လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ {...
Af Vera_Vicki
880K 71.9K 3.7K
ပိုချစ်မိတဲ့သူကအရှုံးတဲ့ ။ ကျွန်တော်ကပိုချစ်ပေမယ့် ဘယ်တော့မှမရှုံးစေရဘူး ကိုကို....။ ပိုခ်စ္မိတဲ့သူကအရႈံးတဲ... Mere
Episode-1(Z+U)
Episode-2(Z+U)
Episode -3 (Z+U)
Episode - 4 (Z+U)
Episode - 5 ( Z+U)
Episode - 6 (Z+U)
Episode - 7 ( U+Z )
Episode - 8 (Z+U)
Episode - 9 (Z+U)
Episode - 10 (Z+U)
Episode - 11 (Z+U)
Episode - 12 (Z+U)
Episode - 13 (Z+U)
Episode - 14 ( Z+U)
Episode - 15 (Z+U)
Episode - 16 (Z+U)
Episode - 17 (Z+U)
Episode - 18 (Z+U)
Episode - 19 (Z+U)
Episode - 20 (Z+U)
Episode - 21 (Z+U)
Episode - 22 ( Z+U)
Episode - 23 ( Z+U)
Episode - 25 (Z+U)
Episode - 26 (Z+U)
Happy new year!
Episode - 27 (Z+U)
Episode - 28 (Z+U)
Episode - 29 (Z+U)
Episode - 30 (Z+U)
Episode - 31 (Z+U)
Episode - 32 (Z+U)
Episode - 33 (Z+U)
Episode - 34 (Z+U)
Episode - 35 (Z+U)
Episode - 36 (Z+U)
Episode - 37 (Z+U)
Episode - 38 (Z+U)
Episode - 39 (Z+U)
Episode - 40 (Z+U)
Episode - 41 (Z+U)
Episode - 42 (Z+U)
Episode - 43 (Z+U)
Episode - 44 (Z+U)
Episode - 45 (Z+U)
Episode - 46 - Final (Z+U)
ကြေညာချက် ပိစိ
Can order now !!!
Episode - 24 (Z+U)
14.2K 1.3K 26
Af Vera_Vicki
Unicode
......................
" အချစ်! "
ပြောရင်း Luous ကိုပြေးဖက်လာသော Rhon ကို Luous ကပိုကိုပိုတယ်ဆိုတဲ့အကြည်နဲ့ ကြည့်လိုက်သည်။
" မောင် ဒေါ်လေးရှိတယ်လေ "
"အေးအေး မင်းတို့ခေတ်ပဲလုပ်ကြ ငါဒီနေရာမှမရှိခဲ့ဘူးမှတ်လိုက် "
"ဒေါ်လေးကလည်း "
Rhon ကပြောတော့ ဒေါ်လေးကလည်း ရယ်ကာ
" အေးပါ အေးပါ ဒေါ်လေးမင်းတို့စားဖို့ တစ်ခုခသွားဝယ်လိုက်ဦးမယ် Luous လည်း နေ့လည်စာပါစားသွားနော် "
Luous လည်းခေါင်းငြိမ့် ဒေါ်လေးကိုနှုတ်ဆက်လိုက်သည်။
" ချစ်ကွာ မောင့်ကိုသတ်ိမရဘူးလား? လာတောင်မတွေ့ဘူး "
" မဟုတ်ပါဘူး မောင်ရယ် ၊ အချစ်မှမအားတာ ဘယ်လိုလာရမလဲ အခုတောင် မာမီပြောလို့လိုက်လာတာ အချိန်မရဘူး ဒေါ်လေးကိုတော့ အားနာပါတယ် တနင်္ဂနွေမှ သေချာတွေ့ကြမယ်နော် အချစ်ပြန်တော့မယ် နောက်ချိန်တွေရှိသေးတယ် သိတယ်မဟုတ်လား? ကျောင်းဝင်ခွင့်တွေက ဖြေရတော့မှာ ကျောင်းတိုင်းလေ "
Rhon လည်းတစ်ခုခုကိုစဉ်းစားမိကာ
" အဲ့တာဆို မောင့် ညီလေးတစ်ယောက်ကို အချစ်သင်ပြနိုင်မလား? "
"အော် မာမီပြောတဲ့ကောင်လေးလား?"
