{Uni}
"ရိပေါ် "
ရှောင်းကျန့် ကအသံတိုးတိုးဖြင့်ပြောလိုက်တာကြောင့် သူ့ဘေးကအုယောင်သာကြားသည်။
"ဆရာရှောင်းရဲ့သူငယ်ချင်း ရိပေါ်ဆိုတာ အဲ့ ကောလား"
"အင်း"
"သူ့ဘေးက ကျဲကရော"
"သူ့တော့မသိဘူး"
"အဲဒါဆိုလည်း လာလေဗျာ။ သွားနှုတ်ဆက်ကြမယ်"
အုယောင်က သူ့ကိုဆွဲခေါ်သွားပြန်သည်။ ဒီကလေး သူ့ကိုခနခနဆွဲခေါ်နေတာတော်တော်အားသန်တာပင်။
"သူကြီး"
"အော်..သားတို့တောင် ပြန်လာပြီ"
သူကြီးက ထိုသို့ပြောတော့ ရိပေါ်မားက
ရှောင်းကျန့်ကိုမြင်ပြီး အံ့သြတကြီးနှင့်ပြန်ပြော
သည်။
"ဟယ်...အဲ့တာ ကျန့်ကျန့်လေးလား။ ငယ်ငယ်တုန်းက အတိုင်းဘာမှမပြောင်းလဲဘူးနော်။ ပိုတောင်ချစ်ဖို့ကောင်းလာတယ်"
"မြှောက်လွန်းနေပါပြီ ဝမ်ကတော်ရေ။ ကျွန်တော့်သားကတော့ အပေါ်ပျံတက်တော့မယ်ထင်တယ်"
"ကျွန်တော့်မိန်းမကလည်း တကယ်ချစ်ဖို့ကောင်းလာလို့ချစ်ဖို့ကောင်းတယ်ပြောတာပါဗျာ"
ဝမ်သခင်ကြီးကပါသူ့မိန်းဘက်မှ ထိုသို့ ထောက်ခံလာသည်။
"ဟုတ်ပါပြီဗျာ"
လူကြီးတွေကစကားပြောနေပေမယ့် ရှောင်းကျန့်တို့ကအသံတိတ်နေကြသည်ကြောင့် ဝမ်ကတော်ကဝင်ပြောသည်။
"သားတို့လည်းစကားလေးဘာလေးပြောကြလေ"
"ဟုတ်"
ဒါဝမ်ရိပေါ်ဆီမှထွက်လာသည့်စကားသံဖြစ်သည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြသည်။ သို့သော် ဝမ်ရိပေါ်သည်ဘေးတွင်ထိုင်နေသူအားမိတ်ဆက်ပေးရန်သတိရသွားသည်ထင်။
"ကျန့် ဒါငါ့သူငယ်ချင်းမျန်မျန်တဲ့"
"တွေ့ရတာ ဝမ်းသာပါတယ်ဗျ"
"......"
ရှောင်းကျန့်ကနှုတ်ဆက်လိုက်တော့ အသံပြန်မလာဘဲ သူ့ကိုစိုက်ကြည့်နေသည့် ထိုမိန်းကလေး။ ရှောင်းကျန့် စိတ်ထင်တာလားတော့မသိပေမယ့် သူ့ကိုကြည့်နေသည့် ထိုမျန်မျန်ဆိုသည့်ကောင်မလေးကသွားရည်တွေတောင်ကျနေသလားလို့။
ဝမ်ရိပေါ် မျန်မျန်ကိုခုံအောက်ကနေသူ့ခြေထောက်နှင့်တက်နင်းတော့မှ မျန်မျန်ကသတိပြန်ဝင်လာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ဟိဟိ ချစ်..ချစ်စရာလေးနော်"
"ဗျာ"
"အော်...ဟို..ချောတယ်နော်လို့ပြောတာ"
"ကျေးဇူးပါ"
"လက်ဆွဲနှုတ်ဆက်လို့ရမလား"
ထိုကောင်မလေးက ရှောင်းကျန့်ကိုလက်ကမ်းပေးလာတော့ ရှောင်းကျန့်လည်း လူမှုရေးကရှိသေးသည်မို့ပြန်နှုတ်ဆက်ရန်လက်ရှေ့တိုးတော့မျန်မျန့်လက်ကိုဖြတ်ရိုက်ကာ သူ့လက်ကိုလာကိုင်သည့်ဝမ်ရိပေါ်။
"မင်းလက်ဖမိုးတွေ မဲနေတယ်။ နေလောင်ထားတာလား"
"အင်း...ခုနက ပဲကောက်လာလို့"
"အော်...ဂရုစိုက်လေ"
"ရပါတယ်။ ငါသိပ်မပင်ပန်းဘူး အုယောင်က ငါ့ကို အများကြီးကူညီပေးလို့"
"အုယောင်..."
