#Unicode
ဆောင်းဒီခေတ် POV
ဒီနေ့ ကျောင်းတွေပြန်ဖွင်တဲ့ ဇွန်လ တစ်ရက်။
အတန်းတစ်တန်းတက်သွားပြီဆိုတာကလွဲရင် မူလတန်းကနေစတက်ခဲ့သောကျောင်းမှာပဲ အရင်သူငယ်ချင်းတွေနဲ့ ဖြတ်သန်းရမှာမို့ ကျွန်တော့်အတွက် အထူးအထွေ စိတ်လှုပ်ရှားစရာမရှိခဲ့။
မိုးစက်တွေတဖွဲဖွဲ စွတ်စိုနေတဲ့ ကျောင်း၀န်းကြီးကို တစ်ချက်လှမ်းကြည့်ပြီး အပေါ်၀တ်ဂျာကင်က
ဦးထုပ်ကိုဆွဲယူဆောင်းလို့ ခပ်သုတ်သုတ် ၀င်လာခဲ့တော့တယ်။
ကျောင်းပေါက်၀ရောက်တော့ ကျောင်းထဲမ၀င်ချင်လို့ ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကျောင်းသားကို သူ့အမေက ချော့မော့နေဟန်ကြားမိတော့ တစ်ချက်စောင်းငဲ့ ကြည့်ရင်း စပ်စုမိလိုက်တယ်။
ရှပ်လက်ရှည်နဲ့ပုဆိုး၀တ်ထားတာမြင်မိတော့ မျက်ခုံးပင့်မိသွားတယ်။
ကျွန်တော်နဲ့ရွယ်တူမဟုတ်တောင် အလယ်တန်းကျောင်းသားဖြစ်နေတဲ့သူက ဘယ်နှယ့် ကျောင်း မသွားချင်လို့ ဂျစ်တိုက်နေတယ်တဲ့။
ကလေးဆန် လိုက်တာလို့ စိတ်ထဲကျိတ်တွေးရင်း နောက်ကျနေပြီမို့ အတန်းဆီ သွက်သွက် လှမ်းလိုက်တော့တယ်။
အတန်းထဲရောက်တော့ ဆရာမ မရောက်သေးတာမြင်တော့ တော်ပါသေးတယ် တွေးပြီး သူငယ်ချင်း ဦးပေးထားတဲ့ခုံမှာ အမြန်၀င်ထိုင်လိုက်ရတယ်။
ကျွန်တော်တို့ကျောင်းမှာ သတ်မှတ်ချက်ထဲမပါပေမယ့် လိုက်နာရတဲ့ စည်းကမ်းတွေရှိတယ်။
ဥပမာ ပထမဆုံးနေ့မှာ ကျောင်းမတက်ခင် လေးဆယ့်ငါးမိနစ် ကြိုရောက်ရမယ်တို့ ဘာတို့ပေါ့ဗျာ။
မကြာပါဘူး ကျောက်သင်ပုန်းဘေးမှာကပ်ထားတဲ့ အချိန်ဇယားကူးနေတုန်း ဆရာမ ၀င်လာတယ်။
ကျောင်းသားအားလုံးလည်း မတ်တပ်ရပ် နှုတ်ဆက်လိုက်ကြတယ်။
ဆရာမ က နာမည်ခေါ်ကာ လူစစ်ပြီး ကျောင်းသားသစ်နောက်ကျတယ် ဆိုပြီး ဆူပူနေပါသည်။
မကြာလိုက်ပါ အခန်းအပေါက်၀တင်ရပ်ကာ
"၀င်ခွင့်ပြုပါ ခင်ဗျ"
ဆိုတဲ့ အသံကြောင့် တစ်တန်းလုံး အကြည့်က ထိုတစ်ယောက်ဆီသို့။
