{Uni}
"သားကျန့်။ မနက်ဖြန် သားရဲ့ပါးလာမယ်တဲ့"
"တကယ်လားဟင်"
မနက်စာစားပြီး ဧည့်ခန်းထဲTVကြည့်နေရင်း ဝမ်မားကပြောသည်။ ဝမ်ပါးကတော့ဆိုင်သွားထိုင်လေပြီ။
"အားရီ စျေးသွားမလို့။ ဘာမှာဦးမလဲသားကျန့်လေး"
အားရီက စျေးခြင်းထောင်းလေးဆွဲကာ
ဧည့်ခန်းမှာထိုင်နေသည့်ရှောင်းကျန့်အားမေးသည်။
"မှာစရာတော့မရှိဘူး အားရီ။ ဒါပေမယ့် ကျွန်တော်စျေးလိုက်ခဲ့လို့ရမလား"
"ရတာပေါ့ကွယ်"
"အဲတာဆိုအဝတ်စားသွားလဲလိုက်ဦးမယ် အားရီ"
"ရတယ် အေးဆေးလုပ်"
အခန်းထဲအဝတ်စားလဲရန်ဝင်လာတော့ ဝမ်ရိပေါ် ကဆိုင်သွားဖို့ အင်္ကျီလဲနေတာနဲ့တိုးသည်။
"ဘယ်သွားမလို့လဲ ကျန့်"
"အားရီနဲ့စျေးလိုက်သွားမလို့"
"အားရီနားမှာပဲနေနော်။ လမ်းပျောက်မှာစိုးလို့"
"ကလေးမဟုတ်ဘူး ဝမ်"
ဝမ်ရိပေါ်ရှေ့လည်းမရှောင် အင်္ကျီရောဘောင်းဘီပါချွတ်ချကာ လဲနေတဲ့ရှောင်းကျန့်က တကယ်ကို မလွယ်စိန်လေး။
"သွားပြီနော် ဝမ်"
ချက်ချင်းပြန်ထွက်ဖို့လုပ်နေတဲ့ ရှောင်းကျန့်ကိုဝမ်ရိပေါ် အတင်းလိုက်ဆွဲကာ သိမ်းကျုံးပြီးဖက်ထားလိုက်သည်။
"ဝမ် လွှတ်ပေး!အောက်မှာ အားရီစောင့်နေတယ်"
"ကိုယ့်ကိုနမ်းပါဦး"
"နမ်းဘူး လွှတ်!"
"မနမ်းရင် မလွှတ်ဘူးကွာ"
"...."
တကယ်မလွှတ်ပေးမယ့်ပုံစံကြောင့် ရှောင်းကျန့် ဝမ်ရိပေါ်ရင်ခွင်ထဲကနေမှ ဝမ်ရိပေါ် မေးဖျားလေးအားနမ်းလိုက်သည်။
"အဲ့ကိုနမ်းတော့ ဘာရမှာလဲ။ နှုတ်ခမ်းကိုနမ်းလေ ကျန့်ရာ"
နှုတ်ခမ်းကိုပြောင်းနမ်းမှ ကျေနပ်သွားတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဖက်ထားရာကနေလွှတ်ပေးသည်။ ရှောင်းကျန့်မှာတော့ အရိုးတွေတောင် ကျိုးကျေပြီထင်ရ၏။
"လာ အောက်ဆင်းမယ်"
လက်ဆွဲကာ ရှေ့ကနေဦးဆောင်ပြီးခေါ်သွားတဲ့ ဝမ်ရိပေါ်က ကျောင်းသွားမယ့်သူ့သားလေးကို ကျောင်းပို့ဖို့ ခေါ်သွားနေသယောက်။
နည်းနည်းတော့ အကဲပို၏။
