သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Compl...
De Rockeain
131K 6.8K 238
အားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပ... Mais
💓(1)💓
💓(2)💓
💓(3)💓
💓(4)💓
💓(5)💓
💓(6)💓
💓(7)💓
💓(8)💓
💓(9)💓
💓(10)💓
💓(11)💓
💓(12)💓
💓(13)💓
💓(14)💓
💓(15)💓
💓(16)💓
💓(17)💓
💓(18)💓
💓(19)💓
💓(20)💓
💓(21)💓
💓(22)💓ခွင့်လွှတ်ခြင်း💚
💓(23)💓
💓(24)💓
💓(25)💓
💓(26)💓
💓(27)💓
💓(28)💓
💓(29)💓
💓(30)💓
💓(31)💓
💓(32)💓
💓(33)💓
❄🎄(34)🎄❄
❄🎄🍷🎄❄
💓(35)💓
(36)
(37)
(38)
(40)
(41)final
extra 💞
(39)
1.6K 76 2
De Rockeain
အိပ်ပျော်နေတဲ့မင်ထျန်နဲ့ သားဖြစ်သူကို
ကြည့်ပြီး ကွမ်ယောင်နောင်တတွေများစွာရနေခဲ့တယ်။သားဖြစ်သူကို သူဆုံးရှုံးရမှာကြောက်လာမိတယ်..မင်ထျန်ကရော သူ့ကို ခွင့်လွှတ်ပါ့မလား။
ရှဖေးကို သူ့ဘက်က မသတ်ခဲ့ရင်ကောင်းသား။ကျောက်မာန်နဲ့.အားမာန်ပြောတဲ့အတိုင်းသူမလုပ်ခဲ့ဘူးဆိုရင်...ခုနေ အခြေအနေတွေက တမျိုးပြောင်းနေနိုင်တယ် မဟုတ်လား။
သူက အမှန်တော့ အတ္တစိတ်ကို သတ်ပုံမှားပြီးရေးမိသွားတဲ့ စာဖြေသူလိုပဲ..သူ့အတ္တအတွက်ပဲ ကြည့်ခဲ့မိတာ..အဲ့ဒီအတွက် အခုသူကိုယ်တိုင်သတ်ပုံမှားနေရခြင်းမျိုး။
အမှားတွေ..နောင်တတွေဟာ ပြင်ဆင်ချိန်လင့်နေမှ သူဘယ်လိုဆက်လုပ်ရမှာ။
အခိုင်မာဆုံး ဆုံးဖြတ်မှုတစ်ခု သူလုပ်မှရတော့မယ်လေ...မင်ထျန်ရဲ့ခွင့်လွှတ်မှုနဲ့ သူ့ဘက်က ဖမ်းဆီးခံမဲ့အကြောင်းပါ။
'ငါ့ အမှားတွေအတွက်..ဘယ်လိုပြန်ပြီးပေးဆပ်မှ ကျေနိုင်မှာလဲကွာ...'
လက်ထဲက အရက်ခွက်က ငါးခွက်မြောက်နေပြီ..သူ့ရဲ့အမြင်အာရုံတွေထဲ ဝေဝါးလာတော့သည်။ဒီလိုနဲ့သူ့ခြေလှမ်းတွေက..
ဒါနဲ့ပဲ မင်ထျန်နဲ့ကလေးရှိရာကုတင်ဘေး
ရောက်လာတဲ့ ကွမ်ယောင်..
ကိုယ်က အထီးကျန်မှုတွေနဲ့မို့ ခုချိန်မှာ
သူ့ဘေးနားရှိနေတဲ့ မင်ထျန်နဲ့ကလေးကိုပွေ့ဖက်ထားချင်တာ သူ့ဆန္ဒပဲ။
အိပ်ပျော်နေသော မင်ထျန်ကိုယ်လေးကို
နောက်ကနေသိုင်းဖက်လိုက်တဲ့ကွမ်ယောင်ကြောင့် လန့်နိုးလာတဲ့ မင်ထျန်...
