Zawgyi
အားလပ္ရက္ေတြၿပီးသြားေတာ့ သူတို႔ပုံမွန္အတိုင္းပဲ ေက်ာင္းျပန္တက္ၾကရသည္။ရက္ေတာ္ေတာ္ၾကာမွ ေက်ာင္းျပန္တက္ရေသာေၾကာင့္ အမွန္တိုင္းေျပာရရင္ ဘယ္သူမွစာထဲကို စိတ္မပါၾကေသးေပ။ဆရာကအေရွ႕မွာစာသင္ေနတုန္း အေနာက္မွာဖုန္းခိုးသုံးတဲ့သူကသုံး၊အိပ္ငိုက္တဲ့သူကငိုက္ႏွင့္ ကိုယ္စီအလုပ္ရႈပ္ေနၾကသည္။ဆရာကေတာ့ သူတို႔ကိုဘာမွမေျပာေတာ့။ဒီအ႐ြယ္ေတြကေျပာည္းနားေထာင္ၾကမည့္အ႐ြယ္ေတြမဟုတ္ေသာေၾကာင့္ ဒီတိုင္းသာလႊတ္ထားလိုက္ေတာ့သည္။
အဲ့ထဲမွာေသခ်ာေပါက္ေဆာင္းဦးေတာ့မပါ။ေက်ာင္းေရာက္ကတည္းက မ်က္စိကအေရွ႕ white board ဆီမွာသာ ေက်ာက္ခ်ထားသည္လို႔ထင္ရေလာက္ေအာင္ အခုထိနည္းနည္းေလးေတာင္အၾကည့္မလႊဲေသးေပ။ေဘးနားမွာထိုင္ငိုက္ေနေသာ ၿဖိဳးဉာဏ္ကေဆာင္းဦးကိုၾကည့္ၿပီး ပိုအိပ္ငိုက္လာရသည္။စာကဘယ္ေလာက္ေတာင္ စိတ္ဝင္စားဖို႔ေကာင္းေနလို႔ ဒီေကာင္ကေသခ်ာလိုက္ၾကည့္ေနရတာလဲ။
သူ႔ေဘာပင္ကိုယူလိုက္ကာ ေဆာင္းဦးခါးကိုလိုက္ထိုးေနေတာ့ ဟိုကမီးေတာက္ေတာ့မယ့္ မ်က္ဝန္းေတြႏွင့္ၾကည့္လာတာေၾကာင့္ လက္ပင္နည္းနည္းတြန္႔သြားသည္။သြားမၿဖီးသားႏွင့္ရီျပလိုက္ေတာ့ သူ႔ကိုမၾကည့္ဘဲတျခားဘက္ကိုလွည့္သြားသည္။ဒီေကာင္ဒါသူ႔ကိုသက္သက္မဲ့ဂ႐ုမစိုက္တာပဲ။
မေက်မနပ္ႏွင့္ စာေရးေနသည့္ေဆာင္းဦးေဘာပင္ကိုသြားလုေတာ့ ခုနကထက္ေၾကာက္ဖို႔ေကာင္းေသာအၾကည့္ႏွင့္ၾကည့္လာသည္။ခပ္တည္တည္ႏွင့္ျပန္မေပးေတာ့ သက္ျပင္းခ်ကာ ေနာက္ေဘာပင္တစ္ေခ်ာင္းကိုထုတ္ကာ စာဆက္ေရးေနေသာေၾကာင့္ ၿဖိဳးဉာဏ္မ်က္ႏွာကဆူပုတ္သြားျပန္သည္။သူဘယ္ေလာက္ရန္စစစိတ္တိုမည့္ပုံလည္းမေပၚေသာေၾကာင့္ ေဘာပင္ကိုျပန္ခ်လိုက္ကာ ေမွာက္သာအိပ္ေနလိုက္ေတာ့သည္။အဲ့ဒါကအေကာင္းဆုံးပဲမဟုတ္လား။
တစ္နာရီနီးပါးၾကာၿပီးသြားသည့္ေနာက္မွာေတာ့ ပ်င္းစရာေကာင္းသည့္စာသင္ခ်ိန္တစ္ခ်ိန္ကုန္ဆုံးသြားေတာ့သည္။ဆရာထြက္သြားတာႏွင့္တစ္ၿပိဳင္နက္ ခုနကငိုက္ေနသည့္ၿဖိဳးဉာဏ္ရဲ႕မ်က္လုံးေတြက ခ်က္ခ်င္းျပန္ျပဴးလာေတာ့သည္။
"ေဆာင္းဦး cafeteria သြားၾကရေအာင္။လာ ငါဗိုက္ဆာေနၿပီ"
"အင္း အင္း လာပါ့မယ္။ျဖည္းျဖည္းေပါ့"