"ကြာသွားလို့ တောင်းပန်ပါတယ်အားရီ"
"အေးဆေးလုပ်လည်းရတယ်လို့ အားရီပြောတယ်လေကွယ်"
"ဟီး! သွားကြမယ်လေ အားရီ"
"ဟုတ်ပြီ ဟုတ်ပြီ သွားမယ်"
ဒေါ်ကြီးယွီနှင့်အတူထွက်သွားတဲ့ရှောင်းကျန့်ကို ကျန်ခဲ့တဲ့ဝမ်မားနဲ့ဝမ်ရိပေါ်က မြတ်နိုးလွန်းတဲ့အကြည့်တွေနဲ့ကြည့်နေမိသည်။
"သားကျန့်လေးက သိပ်ချစ်ဖို့ကောင်းလိုက်တာ"
ဝမ်မားရဲ့စကားကို ဝမ်ရိပေါ်ကခေါင်းလေးစောင်းကာပြုံးပြသည်။ ထိုချစ်ဖို့ကောင်းတဲ့လူသားလေးကို သူမကြာခင်ပိုင်ဆိုင်ရတော့မည်။ သူ့အပိုင်ဖြစ်လာတော့မည်။
သူ့အပြုံးရဲ့အဓိပ္ပါယ်ကိုသိတဲ့ ဝမ်မားကလည်း ဝမ်ရိပေါ်ကျောအား အသာပုတ်ကာ စကားဆက်သည်။
"ဆိုင်သွားမှာမလား။ သူဌေးကဆိုင်မှာမရှိရင် မကောင်းဘူး"
"ဟုတ်မား။ အဲတာဆို သားသွားပြီ"
"အေး အေး"
ဝမ်ရိပေါ်ကား ခြံထဲကထွက်သွားမှ ဝမ်မားလည်းအိမ်ထဲပြန်ဝင်လာလိုက်တော့သည်။
//////
"ဝါး...."
စျေးရောက်တည်းက ရှောင်းကျန့်မြင်သမျှကို တဝါးဝါးလုပ်နေသည်။ သူဌေးရပ်ကွက်ကစျေးဆိုသည့်အတိုင်း ရောင်းတာတွေက လုံးဝစပယ်ရှယ်။
"အားရီ။ ပုစွန်..ပုစွန်ထုပ်ကြီး"
"သားကျန့် စားချင်လို့လား"
"ဟုတ်"
ထိုအခါ အားရီကပုစွန်ထုပ်ဝယ်ကာ စျေးခြင်းထဲထည့်သည်။ ထို့နောက် ကော်ဖီ မုန်လာဥနီ ကြည်ဥ နည်းနည်းပါဝယ်ကာ စျေးပတ်ပြီးပြန်လာကြသည်။
အိမ်ရောက်တော့လည်း ချက်ဖို့ပြုတ်ဖို့လုပ်နေတဲ့အားရီကို ရှောင်းကျန့်ကကူပေးသည်။ အားရီက သွားထိုင်ပြီး TVကြည့်နေပါဆိုတာလည်း နားမထောင်။ သူonlineကကြည့်ထားတဲ့ ဟင်းချက်နည်းနဲ့ ရွာမှာချက်ဖူးတဲ့skillပေါင်းပြီး လက်စွမ်းပြချင်သေးသည်တဲ့။ ဝမ်မားကတော့သူ့သမက် ဘာလုပ်လုပ်တပြုံးပြုံးပင်။
ဝယ်လာတဲ့ပုစွန်ထုပ်ကို ရေထဲအရင်ထည့်ပြုတ်ကာ ကျက်သွားတော့မှသက်သက်လုပ်ထားတဲ့ အဆီအနှစ်နဲ့ရောပြီး ရေထပ်ထည့်ကာမီးဖိုပေါ် တင်ထားလိုက်သည်။