ဝမ်ရိပေါ် မြို့ပေါ်ပြောင်းသွားချိန်တုန်းက အုယောင်တို့သားအဖ မရောက်သေးသည်မို့ မသိခြင်းဖြစ်သည်။ ရှောင်းကျန့် မိခင်ဆုံးပြီးတစ်ပတ်လောက်နေတော့ ပြောင်းသွားတာဖြစ်ပြီး ယအုယောင်တို့ကဝမ်ရိပေါ်တို့ မြို့ပေါ်ပြောင်းပြီးမှရောက်လာခြင်းဖြစ်သည်။
ဦးမယောင်ဝမိရိပေါ်ကိုသိနေခြင်းကလည်း သူကြီးပြောပြထားတာကြောင့်ပင်။
"မိတ်ဆက်ပေးမယ် သူ့နာမည်က
အုယောင်။ ငါတို့ထက် ၈နှစ်လောက်ငယ်တယ်"
"မင်္ဂလာပါ ကောနဲ့ကျဲ"
"အင်း"
"ဟယ် မောင်လေးလည်း ချောတယ်နော်"
ဝမ်ရိပေါ် မနိုင်ဘူးဆိုသည့်ပုံစံနှင့်ခေါင်းရမ်းလိုက်သည်။
"ကိုယ်တို့ လမ်းလျှောက်ထွက်ကြမယ်လေ
ကျန့်"
"အင်း လျှောက်မယ်လေ"
ဝမ်ရိပေါ်ပြောသည်ကို ရှောင်းကျန့်ကခွင့်ပြုတာမို့ ဝမ်ရိပေါ်ထလိုက်တော့ မျန်မျန်ကသူ့ကိုမော့ကြည့်ကာပြောသည်။
"ငါလည်း လိုက်မယ်လေ"
"မလိုက်နဲ့!"
ထိုသို့သာ တစ်ခွန်းတည်းပြောပြီးထွက်သွားတော့ ရှောင်းကျန့်မှာအမှီလိုက်ရတော့သည်။
//////
လမ်းလျှောက်မယ်ဆိုပြီး ရွာပြင်ထိထွက်လာသညွ့ သူတို့နှစ်ယောက်က စကားလည်းမပြောမိကြပေ။ ရွာပြင်ကဝါးတောနားရောက်မှဝမ်ရိပေါ်က စပြောသည်။
"ကျန့်ကျန့်"
"ဟင်"
"စဥ်းစားပြီးပြီလား"
"...."
