{Uni}
"သား ဟိုရောက်ရင်ရိပေါ်စကားကိုနားထောင်နော်။ အရမ်းမဆိုးရဘူးကြားလား"
"...."
"တစ်ယောက်တည်းအပြင်လည်းသိပ်မထွက်နဲ့ဦး။ စရောက်ခါစမို့လမ်းပျောက်နေမယ်"
"အီး!! ဟီး!! ပါး!!"
သူကြီးက သားဖြစ်သူကိုမှာစရာရှိတာမှာနေသည်ကို ရုတ်တရက်ထငိုတဲ့ကလေးလူကြီးလေးရှောင်းကျန့်က ရိုးရိုးငိုသည်တောင်မဟုတ်။ ဖခင်ဖြစ်သူကိုပြေးဖက်ကာ ရှိုက်ကြီးတငင်ငိုနေသည်။
ထိုအရာကိုဖခင်ဖြစ်သူကြီးက ဝမ်းမနည်းဘူးပြောလျှင်လိမ်ရာကျမည်။ ဘယ်မိဘမှ
ကိုယ့်သားသမီးကို ခွဲချင်တာမှမဟုတ်တာ။ ပိုဆိုးသည်က ကိုယ့်ရဲ့သားအိမ်ထောင်ကျတာတောင် ယောက်ျားလေးတစ်ယောက်နဲ့ကျတာမို့ သမြောစိတ်တော့ မိဘတိုင်းတွင်ရှိကြလိမ့်မည်။
"အီးး...ဟင့်...ရွှတ်..ပါး..အိ..ပါးမြန်မြန်..လိုက်ခဲ့..ရွှတ်..နော်"
"ဟုတ်ပါပြီ။ ပါးလိုက်ခဲ့မယ်နော်။ မငိုရဘူးလေ ဒါငိုစရာမှမဟုတ်တာ"
"အီး!! သား တောင်းပန်ပါတယ်"
"မလိုပါဘူး ကလေးငယ်ရယ်။ တစ်ချိန်ချိန်ဒီလိုကိစ္စဆိုတာကြုံရမှာပဲ။ ပါး သားလေးအိမ်ထောင်ကျကံကောင်းပါတယ်။ ဝမ်ရိပေါ်စကားနားထောင်နော်"
"အင့်! အီးဟီး!!"
ဝမ်းနည်းတကြီးငိုနေတဲ့ရှောင်းကျန့်က တော်တော်နဲ့အငိုမတိတ်တော့ပေ။
"ကဲ! သွားဖို့အချိန်ကျနေပြီ။ ဟိုကိုလည်းစောစောရောက်အောင် ခုထဲကထွက်ကြတော့"
သူကြီးပြောမှ ပုခုံးပေါ်မျက်နှာအပ်ကာငိုနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်မနည်းဆွဲခွာရသည်။ ရှောင်းကျန့်ကလည်း ထိုတော့မှသူ့ပါပါးကိုလွှတ်ပေးသည်။
"သားသွားတော့မယ်နော် ပါး"
"ကောင်းကောင်းသွား"
"သွားတော့မယ်နော်။ အုယောင်နဲ့ဦးမယောင်။ ပါးကိုစိတ်ချမယ်နော်"
"စိတ်ချသွားပါ ဆရာရှောင်း"
ရှောင်းကျန့် ဝမ်ရိပေါ် နဲ့အတူကားထဲဝင်ထိုင်လိုက်သည်။ မျန်မျန်နဲ့ဝမ်လင်မယားသည်နောက်ကားတစ်စီးတွင်ဖြစ်သည်။
"ကြည့်ပါဦး။ ကိုယ့်ရဲ့ကျန့်လေးက ကြောင်ချီးရုပ်လေးတောင်ဖြစ်နေပြီ"
နှပ်ချေးတွေ မျက်ရည်တွေရောထွေးနေသည့် ရှောင်းကျန့်မျက်နှာတစ်ပြင်ကို ကားထဲက
wet tissueနဲ့ သေချာသုတ်ပေးလိုက်တော့ နဂို မူလချောမောသည့်မျက်နှာလေးပြန်ပေါ်လာသည်။
ကားစထွက်တည်းက ငိုတယ်လည်းမမြည် အသံတောင်မထွက်တဲ့ရှောင်းကျန့်က ရွာထဲကထွက်လို့ ကားလမ်းမကြီးဆီရောက်သည်ထိ ကားမှန်ဘက်ကိုသာမျက်နှာစောင်းထားသည်။
"ကျန့် အရမ်းဝမ်းမနည်းပါနဲ့။ ရှောင်ပါးအမြန်လိုက်လာမှာပါ။ မငိုနဲ့တော့နော် မျက်လုံးတွေအစ်လိမ့်မယ်"
"...."
