုက္ေသာအခါ ခိုင္းသည့္အတိုင္း လုပ္ၿပီးေၾကာင္း ၿပိဳင္တူေခါင္းၿငိမ့္ျပၾကသည္ ။
သူတပည့္မ်ားအား လက္ျပ၍ အေဝးသို႔ထြက္သြားေစကာ အခန္းတြင္းသို႔ တစ္လွမ္းခ်င္း လွမ္းဝင္ခဲ့ေပသည္။

' ကၽြီ..... '

အခန္းတံခါး ျဖည္းညင္းစြာ ပြင့္လာခဲ့သည္ ။
အဝတ္အုပ္ထားသည့္တိုင္ စူးရွေသာအလင္းေရာင္က မ်က္လုံးသို႔တိုက္ရိုက္ ထိုးေနေသာေၾကာင့္ ေခါင္းလႊဲလိုက္ရသည္ ။

ဖိနပ္သံ.....
တစ္လွမ္းခ်င္း ျဖည္းေႏွးစြာ လွမ္းလာေသာ ဖိနပ္သံ
တျဖည္းျဖည္းႏွင့္ နီးကပ္လာခဲ့သည္ ။
ရပ္.....ရပ္သြားၿပီ ဖိနပ္သံ ရပ္သြားၿပီ ။
တုန္လွုပ္မွုက တစ္ကိုယ္လုံးသို႔ ျဖန႔္က်က္လ်က္ ။
စိုးရိမ္ထိတ္လန႔္မွုမ်ားက လႊမ္းမိုးေနခဲ့သည္ ။

ေခါင္း‌တြင္စြပ္ထားေသာ အမည္းေရာင္အဝတ္ႀကီးကို ဖယ္လိုက္ေသာ္လည္း စကားေျပာ၍မရေသး ။ပါးစပ္တြင္ စည္းေႏွာင္ထားေသးသည္ ။
နဂိုကတည္းကပင္ လမ္းေလၽွာက္ျခင္းမစြမ္းနိုင္၍ ထြက္ေျပးဖို႔ကား မျဖစ္နိုင္ ။ သို႔ေၾကာင့္ ေျခေထာက္တြင္ေတာ့ ႀကိဳးမ်ားစည္းေႏွာင္မထား ။
လက္ႏွစ္ဖက္တြင္ကား ႐ုန္းဖို႔မေျပာႏွင့္ လွုပ္၍ပင္မရနိုင္ေအာင္ ႀကိဳးမ်ားျဖင့္ တုပ္ေႏွာင္ထားသည္ ။

မ်က္ႏွာ.... တစ္ဖက္ကလူရဲ့မ်က္ႏွာကို ေသခ်ာစြာ မျမင္ရ ။
အလင္းကိုကြယ္၍ရွိေနျခင္းေၾကာင့္လည္းေကာင္း အဝတ္အုပ္တာ ၾကာေနၿပီျဖစ္ေသာေၾကာင့္ မ်က္လုံးဝါးေန၍လည္းေကာင္း တစ္ဖက္လူကို ေကာင္းေကာင္းမျမင္ရ ။

ကၽြန္ေတာ္ တစ္ခုခုေျပာဖို႔ ႀကိဳးစားေနသည္ကို သိ၍ထင္ ပါးစပ္တြင္ စည္းထားေသာ အဝတ္ကို ျဖည္ေပးသည္ ။

" မင္း မင္း ဘယ္သူလဲ ငါ့ကို ဘာလို႔ ဖမ္းတာလဲ မင္းက ဘယ္သူလဲ ငါ မသိဘူး ငါ မင္းကို မသိဘူး ငါ့ကို အခုလႊတ္ေပး "

" ဟက္ ကၽြန္ေတာ့္ကို မသိဘူးဟုတ္လား ‌ေသခ်ာၾကည့္ပါအုံး မသိတာ ေသခ်ာရဲ့လားဗ် "

မ်က္ႏွာကို အတင္းဆြဲေမာ့၍ သူ႔မ်က္ႏွာနား တိုးကပ္ေပးသည္ ။

ျမင္ဖူးတယ္.....ျမင္ဖူးတယ္ သူ႔ကို ျမင္ဖူးတယ္ ဘယ္မွာ..... ဘယ္မွာ......

" မင္း...မင္း..."