''မင်း..ဘာလုပ်တာလဲ.. လွှတ် ငါ့ကိုလွှတ်...''
မင်ဝမ်လေးက အိပ်ပျော်နေတဲ့အတွက်..
အသံကျယ်ကျယ်လဲပြောလို့မရရှာ
ထိုအ​ဖြစ်တွေနဲ့ ဒေါသပုန်ထနေရတဲ့မင်ထျန်...
''ကိုယ်တောင်းပန်ပါတယ်.. မင်ထျန်
ကိုယ့်ကိုခွင့်လွှတ်ပါကွာ..ကိုယ်မင်းကိုအရမ်းလွမ်းနေခဲ့တာ..
မင်းကို ချစ်တယ်...ချစ်တယ် ယုံကြည်ပေးပါ။ ''
မင်ထျန်ရဲ့လည်ဂုတ်သားတွေကို နမ်းရှိုက်ရင်း... ခါးကလက်တွေက မင်ထျန်ရဲ့အင်ကျီအောက် နေရာပြောင်းလာတဲ့အတွက်..
မင်ထျန်ရဲ့ဒေါသက ငယ်ထိပ်ရောက်လာပါလေရော...
ကုတင်ပေါ်ကနေ.. ကန်ချလိုက်တဲ့မင်ထျန်
ကြောင့် အမူးသမားကွမ်ယောင်ကတော့
ကြမ်းပြင်ပေါ် ခြေကားယားလက်ကားယားနဲ့အကျနာခဲ့ရပြီ။
''အားယိုး...နာလိုက်တာ..''
မင်ထျန်ကတော့ သူ့သားကိုဖက်ပြီး အနားကလုံးဝခွာမပေး..ကွမ်ယောင်ကိုသူ့ဘက်ကနည်းနည်းလေးမှမျက်နှာသာမပေး..
''နှာဘူးကောင် သေသေ..အဲ့မှာ..''
မျက်စောင်းခဲပြီးမင်ဝမ်လေးကိုချီကာ..
အခန်းလွတ်တခုထဲဝင်သွားတဲ့မင်ထျန်..
''ငါ့နောက်လိုက်မလာနဲ့.. နှာဘူးကောင်။''
ကွမ်ယောင်ကတော့ မျက်နှာကြီးရှုံ့မဲ့စွာနေရာမှာပဲ ကျန်နေခဲ့တော့တယ်။
'ငါစိတ်ရှည်ရမယ်..အချိန်ပေးရမယ် ထင်တာပဲ.. ဟူးးး..မူးတဲ့အမူးလေးတွေတောင်
ဘယ်ဆီရောက်သွားမှန်းမသိဘူး...မင်ထျန်ရာ ငါ့ကို ခုထိလက်မခံနိုင်သေးဘူးလား။'
ဝမ်ရိပေါ်အိမ်ကိုရောက်တာနဲ့ သူ့ရဲ့အားရှန့်နဲ့ ဝမ်ဝမ်လေးကို အရင်ရှာတယ်။
သားဖနှစ်ယောက်ကို တွေ့တော့မှ စိတ်အေးလက်အေး သက်ပျင်းချလျှက်..
''ဟူးးးတော်သေးတာပေါ့..''
''အားရှန့်...သမီးအိပ်သွားပြီလား..''
''အင်း..ဟုတ်တယ်ကော ဝမ်ဝမ်လေးအိပ်သွားပြီ.. ကောရဲ့သမီးက ဒီနေ့လိမ်မ္မာနေတယ်လေ အစောကြီးအိပ်သွားလို့။''
''ချောင်လျန်ကော မျက်နှာလဲမကောင်းပါလား..ဘာဖြစ်လို့လဲ။''
ရိပေါ်ဘေးနားက စိတ်အိုက်နေတဲ့ ချောင်လျန်ရဲ့ပုံစံကို ရှောင်ကျန့်မြင်ပြီး အကဲခတ်
ကာမေးလိုက်လေခြင်းပဲ။
''အားရှန့်..ဒီနေ့ ပြသနာအနည်းငယ် ဖြစ်တယ်။
ရှောင်ပိုင်ကောနဲ့ မင်ဝမ်လေးကို
ပြန်ပေးဆွဲသွားကြလို့..''
