{Uni}
အရာရာတိုင်းကို အဆင်ပြေနေလိမ့်မယ်လို့ ရှောင်းကျန့်ထင်ခဲ့သည်။ သို့ပေမယ့် မဟုတ်ခဲ့။ရှောင်ကျန့် လုံးဝမခံစားနိုင်တော့ပေ။
တံခါးအပြင်ဘက်မှ ဝမ်ရိပေါ်မှာလည်း စိတ်ပူလွန်းနေတာ ပြောမပြတတ်အောင်ပင်ဖြစ်သည်။
ရှောင်းကျန့်သည်းမခံနိုင်တော့တာကြောင့် လက်သီးကိုတင်းတင်းဆုပ်ကာ မျက်လုံးကိုစုံမှိတ်လိုက်သည်။
ထို့နောက် နောက်ဆုံးလက်ကျန်အားကိုထုတ်ကာ နားထင်ကြောတွေပါထောင်သည်အထိ အားရပါးရညှစ်ထုတ်လိုက်သည်။
'ပလုံ'ဟူ၍ အစိုင်အခဲတစ်ခုရေထဲပြုတ်ကျသွားပြီဆိုတာ ခံစားလိုက်ရချိန်မှာတော့ သူ့နှုတ်ခမ်းလေးက ကျေနပ်သွားသည့်အနေဖြင့် ပြုံးမိသည်။
မနေ့ညကစားထားတာတွေက ဘယ်လောက်များလည်းဆိုတာ တစ်ညလုံးအစာခြေဖျက်နေရပြီး မိုးလင်းမှ ဗိုက်ကရစ်ပြီးနာလာတာမို့ အိမ်သာသွားနေခြင်း။ သူဝရုန်းသုန်းကားဝင်သွားတာကို တွေ့တော့ ဝမ်ရိပေါ်လည်းစိတ်ပူသွားသည်။
တံခါးဖွင့်ပြီး ပြန်ထွက်လာတော့မှ ဝမ်ရိပေါ်တစ်ယောက် စိုးရိမ်မှတ်ဒီဂရီအနည်းငယ်လျော့ကျသွားတော့သည်။
"အဆင်ပြေရဲ့လား ကျန့်"
"အင်း အခုမှပဲပေါ့သွားတော့တယ်"
"ကိုယ့်ရဲ့ကျန့်လေး ပင်ပန်းသွားပြီ။ အားပြန်ဖြည့်တဲ့အနေနဲ့ အောက်မှာမားကိုကြက်ဥလိပ်ကြော်ပေးဖို့ပြောထားတယ်"
"အားယိုး! လာပါဦး ဒီလိုအလိုက်သိလွန်းတဲ့ ချစ်သူလေးကို အနမ်းပေးချင်လို့"
သူအဲ့လိုပြောတော့ ဝမ်ရိပေါ်မှာအပျော်လွန်နေလေသည်။ ဘယ်လိုတောင်ပျော်သလဲဆိုလျှင် သူ့ရဲ့အပြုံးသည်ပွဲစားလိုပင်။
Mwah~ Mwah~
ပါးနှစ်ဖက်ကို တစ်လှည့်စီအနမ်းခြွေသွားတဲ့ ချစ်ရသူကြောင့်ပျော်ရပါသည်။
အောက်ထပ်ဆင်းကာ ထမင်းစားခန်းထဲဝင်တော့ အားရီကထမင်းပန်းကန်တွေချနေပြီး ဝမ်ပါးနဲ့မားကတော့ သူတို့ကိုစောင့်နေသည်။
"မနေ့ကဝတ်စုံသွားရွေးတာ အဆင်ပြေကြရဲ့လား သားတို့"
"ဟုတ် ပြေတယ်မား"
ဝမ်ရိပေါ်ကပြန်ဖြေလိုက်ရင်း ရှောင်းကျန့်ကတော့ ပြုံးရင်းခေါင်းငြိမ့်ပြသည်။
"ရိပေါ် သားဆိုင်ကဖောက်သည်တွေကို ဖိတ်လိုက်ဦးနော်။ဖိတ်စာတွေက ရွာမှာထဲက မားမှာပြီးသားမို့ ဒီနေ့လေက် လာပို့လိမ့်မယ်"