"အင်း သူကဉာဏ်တော့ကောင်းတယ် လိုအပ်တာလေးတွေသင်ပေးရုံပဲ "
" အင်းပါ ရှုတ်ရှုတ်ရှပ်ရှပ်တွေတော့မလုပ်နဲ့နော် အချစ်အကြောင်းသိစေရမယ် "
"ဟုတ်ပါပြီ မင်းလေးကလွဲပြီး ဘယ်သူမှမရှိ "
" ဟုတ်ပါပြီ ။  သူများတွေကြားရင် အမြင်ကတ်နေကြတော့မှာပဲ ပိုကိုပိုတယ် "
"အဲ့တာ အချစ် အတွက်လေ မွ "
နှုတ်ခမ်းပါး၂ခါကိုတစ်ထပ်တည်းကျစေကာ အနမ်းဖွဖွလေးပေးပြီးတာနဲ့ Luous လည်း Rhon ရဲ့အိမ်ထဲမှထွက်သွားတော့သည်။
ကျွီ......
တံခါးဖွင့်သံကြောင့် Rhon လည်းထကြည့်တော့ ဒေါ်လေး ပြန်လာတာဖြစ်နေသည်။
" သား Luous လေးရော "
" အချစ် ပြန်သွားပြီ အချိန်မရလို့ တနင်္ဂနွေနေ့မှလာမယ်တဲ့ "
" ဘာမှတောင်စားမသွားဘူး ၊ ဟဲ့ နင့်ကိုစိတ်ကုန်နေတာများလား? "
" မဖြစ်နိုင်တာကို ဒေါ်လေးကပြောပြီ "
" ဘာလို့မဖြစ်နိုင်ရမှာလဲ? နင်က သူ့ထက်လည်းအသက်ငယ်တယ် ပိုပြီးလည်းဂျစ်တိုက်တော့ သာတဲ့သူနဲ့တွေ့နေတာများလား? နင့်ကိုစိတ်ကုန်သွားတာသေချာတယ် "
"မဟုတ်ပါဘူးဆို ဒေါ်လေးကလည်း ဘာတွေပြောနေမှန်းမသိဘူး အခန်းထဲဝင်တော့မယ် "
ဂျိမ်း.....
ဆူပုတ်ကာ ခေါင်းကုတ်၍ အခန်းထဲဝင်သွားလေသော အမောင်Rhon ကိုကြည့်ပြီး အဒေါ်ဖြစ်သူ ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့ရသည်။
စိတ်ထိခိုက်လွယ်လိုက်တာဟယ် ။ ငါ့တူက အပေါ်ကကော ဟုတ်ရဲ့လား? ဆိုပြီး မဟုတ်တရုတ်အတွေးတို့ ဒေါ်နန်းညို ရဲ့အာရုံထဲဝင်လာလေသည်။
အတွေးတို့ကိုဖျောက်ကာ စားသောက်ဖို့ပြင်ဆင်ပြီး အမောင်Rhon ကိုသွားပို့ရသေးသည်။
အခန်းထဲဝင်လိုက်တော့ တစ်ခန်းလုံးအဝတ်တွေနဲ့ ရှုပ်ပွနေတာမို့ ရှင်းလင်းပေး၍ အော်ခေါ်လိုက်တော့ ရေချိုးခန်းထဲကထွက်လာလေသည်။
" ဘယ်တုန်း တစ်ခန်းလုံးလဲရှုပ်ပွနေတာပဲ "
" အပြင်သွားမလို့ Luous ဆီ "
" အဲ့တာနဲ့ပဲ တစ်ခန်းလုံးကိုဖွထားရလား?"
