{Uni}
ဥကြီးကြီးဥ...
မနက် ၆နာရီ ကြက်တွန်သံကြားသည်နှင့်
ရှောင်းကျန့်တို့ နိုး..နိုး...
"ဆရာရှောင်းရေ!!!.....ထပါတော့ဗျာ!!!"
[Restart]
မနက်၆နာရီထိုးသည်နှင့် ကြက်ဖကတွန်ပေမယ့်
ကြက်ဖသာ တွန်ရလွန်းလို့ဖင်ပြဲ၍သေရင်သေမည်။ ရှောင်းကျန့်တို့ကတော့ ဖြုံကိုမဖြုံပေ။
အိပ်နေတုန်းဆင်တက်နင်းလျှင်တောင် သိမည်မဟုတ်သလို ဖင်ထဲကြွက်ဝင်လျှင်လည်းသိမည်မဟုတ်။ ထိုကဲ့သို့ကုလားသေကုလားမောအိပ်နေသည့် ရှောင်းကျန့်ပင်။
ကြက်ဖရောအုယောင်ပါ မအော်နိုင်တော့ပေ။ ကြက်ဖကတော့ လက်လျော့ကာဖင်ခါပြီးထွက်သွားသော်လည်း အုယောင်ကတော့ဖင်မခါနိုင်။ ဒီကနေ့ သူကြီးကသူ့ကိုလယ်ထဲ
ပဲသွားကောက်လျှင် ရှောင်းကျန့်ကိုပါခေါ်သွားဖို့မှာထားသည်။
"ဆရာရှောင်း ဆရာရှောင်းရေ!!"
ခြေကားယားလက်ကားယားနှင့် သွားရည်တွေကရေတံခွန်လိုစီးကျနေပြီးပါးစပ်ကြီးဟကာအိပ်နေသည် ရှောင်းကျန့်သည်sleeping beauty လိုလို။
"ဆရာရှောင်း!!!!"
"အမ်! ဟမ်! အိမ်မီးလောင်လို့လား"
အုယောင်က နားနားကပ်ကာဖင်ကုန်းအော်မှ
ဂယောင်ခြောက်ခြားနှင့်နိုးလာသည့်ရှောင်းကျန့်၏ချောမောမှုသည် လယ်ထဲကစာခြောက်ရုပ်လိုလို။
"ဘယ်အိမ်မှမီးမလောင်ဘူး။ သူကြီးကဒီနေ့ ကျွန်တော်တို့နှစ်ယောက်ကိုပဲသွားကောက်ဖို့မှာထားလို့ ဆရာရှောင်းလိုက်ခဲ့ရမယ်"
"မသိဘူးကွာ။ ငါအိပ်ချင်သေးတယ်"
ပြောကာစောင်ပြန်ခြုံပြီးအိပ်ဖို့ပြင်နေသည့်ရှောင်းကျန့်ကိုအုယောင်ကအတင်းဆွဲထူသည်။
"ဆရာရှောင်းရယ် ကျွန်တော့်ကိုအကြပ်ရိုက်အောင်မလုပ်ပါနဲ့ထပါဗျာ"
"ပြီးရော ပြီးရော။ ဘာမှန်းမသိဘူးသူများအိပ်နေတာကို ရှီးဗားလ်!!"
