{Uni}
ဝမ်ရိပေါ်စောင့်နေတုန်းခနကြာတော့ အဒေါ်ကြီးတစ်ယောက်က သူကြီးနာမည်အော်ခေါ်ကာ ဝမ်းနည်းတကြီးနှင့်ခြံထဲဝင်လာသည်။ အနောက်မှာလည်း ရှောင်းကျန့်နဲ့အုယောင်က မျက်နှာငယ်လေးနှင့်ပါလာ၏။
ထိုအဒေါ်ကြီးအသံကြားတော့ သူကြီးနဲ့ဝမ်လင်မယားလည်း အိမ်ထဲကထွက်လာကြသည်။
"အပျိုကြီးပါလား ဘာကိစ္စရှိလို့လဲ"
သူကြီးကမေးတော့ အဒေါ်ကြီးကဝမ်းနည်းတကြီးနဲ့ပြန်ဖြေသည်။
"သူကြီးရေ..သူကြီးသားက လုပ်ချလိုက်ပြန်ပါပြီရှင်"
"ဟေ! ဒီကောင်လေး ဘာပြသနာရှာပြန်လို့တုန်း"
"သူကြီးရဲ့သားကိုသာ မေးကြည့်လိုက်ပါတော့ရှင်။ ကျွန်မကတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး"
"ရှောင်းကျန့်..ဘာတွေမွှေခဲ့ပြန်ပြီလဲ ပြောစမ်း!!"
သူကြီးကမေးတော့ ရှောင်းကျန့်ကအုယောင်ကို တံတောင်နဲ့တိုက်ကာ သူ့အစားဖြေခိုင်းသည်။ အုယောင်ကလည်း သူကြီးကိုကြောက်တာမို့ခေါင်းခါပြ၏။
"မေးနေတယ်လေ ရှောင်ကျန့်!"
"ဟို"
"ဘာဖြစ်လဲ တယ်.. ငါနော်!"
ပြောနေရင်း သူကြီးကထရိုက်တော့မလိုလုပ်တော့ ရှောင်းကျန့်ကဝမ်ရိပေါ်နောက်ဝင်ပုန်းတော့ ဝမ်ရိပေါ်ကလည်းသူ့အသည်းညှာလေးကို ရိုက်မည်စိုး၍ ကာပေးထားသည်။
"ပြော..ပြောမယ်လို့"
"...."
"ကျန့်ကျန့်နဲ့အုယောင်က ဒေါ်ကြီးအပျိုကြီးတို့ အိမ်မှာ ကြက်ဥတွေအများကြီးတွေ့တယ်ဆိုတဲ့ သတင်းရလို့ အဲဒါကြက်ဥသွားတောင်းကြတာ..အဲ့တာ..အဲ့တာ"
"ဆက်ပြောလေ..ဘာတွေ ထစ်ငေါ့နေတာလဲ!"