ကျောင်းသားသစ်တော့ ဆူခံရမှာသေချာပြီလို့ အားလုံးကတွက်ပြီးသားမို့ သူ့ကို သနားသလိုကြည့်နေကြသည်။
အချိန်ဇယားကိုသာ အသည်းသန် ကူးနေသော ကျွန်တော်က ဆရာမရဲ့ အော်လိုက်သံကြားမှ လှမ်းကြည့်မိတော့ ကျောင်းပေါက်မှာတွေ့ခဲ့တဲ့ ဂျစ်တိုက်နေတဲ့ကျောင်းသား။
သူကသော်တာယံ့ဘေးခုံမှာ၀င်ထိုင်လိုက်ပြီး ခပ်ကုပ်ကုပ်လေးသာ နေသည်မို့ ခေါင်းအသာရမ်းရင်း စိတ်မကောင်းဖြစ်မိသေးတယ်။
နောက်ရက်တွေ သတိထားကြည့်မိတော့ ကျောင်းကိုအမြဲတမ်းစောရောက်နေတတ်တဲ့ နှောင်းရိပ်မာန်ဆိုတဲ့ ကျောင်းသားသစ်လေး။
သူ့ကိုတွေ့လိုက်တိုင်း အမြဲ မရွှင်မပြ ဖြစ်နေတာကို သတိထားမိသည်။
သူကလည်း ဆရာမတွေဆီက မကြာခဏဆူခံရတတ်ပြီး ဒီကျောင်းက ထွက်ပြေးချင်စိတ်ပေါက်နေဟန်။
ကျွန်တော်ပြောခဲ့ပါရောလား ကျွန်တော်တို့ကျောင်းမှာ စည်းကမ်းချက်ထဲမပါပေမယ့် လိုက်နာနေရတဲ့ အရာတွေရှိတယ်လို့။
သူ့လို အသစ်လေးတစ်ယောက်အတွက်တော့ သတိမထားမိခင်မှာပဲ အပြစ်ကျူးလွန်မိနေတာပေါ့။
သူ့ကိုသတိထားမိပေမယ့် သူနဲ့ရင်းနှီးအောင်တော့ မကြိုးစားမိခဲ့။
ကျွန်တော်ကိုယ်တိုင်ကလည်း လူတွေနဲ့ အရောတ၀င်နေရတာ သိပ်သဘောမကျ။ အတန်းထဲကလူတွေနဲ့လည်း ခပ်တန်းတန်းသာ ဆက်ဆံဖြစ်သည်။
ပထမဆုံးလပတ်စာမေးပွဲဖြေတော့ ကျွန်တော့်အဆင့်ကပုံမှန်အတိုင်းထိပ်ပိုင်း မှာရှိနေမြဲ။ ကျောင်းသားသစ် အခြေအနေကို သိချင်တာမို့ စပ်စုကြည့်တော့ အဆင့်နောက်ဆုံးကရေရင် ဒုတိယတဲ့။
သူက အရင်ကျောင်းတုန်းက ခရိုင်အဆင့်တွေတောင်ဆုရဖူးတဲ့ ထိပ်တန်းကျောင်းသားဆို အခုတော့ ဘယ်လိုဖြစ်တာပါလိမ့်လို့တွေးမိသည်။
မကြာပါ သော်တာယံ့ဆီကနေ သူ့အကြောင်းတွေကြားရသည်။ ဒီကျောင်းကနေ ပြောင်းပေးမလားဆိုပြီး စာမလုပ်ခြင်းဖြစ်ကြောင်း သူအရမ်းစိတ်ပျက်နေကြောင်းတွေနဲ့အတူ သူ့အမေက အတန်းပိုင်ကျူရှင်ပို့မည်ဆိုတဲ့အကြောင်းရောပေါ့။
