Unicode
....................
ဆေးရုံကိုရောက်သွားတာနဲ့ အဆင်သင့်ပြင်ပြီးထားသော ကုတင်ပေါ်သို့တင်ကာ ထိုက် ကိုခေါ်သွားကြသည်။ ဘုန်းစစ် ကေတာ့ အပြင်မှာသာ နေခဲ့ရသည်။
သူ့စိတ်တွေ ဘယောက်ဘယက်ဖြစ်နေသည်။ အကယ်၍ ထိုက်သာ ၊ အကယ်၍ ဆိုတဲ့ ခေါင်းစဉ်လေးတစ်ခုကတောင် သူ့ကိုသေအာင်သတ်နိုင်သည်။
မနေ့ည ပြန်လာကတည်းက ချွေးစီးတွေပြန်နေပြီး တစ်ကိုယ်လုံး ကိုတုန်ယင်နေလေသည်။
မနက်သုံးနာရီတွင် သူကိုယ်တိုင်ပူရှိန်းရှိန်းဖြစ်လာတာမို့ တစ်ရေးနိုးလာခဲ့သည်။ သိူ့သော် သူ့ကိုယ်က ပူနေခြင်းမဟုတ်ဘဲ သူ့ဘေးက ထိုက်စိုးစံ ဟာအဖျားတွေတတ်နေသည်။
သူထ၍ ထိုက်ကို ရေပတ်တိုက်ပေးကာ အင်္ကျီလဲပေးပြီး သူလည်းထိုက်ဘေးမှာပဲ ပြန်အိပ်ခဲ့သည်။ အဖျားကူးလည်းကူးပါစေတော့ အခုချိန် ထိုက် ရဲ့ဘေးမှာ သူရှိနေသင့်တာလေ ။
သိပ်မကြာခင် အခန်းထဲမှ ဒေါက်တာထွက်လာ၍ ဘုန်းစစ်ဆီသို့ရောက်လာသည်။
" ဒေါက်တာ ထိုက် က...."
" စိတ်ပူစရာမရှိပါဘူး ။ ပင်ပန်းနေလို့ဖြစ်သွားတာပါ တစ်နေ့ကို ၁ လီတာရေဘူး၂ဘူးလောက်ကုန်အောင်တိုက်ပေး ရေဓာတ်ခန်းခြောက်နေတယ် "
" ဟုတ်ကဲ့ပါ ဒေါက်တာ အခုဝင်တွေ့လို့ရပြီလား? "
" ရပါပြီ ဂရုတော့စိုက်ပေးနော် "
ဘုန်းစစ် လည်းခေါင်းငြိမ့်ပြရင်း ထိုက် ကိုရွှေ့ထားသော အခန်းထဲသို့ ဝင်လာလိုက်သည်။
ထို့နောက် ထိုက် ဘေးနားတွင်ဝင်ထိုင်ကာ အိပ်ပျော်နေသော ထိုက် ရဲ့လက်ကလေးကိုကိုင်၍ ငိုမိသည်။
ဒါတွေက သူသေချာဂရုမစိုက်ခဲ့လို့ဖြစ်ခဲ့တာတွေ ဟုတွေးရင်း သူ့ရင်ဘတ်တွေအဆမတန် နာကျင်လာရသည်။
လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သေချာလေးစောင့်ရှောက်ပေးခဲ့ရင် ထိုက် ဟာ ဒီလောက်ထိဖြစ်သွားမှာမဟုတ်ဘူးဟူ၍ တွေးမိသေးသည်။
မာန် ထိုးတာခံထားရေသာ မျက်နှာကတော့ မျက်နှာသစ်ထားပြီး ဆေးထည့်ထားတာမို့ အနည်းငယ်သက်သာလာသည်။
ထိုက် ရဲ့လက်ကလေးကိုကိုင်ရင်း ငိုမိတော့ ထိုက် ရဲ့ ကျန်လက်တစ်ဖက်ဟာ ဘုန်းစစ်ရဲ့ပါးပေါ်သို့ အတုန်တုန်အယင်ယင်နဲ့ရောက်လာလေသည်။
" ကျွန်တော် ဘာမှမဖြစ်ဘူးလေ ကိုကိုမငိုပါနဲ့ "
ဟု စကားပြောသံလေးထွက်လာတာမို့ ဘုန်းစစ် လည်းမျက်ရည်တွေကိုသုတ်ကာ ထိုက် ကိုပြုံး၍ကြည့်လာသည်။
" မငိုပါဘူး ကိုကို ကသန်မာတယ်လေ ထိုက် လည်းသိတာပဲ "
ဟင့်အင်း ။ ကိုကို သန်မာချင်ယောင်ဆောင်နေတာ ၊ အခြားလူတွေမသိရင်တောင် ကျွန်တော်ကသိတာမို့ ။
