_5_

6K 628 15
                                    

{Uni}

"သားတို့ရယ် ဘယ်သွား​နေကြတာတုန်း။ မိုးတောင်ချုပ်​နေပြီကို"

ဝမ်က​တော်​မေးသည်ကို ဝမ်ရိ​​ပေါ်ကပြန်​ဖြေသည်။

"ဒီနား​​လေးတင်ပါပဲ။ ကျန့်နဲ့လမ်း​လျှောက်ရင်း စကား​ပြော​နေကြတာ"

ဒီနား​လေးတင်ကရွာပြင်ထိဆိုတာ​တော့ ထည့်မ​ပြော​ခဲ့။

"ဝမ်ရိ​ပေါ်!! ငါ​ရေချိုး​နေလို့ ခန​စောင့်ပါဆိုတာကို ငါ့မ​ခေါ် ပဲထွက်သွားတယ်"

"ဘယ်သူက​ရော နင့်ကို ​​စောင့်မယ်လို့​ပြော​လို့လဲ"

"နင်!!"

"ကဲပါ​တော်ကြ​တော့ တကယ်တည်းတွေ့တာနဲ့သတ်​နေကြတာပဲ။ သားတို့နှစ်ယောက်လည်း ​ခြေလက်​ဆေးပြီးအိမ်​ပေါ်လာ​တော့ တို့​တွေ ထမင်းလက်စုံစားရ​အောင်"

ဝမ်က​တော်က သူငယ်ချင်းနှစ်ယောက်သတ်​နေတာကိုဖြေရှင်း​ပေးရ​တော့သည်။ အဲ့လိုတစ်​နေ့တစ်မျိုးမရိုး​အောင်သတ်​နေတဲ့ ဝမ်ရိ​ပေါ် နဲ့မျန်မျန်တို့နှစ်ယောက်ကို ဝမ်က​တော်ကလူကြီးချင်းစကား​ပြောကာစီစဥ်​ပေးမည်လုပ်​တော့
နှစ်ယောက်လုံးကငြင်းတာဆိုတာ ​ပြောစရာစကား​တောင်​ပျောက်သည်အထိပင်။ ဝမ်ရိ​ပေါ်က အဆိုးဆုံး​ဖြစ်သည်။

ထို့​ကြောင့်ဝမ်က​တော်လည်း ဆက်မစီစဥ်​တော့ဘဲ မောင်နှမလိုနေ​နေတဲ့ သူတို့သူငယ်ချင်းနှစ်ဦးကိုလွှတ်ထားလိုက်ရ​တော့သည်။ ထမင်းစား​ပြီးတဲ့အချိန်တွင်တော့ အချိုတည်းကာစကား​ပြောဖြစ်သည်။

"ဝမ်မိသားစုလုပ်တဲ့အလှူက ဒီရွာမှအကြီးဆုံး အလှူပဲဗျာ"

"အဲ့​လောက်​တောင်လား"

သူကြီးက​ပြော​တော့ ဝမ်သူ​ဌေးကပြုံးရင်းပြန်​ပြောသည်။ ဝမ်က​တော်ကပါဖြည့်စွက်ပြီးထပ်​ပြော၏။

"အဲ့တာက​တော့သူကြီး​ရေ ကျွန်မတို့ကရွာမှာ အလှူလုပ်မယ်ဆို​တော့ သားကစိတ်အားအရမ်းထက်သန်ပြီး သူပါအလှူအတွက်ငွေစိုက်မယ်တဲ့​လေ။​ နောက်​တော့သူ့အ​ဖေအလုပ်မှာ ဝင်ကူ​ပေးပြီး ရတဲ့ပိုက်ဆံနဲ့ဆိုင်ခွဲတစ်ဆိုင်ပြန်ဦးစီးပြီး ၂နှစ်​လောက် ပိုက်ဆံကြိုးစားရှာတာ။ အလှူလုပ်ရင်း သူ့အိမ်​ထောင်ဖက်ကိုလည်း ​တင်တောင်းမလို့တဲ့ရှင်"

Bomiro & Julie Zhan [Complete]Onde histórias criam vida. Descubra agora