"၃နှစ်တောင် ရှိပြီလေကွာ ခုထိစဥ်းစားလို့ မဝသေးဘူးလား"
ဝန်ရိပေါ်ပြောနေသည့်အကြောင်းကတော့ လွန်ခဲ့တဲ့၃နှစ်က သူတို့မိသားစုမြို့ပေါ်မပြောင်းမီ
ရှောင်းကျန့်ကို ရည်းစားစကားပြောသွားသည်ကို အဖြေတောင်းနေခြင်းဖြစ်သည်။
ရည်းစားစကားပြောတုန်းက ပြောသွားပြီး နောက်တစ်ပတ်လောက်နေတော့ မြို့ပေါ်ပြောင်းတော့မယ်ဆိုပြီး လာပြောတဲ့ ဝမ်ရိပေါ်သည်သူပြန်လာမည်နှင့် သူလိုချင်သည့်အဖြေကိုစဥ်းစားပေးရန်ပြောသွားသည်။
၁၉နှစ်အရွယ်ရင်ခုန်ခါစမို့ ထိုအရွယ်တုန်းက စိတ်ကစားသည်ထင်ခဲ့ပေမယ့် မတွေ့ရသည့်
အတောအတွင်းမှာ အချစ်မှန်းသိလာသည့် ရှောင်းကျန့်က ယခုချက်ချင်းအဖြေပေးချင်ပေမယ့် ၃နှစ်လုံးအဆက်အသွယ်မလုပ်သည့်ဝမ်ရိပေါ်ကို ရှောင်ကျန့်နှိပ်စက်ချင်သေးသည်။
"အင်း...စဥ်းစားနေတုန်းပဲ"
"အင်းပါ ကိုယ်စောင့်ပါ့မယ်။ ဒါမယ့်ဒီတစ်ခါတော့ ကျန့်ကျန့်ဆီကအဖြေရပြီးမှပြန်မယ်။
ကျန့်ကျန့်ကိုပါ ကိုယ်နဲ့အတူခေါ်သွားမယ်"
"အဖြေပေးတာနဲ့ လူပါတစ်ခါတည်း သိမ်းမယ်လို့ပြောချင်တာလား ရိပေါ် "
"အင်း...အဲ့လို သဘောမျိုးပဲ"
ရှောင်းကျန့်က မျက်စောင်းထိုးတော့ ရိပေါ် ရှောင်းကျန့်ကိုလှမ်းဆွဲကာ ခါးကနေဆွဲကပ်ပြီး
ရှောင်းကျန့်မျက်နှာလေးကိုကြည့်နေသည်။
"မားပြောသလို ကျန့်ကတကယ်ပိုပြီးချစ်ဖို့ကောင်းလာတယ်"
ပြောကာ ပါးကိုနမ်းမလို့လုပ်နေသည့်ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်အတင်းရုန်းတော့လွတ်သွားသည်။
"အဖြေမပေးရသေးဘူးနော် အသားလာမယူနဲ့"
"ကျန့်ကျန့်ကလည်းကွာ အရင်ကလည်း ပါးနမ်းနေကျပဲကို..."
"မတူတော့ဘူးလေ။ အဲ့တုန်းကတော့ ကလေးအရွယ်မို့ရတာ။ အခုဟာက ကလေးမှမဟုတ်တော့တာ။ ဘာဖြစ်ဖြစ် မရဘူးဆိုမရဘူးဘဲ"
"အင်းပါ"
"ဒါနဲ့ ခုနက မိတ်ဆက်ပေးတဲ့ မျန်မျန်ကဘယ်သူလဲ။ ဘယ်တုန်းက ဘယ်လိုစသိတာလဲ"
"သဝန်တိုတာလား"
"တိုစရာလား မပြောချင်လဲနေ။ အတင်း မမေးဘူး"
"ပြောမယ် ပြောမယ်။ သူက ကိုယ်မြို့ရောက်တော့ ကျောင်းမှာ ပထမဆုံး ခင်မိတဲ့ သူငယ်ချင်းပါ။ တစ်ခုပြောထားမယ်နော် သူ့ကို ရင်းရင်းနှီးနှီးသွားမနေနဲ့။ သူက နှာဘူးမ။ ခုနကလည်း ကျန့်ကို ကြည့်နေတဲ့ အကြည့်တွေကိုမြင်တယ်မလား"
"အင်း"