ဘာသံမှပြန်မလာသည်မို့ မျက်နှာလေးကိုဖင်ကြွကာကြည့်လိုက်တော့ သကောင့်သားလေးက အိပ်ပျော်နေလေပြီ။ ဝမ်ရိပေါ်လည်းသဘောကျစွာဖြင့် ပြုံးလိုက်မိတော့သည်။
"ကောင်းကောင်းအိပ်။ ကိုယ့်အချစ်လေး"
ကားမောင်းနေရင်းမှ လက်တစ်ဖက်နဲ့ ရှောင်းကျန့်ပါးလေးကိုခပ်ဖွဖွဆွဲကာ လမ်းဘေးသို့ကားခနရပ်၍ ထိုင်ခုံကိုသက်သောင့်သက်သာဖြစ်စေရန် အနောက်သို့လှန်ချပေးလိုက်သည်။ စိတ်တိုင်းကျလုပ်ပေးပြီးမှ ဝမ်ရိပေါ်ကားကိုအာရုံပြန်စိုက်ကာ မောင်းလိုက်သည်။
၄နာရီလောက်မောင်းပြီးချိန်တွင် ဝမ်ရိပေါ်တို့နေသည့်မြို့သို့ရောက်လေသည်။ ရှောင်းကျန့်ကတော့ ထိုအချိန်မှမျက်လုံးလေးပွတ်ပြီးနိုးလာ၏။
"နိုးပြီလား ကျန့်"
"အင်း။ ဝှား!! ရောက်ပြီလား ရိပေါ်"
"နောက် ၁နာရီလောက်မောင်းပြီးရင်ရောက်ပြီ"
"အင်း"
"ဗိုက်ဆာနေပြီလား"
"ဟင့်အင်း အစောကြီးရှိသေးတာကို"
တကယ်လည်း ယခုမှ၄နာရီလောက်သာ ရှိသေးသည်မို့ ညစာအတွက်ကစောနေသေးသည်မဟုတ်ပါလား။
"အင်း..အဲ့ဒါဆိုလည်း အိမ်ရောက်မှစားမယ်နော်"
//////
လူသူရှင်းပြီး နားအေးသည်ဟုပြောလို့ရသည့် ရပ်ကွက်လေးတစ်ခုထဲသို့ ကားအနက်လေးနှစ်စီးရောက်လာသည်။
ခြံစည်းရိုးကောင်းကောင်းနှင့်ကာရံထားသည့် နှစ်ထပ်အိမ်ရှေ့ရောက်တော့ ဝမ်ရိပေါ်တို့ရှေ့က ဝမ်လင်မယားရဲ့ကားဆီမှဟွန်းတီးသံကြောင့် ခြံစောင့်ဟုထင်ရသည့်လူတစ်ယောက် ထွက်လာကာ တံခါးဖွင့်ပေးသည်။
အိမ်ထဲသို့ကားနှစ်စီးလုံး တစ်ပြိုင်တည်းဝင်သွားပြီး ရှေ့ဆင့်နောက်ဆင့်ပင်ရပ်လိုက်ကြသည်။
"ရိပေါ် ။ မင်းချမ်းသာပြီးမြို့တက်သွားမှန်းသိပေမယ့် ဒီလောက်ထိချမ်းသာလိမ့်မယ်လို့မထင်ထားဘူး"
"အဲတာဆို ဒီသူဌေးသားလေးကိုမလွှတ်တမ်း ဆွဲထားလိုက်တော့"
ဝမ်ရိပေါ်ကပြောလည်းပြောရင်း ပါးကိုလည်း ဖြတ်ကနဲဆိုသလိုလာနမ်းသည်ကြောင့် ရှောင်းကျန့်လည်းအရှက်ပြေအနေနဲ့ ဝမ်ရိပေါ် ကိုပါးချလိုက်သည်။ သူ့နှုတ်ခမ်းနှင့်။
