{Uni}
ညနေ ၃နာရီကျော်လောက်တွင် ရှောင်းပါးနဲ့ဦးမယောင်တို့သားအဖရောက်လာသည်။
"ပါး!"
ဧည့်ခန်းထဲတွင် ဝမ်ရိပေါ်ဘေးထိုင်နေရင်းမှ ဘဲလ်တီးသံလေးကြားတော့ ခြံစောင့်ဦးလေးကြီးမရောက်သေးသည်ကြောင့် အပြေးအလွှားသွားဖွင့်ပေးသည်။
မူကြိုကလေးလေး ကျောင်းတံခါးပွင့်တာနဲ့မိဘကိုပြေးဖက်သလို ပျော်ပျော်ရွှင်ရွှင်နှင့်။
"ရောက်လာပြီလား သူကြီး"
"သူကြီးတွေ ဘာတွေလုပ်မနေပါနဲ့ဗျာ။ရင်းရင်းနှီးနှီးပေါ့"
စကားတပြောပြောနဲ့ အထဲဝင်လာကြရင်းနဲ့မှ
ဧည့်ခန်းမှာခနနားကြဖို့ပြောပြီး စီစဥ်ထားတဲ့ အခန်းတွေထဲ ကိုယ်စီလိုက်ပို့ပေးလိုက်သည်။
တစ်အိမ်လုံး စကားသံတွေတိတ်ဆိတ်ပြီး အပေါ်ထပ်ကိုအထုတ်တွေသယ်ပြီးသွားပို့တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက်တည်းအောက်မှာထိုင်နေတဲ့အချိန် အုယောင်ရောက်လာသည်။
"အုယောင်လာလေ"
"ဆရာရှောင်းဒီမှာ နေရထိုင်ရအဆင်ပြေရဲ့လား"
"ပြေတာပေါ့"
"ဒါနဲ့လေ.."
"အင်း"
ပြောသင့်မပြောသင့်စဥ်းစားနေတဲ့ပုံနဲ့
အုယောင်ကြောင့် ရှောင်းကျန့်ကပဲစကားလမ်းကြောင်းစပေးလိုက်ရသည်။
"ဘာပြောမှာမို့လို့လဲ ပြောလို့ရတယ် တွေဝေမနေနဲ့"
"ဆရာရှောင်းတို့ နှစ်ယောက်မှာလေ..."
သူ့ကိုလည်းစူးစမ်းသလိုနဲ့ ကြည့်သေးသည်မို့ ရှောင်းကျန့်က ဆက်ပြောလေဆိုတဲ့အမူယာလုပ်ပြလိုက်သည်။
"ဘယ်သူကအပေါ်။ ဘယ်သူကအောက်လဲ"
မေးခွန်းသတ်လိုက်တာ။ မဟုတ်ဘူး! စပ်စုလိုက်တာ! မဟုတ်ဘူး! အာ..မသိတော့ဘူး..
ထိုအချိန် ရှောင်းကျန့်စဥ်းစားမိသည်မှာတစ်ခုတည်း။ ရွာကမြစ်ဘေးတွင် ဝမ်ရိပေါ်သူ့ကိုပိုင်ဆိုင်တာ မယုံနိုင်သေးဟုပြောတုန်းက ဝမ်ရိပေါ် အပေါ်တက်ခွပြီး နမ်းလိုက်တာက ကွက်ကွက်ကွင်းကွင်းပေါ်လာသည်။ ဘာဖြစ်ဖြစ် သူအပေါ်ပဲ။
"သေချာပေါက် ငါကအပေါ်ကပေါ့"
"မဖြစ်နိုင်တာ"
"မင်းက ဘာကိုကြည့်ပြီးမဖြစ်နိုင်ဘူးပြောတာလဲ"
"ဆရာရှောင်းကလည်း ဆရာရှောင်းလိုကလေးဆန်တာ။ မွှေလွန်းတာ။ ရိပေါ်ကောထက် လူကောင်သေးတာတွေက ဘယ်သူ့မေးမေးဆရာရှောင်းကအောက်ပဲ"
"ဘာ!!!"