"အဲ့တာ..အဒေါ်ကြီးက အိမ်အောက်မှာသွားယူဆိုလို့ သွားယူတော့ ကြက်မကအသံကလည်း
မူမမှန်သလိုညည်းနေတော့ ဥကြီးလို့မဥနိုင်ဘူးထင်လိုက်တာ။ အဲ့တာကြောင့် သစ်ကိုင်းတစ်ခုချိုးပြီး ဖင်ကျယ်အောင်ဆောင့်ထိုးပေးလိုက်တော့ အထိုးလွန်ပြီးသစ်ကိုင်းကပါးစပ်ကပြန်ထွက်ပြီး ကြက်မဂိသွားလို့"
ရှောင်းကျန့် ဖြေရှင်းချက်ကိုကြားတော့ ဝမ်ရိပေါ်မှာကွယ်ပေးထားရင်နဲ့ မရယ်မိအောင်တင်းခံနေရသည်။ ဘယ်လိုတောင်ကဲလိုက်တဲ့သူ့ချစ်သူလေးလဲ။
ဝမ်လင်မယားမှာလည်း ရယ်ချင်တာကိုမနည်းအောင့်ထားရတာသိသာနေပြီး ဝမ်မားဆိုလျှင် ပြုံးစိစိတောင်ဖြစ်နေသည်။ အုယောင်နဲ့ဦးမယောင်လည်းအပါဝင်ဖြစ်၏။
သူကြီးလား။ သူကြီးကတော့ ခုနကသူ့သားကို အတင်းထသတ်မလိုဖြစ်နေရာကနေ ဖြေရှင်းချက်ကြားတော့ ကျောက်ရုပ်လိုတောင့်တောင့်ကြီးဖြစ်နေသည်။ သေချာတာကတော့ သူလည်း ရယ်ချင်တာကိုအောင့်ထားတာဖြစ်မည်။
"သူကြီးရေ ကျွန်မကို ဘယ်လိုပြန်လုပ်ပေးမလဲ"
အဒေါ်ကြီးရဲ့အသံကြားမှ သူကြီးလည်းအသိပြန်ဝင်လာတော့သည်။
"ကဲ..အပျိုကြီးရယ် ဒီတစ်ခါတော့ခွင့်လွှတ်ပါဗျာ။ ကျွန်တော်လျော်ကြေးပြန်ပေးပါ့မယ်"
"ကောင်းပြီလေ ဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါဆိုရင်တော့ ဒီတိုင်းမကျေအေးပေးနိုင်တော့ဘူးနော်။ အခုတော့ ကျွန်မလည်းအလုပ်ရှိသေးလို့ အိမ်ကိုတစ်ယောက်လွှတ်ပြီးပေးခိုင်းလိုက်တော့"
"ကောင်းပါပြီ"
အဒေါ်ကြီးထွက်သွားတော့မှ ခြံထဲမှာရယ်သံတွေလွှမ်းမိုးသွားသည်။ သူကြီးမှာလည်းဆူချင်တာတောင် ရယ်ချင်စိတ်ပဲရှိနေသည်မို့ ခေါင်းတခါခါနဲ့သာ ရယ်နေလေသည်။
ခွက်ထိုး ခွက်လန်ရယ်နေတဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်က မကျေမနပ်နဲ့ထုရိုက်တာတောင် ဝမ်ရိပေါ်မှာ ရယ်ကြောမပြတ်နိုင်သေးပေ။
"ရိပေါ်!! မရယ်နဲ့တော့!"
"အင်း..ဟားဟား! မရယ်..ဟား..မရယ်တော့ဘူး!"
မရယ်တော့ဘူးသာပြောနေတာ။ စကားပြောတာတောင်အရယ်မပြတ်တဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့် မကြည်တော့ပေ။
မျန်မျန်တစ်ယောက် အပြင်ကပြန်လာတော့ ခြံထဲမှာရယ်နေကြတဲ့သူတွေကို ကြောင်ကြည့်နေမိသည်။ အားလုံးရယ်တာရပ်သွားမှ မျန်မျန်မေးတော့ အကြောင်းစုံသိပြီးသူပါဝင်ရယ်လေသည်။
ရှောင်းကျန့်တော်တော်စိတ်ဆိုးနေလေပြီ။ ဝမ်ရိပေါ်လည်း အခြေနေမဟန်တော့တာကြောင့် မနည်းရုပ်တည်နဲ့ပြန်နေလိုက်ရသည်။ ဒါတောင် ရှောင်းကျန့်ကနှုတ်ခမ်းဆူနေတုန်း။ အားလုံးလည်းရယ်လို့မောသွားတော့ ထမင်းစားဖို့အိမ်ပေါ်တက်သွားကြသည်။
"မျန်မျန် နင်တစ်မနက်လုံးဘယ်ရောက်နေတာလဲ"
ဝမ်ရိပေါ်အမေးကို မျန်မျန်ကကျွဲပြုံးပြုံးကာပြန်ဖြေသည်။
"ငါလား..ငါ မမနဲ့သွားချိန်းတွေ့လာတာ"
"မမ?"