ၿဖိဳးဉာဏ္ကအတင္းဆြဲေသာေၾကာင့္ သူ႔မွာယက္ကန္ယက္ကန္ႏွင့္ပါသြားရေတာ့သည္။တစ္ေယာက္တည္းလည္းသြားလို႔ရရဲ႕သားနဲ႔ ဘယ္လိုျဖစ္လို႔အတင္းဆြဲေခၚေနရတာလဲ ဒီၿဖိဳးဉာဏ္ေသာ္ဆိုတဲ့ေကာင္ကေတာ့။
ထက္ဘုန္းတို႔သုံးေယာက္ကေတာ့ အတန္းထဲကေနလွစ္ခနဲထြက္သြားတဲ့ႏွစ္ေယာက္ကိုၾကည့္ၿပီး ရယ္သာရယ္ႏိုင္ေတာ့သည္။သူတို႔ cafeteria ကိုေရာက္ေတာ့ ႏွစ္ေယာက္သားက သူတို႔ပန္းကန္ထဲကထမင္းကိုငုံ႔စားေနၾကၿပီျဖစ္သည္။သူတို႔ေဘးမွာဘာထိုင္ေတာ့မွ ေမာ့ၾကည့္လာၾကေတာ့သည္။
"ေရာက္ၿပီလား"
"အင္း မင္းတို႔ေျပးထြက္သြားတာကလည္းျမန္လိုက္တာ"
"ဒီမွာေလ၊ၿဖိဳးဉာဏ္အတင္းဆြဲေခၚသြားတာ။ငါ့မွာေခ်ာ္ေတာင္လဲတယ္"
"ဟုတ္လား။ဘာျဖစ္သြားေသးလဲ"
ထက္ဘုန္းကအလန္႔တၾကားေမးေတာ့ ေဆာင္းဦးကိုေခါင္းကိုတြင္တြင္ခါကာ ျငင္းလာသည္။
"ဘာမွမျဖစ္ပါဘူး။ဒီတိုင္းပဲေခ်ာ္လဲသြားတာ"
"ေတာ္ေသးတာေပါ့"
သူတို႔ႏွစ္ေယာက္စကားေျပာေနတုန္း ေကာင္းထက္ကၾကားထဲကျဖတ္၍ဝင္ေျပာလာသည္။
"ဒါနဲ႔ဒီေန႔ညေနေက်ာင္းဆင္းရင္ စာေမးပြဲ result ထြက္မွာမလား"
"ဟုတ္သားပဲ။ငါေမ့ေနတာ"
"ဒီတစ္ေခါက္လည္းဘယ္သူအမွတ္အမ်ားဆုံးျဖစ္မလဲမသိဘူးေနာ္"
ေစာျမတ္ကေတြးသလိုလိုေျပာလိုက္ေတာ့ ၿဖိဳးဉာဏ္ကသူ႔ပုခုံးကို႐ိုက္ကာ ေျပာလာသည္။
"ေသခ်ာေပါက္ေဆာင္းဦးစက္ဆိုတဲ့ေကာင္ပဲေပါ့။အဲ့ဒီစာဂ်ပိုးေကာင္ကဒီတစ္သက္တစ္ကေနကိုဆင္းမယ့္ပုံမေပၚေတာ့ဘူး"
ေဆာင္းဦးကဆူပုတ္ပုတ္ႏွင့္မ်က္ေမွာင္ႀကဳံ႔ျပလိုက္ေတာ့ ၿဖိဳးဉာဏ္ကလွ်ာထုတ္ကာေျပာင္ျပလာသည္။သူေျပာတာအကုန္အမွန္ေတြပဲကို။
ထက္ဘုန္းထမင္းစားေနရင္းႏွင့္ သူပုခုံးကိုတစ္ေယာက္ေယာက္ကပုတ္လိုက္ေသာေၾကာင့္ ေမာ့ၾကည့္လိုက္သည္။ေဆာင္းဦးကေတာ့ သူ႔ကိုေတြ႕လိုက္ရေသာေၾကာင့္ မ်က္ႏွာလႊဲလိုက္သည္။ဘာလို႔လဲေတာ့မသိေပမယ့္ သူရွင္ေႏွာင္းကိုတကယ္သေဘာမက်။
"အာ ရွင္ေႏွာင္းပါလား"
"ေႏွာင္း ထက္ဘုန္းတို႔နဲ႔အတူတူထိုင္လို႔ရလား။ဒီေန႔ေႏွာင္းသူငယ္ခ်င္းေတြကေက်ာင္းမလာေတာ့ အတူတူထိုင္ဖို႔လူမရွိလို႔"
"ဪ အဲ့လိုဆိုရင္ေတာ့ ရပါတယ္။ထိုင္ေလ"
ရွင္ေႏွာင္းကမသိမသာေဆာင္းဦးကိုၾကည့္လိုက္ေတာ့ ေဆာင္းဦးကဆူပုတ္ပုတ္ႏွင့္ ထက္ဘုန္းနားကိုပို၍တိုးကပ္သြားသည္။ရွင္ေႏွာင္းကထက္ဘုန္းရဲ႕မ်က္ႏွာခ်င္းဆိုမွာထိုင္ၿပီး ထမင္းစားေနရင္းႏွင့္ပင္တစ္ခ်က္တစ္ခ်က္ခိုးၾကည့္ေနသည္။