သူသိပ်သိတာပေါ့ ။ အမြဲတမ်း သူတစ်ပါးကိုအမိန့်ပေးစေခိုင်းေနနိုင်တဲ့ ကုမ္ပဏီ ပိုင်ရှင်တစ်ဦးအနေနဲ့ အပြင်ပန်းမှာ ဘယ်လောက်ပဲမာကျောချင်ယောင်ဆောင်နေပါစေ နောက်ကွယ်မှာတော့ အမြဲတမ်းပြိုလဲနေခဲ့တာကို သူအသိဆုံးပေါ့ ။ ကိုကို လိမ်တယ် ။
" ဘယ်ကတည်းကနိုးနေတာလဲ "
" ခုနကပဲ ကိုကို ညစ်ပတ်တယ် မျက်ရည်တွေလား နှပ်တွေလား လက်ပေါ်ကျလာတာကို "
" ကိုကိုမေ့သွားတာ ပုစိက အသန့်အရမ်းကြိုက်တာကို ဟားဟား "
"လာပါဦး ကိုကို ။ ကျွန်တော်ဖက်ထားချင်လို့ "
ထိုက်ရဲ့လက်တို့သည် ဘုန်းစစ် ဆီသို့ ဖြည်းဖြည်းချင်း ကမ်းလာခဲ့သည်။
ဘုန်းစစ် ထိုက် ရဲ့ဘေးတွင် ဝင်လှဲလိုက်တော့ ထိုက် က ဘုန်းစစ်ကိုဖက်ထားသည်။ တင်းကြပ်သည်ထက်ပို၍တင်းကြပ်စွာ ဖက်ထားသည်။
လွတ်ထွက်သွားတော့မည့် ပုံရိပ်တစ်ခုပြေးထွက်သွားမှာဆိုးတာကြောင့် အတင်းမရမက ဆွဲဖက်ထားတဲ့ပုံစံမျိုးပင် ။
" ကိုကို အသက်ရှူကြပ်နေပြီ ဖြည်းဖြည်း "
"ဟီး "
ဘုန်းစစ် ကပြောလိုက်မှ ထိုက် ကသွားလေးတွေဖြီး၍ ရယ်ပြလာသည်။ ထို့နောက် ထိုက် လည်းဘုန်းစစ်ကိုဖက်ထားရင်းနဲ့မှ အိပ်ပျော်သွားလေသည်။
ကျဉ်းမြောင်းသော တစ်ယောက်အိပ်ကုတင်ပေါ်တွင် ကောင်လေး၂ယောက်ဟာ မျှော်လင့်ချက်တွေနဲ့ အတူတူ လဲလျောင်းခဲ့ကြသည်။
.......................................။
ဟေဇယ် က နေမကောင်းဘူးဆို၍ အိမ်ပြန်သွားတာမို့ မာန် လည်း သူ့ရုံးခန်းမှာပဲ ထိုင်နေမိသည်။ စစ်ကို ကလည်း သူ့အလုပ်နဲ့သူရှုပ်နေတာမို့ မာန့် ဆီကိုလာမကြည့်နိုင် ။ မာန် လည်း ဒေါက်တာခေါ်ကာ ဒဏ်ရာတွေကိုဆေးထည့်ခိုင်းရသည်။
ထိုက် ရဲ့အားကအတော်ကိုပြင်းသည်။ ဘုန်းစစ်နဲ့အသေအကြေသတ်ပုတ်နေတုန်းကတောင် အဲ့လောက်မခံရပေမယ့် ထိုက် ထိုးလိုက်တဲ့ ၂ ချက်မှာတင် သူ့မေးရိုးတွေကျိူးသွားတယ်လို့တောင်ခံစားခဲ့ရသည်။
သူတကယ်ကိုပင်ပန်းနေပြီ ။ ဖြစ်နိုင်ရင် ဒီလောကကြီးထဲကနေထွက်သွားချင်မိတယ် ။ ခွန်း မရှိတော့တဲ့ဘဝဟာ သခင်မရှိတဲ့ ခွေးလိုပဲ ၊ အခု သူလည်းခွေးလေခွေးလွင့်တစ်ကောင်ဖြစ်နေလေပြီ ။
သတိရတယ် ။ ခွန်း သာပြန်လာမယ်ဆိုရင် သူအရာအားလုံးကိုပေးဆပ်နိုင်တယ် ။ လွမ်းတယ် ။ ညဘက်တွေတောင်အိပ်မရနိုင်တဲ့အထိ မင်းဟာကိုယ့်အိမ်မက်ထဲမှာကြီးစိုးခဲ့တယ် ။
တစ်နေ့မင်းက ကိုယ့်ဆီပြန်လာတယ် ဒါပေမယ့် ကိုယ့်ကိုအရေးမလုပ်တော့ဘူးတဲ့ ။ ကိုယ်စဉ်းစားတယ် ၊ အဲ့တာကအိမ်မက်ဖြစ်နေလို့သာပဲ မဟုတ်ရင် မင်းရဲ့ဥပေက္ခာ တစ်ချက်နဲ့တောင်ကိုယ်သေသွားနိုင်တယ် ။ အရမ်းလွမ်းတယ် ခွန်းဆက်အိမ်!
