ချစ်သောဗီလိန်လေး 1 (Complete...

By eett97

164K 12.1K 454

ပိုင်ဝေ့ရှင်း ၂၁ရာစုရဲ့ခေတ်သစ်သမီးပျိုလေး တနေ့ကျောင်းသွားရင် လမ်းမှာ တဖက်ကလာတဲ့ကားကိုမမြင်မိပဲ လမ်းဖြတ်ကူးလို... More

မိတ်ဆက်ခြင်း🙋
ကူးပြောင်းခြင်း
အပိုင်း ၁
အပိုင်း ၂
note
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
တောင်းပန်ခြင်း🙏📨📨
အပိုင်း ၈
အပိုင်း ၉
အကူအညီတောင်းခံခြင်း
အပိုင်း ၁၀
ဇာတ်ကောင်များ
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆ (မီး မနီတနီ😅🚨🚨)
အပိုင်း ၁၇ (🚨)
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
ဇာတ်သိမ်းပိုင်း
🔔🔔🔔

အပိုင်း ၁၁

5.3K 500 18
By eett97

Unicode

   

         

     ပိုင်ဝေ့ရှင်း လည်ပင်းထဲ ကန့်လန့်ခံသွားသောမုန့်များအား လက်ဖက်ရည်ဖြင့် အမြန်မျှောချရတယ်။
ကျောသို့ အသာအယာထုပေးနေသော ရှီဖုန်းအား
ရပြီအဆင်ပြေပြီဆိုသော သဘောဖြင့် လက်ကာပြလိုက်သည်။

"ကျသွားပြီ သက်သာပြီ ဆက်မထုနဲ့တော့ အဆုတ်တွေကွာတော့မယ်''

'' ကိုယ်တောင်းပန်ပါတယ်.. စိတ်လောသွားလို့ပါ.. သက်သာတာသေချာရဲ့လား ကိုယ် သမားတော်ပင့်ခိုင်းလိုက်ရမလား..သွေးဖောက်လိုက်ရင် ပိုသက်သာမယ်''

''အမလေး ရတယ် မပင့်နဲ့ ဒီခေတ်က အပ်တွေကအကြီးကြီး
ဆေးထိုးအပ်နဲ့တောင် အသေအော်ရတာ ဒီကအပ်တွေနဲ့သာဆို အသက်ထွက်ပြီး အိမ်ပြန်ရပဲနေမယ်''

''ဆေးထိုးအပ်??  အာ့တာဘာလဲ ဝေ့အာ''

'''ခွီးးး ရှင်ကြီး ကျမကို ဘယ်လိုခေါ်လိုက်တယ်''

'' ဝေ့အာလို့လေ''

''နောက်မခေါ်နဲ့ လည်ပင်းနင်တယ်''
(အော် roချင်ရှာလို့ပါ ချိမရယ်)

''.....''

''ထားလိုက်ပါ ဒီကိစ္စနောက်မှဆွေးနွေးတာပေါ့... အခု ဘာလာလုပ်တာလဲ''

''မင်းကိုလာခေါ်တာလေ.. နေစောင်းတော့မယ် ပြန်ကြစို့.''

မွန်းလွဲရုံသာရှိသေးသောနေမင်းကြီး🙄🙄❓❓

''ဟုတ်ပါပြီ.. ဒါဆိုလဲ ဧကရီတို့ကို သွားနှုတ်ဆက်ပြီးပြန်ကြတာပေါ့... ဒေါ်လေး ရှင်းအာပြန်တော့မယ်.. မှာထားတာမမေ့နဲ့နော် အားကိုးမယ်နော် ဒေါ်လေးရေ ဝေါ်အိုက်နီ 🙆'''

ပိုင်ဝေ့ရှင်း အကျင့်ကပါနေသော လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ကာ အသဲပုံလုပ်ပြလိုက်မိသည်။
ဒီကောင်မလေး ဘာလုပ်ပြလိုက်တာလဲ.. ??

ပိုင်ဝေ့ရှင်း လုပ်ပြပြီးမှသတိရတယ်။ ဒီခေတ်မှာ အာ့လိုပုံစံမျိုးမရှိဘူးဆိုတာကို
တေပြီလေဟယ် ငါလေးကို အထူးအဆန်းလို ဝိုင်းကြည့်နေကြပြီကောလား.။

''ဟီး  သွားပြီနော် ဘိုင့် '..အဲ့လေ..ဘယ်လိုပြောရလဲမသိဘူး...  နှုတ်ဆက်ပါတယ်ပြန်လိုက်ပါဦးမယ် ''"

*ချီးပဲ နောက်တခါကျ သတိထားရမယ် တော်ကြာနေ ဇာတ်လိုက်ကောင်က ငါ့ကို ရိပ်မိသွားရင်  ရိုက်သတ်နေဦးမယ်**