" ဟူဒီအ၀ါလေးဘယ်ရောက်နေမှန်းမှမသိတာ "
" နင်ငါ့တူဟုတ်ပါတယ်နော် "
ဒေါ်နန်းညို လည်း Rhon ရဲ့ နှဖူးကိုစမ်းကာ အပူချိန်တိုင်းသလိုလုပ်နေတာမို့ Rhon လည်းဒေါသထွက်လာသည်။
" ဒေါ်လေးဘာဖြစ်နေတာလဲ "
အဒေါ်ကိုပြောရင်း ရှိတဲ့အင်္ကျီကောက်ဝတ်ကာ Luous ရဲ့ ကျူရှင်အိမ်ကိုလိုက်လာလိုက်သည်။
ကားရပ်၍ အိမ်ရှေ့တွင်စောင့်နေတာ ၂ နာရီကြာသွားလေပြီ ။
" ဟုတ်ဆရာ သွားပြီနော် "
ဟုပြောရင်း ထွက်လာသော Luous ကိုမြင်တော့ Rhon လည်းကားထဲမှထွက်လာလိုက်သည်။
" မောင် ဘာကိစ္စရှိလို့လဲ "
" အချစ်ကိုတွေ့ချင်လို့ပေါ့ လာကားပေါ်တတ် တစ်နေကုန် သွားမယ့်နေရာတွေလိုက်ပို့မယ် တစ်ခါတည်းခေါ်ပြီးပြန်မယ် ဒီညမောင်နဲ့တူတူအိပ်ပေး "
" အိပ်ရုံပဲနော် အခြားဟာတွေပါလာလို့ကတော့ ဟင်း "
" အင်းပါ အချစ်ကို စိတ်မချလို့ "
" ပြီးရော သွားမယ် အခု အချစ်တစ်ခုခုစားချင်နေတာ အရင်ဆိုင်လေးကိုပဲဝင်လိုက် "
" ok"
Rhon လည်းကားကိုမောင်းကာ အရင်သူတို့အတူတူထိုင်နေကြ ဆိုင်လေးကိုပဲမောင်းလာလိုက်သည် ။
" စားပြီးရင်အားလား?"
" အင်း ညနေတော့အားတယ် "
" ခေါ်သွားစရာတစ်နေရာရှိတယ် "
..............................။
မနက်ကတည်းက အကိုRhon လာပို့ထားသော စာအုပ်တွေကိုဖတ်ရင်း ဇာတ်ကြောတွေနာလာတာမို့ စာအုပ်ကိုခဏပိတ်ကာ ခုံပေါ်မှာပဲခေါင်းမှောက်အိပ်လိုက်သည်။
သူ့အတွက် စာတွေမလေ့လာရတာကြာပြီမဟုတ်လား? အချို့အရာတွေဆိုရင် အသစ်အဆန်းတွေလိုဖြစ်နေသည်။
အိပ်နေရင်း အကို့Rhon ဆီမှဖုန်းဝင်လာတာမို့ ကိုင်လိုက်သည်။
(Zale အကိုလူတစ်ယောက်နဲမိတ်ဆက်ပေးမယ် သူကမင်းရဲ့ဆရာနော်)
" ဟမ်! ဟုတ် ဟုတ် "
ဆရာဆိုတာနဲ့ Zale လည်းထကာ အိပ်ချင်နေသော မျက်လုံးတို့ကြောင့် မျက်မှာသစ်၍သာ စာထိုင်ဖတ်နေလိုက်သည်။
၄၅ မိနစ်လောက်ကြာတော့ ဘဲလ် တီးသံကြားရတာမို့ တံခါးသွားဖွင့်ပေးလိုက်သည်။
" အကို Rhon "
Rhon လည်းတိုက်ခန်းထဲသို့ ကောင်လေးတစ်ယောက်ရဲ့လက်ကိုဆွဲ၍ဝင်လာသည်။
" ဒါအကို့ချစ်သူ ၊ မင်းအတွက်တော့ ဆရာပေါ့ Luous နော် မှတ်ထား ။ အော် အချစ် ဒါက Zale. Engineering college မှာဝင်ခွင့်ဖြေရမှာ အချစ်အမေရဲ့ကျောင်းဆိုတော့ လိုတာတွေကို အချစ်ပဲသင်ပေးပါဦး "
" ဟမ် "
Zale ကနားမလည်သလိုဝင်ပြောတော့