"ဘာလဲဗျ ရှီးဗားလ်က"
"မင်းသိဖို့မလိုဘူး။ ဖယ်! မျက်နှာသစ်ဦးမယ်"
အုယောင်ကို တွန်းတိုက်ပြီးဆူပုတ်ပုတ်နှင့်ထွက်သွားတော့ အိမ်ရှေ့မှာဦးမယောင်နှင့်တွေ့တာ
ကြောင့် "ပါးဘယ်သွားလဲ"မေးတော့ အလှူအတွက်ဝယ်ချမ်းဖို့ချက်ပြုတ်ဖို့ ရွာထဲက အပျိုကြီးသခေါမတို့အိမ်သွားသည်တဲ့။
ရှောင်းကျန့်လည်း မျက်နှာသစ်ရင်းဝမ်ရိပေါ်အားမကျေမနပ်နှင့် ကျိန်ဆဲလိုက်သည်။
"ရှီးဗားလ်!! ဝမ်ရိပေါ် ခွေးတတောင်းဇား။
သူအလှူလုပ်မှာကိုကိုယ်တိုင်မလာဘဲ ငါ့ပါးကို
ခိုင်းစားတယ်"
ရှောင်းကျန့်မျက်နှာသစ်ပြီး မနက်စာစားကာ
အုယောင်နှင့်အတူ ပဲသွားကောက်ရသည်။
"ရှောင်းကျန့်ရာ မင်းဘဝက သူကြီးသားဆိုပြီးလည်းသက်သာတယ်ကိုမရှိဘူး"
သူကဲလို့သူကြီးလျော်ရပေါင်းများပြီး သူကြီးမွဲမလိုဖြစ်နေတာတော့ထည့်မပြောခဲ့။
"ဆရာရှောင်းရေနေပူလာပြီဗျ။ အရိပ်မှာခနသွားနားရင်နားပါလား။ မဟုတ်ရင် ဆရာရှောင်း အသားကနုနုလေးတွေရယ်။ နေလောင်သွားရင် ဒုက္ခပဲ"
တကယ်လည်းရှောင်းကျန့်ကအသက်၂၂နှစ်နှင့်
မလိုက်အောင် အသားအရည်ကကောင်းသည့်အပြင် ရုပ်လေးကလည်းနုဖက်နေတော့
စော်ကြည်သင့်ပေမယ့် သူ့ရဲ့အမွှေစိန် ဂုဏ်ပုဒ်ကြောင့် မည်သူကမှပေါ်တင်အနားမကပ်ရဲပေ။
"အင်း အင်း။ အဲ့တာဆိုလည်း ငါနည်းနည်းတော့ ရေသာခိုလိုက်ဦးမယ် အုယောင်ရေ"
"ရပါတယ် ဆရာရှောင်းရယ်"
ရှောင်းကျန့်လည်းအရိပ်ထဲသွားကာ ခမောက်တစ်လုံးနဲ့ပဲကောက်နေသည့်အုယောင်ကိုကြည့်နေလိုက်သည်။ ထိုကလေးသည်အလုပ်အရမ်းကြိုးစားသည်။ အခုဆိုလည်း သူ့အားနေလောင်တောင်မခံတဲ့ထိုကလေးက သူ့ကိုနားခိုင်းပြီး သူကတော့အလုပ်လုပ်နေသည်။ အသက်အရွယ်နဲ့မလိုက်အောင်လည်း ရှောင်းကျန့်ထက်ရင့်ကျက်သည်။
"မင်းလိုပဲ ဂရုစိုက်တတ်တဲ့သူလေး ငါ့မှာ
ရှိနေပြီ ရိပေါ်"
ရှောင်းကျန့်တို့ပဲကောက်ပြီးပြန်လာတော့အိမ်ရှေ့တွင် ကားအကောင်းစားကြီး နှစ်စီးရပ်ထားတာတွေ့သည်။
"ဆရာရှောင်းရေ မြို့က ဧည့်သည်တွေလာတယ်ထင်တယ်"
"အင်း ဟုတ်လောက်မယ်"
အုယောင်က ဦးဆောင်ကာခြေလှမ်းသွက်သွက်နဲ့ဝင်သွားသည်။ ရှောင်းကျန့်လည်း အုယောင်နောက်က လိုက်သွားလိုက်သည်။
ခြံထဲရောက်တော့ တွေ့လိုက်ရသည်က..
________________________
{ZAWGYI}
ဥႀကီးႀကီးဥ...
မနက္ ၆နာရီ ၾကက္တြန္သံၾကားသည္ႏွင့္
ေ႐ွာင္းက်န္႔တို႔ ႏိုး..ႏိုး...
"ဆရာေ႐ွာင္းေရ!!!.....ထပါေတာ့ဗ်ာ!!!"
