{Uni}
ဂွေးတိုရွာ၏ ရွာပြင်ရှိ မြစ်ဘေးတွင် ကလေးအုပ်စုတစ်စုနှင့် စိန်ပြေးလိုက်တိုင်းကစားနေသည့် ကောင်လေးတစ်ယောက်။
အသက်အားဖြင့် ၂၂နှစ်အရွယ်လောက်ရှိပြီး
ကလေးတွေနှင့် ကစားနေတာတောင် ငယ်ရုပ်မပျောက်သေးတဲ့သူလေးက ၂၂နှစ်ဆိုတာ ယုံစရာပင်မရှိ။
"မိပြီကွ။ အုယောင် မင်းလိုက်တော့"
"ဆရာရှောင်းရာ ကျွန်တော်တို့ မပြေးနိုင်တော့ဘူးဗျ။ တော်တော်မောနေပြီ။ နေ့လယ်စာ စားချိန်လည်းရောက်ပြီ နားရအောင်ဗျာ"
ကလေးအုပ်ထဲမှာ အုယောင်ဆိုတဲ့ ၁၄နှစ်အရွယ် ကောင်လေးကညည်းညူစွာပြန်ပြောလာသည်။
"မင်းတို့ကွာ အသက်လေးကြည့်တော့ဖြင့်
ထက်ဝက်တောင်မရှိသေးဘူး။ ငါ့လောက်တောင် အမောမခံနိုင်ပါလား"
"ကျွန်တော်တို့က ဆရာရှောင်းလို သက်လုံမကောင်းဘူးဗျ"
"ဘာမှ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်
ဆင်ခန္ဓာကိုယ်တွေ လာမပေးနဲ့။ ထမင်းစားမှာမလား သွားစားကြ သွား"
"ဆရာရှောင်းကမလိုက်ဘူးလား"
"ငါခနနေမှ လိုက်လာမယ်။ လမ်းလျှောက်မလို့"
"အဲ့လို မလုပ်နဲ့လေ ဆရာရှောင်းရာ။ သူကြီး
ကကျွန်တော့်ကို ဆူမှာပေါ့"
"ဘာကိစ္စ မင်းကို ဆူရမှာလဲ"
"ဆရာရှောင်းနဲ့ အတူထွက်သွားတာကို ကျွန်တော်တစ်ယောက်တည်း ပြန်သွားရင် ကျွန်တော့်ကို ဆူမှာပေါ့။ လာပါဗျာ အတူတူ လိုက်ခဲ့"
လက်မောင်းကဆွဲကာ ခေါ်သွားခံရသည့်သူကတော့ သူကြီးသား ရှောင်းကျန့်နှင့် သူ့အားဆွဲခေါ်သွားတာကတော့ သူကြီး၏လူယုံ ဦးမယောင်၏သား မောင်အုယောင်ဖြစ်သည်။
ရွာထဲပြန်ဝင်လိုက်သည်နှင့် ရှောင်းကျန့်ကို မြင်သည့်သူမှန်သမျှဟာ သူ့တို့ပစ္စည်းတွေအား
ဖွက်ကြသည်။ ပစ္စည်းဆိုလို့ တခြားတော့မဟုတ်။ ကြက်တို့ ဘဲတို့ သရက်သီးတို့ ဇီးသီးတို့ဖြစ်သည်။
တစ်ခါက အဒေါ်ကြီးတစ်ယောက်အိမ်တွင်လသရက်သီးတွေများနေ၍ လာယူခိုင်းသည်ကို ရှောင်းကျန့်က အပင်လိုက်လာ'မ'သွားကာ ရောင်းစားပလိုက်သည်။ ဇီးသီးကလည်း ထိုအတိုင်းပင်။
ရွာထဲမှာအလှူ လုပ်တုန်းကလည်း သက်သက်လွတ်ကျွေးသည်ကို မစားနိုင်လို့ဟုဆိုကာ အလှူရှင်အိမ်က အလှမွေးထားသည့်ကြက်ဖကို ကိုယ်တိုင်လိုက်ဖမ်းသည်။ သို့သော် မမိတာကြောင့် စိတ်ဆိုးဆိုးနှင့် တွေ့တဲ့ပေါက်တူးနဲ့ ကောက်ပေါက်လိုက်ရာ ကြက်ဖခမျာ မာလကီးယားသွားလေသည်။