"ဟုတ်မား။သား ဖိတ်လိုက်မယ်"
ပြောလို့ပြီးပြီးချင်းပဲ အိမ်ရှေ့က ဘဲလ် တီးသံကြားရပြီး ခနနေတော့ ဦးလေးကျိက ဖိတ်စာတွေထည့်ထားသည့် ပုံးကိုမကာ ဝင်လာသည်။ဖွင့်ကြည့်လိုက်တော့ တော်တော်ကိုလှသည်။ရွှေရောင် အနားသပ်ကိုမှ အလယ်မှာ ပန်းကနုတ်ဖျော့ဖျော့ဆွဲထားသည်။ဝမ်မားကတော့ သူမှာလိုက်တဲ့ဆိုင်ကို သဘောတွေကျလို့။
"ဒီနေ့ဆိုင်သွားမှာမလား။သား ကျန့်လေးကိုပါ ခေါ်သွားလေ"
"ဟုတ်"
ထို့နောက် ထမင်းစားသောက်ကြပြီး ရေမိုးချိုး ပြင်ဆင်ကာ ရိပေါ် နဲ့ ရှောင်းကျန့် ကားတစ်စီး
နှင့် ထွက်သွားကြသည်။
'ပေါ်ကြီး'ဆိုတဲ့ ဆိုင်းဘုတ် ကြီးချိတ်ထားတဲ့ ကုန်ခြောက်ဆိုင်ကြီး တစ်ဆိုင်ရှေ့တွင်ကားကို နေရာတကျရပ်ပြီးနောက် ဝမ်ရိပေါ် ဆိုင်ထဲကို ရှောင်ကျန့်နှင့်အတူ ဝင်သွားလိုက်သည်။
ဆိုင်ကတော်တော်ကိုကျယ်သည်။ အလုပ်သမားတွေဆိုတာလည်းနည်းတာမဟုတ်။
"ဟယ်...ရိပေါ်။ မောင်လေးရယ် မမကရွာသွားတယ်ဆိုလို့မျှော်နေတာ"
ဆိုင်ထဲကပစ္စည်းတွေနဲ့ ဆိုင်ရဲ့အကျယ်ကိုလိုက်ကြည့်နေတဲ့ရှောင်းကျန့်တစ်ယောက် ညှောင်တိ ညှောင်တာအသံနှင့် မိန်းမတစ်ယောက်၏အသံကြောင့် အသံလာရာကြည့်လိုက်မိတော့ အနီရောင်ဂါဝန်ကို ဒူးဖုံးထိဝတ်ထားကာဦးထုပ်အနီ။ဒေါက်ကလည်းအနီ။ နှုတ်ခမ်းနီဆိုတာလည်း ဆိုးထားလိုက်တာ တစ်ဗူးလုံးများကုန်ပြီလားမပြောတတ်အောင်ကို နီရဲနေသည်။
အနီကြိုက်တဲ့သူတောင် အမြင်ကပ်ရသည်။
သို့ပေမယ့်ဘယ်လိုကြည့်ကြည့် သူတို့အမေအရွယ်လောက်ရှိတဲ့သူဆိုတာတော့ ကြည့်တာနှင့်သိသာသည်။ ဒါနဲ့များသူ့ကိုယ်သူ မမတဲ့။
"ဟုတ်ကဲ့ ကျွန်တော်အလှူသွားလုပ်ရင်း တင်တောင်း"
"မမက မောင်လေးဆီလာတော့ရွာသွားတယ်ပြောလို့ ရက်ကြာမှာလားလို့စိတ်ပူနေရတာ"
"ခင်ဗျာ"
"မမပြောချင်တာက ဟိုလေဆိုင်မှာ ဆိုင်ရှင်မရှိတော့အလုပ်သမားတွေနဲ့ပဲထားခဲ့တာဆိုတော့လေ စိုးရိမ်လို့ပါ"
"အဲဒါ အိမ်ကဦးလေးကျိကလာကြည့်ပေးပါတယ်ဗျ"
"ဟုတ်လား မမသတိမထားမိလိုက်ဘူး"
ရယ်စရာမပါဘဲ ပါးစပ်ကိုလက်ဖြင့်အုပ်ကာ လုပ်ရယ် ရယ်နေတဲ့မိန်းမကြီးကို ရှောင်းကျန့်အမြင်ကပ်လှပြီ။
"အဟွတ်!"