"ဟုတ်တယ် မမ"
"နင်မဟုတ်မှ ရွာသူတစ်ယောက်နဲ့ကြိုက်နေတာလား"
"ဟဲဟဲ..ကြိုက်နေတယ်ဆိုတာထက် ငါကကြိုက်တာဆို ပိုမှန်မလားပဲ"
"ပြောတော့ သွားချိန်းတွေ့တာဆို"
"ကိုယ့်ဘက်က ရည်းစားလို့သတ်မှတ်ထားရင် သွားချောင်းတာကို သွားချိန်းတွေ့တယ်လို့ပြောလို့ရတာပဲလေ"
မျန်မျန်တစ်ယောက် ပြောချင်တာပြောပြီးအိမ်ပေါ် တက်သွားတော့မှ တစ်ချိန်လုံးတိတ်နေတဲ့ ဘေးကကောက်စိန်လေးကိုချော့ရပေသည်။
"ကျန့်ကျန့် စိတ်မဆိုးပါနဲ့ ကိုယ်တောင်းပန်တယ်နော်။ နောက်အဲ့လိုမရယ်တော့ဘူးလေနော်"
"......"
စကားပြန်မပြောဘဲ ထထွက်သွားတဲ့ရှောင်းကျန့်နောက်ကို ဝမ်ရိပေါ်တကောက်ကောက်လိုက်ကာ ချော့ရတော့သည်။
_________________________
{ZAWGYI}
ဝမ္ရိေပၚေစာင့္ေနတုန္းခနၾကာေတာ့ အေဒၚႀကီးတစ္ေယာက္က သူႀကီးနာမည္ေအာ္ေခၚကာ ဝမ္းနည္းတႀကီးႏွင့္ျခံထဲဝင္လာသည္။ အေနာက္မွာလည္း ေ႐ွာင္းက်န္႔နဲ႔အုေယာင္က မ်က္ႏွာငယ္ေလးႏွင့္ပါလာ၏။
ထိုအေဒၚႀကီးအသံၾကားေတာ့ သူႀကီးနဲ႔ဝမ္လင္မယားလည္း အိမ္ထဲကထြက္လာၾကသည္။
"အပ်ိဳႀကီးပါလား ဘာကိစၥ႐ွိလို႔လဲ"
သူႀကီးကေမးေတာ့ အေဒၚႀကီးကဝမ္းနည္းတႀကီးနဲ႔ျပန္ေျဖသည္။
"သူႀကီးေရ..သူႀကီးသားက လုပ္ခ်လိုက္ျပန္ပါၿပီ႐ွင္"
"ေဟ! ဒီေကာင္ေလး ဘာျပသနာ႐ွာျပန္လို႔တုန္း"
"သူႀကီးရဲ႕သားကိုသာ ေမးၾကည့္လိုက္ပါေတာ့႐ွင္။ ကြၽန္မကေတာ့ ဘယ္လိုေျပာရမွန္းေတာင္ မသိေတာ့ပါဘူး"
"ေ႐ွာင္းက်န္႔..ဘာေတြေမႊခဲ့ျပန္ၿပီလဲ ေျပာစမ္း!!"
သူႀကီးကေမးေတာ့ ေ႐ွာင္းက်န္႔ကအုေယာင္ကို တံေတာင္နဲ႔တိုက္ကာ သူ႕အစားေျဖခိုင္းသည္။ အုေယာင္ကလည္း သူႀကီးကိုေၾကာက္တာမို႔ေခါင္းခါျပ၏။
"ေမးေနတယ္ေလ ေ႐ွာင္က်န္႔!"
"ဟို"
"ဘာျဖစ္လဲ တယ္.. ငါေနာ္!"
ေျပာေနရင္း သူႀကီးကထ႐ိုက္ေတာ့မလိုလုပ္ေတာ့ ေ႐ွာင္းက်န္႔ကဝမ္ရိေပၚေနာက္ဝင္ပုန္းေတာ့ ဝမ္ရိေပၚကလည္းသူ႕အသည္းညႇာေလးကို ႐ိုက္မည္စိုး၍ ကာေပးထားသည္။
"ေျပာ..ေျပာမယ္လို႔"
"...."