" မွတ္မိသြားၿပီထင္တယ္ ဒါေပမယ့္ ဘယ္လိုလုပ္မလဲဗ် ခင္ဗ်ားမွာ အျခားသူကိုေျပာဖို႔ အခြင့္အေရး မရွိေတာ့ဘူး ခင္ဗ်ားရဲ့အဆုံးသတ္ခ်ိန္ ေရာက္ၿပီမို႔ "

" အားးးးးးးး"

နာက်င္မွု ကၽြန္ေတာ့္ဝမ္းဗိုက္တြင္းကလား
စိုရႊဲေနတဲ့ခံစားခ်က္ကေရာ ကၽြန္ေတာ့္ကိုယ္ကထြက္တဲ့ေသြးစက္ေတြလား
ကၽြန္ေတာ္ ကၽြန္ေတာ္ တကယ္အဆုံးသတ္ရေတာ့မွာလား ။
ကၽြန္ေတာ္ ဘာအမွားလုပ္မိလို႔လဲ

" မင္း....မင္း.....ငါ မင္းကို ဘာလုပ္လို႔လဲ ငါ....ငါ..ဘာအျပစ္ရွိလို႔လဲ....."

" အျပစ္ ဟုတ္လား ဟားးးးးဟားးးးး "

ေက်ာခ်မ္းစရာ‌ေကာင္း‌ေသာ ေလွာင္ရီသံကား အခန္းတြင္ ပဲ့တင္ထပ္ေနခဲ့သည္ ။ ရီသံၾကား႐ုံျဖင့္ပင္ ေၾကာက္စရာေကာင္းလြန္းလွသည္ ။

" မင္းအျပစ္က "

ကၽြန္ေတာ့္နားသို႔ ယခင္ကထက္ ပို၍တိုးကပ္လာခဲ့သည္ ။
ေၾကာက္စိတ္ေၾကာင့္ သူ႔အလိုလိုပင္ ေနာက္သို႔ တိုးဆုတ္ေနခဲ့မိသည္ ။
ကၽြန္ေတာ့္အက်ီကို လက္တစ္ဖက္ျဖင့္လွမ္းဆြဲၿပီး သူ႔အနားသို႔ တိုးကပ္လိုက္သည္ ။ ကၽြန္ေတာ့္နား နားသို႔ကပ္၍

" ငါ့ အ ႐ုပ္ ေလး နား ရွိ ေန ခဲ့ လို႔  "

စကားတစ္လုံးခ်င္းကို ပီသျဖည္းႏွင္းစြာ ေျပာ၍
ကၽြန္ေတာ့္ဝမ္းဗိုက္တြင္းသို႔ ဓားခ်က္မ်ား အဆက္မျပတ္ ဝင္ေရာက္လာခဲ့သည္ ။
ကၽြန္ေတာ့္အသက္ဇီဝိန္ကို ေႁခြသြားခဲ့သည္ ။

.........................

မ်က္ႏွာတြင္ စင္ေနေသာ ေသြးစက္အခ်ိဳ႕ကို လက္တစ္ဖက္ျဖင့္ ဖိသုတ္လိုက္သည္ ။

" ဟက္ ၿဖိဳးေလးနားက အမွိုက္တစ္ေကာင္ ထပ္ရွင္းလိုက္ရျပန္ၿပီဘဲ "

မဲ့ျပဳံးတစ္ခ်က္ျဖင့္ ေသြးအိုင္ထဲမွလူကို ေက်ာခိုင္းထြက္လာခဲ့သည္ ။
အေပါက္ဝတြင္ ရပ္ေစာင့္ေနေသာ လူတစ္စုကို မ်က္ရိပ္ျပၿပီး ရွင္းခိုင္းလိုက္သည္ ။

သူကေတာ့ ခုနကႏွင့္မတူစြာ လြတ္လပ္မွုအျပည့္ စိတ္ေအးခ်မ္းမွုအျပည့္ျဖင့္ အိမ္ေတာ္အတြင္းမွ ျပန္ထြက္လာခဲ့သည္ ။
မီးေရာင္စုံမ်ားလင္းတဲ့ လမ္းမထက္ ကားနက္ေလးတစ္စီး အရွိန္ျဖင့္ ေမာင္းႏွင္ေနသည္ ။
ကားထဲတြင္ကား အသိစိတ္ကင္းလြတ္ေနေသာ လူတစ္ဦး.......

" ဟားးးဟားးးးးးဟားးးး "

ေလွာင္ရီသံမ်ားကား လမ္းမထက္ပ်ံ႕လြင့္ေနခဲ့သည္ ။
မီးေရာင္ေအာက္ ျဖတ္သြားသည့္အခ်ိန္တိုင္း တစ္ကိုယ္လုံးစိုရႊဲေနေသာ ေသြးတို႔ကို အတိုင္းသား ျမင္ေနရသည္ ။
လွုပ္ရွားမွုေၾကာင့္ ရင္ဘတ္ကဒဏ္ရာကလည္း ေသြးမ်ားျပန္ထြက္လာခဲ့သည္ ။
လမ္းမထက္ ‌မိုးစက္မ်ား က်ဆင္းလာခဲ့သည္ ။