ကော်ဖီနဲ့ မုန်လာဥနီကို မထူမပါးလောက်လှီးကာ အချိုမှုန့် ဆားချိန်ဆထည့်ပြီး ဆီလေးနဲ့အိနေအောင်ကြော်လိုက်သည်။ သူလုပ်နေတာကိုသိပ်ပြီးတောင်ကူညီစရာမလိုတဲ့ ဝမ်မားနဲ့အားရီကတော့သဘောတွေကျလို့။
နေ့လယ်စာကို အိမ်ပြန်စားတဲ့ဝမ်သားအဖကတော့ ရှောင်းကျန့်လက်ရာဟုသိရတည်းက ထမင်းစားပွဲတွင် အလုအယက်လာထိုင်သည်။ ဝမ်ရိပေါ်ကတော့အဆိုးဆုံးပေါ့။
လက်ရာကောင်းလွန်းတဲ့ ရှောင်းကျန့်လက်ရာက ယောက္ခထီးနဲ့ယောက္ခမကို အချစ်ပိုအောင်စွမ်းဆောင်နိုင်ပြီး ချစ်ရသူကိုတော့သူ့လက်ရာအား သဘောကျနှစ်ခြိုက်မှုဖြစ်အောင်ပြုလုပ်နိုင်သည်။
စားသောက်ပြီးကြတော့ ဝမ်ရိပေါ်ကအားရီကို မားနဲ့ပါးနဲ့ စကားပြောနေပါ သူနဲ့ရှောင်းကျန့် ပန်းကန်တွေဆေးလိုက်ပါ့မယ်ဟုဆိုကာ ပထုတ်လိုက်သည်။
တကယ့်တကယ်က ပန်းကန်ဆေးနေတဲ့ရှောင်းကျန့်ကို အနောက်ကနေသိုင်းဖက်ကာနမ်းနေခြင်း ။ဆပ်ပြာနှင့်ထိနေပြီးမှ ဆက်အပွတ်မခံရတဲ့ပန်းကန်လုံးလေးကတော့ အသက်သာရှိလျှင် သူ့မျက်လုံးတွေစပ်နေပြီဟု အော်မှာသေချာတယ်။
"အွန်း! ပြွတ်စ်!"
အားရပါးရနမ်းနေတဲ့ ဝမ်ရိပေါ်ကလျှာဖျားတွေကိုပါဆွဲစုပ်ကာ အသံထွက်သည်ထိတပြွတ်ပြွတ်မြည်အောင် နမ်းနေသည်။ သူ့ရင်ခွင်အားကျောမှီကာ ပြန်နမ်းတဲ့ရှောင်းကျန့်လည်း သူခေါ်ဆောင်ရာနောက်ကို ထပ်ကြပ်မကွာလိုက်သည်။
"အယ်..."
နမ်းနေရင်း အားရီအသံကြားလိုက်တာမို့ အနမ်းတွေပြတ်တောက်သွားပြီး အသံလာရာဘက် ပြိုင်တူလှည့်ကြည့်လိုက်သည်။
"သားတို့မားကလိမ္မော်ရည်သောက်ချင်တယ်ဆိုလို့ အားရီလာယူတာ"
ရေခဲသေတ္တာထဲက လိမ္မော်ရည်ပုလင်းနဲ့ဖန်ခွက်ယူကာ ပြန်ထွက်ရန်ပြင်ပြီးမှနောက်ပြန်လှည့်လာသည်။
"အားရီသွားပြီနော်။ လုပ်စရာရှိတာဆက်လုပ်ကြ"
အားရီထွက်သွားမှ နှစ်ယောက်သားသတိပြန်ဝင်ကာ ရှက်ရှက်နဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိလိုက်ကြသည်။