"အဲ့တာကြောင့် သူ့ကိုသတိထား သူက ဘာလာလာ အကုန်ဒေါင်းတယ်။ မိန်းကလေးပေမယ့်
စားစော်ကြီး။ အခုရွာလာတာတောင် ကိုယ်ကခေါ်ချင်တာမဟုတ်ဘူး။ သူက မားတို့ကို အတင်းကပ်ပြောပြီး လိုက်လာတာ"
"မင်း အဲ့မိန်းကလေးနဲ့ဘာလို့ပေါင်းနေသေးလဲ"
"သူ့က ကိုယ့်ကိုတော့ မဗူးဘူးလေ"
"မဖြစ်နိုင်တာ"
"သေချာပါတယ် ကိုယ့်ကို သူဗူးမှာသဝန်တိုနေတာမလား"
"သေလေတိုစရာလား။ အဲ့လောက်တိုချင်နေရင် တစ်ယောက်ထဲ ထိုင်တိုနေလိုက် ငါသွားပြီ"
ရှက်ရမ်းရမ်းပြီး ရန်တွေ့ကာ ထွက်သွားသည့်
ရှောင်းကျန့်ကို ဝမ်ရိပေါ် ပြေးလိုက်တော့
ရှောင်းကျန့်ကပါ သူလိုက်၍မမှီအောင်ပြေးတော့သည်။
___________________________
{ZAWGYI}
"ရိေပၚ "
ေ႐ွာင္းက်န္႔ ကအသံတိုးတိုးျဖင့္ေျပာလိုက္တာေၾကာင့္ သူ႕ေဘးကအုေယာင္သာၾကားသည္။
"ဆရာေ႐ွာင္းရဲ႕သူငယ္ခ်င္း ရိေပၚဆိုတာ အဲ့ ေကာလား"
"အင္း"
"သူ႕ေဘးက က်ဲကေရာ"
"သူ႕ေတာ့မသိဘူး"
"အဲဒါဆိုလည္း လာေလဗ်ာ။ သြားႏႈတ္ဆက္ၾကမယ္"
အုေယာင္က သူ႕ကိုဆြဲေခၚသြားျပန္သည္။ ဒီကေလး သူ႕ကိုခနခနဆြဲေခၚေနတာေတာ္ေတာ္အားသန္တာပင္။
"သူႀကီး"
"ေအာ္..သားတို႔ေတာင္ ျပန္လာၿပီ"
သူႀကီးက ထိုသို႔ေျပာေတာ့ ရိေပၚမားက
ေ႐ွာင္းက်န္႔ကိုျမင္ၿပီး အံ့ၾသတႀကီးႏွင့္ျပန္ေျပာ
သည္။
"ဟယ္...အဲ့တာ က်န္႔က်န္႔ေလးလား။ ငယ္ငယ္တုန္းက အတိုင္းဘာမွမေျပာင္းလဲဘူးေနာ္။ ပိုေတာင္ခ်စ္ဖို႔ေကာင္းလာတယ္"
"ေျမႇာက္လြန္းေနပါၿပီ ဝမ္ကေတာ္ေရ။ ကြၽန္ေတာ္႕သားကေတာ့ အေပၚပ်ံတက္ေတာ့မယ္ထင္တယ္"
"ကြၽန္ေတာ္႕မိန္းမကလည္း တကယ္ခ်စ္ဖို႔ေကာင္းလာလို႔ခ်စ္ဖို႔ေကာင္းတယ္ေျပာတာပါဗ်ာ"
ဝမ္သခင္ႀကီးကပါသူ႕မိန္းဘက္မွ ထိုသို႔ ေထာက္ခံလာသည္။
"ဟုတ္ပါၿပီဗ်ာ"
လူႀကီးေတြကစကားေျပာေနေပမယ့္ ေ႐ွာင္းက်န္႔တို႔ကအသံတိတ္ေနၾကသည္ေၾကာင့္ ဝမ္ကေတာ္ကဝင္ေျပာသည္။
"သားတို႔လည္းစကားေလးဘာေလးေျပာၾကေလ"
"ဟုတ္"
ဒါဝမ္ရိေပၚဆီမွထြက္လာသည့္စကားသံျဖစ္သည္။ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနၾကသည္။ သို႔ေသာ္ ဝမ္ရိေပၚသည္ေဘးတြင္ထိုင္ေနသူအားမိတ္ဆက္ေပးရန္သတိရသြားသည္ထင္။
"က်န္႔ ဒါငါ့သူငယ္ခ်င္းမ်န္မ်န္တဲ့"
"ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်"
"......"