မိုးမမြင်လေမမြင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကြောရှည်နေကြတဲ့နှစ်ယောက်က ဆူပုတ်ပုတ်နဲ့တံခါးလာခေါက်တဲ့မျန်မျန်ကြောင့် အသိပြန်ဝင်လာတော့သည်။
"အိမ်ထဲရောက်မှ နင်တို့ဘာသာနမ်းတာပဲဖြစ်ဖြစ်၊ ကုတင်ပေါ်မှာ ဒချိတာပဲဖြစ်ဖြစ် လုပ်ချင်တာလုပ်။ ငါလည်းအားရီတို့လာခေါ် ခိုင်းလို့လာခေါ်ရတာ။ နင်တို့ချစ်ကြည်နူးတာက နောက်မှလုပ်လို့ရတယ်။ အခုလောလောဆယ် ကားပေါ်ကအရင်ဆင်းပြီး အိမ်ထဲကြွကြ!!!"
တံခါးလာခေါက်လို့ မှန်ချပေးလိုက်သည်နှင့်
နင်တွေ ငါတွေနဲ့ချကာ တရစက်အော်ပြောပြီး ဒေါသတကြီးနဲ့အိမ်ထဲဝင်သွားသည်ကြောင့် သူတို့နှစ်ယောက် ကြောင်တောင်တောင်နဲ့သာကျန်ခဲ့သည်။
မျန်မျန်အော်သွားတာကြောင့် ရုတ်တရက်လန့်သွားတာလည်းပါသည်။ ကြည့်ရတာ မျန်မျန် အသည်းကွဲလာသည်ထင်၏။
ကားပေါ်ကဆင်းကာ နောက်ခန်းတွင်သူတို့ပစ္စည်းတွေသယ်ပေးနေတဲ့ ခြံစောင့်ဦးလေးကြီးကိုဝိုင်းသယ်ပေးလိုက်ပြီး အိမ်ထဲဝင်လိုက်သည်။ ဧည့်ခန်းထဲထိုင်နေကြသည့်ဝမ်လင်မယားက သူတို့နှစ်ယောက်ကိုလာထိုင်ဖို့ပြောတော့ မျက်နှာချင်းဆိုင်မှာပင်ဝင်ထိုင်လိုက်ကြ၏။
ခြံစောင့်ဦးလေးကြီးနှင့် ထမင်းချက်ဟုထင်ရသည့်အဒေါ်ကြီးတစ်ယောက်ကို ဝမ်မားက ရှောင်းကျန့်နှင့်မိတ်ဆက်ပေးသည်။
"ကျဲယွမ်နဲ့ကျိကော ဒါကျွန်မသမက်လေး ရှောင်ကျန့်တဲ့"
"ချစ်စရာလေးပါလားကွယ်"
ဝမ်မားရဲ့စကားကို ထမင်းချက်အဒေါ်ကြီးက ထိုသို့တုံ့ပြန်လာပြီး ဘေးကဦးလေးကြီးကလည်း ပြုံးရင်းထောက်ခံသည်မို့ ရှောင်းကျန့်ကတော့ ဘဝင်တောင်မြင့်ချင်သွားသည်။ ထို့ပြင်ဝမ်မားရဲ့ ကျဲဆိုသည့်အသုံးနှုန်းကြောင့် မိသားစုလိုနေကြသည်ဟုလည်း ရှောင်းကျန့်ကောက်ချက်ချက်မိသည်။
"သားကျန့်စားချင်တာရှိရင် ဒီကအားရီယွမ်ကို ပြောလိုက်နော်"