အဲ့တစ္ေယာက္ကတကယ္ဘာျဖစ္ခ်င္ေနတာလဲ။စိတ္ရႈပ္စရာေကာင္းလိုက္တာ။သူ႔ဘာသာသူေလွ်ာက္ေတြးၿပီး ေဆာင္းဦးထမင္းေတြကိုဇြန္းႏွင့္လိုက္ထိုးေမႊေနေသာေၾကာင့္ ထက္ဘုန္းကသူ႔ကိုလွည့္ၾကည့္လာသည္။ေခါင္းကိုပုတ္ကာလွမ္းေခၚလိုက္ေတာ့ သူ႔ကိုမ်က္လုံးဝိုင္းဝိုင္းေလးႏွင့္ၾကည့္လာျပန္သည္။သူ႔ႏွာေခါင္းေလးကိုညႇစ္လိုက္ကာ ထက္ဘုန္းေမးလိုက္သည္။
"ဘာလို႔ထမင္းမစားဘဲေလွ်ာက္ေမႊေနရတာလဲ ေဆာင္းဦးရဲ႕"
"ဟင့္အင္း ဘာမွမျဖစ္ပါဘူး။ဒီတိုင္းပဲ၊ဗိုက္ျပည့္သြားလို႔"
"အယ္ ဘာမွေတာင္မေလ်ာ့ေသးဘဲနဲ႔။နည္းနည္းေလာက္ေတာ့ကုန္ေအာင္စားလိုက္ေလ။မဟုတ္ရင္စာသင္ေနတုန္းဗိုက္ဆာေနဦးမယ္"
"အင္း အင္း စားလိုက္မယ္"
"ကိုယ့္ကိုတစ္ခုခုစိတ္ဆိုးေနတာလားဟင္"
"အာ မ....မဟုတ္ပါဘူး။ကြၽန္ေတာ္ကကိုထက္ကိုဘာလို႔စိတ္ဆိုးရမွာလဲ။တကယ္ေျပာတာ"
"မသိပါဘူး။အသံကစိတ္ဆိုးတဲ့ေလသံေပါက္ေနေတာ့ ကိုယ္မ်ားအမွားတစ္ခုခုလုပ္မိလို႔လားလို႔"
"အဲ့ဒါက ဟို ဒီတိုင္းပဲ။စိတ္ထဲမထားနဲ႔ေတာ့ေနာ္။ကြၽန္ေတာ္တကယ္အဆင္ေျပတယ္"
ေဆာင္းဦးသူ႔ထမင္းသူရွက္ရွက္ႏွင့္သာငုံ႔စားေနမိေတာ့သည္။အား သူဘယ္လိုေတာင္စိတ္လြတ္သြားရတာလဲ။႐ူးေတာ့မွာပဲ ၾကာရင္။
ထမင္းစားေနရင္းႏွင့္ပင္ ရွင္ေႏွာင္း ထက္ဘုန္းကိုအကဲခတ္ေနမိသည္။ထက္ဘုန္းကအဲ့လိုေၾကာင္ေတာင္ေတာင္ေကာင္ကို ႀကိဳက္ေနတာေတာ့မဟုတ္ဘူးမလား။ႀကိဳက္ရင္ေတာင္ စိတ္ကစား႐ုံကလြဲၿပီး ဘာမွျဖစ္ႏိုင္မွာမဟုတ္ဘူး။ဘာလို႔လဲဆိုေတာ့ ထက္ဘုန္းကေဆာင္းဦးစက္လိုပုံစံမ်ိဳးကို စိတ္မွမဝင္စားတာ။သူ႔ဘာသာသူေလွ်ာက္ေတြးရင္း ရွင္ေႏွာင္းသေဘာတက်ရီလိုက္မိသည္။အကုန္လုံးက သူ႔ကိုဂ႐ုမစိုက္ေသာေၾကာင့္ သူရီတာကိုမေတြ႕လိုက္ၾကေပ။
♤♤♤♤♤♤♤♤♤♤
ညေနေက်ာင္းဆင္းေတာ့ notice board နားမွာလူေတြပုံေနၾကသည္။သူတို႔ရဲ႕အမွတ္ေတြၾကည့္ရဦးမယ္မဟုတ္လား။ေဆာင္းဦးကေတာ့သူ႔ရင္ဘတ္ကိုသူကိုင္ကာ စိတ္ၿငိမ္ေအာင္ႀကိဳးစားေနသည္။သူေကာင္းေကာင္းေျဖခဲ့ေပမယ့္လည္း စိတ္ပူတတ္တဲ့အက်င့္ကိုေတာ့ အခုထိေဖ်ာက္လို႔မရေပ။
"ေဆာင္းဦး ဒီမွာပဲေနခဲ့ေနာ္။ကိုယ္သြားၾကည့္ေပးမယ္"
"ဟုတ္ ျမန္ျမန္သြားၾကည့္ေပးေနာ္ ကိုထက္"
