Unicode
...................
ကားလေးသည် တိတ်ဆိတ်စွာမောင်းနှင်ရင်း တိုက်ခန်းလေးသို့ပြန်ရောက်လာသည်။
" Zale စာလုပ်တော့နော် ဝင်ခွင့်က နောက်လဖြေရမှာ "
" ဟုတ် "
" ပြီးခဲ့တာတွေကိုစိတ်ထဲမထည့်နဲ့ ကိုယ့်ဘဝတိုးတတ်ဖို့အတွက်ကိုပဲတွေးတော့ မင်းကိုကိုယ့်ညီလေးအရင်းလိုစောင့်ရှောင့်ပေးမယ် ဟုတ်ပြီလား? "
Rhon ရဲ့စကားကြောင့် အားရှိသွားသလိုပင် စိတ်ထဲလန်းဆန်းသွားသည် ။ ကျွန်တော်လည်းအားကိုးပါရစေ အကိုRhon ။
တီးတောင်.....တီးတောင်.....
" ခဏဘယ်သူလဲမသိဘူး အကိုသွားဖွင့်ပေးလိုက်မယ် Zale ကအင်္ကျီ လဲလိုက်တော့နော် "
"ဟုတ် "
Zale ကိုပြောကာ Rhon လည်း တံခါးသွားဖွင့်ပေးလိုက်သည်။
တံခါးဖွင့်ဖွင့်ချင်းပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Rhon အံ့သြသွားသည်။
" ဒေါ်လေး "
အင်္ကျီ ဘောင်းဘီ တွဲရက်ကိုဝတ်ဆင်ကာ နေကာမျက်မှန်ကိုတပ်ထား၍ အနီရဲရဲကိုဆိုးထားသော နှုတ်ခမ်းတို့သည်လှပသေသပ် တောက်ပနေသည်။
" မင်လည်းနော် အိမ်ကိုမကပ်ဘူး "
ဒေါ်လေးဆိုသူက တိုက်ခန်းထဲကိုဝင်လာတာမို့ Rhon လည်းမတားတော့ပေ ။
ထို့နောက် အင်္ကျီ သိမ်းနေတဲ့ Zale ကိုတွေ့သွားကာ
" Rhon ပြောတာ ဒီကောင်လေးလား?"
"ဟုတ်တယ် ဒေါ်လေး "
"မင်းပြောသလိုပဲ ငါ့တူငယ်လေးနဲ့တူလိုက်တာ "
" အင်း...ဟမ်! "
Zale လည်း နားထောင်ကာယောင်၍ အင်း လို့ပြောမိသွားသေးသည်။
အခုချိန် Zale စိတ်ထဲတွင် သူမတူတဲ့ခံစားချက်မျိုးရနေသည်။ နွေးထွေးသလိိုလိုမျိုး။
" ဒေါ်လေးက Rhon ရဲ့အဒေါ်လေ မိဘတွေနဲ့ကွဲ.....အယ်.....Rhon မိဘတွေမရှိတော့ကတည်းက ဒေါ်လေးနဲ့ပဲတူတူ နေလာတာလေ ၊ ဒေါ်လေးနာမည်က Jum
ဒေါ်နန်းညို ကေတာ့ မြန်မာမှတ်ပုံတင်ထဲကနာမည်ပေါ့ "
ဒေါ်နန်းညို လည်း စကားမှားသွားတာမို့ ပြန်ထိန်းကာပြောရသည်။
" ဟုတ် သားက ခွန်းဆက်အိမ် Zale ပါ "
"အေးကွယ် လိမ္မာလိုက်တာ အဒေါ်အရင်းလိုပဲဆက်ဆံနော် ကဲ ဒေါ်လေးပြန်တော့မယ် ကိစ္စလေးရှိသေးတယ် Rhon ညီလေး ကိုသေချာဂရုစိုက်နော် "
" ဟုတ်ကဲ့ပါ ဒေါ်လေးရယ် "
ဒေါ်လေးပြန်သွားတော့မှ Zale လည်းရေချိုးကာ Rhon ကတော့ ညနေစာချက်ပြုတ်နေလေသည်။
ကြာရင် အကိုပါ တိုက်ခန်းပြောင်းနေရမည့်အခြေအနေပင် ။ အခန်းက ၂ ခန်းဆိုတော့ ပိုတောင်အဆင်ပြေသေးသည်။
ကိစ္စတွေ အလုပ်တွေပြီး၍ အတူတူညစာထိုင်စားကြသည်။
...........................။
" Boss !"