"ဟုတ်"
"ခရီးလည်းပန်းလာတယ်ဆိုတော့ ရေမိုးချိုးခနနားပြီးဆင်းခဲ့ကြ။ ပြီးရင်ညစာစားကြမယ်။ သမီးလေးမျန်မျန်လည်း ဧည့်သည်တွေထားတဲ့ အခန်းမှာပဲ ရေချိုး ထမင်းစားပြီးမှပြန်နော်"
"မစားတော့ပါဘူး အားရီ။ မားဖုန်းဆက်တယ် ပါးနေမကောင်းဖြစ်နေလို့တဲ့ အဲ့ဒါပြန်မှဖြစ်မယ်"
"ဟယ်..ဟုတ်လား။ အဲဒါဆိုလည်း ပြန်လိုက်လေ။ အားရီသတင်းမေးတယ်လည်းပြောလိုက်ဦးနော်"
"ဟုတ်..သွားပြီနော်"
"အေးအေး သမီးလေး"
မျန်မျန်ပြန်သွားတော့ အကုန်လုံးကိုဝမ်မားကပဲ အစီစဥ်ဆွဲပေးသည်။ ရှောင်းကျန့်လည်း ဝမ်ရိပေါ်ခေါ်တဲ့အတိုင်း ဒုတိယထပ်က ဝမ်ရိပေါ်ရဲ့အခန်းဆီတက်သွားလိုက်တော့သည်။
________________________
{ZAWGYI}
"သား ဟိုေရာက္ရင္ရိေပၚစကားကိုနားေထာင္ေနာ္။ အရမ္းမဆိုးရဘူးၾကားလား"
"...."
"တစ္ေယာက္တည္းအျပင္လည္းသိပ္မထြက္နဲ႔ဦး။ စေရာက္ခါစမို႔လမ္းေပ်ာက္ေနမယ္"
"အီး!! ဟီး!! ပါး!!"
သူႀကီးက သားျဖစ္သူကိုမွာစရာ႐ွိတာမွာေနသည္ကို ႐ုတ္တရက္ထငိုတဲ့ကေလးလူႀကီးေလးေ႐ွာင္းက်န္႔က ႐ိုး႐ိုးငိုသည္ေတာင္မဟုတ္။ ဖခင္ျဖစ္သူကိုေျပးဖက္ကာ ႐ိႈက္ႀကီးတငင္ငိုေနသည္။
ထိုအရာကိုဖခင္ျဖစ္သူႀကီးက ဝမ္းမနည္းဘူးေျပာလွ်င္လိမ္ရာက်မည္။ ဘယ္မိဘမွ
ကိုယ့္သားသမီးကို ခြဲခ်င္တာမွမဟုတ္တာ။ ပိုဆိုးသည္က ကိုယ့္ရဲ႕သားအိမ္ေထာင္က်တာေတာင္ ေယာက်္ားေလးတစ္ေယာက္နဲ႔က်တာမို႔ သေျမာစိတ္ေတာ့ မိဘတိုင္းတြင္႐ွိၾကလိမ့္မည္။
"အီးး...ဟင့္...႐ႊတ္..ပါး..အိ..ပါးျမန္ျမန္..လိုက္ခဲ့..႐ႊတ္..ေနာ္"
"ဟုတ္ပါၿပီ။ ပါးလိုက္ခဲ့မယ္ေနာ္။ မငိုရဘူးေလ ဒါငိုစရာမွမဟုတ္တာ"
"အီး!! သား ေတာင္းပန္ပါတယ္"
"မလိုပါဘူး ကေလးငယ္ရယ္။ တစ္ခ်ိန္ခ်ိန္ဒီလိုကိစၥဆိုတာၾကဳံရမွာပဲ။ ပါး သားေလးအိမ္ေထာင္က်ကံေကာင္းပါတယ္။ ဝမ္ရိေပၚစကားနားေထာင္ေနာ္"
"အင့္! အီးဟီး!!"