_________________________
{ZAWGYI}
"သားက်န္႔။ မနက္ျဖန္ သားရဲ႕ပါးလာမယ္တဲ့"
"တကယ္လားဟင္"
မနက္စာစားၿပီး ဧည့္ခန္းထဲTVၾကည့္ေနရင္း ဝမ္မားကေျပာသည္။ ဝမ္ပါးကေတာ့ဆိုင္သြားထိုင္ေလၿပီ။
"အားရီ ေစ်းသြားမလို႔။ ဘာမွာဦးမလဲသားက်န္႔ေလး"
အားရီက ေစ်းျခင္းေထာင္းေလးဆြဲကာ
ဧည့္ခန္းမွာထိုင္ေနသည့္ေ႐ွာင္းက်န္႔အားေမးသည္။
"မွာစရာေတာ့မ႐ွိဘူး အားရီ။ ဒါေပမယ့္ ကြၽန္ေတာ္ေစ်းလိုက္ခဲ့လို႔ရမလား"
"ရတာေပါ့ကြယ္"
"အဲတာဆိုအဝတ္စားသြားလဲလိုက္ဦးမယ္ အားရီ"
"ရတယ္ ေအးေဆးလုပ္"
အခန္းထဲအဝတ္စားလဲရန္ဝင္လာေတာ့ ဝမ္ရိေပၚ ကဆိုင္သြားဖို႔ အက်ႌလဲေနတာနဲ႔တိုးသည္။
"ဘယ္သြားမလို႔လဲ က်န္႔"
"အားရီနဲ႔ေစ်းလိုက္သြားမလို႔"
"အားရီနားမွာပဲေနေနာ္။ လမ္းေပ်ာက္မွာစိုးလို႔"
"ကေလးမဟုတ္ဘူး ဝမ္"
ဝမ္ရိေပၚေ႐ွ႕လည္းမေ႐ွာင္ အက်ႌေရာေဘာင္းဘီပါခြၽတ္ခ်ကာ လဲေနတဲ့ေ႐ွာင္းက်န္႔က တကယ္ကို မလြယ္စိန္ေလး။
"သြားၿပီေနာ္ ဝမ္"
ခ်က္ခ်င္းျပန္ထြက္ဖို႔လုပ္ေနတဲ့ ေ႐ွာင္းက်န္႔ကိုဝမ္ရိေပၚ အတင္းလိုက္ဆြဲကာ သိမ္းက်ံဳးၿပီးဖက္ထားလိုက္သည္။
"ဝမ္ လႊတ္ေပး!ေအာက္မွာ အားရီေစာင့္ေနတယ္"
"ကိုယ့္ကိုနမ္းပါဦး"
"နမ္းဘူး လႊတ္!"
"မနမ္းရင္ မလႊတ္ဘူးကြာ"
"...."
တကယ္မလႊတ္ေပးမယ့္ပုံစံေၾကာင့္ ေ႐ွာင္းက်န္႔ ဝမ္ရိေပၚရင္ခြင္ထဲကေနမွ ဝမ္ရိေပၚ ေမးဖ်ားေလးအားနမ္းလိုက္သည္။
"အဲ့ကိုနမ္းေတာ့ ဘာရမွာလဲ။ ႏႈတ္ခမ္းကိုနမ္းေလ က်န္႔ရာ"
ႏႈတ္ခမ္းကိုေျပာင္းနမ္းမွ ေက်နပ္သြားတဲ့ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကိုဖက္ထားရာကေနလႊတ္ေပးသည္။ ေ႐ွာင္းက်န္႔မွာေတာ့ အ႐ိုးေတြေတာင္ က်ိဳးေက်ၿပီထင္ရ၏။
"လာ ေအာက္ဆင္းမယ္"
လက္ဆြဲကာ ေ႐ွ႕ကေနဦးေဆာင္ၿပီးေခၚသြားတဲ့ ဝမ္ရိေပၚက ေက်ာင္းသြားမယ့္သူ႕သားေလးကို ေက်ာင္းပို႔ဖို႔ ေခၚသြားေနသေယာက္။
နည္းနည္းေတာ့ အကဲပို၏။