[Restart]
မနက္၆နာရီထိုးသည္ႏွင့္ ၾကက္ဖကတြန္ေပမယ့္
ၾကက္ဖသာ တြန္ရလြန္းလို႔ဖင္ၿပဲ၍ေသရင္ေသမည္။ ေ႐ွာင္းက်န္႔တို႔ကေတာ့ ျဖဳံကိုမျဖဳံေပ။
အိပ္ေနတုန္းဆင္တက္နင္းလွ်င္ေတာင္ သိမည္မဟုတ္သလို ဖင္ထဲႂကြက္ဝင္လွ်င္လည္းသိမည္မဟုတ္။ ထိုကဲ့သို႔ကုလားေသကုလားေမာအိပ္ေနသည့္ ေ႐ွာင္းက်န္႔ပင္။
ၾကက္ဖေရာအုေယာင္ပါ မေအာ္ႏိုင္ေတာ့ေပ။ ၾကက္ဖကေတာ့ လက္ေလ်ာ့ကာဖင္ခါၿပီးထြက္သြားေသာ္လည္း အုေယာင္ကေတာ့ဖင္မခါႏိုင္။ ဒီကေန႔ သူႀကီးကသူ႕ကိုလယ္ထဲ
ပဲသြားေကာက္လွ်င္ ေ႐ွာင္းက်န္႔ကိုပါေခၚသြားဖို႔မွာထားသည္။
"ဆရာေ႐ွာင္း ဆရာေ႐ွာင္းေရ!!"
ေျခကားယားလက္ကားယားႏွင့္ သြားရည္ေတြကေရတံခြန္လိုစီးက်ေနၿပီးပါးစပ္ႀကီးဟကာအိပ္ေနသည္ ေ႐ွာင္းက်န္႔သည္sleeping beauty လိုလို။
"ဆရာေ႐ွာင္း!!!!"
"အမ္! ဟမ္! အိမ္မီးေလာင္လို႔လား"
အုေယာင္က နားနားကပ္ကာဖင္ကုန္းေအာ္မွ
ဂေယာင္ေျခာက္ျခားႏွင့္ႏိုးလာသည့္ေ႐ွာင္းက်န္႔၏ေခ်ာေမာမႈသည္ လယ္ထဲကစာေျခာက္႐ုပ္လိုလို။
"ဘယ္အိမ္မွမီးမေလာင္ဘူး။ သူႀကီးကဒီေန႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုပဲသြားေကာက္ဖို႔မွာထားလို႔ ဆရာေ႐ွာင္းလိုက္ခဲ့ရမယ္"
"မသိဘူးကြာ။ ငါအိပ္ခ်င္ေသးတယ္"
ေျပာကာေစာင္ျပန္ျခဳံၿပီးအိပ္ဖို႔ျပင္ေနသည့္ေ႐ွာင္းက်န္႔ကိုအုေယာင္ကအတင္းဆြဲထူသည္။
"ဆရာေ႐ွာင္းရယ္ ကြၽန္ေတာ္႕ကိုအၾကပ္႐ိုက္ေအာင္မလုပ္ပါနဲ႔ထပါဗ်ာ"
"ၿပီးေရာ ၿပီးေရာ။ ဘာမွန္းမသိဘူးသူမ်ားအိပ္ေနတာကို ႐ွီးဗားလ္!!"