''ဘာ...ပြန်ပေးဆွဲတယ်..ဘယ်သူတွေကလည်း ကောရာ။''
''ကွမ်ယောင်... သူနဲ့ ရှောင်ပိုင်ကောနဲ့က အရင်ကပက်သက်မှုရှိခဲ့ကြတယ်။
မင်ဝမ်လေးက ကွမ်ယောင်ရဲ့သားပဲ အားရှန့်။''
မျက်လုံးဝိုင်းလေးတွေနဲ့ရှောင်ကျန့်သူ့ရဲ့နှုတ်မှလည်း ''မယုံနိုင်ခြင်းများစွာပဲ..ကောရာ။''
''ဒီလောက်ဆိုရင် ကွမ်ယောင်က ရှောင်ပိုင်ကောနဲ့မင်ဝမ်လေးကို အန္တာရယ်မပြုနိုင်လောက်ဘူးထင်တယ်။
သူ့ရဲ့သွေးသားနဲ့ချစ်ရသူကိုတော့ သူ့ဘက်က ဘာမှမလုပ်လောက်ပါဘူး။
ချောင်လျန်ကောလဲ စိတ်အေးအေးထား
မကြာခင် ရှောင်ပိုင်ကောနဲ့မင်ဝမ်လေးတို့
ပြန်လာကြလိမ့်မယ် အားရှန့်အတတ်သိတယ်။''
''ကောနဲ့ချောင်လျန်ကောတို့ရေချိုးကြတော့
ပြီးရင် ညစာအတူတူစားကြမယ်..
အားရှန့်စောင့်နေမယ်..ကဲသွားကြတော့။''
ရိပေါ်ကတော့ စစ်ကျွေးကို ဖုန်းဆက်ပြီး
ကွမ်ယောင်ရဲ့တည်နေရာကို လိုက်စုံစမ်းခိုင်းထားတယ်။
အဲ့ဒီနောက်..
ရေချိုးပြီး ညစာအတူတူစားကြတဲ့ သူတို့သုံးယောက်။
ကွမ်ယောင်.. သူလက်မလျှော့ဘူး..
မင်ထျန်ရဲ့အခန်းတံခါးကို ထုရိုက်ပြီး တံခါးဖွင့်ခိုင်းနေပြန်တယ်။
''မင်ထျန်.. ကိုယ့်ကို တံခါးလာဖွင့်ပေးပါကွာ
သားနဲ့မင်းအပေါ် ကိုယ်အမှားတွေ ထပ်မလုပ်ပါဘူး..ကျေးဇူးပြုပြီး တံခါးဖွင့်ပါကွာ။''
အခန်းလေးထဲ သားဖြစ်သူကို သိပ်ပြီး..
မင်ထျန်..တံခါးဖွင့်ပြီး ကွမ်ယောင်နဲ့ ထိပ်တိုက်စားရင်းရှင်းကြပြန်တယ်။
''မင်းဘယ်လောက်ထိ ပြောင်းလဲနိုင်မလဲဆိုတာ ငါ့ဘက်က ကြည့်ရသေးတာပေါ့..ကွမ်ယောင်ရာ။
ဒီမှာ ငါ့ဘဝမှာ မင်းကို ရင်ထဲကအနက်ရှိုင်းဆုံးဆိုတဲ့နေရာကနေ မုန်းတာ...မင်းမြဲမြဲမှတ်သားထား ကွမ်ယောင်..ငါက ဘုရားရှင်ဖန်တီပေးထါးတဲ့ သဘာဝတရားကြီးနဲ့ရှင်သန်နေရပေမဲ့ မင်းလို အတ္တကြီးပြီးနှလုံးသားမမဲ့ဘူး။
ဒါကြောင့် ငါမုန်းတဲ့မင်းရဲ့သွေးသားကိုလောကထဲခြေချခွင့်ပေးမိခဲ့တယ်။
ကလေးက ဘာအပြစ်မှမရှိဘူး..
