အပိုင်း(၄၀)
မင်းနဲအတူ အဝေးဆုံးဆီသို့
လွန်းငယ် မျက်လုံးစုံမှိတ်ကာ ဆုံးဖြတ်ချက်ချ၍ လက်နှစ်ဖက်အား အားဖြင့် ဆောင့်ရုန်းလိုက်သည်။ နှစ်ဖက်လုံး လွတ်သွားသောအခါ လွန်းငယ် ကိုကို့အား မျက်နှာချင်းဆိုင် ကြည့်လိုက်၏။
"ကိုကို လွန်းငယ် ဒီမှာခဏနေဦးမယ်"
"လွန်းငယ်"
ကိုကို့အော်သံကြောင့် ပေါက်စီလေး ခန္ဓာကိုယ် တုန်ယင်သွားသည်ကို လွန်းငယ် သတိထားမိလိုက်သည်။
"ကိုကို ကလေးလန့်နေပြီ"
"ငယ် ဒီမလာခင် ကိုကို့ကို ဘယ်လိုကတိပေးခဲ့လဲ...အခုမှ ငယ်က ကတိဖျက်ချင်တာလား...အဲဒီကောင်က ငယ့်အတွက် အရမ်းအရေးပါနေတာလား"
"ကိုကို...ငယ် ကိုကိုနဲ့ ပြန်မလိုက်ဘူးလို့ မပြောဘူး...ငယ် ဒီမှာ ခဏနေဦးမယ်ပဲပြောတာ"
"ခဏလည်း မရဘူး ငယ်...ကိုကိုနဲ့ အခုပြန်လိုက်ခဲ့တော့"
ငယ့်လက်အား ပြန်ဆွဲလိုက်တော့ ငယ်က သူ့လက်အား အတင်းဆောင့်ရုန်းလေသည်။
"ကိုကို ဘာဖြစ်နေတာလဲ...ငယ် အခုမသွားဘူးပြောနေတယ်လေ...ငယ့် ဆန္ဒမပါရင် ကိုကိုဘာမှလုပ်မရဘူး"
စေထားရာ ဒေါသကြောင့်မျက်ဝန်းများနီရဲလာကာ အံတင်းတင်းကြိတ်လိုက်မိသည်။
"ကိုကို ကောင်းကောင်းခေါ်နေတုန်း ပြန်မလိုက်တာအတွက် နောက်ကျ ငယ် နောင်တရလိမ့်မယ်"
စေထားရာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုအခန်းထဲမှ ထွက်သွားတော့သည်။
"လွန်းငယ် သူ အရမ်းစိတ်တိုသွားတယ်"
"အခု သွေးပူနေတုန်းမို့ပါ...နည်းနည်းသွေးအေးချိန်လောက်ကျ ငါ ကိုကိုနားလည်အောင် သွားရှင်းပြလိုက်မယ်...မင်း အခြေအနေစိတ်ချရပြီဆိုရင် ငါကိုကိုနဲ့လိုက်သွားလိုက်မယ်...ကိုကို ခွဲစိတ်နေချိန်မှာတော့ ငါကိုကို့နားရှိနေချင်တယ်...အားလုံးအဆင်ပြေသွားပြီဆိုရင် ငါပြန်လာခဲ့ပါ့မယ်"
ခွန်းသုရှင် လွန်းငယ်အား ပြုံးပြကာ လက်အား အားပေးသည့်အနေဖြင့် ဆုပ်ကိုင်လိုက်သည်။
"မောင်နားလည်ပါတယ်...မောင် စောင့်နိုင်တာမို့ သူသက်သာတဲ့အထိ ဘေးနားနေပေးလိုက်နော်"
"အင်း"
လွန်းငယ် အားယူကာ ပြန်၍ ပြုံးပြလိုက်သည်။
"အိပ်တော့လေ မိုးချုပ်နေပြီ...ငါ ပေါက်စီလေး ပြန်အိပ်ပျော်အောင် သွားသိပ်လိုက်ဦးမယ်"
"အင်း"
လွန်းငယ် မောင်၏ သူ့အားဆွဲကိုင်ထားသောလက်အားဖြုတ်ကာ ကုတင်ပေါ်တင်ပေးလိုက်သည်။
ပေါက်စီလေးရှိရာသွား၍ ကလေးအား ပြန်၍အိပ်ပျော်စေရန် ဘေးနားနေကာ ချော့သိပ်ပေးလိုက်သည်။
တခဏအကြာ ကလေးငယ်အိပ်ပျော်သွားသည်။ ကုတင်ပေါ်ရှိလူအား ကြည့်လိုက်တော့ ပြန်၍ အိပ်ပျော်သွားလေပြီ။
လွန်းငယ် တိတ်ဆိတ်သွားသောအခန်းထဲတွင် တစ်ယောက်တည်းထိုင်နေမိသည်။
သူ့အတွက် ဒီညသည် သေချာပေါက် အိပ်ပျော်ရန်ခက်ခဲသော ညတစ်ညဖြစ်လာလေသည်။
ညတာက
ရှည်လျားလွန်းတယ်လို့
လူတွေဟာ
ညည်းညူကြတယ်။
ရင်ထဲက
အပူတွေဟာ
ပိုပြီးရှည်လျားလွန်းတယ်ဆိုတာ
သူတို့သတိမမူမိကြဘူး။
***********************
"ခေါင်းဆောင်"
အခန်းထဲ လွန်စွာ ဒေါသထွက်စွာ ဝင်လာသောခေါင်းဆောင်ကြောင့် Six အံအားသင့်သွားရသည်။
"တစ်ခုခု စိတ်တိုစရာဖြစ်လာလို့လား"
"Six ငါနဲ့ခွန်းသုရှင်မှာ ငယ်က ခွန်းသုရှင်ကို ရွေးချယ်ခဲ့တယ်"
Six သက်ပြင်းချလိုက်မိသည်။ သူ ခေါင်းဆောင်ဘာဖြစ်နေသည်အား ရိပ်မိသွားလေပြီ။
"ခွန်းသုရှင် ကျန်းမာရေးမကောင်းသေးလို့ပါ"
"ငါကိစ္စတွေကို ဒီတိုင်း ကျော်မသွားနိုင်တော့ဘူး Six"
Six မျက်နှာပျက်ယွင်းသွားရသည်။ သေချာပေါက် တစ်စုံတစ်ရာဖြစ်လာတော့မည်လေ။
"ခေါင်းဆောင် ဘယ်လိုလုပ်ချင်လို့လဲ"
ခေါင်းဆောင်က ဘာမှ ပြန်မဖြေဘဲ ပြတင်းပေါက်မှတဆင့် အပြင်ဘက်အား ငေးမောကြည့်နေလေသည်။
အခန်းထဲတွင် အပ်ကျသံမကြားလောက်အောင် တိတ်ဆိတ်သွားလေတော့သည်။
အတ္တဆိုတာ
ကိုယ်ချစ်တဲ့အရာတွေပေါ်သာ
ဖြစ်တည်လာတယ်တဲ့။
မင်းအပေါ်ဖြစ်တည်လာတဲ့
ကိုယ့်ရဲ့အတ္တဟာ
ကိုယ့်အနေနဲ့
မှားယွင်းခြင်းတစ်ခု
ဘယ်သောအခါမှ
ဖြစ်မနေခဲ့ပေ။
*******************
"မောင် ဆန်ပြုတ်ကိုမသောက်ဘဲ ဘာလို့မွှေနေတာလဲ"
ဆန်ပြုတ်သောက်ရန် ပြင်ထားပေးသည်ကို မသောက်ဘဲ အချိန်အတော်ကြာအောင် ထိုင်မွှေနေသော မောင်ကြောင့် စိတ်မရှည်စွာ လွန်းငယ် မေးလိုက်မိသည်။
"ဆန်ပြုတ်မှာ နံနံပင်တွေအများကြီး"
လွန်းငယ် နဖူးထက်ဝဲကျနေသော ဆံပင်အား လေဖြင့်မှုတ်ထုတ်လိုက်မိသည်။
"ဝယ်လာတုန်းက သေချာမကြည့်လိုက်မိဘူး...ပေး နံနံပင်တွေ ဖယ်ပေးမယ်"
ဆန်ပြုတ်ပန်းကန်အား ယူလိုက်ပြီး နံနံပင်များအား သေချာဖယ်ပေးလိုက်သည်။
ခွန်းသုရှင် သူ၏ရှေ့တွင်ထိုင်ကာ ခွက်ထဲငုံ့ကြည့်၍ ဇွန်းဖြင့် ဂရုစိုက်ဖယ်ပေးနေသူအား မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။