ထက္ဘုန္းသူ႔ကိုေခါင္းညိမ့္ျပလိုက္ကာ notice board နားကိုေျပးသြားလိုက္သည္။လူေတြကအရမ္းမ်ားေနေသာေၾကာင့္ မနည္းတိုး၍ၾကည့္ေနရသည္။Notice board ေရွ႕ေရာက္ေတာ့ ထက္ဘုန္းအရင္ဆုံးၾကည့္လိုက္တာက ထိပ္ဆုံးနားကို။သူတို႔ထင္သည့္အတိုင္းပင္ ေဆာင္းဦးကအမွတ္အမ်ားဆုံးေနရာကမဆင္းေသးေပ။
သူကေတာ့အရင္ကထက္စာရင္ အမွတ္နည္းသြားေပမယ့္ ဂ႐ုမစိုက္။စာကသူ႔ရဲ႕ဘဝမွမဟုတ္တာ။အမွတ္နည္းရင္ေတာင္ သူကထိုင္ငိုေနမည့္သူမဟုတ္။သူေဆာင္းဦးနားကိုျပန္သြားလိုက္ေတာ့ စိတ္လႈပ္ရွားေနသည့္မ်က္ဝန္းေလးေတြႏွင့္ သူ႔ဆီကအေျဖကိုေစာင့္ေနရွာသည္။
"ကိုထက္ ဘယ္လိုလဲဟင္။ကြၽန္ေတာ္ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္မလား"
"အင္း ေဆာင္းဦးဘယ္လိုထင္လဲ"
"ကြၽန္ေတာ္ေသခ်ာေတာ့ေျဖခဲ့တာပဲ။ဘာလို႔လဲဟင္။ေတာ္ေတာ္ဆိုးလို႔လား"
"အာ ဘယ္ကသာဆိုးရမွာလဲ။အရင္အတိုင္းပဲ ဘယ္ေလာက္မွမက်သြားဘူး"
"တကယ္ေျပာတာလား"
"တကယ္ေပါ့။ကိုယ္ကလိမ္မလား"
"ဟူး ေတာ္ေသးတာေပါ့။ေသခ်ာလုပ္ႏိုင္ခဲ့လို႔"
"အဲ့ေလာက္ႀကီးစိတ္မပူပါနဲ႔။ဒီေက်ာင္းမွာ ေဆာင္းဦးထက္ေတာ္တဲ့သူလည္းမရွိေတာ့ဘူး သိလား"
ထိုသို႔ေျပာကာ ေခါင္းကိုေခါက္လိုက္ေတာ့ သူ႔ကိုသြားအၿဖီးသားေလးႏွင့္ၾကည့္လာသည္။ၿဖိဳးဉာဏ္ကေဆာင္းဦးလက္ေမာင္းကိုသြားဆြဲကာ သူ႔ဆံပင္ေတြႏွင့္လိုက္ပြတ္သပ္ေနသည္။
"ေဆာင္းဦး မင္းငါတို႔ကိုကတိေပးထားတယ္ေနာ္။ဒီတစ္ေခါက္လည္းအမွတ္အမ်ားဆုံးရရင္မုန္႔ဝယ္ေကြၽးမယ္လို႔"
"သိပါတယ္။ပိတ္ရက္က်ရင္မုန္႔လိုက္ေကြၽးမယ္။အခုဆံပင္ႀကီးနဲ႔အတင္းလိုက္ပြတ္မေနနဲ႔။ယားတယ္ကြ"
"ဟဲဟဲ တကယ္လိုက္ေကြၽးရမွာေနာ္။ငါစားခ်င္တာအကုန္လုံးေနာ္"
"အင္း တကယ္ေျပာတာ။အခုမင္းေခါင္းႀကီးကိုဖယ္လိုက္ေတာ့"
"ေအးပါ ဖယ္ၿပီ။မင္းကလည္း။အယ္ ငါတို႔ဒီမွာရပ္ေနတာေတာင္ၾကာသြားၿပီပဲ။ျပန္ရေအာင္ေလ"
"ဟုတ္သား ဒီမွာရပ္ေနတာၾကာေနၿပီ။ကိုထက္ အဲ့ဒါဆိုကြၽန္ေတာ္တို႔ျပန္ေတာ့မယ္ေနာ္"
"ဟုတ္ၿပီ ေကာင္းေကာင္းသြားေနာ္"
"ဟုတ္၊လာ ၿဖိဳးဉာဏ္ သြားၾကရေအာင္"
ထက္ဘုန္းတို႔သုံးေယာက္စလုံးကိုႏႈတ္ဆက္ၿပီးေတာ့မွ ေဆာင္းဦးကၿဖိဳးဉာဏ္လက္ကိုဆြဲကာ ကားနားသို႔ေျပးထြက္သြားေတာ့သည္။
♤♤♤♤♤♤♤♤♤♤
Unicode