အပြစ်ရှိတာက မင်းပဲ..ငါ့ဘဝကြီးအမှောင်ဖုံးခဲ့တဲ့နေ့ရက်တွေမှာ ငါဘယ်လိုရှင်သန်ခဲ့ရသလဲဆိုတာ မင်းမသိနိုင်ဘူး။
မင်းကို ငါ ဘယ်သောအခါမှ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး ကွမ်ယောင်။
ဒီတော့ ငါနဲ့သားကို အနေခက်ရအောင်ဆက်မလုပ်ပါနဲ့။
မနက်ဖြန်မှာ ငါ့ကိုပေကျင်း ပြန်ပို့ပေးပါ..
မင်းလူစိတ်ရှိသေးရင်ပေါ့...''
ဘာစကားမှ မပြောနိုင်ပေမဲ့..ကွမ်ယောင်နောက်ဆုံးပြောခဲ့တဲ့စကားကတော့
''သေချာသွားပြီလား မင်ထျန်..ကိုယ့်ကို လုံးဝခွင့်မလွှတ်ဘူးပေါ့ ဟုတ်လား။
ကိုယ် မင်းကို ရှာနေခဲ့တာ ကြာပြီဆိုတာရော မင်းမသိနိုင်ဘူး မင်ထျန်။
ဒီတော့ ချစ်ရတဲ့သူ မုန်းတာခံရမဲ့အတူတူ
ဟော်ဒီမှာ ကိုယ်သတ်သေပြစ်လိုက်မယ်
မင်ထျန်။''
သေနတ်ထဲကို ကျည်တွေ တတောင့်ချင်းဖြည့်နေတဲ့ကွမ်ယောင်ကြောင့်...
''မင်း..မင်း..မင်းဘာလုပ်မလို့လဲ ကွမ်ယောင်''
''ငါသတ်သေမလို့လေ..ကြည့်ထား''
မင်ထျန်သေနတ်ကိုလုယူလိုက်ပြီး ရေထဲပစ်ချလိုက်တော့တယ်။
''အဟက်..ဘာလဲ မင်ထျန် ငါ့ကိုသေဖို့ခွင့်မပေးဘူးလား။''
''ငါ့ပယောဂမကင်းသလို ခံစားရလို့..''
''လိမ်နေတာ...ညာနေတာ မင်ထျန်ရာ
ငါက မင်းရဲ့အကြောင်းတွေအားလုံးကိုသိတယ်။
ဘာလို့လည်းသိလား... မင်းရဲ့မသိစိတ်ထဲက ငါ့ကိုစိုးရိမ်စိတ်ပူနေလို့ပဲ။''
မျက်နှာတွေ နီလာတဲ့မင်ထျန်..''မဟုတ်ဘူး။''
mp Rockeain
Zawgyi
ရောက်လာတဲ့ ကွမ်ယောင်..
''အားယိုး...နာလိုက်တာ..''
''ဟူးးးတော်သေးတာပေါ့..''
ကာမေးလိုက်လေခြင်းပဲ။
အဲ့ဒီနောက်..
မင်ထျန်။''
mp Rockeain
Continue lendo
Você também vai gostar
1.2M 63.3K 50
3K 156 4
Intro ဝမ်ရီပေါ်သည် ပေကျင်းတက္ကုသိုလ် အနုပညာဌာန ဒုတိဃနှစ် ဖြစ်ပြီး system နဲ့ချိတ်ဆက်မိ၍ ဂိမ်းကမ္ဘာသို့ ရောက်သွားသောအခါ *သတိ*Up တာကြာနိုင်သည်။ ဝမ်ရီ​ပေါ...
449K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."