နောက် တစ်လလောက်ကြာတော့ အရင်ကလောက် ထိုင်းမှိုင်းလေးကန်နေတာမျိုး မဟုတ်တော့ဘဲ တက်တက်ကြွကြွဖြစ်လာတာကို တွေ့ရသည်။ အတန်းထဲကသူများနဲ့ပါ ဖော်ဖော်ရွေရွေ နေလာတာမြင်တော့ ကျွန်တော်၀မ်းသာမိသည်။
စာသင်နှစ်၀က် မရောက်ခင်လောက်မှာ ကျွန်တော် အသည်းရောင် အသား၀ါဖြစ်ကာ ဆေးရုံတက်ရသောကြောင့် ကျောင်း ၁လနီးပါးလောက်နားလိုက်ရတယ်။
ပြန်သက်သာလာပြီး ကျောင်းပြန်တက်တော့ နှစ်၀က်စာမေးပွဲကနီးနေပြီဖြစ်တာကြောင့် ကျူရှင်အချိန်ပိုယူဖို့ လူကြီးတွေကတိုက်တွန်းလာတယ်။
သော်တာယံတို့နဲ့အတူ သီးသန့်၀ိုင်းတက်တာမို့ အချိန်ပိုယူဖို့က မခက်ခဲပေမယ့် ဆရာမကိုအားနာတယ် လို့အကြောင်းပြကာ ပိတ်ရက် အတန်းမှာပဲ သွားတက်မယ်လို့ ပြောခဲ့တယ်။
ကျူရှင်စတက်တော့ ကျွန်တော့်ကို မသိမသာ အကဲခတ်နေတဲ့ နှောင်းရိပ်မာန်ကို သတိထားမိပေမယ့် မသိချင်ယောင်ဆောင်နေဖြစ်ခဲ့တယ်။
အခြားသူတွေကတော့ နဂိုကတည်းက စကားများများပြောရတာ မကြိုက်တဲ့ ကျွန်တော့်အကြောင်း သိနေကြတာမို့ အထူးထွေ စပ်စုမနေကြ။
နှစ်၀က်စာမေးပွဲပြီးသွားပေမယ့် ပိတ်ရက်အတန်းကို ဆက်တက်ဖြစ်ခဲ့တယ်။
ပိတ်ရက်အတန်းကသူတွေက အချင်းချင်း စလိုက်နောက်လိုက် နဲ့ အနေတည်တဲ့ကျွန်တော်တောင် ပျော်ရွှင်သလို ခံစားလာရတယ်။
တစ်ခုပါပဲ ရင်းနှီးသွားကြတဲ့နောက် ကျူရှင်လာကြိုပေးတဲ့ ကျွန်တော့်အစ်မကို စနောက်တတ်ကြတာကို သည်းမခံနိုင်တာပါပဲ။
အဲ့ချိန်ဆို စကားနည်းတဲ့ကျွန်တော်က ပြန်ခံပြောပြီး တရှူးရှူးတရှားရှား စိတ်ဆိုးနေတာကို သူတို့တွေသဘောခွေ့တယ်ထင်။
အဲ့လူတွေထဲ နှောင်းရိပ်မာန် မပါလို့ ကျိတ်ချီးကျူးနေမိတယ်။ ချီးကျူးလို့မဆုံးသေးဘူး တစ်ရက်သူနဲ့ကျွန်တော် အိမ်ကလာမကြိုသေးလို့ အတူစောင့်နေကြတုန်း အစ်မလာကြိုတယ်။
သူ့ကိုပြန်ပို့ပေးရမလားမေးတော့ မြင်လို့တောင်မကောင်းအောင် နွားပွဲစားလို သွားကြီးဖြီးလို့ ကျေနပ်ကာ အစ်မကို ငမ်းနေလေရဲ့။