ဝမ္းနည္းတႀကီးငိုေနတဲ့ေ႐ွာင္းက်န္႔က ေတာ္ေတာ္နဲ႔အငိုမတိတ္ေတာ့ေပ။
"ကဲ! သြားဖို႔အခ်ိန္က်ေနၿပီ။ ဟိုကိုလည္းေစာေစာေရာက္ေအာင္ ခုထဲကထြက္ၾကေတာ့"
သူႀကီးေျပာမွ ပုခုံးေပၚမ်က္ႏွာအပ္ကာငိုေနတဲ့ ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚမနည္းဆြဲခြာရသည္။ ေ႐ွာင္းက်န္႔ကလည္း ထိုေတာ့မွသူ႕ပါပါးကိုလႊတ္ေပးသည္။
"သားသြားေတာ့မယ္ေနာ္ ပါး"
"ေကာင္းေကာင္းသြား"
"သြားေတာ့မယ္ေနာ္။ အုေယာင္နဲ႔ဦးမေယာင္။ ပါးကိုစိတ္ခ်မယ္ေနာ္"
"စိတ္ခ်သြားပါ ဆရာေ႐ွာင္း"
ေ႐ွာင္းက်န္႔ ဝမ္ရိေပၚ နဲ႔အတူကားထဲဝင္ထိုင္လိုက္သည္။ မ်န္မ်န္နဲ႔ဝမ္လင္မယားသည္ေနာက္ကားတစ္စီးတြင္ျဖစ္သည္။
"ၾကည့္ပါဦး။ ကိုယ့္ရဲ႕က်န္႔ေလးက ေၾကာင္ခ်ီး႐ုပ္ေလးေတာင္ျဖစ္ေနၿပီ"
ႏွပ္ေခ်းေတြ မ်က္ရည္ေတြေရာေထြးေနသည့္ ေ႐ွာင္းက်န္႔မ်က္ႏွာတစ္ျပင္ကို ကားထဲက
wet tissueနဲ႔ ေသခ်ာသုတ္ေပးလိုက္ေတာ့ နဂို မူလေခ်ာေမာသည့္မ်က္ႏွာေလးျပန္ေပၚလာသည္။
ကားစထြက္တည္းက ငိုတယ္လည္းမျမည္ အသံေတာင္မထြက္တဲ့ေ႐ွာင္းက်န္႔က ႐ြာထဲကထြက္လို႔ ကားလမ္းမႀကီးဆီေရာက္သည္ထိ ကားမွန္ဘက္ကိုသာမ်က္ႏွာေစာင္းထားသည္။
"က်န္႔ အရမ္းဝမ္းမနည္းပါနဲ႔။ ေ႐ွာင္ပါးအျမန္လိုက္လာမွာပါ။ မငိုနဲ႔ေတာ့ေနာ္ မ်က္လုံးေတြအစ္လိမ့္မယ္"
"...."
ဘာသံမွျပန္မလာသည္မို႔ မ်က္ႏွာေလးကိုဖင္ႂကြကာၾကည့္လိုက္ေတာ့ သေကာင့္သားေလးက အိပ္ေပ်ာ္ေနေလၿပီ။ ဝမ္ရိေပၚလည္းသေဘာက်စြာျဖင့္ ျပဳံးလိုက္မိေတာ့သည္။
"ေကာင္းေကာင္းအိပ္။ ကိုယ့္အခ်စ္ေလး"
ကားေမာင္းေနရင္းမွ လက္တစ္ဖက္နဲ႔ ေ႐ွာင္းက်န္႔ပါးေလးကိုခပ္ဖြဖြဆြဲကာ လမ္းေဘးသို႔ကားခနရပ္၍ ထိုင္ခုံကိုသက္ေသာင့္သက္သာျဖစ္ေစရန္ အေနာက္သို႔လွန္ခ်ေပးလိုက္သည္။ စိတ္တိုင္းက်လုပ္ေပးၿပီးမွ ဝမ္ရိေပၚကားကိုအာ႐ုံျပန္စိုက္ကာ ေမာင္းလိုက္သည္။