ချောင်းဆိုးသလိုလေးအသံပြုတော့မှ ဘွားတော်က သူ့ကိုသတိထားမိတယ်ထင်သည်။ လူကိုခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်နေသည်။
"မောင်လေးရိပေါ်က ညီလေးပါ ခေါ်လာတာ ထင်တယ်"
"အာ ကျွန်တော့်ညီမဟုတ်ဘူး။ ကျွန်တော် လက်ထပ်မယ့် ကျွန်တော့်သတို့သားလောင်းပါ"
"သြော် သတို့သား ဘယ်...ဘယ်လို!!!"
"မောင်လေး နောက်နေတာလား"
"မနောက်ပါဘူး။ ရော့ ဒီမှာဖိတ်စာ လာဖြစ်အောင်လာနော်"
လက်ထဲရောက်သွားတဲ့ဖိတ်စာကို ပြူးတူးပြဲတဲနဲ့ ဖတ်ကြည့်ပြီး သွေးတက်သွားတယ်ထင်သည်။နားထင်လေး လက်ဖြင့်အုပ်ကာလဲကျသလိုလုပ်တော့ ဝမ်ရိပေါ်ရော သူရော မထိန်းပေးလိုက်။တမင်မထိန်းပေးတာဆိုပိုမှန်မည်။
ဖင်ထိုင်လျက်ပြုတ်ကျသွားတဲ့ဘွားတော်က သွေးတက်တာ ပျောက်သွားပြီထင်သည်။ ဖင်ကိုကိုင်ကာပွတ်နေသည်လေ။ ဘယ်လိုတောင်ကို့ရို့ ကားယားနိုင်လိုက်လဲ။
အလုပ်သမားလေးတွေလာထူပေးမှ ဘွားတော်မှာမတ်တပ်ပြန်ရပ်နိုင်သည်။
"ရရဲ့လား အဒေါ် "
မတ်တပ်ရပ်ရပ်ချင်း ရှောင်းကျန့်ရဲ့အမေးကြောင့် ပြန်တောင်လဲကျချင်သွားသည်။
"ရ..ရပါတယ်။ ပြန်တော့မယ်နော်။ နေအရမ်းပူလို့ထင်တယ် မတ်တပ်တောင် ကြာကြာမရပ်ချင်တော့ဘူး"
"ဟုတ်ကဲ့ အိမ်ပြန်ပြီးကောင်းကောင်းအနားယူပါ"
ယိုင်တိုင်တိုင်လျှောက်သွားတဲ့ဘွားတော် တော်တော်ဝေးဝေးရောက်မှ ရိပေါ်ရောရှောင်းကျန့်ပါ ခွက်ထိုးခွက်လန်ရယ်မိသည်။
၄နာရီလောက် ဝမ်ရိပေါ် ဖောက်သည်တွေနဲ့ဖုန်းပြောစရာရှိတာပြော ဆိုင်ရောက်လာတဲ့သူတွေကိုဖိတ်စာပေးရင်း အလုပ်လည်းလုပ်ရင်းကုန်ဆုံးသွားသည်။
"ကျန့်...ပျင်းနေပြီလား"
ကျောမှီသစ်သားထိုင်ခုံကို ပြောင်းပြန်ခွထိုင်ပြီး မေးလေးထောက်ကာ သူ့အလုပ်လုပ်လုပ်တာကို ငေးကြည့်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်မေးလိုက်သည်။
"အင်း အရမ်းပျင်းနေပြီ"
"ပြန်ကြမယ်လေ။ ဝင်ဝယ်စရာလည်းရှိသေးတယ်"
"ဘာဝယ်မလို့လဲ"
"ကျန့်အတွက် ဖုန်းဝယ်ပေးမလို့"
_________________________
{ZAWGYI}