ရှောင်းကျန့်အော်လိုက်တော့ ဘယ်ချိန်တည်းက ရောက်နေမှန်းမသိတဲ့ ဝမ်ရိပေါရဲ့ ရယ်သံကြောင့် ရှောင်းကျန့် ရှူးရှူးရှဲရှဲဖြစ်သွားသည်။
"ရိပေါ်ကော ရောက်နေတာလား။ လာပါဦး
ကျွန်တော် တကယ်သိချင်လို့"
အုယောင်ခေါ်တော့ ဝမ်ရိပေါ်က လှေကားကိုမှီထားရာကနေမှ သူတို့ ထိုင်နေရာဆီလျှောက်လာသည်။
"အသက်တောင်မပြည့်သေးတဲ့မင်းက ဘာကိစ္စသိချင်တာလဲ"
"ကျွန်တော် အသက်ပြည့်ဖို့၃နှစ်ပဲလိုတော့တာဗျ"
"ဟား!! ၃နှစ်တောင်လိုသေးတာလေ။ သွားတော့ အပေါ်မှာဦးမယောင်ခေါ်နေတယ်"
အုယောင်လည်း သိချင်တာ မသိရတော့ ဆူပုတ်ပုတ်နဲ့ အပေါ်ထပ်တက်သွားတော့သည်။
အခုထိ အလိုမကျသလိုမျက်နှာကြီးနဲ့ ထိုင်နေတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဘာမှတော့မပြောသေး။
"ကျန့်..."
"ငါ အပေါ်မှာနေမှာနော်"
"နေလေ။ အခုလည်းကိုယ်တို့ အပေါ်မှာနေနေတာပဲကို"
"အဲ့အပေါ်မဟုတ်ဘူး။ မင်္ဂလာဆောင်ပြီးလို့ ဟိုကိစ္စလုပ်ရင် မင်းအပေါ်မှာနေမှာလို့ပြောတာ"
"အင်း ကျန့်သဘော"
စိတ်ချ..ကျန့်ကို အပေါ်မှာထားပေးမယ်။
//////
ညနေ၆နာရီလောက်တွင် သူတို့အားလုံးစုပြီး ထမင်းစားဖို့ပြင်ကြသည်။ ရှောင်းကျန့်က သူ့ပါးရှေ့၌ သူလိမ်လိမ်မာမာနေနေကြောင်းပြချင်လို့ထင်၏။ သူကိုယ်တိုင်ထမင်းခူးပေးနေသည်။
ရှောင်ကျန့် ထမင်းပန်းကန်တွေခူးရင်း နောက်ဆုံး ပန်းကန်ကိုခူးကာ ဘေးချပြီး ထမင်းအိုးအဖုံးပိတ်နေတုန်းရှိသေး နှာချေချင်တာကြောင့် နှာခေါင်းကိုလက်ဖြင့်အုပ်ပြီးတစ်ဖက်လှည့်ကာချေလိုက်သည်။ ထို့နောက် ပြန်လှည့်ပြီး လက်ကိုကြည့်လိုက်တော့ သူ့လက်မှာ နှပ်ချေးဖက်ကပ်နေတာကြောင့် မသိမသာ လက်လေးဖြင့်လုံးကာ လွှင့်ပစ်လိုက်သည်။
ဘယ်ထင်မိမှာလဲ ထိုအရာလေးကသူဘေးချထားတဲ့ ထမင်းပန်းကန်ထဲရောက်သွားလိမ့်မယ်လို့လေ။
ဝမ်ရိပေါ် ရေမိုးချိုးပြီးထမင်းစားဖို့ အောက်ဆင်းလာတော့ ထမင်းစားခန်းထဲမှာအားရီနဲ့အတူ ထမင်းဝိုင်းခူးနေတဲ့ ရှောင်းကျန့်ကိုတွေ့တော့ ပြုံးမိသည်။