ေ႐ွာင္းက်န္႔ကႏႈတ္ဆက္လိုက္ေတာ့ အသံျပန္မလာဘဲ သူ႕ကိုစိုက္ၾကည့္ေနသည့္ ထိုမိန္းကေလး။ ေ႐ွာင္းက်န္႔ စိတ္ထင္တာလားေတာ့မသိေပမယ့္ သူ႕ကိုၾကည့္ေနသည့္ ထိုမ်န္မ်န္ဆိုသည့္ေကာင္မေလးကသြားရည္ေတြေတာင္က်ေနသလားလို႔။
ဝမ္ရိေပၚ မ်န္မ်န္ကိုခုံေအာက္ကေနသူ႕ေျခေထာက္ႏွင့္တက္နင္းေတာ့မွ မ်န္မ်န္ကသတိျပန္ဝင္လာသည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္။ ဟိဟိ ခ်စ္..ခ်စ္စရာေလးေနာ္"
"ဗ်ာ"
"ေအာ္...ဟို..ေခ်ာတယ္ေနာ္လို႔ေျပာတာ"
"ေက်းဇူးပါ"
"လက္ဆြဲႏႈတ္ဆက္လို႔ရမလား"
ထိုေကာင္မေလးက ေ႐ွာင္းက်န္႔ကိုလက္ကမ္းေပးလာေတာ့ ေ႐ွာင္းက်န္႔လည္း လူမႈေရးက႐ွိေသးသည္မို႔ျပန္ႏႈတ္ဆက္ရန္လက္ေ႐ွ႕တိုးေတာ့မ်န္မ်န္႔လက္ကိုျဖတ္႐ိုက္ကာ သူ႕လက္ကိုလာကိုင္သည့္ဝမ္ရိေပၚ။
"မင္းလက္ဖမိုးေတြ မဲေနတယ္။ ေနေလာင္ထားတာလား"
"အင္း...ခုနက ပဲေကာက္လာလို႔"
"ေအာ္...ဂ႐ုစိုက္ေလ"
"ရပါတယ္။ ငါသိပ္မပင္ပန္းဘူး အုေယာင္က ငါ့ကို အမ်ားႀကီးကူညီေပးလို႔"
"အုေယာင္..."
ဝမ္ရိေပၚ ၿမိဳ႕ေပၚေျပာင္းသြားခ်ိန္တုန္းက အုေယာင္တို႔သားအဖ မေရာက္ေသးသည္မို႔ မသိျခင္းျဖစ္သည္။ ေ႐ွာင္းက်န္႔ မိခင္ဆုံးၿပီးတစ္ပတ္ေလာက္ေနေတာ့ ေျပာင္းသြားတာျဖစ္ၿပီး ယအုေယာင္တို႔ကဝမ္ရိေပၚတို႔ ၿမိဳ႕ေပၚေျပာင္းၿပီးမွေရာက္လာျခင္းျဖစ္သည္။
ဦးမေယာင္ဝမိရိေပၚကိုသိေနျခင္းကလည္း သူႀကီးေျပာျပထားတာေၾကာင့္ပင္။
"မိတ္ဆက္ေပးမယ္ သူ႕နာမည္က
အုေယာင္။ ငါတို႔ထက္ ၈ႏွစ္ေလာက္ငယ္တယ္"
"မဂၤလာပါ ေကာနဲ႔က်ဲ"
"အင္း"
"ဟယ္ ေမာင္ေလးလည္း ေခ်ာတယ္ေနာ္"
ဝမ္ရိေပၚ မႏိုင္ဘူးဆိုသည့္ပုံစံႏွင့္ေခါင္းရမ္းလိုက္သည္။
"ကိုယ္တို႔ လမ္းေလွ်ာက္ထြက္ၾကမယ္ေလ
က်န္႔"
"အင္း ေလွ်ာက္မယ္ေလ"
ဝမ္ရိေပၚေျပာသည္ကို ေ႐ွာင္းက်န္႔ကခြင့္ျပဳတာမို႔ ဝမ္ရိေပၚထလိုက္ေတာ့ မ်န္မ်န္ကသူ႕ကိုေမာ့ၾကည့္ကာေျပာသည္။
"ငါလည္း လိုက္မယ္ေလ"
"မလိုက္နဲ႔!"
