{Uni}
ညနေ ၃နာရီကျော်လောက်တွင် ရှောင်းပါးနဲ့ဦးမယောင်တို့သားအဖရောက်လာသည်။
"ပါး!"
ဧည့်ခန်းထဲတွင် ဝမ်ရိပေါ်ဘေးထိုင်နေရင်းမှ ဘဲလ်တီးသံလေးကြားတော့ ခြံစောင့်ဦးလေးကြီးမရောက်သေးသည်ကြောင့် အပြေးအလွှားသွားဖွင့်ပေးသည်။
မူကြိုကလေးလေး ကျောင်းတံခါးပွင့်တာနဲ့မိဘကိုပြေးဖက်သလို ပျော်ပျော်ရွှင်ရွှင်နှင့်။
"ရောက်လာပြီလား သူကြီး"
"သူကြီးတွေ ဘာတွေလုပ်မနေပါနဲ့ဗျာ။ရင်းရင်းနှီးနှီးပေါ့"
စကားတပြောပြောနဲ့ အထဲဝင်လာကြရင်းနဲ့မှ
ဧည့်ခန်းမှာခနနားကြဖို့ပြောပြီး စီစဥ်ထားတဲ့ အခန်းတွေထဲ ကိုယ်စီလိုက်ပို့ပေးလိုက်သည်။တစ်အိမ်လုံး စကားသံတွေတိတ်ဆိတ်ပြီး အပေါ်ထပ်ကိုအထုတ်တွေသယ်ပြီးသွားပို့တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက်တည်းအောက်မှာထိုင်နေတဲ့အချိန် အုယောင်ရောက်လာသည်။
"အုယောင်လာလေ"
"ဆရာရှောင်းဒီမှာ နေရထိုင်ရအဆင်ပြေရဲ့လား"
"ပြေတာပေါ့"
"ဒါနဲ့လေ.."
"အင်း"
ပြောသင့်မပြောသင့်စဥ်းစားနေတဲ့ပုံနဲ့
အုယောင်ကြောင့် ရှောင်းကျန့်ကပဲစကားလမ်းကြောင်းစပေးလိုက်ရသည်။"ဘာပြောမှာမို့လို့လဲ ပြောလို့ရတယ် တွေဝေမနေနဲ့"
"ဆရာရှောင်းတို့ နှစ်ယောက်မှာလေ..."
သူ့ကိုလည်းစူးစမ်းသလိုနဲ့ ကြည့်သေးသည်မို့ ရှောင်းကျန့်က ဆက်ပြောလေဆိုတဲ့အမူယာလုပ်ပြလိုက်သည်။
"ဘယ်သူကအပေါ်။ ဘယ်သူကအောက်လဲ"
မေးခွန်းသတ်လိုက်တာ။ မဟုတ်ဘူး! စပ်စုလိုက်တာ! မဟုတ်ဘူး! အာ..မသိတော့ဘူး..
ထိုအချိန် ရှောင်းကျန့်စဥ်းစားမိသည်မှာတစ်ခုတည်း။ ရွာကမြစ်ဘေးတွင် ဝမ်ရိပေါ်သူ့ကိုပိုင်ဆိုင်တာ မယုံနိုင်သေးဟုပြောတုန်းက ဝမ်ရိပေါ် အပေါ်တက်ခွပြီး နမ်းလိုက်တာက ကွက်ကွက်ကွင်းကွင်းပေါ်လာသည်။ ဘာဖြစ်ဖြစ် သူအပေါ်ပဲ။
![](https://img.wattpad.com/cover/252829825-288-k702519.jpg)
YOU ARE READING
Bomiro & Julie Zhan [Complete]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.