အားလပ်ရက်တွေပြီးသွားတော့ သူတို့ပုံမှန်အတိုင်းပဲ ကျောင်းပြန်တက်ကြရသည်။ရက်တော်တော်ကြာမှ ကျောင်းပြန်တက်ရသောကြောင့် အမှန်တိုင်းပြောရရင် ဘယ်သူမှစာထဲကို စိတ်မပါကြသေးပေ။ဆရာကအရှေ့မှာစာသင်နေတုန်း အနောက်မှာဖုန်းခိုးသုံးတဲ့သူကသုံး၊အိပ်ငိုက်တဲ့သူကငိုက်နှင့် ကိုယ်စီအလုပ်ရှုပ်နေကြသည်။ဆရာကတော့ သူတို့ကိုဘာမှမပြောတော့။ဒီအရွယ်တွေကပြောည်းနားထောင်ကြမည့်အရွယ်တွေမဟုတ်သောကြောင့် ဒီတိုင်းသာလွှတ်ထားလိုက်တော့သည်။
အဲ့ထဲမှာသေချာပေါက်ဆောင်းဦးတော့မပါ။ကျောင်းရောက်ကတည်းက မျက်စိကအရှေ့ white board ဆီမှာသာ ကျောက်ချထားသည်လို့ထင်ရလောက်အောင် အခုထိနည်းနည်းလေးတောင်အကြည့်မလွှဲသေးပေ။ဘေးနားမှာထိုင်ငိုက်နေသော ဖြိုးဉာဏ်ကဆောင်းဦးကိုကြည့်ပြီး ပိုအိပ်ငိုက်လာရသည်။စာကဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းနေလို့ ဒီကောင်ကသေချာလိုက်ကြည့်နေရတာလဲ။
သူ့ဘောပင်ကိုယူလိုက်ကာ ဆောင်းဦးခါးကိုလိုက်ထိုးနေတော့ ဟိုကမီးတောက်တော့မယ့် မျက်ဝန်းတွေနှင့်ကြည့်လာတာကြောင့် လက်ပင်နည်းနည်းတွန့်သွားသည်။သွားမဖြီးသားနှင့်ရီပြလိုက်တော့ သူ့ကိုမကြည့်ဘဲတခြားဘက်ကိုလှည့်သွားသည်။ဒီကောင်ဒါသူ့ကိုသက်သက်မဲ့ဂရုမစိုက်တာပဲ။
မကျေမနပ်နှင့် စာရေးနေသည့်ဆောင်းဦးဘောပင်ကိုသွားလုတော့ ခုနကထက်ကြောက်ဖို့ကောင်းသောအကြည့်နှင့်ကြည့်လာသည်။ခပ်တည်တည်နှင့်ပြန်မပေးတော့ သက်ပြင်းချကာ နောက်ဘောပင်တစ်ချောင်းကိုထုတ်ကာ စာဆက်ရေးနေသောကြောင့် ဖြိုးဉာဏ်မျက်နှာကဆူပုတ်သွားပြန်သည်။သူဘယ်လောက်ရန်စစစိတ်တိုမည့်ပုံလည်းမပေါ်သောကြောင့် ဘောပင်ကိုပြန်ချလိုက်ကာ မှောက်သာအိပ်နေလိုက်တော့သည်။အဲ့ဒါကအကောင်းဆုံးပဲမဟုတ်လား။
တစ်နာရီနီးပါးကြာပြီးသွားသည့်နောက်မှာတော့ ပျင်းစရာကောင်းသည့်စာသင်ချိန်တစ်ချိန်ကုန်ဆုံးသွားတော့သည်။ဆရာထွက်သွားတာနှင့်တစ်ပြိုင်နက် ခုနကငိုက်နေသည့်ဖြိုးဉာဏ်ရဲ့မျက်လုံးတွေက ချက်ချင်းပြန်ပြူးလာတော့သည်။
"ဆောင်းဦး cafeteria သွားကြရအောင်။လာ ငါဗိုက်ဆာနေပြီ"
"အင်း အင်း လာပါ့မယ်။ဖြည်းဖြည်းပေါ့"
ဖြိုးဉာဏ်ကအတင်းဆွဲသောကြောင့် သူ့မှာယက်ကန်ယက်ကန်နှင့်ပါသွားရတော့သည်။တစ်ယောက်တည်းလည်းသွားလို့ရရဲ့သားနဲ့ ဘယ်လိုဖြစ်လို့အတင်းဆွဲခေါ်နေရတာလဲ ဒီဖြိုးဉာဏ်သော်ဆိုတဲ့ကောင်ကတော့။