မနေနိုင်စွာ ရှေ့သို့တိုး၍ နဖူးအား ခပ်ဖွဖွ နမ်းလိုက်မိသည်။
အံအားသင့်သွားပုံရသော ကောင်လေးက ကော့ညွှတ်နေသော မျက်တောင်များဖြင့် သူ့အားမော့ကြည့်လာ၏။
"Sorry...မောင် ဒီတိုင်း...စိတ်ဆိုးသွားစေရင် မောင် တောင်းပန်ပါတယ်"
လွန်းငယ်က ဘာမှပြန်ပြောမလာဘဲ မျက်လွှာအောက်ချကာ နံနံပင်များကိုသာ ဂရုစိုက်ဖယ်ပေးနေသည်။
"ချက်"
အသံနှင့်အတူ မီးအလင်းရောင်ပါ ထွက်ပေါ်လာသောကြောင့် လွန်းငယ် အံ့အားသင့်စွာ ချက်ချင်းခေါင်းမော့ကြည့်လိုက်သည်။
"ကျစ် အသံမပိတ်လိုက်မိဘူး"
ဖုန်းကိုင်ထားသော မောင်က သူ့ဘာသာ ညည်းညူလိုက်၏။
လွန်းငယ် မောင့်လက်ထဲမှ ဖုန်းအား ဆွဲလုလိုက်သည်။ လျင်မြန်သော မောင်က ဖုန်းကိုင်ထားသောလက်ကို အပေါ်မြင့်မြင့် မြှောက်ပစ်လိုက်သည်။
"ဘာလို့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ရတာလဲ...ပြန်ပေး"
"လွန်းငယ် အရမ်းကြည့်ကောင်းနေလို့ မောင် ရိုက်လိုက်မိတာ"
"ပြန်ပေးလို့"
လွန်းငယ် ဖုန်းအားလိုက်လုရင်း အရှိန်လွန်ကာ မောင့်အပေါ် ထပ်ရပ်ကျသွားသည်။
မောင်နှင့်သူ၏ မျက်နှာတို့သည် လုံးဝနီးကပ်စွာ။ မောင့် မျက်ဝန်းရှိ မျက်တောင်များကိုပင် တစ်ချောင်းချင်း ရေတွက်နိုင်အောင်ထိ နီးကပ်လွန်းနေသည်။
ခဏတာ အံ့သြမှင်သက်နေရာမှ လွန်းငယ် ကုန်းထရန်ပြင်လိုက်သည်။ သို့သော် မောင်၏လက်များက သူ့ခါးဆီသို့ရောက်လာကာ ဆွဲဖက်လိုက်သောကြောင့် လွန်းငယ်ထ၍ မရတော့။
"ဘာလုပ်တာလဲ...ငါ့ကို လွှတ်ပေးဦး"
"ဒီတိုင်းလေး ခဏလောက်နေရအောင်...မောင်တို့ ခုလိုနီးနီးကပ်ကပ် မနေရတာ အရမ်းကြာပြီ"
သူ့အား လွှတ်မပေးဘဲ မျက်လုံးများမှိတ်ထားကာ ပြောလာသူကြောင့် လွန်းငယ် အခက်တွေ့သွားရသည်။ လူနာဖြစ်သောမောင်က အောက်ဘက်တွင်ရှိနေခြင်းကလည်း လုံးဝအဆင်ပြေမနေ။
"လွန်းငယ် ကိုယ်က အရမ်းနွေးတာပဲ"
သူ့အား တင်းတင်းကျပ်ကျပ်ဖက်ကာ ပြောလာသောကြောင့် လွန်းငယ် ဘာပြန်ပြောရမည်မှန်း မသိတော့။
"လွန်းငယ်ဆီက vanilla အနံ့သင်းသင်းလေး...ဒီအနံ့လေး ပျောက်ဆုံးနေတာ ခြောက်လလောက်တောင် ကြာနေပြီပဲ"
မောင်၏စကားတို့ကြောင့်ရော မောင့်ကိုယ်ပေါ်ထပ်လျက်ရှိနေခြင်းကြောင့်ပါ လွန်းငယ် နားရွက်များရဲလာသည်ထိ ရှက်ရွံ့လာရသည်။
"ဆန်ပြုတ်တွေ အေးကုန်တော့မယ်...ငါ့ကို လွှတ်တော့"
"အမြဲတမ်း မောင်တို့ခုလိုလေး တူတူရှိနေနိုင်ရင်ကောင်းမှာ...မောင် တရေးအိပ်ဦးမယ်"
သူ့အား ဖက်ထားရင်းပင် မျက်လုံးပြန်မဖွင့်တော့ဘဲ တိတ်ဆိတ်သွားသူကြောင့် လွန်းငယ် မျက်လုံးပြူးသွားရသည်။
"ဟေး မအိပ်နဲ့ဦးလေ...ငါအရင်ထဦးမယ်"
သူ၏ အပြောအား မောင်က ပြန်ဖြေခြင်း မရှိတော့ဘဲ တိတ်ဆိတ်သွားသည်။ အတော်ကြာသည်ထိ အခန်းထဲစကားပြောသံမကြားရတော့ဘဲ တိတ်ဆိတ်သွားသည်။ မောင် တကယ်အိပ်ပျော်သွားပြီလား သူ မသိတော့။
" ပါးပါး...ဖေဖေ"
အခန်းထဲ ရုတ်တရက်ဝင်လာသော သုသုလေးကြောင့် လွန်းငယ် ထိတ်လန့်သွားရသည်။
"မောင် ထ...ထ"
မောင်၏ မျက်နှာအား လက်ဖြင့်အသာအယာ ပုတ်ကာ လှုပ်နှိုးလိုက်၏။ မောင်က ပိတ်ထားသော မျက်လုံးတို့အား ဖွင့်လာလေသည်။
" ပါးပါးနဲ့ဖေဖေ ဘာလုပ်နေကြတာလဲဟင်"
သူတို့အား ကြည့်ကာ မေးလာသော ကလေးငယ်အား လွန်းငယ် ဘာပြန်ဖြေရမလဲမသိတော့ပေ။
"ဘာလုပ်နေတာလဲ...ကလေးကတောင် မေးနေပြီ...လက်လွှတ်ပေးတော့"
ထိုအခါမှ မောင်က သူ့အား တင်းကျပ်စွာ ဖက်ထားခြင်းမှ လွှတ်ပေးလိုက်သည်။ လွန်းငယ် ချက်ချင်းထကာ မတ်တပ်ရပ်လိုက်၏။
" ပါးပါးနဲ့ ဖေဖေ ရန်ထပ်ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"
ပေါက်စီလေး အမေးကြောင့် လွန်းငယ်မျက်နှာ နီရဲသွားရသည်။
"ဖေဖေနဲ့ သားပါးပါးက ရန်ဖြစ်စရာအကြောင်းမှ မရှိတာ"
"အဲဒါဆို ခုနက ဘာလုပ်နေကြတာလဲဟင်"
မောင်၏အဖြေအား ပေါက်စီလေးက ထပ်ဆင့်မေးခွန်းဖြင့် တုံ့ပြန်လိုက်သည်။
" ငါ ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်"
လွန်းငယ် ရှက်ရွံ့စွာ ထိုနေရာမှ အမြန်ရှောင်ထွက်လာခဲ့သည်။ အခန်းထဲတွင် ပေါက်စီလေးအား ရင်မဆိုင်ရဲသေးသောကြောင့် အပြင်သန့်စင်ခန်းဆီသို့သာ ထွက်လာခဲ့လိုက်၏။
သန့်စင်ခန်းရောက်သည်နှင့် မှန်ရှေ့တွင် မတ်တပ်ရပ်ကာ ရေဖွင့်၍ လက်ဆေးလိုက်သည်။
"ကလေးရှေ့ အနေအထိုင် ဆင်ခြင်ရမှာကို တကယ်ပါပဲ...နေကောင်းမပျောက်သေးတာ အေးဆေးနားမယ် မရှိဘူး...လုပ်ချင်ရာ ဇွတ်လုပ်နေတော့တာပဲ...တကယ် မနိုင်ဘူး"
လွန်းငယ် တစ်ယောက်တည်း ပွစိပွစိပြောကာ မကျေမနပ်ရန်တွေ့နေလိုက်သည်။ လက်အား အခြောက်ခံလိုက်ပြီးနောက် မှန်ထဲရှိ ပုံအား ကြည့်ကာ ဆံပင်နှင့်အင်္ကျီတို့အား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။ စိတ်တိုင်းကျ ပြင်ဆင်ပြီးနောက် သန့်စင်ခန်းထဲမှ ထွက်လာသည်။