"ဘာလဲဗ် ႐ွီးဗားလ္က"
"မင္းသိဖို႔မလိုဘူး။ ဖယ္! မ်က္ႏွာသစ္ဦးမယ္"
အုေယာင္ကို တြန္းတိုက္ၿပီးဆူပုတ္ပုတ္ႏွင့္ထြက္သြားေတာ့ အိမ္ေ႐ွ႕မွာဦးမေယာင္ႏွင့္ေတြ႕တာ
ေၾကာင့္ "ပါးဘယ္သြားလဲ"ေမးေတာ့ အလႉအတြက္ဝယ္ခ်မ္းဖို႔ခ်က္ျပဳတ္ဖို႔ ႐ြာထဲက အပ်ိဳႀကီးသေခါမတို႔အိမ္သြားသည္တဲ့။
ေ႐ွာင္းက်န္႔လည္း မ်က္ႏွာသစ္ရင္းဝမ္ရိေပၚအားမေက်မနပ္ႏွင့္ က်ိန္ဆဲလိုက္သည္။
"႐ွီးဗားလ္!! ဝမ္ရိေပၚ ေခြးတေတာင္းဇား။
သူအလႉလုပ္မွာကိုကိုယ္တိုင္မလာဘဲ ငါ့ပါးကို
ခိုင္းစားတယ္"
ေ႐ွာင္းက်န္႔မ်က္ႏွာသစ္ၿပီး မနက္စာစားကာ
အုေယာင္ႏွင့္အတူ ပဲသြားေကာက္ရသည္။
"ေ႐ွာင္းက်န္႔ရာ မင္းဘဝက သူႀကီးသားဆိုၿပီးလည္းသက္သာတယ္ကိုမ႐ွိဘူး"
သူကဲလို႔သူႀကီးေလ်ာ္ရေပါင္းမ်ားၿပီး သူႀကီးမြဲမလိုျဖစ္ေနတာေတာ့ထည့္မေျပာခဲ့။
"ဆရာေ႐ွာင္းေရေနပူလာၿပီဗ်။ အရိပ္မွာခနသြားနားရင္နားပါလား။ မဟုတ္ရင္ ဆရာေ႐ွာင္း အသားကႏုႏုေလးေတြရယ္။ ေနေလာင္သြားရင္ ဒုကၡပဲ"
တကယ္လည္းေ႐ွာင္းက်န္႔ကအသက္၂၂ႏွစ္ႏွင့္
မလိုက္ေအာင္ အသားအရည္ကေကာင္းသည့္အျပင္ ႐ုပ္ေလးကလည္းႏုဖက္ေနေတာ့
ေစာ္ၾကည္သင့္ေပမယ့္ သူ႕ရဲ႕အေမႊစိန္ ဂုဏ္ပုဒ္ေၾကာင့္ မည္သူကမွေပၚတင္အနားမကပ္ရဲေပ။
"အင္း အင္း။ အဲ့တာဆိုလည္း ငါနည္းနည္းေတာ့ ေရသာခိုလိုက္ဦးမယ္ အုေယာင္ေရ"
"ရပါတယ္ ဆရာေ႐ွာင္းရယ္"
ေ႐ွာင္းက်န္႔လည္းအရိပ္ထဲသြားကာ ခေမာက္တစ္လုံးနဲ႔ပဲေကာက္ေနသည့္အုေယာင္ကိုၾကည့္ေနလိုက္သည္။ ထိုကေလးသည္အလုပ္အရမ္းႀကိဳးစားသည္။ အခုဆိုလည္း သူ႕အားေနေလာင္ေတာင္မခံတဲ့ထိုကေလးက သူ႕ကိုနားခိုင္းၿပီး သူကေတာ့အလုပ္လုပ္ေနသည္။ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္လည္း ေ႐ွာင္းက်န္႔ထက္ရင့္က်က္သည္။
"မင္းလိုပဲ ဂ႐ုစိုက္တတ္တဲ့သူေလး ငါ့မွာ
႐ွိေနၿပီ ရိေပၚ"
ေ႐ွာင္းက်န္႔တို႔ပဲေကာက္ၿပီးျပန္လာေတာ့အိမ္ေ႐ွ႕တြင္ ကားအေကာင္းစားႀကီး ႏွစ္စီးရပ္ထားတာေတြ႕သည္။
"ဆရာေ႐ွာင္းေရ ၿမိဳ႕က ဧည့္သည္ေတြလာတယ္ထင္တယ္"
"အင္း ဟုတ္ေလာက္မယ္"
အုေယာင္က ဦးေဆာင္ကာေျခလွမ္းသြက္သြက္နဲ႔ဝင္သြားသည္။ ေ႐ွာင္းက်န္႔လည္း အုေယာင္ေနာက္က လိုက္သြားလိုက္သည္။
ျခံထဲေရာက္ေတာ့ ေတြ႕လိုက္ရသည္က..
________________________