အရာရာတိုင္းကို အဆင္ေျပေနလိမ့္မယ္လို႔ ေ႐ွာင္းက်န္႔ထင္ခဲ့သည္။ သို႔ေပမယ့္ မဟုတ္ခဲ့။ေ႐ွာင္က်န္႔ လုံးဝမခံစားႏိုင္ေတာ့ေပ။
တံခါးအျပင္ဘက္မွ ဝမ္ရိေပၚမွာလည္း စိတ္ပူလြန္းေနတာ ေျပာမျပတတ္ေအာင္ပင္ျဖစ္သည္။
ေ႐ွာင္းက်န္႔သည္းမခံႏိုင္ေတာ့တာေၾကာင့္ လက္သီးကိုတင္းတင္းဆုပ္ကာ မ်က္လုံးကိုစုံမွိတ္လိုက္သည္။
ထို႔ေနာက္ ေနာက္ဆုံးလက္က်န္အားကိုထုတ္ကာ နားထင္ေၾကာေတြပါေထာင္သည္အထိ အားရပါးရညႇစ္ထုတ္လိုက္သည္။
'ပလုံ'ဟူ၍ အစိုင္အခဲတစ္ခုေရထဲျပဳတ္က်သြားၿပီဆိုတာ ခံစားလိုက္ရခ်ိန္မွာေတာ့ သူ႕ႏႈတ္ခမ္းေလးက ေက်နပ္သြားသည့္အေနျဖင့္ ျပဳံးမိသည္။
မေန႔ညကစားထားတာေတြက ဘယ္ေလာက္မ်ားလည္းဆိုတာ တစ္ညလုံးအစာေျခဖ်က္ေနရၿပီး မိုးလင္းမွ ဗိုက္ကရစ္ၿပီးနာလာတာမို႔ အိမ္သာသြားေနျခင္း။ သူဝ႐ုန္းသုန္းကားဝင္သြားတာကို ေတြ႕ေတာ့ ဝမ္ရိေပၚလည္းစိတ္ပူသြားသည္။
တံခါးဖြင့္ၿပီး ျပန္ထြက္လာေတာ့မွ ဝမ္ရိေပၚတစ္ေယာက္ စိုးရိမ္မွတ္ဒီဂရီအနည္းငယ္ေလ်ာ့က်သြားေတာ့သည္။
"အဆင္ေျပရဲ႕လား က်န္႔"
"အင္း အခုမွပဲေပါ့သြားေတာ့တယ္"
"ကိုယ့္ရဲ႕က်န္႔ေလး ပင္ပန္းသြားၿပီ။ အားျပန္ျဖည့္တဲ့အေနနဲ႔ ေအာက္မွာမားကိုၾကက္ဥလိပ္ေၾကာ္ေပးဖို႔ေျပာထားတယ္"
"အားယိုး! လာပါဦး ဒီလိုအလိုက္သိလြန္းတဲ့ ခ်စ္သူေလးကို အနမ္းေပးခ်င္လို႔"
သူအဲ့လိုေျပာေတာ့ ဝမ္ရိေပၚမွာအေပ်ာ္လြန္ေနေလသည္။ ဘယ္လိုေတာင္ေပ်ာ္သလဲဆိုလွ်င္ သူ႕ရဲ႕အျပဳံးသည္ပြဲစားလိုပင္။
Mwah~ Mwah~
ပါးႏွစ္ဖက္ကို တစ္လွည့္စီအနမ္းေႁခြသြားတဲ့ ခ်စ္ရသူေၾကာင့္ေပ်ာ္ရပါသည္။
ေအာက္ထပ္ဆင္းကာ ထမင္းစားခန္းထဲဝင္ေတာ့ အားရီကထမင္းပန္းကန္ေတြခ်ေနၿပီး ဝမ္ပါးနဲ႔မားကေတာ့ သူတို႔ကိုေစာင့္ေနသည္။
"မေန႔ကဝတ္စုံသြားေ႐ြးတာ အဆင္ေျပၾကရဲ႕လား သားတို႔"
"ဟုတ္ ေျပတယ္မား"
ဝမ္ရိေပၚကျပန္ေျဖလိုက္ရင္း ေ႐ွာင္းက်န္႔ကေတာ့ ျပဳံးရင္းေခါင္းၿငိမ့္ျပသည္။
"ရိေပၚ သားဆိုင္ကေဖာက္သည္ေတြကို ဖိတ္လိုက္ဦးေနာ္။ဖိတ္စာေတြက ႐ြာမွာထဲက မားမွာၿပီးသားမို႔ ဒီေန႔ေလက္ လာပို႔လိမ့္မယ္"
"ဟုတ္မား။သား ဖိတ္လိုက္မယ္"