ထက်ဘုန်းတို့သုံးယောက်ကတော့ အတန်းထဲကနေလှစ်ခနဲထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီး ရယ်သာရယ်နိုင်တော့သည်။သူတို့ cafeteria ကိုရောက်တော့ နှစ်ယောက်သားက သူတို့ပန်းကန်ထဲကထမင်းကိုငုံ့စားနေကြပြီဖြစ်သည်။သူတို့ဘေးမှာဘာထိုင်တော့မှ မော့ကြည့်လာကြတော့သည်။
"ရောက်ပြီလား"
"အင်း မင်းတို့ပြေးထွက်သွားတာကလည်းမြန်လိုက်တာ"
"ဒီမှာလေ၊ဖြိုးဉာဏ်အတင်းဆွဲခေါ်သွားတာ။ငါ့မှာချော်တောင်လဲတယ်"
"ဟုတ်လား။ဘာဖြစ်သွားသေးလဲ"
ထက်ဘုန်းကအလန့်တကြားမေးတော့ ဆောင်းဦးကိုခေါင်းကိုတွင်တွင်ခါကာ ငြင်းလာသည်။
"ဘာမှမဖြစ်ပါဘူး။ဒီတိုင်းပဲချော်လဲသွားတာ"
"တော်သေးတာပေါ့"
သူတို့နှစ်ယောက်စကားပြောနေတုန်း ကောင်းထက်ကကြားထဲကဖြတ်၍ဝင်ပြောလာသည်။
"ဒါနဲ့ဒီနေ့ညနေကျောင်းဆင်းရင် စာမေးပွဲ result ထွက်မှာမလား"
"ဟုတ်သားပဲ။ငါမေ့နေတာ"
"ဒီတစ်ခေါက်လည်းဘယ်သူအမှတ်အများဆုံးဖြစ်မလဲမသိဘူးနော်"
စောမြတ်ကတွေးသလိုလိုပြောလိုက်တော့ ဖြိုးဉာဏ်ကသူ့ပုခုံးကိုရိုက်ကာ ပြောလာသည်။
"သေချာပေါက်ဆောင်းဦးစက်ဆိုတဲ့ကောင်ပဲပေါ့။အဲ့ဒီစာဂျပိုးကောင်ကဒီတစ်သက်တစ်ကနေကိုဆင်းမယ့်ပုံမပေါ်တော့ဘူး"
ဆောင်းဦးကဆူပုတ်ပုတ်နှင့်မျက်မှောင်ကြုံ့ပြလိုက်တော့ ဖြိုးဉာဏ်ကလျှာထုတ်ကာပြောင်ပြလာသည်။သူပြောတာအကုန်အမှန်တွေပဲကို။
ထက်ဘုန်းထမင်းစားနေရင်းနှင့် သူပုခုံးကိုတစ်ယောက်ယောက်ကပုတ်လိုက်သောကြောင့် မော့ကြည့်လိုက်သည်။ဆောင်းဦးကတော့ သူ့ကိုတွေ့လိုက်ရသောကြောင့် မျက်နှာလွှဲလိုက်သည်။ဘာလို့လဲတော့မသိပေမယ့် သူရှင်နှောင်းကိုတကယ်သဘောမကျ။
"အာ ရှင်နှောင်းပါလား"
"နှောင်း ထက်ဘုန်းတို့နဲ့အတူတူထိုင်လို့ရလား။ဒီနေ့နှောင်းသူငယ်ချင်းတွေကကျောင်းမလာတော့ အတူတူထိုင်ဖို့လူမရှိလို့"
"ဪ အဲ့လိုဆိုရင်တော့ ရပါတယ်။ထိုင်လေ"
ရှင်နှောင်းကမသိမသာဆောင်းဦးကိုကြည့်လိုက်တော့ ဆောင်းဦးကဆူပုတ်ပုတ်နှင့် ထက်ဘုန်းနားကိုပို၍တိုးကပ်သွားသည်။ရှင်နှောင်းကထက်ဘုန်းရဲ့မျက်နှာချင်းဆိုမှာထိုင်ပြီး ထမင်းစားနေရင်းနှင့်ပင်တစ်ချက်တစ်ချက်ခိုးကြည့်နေသည်။