တံခါးဝရောက်သည်နှင့် လူတစ်ယောက်သည် သူ၏ရှေ့သို့ရောက်လာပြီး သူ့အားဖမ်းချုပ်ကာ ပါးစပ်အား ပုဝါတစ်ထည်ဖြင့် ဖုံးအုပ်လိုက်သည်။ စိမ်းရှရှ အနံ့နှာခေါင်းထဲတိုးဝင်လာသည်နှင့် လွန်းငယ် အားရှိသမျှ သုံးကာ ကြိုးစားရုန်းကန်လိုက်သည်။
သို့သော် အင်အားချင်းမမျှတစွာ ကြိုးစားသမျှတို့ အချည်းနှီးဖြစ်နေရသည်။ မှေးဆင်းလာသော မျက်ဝန်းများနှင့်အတူ လွန်းငယ် သတိလစ်မေ့မျောသွားလေတော့သည်။
ကိုယ်ပိုင်ဆိုင်သမျှ
အတုအယောင်တွေလို့
သတ်မှတ်ထားသူကိုယ့်မှာ
အစစ်မှန်ပိုင်ဆိုင်တာဆိုလို့
မင်းတစ်ယောက်သာ
ရှိခဲ့တယ်။
ဒါကြောင့် ကိုယ်ဟာ
မင်းကို လုံးဝ
လက်မလွှတ်နိုင်ခဲ့ဘူး။
************************
သူ၏ ပုခုံးပေါ် ခေါင်းတင်ကာ သတိလစ်နေသော ငယ်လေး၏ မျက်နှာချောချောအား ထိကိုင်လိုက်သည်။
"ကိုကို့ကို စိတ်မဆိုးပါနဲ့ ငယ်လေး"
ရာသီဥတု မတူသာကြောင့် ဖျားမည်စိုးစွာ သူ ဝတ်ထားသောကုတ်အနက်ရောင်အား ချွတ်၍ ငယ်လေး၏ ဟူဒီအဖြူပေါ်ထပ်ပြီး ဝတ်ဆင်ပေးလိုက်သည်။ ချည်မာဖလာအနီရောင်အား ငယ်လေးလည်ပင်းတွင် သေချာဝတ်ပေးလိုက်ပြီး လက်အိတ်ခြေအိတ်များလည်း ဝတ်ဆင်ပေးလိုက်သည်။
ဂျပန် ရာသီဥတုအကူးအပြောင်းတွင် ငယ်လေးဖျားမည်အား သူ မလိုလားပါ။ ငယ်လေး ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရန် သူ အတတ်နိုင်ဆုံးကြိုးစားကာကွယ်သွားမည်။
"ခေါင်းဆောင် ဆင်းရအောင်"
Sixအား ခေါင်းညိတ်ပြလိုက်ပြီး ငယ်လေးအား ပွေ့ချီကာ လေယာဥ်ပေါ်မှ ဆင်းလိုက်သည်။ စောင့်ကြိုနေကြသော Zora ဂိုဏ်းသားများ ရှိရာဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။
"Sadao ရော"
"ခေါင်းဆောင် ခိုင်းထားတာတွေ စီစဥ်နေလို့ လိုက်မလာနိုင်ပါဘူး ခေါင်းဆောင်"
သူ ပြန်ဖြေသူအား ခေါင်းညိတ်ပြလိုက်သည်။
"ခေါင်းဆောင် အပေါ်ကုတ်ဝတ်မလား"
"ရတယ် မလိုဘူး...ကားရပ်ထားတဲ့ဆီသာ လိုက်ပြပေး"
"ဟုတ်ကဲ့"
သူနှင့်စကားပြောသူက သူတို့ရှေ့မှ လျှောက်ကာ ကားရပ်နားရာဆီ ခေါ်ဆောင်သွားသည်။ Sixနှင့် ကျန်ဂိုဏ်းသားများသည် သူ၏ နောက်မှ လိုက်ပါလာကြ၏။
အနက်ရောင် ရှပ်လက်ရှည်အပါးတစ်ထည်နှင့် စတိုင်ပင်အနက်၊ လက်အိတ် အနက်ရောင်တို့သာ ဝတ်ဆင်ထားသော်လည်း ချမ်းအေးသောခံစားချက် သူ မခံစားရပါ။ သူ၏ ရင်ထဲကအပူတို့က ပို၍ ကြီးစိုးနေသောကြောင့် ဖြစ်လောက်သည်။
အနက်ရောင်ကားများ၏ ရှေ့ဆုံးတွင်ရပ်ထားသော သူ၏ကားဆီရောက်သည်နှင့် အဆင်သင့်ဖွင့်ပေးလာသော ကားတံခါးမှ ငယ်လေးအား အနောက်တွင် သေချာနေရာချပေးလိုက်သည်။ ထို့နောက် ငယ်လေးဘေး သူဝင်ထိုင်လိုက်၏။
သူ၏ ကြီးမားသော ကုတ်အင်္ကျီကြောင့် လက်လေးများပင် ပျောက်ကွယ်နေသော ငယ်လေးပုံက လွန်စွာ ချစ်စရာကောင်းလွန်းနေသည်။ အနီရောင်မာဖလာကြောင့် မျက်နှာသေးသေးလေးသာ ပေါ်နေသည်မှာလည်း အသည်းယားစရာ ကောင်းလွန်းနေ၏။
ပွယောင်းယောင်း ဖြစ်နေသော ငွေရောင်ဆံပင်များအား သူထပ်၍ ဖွလိုက်မိသည်။ သက်တောင့်သက်သာ ဖြစ်စေရန် သူ၏ ပေါင်ပေါ် ငယ်လေးခေါင်းအားတင်ပေးလိုက်ပြီး ခြေထောက်များကိုလည်း ကူရှင်ပေါ်တင်ပေးလိုက်သည်။ သေချာအိပ်ရအဆင်ပြေအောင် ပြင်ဆင်ပေးလိုက်ပြီး
Driverအား လှမ်းပြောလိုက်သည်။
"မောင်းလို့ရပြီ"
ကားစတင် ထွက်ခွာသည်နှင့် သတိလစ်နေသော ငယ်လေးကိုသာ မျက်တောင်မခတ် ငုံ့၍ ကြည့်နေမိသည်။
"ဘာလို့ အဲလောက်ချစ်ဖို့ ကောင်းနေရတာလဲ...ကိုကို ငယ်လေးကို ထားပြီး အဝေးကို တကယ်ထွက်မသွားနိုင်တော့ဘူး"
ငယ်လေး၏ နှာခေါင်းအား ဆွဲညှစ်လိုက်သော်လည်း အရင်လို ရန်တွေ့တတ်သော ငယ်လေးကမူ နှစ်ခြိုက်စွာ အိပ်စက်လျက်။ သူ့အနား ယခုကဲ့သို့ အမြဲတမ်းရှိနေပေးနိုင်လျှင် အရမ်းကောင်းမည်ဟူသော အတွေးတို့ စေထားရာ စိတ်ထဲ ဝင်လာလေတော့သည်။
သံစဥ်ဆိုတာ
သာယာမှုကိုပေးစွမ်းနိုင်သလို
အမြဲနားထောင်ချင်အောင်လည်း
ဆွဲဆောင်နိုင်လွန်းတယ်။
မင်းဟာ
ကိုယ့်အတွက်
သံစဥ်တစ်ခုလိုပဲ။
အမြဲတမ်း
မင်းအကြောင်းကိုသာ
ကိုယ်စဥ်းစားမိနေခဲ့တယ်။
မင်းမှမင်းပဲ
လိုအပ်တာမို့
အစွဲအလမ်းကြီးမိတာ
ခွင့်လွှတ်ပါ ကလေးငယ်။
**************************
တော်တော်ကြာသည်ထိ ပြန်ရောက်မလာသော လွန်းငယ်ကြောင့် ခွန်းသုရှင် စိတ်ပူလာရသည်။ ဖုန်းထုတ်ကာ လွန်းငယ်ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်၏။
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်...."