"က်န္႔က်န္႔နဲ႔အုေယာင္က ေဒၚႀကီးအပ်ိဳႀကီးတို႔ အိမ္မွာ ၾကက္ဥေတြအမ်ားႀကီးေတြ႕တယ္ဆိုတဲ့ သတင္းရလို႔ အဲဒါၾကက္ဥသြားေတာင္းၾကတာ..အဲ့တာ..အဲ့တာ"
"ဆက္ေျပာေလ..ဘာေတြ ထစ္ေငါ့ေနတာလဲ!"
"အဲ့တာ..အေဒၚႀကီးက အိမ္ေအာက္မွာသြားယူဆိုလို႔ သြားယူေတာ့ ၾကက္မကအသံကလည္း
မူမမွန္သလိုညည္းေနေတာ့ ဥႀကီးလို႔မဥႏိုင္ဘူးထင္လိုက္တာ။ အဲ့တာေၾကာင့္ သစ္ကိုင္းတစ္ခုခ်ိဳးၿပီး ဖင္က်ယ္ေအာင္ေဆာင့္ထိုးေပးလိုက္ေတာ့ အထိုးလြန္ၿပီးသစ္ကိုင္းကပါးစပ္ကျပန္ထြက္ၿပီး ၾကက္မဂိသြားလို႔"
ေ႐ွာင္းက်န္႔ ေျဖ႐ွင္းခ်က္ကိုၾကားေတာ့ ဝမ္ရိေပၚမွာကြယ္ေပးထားရင္နဲ႔ မရယ္မိေအာင္တင္းခံေနရသည္။ ဘယ္လိုေတာင္ကဲလိုက္တဲ့သူ႕ခ်စ္သူေလးလဲ။
ဝမ္လင္မယားမွာလည္း ရယ္ခ်င္တာကိုမနည္းေအာင့္ထားရတာသိသာေနၿပီး ဝမ္မားဆိုလွ်င္ ျပဳံးစိစိေတာင္ျဖစ္ေနသည္။ အုေယာင္နဲ႔ဦးမေယာင္လည္းအပါဝင္ျဖစ္၏။
သူႀကီးလား။ သူႀကီးကေတာ့ ခုနကသူ႕သားကို အတင္းထသတ္မလိုျဖစ္ေနရာကေန ေျဖ႐ွင္းခ်က္ၾကားေတာ့ ေက်ာက္႐ုပ္လိုေတာင့္ေတာင့္ႀကီးျဖစ္ေနသည္။ ေသခ်ာတာကေတာ့ သူလည္း ရယ္ခ်င္တာကိုေအာင့္ထားတာျဖစ္မည္။
"သူႀကီးေရ ကြၽန္မကို ဘယ္လိုျပန္လုပ္ေပးမလဲ"
အေဒၚႀကီးရဲ႕အသံၾကားမွ သူႀကီးလည္းအသိျပန္ဝင္လာေတာ့သည္။
"ကဲ..အပ်ိဳႀကီးရယ္ ဒီတစ္ခါေတာ့ခြင့္လႊတ္ပါဗ်ာ။ ကြၽန္ေတာ္ေလ်ာ္ေၾကးျပန္ေပးပါ့မယ္"
"ေကာင္းၿပီေလ ဒီတစ္ခါေတာ့ခြင့္လႊတ္ေပးလိုက္မယ္။ ေနာက္တစ္ခါဆိုရင္ေတာ့ ဒီတိုင္းမေက်ေအးေပးႏိုင္ေတာ့ဘူးေနာ္။ အခုေတာ့ ကြၽန္မလည္းအလုပ္႐ွိေသးလို႔ အိမ္ကိုတစ္ေယာက္လႊတ္ၿပီးေပးခိုင္းလိုက္ေတာ့"
"ေကာင္းပါၿပီ"
အေဒၚႀကီးထြက္သြားေတာ့မွ ျခံထဲမွာရယ္သံေတြလႊမ္းမိုးသြားသည္။ သူႀကီးမွာလည္းဆူခ်င္တာေတာင္ ရယ္ခ်င္စိတ္ပဲ႐ွိေနသည္မို႔ ေခါင္းတခါခါနဲ႔သာ ရယ္ေနေလသည္။
ခြက္ထိုး ခြက္လန္ရယ္ေနတဲ့ဝမ္ရိေပၚကို ေ႐ွာင္းက်န္႔က မေက်မနပ္နဲ႔ထု႐ိုက္တာေတာင္ ဝမ္ရိေပၚမွာ ရယ္ေၾကာမျပတ္ႏိုင္ေသးေပ။
"ရိေပၚ!! မရယ္နဲ႔ေတာ့!"