နှာချေတာတွေ့တော့ ရေချိုးတာကြာလို့ အအေးပတ်နေမှာစိုး၍ ဆေးသောက်ဖို့သတိပေးရန် အနားသွားတုန်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးပြူးသွားရသည်။
ထမင်းပန်းကန်။
ဝမ်ရိပေါ် ဖယ်ပေးရန်ပိုကပ်သွားလိုက်တော့ ထမင်းပန်ကန်နား သူ့လက်ရောက်ခါနီးလေးမှာ ရှောင်းကျန့်ကဆွဲယူကာ စားပွဲပေါ်တင်လိုက်သည်။
ဝမ်ရိပေါ်မှာပြောလည်းမပြောရဲ။ ရှောင်းကျန့် ရှက်သွားမှာလည်းစိုးသည်။ ထိုပန်းကန်ရှေ့ထိုင်နေတဲ့သူကြည့်လိုက်တော့ အုယောင်။ သူနဲ့ရှောင်းကျန့်ကတော့ အုယောင်ရဲ့ မျက်နှာချင်းဆိုင်တွင်ဖြစ်သည်။
"ဒီဟင်းချိုက ကျွန်တော်ချက်ထားတာ စားကြည့်ပါဦး"
ပန်းကန်လုံးလေးတွေနဲ့ ထည့်ထားတဲ့ ဟင်းချိုကို ညွှန့်ပြတော့ အားလုံးက မြည်းကြသည်။
ထိုအချိန် အုယောင်က ထမင်းကိုဇွန်းနဲ့ခပ်နေတုန်းအချိန် ရှောင်းကျန့်စကားကြားတော့ ထမင်းကိုပြန်ချကာ ထိုဇွန်းနဲ့ဟင်းချိုုပန်းကန်ထဲနှိုက်လိုက်သည်။ ဆိုးသည်က သူ့ဇွန်းတွင်ထိုအရာက ကပ်ပါသွားသည်။
ဟင်းချိုအနည်းငယ်ခပ်ကာ ပါးစပ်ထဲထည့်ဖို့ လုပ်နေတုန်းဝမ်ရိပေါ်လှမ်းတားရတော့သည်။
"အုယောင်!!"
အကုန်လုံးက သူ့ဆီအကြည့်ရောက်လာတာမို့ ဝမ်ရိပေါ် ဆက်ပြောဖို့ကိုလည်း တွန့်ဆုတ်နေရသည်။
"ဟို...ဖြည်းဖြည်းချင်း အရသာခံပြီးစားလို့ပြောမလို့"
အဲ့တာစားလိုက်လို့ သေသွားမှာမှမဟုတ်တာ မပြောတော့ပါဘူး။
အုယောင် ဟင်းချိုခပ်ပြီးသားဇွန်းကို ပါးစပ်ထဲထည့်လိုက်ကာ ဝမ်ရိပေါ်ပြောသလိုသေချာ အရသာခံကြည့်တော့ နည်းနည်းငန်ကျိကျိ အရသာကို ခံစားလိုက်ရသည်။
"နည်းနည်း ငန်သလားလို့"
"မငန်ပါဘူး သေချာမြည်းကြည့်ပါဦး"
ဝမ်ရိပေါ်ကဝင်ထောက်တော့ အုယောင်လည်း နောက်တစ်ဇွန်းခပ်ကာ ထပ်မြည်းတော့ မငန်တော့ဘဲသောက်လို့ကောင်းသည်။
"အင်း ကျွန်တော်မှားတာဖြစ်မယ် မငန်ဘူး"
ဝမ်ရိပေါ် ထိုတော့မှ အလုံးကြီးကျသွားတော့သည်။ ဘာမှမဖြစ်ပါဘူး ဟင်းချိုအပူသောက်လိုက်တာဆိုတော့ မြန်မြန်အရည်ပျော်မှာပါ။
_________________________
{ZAWGYI}
ညေန ၃နာရီေက်ာ္ေလာက္တြင္ ေ႐ွာင္းပါးနဲ႔ဦးမေယာင္တို႔သားအဖေရာက္လာသည္။
"ပါး!"