ေျပာလို႔ၿပီးၿပီးခ်င္းပဲ အိမ္ေ႐ွ႕က ဘဲလ္ တီးသံၾကားရၿပီး ခနေနေတာ့ ဦးေလးက်ိက ဖိတ္စာေတြထည့္ထားသည့္ ပုံးကိုမကာ ဝင္လာသည္။ဖြင့္ၾကည့္လိုက္ေတာ့ ေတာ္ေတာ္ကိုလွသည္။ေ႐ႊေရာင္ အနားသပ္ကိုမွ အလယ္မွာ ပန္းကႏုတ္ေဖ်ာ့ေဖ်ာ့ဆြဲထားသည္။ဝမ္မားကေတာ့ သူမွာလိုက္တဲ့ဆိုင္ကို သေဘာေတြက်လို႔။
"ဒီေန႔ဆိုင္သြားမွာမလား။သား က်န္႔ေလးကိုပါ ေခၚသြားေလ"
"ဟုတ္"
ထို႔ေနာက္ ထမင္းစားေသာက္ၾကၿပီး ေရမိုးခ်ိဳး ျပင္ဆင္ကာ ရိေပၚ နဲ႔ ေ႐ွာင္းက်န္႔ ကားတစ္စီး
ႏွင့္ ထြက္သြားၾကသည္။
'ေပၚႀကီး'ဆိုတဲ့ ဆိုင္းဘုတ္ ႀကီးခ်ိတ္ထားတဲ့ ကုန္ေျခာက္ဆိုင္ႀကီး တစ္ဆိုင္ေ႐ွ႕တြင္ကားကို ေနရာတက်ရပ္ၿပီးေနာက္ ဝမ္ရိေပၚ ဆိုင္ထဲကို ေ႐ွာင္က်န္႔ႏွင့္အတူ ဝင္သြားလိုက္သည္။
ဆိုင္ကေတာ္ေတာ္ကိုက်ယ္သည္။ အလုပ္သမားေတြဆိုတာလည္းနည္းတာမဟုတ္။
"ဟယ္...ရိေပၚ။ ေမာင္ေလးရယ္ မမက႐ြာသြားတယ္ဆိုလို႔ေမွ်ာ္ေနတာ"
ဆိုင္ထဲကပစၥည္းေတြနဲ႔ ဆိုင္ရဲ႕အက်ယ္ကိုလိုက္ၾကည့္ေနတဲ့ေ႐ွာင္းက်န္႔တစ္ေယာက္ ေညႇာင္တိ ေညႇာင္တာအသံႏွင့္ မိန္းမတစ္ေယာက္၏အသံေၾကာင့္ အသံလာရာၾကည့္လိုက္မိေတာ့ အနီေရာင္ဂါဝန္ကို ဒူးဖုံးထိဝတ္ထားကာဦးထုပ္အနီ။ေဒါက္ကလည္းအနီ။ ႏႈတ္ခမ္းနီဆိုတာလည္း ဆိုးထားလိုက္တာ တစ္ဗူးလုံးမ်ားကုန္ၿပီလားမေျပာတတ္ေအာင္ကို နီရဲေနသည္။
အနီႀကိဳက္တဲ့သူေတာင္ အျမင္ကပ္ရသည္။
သို႔ေပမယ့္ဘယ္လိုၾကည့္ၾကည့္ သူတို႔အေမအ႐ြယ္ေလာက္႐ွိတဲ့သူဆိုတာေတာ့ ၾကည့္တာႏွင့္သိသာသည္။ ဒါနဲ႔မ်ားသူ႕ကိုယ္သူ မမတဲ့။
"ဟုတ္ကဲ့ ကြၽန္ေတာ္အလႉသြားလုပ္ရင္း တင္ေတာင္း"
"မမက ေမာင္ေလးဆီလာေတာ့႐ြာသြားတယ္ေျပာလို႔ ရက္ၾကာမွာလားလို႔စိတ္ပူေနရတာ"
"ခင္ဗ်ာ"
"မမေျပာခ်င္တာက ဟိုေလဆိုင္မွာ ဆိုင္႐ွင္မ႐ွိေတာ့အလုပ္သမားေတြနဲ႔ပဲထားခဲ့တာဆိုေတာ့ေလ စိုးရိမ္လို႔ပါ"
"အဲဒါ အိမ္ကဦးေလးက်ိကလာၾကည့္ေပးပါတယ္ဗ်"
"ဟုတ္လား မမသတိမထားမိလိုက္ဘူး"
ရယ္စရာမပါဘဲ ပါးစပ္ကိုလက္ျဖင့္အုပ္ကာ လုပ္ရယ္ ရယ္ေနတဲ့မိန္းမႀကီးကို ေ႐ွာင္းက်န္႔အျမင္ကပ္လွၿပီ။
"အဟြတ္!"