ချက်ချင်း ဖုန်းချပစ်ကာ အပြင်သန့်စင်ခန်းသို့ သွားကြည့်လိုက်သော်လည်း မည်သူမျှ ရှိမနေပေ။
အခန်းဆီပြန်သွားရန် ကော်ရစ်ဒါသို့ ချိုးအကွေ့ မြင်ကွင်းထဲဝင်လာသော ကားသော့ကြောင့် ချက်ချင်းသွားကာ ကောက်ယူကြည့်လိုက်သည်။ လွန်းငယ် ကား၏ကားသော့ဖြစ်နေခြင်းကြောင့် ပို၍စိတ်ပူသွားရသည်။ လူအား မတွေ့ဘဲ ကားသော့ကိုသာတွေ့ရခြင်းက သိပ်ပြီးမူမှန်မနေပေ။
ခွန်းသုရှင် Zeno၏ ဖုန်းအား ချက်ချင်းဆက်သွယ်လိုက်သည်။
"ဟယ်လို Zeno...လွန်းငယ် ဆေးရုံကနေ ရုတ်တရက်ပျောက်သွားလို့...သန့်စင်ခန်းသွားမယ် ပြောတာ...အခုလိုက်ကြည့်တာ...ကားသော့ပဲ တွေ့တယ်"
"ဖုန်းကိုင်ထားပြီး ကျွန်တော့်ကို ခဏစောင့်"
Zeno ဟိုတယ်ခန်းထဲမှ ချက်ချင်းထွက်ကာ မျက်နှာချင်းဆိုင်တွင်ရှိသော Six ၏ ဟိုတယ်အခန်းတံခါးအား ခပ်ကြမ်းကြမ်းထုလိုက်သည်။
"Six....Six...Six..."
ပြန်ဖြေသံ တစ်စွန်းတစ်စမျှပင် ထွက်ပေါ်မလာချေ။
Zeno hotel receptionသို့ အမြန်ပြေးသွားလိုက်သည်။ Reception ရှိ မိန်းကလေးအား မေးမြန်းလိုက်၏။
"Room(8)ကလူ အပြင်ထွက်သွားတာလား"
မိန်းကလေးက သူ့အားချက်ချင်းအဖြေပေးလာသည်။
"သြော် ဟိုအရပ်ရှည်ရှည်၊ အေးစက်စက်နဲ့ ကိုလူချော...အဲဒီအကို ဒီမနက်ပဲ အခန်းသော့အပ် ငွေရှင်းပြီးတော့ ထွက်သွားတာ...Room(7)အတွက်လည်း ငွေရှင်းပေးသွားခဲ့တယ်...(7)ရဲ့သော့ကတော့ ပျောက်သွားတယ်ပြောတယ်"
"ကျွန်တော့်ကို Room(7) လိုက်ပြလို့ရမလား....အရေးကြီးလို့ပါ"
Receptionမိန်းကလေးက အံ့သြသောအမူအရာဖြစ်သွားသော်လည်း ဘာမှမပြောဘဲ သော့အပိုယူကာ Room(7)သို့ လိုက်ပြပေးသည်။
အခန်းတံခါး ဖွင့်လိုက်သည်နှင့် အထဲတွင် Krenနှင့် သက်ဆိုင်သော ပစ္စည်းဟူ၍ တစ်ခုတလေမျှပင် ရှိမနေတော့ပေ။
နောက်ဆုံးတွင်တော့ Zeno သေချာသွားလေပြီ။ ကိုင်ထားသော ဖုန်းအား နား,နားပြန်ကပ်၍ ခွန်းသုရှင်အား ပြောလိုက်သည်။
"သူတို့ Krenကို ဂျပန်ပြန်ခေါ်သွားပြီ"
တစ်ဖက်မှ ပြန်ပြောသံမကြားရတော့ဘဲ တိတ်ဆိတ်သွားလေတော့သည်။
မျက်လုံးမှိတ်ပြီး
တစ်၊နှစ်၊သုံး ရေလိုက်တိုင်း
ကိုယ့်ရှေ့ရောက်လာသူဟာ
မင်းဆိုတဲ့
လူသားလေး
အမြဲဖြစ်စေချင်တယ်။
အမြဲတွေ့မြင်ချင်တာမို့
ဘယ်သောအခါမှ
ပျောက်ကွယ်မသွားပါနဲ့။
***************************
အပိုင္း(၄၀)
မင္းနဲအတူ အေဝးဆုံးဆီသို႔
လြန္းငယ္ မ်က္လုံးစုံမွိတ္ကာ ဆုံးျဖတ္ခ်က္ခ်၍ လက္ႏွစ္ဖက္အား အားျဖင့္ ေဆာင့္႐ုန္းလိုက္သည္။ ႏွစ္ဖက္လုံး လြတ္သြားေသာအခါ လြန္းငယ္ ကိုကို႔အား မ်က္ႏွာခ်င္းဆိုင္ ၾကည့္လိုက္၏။
"ကိုကို လြန္းငယ္ ဒီမွာခဏေနဦးမယ္"
"လြန္းငယ္"
ကိုကို႔ေအာ္သံေၾကာင့္ ေပါက္စီေလး ခႏၶာကိုယ္ တုန္ယင္သြားသည္ကို လြန္းငယ္ သတိထားမိလိုက္သည္။
"ကိုကို ကေလးလန့္ေနၿပီ"
"ငယ္ ဒီမလာခင္ ကိုကို႔ကို ဘယ္လိုကတိေပးခဲ့လဲ...အခုမွ ငယ္က ကတိဖ်က္ခ်င္တာလား...အဲဒီေကာင္က ငယ့္အတြက္ အရမ္းအေရးပါေနတာလား"
"ကိုကို...ငယ္ ကိုကိုနဲ႕ ျပန္မလိုက္ဘူးလို႔ မေျပာဘူး...ငယ္ ဒီမွာ ခဏေနဦးမယ္ပဲေျပာတာ"
"ခဏလည္း မရဘူး ငယ္...ကိုကိုနဲ႕ အခုျပန္လိုက္ခဲ့ေတာ့"
ငယ့္လက္အား ျပန္ဆြဲလိုက္ေတာ့ ငယ္က သူ႕လက္အား အတင္းေဆာင့္႐ုန္းေလသည္။
"ကိုကို ဘာျဖစ္ေနတာလဲ...ငယ္ အခုမသြားဘူးေျပာေနတယ္ေလ...ငယ့္ ဆႏၵမပါရင္ ကိုကိုဘာမွလုပ္မရဘူး"
ေစထားရာ ေဒါသေၾကာင့္မ်က္ဝန္းမ်ားနီရဲလာကာ အံတင္းတင္းႀကိတ္လိုက္မိသည္။
"ကိုကို ေကာင္းေကာင္းေခၚေနတုန္း ျပန္မလိုက္တာအတြက္ ေနာက္က် ငယ္ ေနာင္တရလိမ့္မယ္"
ေစထားရာ လက္သီးအား က်စ္က်စ္ပါေအာင္ဆုပ္၍ ထိုအခန္းထဲမွ ထြက္သြားေတာ့သည္။