အလှူရှင်သိတော့ သွေးတက်ကာ မေ့လဲသွားတာကြောင့် သူကြီးမှာ ခါးကျိုးမတက် တောင်းပန်ပြီး အလျော်ပေးလိုက်ရသေးသည်။ သူကြီးဆိုသည်မှာလည်း ရှောင်းကျန့်ကြောင့် ရွာထဲမှာ မတောင်းပန်ဖူးသည့် သူမှာ မရှိသလောက်ကို ခပ်ရှားရှားပင်။
ရှောင်းကျန့်တို့ အိမ်ရောက်တော့ သူကြီးက ခြံထဲကခုံတွင် ဘာစာရင်းတွေတွက်နေမှန်းမသိ။
"ပါး ဘာတွေလုပ်နေတာလဲ"
"စာရင်းတွက်နေတာလေ မမြင်ဘူးလား"
"မြင်တာတော့ မြင်တာပေါ့ ပါးကလည်း။ ဘာစာရင်းတွေလဲလို့မေးတာ"
"မင်းနဲ့ဆိုင်လား စပ်စပ်စုစုနဲ့။ သွား..သွား ထမင်းသွားစား"
ရှောင်းကျန့် အဟောက်ခံလိုက်ရတော့ ဆူပုတ်ပုတ်နှင့်သာ ထမင်းစားဖို့ အုယောင်နဲ့အတူ အိမ်ပေါ်တက်သွားလိုက်သည်။
"ကျန့်လေး ထမင်းစားတော့မလို့လား"
"ဟုတ်ကဲ့ ဦးမယောင်"
ရှောင်းကျန့်၁၉နှစ်အရွယ်မှာ သူ့မိခင်က မြွေကိုက်လို့ ဆုံးသွားပြီး ဦးမယောင်တို့ သားအဖသည် ရှောင်းကျန့်မိခင်ဆုံးပြီးနှစ်ပတ်လောက်နေတော့ရောက်လာကြပြီး အတူနေဖြစ်ကြသည်။ ထို့ကြောင့် အလုပ်သမားနှင့် အလုပ်ရှင်ဆက်ဆံရေးမဟုတ်ဘဲ မိသားစုဝင်တွေလိုတောင် ဖြစ်နေလေပြီ။
အုယောင်နှင့်ရှောင်းကျန့် ထမင်းစားနေရင်းမှ ရှောင်းကျန့်က ဦးမယောင်အားမေးလိုက်သည်။
"ဦးမယောင် ပါးကဘာစာရင်းတွေ တွက်နေတာလဲဟင်။ အရင်ကစာရင်းတွေတွက်တာ မြင်ဖူးပေမယ့် ဒီတစ်ခါစာရင်းတွေက တစ်ရွာလုံးနီးပါးတောင် ဖြစ်နေလို့"
"ဟုတ်တယ် ကျန့်လေးရေ။ ကျန့်လေးသူငယ်ချင်းရိပေါ်က ရွာကိုပြန်လာပြီး အလှူလုပ်မလို့တဲ့လေ။ ပြီးတော့ ရှင်မပြုရသေးတဲ့သူတွေကိုလည်း ရှင်ပြုပေးဖို့တဲ့။ အဲဒါကြောင့် သင်္ကန်းစည်းမယ့်သူတွေ စာရင်းလိုက်ကောက်တော့ ထပ်စည်းချင်တဲ့သူရော။ မစည်းရသေးတဲ့ သူတွေပါ ပေါင်းတော့ တစ်ရွာလုံး နီးပါးဖြစ်သွားတယ်ထင်တယ်"
"ရိပေါ် ? "
"ဟုတ်တယ်လေ သားသူငယ်ချင်း ရိပေါ် "
"ကျွန်တော် စားလို့ဝပြီ"
တစ်ဝက်လောက်ပဲ စားပြီးရှောင်းကျန့်က
ထထွက်သွားလေသည်။ ထို့နောက် အိမ်ဘေးက ကုတင်မှာ သွားထိုင်ပြီးဆိုနေသည့်သီချင်းကြောင့် အုယောင်လည်း ထမင်းပင်ဆက်မစားတော့ပေ။ မစားနိုင်တော့တာဆို ပိုမှန်မည်။
ဘာလို့ဆိုအသံကုန်ခြစ်ပြီး ရှောင်းကျန့် အော်ဆိုနေတဲ့သီချင်းက
"သတိရနေတယ် သူငယ်ချင်းရေ...