၄နာရီေလာက္ေမာင္းၿပီးခ်ိန္တြင္ ဝမ္ရိေပၚတို႔ေနသည့္ၿမိဳ႕သို႔ေရာက္ေလသည္။ ေ႐ွာင္းက်န္႔ကေတာ့ ထိုအခ်ိန္မွမ်က္လုံးေလးပြတ္ၿပီးႏိုးလာ၏။
"ႏိုးၿပီလား က်န္႔"
"အင္း။ ဝွား!! ေရာက္ၿပီလား ရိေပၚ"
"ေနာက္ ၁နာရီေလာက္ေမာင္းၿပီးရင္ေရာက္ၿပီ"
"အင္း"
"ဗိုက္ဆာေနၿပီလား"
"ဟင့္အင္း အေစာႀကီး႐ွိေသးတာကို"
တကယ္လည္း ယခုမွ၄နာရီေလာက္သာ ႐ွိေသးသည္မို႔ ညစာအတြက္ကေစာေနေသးသည္မဟုတ္ပါလား။
"အင္း..အဲ့ဒါဆိုလည္း အိမ္ေရာက္မွစားမယ္ေနာ္"
//////
လူသူ႐ွင္းၿပီး နားေအးသည္ဟုေျပာလို႔ရသည့္ ရပ္ကြက္ေလးတစ္ခုထဲသို႔ ကားအနက္ေလးႏွစ္စီးေရာက္လာသည္။
ျခံစည္း႐ိုးေကာင္းေကာင္းႏွင့္ကာရံထားသည့္ ႏွစ္ထပ္အိမ္ေ႐ွ႕ေရာက္ေတာ့ ဝမ္ရိေပၚတို႔ေ႐ွ႕က ဝမ္လင္မယားရဲ႕ကားဆီမွဟြန္းတီးသံေၾကာင့္ ျခံေစာင့္ဟုထင္ရသည့္လူတစ္ေယာက္ ထြက္လာကာ တံခါးဖြင့္ေပးသည္။
အိမ္ထဲသို႔ကားႏွစ္စီးလုံး တစ္ၿပိဳင္တည္းဝင္သြားၿပီး ေ႐ွ႕ဆင့္ေနာက္ဆင့္ပင္ရပ္လိုက္ၾကသည္။
"ရိေပၚ ။ မင္းခ်မ္းသာၿပီးၿမိဳ႕တက္သြားမွန္းသိေပမယ့္ ဒီေလာက္ထိခ်မ္းသာလိမ့္မယ္လို႔မထင္ထားဘူး"
"အဲတာဆို ဒီသူေဌးသားေလးကိုမလႊတ္တမ္း ဆြဲထားလိုက္ေတာ့"
ဝမ္ရိေပၚကေျပာလည္းေျပာရင္း ပါးကိုလည္း ျဖတ္ကနဲဆိုသလိုလာနမ္းသည္ေၾကာင့္ ေ႐ွာင္းက်န္႔လည္းအ႐ွက္ေျပအေနနဲ႔ ဝမ္ရိေပၚ ကိုပါးခ်လိုက္သည္။ သူ႕ႏႈတ္ခမ္းႏွင့္။
မိုးမျမင္ေလမျမင္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ရယ္ေၾကာ႐ွည္ေနၾကတဲ့ႏွစ္ေယာက္က ဆူပုတ္ပုတ္နဲ႔တံခါးလာေခါက္တဲ့မ်န္မ်န္ေၾကာင့္ အသိျပန္ဝင္လာေတာ့သည္။
"အိမ္ထဲေရာက္မွ နင္တို႔ဘာသာနမ္းတာပဲျဖစ္ျဖစ္၊ ကုတင္ေပၚမွာ ဒခ်ိတာပဲျဖစ္ျဖစ္ လုပ္ခ်င္တာလုပ္။ ငါလည္းအားရီတို႔လာေခၚ ခိုင္းလို႔လာေခၚရတာ။ နင္တို႔ခ်စ္ၾကည္ႏူးတာက ေနာက္မွလုပ္လို႔ရတယ္။ အခုေလာေလာဆယ္ ကားေပၚကအရင္ဆင္းၿပီး အိမ္ထဲႂကြၾက!!!"