" ဟိုတစ်ခါအကိုပြောဖူးတယ်လေ အန်တီ့ရဲ့သားကအကို့ချစ်သူဆိုတာ "
"အော် အင်း Sir "
Zale ကမရဲတရဲဖြင့် Sir လို့ခေါ်လိုက်တာမို့
" ရပါတယ် အကို လို့ပဲခေါ်နော် "
"ဟုတ် "
ထို့နောက် ၃ ယောက်စလုံး တစ်ယောက်အကြောင်းတစ်ယောက်မိတ်ဆက်ရင်း စကားတွေဆက်ပြောဖြစ်ကြသည်။ အခုလက်ရှိက သူမြန်မာမှာနေခဲ့ရတဲ့အချိန်တွေထက် ပိုပြီးနွေးထွေးတာကို Zale ခံစားမိသည်။
ကိုကို တစ်ယောက်လည်း မိသားစုနဲ့ပျော်နေနိုင်ပြီလားဆိုတာ သ်ိချင်မိသေးသည်။
.....................................။
" ထိုက် ! ထိုက်! "
ခြံထဲသို့ အရှိန်ဖြင့်ဝင်လာသော ထိုက်ရဲ့ကားကြောင့် ဘုန်းစစ် လန့်သွားသည်။ ထို့နောက် ဘာမှမပြောဘဲ အိမ်ပေါ်သို့တတ်သွားတာမို့ ဘုန်းစစ် လည်းစိတ်ပူကာ ပြေးလိုက်ရသည်။
" ထိုက် ဘာဖြစ်လာတာလဲ? "
" ခေါင်းမူးတယ် ။ ပြီး...ပြီးတော့ တွေ့သွားပြီ သူ "
" ထိုက် စိတ်အေးအေးထား ဘယ်သူလဲ "
" မုန်းမာန်စစ်သွေး ! ကိုကို ကျွန်တော်အခုစီးလာတဲ့ ကားကိုတစ်နေရာရာပ်ို့လိုက် "
" အင်းအင်း နားလည်ပြီ ထိုက်ဘာမှမဖြစ်စေရဘူး ရေလေးသောက်လိုက်ဦး "
ထိုက် လည်း ရေသောက်ကာ ထိုင်နေလိုက်သည် ။ ဘုန်းစစ်ကတော့ တပည့်တစ်ယောက်ကိုဖုန်းဆက်ကာ ကိစ္စတွေကိုရှင်းခိုင်းရသည်။
ဘုန်းစစ် အနေနဲ့လည်း ထိုက်မတွေ့ချင်တဲ့သူနဲ့အတင်းပေးတွေ့ခိုင်းမည် မဟုတ်ပေ ။ သူလည်း ထိုက် ကိုသိပ်ချစ်သည်။
မဖြစ်နိုင်တဲ့စည်းတစ်ခုက ကြားထဲမှာ ခြားနေတာမို့ သူတို့ ၂ယောက်စလုံး အဲ့စည်းကိုမကျော်ခဲ့ကြပေ ။
ထိုနေ့ညကတော့ သူနဲ့ ထိုက် တူတူအိပ်လိုက်ရသည်။ထိုက်ကိုဆေးတိုက်၍ အိပ်ခိုင်းလိုက်ရသည် ။ ထိုက် ကမသွားပါနဲ့ ဟု ခဏခဏ ယောင်နေတာမို့ သူလည်းထိုက်ဘေးမှာပဲ ဝင်အိပ်လိုက်သည်။
............................။
မနက်စောစောစီးစီး ကုမ္ပဏီ ကိုရောက်နေသော Boss ကြောင့် စစ်ကို အံ့သြသွားသည်။ ခွန်း ပျောက်သွားကတည်းက ကုမ္ပဏီ ကိုလည်းစောစောမလာတာကြာခဲ့ပြီလေ။
"Boss"
"စုံစမ်းခိုင်းထားတာ ရပြီလား"
" ဒါပေမယ့် "
" မြန်မြန်လုပ် ငါအိပ်ချင်နေပြီ "
ဟုပြောလိုက်သောကြောင့် စစ်ကို ကြောင်သွားသည် ။
ဘာလဲ တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်နေခဲ့တာတော့မဟုတ်ဘူးမလား?
" Boss မနေ့ညကမအိပ်ဘူးလား?"