"ၾကာသြားလို႔ ေတာင္းပန္ပါတယ္အားရီ"
"ေအးေဆးလုပ္လည္းရတယ္လို႔ အားရီေျပာတယ္ေလကြယ္"
"ဟီး! သြားၾကမယ္ေလ အားရီ"
"ဟုတ္ၿပီ ဟုတ္ၿပီ သြားမယ္"
ေဒၚႀကီးယြီႏွင့္အတူထြက္သြားတဲ့ေ႐ွာင္းက်န္႔ကို က်န္ခဲ့တဲ့ဝမ္မားနဲ႔ဝမ္ရိေပၚက ျမတ္ႏိုးလြန္းတဲ့အၾကည့္ေတြနဲ႔ၾကည့္ေနမိသည္။
"သားက်န္႔ေလးက သိပ္ခ်စ္ဖို႔ေကာင္းလိုက္တာ"
ဝမ္မားရဲ႕စကားကို ဝမ္ရိေပၚကေခါင္းေလးေစာင္းကာျပဳံးျပသည္။ ထိုခ်စ္ဖို႔ေကာင္းတဲ့လူသားေလးကို သူမၾကာခင္ပိုင္ဆိုင္ရေတာ့မည္။ သူ႕အပိုင္ျဖစ္လာေတာ့မည္။
သူ႕အျပဳံးရဲ႕အဓိပၸါယ္ကိုသိတဲ့ ဝမ္မားကလည္း ဝမ္ရိေပၚေက်ာအား အသာပုတ္ကာ စကားဆက္သည္။
"ဆိုင္သြားမွာမလား။ သူေဌးကဆိုင္မွာမ႐ွိရင္ မေကာင္းဘူး"
"ဟုတ္မား။ အဲတာဆို သားသြားၿပီ"
"ေအး ေအး"
ဝမ္ရိေပၚကား ျခံထဲကထြက္သြားမွ ဝမ္မားလည္းအိမ္ထဲျပန္ဝင္လာလိုက္ေတာ့သည္။
//////
"ဝါး...."
ေစ်းေရာက္တည္းက ေ႐ွာင္းက်န္႔ျမင္သမွ်ကို တဝါးဝါးလုပ္ေနသည္။ သူေဌးရပ္ကြက္ကေစ်းဆိုသည့္အတိုင္း ေရာင္းတာေတြက လုံးဝစပယ္႐ွယ္။
"အားရီ။ ပုစြန္..ပုစြန္ထုပ္ႀကီး"
"သားက်န္႔ စားခ်င္လို႔လား"
"ဟုတ္"
ထိုအခါ အားရီကပုစြန္ထုပ္ဝယ္ကာ ေစ်းျခင္းထဲထည့္သည္။ ထို႔ေနာက္ ေကာ္ဖီ မုန္လာဥနီ ၾကည္ဥ နည္းနည္းပါဝယ္ကာ ေစ်းပတ္ၿပီးျပန္လာၾကသည္။
အိမ္ေရာက္ေတာ့လည္း ခ်က္ဖို႔ျပဳတ္ဖို႔လုပ္ေနတဲ့အားရီကို ေ႐ွာင္းက်န္႔ကကူေပးသည္။ အားရီက သြားထိုင္ၿပီး TVၾကည့္ေနပါဆိုတာလည္း နားမေထာင္။ သူonlineကၾကည့္ထားတဲ့ ဟင္းခ်က္နည္းနဲ႔ ႐ြာမွာခ်က္ဖူးတဲ့skillေပါင္းၿပီး လက္စြမ္းျပခ်င္ေသးသည္တဲ့။ ဝမ္မားကေတာ့သူ႕သမက္ ဘာလုပ္လုပ္တျပဳံးျပဳံးပင္။
ဝယ္လာတဲ့ပုစြန္ထုပ္ကို ေရထဲအရင္ထည့္ျပဳတ္ကာ က်က္သြားေတာ့မွသက္သက္လုပ္ထားတဲ့ အဆီအႏွစ္နဲ႔ေရာၿပီး ေရထပ္ထည့္ကာမီးဖိုေပၚ တင္ထားလိုက္သည္။