အဲ့တစ်ယောက်ကတကယ်ဘာဖြစ်ချင်နေတာလဲ။စိတ်ရှုပ်စရာကောင်းလိုက်တာ။သူ့ဘာသာသူလျှောက်တွေးပြီး ဆောင်းဦးထမင်းတွေကိုဇွန်းနှင့်လိုက်ထိုးမွှေနေသောကြောင့် ထက်ဘုန်းကသူ့ကိုလှည့်ကြည့်လာသည်။ခေါင်းကိုပုတ်ကာလှမ်းခေါ်လိုက်တော့ သူ့ကိုမျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်လာပြန်သည်။သူ့နှာခေါင်းလေးကိုညှစ်လိုက်ကာ ထက်ဘုန်းမေးလိုက်သည်။
"ဘာလို့ထမင်းမစားဘဲလျှောက်မွှေနေရတာလဲ ဆောင်းဦးရဲ့"
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး။ဒီတိုင်းပဲ၊ဗိုက်ပြည့်သွားလို့"
"အယ် ဘာမှတောင်မလျော့သေးဘဲနဲ့။နည်းနည်းလောက်တော့ကုန်အောင်စားလိုက်လေ။မဟုတ်ရင်စာသင်နေတုန်းဗိုက်ဆာနေဦးမယ်"
"အင်း အင်း စားလိုက်မယ်"
"ကိုယ့်ကိုတစ်ခုခုစိတ်ဆိုးနေတာလားဟင်"
"အာ မ....မဟုတ်ပါဘူး။ကျွန်တော်ကကိုထက်ကိုဘာလို့စိတ်ဆိုးရမှာလဲ။တကယ်ပြောတာ"
"မသိပါဘူး။အသံကစိတ်ဆိုးတဲ့လေသံပေါက်နေတော့ ကိုယ်များအမှားတစ်ခုခုလုပ်မိလို့လားလို့"
"အဲ့ဒါက ဟို ဒီတိုင်းပဲ။စိတ်ထဲမထားနဲ့တော့နော်။ကျွန်တော်တကယ်အဆင်ပြေတယ်"
ဆောင်းဦးသူ့ထမင်းသူရှက်ရှက်နှင့်သာငုံ့စားနေမိတော့သည်။အား သူဘယ်လိုတောင်စိတ်လွတ်သွားရတာလဲ။ရူးတော့မှာပဲ ကြာရင်။
ထမင်းစားနေရင်းနှင့်ပင် ရှင်နှောင်း ထက်ဘုန်းကိုအကဲခတ်နေမိသည်။ထက်ဘုန်းကအဲ့လိုကြောင်တောင်တောင်ကောင်ကို ကြိုက်နေတာတော့မဟုတ်ဘူးမလား။ကြိုက်ရင်တောင် စိတ်ကစားရုံကလွဲပြီး ဘာမှဖြစ်နိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ထက်ဘုန်းကဆောင်းဦးစက်လိုပုံစံမျိုးကို စိတ်မှမဝင်စားတာ။သူ့ဘာသာသူလျှောက်တွေးရင်း ရှင်နှောင်းသဘောတကျရီလိုက်မိသည်။အကုန်လုံးက သူ့ကိုဂရုမစိုက်သောကြောင့် သူရီတာကိုမတွေ့လိုက်ကြပေ။
♤♤♤♤♤♤♤♤♤♤
ညနေကျောင်းဆင်းတော့ notice board နားမှာလူတွေပုံနေကြသည်။သူတို့ရဲ့အမှတ်တွေကြည့်ရဦးမယ်မဟုတ်လား။ဆောင်းဦးကတော့သူ့ရင်ဘတ်ကိုသူကိုင်ကာ စိတ်ငြိမ်အောင်ကြိုးစားနေသည်။သူကောင်းကောင်းဖြေခဲ့ပေမယ့်လည်း စိတ်ပူတတ်တဲ့အကျင့်ကိုတော့ အခုထိဖျောက်လို့မရပေ။
"ဆောင်းဦး ဒီမှာပဲနေခဲ့နော်။ကိုယ်သွားကြည့်ပေးမယ်"
"ဟုတ် မြန်မြန်သွားကြည့်ပေးနော် ကိုထက်"