"ဘာဖြစ်လာတာလဲ အလောတကြီး "
မာန် လည်း ကုမ္ပဏီ ကပန်းခြံလေးမှာရပ်ကာ အချိုရည်သောက်နေရင်း စစ်ကို ကပြေးကာ အော်ခေါ်လိုက်တာမို့ မာန် လည်း လန့်သွားသည်။
" သိရပြီ "
"ဘာကို "
" နည်း...နည်းပါးပါး....သိရ.....ဘုန်းစစ်ဟန် တို့အကြောင်းဟူး..."
မာန် လည်း လက်ထဲက မသောက်ရသေးသော အချိုရည်ဗူးအသစ်ကိုပေးကာ မောနေသော စစ်ကို ကိုသောက်စေသည် ။
"သောက်လိုက်ဦး မင်းကြည့်ရတာသေတော့မလိုပဲ"
"Boss ရယ် ကိုယ့်တပည့်ကိုယ်ပြောတာ ငြင်သာလိုက်တာ Boss ကိုလိုက်ရှာနေရတာလေ ဘာလို့ အနောက်ဘက်ပန်းခြံထဲရောက်နေရတာလဲ "
"တော်ပါ အမောဖြေပြီးရင် ပြောစရာရှိတာပြော "
" ဟူး...."
စစ်ကို လည်း ခဏနားကာ ခုံတန်းလေးမှာထိုင်၍
" ဘုန်းစစ်ဟန် က တစ်ဦးတည်းသော သား "
"ဘာ! အဲ့တာဆို သူ့ရဲ့ညီဆိုတာကရော "
" ညီမဟုတ်ဘူး။ ဘာမှမတော်ဘူးတဲ့ ပြီးတော့ ဟိုနေ့က ဘုန်းစစ်ဟန် မြို့စွန်က အိမ်ပုပုလေးတစ်လုံးကို သော့ခတ်နေတာကိုတွေ့ခဲ့တယ်တဲ့ "
"အခုချက်ချင်း ကားပြင် အဲ့ကိုသွားမယ် "
" ဒါ .... ဒါပေမယ့် Boss "
" ကားပြင်ဆိုပြင်လိုက် "
စစ်ကို လည်း မာန် က ကြိမ်းနေတာမို့ အမြန်ပြန်ပြေးကာ ကားပြင်ရသည်။ သူ့ဘဝလောက်သနားဖို့ကောင်းတဲ့ဘဝရှိပါဦးမလား? ရင်ထဲ၌ အသံတိတ်သာငိုကြွေးလိုက်သည် ။
ကားရောက်လာကာ ချက်ချင်းပင် မာန် လည်းကားပေါ်တတ်၍ ကုမ္ပဏီ အဝန်းအဝိုင်းထဲမှထွကိသွားတော့သည်။
............................။
တီ....တီ.....တီ....
" ချီး......ကားတွေကပိတ်လိုက်တာ အကုန်ဖြတ်တိုက်ပစ် "
"ဘာလို့လောနေတာလဲ အိမ်ကိုသော့ခတ်ပါတယ်ဆို "
" ခွန်းရှိရင်ရှိနေမှာလေ "
"စိတ်ကိုလျော့ဦးလေ Boss ရဲ့ "
"အား....!"
ကားထဲတွင် ဟိုကန်ဒီကန်ဖြင့် ဝုန်းဒိုင်းကြဲနေသော မာန့် ကိုကြည့်၍ ကားမောင်းနေသော စစ်ကိုကပြန်သတိပေးနေရသည်။ ကားလည်းမောင်းခိုင်းသေးတယ် ။
"Boss! အာရုံမရဘူးနော်! "
စစ်ကို လည်း ဒေါသတွေထွက်လာတာမို့ မာန့် ကိုအော်လိုက်သည်။ စစ်ကို ကားလည်းမောင်းရသေး သူ့လဲထိန်းရသေးနဲ့ သည်းမခံနိုင်တဲ့အဆုံးပေါက်ကွဲကာ boss ကိုအော်မိလိုက်သည်။
" ဒေါက်တာက Boss ကို ကားပြန်မမောင်းနဲ့ဦးလို့ပြောထားတယ်နော် ကျွန်တော် မပို့ပေးရင်မရောက်တာမို့ ငြိမ်ငြိမ်နေပေး "
"အေရးလား? မင်းမပို့လည်း ငါ့ဘာသာငါကားငှါးသွားမယ် "
" စီးနိုင်တာလည်းမဟုတ်ဘဲနဲ့ "
တိုးတိုးလေးပြောလိုက်သည်။
" ဘာ!"