ဧည့္ခန္းထဲတြင္ ဝမ္ရိေပၚေဘးထိုင္ေနရင္းမွ ဘဲလ္တီးသံေလးၾကားေတာ့ ျခံေစာင့္ဦးေလးႀကီးမေရာက္ေသးသည္ေၾကာင့္ အေျပးအလႊားသြားဖြင့္ေပးသည္။
မူႀကိဳကေလးေလး ေက်ာင္းတံခါးပြင့္တာနဲ႔မိဘကိုေျပးဖက္သလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္။
"ေရာက္လာၿပီလား သူႀကီး"
"သူႀကီးေတြ ဘာေတြလုပ္မေနပါနဲ႔ဗ်ာ။ရင္းရင္းႏွီးႏွီးေပါ့"
စကားတေျပာေျပာနဲ႔ အထဲဝင္လာၾကရင္းနဲ႔မွ
ဧည့္ခန္းမွာခနနားၾကဖို႔ေျပာၿပီး စီစဥ္ထားတဲ့ အခန္းေတြထဲ ကိုယ္စီလိုက္ပို႔ေပးလိုက္သည္။
တစ္အိမ္လုံး စကားသံေတြတိတ္ဆိတ္ၿပီး အေပၚထပ္ကိုအထုတ္ေတြသယ္ၿပီးသြားပို႔တဲ့ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔တစ္ေယာက္တည္းေအာက္မွာထိုင္ေနတဲ့အခ်ိန္ အုေယာင္ေရာက္လာသည္။
"အုေယာင္လာေလ"
"ဆရာေ႐ွာင္းဒီမွာ ေနရထိုင္ရအဆင္ေျပရဲ႕လား"
"ေျပတာေပါ့"
"ဒါနဲ႔ေလ.."
"အင္း"
ေျပာသင့္မေျပာသင့္စဥ္းစားေနတဲ့ပုံနဲ႔
အုေယာင္ေၾကာင့္ ေ႐ွာင္းက်န္႔ကပဲစကားလမ္းေၾကာင္းစေပးလိုက္ရသည္။
"ဘာေျပာမွာမို႔လို႔လဲ ေျပာလို႔ရတယ္ ေတြေဝမေနနဲ႔"
"ဆရာေ႐ွာင္းတို႔ ႏွစ္ေယာက္မွာေလ..."
သူ႕ကိုလည္းစူးစမ္းသလိုနဲ႔ ၾကည့္ေသးသည္မို႔ ေ႐ွာင္းက်န္႔က ဆက္ေျပာေလဆိုတဲ့အမူယာလုပ္ျပလိုက္သည္။
"ဘယ္သူကအေပၚ။ ဘယ္သူကေအာက္လဲ"
ေမးခြန္းသတ္လိုက္တာ။ မဟုတ္ဘူး! စပ္စုလိုက္တာ! မဟုတ္ဘူး! အာ..မသိေတာ့ဘူး..
ထိုအခ်ိန္ ေ႐ွာင္းက်န္႔စဥ္းစားမိသည္မွာတစ္ခုတည္း။ ႐ြာကျမစ္ေဘးတြင္ ဝမ္ရိေပၚသူ႕ကိုပိုင္ဆိုင္တာ မယုံႏိုင္ေသးဟုေျပာတုန္းက ဝမ္ရိေပၚ အေပၚတက္ခြၿပီး နမ္းလိုက္တာက ကြက္ကြက္ကြင္းကြင္းေပၚလာသည္။ ဘာျဖစ္ျဖစ္ သူအေပၚပဲ။
"ေသခ်ာေပါက္ ငါကအေပၚကေပါ့"
"မျဖစ္ႏိုင္တာ"
"မင္းက ဘာကိုၾကည့္ၿပီးမျဖစ္ႏိုင္ဘူးေျပာတာလဲ"
"ဆရာေ႐ွာင္းကလည္း ဆရာေ႐ွာင္းလိုကေလးဆန္တာ။ ေမႊလြန္းတာ။ ရိေပၚေကာထက္ လူေကာင္ေသးတာေတြက ဘယ္သူ႕ေမးေမးဆရာေ႐ွာင္းကေအာက္ပဲ"
"ဘာ!!!"