ဒေါသ ထောင်းခနဲထွက်သွားကာ သူ့ကို ဂျိုကြည့်ကြည့်ပေးလိုက်တော့ မျက်နှာပိုးသတ်ကာ မလိုက်တော့ပါဘူးဆိုပြီးအစ်မကိုပြန်ဖြေပေးလိုက်လေရဲ့။
နောက်နေ့တွေ့တော့* အစ်မက ချောတယ်နော် *တဲ့။ မကျေနပ်ချက်တွေ အတောမသပ်နိုင်ပေမယ့် စိတ်ထိန်းကာ တစ်မျိုးတစ်ဆွေလုံး ချောတာလို့ ဘောက်ဆောက်ဆောက်ဖြေပေးလိုက်တော့ ကျိတ်ရယ်နေတာ မြင်လိုက်ပေမယ့် လျစ်လျူရှုထားလိုက်တော့တယ်။
သူများတွေစလို့ မကြိုက်တဲ့အချိန် စိတ်ဆိုးပေမယ့် ခဏနဲ့မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ပေမယ့် အခု နှောင်းရိပ်မာန် အလှည့်မှာတော့ တော်တော်ကိုအမြင်ကပ်နေမိတယ်။
အားတိုင်း ကျောင်းမှာမြင်တိုင်း လိုက်စနေတဲ့ သင်းကို အချဥ်ပေါက်လာပြီ။
တစ်ရက်တော့
" မင်းလိုကောင်နဲ့ငါ့အစ်မကိုဘယ်တော့မှ သဘောမတူဘူး"
လို့ ပြောလိုက်တော့ မျက်နှာတစ်ချက်ပျက်သွားပေ
မယ့် ခဏအတွင်းစပ်ဖြဲဖြဲရုပ်ပြန်ဖြစ်သွားတာပါပဲ။
သူ အစ်မကို တကယ်ကြိုက်နေတာလား တွေးမိတော့ ၀မ်းနည်းသလိုလို ဒေါသထွက်သလိုလို ခံစားချက်ကြီးက ၀င်ရောက်လာသည်။
သူက စာတော်သလို ကြိုးလည်းကြိုးစားသည်။
ကျွန်တော်ကတော့ ဥာဏ်လေးကောင်းတာကို အမှီပြုပြီး အပါးခိုတတ်သည်။
စာမေးပွဲဖြေတိုင်း သူမသာကိုယ်မသာ အမှတ်တွေနဲ့ သရေကျနေတတ်ပြီး လက်ရေးမလှတဲ့သူ့ကို ခနဲ့ကာ စကားဆိုမိတော့ လက်ရေးလှဖို့ အသည်းသန်ကြိုးစား လေ့ကျင့်နေတဲ့ သူ့ကိုတွေ့ရတော့ ကျိတ်၀မ်းသာရသေးသည်။
သူ့ထက်လက်ရေးလှတာ တစ်ခု သာနေတာကို ကျောချင်တဲ့ စိတ်နဲ့ပြောတာဆိုတာထက် သူ့လက်ရေးလှအောင် ပြင်စေချင်တဲ့ စေတနာကိုတော့ သူမြင်မယ်မထင်။
သူရေးဖို့ သော်တာယံပေးတဲ့ မင်အဖျော့နဲ့ ဘောပင်က ကျွန်တော်ကိုယ်တိုင် အမျိုးပေါင်းများစွာကိုတစ်ချောင်းချင်း မှင်စမ်းပြီး ရွေး၀ယ်ပေးခဲ့တာကိုလည်း သူဘယ်တော့မှ သိမှာမဟုတ်ပေ။
ကြိုးလေးတစ်စက
မသိလိုက်မိခင် အချိန်ကပင်
ချည်နှောင်ဖို့ စတင်ခဲ့မိလေပြီ....