ထိုသို႔သာ တစ္ခြန္းတည္းေျပာၿပီးထြက္သြားေတာ့ ေ႐ွာင္းက်န္႔မွာအမွီလိုက္ရေတာ့သည္။
//////
လမ္းေလွ်ာက္မယ္ဆိုၿပီး ႐ြာျပင္ထိထြက္လာသၫြ႕ သူတို႔ႏွစ္ေယာက္က စကားလည္းမေျပာမိၾကေပ။ ႐ြာျပင္ကဝါးေတာနားေရာက္မွဝမ္ရိေပၚက စေျပာသည္။
"က်န္႔က်န္႔"
"ဟင္"
"စဥ္းစားၿပီးၿပီလား"
"...."
"၃ႏွစ္ေတာင္ ႐ွိၿပီေလကြာ ခုထိစဥ္းစားလို႔ မဝေသးဘူးလား"
ဝန္ရိေပၚေျပာေနသည့္အေၾကာင္းကေတာ့ လြန္ခဲ့တဲ့၃ႏွစ္က သူတို႔မိသားစုၿမိဳ႕ေပၚမေျပာင္းမီ
ေ႐ွာင္းက်န္႔ကို ရည္းစားစကားေျပာသြားသည္ကို အေျဖေတာင္းေနျခင္းျဖစ္သည္။
ရည္းစားစကားေျပာတုန္းက ေျပာသြားၿပီး ေနာက္တစ္ပတ္ေလာက္ေနေတာ့ ၿမိဳ႕ေပၚေျပာင္းေတာ့မယ္ဆိုၿပီး လာေျပာတဲ့ ဝမ္ရိေပၚသည္သူျပန္လာမည္ႏွင့္ သူလိုခ်င္သည့္အေျဖကိုစဥ္းစားေပးရန္ေျပာသြားသည္။
၁၉ႏွစ္အ႐ြယ္ရင္ခုန္ခါစမို႔ ထိုအ႐ြယ္တုန္းက စိတ္ကစားသည္ထင္ခဲ့ေပမယ့္ မေတြ႕ရသည့္
အေတာအတြင္းမွာ အခ်စ္မွန္းသိလာသည့္ ေ႐ွာင္းက်န္႔က ယခုခ်က္ခ်င္းအေျဖေပးခ်င္ေပမယ့္ ၃ႏွစ္လုံးအဆက္အသြယ္မလုပ္သည့္ဝမ္ရိေပၚကို ေ႐ွာင္က်န္႔ႏွိပ္စက္ခ်င္ေသးသည္။
"အင္း...စဥ္းစားေနတုန္းပဲ"
"အင္းပါ ကိုယ္ေစာင့္ပါ့မယ္။ ဒါမယ့္ဒီတစ္ခါေတာ့ က်န္႔က်န္႔ဆီကအေျဖရၿပီးမွျပန္မယ္။
က်န္႔က်န္႔ကိုပါ ကိုယ္နဲ႔အတူေခၚသြားမယ္"
"အေျဖေပးတာနဲ႔ လူပါတစ္ခါတည္း သိမ္းမယ္လို႔ေျပာခ်င္တာလား ရိေပၚ "
"အင္း...အဲ့လို သေဘာမ်ိဳးပဲ"
ေ႐ွာင္းက်န္႔က မ်က္ေစာင္းထိုးေတာ့ ရိေပၚ ေ႐ွာင္းက်န္႔ကိုလွမ္းဆြဲကာ ခါးကေနဆြဲကပ္ၿပီး
ေ႐ွာင္းက်န္႔မ်က္ႏွာေလးကိုၾကည့္ေနသည္။
"မားေျပာသလို က်န္႔ကတကယ္ပိုၿပီးခ်စ္ဖို႔ေကာင္းလာတယ္"
ေျပာကာ ပါးကိုနမ္းမလို႔လုပ္ေနသည့္ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔အတင္း႐ုန္းေတာ့လြတ္သြားသည္။
"အေျဖမေပးရေသးဘူးေနာ္ အသားလာမယူနဲ႔"
"က်န္႔က်န္႔ကလည္းကြာ အရင္ကလည္း ပါးနမ္းေနက်ပဲကို..."