ေ႐ွာင္းက်န္႔ေအာ္လိုက္ေတာ့ ဘယ္ခ်ိန္တည္းက ေရာက္ေနမွန္းမသိတဲ့ ဝမ္ရိေပါရဲ႕ ရယ္သံေၾကာင့္ ေ႐ွာင္းက်န္႔ ႐ွဴး႐ွဴး႐ွဲ႐ွဲျဖစ္သြားသည္။
"ရိေပၚေကာ ေရာက္ေနတာလား။ လာပါဦး
ကြၽန္ေတာ္ တကယ္သိခ်င္လို႔"
အုေယာင္ေခၚေတာ့ ဝမ္ရိေပၚက ေလွကားကိုမွီထားရာကေနမွ သူတို႔ ထိုင္ေနရာဆီေလွ်ာက္လာသည္။
"အသက္ေတာင္မျပည့္ေသးတဲ့မင္းက ဘာကိစၥသိခ်င္တာလဲ"
"ကြၽန္ေတာ္ အသက္ျပည့္ဖို႔၃ႏွစ္ပဲလိုေတာ့တာဗ်"
"ဟား!! ၃ႏွစ္ေတာင္လိုေသးတာေလ။ သြားေတာ့ အေပၚမွာဦးမေယာင္ေခၚေနတယ္"
အုေယာင္လည္း သိခ်င္တာ မသိရေတာ့ ဆူပုတ္ပုတ္နဲ႔ အေပၚထပ္တက္သြားေတာ့သည္။
အခုထိ အလိုမက်သလိုမ်က္ႏွာႀကီးနဲ႔ ထိုင္ေနတဲ့ ေ႐ွာင္းက်န္႔က ဝမ္ရိေပၚကို ဘာမွေတာ့မေျပာေသး။
"က်န္႔..."
"ငါ အေပၚမွာေနမွာေနာ္"
"ေနေလ။ အခုလည္းကိုယ္တို႔ အေပၚမွာေနေနတာပဲကို"
"အဲ့အေပၚမဟုတ္ဘူး။ မဂၤလာေဆာင္ၿပီးလို႔ ဟိုကိစၥလုပ္ရင္ မင္းအေပၚမွာေနမွာလို႔ေျပာတာ"
"အင္း က်န္႔သေဘာ"
စိတ္ခ်..က်န္႔ကို အေပၚမွာထားေပးမယ္။
//////
ညေန၆နာရီေလာက္တြင္ သူတို႔အားလုံးစုၿပီး ထမင္းစားဖို႔ျပင္ၾကသည္။ ေ႐ွာင္းက်န္႔က သူ႕ပါးေ႐ွ႕၌ သူလိမ္လိမ္မာမာေနေနေၾကာင္းျပခ်င္လို႔ထင္၏။ သူကိုယ္တိုင္ထမင္းခူးေပးေနသည္။
ေ႐ွာင္က်န္႔ ထမင္းပန္းကန္ေတြခူးရင္း ေနာက္ဆုံး ပန္းကန္ကိုခူးကာ ေဘးခ်ၿပီး ထမင္းအိုးအဖုံးပိတ္ေနတုန္း႐ွိေသး ႏွာေခ်ခ်င္တာေၾကာင့္ ႏွာေခါင္းကိုလက္ျဖင့္အုပ္ၿပီးတစ္ဖက္လွည့္ကာေခ်လိုက္သည္။ ထို႔ေနာက္ ျပန္လွည့္ၿပီး လက္ကိုၾကည့္လိုက္ေတာ့ သူ႕လက္မွာ ႏွပ္ေခ်းဖက္ကပ္ေနတာေၾကာင့္ မသိမသာ လက္ေလးျဖင့္လုံးကာ လႊင့္ပစ္လိုက္သည္။
ဘယ္ထင္မိမွာလဲ ထိုအရာေလးကသူေဘးခ်ထားတဲ့ ထမင္းပန္းကန္ထဲေရာက္သြားလိမ့္မယ္လို႔ေလ။
ဝမ္ရိေပၚ ေရမိုးခ်ိဳးၿပီးထမင္းစားဖို႔ ေအာက္ဆင္းလာေတာ့ ထမင္းစားခန္းထဲမွာအားရီနဲ႔အတူ ထမင္းဝိုင္းခူးေနတဲ့ ေ႐ွာင္းက်န္႔ကိုေတြ႕ေတာ့ ျပဳံးမိသည္။