ထက်ဘုန်းသူ့ကိုခေါင်းညိမ့်ပြလိုက်ကာ notice board နားကိုပြေးသွားလိုက်သည်။လူတွေကအရမ်းများနေသောကြောင့် မနည်းတိုး၍ကြည့်နေရသည်။Notice board ရှေ့ရောက်တော့ ထက်ဘုန်းအရင်ဆုံးကြည့်လိုက်တာက ထိပ်ဆုံးနားကို။သူတို့ထင်သည့်အတိုင်းပင် ဆောင်းဦးကအမှတ်အများဆုံးနေရာကမဆင်းသေးပေ။
သူကတော့အရင်ကထက်စာရင် အမှတ်နည်းသွားပေမယ့် ဂရုမစိုက်။စာကသူ့ရဲ့ဘဝမှမဟုတ်တာ။အမှတ်နည်းရင်တောင် သူကထိုင်ငိုနေမည့်သူမဟုတ်။သူဆောင်းဦးနားကိုပြန်သွားလိုက်တော့ စိတ်လှုပ်ရှားနေသည့်မျက်ဝန်းလေးတွေနှင့် သူ့ဆီကအဖြေကိုစောင့်နေရှာသည်။
"ကိုထက် ဘယ်လိုလဲဟင်။ကျွန်တော်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်မလား"
"အင်း ဆောင်းဦးဘယ်လိုထင်လဲ"
"ကျွန်တော်သေချာတော့ဖြေခဲ့တာပဲ။ဘာလို့လဲဟင်။တော်တော်ဆိုးလို့လား"
"အာ ဘယ်ကသာဆိုးရမှာလဲ။အရင်အတိုင်းပဲ ဘယ်လောက်မှမကျသွားဘူး"
"တကယ်ပြောတာလား"
"တကယ်ပေါ့။ကိုယ်ကလိမ်မလား"
"ဟူး တော်သေးတာပေါ့။သေချာလုပ်နိုင်ခဲ့လို့"
"အဲ့လောက်ကြီးစိတ်မပူပါနဲ့။ဒီကျောင်းမှာ ဆောင်းဦးထက်တော်တဲ့သူလည်းမရှိတော့ဘူး သိလား"
ထိုသို့ပြောကာ ခေါင်းကိုခေါက်လိုက်တော့ သူ့ကိုသွားအဖြီးသားလေးနှင့်ကြည့်လာသည်။ဖြိုးဉာဏ်ကဆောင်းဦးလက်မောင်းကိုသွားဆွဲကာ သူ့ဆံပင်တွေနှင့်လိုက်ပွတ်သပ်နေသည်။
"ဆောင်းဦး မင်းငါတို့ကိုကတိပေးထားတယ်နော်။ဒီတစ်ခေါက်လည်းအမှတ်အများဆုံးရရင်မုန့်ဝယ်ကျွေးမယ်လို့"
"သိပါတယ်။ပိတ်ရက်ကျရင်မုန့်လိုက်ကျွေးမယ်။အခုဆံပင်ကြီးနဲ့အတင်းလိုက်ပွတ်မနေနဲ့။ယားတယ်ကွ"
"ဟဲဟဲ တကယ်လိုက်ကျွေးရမှာနော်။ငါစားချင်တာအကုန်လုံးနော်"
"အင်း တကယ်ပြောတာ။အခုမင်းခေါင်းကြီးကိုဖယ်လိုက်တော့"
"အေးပါ ဖယ်ပြီ။မင်းကလည်း။အယ် ငါတို့ဒီမှာရပ်နေတာတောင်ကြာသွားပြီပဲ။ပြန်ရအောင်လေ"
"ဟုတ်သား ဒီမှာရပ်နေတာကြာနေပြီ။ကိုထက် အဲ့ဒါဆိုကျွန်တော်တို့ပြန်တော့မယ်နော်"
"ဟုတ်ပြီ ကောင်းကောင်းသွားနော်"
"ဟုတ်၊လာ ဖြိုးဉာဏ် သွားကြရအောင်"
ထက်ဘုန်းတို့သုံးယောက်စလုံးကိုနှုတ်ဆက်ပြီးတော့မှ ဆောင်းဦးကဖြိုးဉာဏ်လက်ကိုဆွဲကာ ကားနားသို့ပြေးထွက်သွားတော့သည်။
♤♤♤♤♤♤♤♤♤♤