#Zawgyi
ေဆာင္းဒီေခတ္ POV
ဒီေန႔ ေက်ာင္းေတြျပန္ဖြင္တဲ့ ဇြန္လ တစ္ရက္။
အတန္းတစ္တန္းတက္သြားၿပီဆိုတာကလြဲရင္ မူလတန္းကေနစတက္ခဲ့ေသာေက်ာင္းမွာပဲ အရင္သူငယ္ခ်င္းေတြနဲ႔ ျဖတ္သန္းရမွာမို႔ ကၽြန္ေတာ့္အတြက္ အထူးအေထြ စိတ္လႈပ္ရွားစရာမရွိခဲ့။
မိုးစက္ေတြတဖြဲဖြဲ စြတ္စိုေနတဲ့ ေက်ာင္း၀န္းႀကီးကို တစ္ခ်က္လွမ္းၾကည့္ၿပီး အေပၚ၀တ္ဂ်ာကင္က
ဦးထုပ္ကိုဆြဲယူေဆာင္းလို႔ ခပ္သုတ္သုတ္ ၀င္လာခဲ့ေတာ့တယ္။
ေက်ာင္းေပါက္၀ေရာက္ေတာ့ ေက်ာင္းထဲမ၀င္ခ်င္လို႔ ငိုမဲ့မဲ့ ျဖစ္ေနတဲ့ ေက်ာင္းသားကို သူ႔အေမက ေခ်ာ့ေမာ့ေနဟန္ၾကားမိေတာ့ တစ္ခ်က္ေစာင္းငဲ့ ၾကည့္ရင္း စပ္စုမိလိုက္တယ္။
ရွပ္လက္ရွည္နဲ႔ပုဆိုး၀တ္ထားတာျမင္မိေတာ့ မ်က္ခုံးပင့္မိသြားတယ္။
ကၽြန္ေတာ္နဲ႔ရြယ္တူမဟုတ္ေတာင္ အလယ္တန္းေက်ာင္းသားျဖစ္ေနတဲ့သူက ဘယ္ႏွယ့္ ေက်ာင္း မသြားခ်င္လို႔ ဂ်စ္တိုက္ေနတယ္တဲ့။
ကေလးဆန္ လိုက္တာလို႔ စိတ္ထဲက်ိတ္ေတြးရင္း ေနာက္က်ေနၿပီမို႔ အတန္းဆီ သြက္သြက္ လွမ္းလိုက္ေတာ့တယ္။
အတန္းထဲေရာက္ေတာ့ ဆရာမ မေရာက္ေသးတာျမင္ေတာ့ ေတာ္ပါေသးတယ္ ေတြးၿပီး သူငယ္ခ်င္း ဦးေပးထားတဲ့ခုံမွာ အျမန္၀င္ထိုင္လိုက္ရတယ္။
ကၽြန္ေတာ္တို႔ေက်ာင္းမွာ သတ္မွတ္ခ်က္ထဲမပါေပမယ့္ လိုက္နာရတဲ့ စည္းကမ္းေတြရွိတယ္။
ဥပမာ ပထမဆုံးေန႔မွာ ေက်ာင္းမတက္ခင္ ေလးဆယ့္ငါးမိနစ္ ႀကိဳေရာက္ရမယ္တို႔ ဘာတို႔ေပါ့ဗ်ာ။
မၾကာပါဘူး ေက်ာက္သင္ပုန္းေဘးမွာကပ္ထားတဲ့ အခ်ိန္ဇယားကူးေနတုန္း ဆရာမ ၀င္လာတယ္။
ေက်ာင္းသားအားလုံးလည္း မတ္တပ္ရပ္ ႏႈတ္ဆက္လိုက္ၾကတယ္။
ဆရာမ က နာမည္ေခၚကာ လူစစ္ၿပီး ေက်ာင္းသားသစ္ေနာက္က်တယ္ ဆိုၿပီး ဆူပူေနပါသည္။
မၾကာလိုက္ပါ အခန္းအေပၚ၀တင္ရပ္ကာ "၀င္ခြင့္ျပဳပါ"
ဆိုတဲ့ အသံေၾကာင့္ တစ္တန္းလုံး အၾကည့္က ထိုတစ္ေယာက္ဆီသို႔။
ေက်ာင္းသားသစ္ေတာ့ ဆူခံရမွာေသခ်ာၿပီလို႔ အားလုံးကတြက္ၿပီးသားမို႔ သူ႔ကို သနားသလိုၾကည့္ေနၾကသည္။