ႏွာေခ်တာေတြ႕ေတာ့ ေရခ်ိဳးတာၾကာလို႔ အေအးပတ္ေနမွာစိုး၍ ေဆးေသာက္ဖို႔သတိေပးရန္ အနားသြားတုန္း ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ မ်က္လုံးျပဴးသြားရသည္။
ထမင္းပန္းကန္။
ဝမ္ရိေပၚ ဖယ္ေပးရန္ပိုကပ္သြားလိုက္ေတာ့ ထမင္းပန္ကန္နား သူ႕လက္ေရာက္ခါနီးေလးမွာ ေ႐ွာင္းက်န္႔ကဆြဲယူကာ စားပြဲေပၚတင္လိုက္သည္။
ဝမ္ရိေပၚမွာေျပာလည္းမေျပာရဲ။ ေ႐ွာင္းက်န္႔ ႐ွက္သြားမွာလည္းစိုးသည္။ ထိုပန္းကန္ေ႐ွ႕ထိုင္ေနတဲ့သူၾကည့္လိုက္ေတာ့ အုေယာင္။ သူနဲ႔ေ႐ွာင္းက်န္႔ကေတာ့ အုေယာင္ရဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္ျဖစ္သည္။
"ဒီဟင္းခ်ိဳက ကြၽန္ေတာ္ခ်က္ထားတာ စားၾကည့္ပါဦး"
ပန္းကန္လုံးေလးေတြနဲ႔ ထည့္ထားတဲ့ ဟင္းခ်ိဳကို ၫႊန္႔ျပေတာ့ အားလုံးက ျမည္းၾကသည္။
ထိုအခ်ိန္ အုေယာင္က ထမင္းကိုဇြန္းနဲ႔ခပ္ေနတုန္းအခ်ိန္ ေ႐ွာင္းက်န္႔စကားၾကားေတာ့ ထမင္းကိုျပန္ခ်ကာ ထိုဇြန္းနဲ႔ဟင္းခ်ိဳုပန္းကန္ထဲႏိႈက္လိုက္သည္။ ဆိုးသည္က သူ႕ဇြန္းတြင္ထိုအရာက ကပ္ပါသြားသည္။
ဟင္းခ်ိဳအနည္းငယ္ခပ္ကာ ပါးစပ္ထဲထည့္ဖို႔ လုပ္ေနတုန္းဝမ္ရိေပၚလွမ္းတားရေတာ့သည္။
"အုေယာင္!!"
အကုန္လုံးက သူ႕ဆီအၾကည့္ေရာက္လာတာမို႔ ဝမ္ရိေပၚ ဆက္ေျပာဖို႔ကိုလည္း တြန္႔ဆုတ္ေနရသည္။
"ဟို...ျဖည္းျဖည္းခ်င္း အရသာခံၿပီးစားလို႔ေျပာမလို႔"
အဲ့တာစားလိုက္လို႔ ေသသြားမွာမွမဟုတ္တာ မေျပာေတာ့ပါဘူး။
အုေယာင္ ဟင္းခ်ိဳခပ္ၿပီးသားဇြန္းကို ပါးစပ္ထဲထည့္လိုက္ကာ ဝမ္ရိေပၚေျပာသလိုေသခ်ာ အရသာခံၾကည့္ေတာ့ နည္းနည္းငန္က်ိက်ိ အရသာကို ခံစားလိုက္ရသည္။
"နည္းနည္း ငန္သလားလို႔"
"မငန္ပါဘူး ေသခ်ာျမည္းၾကည့္ပါဦး"
ဝမ္ရိေပၚကဝင္ေထာက္ေတာ့ အုေယာင္လည္း ေနာက္တစ္ဇြန္းခပ္ကာ ထပ္ျမည္းေတာ့ မငန္ေတာ့ဘဲေသာက္လို႔ေကာင္းသည္။
"အင္း ကြၽန္ေတာ္မွားတာျဖစ္မယ္ မငန္ဘူး"
ဝမ္ရိေပၚ ထိုေတာ့မွ အလုံးႀကီးက်သြားေတာ့သည္။ ဘာမွမျဖစ္ပါဘူး ဟင္းခ်ိဳအပူေသာက္လိုက္တာဆိုေတာ့ ျမန္ျမန္အရည္ေပ်ာ္မွာပါ။
_________________________