ပြန်လာခဲ့ရင်တော့ ဘယ်တော့မှ ထွက်မပြေးနိုင်အောင် နှလုံးသားနဲ့သော့ခတ်ထားမယ် ။ ကိုကတိပေးတယ် ။ မင်းဘယ်တော့မှ မနာကျင်စေရတော့ဘူး.....။
ခွန်း နဲ့ မတွေ့ခဲ့ရတဲ့ နောက်ပိုင်းတွေမှာ သူကလပ်မတတ်ဖြစ်ဘူး bar မသွားဖြစ်ဘူး ၊ မိန်းမ မရှုပ်ခဲ့ဘူး ။
မရှက်စတမ်းဝန်ခံရမယ်ဆိုရင် ဟေဇယ့် ကိုတော့ အချစ်ဦးဖြစ်တာကြောင့်တစ်ကြောင်း အရင်ကအသက်ထက်ပိုမြတ်နိုးတန်ဖိုးထားခဲ့တဲ့ မိန်းကလေးဖြစ်တာကတစ်ကြောင်း သူအထိအတွေ့မှာ ပြန်သာယာခဲ့ဖူးသည်။
ဒီရက်တွေမှာ သူပျော်နေခဲ့တဲ့အကြောင်းအရင်းက ၃ နှစ်ကြာမှ ဟေဇယ် ပြန်ရောက်လာတာကြောင့်လို့ထင်ခဲ့သည်။ သို့ပေမယ့် သူ့အတွေးတွေဟာမှားနေခဲ့သည်။
ခွန်း ထွက်သွားတဲ့ရက်မှ သူသိခဲ့ရသည်။ သူပျော်နိုင်ရတဲ့အကြောင်းအရင်းက ခွန်း ၊ ၀မ်းနည်းခြင်းတွေကိုလည်း ခွန်း ကကြီးစိုးထားတယ် ။
နာကျင်ရတာတွေရဲ့ တရားခံကလည်း ခွန်းပဲ ၊ ဒေါသတွေဟာလည်း ခွန်း ကြောင့်သာဖြစ်တည်တယ် ။ နောက်ဆုံး သူချစ်မိခဲ့တာဟာလည်း ခွန်း ဆိုတာကို နောက်ဆုံးမှ သိခဲ့ရတယ် ။
နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ သူကျန်နေခဲ့ရပြီ ။ ဒီကစားပွဲမှာ မင်းနိုင်တာမို့ ကိုယ့်ဆီပြန်လာပေးနိုင်မလား? ။မင်းတကယ်ကိုအပြစ်ပေးတာ တော်လွန်းခဲ့တယ် ။
အခု ကိုယ်တကယ်မင်းဖြစ်စေချငိတဲ့ပုံစံမျိုးဖြစ်နေပြီ ။ ကိုယ်တကယ်တောင်းပန်ပါတယ် ။
မှုတ်ဆိတ်မွှေး တွေရှည်လာတယ် အမြဲသပ်သပ်ရပ်ရပ်နေခဲ့သူက စုတ်ပြတ်လာတယ် ။ ချောမောခန့်ညားတဲ့ရုပ်ရည်ကတော့ မပြောင်းလဲခဲ့ပေ ။
စစ်ကို ကလည်း တစ်နေ့ထက်တစ်နေ့ သူ့boss ဖြစ်လာတဲ့ပုံစံတွေကိုကြည့်ရင်း စိတ်ပူခဲ့ရသည်။
သူ့ boss ဘယ်နေ့ဘယ်အချိန်တွေအထိ ဒီလိုတွေဖြစ်နေဦးမှာတဲ့လဲ ? အစားအသောက်တွေကိုလည်းပုံမှန်မစားသလို ကုမ္ပဏီ ကိုလည်းလာတစ်ချက်မလာတစ်ချက် ။
အခုဆို ကုမ္ပဏီ ကရှယ်ယာဈေးတွေထိုးကျကာ ကုမ္ပဏီ ဟာလည်း ပျက်ကိန်းဘက်သို့ဦးတည်နေသည်။ မာန် သာ ကုမ္ပဏီ ကိုအချိန်မှီပြန်ရောက်မလာခဲ့ရင် တစ်ကယ်ကိုပျက်ဆီးကာဒေဝါလီခံရနိုင်သည်။
..........................................။