ဒို့များ ငယ်ငယ်တုန်းက...
ရွာဝင်လမ်းဆီကနေ...
လက်ချင်း...ချိတ်ကာ ပြေးကာ လွှားကာ...
ကျောင်းတက်လာကြတာလေ..
မေ့နိုင်မှာလား..
မင်းတို့ ငါတို့ ငယ်ငယ်တုန်းကလေ..."
_________________________
{ZAWGYI}
ေဂြးတို႐ြာ၏ ႐ြာျပင္႐ွိ ျမစ္ေဘးတြင္ ကေလးအုပ္စုတစ္စုႏွင့္ စိန္ေျပးလိုက္တိုင္းကစားေနသည့္ ေကာင္ေလးတစ္ေယာက္။
အသက္အားျဖင့္ ၂၂ႏွစ္အ႐ြယ္ေလာက္႐ွိၿပီး
ကေလးေတြႏွင့္ ကစားေနတာေတာင္ ငယ္႐ုပ္မေပ်ာက္ေသးတဲ့သူေလးက ၂၂ႏွစ္ဆိုတာ ယုံစရာပင္မ႐ွိ။
"မိၿပီကြ။ အုေယာင္ မင္းလိုက္ေတာ့"
"ဆရာေ႐ွာင္းရာ ကြၽန္ေတာ္တို႔ မေျပးႏိုင္ေတာ့ဘူးဗ်။ ေတာ္ေတာ္ေမာေနၿပီ။ ေန႔လယ္စာ စားခ်ိန္လည္းေရာက္ၿပီ နားရေအာင္ဗ်ာ"
ကေလးအုပ္ထဲမွာ အုေယာင္ဆိုတဲ့ ၁၄ႏွစ္အ႐ြယ္ ေကာင္ေလးကညည္းညဴစြာျပန္ေျပာလာသည္။
"မင္းတို႔ကြာ အသက္ေလးၾကည့္ေတာ့ျဖင့္
ထက္ဝက္ေတာင္မ႐ွိေသးဘူး။ ငါ့ေလာက္ေတာင္ အေမာမခံႏိုင္ပါလား"
"ကြၽန္ေတာ္တို႔က ဆရာေ႐ွာင္းလို သက္လုံမေကာင္းဘူးဗ်"
"ဘာမွ ဆင္ေျခ၊ ဆင္လက္၊ ဆင္နား႐ြက္
ဆင္ခႏၶာကိုယ္ေတြ လာမေပးနဲ႔။ ထမင္းစားမွာမလား သြားစားၾက သြား"
"ဆရာေ႐ွာင္းကမလိုက္ဘူးလား"
"ငါခနေနမွ လိုက္လာမယ္။ လမ္းေလွ်ာက္မလို႔"
"အဲ့လို မလုပ္နဲ႔ေလ ဆရာေ႐ွာင္းရာ။ သူႀကီး
ကကြၽန္ေတာ္႕ကို ဆူမွာေပါ့"
"ဘာကိစၥ မင္းကို ဆူရမွာလဲ"
"ဆရာေ႐ွာင္းနဲ႔ အတူထြက္သြားတာကို ကြၽန္ေတာ္တစ္ေယာက္တည္း ျပန္သြားရင္ ကြၽန္ေတာ္႕ကို ဆူမွာေပါ့။ လာပါဗ်ာ အတူတူ လိုက္ခဲ့"
လက္ေမာင္းကဆြဲကာ ေခၚသြားခံရသည့္သူကေတာ့ သူႀကီးသား ေ႐ွာင္းက်န္႔ႏွင့္ သူ႕အားဆြဲေခၚသြားတာကေတာ့ သူႀကီး၏လူယုံ ဦးမေယာင္၏သား ေမာင္အုေယာင္ျဖစ္သည္။