"လြန္းငယ္ သူ အရမ္းစိတ္တိုသြားတယ္"
"အခု ေသြးပူေနတုန္းမို႔ပါ...နည္းနည္းေသြးေအးခ်ိန္ေလာက္က် ငါ ကိုကိုနားလည္ေအာင္ သြားရွင္းျပလိုက္မယ္...မင္း အေျခအေနစိတ္ခ်ရၿပီဆိုရင္ ငါကိုကိုနဲ႕လိုက္သြားလိုက္မယ္...ကိုကို ခြဲစိတ္ေနခ်ိန္မွာေတာ့ ငါကိုကို႔နားရွိေနခ်င္တယ္...အားလုံးအဆင္ေျပသြားၿပီဆိုရင္ ငါျပန္လာခဲ့ပါ့မယ္"
ခြန္းသုရွင္ လြန္းငယ္အား ၿပဳံးျပကာ လက္အား အားေပးသည့္အေနျဖင့္ ဆုပ္ကိုင္လိုက္သည္။
"ေမာင္နားလည္ပါတယ္...ေမာင္ ေစာင့္နိုင္တာမို႔ သူသက္သာတဲ့အထိ ေဘးနားေနေပးလိုက္ေနာ္"
"အင္း"
လြန္းငယ္ အားယူကာ ျပန္၍ ၿပဳံးျပလိုက္သည္။
"အိပ္ေတာ့ေလ မိုးခ်ဳပ္ေနၿပီ...ငါ ေပါက္စီေလး ျပန္အိပ္ေပ်ာ္ေအာင္ သြားသိပ္လိုက္ဦးမယ္"
"အင္း"
လြန္းငယ္ ေမာင္၏ သူ႕အားဆြဲကိုင္ထားေသာလက္အားျဖဳတ္ကာ ကုတင္ေပၚတင္ေပးလိုက္သည္။
ေပါက္စီေလးရွိရာသြား၍ ကေလးအား ျပန္၍အိပ္ေပ်ာ္ေစရန္ ေဘးနားေနကာ ေခ်ာ့သိပ္ေပးလိုက္သည္။
တခဏအၾကာ ကေလးငယ္အိပ္ေပ်ာ္သြားသည္။ ကုတင္ေပၚရွိလူအား ၾကည့္လိုက္ေတာ့ ျပန္၍ အိပ္ေပ်ာ္သြားေလၿပီ။
လြန္းငယ္ တိတ္ဆိတ္သြားေသာအခန္းထဲတြင္ တစ္ေယာက္တည္းထိုင္ေနမိသည္။
သူ႕အတြက္ ဒီညသည္ ေသခ်ာေပါက္ အိပ္ေပ်ာ္ရန္ခက္ခဲေသာ ညတစ္ညျဖစ္လာေလသည္။
ညတာက
ရွည္လ်ားလြန္းတယ္လို႔
လူေတြဟာ
ညည္းၫူၾကတယ္။
ရင္ထဲက
အပူေတြဟာ
ပိုၿပီးရွည္လ်ားလြန္းတယ္ဆိုတာ
သူတို႔သတိမမူမိၾကဘူး။
***********************
"ေခါင္းေဆာင္"
အခန္းထဲ လြန္စြာ ေဒါသထြက္စြာ ဝင္လာေသာေခါင္းေဆာင္ေၾကာင့္ Six အံအားသင့္သြားရသည္။
"တစ္ခုခု စိတ္တိုစရာျဖစ္လာလို႔လား"
"Six ငါနဲ႕ခြန္းသုရွင္မွာ ငယ္က ခြန္းသုရွင္ကို ေ႐ြးခ်ယ္ခဲ့တယ္"
Six သက္ျပင္းခ်လိဳက္မိသည္။ သူ ေခါင္းေဆာင္ဘာျဖစ္ေနသည္အား ရိပ္မိသြားေလၿပီ။
"ခြန္းသုရွင္ က်န္းမာေရးမေကာင္းေသးလို႔ပါ"
"ငါကိစၥေတြကို ဒီတိုင္း ေက်ာ္မသြားနိုင္ေတာ့ဘူး Six"
Six မ်က္ႏွာပ်က္ယြင္းသြားရသည္။ ေသခ်ာေပါက္ တစ္စုံတစ္ရာျဖစ္လာေတာ့မည္ေလ။
"ေခါင္းေဆာင္ ဘယ္လိုလုပ္ခ်င္လို႔လဲ"
ေခါင္းေဆာင္က ဘာမွ ျပန္မေျဖဘဲ ျပတင္းေပါက္မွတဆင့္ အျပင္ဘက္အား ေငးေမာၾကည့္ေနေလသည္။
အခန္းထဲတြင္ အပ္က်သံမၾကားေလာက္ေအာင္ တိတ္ဆိတ္သြားေလေတာ့သည္။
အတၱဆိုတာ
ကိုယ္ခ်စ္တဲ့အရာေတြေပၚသာ
ျဖစ္တည္လာတယ္တဲ့။
မင္းအေပၚျဖစ္တည္လာတဲ့
ကိုယ့္ရဲ႕အတၱဟာ
ကိုယ့္အေနနဲ႕
မွားယြင္းျခင္းတစ္ခု
ဘယ္ေသာအခါမွ
ျဖစ္မေနခဲ့ေပ။
*******************
"ေမာင္ ဆန္ျပဳတ္ကိုမေသာက္ဘဲ ဘာလို႔ေမႊေနတာလဲ"
ဆန္ျပဳတ္ေသာက္ရန္ ျပင္ထားေပးသည္ကို မေသာက္ဘဲ အခ်ိန္အေတာ္ၾကာေအာင္ ထိုင္ေမႊေနေသာ ေမာင္ေၾကာင့္ စိတ္မရွည္စြာ လြန္းငယ္ ေမးလိုက္မိသည္။
"ဆန္ျပဳတ္မွာ နံနံပင္ေတြအမ်ားႀကီး"
လြန္းငယ္ နဖူးထက္ဝဲက်ေနေသာ ဆံပင္အား ေလျဖင့္မႈတ္ထုတ္လိုက္မိသည္။
"ဝယ္လာတုန္းက ေသခ်ာမၾကည့္လိုက္မိဘူး...ေပး နံနံပင္ေတြ ဖယ္ေပးမယ္"
ဆန္ျပဳတ္ပန္းကန္အား ယူလိုက္ၿပီး နံနံပင္မ်ားအား ေသခ်ာဖယ္ေပးလိုက္သည္။
ခြန္းသုရွင္ သူ၏ေရွ႕တြင္ထိုင္ကာ ခြက္ထဲငုံ႕ၾကည့္၍ ဇြန္းျဖင့္ ဂ႐ုစိုက္ဖယ္ေပးေနသူအား မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနမိသည္။
မေနနိုင္စြာ ေရွ႕သို႔တိုး၍ နဖူးအား ခပ္ဖြဖြ နမ္းလိုက္မိသည္။
အံအားသင့္သြားပုံရေသာ ေကာင္ေလးက ေကာ့ၫႊတ္ေနေသာ မ်က္ေတာင္မ်ားျဖင့္ သူ႕အားေမာ့ၾကည့္လာ၏။
"Sorry...ေမာင္ ဒီတိုင္း...စိတ္ဆိုးသြားေစရင္ ေမာင္ ေတာင္းပန္ပါတယ္"
လြန္းငယ္က ဘာမွျပန္ေျပာမလာဘဲ မ်က္လႊာေအာက္ခ်ကာ နံနံပင္မ်ားကိုသာ ဂ႐ုစိုက္ဖယ္ေပးေနသည္။
"ခ်က္"
