_Final_

8.8K 576 24
                                    

{Uni}

ယ​နေ့သည် သူတို့လက်ထပ်ပွဲ​နေ့ဖြစ်သည်။ စင်​ပေါ်တွင် တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ပြီး လက်စွပ်ဗူးကိုကိုင်ကာလျှောက်လာတဲ့ အု​ယောင်ဆီကလက်စွပ်ကိုယူကာ ဝမ်ရိ​​ပေါ်အရင် ​ရှောင်းကျန့်ကို စွပ်​ပေးလိုက်သည်။

​ရှောင်းကျန့်အလှည့်မှာ​တော့ စိတ်လှုပ်ရှားပြီး လက်​တွေတုန်​နေသည်ကြောင့် ဝမ်ရိ​ပေါ်ရဲ့ လက်ဆီမ​ရောက်ခင် လက်စွပ်လွတ်ကျကာ လက်စွပ်ကခုန်ပေါက်ပြီး ဧည့်သည်​တွေရဲ့စားပွဲ​အောက်ရောက်သွားလို့ နာရီဝက်​လောက်ရှာလိုက်ရ​သေးသည်။

ပြန်​တွေ့​တော့ မင်္ဂလာချိန်​ကျော်​တော့မှာမို့ အမြန်အဆုံးသတ်ရသည်။

အခ်းအနားပြီးလို့ အိမ်​ရောက်တာနဲ့ရှောင်းပါးနဲ့ ဦးမ​ယောင်တို့သားအဖက ရွာသား​တွေအတွက် စီစဥ်​​ပေးထားတဲ့ကားနဲ့အတူ ပြန်လိုက်သွားမည်ဟုဆိုကာနှုတ်ဆက်သွားကြသည်။

ဝမ်လင်မယားကလည်း ခရီးထွက်မလို့ဟုဆိုကာအဆင်သင့်ပြင်ထားပြီးသား အထုတ်​တွေဆွဲပြီး ထွက်သွားကြသည်။ ခြံ​စောင့်ဦး​လေးနဲ့ အားရီကိုပါခေါ်သွားကြသည်။​ ပြောသွား​သေးသည် မနက်ဖြန်​နေ့လယ်လောက်မှ ပြန်လာမည်တဲ့။

ဝမ်ရိ​ပေါ်တို့က​ပျော်တာ​ပေါ့ ဒီ​နေ့တစ်ညလုံးနဲ့ မနက်ဖြန် တစ်မနက်လုံးဘယ်သူမှမရှိဘူး​လေ။ဟွန်း ဟွန်း!

​ရေချိုးပြီးထွက်လာ​တော့ ​ရှောင်းကျန့်ကကုတင်​ပေါ်မှာ ဂိမ်း​ဆော့​နေသည်။

"ကျန့်..."

"ဝမ်...အင်္ကျီအမြန်လဲ ကျန့်ဗိုက်ဆာ​နေပြီ"

ခမ်းမမှာတုန်းက ကိတ်​တွေစားထားတဲ့အပြင် ပြန်လာရင်း ဗိုက်ဆာလို့ခေါက်ဆွဲ​ကြော်ပါ ဝင်စားလာတဲ့ သူ​လေးက အခုဗိုက်ဆာလို့တဲ့။ ယုံချင်စရာ။

ဝမ်ရိ​ပေါ် ဂိမ်း​ဆော့​နေတဲ့ ​ရှောင်းကျန့်ဖုန်းကို လှမ်းဆွဲကာခုံ​ပေါ်တင်လိုက်ပြီး ​ရှောင်းကျန့်ကို အုပ်မိုးလိုက်သည်။

"အင်္ကျီလဲပါဆို ဝမ်"

"ပြီးရင်လည်း ချွတ်ရမှာပဲကို မလဲ​တော့ဘူး"

Bomiro & Julie Zhan [Completed]Where stories live. Discover now