အခ်ိန္ဇယားကိုသာ အသည္းသန္ ကူးေနေသာ ကၽြန္ေတာ္က ဆရာမရဲ့ ေအာ္လိုက္သံၾကားမွ လွမ္းၾကည့္မိေတာ့ ေက်ာင္းေပါက္မွာေတြ႕ခဲ့တဲ့ ဂ်စ္တိုက္ေနတဲ့ေက်ာင္းသား။
သူကေသာ္တာယံ့ေဘးခုံမွာင္ထိုင္လိုက္ၿပီး ခပ္ကုပ္ကုပ္ေလးသာ ေနသည္မို႔ ေခါင္းအသာရမ္းရင္း စိတ္မေကာင္းျဖစ္မိေသးတယ္။
ေနာက္ရက္ေတြ သတိထားၾကည့္မိေတာ့ ေက်ာင္းကိုအျမဲတမ္းေရာက္ေနတတ္တဲ့ ေႏွာင္းရိပ္မာန္ဆိုတဲ့ ေက်ာင္းသားသစ္ေလး။
သူ႔ကိုေတြ႕လိုက္တိုင္း အျမဲ မရႊင္မၿပ ျဖစ္ေနတာကို သတိထားမိသည္။
သူကလည္း ဆရာမေတြဆီက မၾကာခဏဆူခံရတတ္ၿပီး ဒီေက်ာင္းက ထြက္ေျပးခ်င္စိတ္ေပါက္ေနဟန္။
ကၽြန္ေတာ္ေျပာခဲ့ပါေရာလား ကၽြန္ေတာ္တို႔ေက်ာင္းမွာ စည္းကမ္းခ်က္ထဲမပါေပမယ့္ လိုက္နာေနရတဲ့ အရာေတြရွိတယ္လို႔။
သူ႔လို အသစ္ေလးတစ္ေယာက္အတြက္ေတာ့ သတိမထားမိခင္မွာပဲ အျပစ္က်ဴးလြန္မိေနတာေပါ့။
သူ႔ကိုသတိထားမိေပမယ့္ သူနဲ႔ရင္းႏွီးေအာင္ေတာ့ မႀကိဳးစားမိခဲ့။
ကၽြန္ေတာ္ကိုယ္တိုင္ကလည္း လူေတြနဲ႔ အေရာတ၀င္ေနရတာ သိပ္သေဘာမက်။ အတန္းထဲကလူေတြနဲ႔လည္း ခပ္တန္းတန္းသာ ဆက္ဆံျဖစ္သည္။
ပထမဆုံးလပတ္စာေမးပြဲေျဖေတာ့ ကၽြန္ေတာ့္အဆင့္ကပုံမွန္အတိုင္းထိပ္ပိုင္း မွာရွိေနျမဲ။ ေက်ာင္းသားသစ္ အေျခေနကို သိခ်င္တာမို႔ စပ္စုၾကည့္ေတာ့ အဆင့္ေနာက္ဆုံးကေရရင္ ဒုတိယတဲ့။
သူက အရင္ေက်ာင္းတုန္းက ခရိုင္အဆင့္ေတြေတာင္ဆုရဖူးတဲ့ ထိပ္တန္းေက်ာင္းသားဆို အခုေတာ့ ဘယ္လိုျဖစ္တာပါလိမ့္လို႔ေတြးမိသည္။
မၾကာပါ ေသာ္တာယံ့ဆီကေန သူ႔အေၾကာင္းေတြၾကားရသည္။ ဒီေက်ာင္းကေန ေျပာင္းေပးမလားဆိုၿပီး စာမလုပ္ျခင္းျဖစ္ေၾကာင္း သူအရမ္းစိတ္ပ်က္ေနေၾကာင္းေတြနဲ႔အတူ သူ႔အေမက အတန္းပိုင္က်ဴရွင္ပို႔မည္ဆိုတဲ့အေၾကာင္းေရာေပါ့။