" လျှာရှည်လိုက်တာ ပြမှာသာပြစမ်းပါ "
"အော် ဟုတ်ဟုတ် "
စစ်ကို လည်းရလာသော အချက်အလက်တို့ကိုပြလိုက်သည်။
စာရွက်ထဲ၌ ထိုက်စိုးစံ ပျောက်ဆုံးနေတယ်ဆိုတာကလွဲ၍ ဘာမှမပါခဲ့ပေ ။
အဲ့တာဆို မနေ့ညက တွေ့လိုက်ရတဲ့ ထိုက်စိုးစံ ကရော?
စဉ်းစားရ ကြပ်လာတာမို့ စာရွက်တွေကိုခဏချကာ ကျောမှီကိုမှီချလိုက်သည်။
" ဘာမှစုံစမ်းလို့မရခဲ့ဘူး Boss သူစီးခဲ့တဲ့ကားက ကားသင်္ချိုင်းမှာပဲတွေ့ခဲ့တယ် "
" တောက်!"
မာန်လည်းဒေါသထွက်စွာ တောက်ခေါက်ချလိုက်သည်။
သူနှင်ထုတ်လိုက်တယ်ဆိုပေမယ့် ဒီနှစ်တွေအတွင်းမှာ ထိုက်စိုးစံ ဘယ်ရောက်နေတာလဲ ဆိုတာကိုတော့ သူအမြဲသိချင်ခဲ့သည်။
...........................။
Fb တွေမလာတော့အားငယ်တယ် ။ FB တွေ rp ပြန်ပေးမယ်နော် မအားသေးလို့ 😁
မောင်စေရင် S1 စစ်ပြီးသွားပါပြီ ။ ခဏခဏ ပြန်ဖတ်နေရတဲ့ မောင်စေရင် လေးကိုတော့ပြန်တင်ပေးပါဆိုတဲ့ ငယ် ရေ S1 ရပြီနော် မနက်ဖြန်မနက်မှပဲတင်ပေးတော့မယ် အခုအိပ်ပြီ gn အခြားဟာတွေလည်းပြန်တင်မှာပါ စစ်နေတုန်းမို့
#VeraVicki
Zawgyi
......................
" အချစ်! "
"ဒေါ်လေးကလည်း "
" ချစ်ကွာ မောငျ့ကိုသတျိမရဘူးလား? လာတောင်မတွေ့ဘူး "
" မဟုတ်ပါဘူး မောင်ရယ် ၊ အချစ်မှမအားတာ ဘယ်လိုလာရမလဲ အခုတောင် မာမီပြောလို့လိုက်လာတာ အချိန်မရဘူး ဒေါ်လေးကိုတော့ အားနာပါတယ် တနင်္ဂနွမှေ သေချာတွေ့ကြမယ်နော် အချစ်ပြန်တော့မယ် နောက်ချိန်တွေရှိသေးတယ် သိတယ်မဟုတ်လား? ကျောင်းဝင်ခွင့်တွေက ဖြေရတော့မှာ ကျောင်းတိုင်းလေ "
"အဲ့တာ အချစ် အတွက်လေ မွ "
ကျွီ......
" သား Luous လေးရော "
" အချစ် ပြန်သွားပြီ အချိန်မရလို့ တနင်္ဂနွနေ့မှလာမယ်တဲ့ "
ဂျိမ်း.....
" ဟူဒီအ၀ါလေးဘယ်ရောက်နေမှန်းမှမသိတာ "
" ဒေါ်လေးဘာဖြစ်နေတာလဲ "
" ဟုတ်ဆရာ သွားပြီနော် "
" ok"
" စားပြီးရင်အားလား?"
" အင်း ညနေတော့အားတယ် "
..............................။
" ဟမ်! ဟုတ် ဟုတ် "
" အကို Rhon "
" ဟမ် "
"အော် အင်း Sir "
"ဟုတ် "
.....................................။
" ထိုက် ! ထိုက်! "
" ထိုက် ဘာဖြစ်လာတာလဲ? "
" မုန်းမာန်စစ်သွေး ! ကိုကို ကျွန်တော်အခုစီးလာတဲ့ ကားကိုတဈနရောရာပျို့လိုကျ "
............................။
"Boss"
" ဒါပေမယ့် "
"အော် ဟုတ်ဟုတ် "
" တောက်!"
...........................။
#VeraVicki
Fortsæt med at læse
You'll Also Like
141K 20.8K 113
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
102K 16.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
154K 10.7K 16