အသံႏွင့္အတူ မီးအလင္းေရာင္ပါ ထြက္ေပၚလာေသာေၾကာင့္ လြန္းငယ္ အံ့အားသင့္စြာ ခ်က္ခ်င္းေခါင္းေမာ့ၾကည့္လိုက္သည္။
"က်စ္ အသံမပိတ္လိုက္မိဘူး"
ဖုန္းကိုင္ထားေသာ ေမာင္က သူ႕ဘာသာ ညည္းၫူလိုက္၏။
လြန္းငယ္ ေမာင့္လက္ထဲမွ ဖုန္းအား ဆြဲလုလိုက္သည္။ လ်င္ျမန္ေသာ ေမာင္က ဖုန္းကိုင္ထားေသာလက္ကို အေပၚျမင့္ျမင့္ ျမႇောက္ပစ္လိုက္သည္။
"ဘာလို႔ ခြင့္ျပဳခ်က္မရွိဘဲ ဓာတ္ပုံရိုက္ရတာလဲ...ျပန္ေပး"
"လြန္းငယ္ အရမ္းၾကည့္ေကာင္းေနလို႔ ေမာင္ ရိုက္လိုက္မိတာ"
"ျပန္ေပးလို႔"
လြန္းငယ္ ဖုန္းအားလိုက္လုရင္း အရွိန္လြန္ကာ ေမာင့္အေပၚ ထပ္ရပ္က်သြားသည္။
ေမာင္ႏွင့္သူ၏ မ်က္ႏွာတို႔သည္ လုံးဝနီးကပ္စြာ။ ေမာင့္ မ်က္ဝန္းရွိ မ်က္ေတာင္မ်ားကိုပင္ တစ္ေခ်ာင္းခ်င္း ေရတြက္နိုင္ေအာင္ထိ နီးကပ္လြန္းေနသည္။
ခဏတာ အံ့ၾသမွင္သက္ေနရာမွ လြန္းငယ္ ကုန္းထရန္ျပင္လိုက္သည္။ သို႔ေသာ္ ေမာင္၏လက္မ်ားက သူ႕ခါးဆီသို႔ေရာက္လာကာ ဆြဲဖက္လိုက္ေသာေၾကာင့္ လြန္းငယ္ထ၍ မရေတာ့။
"ဘာလုပ္တာလဲ...ငါ့ကို လႊတ္ေပးဦး"
"ဒီတိုင္းေလး ခဏေလာက္ေနရေအာင္...ေမာင္တို႔ ခုလိုနီးနီးကပ္ကပ္ မေနရတာ အရမ္းၾကာၿပီ"
သူ႕အား လႊတ္မေပးဘဲ မ်က္လုံးမ်ားမွိတ္ထားကာ ေျပာလာသူေၾကာင့္ လြန္းငယ္ အခက္ေတြ႕သြားရသည္။ လူနာျဖစ္ေသာေမာင္က ေအာက္ဘက္တြင္ရွိေနျခင္းကလည္း လုံးဝအဆင္ေျပမေန။
"လြန္းငယ္ ကိုယ္က အရမ္းေႏြးတာပဲ"
သူ႕အား တင္းတင္းက်ပ္က်ပ္ဖက္ကာ ေျပာလာေသာေၾကာင့္ လြန္းငယ္ ဘာျပန္ေျပာရမည္မွန္း မသိေတာ့။
"လြန္းငယ္ဆီက vanilla အနံ႕သင္းသင္းေလး...ဒီအနံ႕ေလး ေပ်ာက္ဆုံးေနတာ ေျခာက္လေလာက္ေတာင္ ၾကာေနၿပီပဲ"
ေမာင္၏စကားတို႔ေၾကာင့္ေရာ ေမာင့္ကိုယ္ေပၚထပ္လ်က္ရွိေနျခင္းေၾကာင့္ပါ လြန္းငယ္ နား႐ြက္မ်ားရဲလာသည္ထိ ရွက္႐ြံ႕လာရသည္။
"ဆန္ျပဳတ္ေတြ ေအးကုန္ေတာ့မယ္...ငါ့ကို လႊတ္ေတာ့"
"အၿမဲတမ္း ေမာင္တို႔ခုလိုေလး တူတူရွိေနနိုင္ရင္ေကာင္းမွာ...ေမာင္ တေရးအိပ္ဦးမယ္"
သူ႕အား ဖက္ထားရင္းပင္ မ်က္လုံးျပန္မဖြင့္ေတာ့ဘဲ တိတ္ဆိတ္သြားသူေၾကာင့္ လြန္းငယ္ မ်က္လုံးျပဴးသြားရသည္။
"ေဟး မအိပ္နဲ႕ဦးေလ...ငါအရင္ထဦးမယ္"
သူ၏ အေျပာအား ေမာင္က ျပန္ေျဖျခင္း မရွိေတာ့ဘဲ တိတ္ဆိတ္သြားသည္။ အေတာ္ၾကာသည္ထိ အခန္းထဲစကားေျပာသံမၾကားရေတာ့ဘဲ တိတ္ဆိတ္သြားသည္။ ေမာင္ တကယ္အိပ္ေပ်ာ္သြားၿပီလား သူ မသိေတာ့။
" ပါးပါး...ေဖေဖ"
အခန္းထဲ ႐ုတ္တရက္ဝင္လာေသာ သုသုေလးေၾကာင့္ လြန္းငယ္ ထိတ္လန့္သြားရသည္။
"ေမာင္ ထ...ထ"
ေမာင္၏ မ်က္ႏွာအား လက္ျဖင့္အသာအယာ ပုတ္ကာ လႈပ္ႏွိုးလိုက္၏။ ေမာင္က ပိတ္ထားေသာ မ်က္လုံးတို႔အား ဖြင့္လာေလသည္။
" ပါးပါးနဲ႕ေဖေဖ ဘာလုပ္ေနၾကတာလဲဟင္"
သူတို႔အား ၾကည့္ကာ ေမးလာေသာ ကေလးငယ္အား လြန္းငယ္ ဘာျပန္ေျဖရမလဲမသိေတာ့ေပ။
"ဘာလုပ္ေနတာလဲ...ကေလးကေတာင္ ေမးေနၿပီ...လက္လႊတ္ေပးေတာ့"
ထိုအခါမွ ေမာင္က သူ႕အား တင္းက်ပ္စြာ ဖက္ထားျခင္းမွ လႊတ္ေပးလိုက္သည္။ လြန္းငယ္ ခ်က္ခ်င္းထကာ မတ္တပ္ရပ္လိုက္၏။
" ပါးပါးနဲ႕ ေဖေဖ ရန္ထပ္ျဖစ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"
ေပါက္စီေလး အေမးေၾကာင့္ လြန္းငယ္မ်က္ႏွာ နီရဲသြားရသည္။
"ေဖေဖနဲ႕ သားပါးပါးက ရန္ျဖစ္စရာအေၾကာင္းမွ မရွိတာ"
"အဲဒါဆို ခုနက ဘာလုပ္ေနၾကတာလဲဟင္"
ေမာင္၏အေျဖအား ေပါက္စီေလးက ထပ္ဆင့္ေမးခြန္းျဖင့္ တုံ႕ျပန္လိုက္သည္။
" ငါ ငါ သန့္စင္ခန္း သြားလိုက္ဦးမယ္"
လြန္းငယ္ ရွက္႐ြံ႕စြာ ထိုေနရာမွ အျမန္ေရွာင္ထြက္လာခဲ့သည္။ အခန္းထဲတြင္ ေပါက္စီေလးအား ရင္မဆိုင္ရဲေသးေသာေၾကာင့္ အျပင္သန့္စင္ခန္းဆီသို႔သာ ထြက္လာခဲ့လိုက္၏။