" ဒီနေ့ အကိုပြောမှာကတော့ စစချင်းရက်ဆိုတော့ အရင်ဆုံး စာမေးပွဲရဲ့ပုံစံကိုရှင်းပြမယ် ဒီမှာနေခဲ့တဲ့ သူမဟုတ်တော့ Zale နားလည်ဦးမှာမဟုတ်ဘူး လာ အကိုပြောပြမယ် "
Zale ကေတာ့ Luous ပြောပြတာကိုသေချာနားထောင်နေသည်။ Rhon ကေတာ့ ပန်းသီးပန်းကန်ကြီးကိုကိုင်ကာ Luous ကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေလေသည်။
" မောင် စာရှင်းပြနေတယ်လေ ဘာတွေလိုက်လုပ်နေတာလဲ "
Rhon က Luous ရဲ့ပေါင်ကိုကိုင်နေတာမို့ စာသင်နေတဲ့ Luous က နေမထိထိုင်မသာဖြစ်လာသည်။
" ဆက်သင်လေ "
" မောင် ဒီလိုတွေလုပ်နေတာ ဘယ်လိုလုပ်သင်လို့ရမလဲ "
"အဟမ်း!"
Zale က စာမှတ်နေရင်း ချောင်းဟန့်လိုက်တော့ Rhon ကော Luous ပါ Zale လို့ကြည့်လာသည်။ Rhon ကေတာ့ ကလိမ်ကကျစ်ရုပ်နဲ့ Luous ကိုသာကြည့်နေခဲ့သည်။
................................။
နောက်တစ်ပိုင်း အဟီးဟီး
Vote ပေးမလား? လာခိုးရမလား🙂
#VeraVicki
Zawgyi
....................
" ဒေါက်တာ ထိုက် က...."
မာန် ထိုးတာခံထားရသော မျက်နှာကတော့ မျက်နှာသစ်ထားပြီး ဆေးထည့်ထားတာမို့ အနည်းငယ်သက်သာလာသည်။
ဟင့်အင်း ။ ကိုကို သန်မာချင်ယောင်ဆောငိနေတာ ၊ အခြားလူတွေမသိရင်တောင် ကျွန်တော်ကသိတာမို့ ။
သူသိပ်သိတာပေါ့ ။ အမြဲတမ်း သူတစ်ပါးကိုအမိန့်ပေးစေခိုင်းနေနိုငျတဲ့ ကုမ္ပဏီ ပိုင်ရှင်တစ်ဦးအနေနဲ့ အပြင်ပန်းမှာ ဘယ်လောက်ပဲမာကျောချင်ယောင်ဆောင်နေပါစေ နောက်ကွယ်မှာတော့ အမြဲတမ်းပြိုလဲနေခဲ့တာကို သူအသိဆုံးပေါ့ ။ ကိုကို လိမ်တယ် ။
" ဘယ်ကတည်းကနိုးနေတာလဲ "
" ကိုကိုမေ့သွားတာ ပုစိက အသန့်အရမ်းကြိုက်တာကိုပေါ့ ဟားဟား "
"ဟီး "
.......................................။
..........................................။
Zale ကတော့ Luous ပြောပြတာကိုသေချာနားထောင်နေသည်။ Rhon ကတော့ ပန်းသီးပန်းကန်ကြီးကိုကိုင်ကာ Luous ကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေလေသည်။
" မောင် စာရှင်းပြနေတယ်လေ ဘာတွေလိုက်လုပ်နေနတာလဲ "
" ဆက်သင်လေ "
"အဟမ်း!"
................................။
#VeraVicki