ကားအရွိန္ႏွင့္ တူညီစြာ မိုးမ်ားကလည္း သည္းထန္စြာ ရြာသြန္းေနခဲ့သည္ ။ တစ္ေနရာအေရာက္ လမ္းမီးတိုင္ေအာက္တြင္ ႐ုတ္တရက္ကားရပ္သြားသည္ ။
ကားထဲမွ လူတစ္ဦး ထြက္လာခဲ့သည္ ။

မ်က္ဝန္းထဲတြင္ မိုးစက္မ်ားႏွင့္အၿပိဳင္ ငိုေႂကြးေနခဲ့သည္ ။
ဆုံးရွုံးရမွာေၾကာက္သည့္စိတ္ လုယူသြားမွာစိုးသည့္စိတ္မ်ားက လူကို ထိုးႏွက္ေနခဲ့သည္ ။

" ၿဖိဳးေလး မင္းအတြက္ ကိုယ္အမွိုက္တစ္စ ထပ္ရွင္းလိုက္ၿပီ
မင္း ကိုယ့္စကား နားမေထာင္ရင္ မင္းကိုလည္း ကိုယ္ဘာလုပ္မိမယ္မသိဘူး "

ခပ္ရြဲ႕ရြဲ႕ ရီေမာကာ မိုးစက္မ်ားေအာက္ ဝမ္းနည္းစြာ ငိုေႂကြးေန‌ေသာ လူတစ္ဦး.......
စိတ္လြတ္ေနေသာ အ႐ူးတစ္ေယာက္လို......
သူ႔အား မ်က္ရည္စက္မ်ားႏွင့္ မိုးစက္မ်ားက အေဖာ္ျပဳေပးေနသည္ ။

..............................

ညက ေစာအိပ္လို႔ထင္ မနက္အေစာႀကီး နိုးေနေသာေၾကာင့္ လမ္းေလၽွာက္ရန္ ၿခံဝင္းထဲသို႔ဆင္းလာခဲ့သည္ ။
ၿခံဝင္းထဲ ေျခခ်မည့္ဆဲဆဲ ကိုခြန္းစစ္ကားသံၾကားေသာေၾကာင့္ သြားႀကိဳမည္အျပဳ
ေျခလွမ္းမ်ားကား ဆြဲထားသလို ေသေနသလို ရပ္တန႔္သြားရသည္ ။

တစ္ကိုယ္လုံးမိုးေရမ်ားစိုရႊဲကာ ျဖဴေဖ်ာ့ေနေသာ ကိုခြန္းစစ္ရဲ့ အသြင္
ရွပ္အက်ီအျဖဴေပၚတြင္ ေသြးစက္မ်ားက အတိုင္းသား
ကၽြန္ေတာ့္ႏွလုံးသား နာက်င္ရသည္ ။
ကိုခြန္းစစ္ကို ဤသို႔ မျမင္ခ်င္ ။
ဘာျဖစ္လာတာလဲ ကိုခြန္းစစ္ကို ဘယ္သူက လုပ္လိုက္တာလဲ
ကားေပၚကဆင္းသည့္ေျခေထာင္မ်ားကပင္ ယိုင္ထိုးေနသည္ကို ကၽြန္ေတာ္ရိပ္မိသည္ ။ ကားတံခါးကို အားျပဳၿပီး ကားေပၚက ဆင္းေနရသည္ ။

ကၽြန္ေတာ္.......ကၽြန္ေတာ္.....ကိုခြန္းစစ္ဆီ သြားသင့္သလား
ကိုခြန္းစစ္....ကိုခြန္းစစ္ကို......

ေတြးေနေသာအေတြးမ်ားသည္ ကိုခြန္းစစ္က ကၽြန္ေတာ့္ဘက္ လွမ္းၾကည့္လိုက္ေသာ အၾကည့္တစ္ခ်က္ေၾကာင့္ ေပ်ာက္ရွသြားရသည္ ။
မ်က္ႏွာထက္ က်ဆင္းလာေသာ မ်က္ရည္စက္မ်ားကို မထိန္းနိုင္ခဲ့ ။ မ်က္ရည္မ်ားက ေယာက်ာ္းတန္မဲ့ အဘယ္ေၾကာင့္ အတားအဆီးမရွိ က်ဆင္းေနရပါသနည္း ။