႐ြာထဲျပန္ဝင္လိုက္သည္ႏွင့္ ေ႐ွာင္းက်န္႔ကို ျမင္သည့္သူမွန္သမွ်ဟာ သူ႕တို႔ပစၥည္းေတြအား
ဖြက္ၾကသည္။ ပစၥည္းဆိုလို႔ တျခားေတာ့မဟုတ္။ ၾကက္တို႔ ဘဲတို႔ သရက္သီးတို႔ ဇီးသီးတို႔ျဖစ္သည္။
တစ္ခါက အေဒၚႀကီးတစ္ေယာက္အိမ္တြင္လသရက္သီးေတြမ်ားေန၍ လာယူခိုင္းသည္ကို ေ႐ွာင္းက်န္႔က အပင္လိုက္လာ'မ'သြားကာ ေရာင္းစားပလိုက္သည္။ ဇီးသီးကလည္း ထိုအတိုင္းပင္။
႐ြာထဲမွာအလႉ လုပ္တုန္းကလည္း သက္သက္လြတ္ေကြၽးသည္ကို မစားႏိုင္လို႔ဟုဆိုကာ အလႉ႐ွင္အိမ္က အလွေမြးထားသည့္ၾကက္ဖကို ကိုယ္တိုင္လိုက္ဖမ္းသည္။ သို႔ေသာ္ မမိတာေၾကာင့္ စိတ္ဆိုးဆိုးႏွင့္ ေတြ႕တဲ့ေပါက္တူးနဲ႔ ေကာက္ေပါက္လိုက္ရာ ၾကက္ဖခမ်ာ မာလကီးယားသြားေလသည္။
အလႉ႐ွင္သိေတာ့ ေသြးတက္ကာ ေမ့လဲသြားတာေၾကာင့္ သူႀကီးမွာ ခါးက်ိဳးမတက္ ေတာင္းပန္ၿပီး အေလ်ာ္ေပးလိုက္ရေသးသည္။ သူႀကီးဆိုသည္မွာလည္း ေ႐ွာင္းက်န္႔ေၾကာင့္ ႐ြာထဲမွာ မေတာင္းပန္ဖူးသည့္ သူမွာ မ႐ွိသေလာက္ကို ခပ္႐ွား႐ွားပင္။
ေ႐ွာင္းက်န္႔တို႔ အိမ္ေရာက္ေတာ့ သူႀကီးက ျခံထဲကခုံတြင္ ဘာစာရင္းေတြတြက္ေနမွန္းမသိ။
"ပါး ဘာေတြလုပ္ေနတာလဲ"
"စာရင္းတြက္ေနတာေလ မျမင္ဘူးလား"
"ျမင္တာေတာ့ ျမင္တာေပါ့ ပါးကလည္း။ ဘာစာရင္းေတြလဲလို႔ေမးတာ"
"မင္းနဲ႔ဆိုင္လား စပ္စပ္စုစုနဲ႔။ သြား..သြား ထမင္းသြားစား"
ေ႐ွာင္းက်န္႔ အေဟာက္ခံလိုက္ရေတာ့ ဆူပုတ္ပုတ္ႏွင့္သာ ထမင္းစားဖို႔ အုေယာင္နဲ႔အတူ အိမ္ေပၚတက္သြားလိုက္သည္။
"က်န္႔ေလး ထမင္းစားေတာ့မလို႔လား"
"ဟုတ္ကဲ့ ဦးမေယာင္"