တံခါးလာေခါက္လို႔ မွန္ခ်ေပးလိုက္သည္ႏွင့္
နင္ေတြ ငါေတြနဲ႔ခ်ကာ တရစက္ေအာ္ေျပာၿပီး ေဒါသတႀကီးနဲ႔အိမ္ထဲဝင္သြားသည္ေၾကာင့္ သူတို႔ႏွစ္ေယာက္ ေၾကာင္ေတာင္ေတာင္နဲ႔သာက်န္ခဲ့သည္။
မ်န္မ်န္ေအာ္သြားတာေၾကာင့္ ႐ုတ္တရက္လန္႔သြားတာလည္းပါသည္။ ၾကည့္ရတာ မ်န္မ်န္ အသည္းကြဲလာသည္ထင္၏။
ကားေပၚကဆင္းကာ ေနာက္ခန္းတြင္သူတို႔ပစၥည္းေတြသယ္ေပးေနတဲ့ ျခံေစာင့္ဦးေလးႀကီးကိုဝိုင္းသယ္ေပးလိုက္ၿပီး အိမ္ထဲဝင္လိုက္သည္။ ဧည့္ခန္းထဲထိုင္ေနၾကသည့္ဝမ္လင္မယားက သူတို႔ႏွစ္ေယာက္ကိုလာထိုင္ဖို႔ေျပာေတာ့ မ်က္ႏွာခ်င္းဆိုင္မွာပင္ဝင္ထိုင္လိုက္ၾက၏။
ျခံေစာင့္ဦးေလးႀကီးႏွင့္ ထမင္းခ်က္ဟုထင္ရသည့္အေဒၚႀကီးတစ္ေယာက္ကို ဝမ္မားက ေ႐ွာင္းက်န္႔ႏွင့္မိတ္ဆက္ေပးသည္။
"က်ဲယြမ္နဲ႔က်ိေကာ ဒါကြၽန္မသမက္ေလး ေ႐ွာင္က်န္႔တဲ့"
"ခ်စ္စရာေလးပါလားကြယ္"
ဝမ္မားရဲ႕စကားကို ထမင္းခ်က္အေဒၚႀကီးက ထိုသို႔တုံ႔ျပန္လာၿပီး ေဘးကဦးေလးႀကီးကလည္း ျပဳံးရင္းေထာက္ခံသည္မို႔ ေ႐ွာင္းက်န္႔ကေတာ့ ဘဝင္ေတာင္ျမင့္ခ်င္သြားသည္။ ထို႔ျပင္ဝမ္မားရဲ႕ က်ဲဆိုသည့္အသုံးႏႈန္းေၾကာင့္ မိသားစုလိုေနၾကသည္ဟုလည္း ေ႐ွာင္းက်န္႔ေကာက္ခ်က္ခ်က္မိသည္။
"သားက်န္႔စားခ်င္တာ႐ွိရင္ ဒီကအားရီယြမ္ကို ေျပာလိုက္ေနာ္"
"ဟုတ္"
"ခရီးလည္းပန္းလာတယ္ဆိုေတာ့ ေရမိုးခ်ိဳးခနနားၿပီးဆင္းခဲ့ၾက။ ၿပီးရင္ညစာစားၾကမယ္။ သမီးေလးမ်န္မ်န္လည္း ဧည့္သည္ေတြထားတဲ့ အခန္းမွာပဲ ေရခ်ိဳး ထမင္းစားၿပီးမွျပန္ေနာ္"
"မစားေတာ့ပါဘူး အားရီ။ မားဖုန္းဆက္တယ္ ပါးေနမေကာင္းျဖစ္ေနလို႔တဲ့ အဲ့ဒါျပန္မွျဖစ္မယ္"
"ဟယ္..ဟုတ္လား။ အဲဒါဆိုလည္း ျပန္လိုက္ေလ။ အားရီသတင္းေမးတယ္လည္းေျပာလိုက္ဦးေနာ္"
"ဟုတ္..သြားၿပီေနာ္"
"ေအးေအး သမီးေလး"
မ်န္မ်န္ျပန္သြားေတာ့ အကုန္လုံးကိုဝမ္မားကပဲ အစီစဥ္ဆြဲေပးသည္။ ေ႐ွာင္းက်န္႔လည္း ဝမ္ရိေပၚေခၚတဲ့အတိုင္း ဒုတိယထပ္က ဝမ္ရိေပၚရဲ႕အခန္းဆီတက္သြားလိုက္ေတာ့သည္။
________________________