ကိုခြန္းစစ္ကို ကၽြန္ေတာ္ခ်စ္သည္ သို႔ထိတိုင္ ေၾကာက္လည္းေၾကာက္သည္ ။
ကိုခြန္းစစ္နားသြားရင္ ကၽြန္ေတာ္ ငိုေႂကြး‌မိမည္မွာ အမွန္
ထိုအခါ ကိုခြန္းစစ္ ပို၍ပင္ စိတ္ဆင္းရဲရလိမ့္မည္ ။
ကိုခြန္းစစ္ကလည္း သူ႔ရဲ့အခုလိုပုံစံကို ကၽြန္ေတာ့္အား ျမင္ေစခ်င္မွာ မဟုတ္သည္ကို ကၽြန္ေတာ္သိသည္ ။

ေျခလွမ္းမ်ားကား အေပၚထပ္ဆီသို႔ ဦးတည္ေနခဲ့သည္ ။
ထို႔ေနာက္ ကၽြန္ေတာ့္အခန္းရွိ ကၽြန္ေတာ့္အိပ္ယာထက္သို႔
အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္ ။

ထိုစဥ္ အခန္းတံခါး ျဖည္းညင္းစြာ ပြင့္လာခဲ့သည္ ။
ကၽြန္ေတာ္ထင္သည့္အတိုင္းပင္ ကိုခြန္းစစ္ ကၽြန္ေတာ့္ကို လာၾကည့္ျခင္း......

" ၿဖိဳးေလးကို ကိုယ္အရမ္းခ်စ္တယ္ အဆုံးရွုံးမခံနိုင္သည္အထိမို႔ ကိုယ့္ကို ဘယ္ေတာ့မွ ထားမသြားပါနဲ႔လား ကိုယ့္ရဲ့အေဝးကို ဘယ္ေတာ့မွ ထြက္မသြားပါနဲ႔လား "

စိုစြတ္မွု ကၽြန္ေတာ့္ပါးျပင္ထက္က ေရေတြက ဘာေတြလဲ
ကိုခြန္းစစ္........ကိုခြန္းစစ္ ငိုေနတာလား.......
ကၽြန္ေတာ့္ေၾကာင့္ ကၽြန္ေတာ့္ေၾကာင့္ ကိုခြန္းစစ္ ငိုေနတာလား
ဟင့္အင္း....မငိုပါနဲ႔ ကၽြန္ေတာ့္အတြက္နဲ႔ ကိုခြန္းစစ္ မငိုပါနဲ႔
ေတာင္းပန္ပါတယ္ မငိုပါနဲ႔.......

အိပ္ခ်င္ေယာင္ေဆာင္ရာမွထ၍ ထိုသို႔ေျပာလိုက္ခ်င္ေသာ္လည္း မေျပာျဖစ္ခဲ့
တစ္စုံတစ္ခုက ကၽြန္ေတာ့္ကိုဆြဲထားသည္ ။
တစ္စုံတစ္ခုက ကၽြန္ေတာ့္ကို တားေနသည္ ။
တုံးစံအတိုင္းပင္ ကၽြန္ေတာ့္ရဲ့နဖူးထက္သို႔ အနမ္းတစ္ပြင့္ေပးရင္ ကိုခြန္းစစ္ ထြက္သြားခဲ့သည္ ။

ကိုခြန္းစစ္ထြက္သြားမွ ထိန္းခ်ဳပ္ထားေသာ မ်က္ရည္မ်ားက ပါးထက္သို႔ စီးဆင္းလာခဲ့သည္ ။
ခ်စ္တယ္ ကၽြန္ေတာ္လည္း ကိုခြန္းစစ္ကိုခ်စ္တယ္
ကၽြန္ေတာ့္အသက္ထက္ကို ပိုခ်စ္တယ္ ။
ကၽြန္ေတာ့္ကို ခ်စ္တဲ့အေၾကာင္းေျပာလိုက္ပါလား
ေႏွာင့္ေႏွးျခင္းမရွိဘဲ ကၽြန္ေတာ္လက္ခံမွာမို႔ ေျပာလိုက္ပါေတာ့လား ကၽြန္ေတာ့္ကိုခ်စ္တယ္ လို႔
ဘာလို႔.....ဘာလို႔ အခုလို ႀကိတ္ၿပီးခံစားေနတာလဲဗ်ာ.......

....................

စိတ္ခ်ပါ ကိုခြန္းစစ္ကလြဲ
ကၽြန္ေတာ္ဘယ္သူ႔ကိုမွ မခ်စ္ဘူး.........
စိတ္ခ်ပါ ကိုခြန္းစစ္နားကေန
ကၽြန္ေတာ္ဘယ္ေတာ့မွ ထြက္မသြားဘူး.........
စိတ္ခ်ပါ ကိုခြန္းစစ္ကလြဲ
ကၽြန္ေတာ့္ျဖစ္တည္မွုဆိုတာ မရွိေတာ့ၿပီ...........

🌹🌹🌹🌹🌹🌹🌹🌹



Continue Reading

You'll Also Like

90.5M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
244K 34K 105
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...