ေနာက္ တစ္လေလာက္ၾကာေတာ့ အရင္ကေလာက္ ထိုင္းမွိုင္းေလးကန္ေနတာမ်ိဳး မဟုတ္ေတာ့ဘဲ တက္တက္ႂကြႂကြျဖစ္လာတာကို ေတြ႕ရသည္။ အတန္းထဲကသူမ်ားနဲ႔ပါ ေဖာ္ေဖာ္ေရြေရြ ေနလာေတာ့ျမင္ေတာ့ ကၽြန္ေတာ္
၀မ္းသာမိသည္။
စာသင္ႏွစ္၀က္ မေရာက္ခင္ေလာက္မွာ ကၽြန္ေတာ္ အသည္းေရာင္ အသား၀ါျဖစ္ကာ ေဆး႐ုံတက္ရေသာေၾကာင့္ ေက်ာင္း ၁လနီးပါးေလာက္နားလိုက္ရတယ္။
ျပန္သက္သာလာၿပီး ေက်ာင္းျပန္တက္ေတာ့ ႏွစ္၀က္စာေမးပြဲကနီးေနၿပီျဖစ္တာေၾကာင့္ က်ဴရွင္အခ်ိန္ပိုယူဖို႔ လူႀကီးေတြကတိုက္တြန္းလာတယ္။
ေသာ္တာယံ့တို႔နဲ႔အတူ သီးသန္႔၀ိုင္းတက္တာမို႔ အခ်ိန္ပိုယူဖို႔က မခက္ခဲေပမယ့္ ဆရာမကိုအားနာတယ္ လို႔အေၾကာင္းျပကာ ပိတ္ရက္ အတန္းမွာပဲ သြားတက္မယ္လို႔ ေျပာခဲ့တယ္။
က်ဴရွင္စတက္ေတာ့ ကၽြန္ေတာ့္ကို မသိမသာ အကဲခတ္ေနတဲ့ ေႏွာင္းရိပ္မာန္ကို သတိထားမိေပမယ့္ မသိခ်င္ေယာင္ေဆာင္ေနျဖစ္ခဲ့တယ္။
အျခားသူေတြကေတာ့ နဂိုကတည္းက စကားမ်ားမ်ားေျပာရတာ မႀကိဳက္တဲ့ ကၽြန္ေတာ့္အေၾကာင္း သိေနၾကတာမို႔ အထူးေထြ စပ္စုမေနၾက။
ႏွစ္၀က္စာေမးပြဲၿပီးသြားေပမယ့္ ပိတ္ရက္အတန္းကို ဆက္တက္ျဖစ္ခဲ့တယ္။
ပိတ္ရက္အတန္းကသူေတြက အခ်င္းခ်င္း စလိုက္ေနာက္လိုက္ နဲ႔ အေနတည္တဲ့ကၽြန္ေတာ္ေတာင္ ေပ်ာ္ရႊင္သလို ခံစားလာရတယ္။
တစ္ခုပါပဲ ရင္းႏွီးသြားၾကတဲ့ေနာက္ က်ဴရွင္လာႀကိဳေပးတဲ့ ကၽြန္ေတာ့္အစ္မကို စေနာက္တတ္ၾကတာကို သည္းမခံနိုင္တာပါပဲ။
အဲ့ခ်ိန္ဆို စကားနည္းတဲ့ကၽြန္ေတာ္က ျပန္ခံေျပာၿပီး တရႉးရႉးတရွားရွား စိတ္ဆိုးေနတာကို သူတို႔ေတြသေဘာေခြ႕တယ္ထင္။
အဲ့လူေတြထဲ ေႏွာင္းရိပ္မာန္ မပါလို႔ က်ိတ္ခ်ီးက်ဴးေနမိတယ္။ ခ်ီးက်ဴးလို႔မဆုံးေသးဘူး တစ္ရက္သူနဲ႔ကၽြန္ေတာ္ အိမ္ကလာမႀကိဳေသးလို႔ အတူေစာင့္ေနၾကတုန္း အစ္မလာႀကိဳတယ္။
သူ႔ကိုျပန္ပို႔ေပးရမလားေမးေတာ့ ျမင္လို႔ေတာင္မေကာင္းေအာင္ ႏြားပြဲစားလို သြားႀကီးၿဖီးလို႔ ေက်နပ္ကာ အစ္မကို ငမ္းေနေလရဲ့။