" အယ်.... ဘာမှမဟုတ်ပါဘူး ငြိမ်ငြိမ်လေးသာနေပေး "
စစ်ကိုပြောတာမို့ ငြိမ်ကျသွားသော မာန့် ကိုတွေ့မှ စစ်ကိုလည်းသက်ပြင်းချနိုင်တော့သည်။ ကားလေးက ယိမ်းထိုးကာ လှုပ်ရွနေသည်။
..........................။
၂ နာရီလောက်မောင်းနှင်ပြီးတာနဲ့ မြို့စွန်ကိုရောက်လာကြသည်။ လူသွားလူလာနည်း၍ နေရာက အကျည်းတန်လှသည်။
မှောင်ရီပျိုးချိန်မို့ အဝေးပြေးလမ်းမကြီးဟာလည်း ကြောက်မက်ဖွယ်အတိ ။
" Boss အသံတွေကြားရတယ် ကြောက်တယ်နော် "
"စစ်ကို မင်းယောက်ျားမဟုတ်ဘူးလား? "
" ဒါ...ဒါပေမယ့်...."
"ငြိမ်ငြိမ်လိုက်ခဲ့ "
သော့ကိုဖျက်ကာ ဝင်ရန်ကြံတော့ ကားတစ်စီးရဲ့ကားအရောင်က သူတို့မျက်နှာကိုလာထိုးလေသည်။ မာန် လည်း ကားမီးကိုလက်ကာ, ကာ ကားအတွင်းသို့ကြည့်လိုက်တော့ ဘယ်တော့မှမမေ့နိုင်ခဲ့တဲ့ မျက်နှာပိုင်ရှင် ဖြစ်နေလေသည်။
ထိုကားဟာ ပြန်ကွေ့ရန် ကားကိုချိုးနေစဉ် မာန် ကအရှေ့ကနေပိတ်ရပ်ကာ တားသည်။
" ထိုက်စိုးစံ ! မင်းမဟုတ်လား?"
မာန့် ရဲ့အသံတွင် ဒေါသထွက်တာတွေရော မကျေနပ်တာတွေရော အကုန်ရော၍ စုပုံနေသည် ကိုခံစားရသည်။
ထိုက် ကားက အနောက်ကိုပြန်ဆုတ်ကာ မာန့် ဆီကိုအရှိန်နဲ့လာနေတာမို့ စစ်ကို လည်း အရှိန်ဖြင့် မာန့် ကိုဝင်ဆွဲရသည်။
"Boss! ရူးနေလား?"
" အား....ထိုက်စိုးစံ! ငါမင်းကိုပြန်မလာခဲ့နဲ့လို့ပြောထားတယ်လေ ငါ့မျက်စိရှေ့မှာမင်းကိုမတွေ့ချင်ဘူးလို့! "
ဝှီး........
ကား က အရှိန်နဲ့မောင်းထွက်သွားတာမို့ စစ်ကို ကလည်းသူ့ကားပေါ်ကိုတတ်ကာ မာန့် ကိုခေါ်၍ ထိုက်ရဲ့ကားနောက်သို့လိုက်သွားသည်။
...........
အရှိန်ကိုတင်နိူင်သမျှတင်ကာ ထိုက် လည်းကားကိုမျက်ခြေဖြတ်ကာ မောင်းလာလိုက်သည်။ ဒီလောက်ကတော့ သူ့အတွက် လွယ်လွယ်လေးပင် ။
LA မှာတုန်းကဆို ကားမောင်းကြမ်းလွန်းလို့ လျော်ခဲ့ရတာတွေလည်းမနည်းမနောပြီးရင် Rhon ရဲ့ဆုံးမစကားတွေကိုလည်းကြားရသေးသည်။
ဒီနေ့တော့ ထိုက် က ဘုန်းစစ် အဲ့အိမ်လေးကိုလာရင်း မြေအောက်ခန်းထဲမှာ အခန်းသော့ ကျန်ခဲ့တယ်ဆိုလို့ လာယူရင်း မာန် တို့နှင့်တည့်တည့်ကိုတိုးလေသည်။
လူ၂ယောက် တံခါးဖျက်ရန်ကြံနေတာမို့ သူလည်းကားမီးကိုထိုးကာ ဘယ်သူတွေလဲလို့ကြည့်လိုက်သည်။
မာန် ဖြစ်နေတာမို့ ကားကိုပြန်ကွေ့ကာထွက်တော့ မာန် က တားထားတာမို့ ကားကိုအနောက်ဆုတ်ကာ အရှိန်တဲ့ဝင်တိုက်ဖို့လုပ်သည်။
လုပ်တယ် ဆိုတဲအမူအရာလေးပဲ တကယ်တော့မလုပ်ရဲပေ ။
မာန့် ကိုသူ့ဘေးကလူကဆွဲလိုက်၍သာ ထိုက် အသက်ရှူချောင်သွားသည်။