သန့္စင္ခန္းေရာက္သည္ႏွင့္ မွန္ေရွ႕တြင္ မတ္တပ္ရပ္ကာ ေရဖြင့္၍ လက္ေဆးလိုက္သည္။
"ကေလးေရွ႕ အေနအထိုင္ ဆင္ျခင္ရမွာကို တကယ္ပါပဲ...ေနေကာင္းမေပ်ာက္ေသးတာ ေအးေဆးနားမယ္ မရွိဘူး...လုပ္ခ်င္ရာ ဇြတ္လုပ္ေနေတာ့တာပဲ...တကယ္ မနိုင္ဘူး"
လြန္းငယ္ တစ္ေယာက္တည္း ပြစိပြစိေျပာကာ မေက်မနပ္ရန္ေတြ႕ေနလိုက္သည္။ လက္အား အေျခာက္ခံလိုက္ၿပီးေနာက္ မွန္ထဲရွိ ပုံအား ၾကည့္ကာ ဆံပင္ႏွင့္အကၤ်ီတို႔အား သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပဳျပင္လိုက္သည္။ စိတ္တိုင္းက် ျပင္ဆင္ၿပီးေနာက္ သန့္စင္ခန္းထဲမွ ထြက္လာသည္။
တံခါးဝေရာက္သည္ႏွင့္ လူတစ္ေယာက္သည္ သူ၏ေရွ႕သို႔ေရာက္လာၿပီး သူ႕အားဖမ္းခ်ဳပ္ကာ ပါးစပ္အား ပုဝါတစ္ထည္ျဖင့္ ဖုံးအုပ္လိုက္သည္။ စိမ္းရွရွ အနံ႕ႏွာေခါင္းထဲတိုးဝင္လာသည္ႏွင့္ လြန္းငယ္ အားရွိသမွ် သုံးကာ ႀကိဳးစား႐ုန္းကန္လိုက္သည္။
သို႔ေသာ္ အင္အားခ်င္းမမွ်တစြာ ႀကိဳးစားသမွ်တို႔ အခ်ည္းႏွီးျဖစ္ေနရသည္။ ေမွးဆင္းလာေသာ မ်က္ဝန္းမ်ားႏွင့္အတူ လြန္းငယ္ သတိလစ္ေမ့ေမ်ာသြားေလေတာ့သည္။
ကိုယ္ပိုင္ဆိုင္သမွ်
အတုအေယာင္ေတြလို႔
သတ္မွတ္ထားသူကိုယ့္မွာ
အစစ္မွန္ပိုင္ဆိုင္တာဆိုလို႔
မင္းတစ္ေယာက္သာ
ရွိခဲ့တယ္။
ဒါေၾကာင့္ ကိုယ္ဟာ
မင္းကို လုံးဝ
လက္မလႊတ္နိုင္ခဲ့ဘူး။
************************
သူ၏ ပုခုံးေပၚ ေခါင္းတင္ကာ သတိလစ္ေနေသာ ငယ္ေလး၏ မ်က္ႏွာေခ်ာေခ်ာအား ထိကိုင္လိုက္သည္။
"ကိုကို႔ကို စိတ္မဆိုးပါနဲ႕ ငယ္ေလး"
ရာသီဥတု မတူသာေၾကာင့္ ဖ်ားမည္စိုးစြာ သူ ဝတ္ထားေသာကုတ္အနက္ေရာင္အား ခြၽတ္၍ ငယ္ေလး၏ ဟူဒီအျဖဴေပၚထပ္ၿပီး ဝတ္ဆင္ေပးလိုက္သည္။ ခ်ည္မာဖလာအနီေရာင္အား ငယ္ေလးလည္ပင္းတြင္ ေသခ်ာဝတ္ေပးလိုက္ၿပီး လက္အိတ္ေျခအိတ္မ်ားလည္း ဝတ္ဆင္ေပးလိုက္သည္။
ဂ်ပန္ ရာသီဥတုအကူးအေျပာင္းတြင္ ငယ္ေလးဖ်ားမည္အား သူ မလိုလားပါ။ ငယ္ေလး ထိခိုက္မႈတစ္စုံတစ္ရာမရွိေစရန္ သူ အတတ္နိုင္ဆုံးႀကိဳးစားကာကြယ္သြားမည္။
"ေခါင္းေဆာင္ ဆင္းရေအာင္"
Sixအား ေခါင္းညိတ္ျပလိုက္ၿပီး ငယ္ေလးအား ေပြ႕ခ်ီကာ ေလယာဥ္ေပၚမွ ဆင္းလိုက္သည္။ ေစာင့္ႀကိဳေနၾကေသာ Zora ဂိုဏ္းသားမ်ား ရွိရာဆီသို႔ တည့္တည့္ေလွ်ာက္သြားလိုက္သည္။
"Sadao ေရာ"
"ေခါင္းေဆာင္ ခိုင္းထားတာေတြ စီစဥ္ေနလို႔ လိုက္မလာနိုင္ပါဘူး ေခါင္းေဆာင္"
သူ ျပန္ေျဖသူအား ေခါင္းညိတ္ျပလိုက္သည္။
"ေခါင္းေဆာင္ အေပၚကုတ္ဝတ္မလား"
"ရတယ္ မလိုဘူး...ကားရပ္ထားတဲ့ဆီသာ လိုက္ျပေပး"
"ဟုတ္ကဲ့"
သူႏွင့္စကားေျပာသူက သူတို႔ေရွ႕မွ ေလွ်ာက္ကာ ကားရပ္နားရာဆီ ေခၚေဆာင္သြားသည္။ Sixႏွင့္ က်န္ဂိုဏ္းသားမ်ားသည္ သူ၏ ေနာက္မွ လိုက္ပါလာၾက၏။
အနက္ေရာင္ ရွပ္လက္ရွည္အပါးတစ္ထည္ႏွင့္ စတိုင္ပင္အနက္၊ လက္အိတ္ အနက္ေရာင္တို႔သာ ဝတ္ဆင္ထားေသာ္လည္း ခ်မ္းေအးေသာခံစားခ်က္ သူ မခံစားရပါ။ သူ၏ ရင္ထဲကအပူတို႔က ပို၍ ႀကီးစိုးေနေသာေၾကာင့္ ျဖစ္ေလာက္သည္။
အနက္ေရာင္ကားမ်ား၏ ေရွ႕ဆုံးတြင္ရပ္ထားေသာ သူ၏ကားဆီေရာက္သည္ႏွင့္ အဆင္သင့္ဖြင့္ေပးလာေသာ ကားတံခါးမွ ငယ္ေလးအား အေနာက္တြင္ ေသခ်ာေနရာခ်ေပးလိုက္သည္။ ထို႔ေနာက္ ငယ္ေလးေဘး သူဝင္ထိုင္လိုက္၏။
သူ၏ ႀကီးမားေသာ ကုတ္အကၤ်ီေၾကာင့္ လက္ေလးမ်ားပင္ ေပ်ာက္ကြယ္ေနေသာ ငယ္ေလးပုံက လြန္စြာ ခ်စ္စရာေကာင္းလြန္းေနသည္။ အနီေရာင္မာဖလာေၾကာင့္ မ်က္ႏွာေသးေသးေလးသာ ေပၚေနသည္မွာလည္း အသည္းယားစရာ ေကာင္းလြန္းေန၏။
ပြေယာင္းေယာင္း ျဖစ္ေနေသာ ေငြေရာင္ဆံပင္မ်ားအား သူထပ္၍ ဖြလိုက္မိသည္။ သက္ေတာင့္သက္သာ ျဖစ္ေစရန္ သူ၏ ေပါင္ေပၚ ငယ္ေလးေခါင္းအားတင္ေပးလိုက္ၿပီး ေျခေထာက္မ်ားကိုလည္း ကူရွင္ေပၚတင္ေပးလိုက္သည္။ ေသခ်ာအိပ္ရအဆင္ေျပေအာင္ ျပင္ဆင္ေပးလိုက္ၿပီး