ေ႐ွာင္းက်န္႔၁၉ႏွစ္အ႐ြယ္မွာ သူ႕မိခင္က ေႁမြကိုက္လို႔ ဆုံးသြားၿပီး ဦးမေယာင္တို႔ သားအဖသည္ ေ႐ွာင္းက်န္႔မိခင္ဆုံးၿပီးႏွစ္ပတ္ေလာက္ေနေတာ့ေရာက္လာၾကၿပီး အတူေနျဖစ္ၾကသည္။ ထို႔ေၾကာင့္ အလုပ္သမားႏွင့္ အလုပ္႐ွင္ဆက္ဆံေရးမဟုတ္ဘဲ မိသားစုဝင္ေတြလိုေတာင္ ျဖစ္ေနေလၿပီ။
အုေယာင္ႏွင့္ေ႐ွာင္းက်န္႔ ထမင္းစားေနရင္းမွ ေ႐ွာင္းက်န္႔က ဦးမေယာင္အားေမးလိုက္သည္။
"ဦးမေယာင္ ပါးကဘာစာရင္းေတြ တြက္ေနတာလဲဟင္။ အရင္ကစာရင္းေတြတြက္တာ ျမင္ဖူးေပမယ့္ ဒီတစ္ခါစာရင္းေတြက တစ္႐ြာလုံးနီးပါးေတာင္ ျဖစ္ေနလို႔"
"ဟုတ္တယ္ က်န္႔ေလးေရ။ က်န္႔ေလးသူငယ္ခ်င္းရိေပၚက ႐ြာကိုျပန္လာၿပီး အလႉလုပ္မလို႔တဲ့ေလ။ ၿပီးေတာ့ ႐ွင္မျပဳရေသးတဲ့သူေတြကိုလည္း ႐ွင္ျပဳေပးဖို႔တဲ့။ အဲဒါေၾကာင့္ သကၤန္းစည္းမယ့္သူေတြ စာရင္းလိုက္ေကာက္ေတာ့ ထပ္စည္းခ်င္တဲ့သူေရာ။ မစည္းရေသးတဲ့ သူေတြပါ ေပါင္းေတာ့ တစ္႐ြာလုံး နီးပါးျဖစ္သြားတယ္ထင္တယ္"
"ရိေပၚ ? "
"ဟုတ္တယ္ေလ သားသူငယ္ခ်င္း ရိေပၚ "
"ကြၽန္ေတာ္ စားလို႔ဝၿပီ"
တစ္ဝက္ေလာက္ပဲ စားၿပီးေ႐ွာင္းက်န္႔က
ထထြက္သြားေလသည္။ ထို႔ေနာက္ အိမ္ေဘးက ကုတင္မွာ သြားထိုင္ၿပီးဆိုေနသည့္သီခ်င္းေၾကာင့္ အုေယာင္လည္း ထမင္းပင္ဆက္မစားေတာ့ေပ။ မစားႏိုင္ေတာ့တာဆို ပိုမွန္မည္။
ဘာလို႔ဆိုအသံကုန္ျခစ္ၿပီး ေ႐ွာင္းက်န္႔ ေအာ္ဆိုေနတဲ့သီခ်င္းက
"သတိရေနတယ္ သူငယ္ခ်င္းေရ...
ဒို႔မ်ား ငယ္ငယ္တုန္းက...
႐ြာဝင္လမ္းဆီကေန...
လက္ခ်င္း...ခ်ိတ္ကာ ေျပးကာ လႊားကာ...
ေက်ာင္းတက္လာၾကတာေလ..
ေမ့ႏိုင္မွာလား..
မင္းတို႔ ငါတို႔ ငယ္ငယ္တုန္းကေလ..."
_________________________