မာန် တို့ကားက ထိုက်ရဲ့ကားနောက်လိုက်လာတာမို့ အရှိန်တင်ကာ မြို့ထဲအရောက် ကားကိိုဟိုကြားဝင်ဒီကြားထွက်နဲ့ မောင်းလာကာ မျက်ခြေဖြတ်လိုက်ရသည်။
ဒါပေမယ့် အခုသူရောက်နေသော နေရာကိုမသိတော့တာမို့ အိမ်တွေကိုလိုက်မေးကာ ဖြည်းဖြည်းချင်းကားမောင်းပြန်ခဲ့ရသည်။
ရုတ်တရက်ဆိုသလို ခေါင်းကတစ်ဖြည်းဖြည်းမူးနောက်လာ၍ မျက်လုံးတို့ဟာ မှေးစဉ်းလာသည် ။
................................။
" ဒေါ်လေး! "
အိမ်ထဲသို့အရောက် ပြေးဖက်လာသော တူသမက်ကြောင့် ဒေါ်နန်းညို ပြုံးမိလိုက်သည်။
" မင်းကလည်းနော် ဒေါ်လေးတို့ဘက်ကိုပေါ်မလာဘူး"
"ဟုတ်တယ်ဒေါ်လေးရဲ့ သားလည်း ကလေးတွေကိုစာသင်နေရတာနဲ့ မအားလို့လေ မောင် ရော "
" ရှိပါ့ မင်းရဲ့မောင် "
" Rhon ရေ Luous ရောက်နေတယ် "
ဒေါ်လေးလည်းအော်ကာ Rhon ကိုအကြောင်းကြားရသည်။ နောက် ၂ လလောက်နေရင် လက်ထပ်တော့မယ့်သူတွေမို့ တစ်ယောက်အကြောင်းတစ်ယောက်ကတော့ သိထားပြီးသားဖြစ်သည်။
နိုင်ငံခြားဖြစ်တာမို့ လိင်တူချစ်ကြိုက်တာကို အရမ်းအရေးတကြီးမလုပ်ကြဘဲ သာမာန် စုံတွဲတွေဟုသာ သတ်မှတ်ထားကြသည်။
အချစ်ဟာအချစ်ပဲလေ
...................................။
Feedback တွေလာကြပါ အားငယ်နေပြီ ။ fb တွေမလာရင် ဆက်ရေးချင်စိတ်မရှိတော့ဘူး ။
#VeraVicki
Zawgyi
...................
" ဟုတ် "
တီးတောင်.....တီးတောင်.....
"ဟုတ် "
" ဒေါ်လေး "
"ဟုတ်တယ် ဒေါ်လေး "
" အင်း...ဟမ်! "
ဒေါ်နန်းညို ကတော့ မြန်မာမှတ်ပုံတင်ထဲကနာမည်ပေါ့ "
" ဟုတ်ကဲ့ပါ ဒေါ်လေးရယ် "
ဒေါ်လေးပြန်သွားတော့မှ Zale လည်းရေချိုးကာ Rhon ကေတာ့ ညနေစာချက်ပြုတ်နေလေသည်။
...........................။
" Boss !"
" သိရပြီ "
"ဘာကို "
" ဟူး...."
" ဒါ .... ဒါပေမယ့် Boss "
" ကားပြင်ဆိုပြင်လိုက် "
............................။
တီ....တီ.....တီ....
"အား....!"
"Boss! အာရုံမရဘူးနော်! "
"အရေးလား? မင်းမပို့လည်း ငါ့ဘာသာငါကားငှါးသွားမယ် "
" ဘာ!"
..........................။
" ဒါ...ဒါပေမယ့်...."
"ငြိမ်ငြိမ်လိုက်ခဲ့ "
"Boss! ရူးနေလား?"
ဝှီး........
...........
မာန် တို့ကားက ထိုက်ရဲ့ကားနောက်လိုက်လာတာမို့ အရှိန်တင်ကာ မြို့ထဲအရောက် ကားကိုဟိုကြားဝင်ဒီကြားထွက်နဲ့ မောင်းလာကာ မျက်ခြေဖြတ်လိုက်ရသည်။
................................။
" ဒေါ်လေး! "
" ရှိပါ့ မင်းရဲ့မောင် "
အချစ်ဟာအချစ်ပဲလေ
...................................။
#VeraVicki