"မတူေတာ့ဘူးေလ။ အဲ့တုန္းကေတာ့ ကေလးအ႐ြယ္မို႔ရတာ။ အခုဟာက ကေလးမွမဟုတ္ေတာ့တာ။ ဘာျဖစ္ျဖစ္ မရဘူးဆိုမရဘူးဘဲ"
"အင္းပါ"
"ဒါနဲ႔ ခုနက မိတ္ဆက္ေပးတဲ့ မ်န္မ်န္ကဘယ္သူလဲ။ ဘယ္တုန္းက ဘယ္လိုစသိတာလဲ"
"သဝန္တိုတာလား"
"တိုစရာလား မေျပာခ်င္လဲေန။ အတင္း မေမးဘူး"
"ေျပာမယ္ ေျပာမယ္။ သူက ကိုယ္ၿမိဳ႕ေရာက္ေတာ့ ေက်ာင္းမွာ ပထမဆုံး ခင္မိတဲ့ သူငယ္ခ်င္းပါ။ တစ္ခုေျပာထားမယ္ေနာ္ သူ႕ကို ရင္းရင္းႏွီးႏွီးသြားမေနနဲ႔။ သူက ႏွာဘူးမ။ ခုနကလည္း က်န္႔ကို ၾကည့္ေနတဲ့ အၾကည့္ေတြကိုျမင္တယ္မလား"
"အင္း"
"အဲ့တာေၾကာင့္ သူ႕ကိုသတိထား သူက ဘာလာလာ အကုန္ေဒါင္းတယ္။ မိန္းကေလးေပမယ့္
စားေစာ္ႀကီး။ အခု႐ြာလာတာေတာင္ ကိုယ္ကေခၚခ်င္တာမဟုတ္ဘူး။ သူက မားတို႔ကို အတင္းကပ္ေျပာၿပီး လိုက္လာတာ"
"မင္း အဲ့မိန္းကေလးနဲ႔ဘာလို႔ေပါင္းေနေသးလဲ"
"သူ႕က ကိုယ့္ကိုေတာ့ မဗူးဘူးေလ"
"မျဖစ္ႏိုင္တာ"
"ေသခ်ာပါတယ္ ကိုယ့္ကို သူဗူးမွာသဝန္တိုေနတာမလား"
"ေသေလတိုစရာလား။ အဲ့ေလာက္တိုခ်င္ေနရင္ တစ္ေယာက္ထဲ ထိုင္တိုေနလိုက္ ငါသြားၿပီ"
႐ွက္ရမ္းရမ္းၿပီး ရန္ေတြ႕ကာ ထြက္သြားသည့္
ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚ ေျပးလိုက္ေတာ့
ေ႐ွာင္းက်န္႔ကပါ သူလိုက္၍မမွီေအာင္ေျပးေတာ့သည္။
___________________________