ေဒါသ ေထာင္းခနဲထြက္သြားကာ သူ႔ကို ဂ်ိဳၾကည့္ၾကည့္ေပးလိုက္ေတာ့ မ်က္ႏွာပိုးသတ္ကာ မလိုက္ေတာ့ပါဘူးဆိုၿပီးအစ္မကိုျပန္ေျဖေပးလိုက္ေလရဲ့။
ေနာက္ေန႔ေတြ႕ေတာ့* အစ္မက ေခ်ာတယ္ေနာ္ *တဲ့ မေက်နပ္ခ်က္ေတြ အေတာမသပ္နိုင္ေပမယ့္ စိတ္ထိန္းကာ
တစ္မ်ိဳးတစ္ေဆြလုံး ေခ်ာတာလို႔ ေဘာက္ေဆာက္ေဆာက္ေျဖေပးလိုက္ေတာ့ က်ိတ္ရယ္ေနတာ ျမင္လိုက္ေပမယ့္ လ်စ္လ်ဴရႈထားလိုက္ေတာ့တယ္။
သူမ်ားေတြစလို႔ မႀကိဳက္တဲ့အခ်ိန္ စိတ္ဆိုးေပမယ့္ ခဏနဲ႔ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားတတ္ေပမယ့္ အခု ေႏွာင္းရိပ္မာန္ အလွည့္မွာေတာ့ ေတာ္ေတာ္ကိုအျမင္ကပ္ေနမိတယ္။
အားတိုင္း ေက်ာင္းမွာျမင္တိုင္း လိုက္စေနတဲ့ သင္းကို
အခ်ဥ္ေပါက္လာၿပီ။
တစ္ရက္ေတာ့
" မင္းလိုေကာင္နဲ႔ငါ့အစ္မကိုဘယ္ေတာ့မွ သေဘာမတူဘူး"
လို႔ ေျပာလိုက္ေတာ့ မ်က္ႏွာတစ္ခ်က္ပ်က္သြားေပမယ့္ ခဏအတြင္းစပ္ျဖဲျဖဲ႐ုပ္ျပန္ျဖစ္သြားတာပါပဲ။
သူ အစ္မကို တကယ္ႀကိဳက္ေနတာလား ေတြးမိေတာ့ ၀မ္းနည္းသလိုလို ေဒါသထြက္သလိုလို ခံစားခ်က္ႀကီးက ၀င္ေရာက္လာသည္။
သူက စာေတာ္သလို ႀကိဳးလည္းႀကိဳးစားသည္။
ကၽြန္ေတာ္ကေတာ့ ဥာဏ္ေလးေကာင္းတာကို အမွီျပဳၿပီး အပါးခိုတတ္သည္။
စာေမးပြဲေျဖတိုင္း သူမသာကိုယ္မသာ အမွတ္ေတြနဲ႔ သေရက်ေနတတ္ေတာ့ လက္ေရးမလွတဲ့သူ႔ကို ခနဲ႔ကာ စကားဆိုမိေတာ့ လက္ေရးလွဖို႔ အသည္းသန္ႀကိဳးစား ေလ့က်င့္ေနတဲ့ သူ႔ကိုေတြ႕ရေတာ့ က်ိတ္၀မ္းသာရေသးသည္။
သူ႔ထက္လက္ေရးလွတာ တစ္ခု သာေနတာကို ေက်ာခ်င္တဲ့ စိတ္နဲ႔ေျပာတာဆိုတာထက္ သူ႔လက္ေရးလွေအာင္ ျပင္ေစခ်င္တဲ့ ေစတနာနဲ႔ ဆိုတာကိုေတာ့ သူျမင္မယ္မထင္။
သူေရးဖို႔ ေသာ္တာယံေပးတဲ့ မင္အေဖ်ာ့နဲ႔ ေဘာပင္က ကၽြန္ေတာ္ကိုယ္တိုင္ အမ်ိဳးေပါင္းမ်ားစြာကိုတစ္ေခ်ာင္းခ်င္း မွင္စမ္းၿပီး ေရြး၀ယ္ေပးခဲ့တာကိုလည္း သူသိမယ္မထင္ပါ....။
ႀကိဳးေလးတစ္စက
မသိလိုက္မိခင္ အခ်ိန္ကပင္
ခ်ည္ေႏွာင္ဖို႔ စတင္ခဲ့မိေလၿပီ....