Driverအား လွမ္းေျပာလိုက္သည္။
"ေမာင္းလို႔ရၿပီ"
ကားစတင္ ထြက္ခြာသည္ႏွင့္ သတိလစ္ေနေသာ ငယ္ေလးကိုသာ မ်က္ေတာင္မခတ္ ငုံ႕၍ ၾကည့္ေနမိသည္။
"ဘာလို႔ အဲေလာက္ခ်စ္ဖို႔ ေကာင္းေနရတာလဲ...ကိုကို ငယ္ေလးကို ထားၿပီး အေဝးကို တကယ္ထြက္မသြားနိုင္ေတာ့ဘူး"
ငယ္ေလး၏ ႏွာေခါင္းအား ဆြဲညွစ္လိုက္ေသာ္လည္း အရင္လို ရန္ေတြ႕တတ္ေသာ ငယ္ေလးကမူ ႏွစ္ၿခိဳက္စြာ အိပ္စက္လ်က္။ သူ႕အနား ယခုကဲ့သို႔ အၿမဲတမ္းရွိေနေပးနိုင္လွ်င္ အရမ္းေကာင္းမည္ဟူေသာ အေတြးတို႔ ေစထားရာ စိတ္ထဲ ဝင္လာေလေတာ့သည္။
သံစဥ္ဆိုတာ
သာယာမႈကိုေပးစြမ္းနိုင္သလို
အၿမဲနားေထာင္ခ်င္ေအာင္လည္း
ဆြဲေဆာင္နိုင္လြန္းတယ္။
မင္းဟာ
ကိုယ့္အတြက္
သံစဥ္တစ္ခုလိုပဲ။
အၿမဲတမ္း
မင္းအေၾကာင္းကိုသာ
ကိုယ္စဥ္းစားမိေနခဲ့တယ္။
မင္းမွမင္းပဲ
လိုအပ္တာမို႔
အစြဲအလမ္းႀကီးမိတာ
ခြင့္လႊတ္ပါ ကေလးငယ္။
**************************
ေတာ္ေတာ္ၾကာသည္ထိ ျပန္ေရာက္မလာေသာ လြန္းငယ္ေၾကာင့္ ခြန္းသုရွင္ စိတ္ပူလာရသည္။ ဖုန္းထုတ္ကာ လြန္းငယ္ဖုန္းနံပါတ္အား ေခၚဆိုလိုက္၏။
"လူႀကီးမင္း ေခၚဆိုေသာ ဖုန္းမွာ စက္ပိတ္ထားပါသျဖင့္...."
ခ်က္ခ်င္း ဖုန္းခ်ပစ္ကာ အျပင္သန့္စင္ခန္းသို႔ သြားၾကည့္လိုက္ေသာ္လည္း မည္သူမွ် ရွိမေနေပ။
အခန္းဆီျပန္သြားရန္ ေကာ္ရစ္ဒါသို႔ ခ်ိဳးအေကြ႕ ျမင္ကြင္းထဲဝင္လာေသာ ကားေသာ့ေၾကာင့္ ခ်က္ခ်င္းသြားကာ ေကာက္ယူၾကည့္လိုက္သည္။ လြန္းငယ္ ကား၏ကားေသာ့ျဖစ္ေနျခင္းေၾကာင့္ ပို၍စိတ္ပူသြားရသည္။ လူအား မေတြ႕ဘဲ ကားေသာ့ကိုသာေတြ႕ရျခင္းက သိပ္ၿပီးမူမွန္မေနေပ။
ခြန္းသုရွင္ Zeno၏ ဖုန္းအား ခ်က္ခ်င္းဆက္သြယ္လိုက္သည္။
"ဟယ္လို Zeno...လြန္းငယ္ ေဆး႐ုံကေန ႐ုတ္တရက္ေပ်ာက္သြားလို႔...သန့္စင္ခန္းသြားမယ္ ေျပာတာ...အခုလိုက္ၾကည့္တာ...ကားေသာ့ပဲ ေတြ႕တယ္"
"ဖုန္းကိုင္ထားၿပီး ကြၽန္ေတာ့္ကို ခဏေစာင့္"
Zeno ဟိုတယ္ခန္းထဲမွ ခ်က္ခ်င္းထြက္ကာ မ်က္ႏွာခ်င္းဆိုင္တြင္ရွိေသာ Six ၏ ဟိုတယ္အခန္းတံခါးအား ခပ္ၾကမ္းၾကမ္းထုလိုက္သည္။
"Six....Six...Six..."
ျပန္ေျဖသံ တစ္စြန္းတစ္စမွ်ပင္ ထြက္ေပၚမလာေခ်။
Zeno hotel receptionသို႔ အျမန္ေျပးသြားလိုက္သည္။ Reception ရွိ မိန္းကေလးအား ေမးျမန္းလိုက္၏။
"Room(8)ကလူ အျပင္ထြက္သြားတာလား"
မိန္းကေလးက သူ႕အားခ်က္ခ်င္းအေျဖေပးလာသည္။
"ေၾသာ္ ဟိုအရပ္ရွည္ရွည္၊ ေအးစက္စက္နဲ႕ ကိုလူေခ်ာ...အဲဒီအကို ဒီမနက္ပဲ အခန္းေသာ့အပ္ ေငြရွင္းၿပီးေတာ့ ထြက္သြားတာ...Room(7)အတြက္လည္း ေငြရွင္းေပးသြားခဲ့တယ္...(7)ရဲ႕ေသာ့ကေတာ့ ေပ်ာက္သြားတယ္ေျပာတယ္"
"ကြၽန္ေတာ့္ကို Room(7) လိုက္ျပလို႔ရမလား....အေရးႀကီးလို႔ပါ"
Receptionမိန္းကေလးက အံ့ၾသေသာအမူအရာျဖစ္သြားေသာ္လည္း ဘာမွမေျပာဘဲ ေသာ့အပိုယူကာ Room(7)သို႔ လိုက္ျပေပးသည္။
အခန္းတံခါး ဖြင့္လိုက္သည္ႏွင့္ အထဲတြင္ Krenႏွင့္ သက္ဆိုင္ေသာ ပစၥည္းဟူ၍ တစ္ခုတေလမွ်ပင္ ရွိမေနေတာ့ေပ။
ေနာက္ဆုံးတြင္ေတာ့ Zeno ေသခ်ာသြားေလၿပီ။ ကိုင္ထားေသာ ဖုန္းအား နား,နားျပန္ကပ္၍ ခြန္းသုရွင္အား ေျပာလိုက္သည္။
"သူတို႔ Krenကို ဂ်ပန္ျပန္ေခၚသြားၿပီ"
တစ္ဖက္မွ ျပန္ေျပာသံမၾကားရေတာ့ဘဲ တိတ္ဆိတ္သြားေလေတာ့သည္။
မ်က္လုံးမွိတ္ၿပီး
တစ္၊ႏွစ္၊သုံး ေရလိုက္တိုင္း
ကိုယ့္ေရွ႕ေရာက္လာသူဟာ
မင္းဆိုတဲ့
လူသားေလး
အၿမဲျဖစ္ေစခ်င္တယ္။
အၿမဲေတြ႕ျမင္ခ်င္တာမို႔
ဘယ္ေသာအခါမွ
ေပ်ာက္ကြယ္မသြားပါနဲ႕။
***************************