ေကာ္ဖီနဲ႔ မုန္လာဥနီကို မထူမပါးေလာက္လွီးကာ အခ်ိဳမႈန္႔ ဆားခ်ိန္ဆထည့္ၿပီး ဆီေလးနဲ႔အိေနေအာင္ေၾကာ္လိုက္သည္။ သူလုပ္ေနတာကိုသိပ္ၿပီးေတာင္ကူညီစရာမလိုတဲ့ ဝမ္မားနဲ႔အားရီကေတာ့သေဘာေတြက်လို႔။
ေန႔လယ္စာကို အိမ္ျပန္စားတဲ့ဝမ္သားအဖကေတာ့ ေ႐ွာင္းက်န္႔လက္ရာဟုသိရတည္းက ထမင္းစားပြဲတြင္ အလုအယက္လာထိုင္သည္။ ဝမ္ရိေပၚကေတာ့အဆိုးဆုံးေပါ့။
လက္ရာေကာင္းလြန္းတဲ့ ေ႐ွာင္းက်န္႔လက္ရာက ေယာကၡထီးနဲ႔ေယာကၡမကို အခ်စ္ပိုေအာင္စြမ္းေဆာင္ႏိုင္ၿပီး ခ်စ္ရသူကိုေတာ့သူ႕လက္ရာအား သေဘာက်ႏွစ္ၿခိဳက္မႈျဖစ္ေအာင္ျပဳလုပ္ႏိုင္သည္။
စားေသာက္ၿပီးၾကေတာ့ ဝမ္ရိေပၚကအားရီကို မားနဲ႔ပါးနဲ႔ စကားေျပာေနပါ သူနဲ႔ေ႐ွာင္းက်န္႔ ပန္းကန္ေတြေဆးလိုက္ပါ့မယ္ဟုဆိုကာ ပထုတ္လိုက္သည္။
တကယ့္တကယ္က ပန္းကန္ေဆးေနတဲ့ေ႐ွာင္းက်န္႔ကို အေနာက္ကေနသိုင္းဖက္ကာနမ္းေနျခင္း ။ဆပ္ျပာႏွင့္ထိေနၿပီးမွ ဆက္အပြတ္မခံရတဲ့ပန္းကန္လုံးေလးကေတာ့ အသက္သာ႐ွိလွ်င္ သူ႕မ်က္လုံးေတြစပ္ေနၿပီဟု ေအာ္မွာေသခ်ာတယ္။
"အြန္း! ႁပြတ္စ္!"
အားရပါးရနမ္းေနတဲ့ ဝမ္ရိေပၚကလွ်ာဖ်ားေတြကိုပါဆြဲစုပ္ကာ အသံထြက္သည္ထိတႁပြတ္ႁပြတ္ျမည္ေအာင္ နမ္းေနသည္။ သူ႕ရင္ခြင္အားေက်ာမွီကာ ျပန္နမ္းတဲ့ေ႐ွာင္းက်န္႔လည္း သူေခၚေဆာင္ရာေနာက္ကို ထပ္ၾကပ္မကြာလိုက္သည္။
"အယ္..."
နမ္းေနရင္း အားရီအသံၾကားလိုက္တာမို႔ အနမ္းေတြျပတ္ေတာက္သြားၿပီး အသံလာရာဘက္ ၿပိဳင္တူလွည့္ၾကည့္လိုက္သည္။
"သားတို႔မားကလိေမၼာ္ရည္ေသာက္ခ်င္တယ္ဆိုလို႔ အားရီလာယူတာ"
ေရခဲေသတၱာထဲက လိေမၼာ္ရည္ပုလင္းနဲ႔ဖန္ခြက္ယူကာ ျပန္ထြက္ရန္ျပင္ၿပီးမွေနာက္ျပန္လွည့္လာသည္။
"အားရီသြားၿပီေနာ္။ လုပ္စရာ႐ွိတာဆက္လုပ္ၾက"
အားရီထြက္သြားမွ ႏွစ္ေယာက္သားသတိျပန္ဝင္ကာ ႐ွက္႐ွက္နဲ႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ရယ္မိလိုက္ၾကသည္။
_________________________