ေခ်ာင္းဆိုးသလိုေလးအသံျပဳေတာ့မွ ဘြားေတာ္က သူ႕ကိုသတိထားမိတယ္ထင္သည္။ လူကိုေျခဆုံးေခါင္းဆုံးၾကည့္ကာ အကဲခတ္ေနသည္။
"ေမာင္ေလးရိေပၚက ညီေလးပါ ေခၚလာတာ ထင္တယ္"
"အာ ကြၽန္ေတာ္႕ညီမဟုတ္ဘူး။ ကြၽန္ေတာ္ လက္ထပ္မယ့္ ကြၽန္ေတာ္႕သတို႔သားေလာင္းပါ"
"ေၾသာ္ သတို႔သား ဘယ္...ဘယ္လို!!!"
"ေမာင္ေလး ေနာက္ေနတာလား"
"မေနာက္ပါဘူး။ ေရာ့ ဒီမွာဖိတ္စာ လာျဖစ္ေအာင္လာေနာ္"
လက္ထဲေရာက္သြားတဲ့ဖိတ္စာကို ျပဴးတူးၿပဲတဲနဲ႔ ဖတ္ၾကည့္ၿပီး ေသြးတက္သြားတယ္ထင္သည္။နားထင္ေလး လက္ျဖင့္အုပ္ကာလဲက်သလိုလုပ္ေတာ့ ဝမ္ရိေပၚေရာ သူေရာ မထိန္းေပးလိုက္။တမင္မထိန္းေပးတာဆိုပိုမွန္မည္။
ဖင္ထိုင္လ်က္ျပဳတ္က်သြားတဲ့ဘြားေတာ္က ေသြးတက္တာ ေပ်ာက္သြားၿပီထင္သည္။ ဖင္ကိုကိုင္ကာပြတ္ေနသည္ေလ။ ဘယ္လိုေတာင္ကို႔႐ို႕ ကားယားႏိုင္လိုက္လဲ။
အလုပ္သမားေလးေတြလာထူေပးမွ ဘြားေတာ္မွာမတ္တပ္ျပန္ရပ္ႏိုင္သည္။
"ရရဲ႕လား အေဒၚ "
မတ္တပ္ရပ္ရပ္ခ်င္း ေ႐ွာင္းက်န္႔ရဲ႕အေမးေၾကာင့္ ျပန္ေတာင္လဲက်ခ်င္သြားသည္။
"ရ..ရပါတယ္။ ျပန္ေတာ့မယ္ေနာ္။ ေနအရမ္းပူလို႔ထင္တယ္ မတ္တပ္ေတာင္ ၾကာၾကာမရပ္ခ်င္ေတာ့ဘူး"
"ဟုတ္ကဲ့ အိမ္ျပန္ၿပီးေကာင္းေကာင္းအနားယူပါ"
ယိုင္တိုင္တိုင္ေလွ်ာက္သြားတဲ့ဘြားေတာ္ ေတာ္ေတာ္ေဝးေဝးေရာက္မွ ရိေပၚေရာေ႐ွာင္းက်န္႔ပါ ခြက္ထိုးခြက္လန္ရယ္မိသည္။
၄နာရီေလာက္ ဝမ္ရိေပၚ ေဖာက္သည္ေတြနဲ႔ဖုန္းေျပာစရာ႐ွိတာေျပာ ဆိုင္ေရာက္လာတဲ့သူေတြကိုဖိတ္စာေပးရင္း အလုပ္လည္းလုပ္ရင္းကုန္ဆုံးသြားသည္။
"က်န္႔...ပ်င္းေနၿပီလား"
ေက်ာမွီသစ္သားထိုင္ခုံကို ေျပာင္းျပန္ခြထိုင္ၿပီး ေမးေလးေထာက္ကာ သူ႕အလုပ္လုပ္လုပ္တာကို ေငးၾကည့္ေနတဲ့ ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚေမးလိုက္သည္။
"အင္း အရမ္းပ်င္းေနၿပီ"
"ျပန္ၾကမယ္ေလ။ ဝင္ဝယ္စရာလည္း႐ွိေသးတယ္"
"ဘာဝယ္မလို႔လဲ"
"က်န္႔အတြက္ ဖုန္းဝယ္ေပးမလို႔"
_________________________