"အင္း..ဟားဟား! မရယ္..ဟား..မရယ္ေတာ့ဘူး!"
မရယ္ေတာ့ဘူးသာေျပာေနတာ။ စကားေျပာတာေတာင္အရယ္မျပတ္တဲ့ဝမ္ရိေပၚကို ေ႐ွာင္းက်န္႔ မၾကည္ေတာ့ေပ။
မ်န္မ်န္တစ္ေယာက္ အျပင္ကျပန္လာေတာ့ ျခံထဲမွာရယ္ေနၾကတဲ့သူေတြကို ေၾကာင္ၾကည့္ေနမိသည္။ အားလုံးရယ္တာရပ္သြားမွ မ်န္မ်န္ေမးေတာ့ အေၾကာင္းစုံသိၿပီးသူပါဝင္ရယ္ေလသည္။
ေ႐ွာင္းက်န္႔ေတာ္ေတာ္စိတ္ဆိုးေနေလၿပီ။ ဝမ္ရိေပၚလည္း အေျခေနမဟန္ေတာ့တာေၾကာင့္ မနည္း႐ုပ္တည္နဲ႔ျပန္ေနလိုက္ရသည္။ ဒါေတာင္ ေ႐ွာင္းက်န္႔ကႏႈတ္ခမ္းဆူေနတုန္း။ အားလုံးလည္းရယ္လို႔ေမာသြားေတာ့ ထမင္းစားဖို႔အိမ္ေပၚတက္သြားၾကသည္။
"မ်န္မ်န္ နင္တစ္မနက္လုံးဘယ္ေရာက္ေနတာလဲ"
ဝမ္ရိေပၚအေမးကို မ်န္မ်န္ကကြၽဲျပဳံးျပဳံးကာျပန္ေျဖသည္။
"ငါလား..ငါ မမနဲ႔သြားခ်ိန္းေတြ႕လာတာ"
"မမ?"
"ဟုတ္တယ္ မမ"
"နင္မဟုတ္မွ ႐ြာသူတစ္ေယာက္နဲ႔ႀကိဳက္ေနတာလား"
"ဟဲဟဲ..ႀကိဳက္ေနတယ္ဆိုတာထက္ ငါကႀကိဳက္တာဆို ပိုမွန္မလားပဲ"
"ေျပာေတာ့ သြားခ်ိန္းေတြ႕တာဆို"
"ကိုယ့္ဘက္က ရည္းစားလို႔သတ္မွတ္ထားရင္ သြားေခ်ာင္းတာကို သြားခ်ိန္းေတြ႕တယ္လို႔ေျပာလို႔ရတာပဲေလ"
မ်န္မ်န္တစ္ေယာက္ ေျပာခ်င္တာေျပာၿပီးအိမ္ေပၚ တက္သြားေတာ့မွ တစ္ခ်ိန္လုံးတိတ္ေနတဲ့ ေဘးကေကာက္စိန္ေလးကိုေခ်ာ့ရေပသည္။
"က်န္႔က်န္႔ စိတ္မဆိုးပါနဲ႔ ကိုယ္ေတာင္းပန္တယ္ေနာ္။ ေနာက္အဲ့လိုမရယ္ေတာ့ဘူးေလေနာ္"
"......"
စကားျပန္မေျပာဘဲ ထထြက္သြားတဲ့ေ႐ွာင္းက်န္႔ေနာက္ကို ဝမ္ရိေပၚတေကာက္ေကာက္လိုက္ကာ ေခ်ာ့ရေတာ့သည္။
_________________________