မြင်းလှည်းဖြင့် အိမ်တော်ကို ပြန်လာတဲ့လမ်းတစ်လျှောက်လုံး  ပိုင်ဝေ့ရှင်းရော ရှီဖုန်းရော တိတ်တဆိတ်နဲ့ လိုက်ပါလာတယ်။
ရှီဖုန်းစိတ်ထဲမှာ ကို့လို့ကန့်လန့်နဲ့ မတင်မကျခံစားနေရတယ်။  ပိုင်ဝေ့ရှင်းက ဘာကိုအကူအညီတောင်းတာလဲ..သူ့ကိုရော ပြောပြလို့မရဘူးလား.. ဘာပဲဖြစ်ဖြစ် သူ အကောင်းဆုံးဖြစ်အောင် ကူညီပေးမှာပါ..သူမက သူ့ကို မယုံကြည်လို့လား..။
ပိုင်ဝေ့ရှင်းလဲ တဖက်မှာကပ်ထိုင်နေရင်း  စိတ်ထဲတွင် ဖြူလုံးလေးအား စုံစမ်းခိုင်းထားတာကိုပြီးမပြီး မေးမြန်းလိုက်တယ်။

ပိုင်ဝေ့ရှင်း•••• ဖြူလုံးလေးရေ..စုံစမ်းခိုင်းထားတာရပြီလား.

System •••• ရပြီ အခုပြောရတော့မလား host

ပိုင်ဝေ့ရှင်း •••• နေဦး အိမ်ရောက်မှပြောကြမယ်.အာ့ခါကျမှ တခါထဲ planပါချလို့ရမှာ.. ဒါနဲ့ ဟိုလူက ဘာလို့ ဆူပုတ်ပုတ်နဲ့ ငါ့ကို ဘုကြည့်ကြည့်နေတာလဲ..

System••••   hostက  ကြင်ယာတော်ကို ပြောခိုင်းတဲ့ကိစ္စကို သိချင်နေတာပါ.. သူ့ကို အကူအညီမတောင်းလို့ ဆိုပြီး ဆူပုတ်နေတာ.

ပိုင်ဝေ့ရှင်း••••  နင့်ဇာတ်လိုက်က gayများgayနေလားဟယ် ဒါမပြောတာနဲ့ ဆူပုတ်နေရတယ်လို့..ငါလေးမရှချင်ဘူးနော် သူ့ဘေးကလူကလဲ ရုပ်ချောပြီး ဖြောင့်နေတာပဲ ငါ မသင်္ကါတော့ဘူး..

System••••  မပူနဲ့ မရှဘူး ဟိုက ဖြောင့်တာမှ သံချောင်းထက်တောင်ဖြောင့်သေးတယ်

ပိုင်ဝေ့ရှင်း•••• နင် တာဝန်ယူရင်ပြီးရော ဒါနဲ့ လုံဟွာ အခုဘယ်မှာလဲ သိလား

System••••  စျေးထဲက ပိတ်ရောင်းတဲ့ဆိုင်မှာ အစရွေးနေတယ်

ပိုင်ဝေ့ရှင်း••••  ရေး အဆင်ပြေပြီ

System••••  host ဘာသွားလုပ်မလို့လဲ

ပိုင်ဝေ့ရှင်း•••• နင်အသာနေစမ်း missionလုပ်ဖို့ ပြင်ဆင်ရမယ်လေဟာ

System •••• မျက်ခုံးတွေလှုပ်လိုက်တာနော် ^_^

ပိုင်ဝေ့ရှင်း  မူလကိုယ်အား စိတ်ထိခိုက်အောင်လုပ်ထားတဲ့အတွက် ပြန်ပြီး ကလဲ့စားချေဦးမှာလေ။ မျက်မှောင်ကြုပ်ကာ စိတ်ထဲတွင် ပြင်ဆင်နေလိုက်တယ်။

'' အရှင့်သား ကျမ  စျေးထဲခဏဝင်ပြီး ပိတ်စလေးအနည်းငယ်ဝယ်ချင်လို့ လှည်းခဏရပ်ပေးပါလား... အပြန်နောက်မကျစေရပါဘူး.. တံခါး ဘယ်အချိန်ပိတ်လဲ..ပြီး​တော့ ပိုက်ဆံနည်းနည်းလောက်ချေးပါလား..  မနက်က ယူဖို့မေ့သွားလို့ ''

''  မင်း သွားမယ်ဆို ကိုယ် အဖော်လိုက်ခဲ့ပေးမယ်..''

'' ဟုတ် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့  အရမ်းတော့ ကပ်မလိုက်ပါနဲ့နော်.. ရှင့်ရဲ့ချစ်သူသိသွားရင် ကျမကို လာပြီး အပြစ်တင်နေမှာစိုးလို့ပါ ''  ဟု မျက်နှာလေးငယ်ကာပြောလိုက်သည်။

{ မင်းနဲ့ကိုယ်နဲ့ကြားမှာ ကျေးဇူးဆိုတာမလိုပါဘူး ဝေ့အာရယ် ကိုယ်ရှိသရွေ့ မင်းကို ဘယ်သူမှ မထိစေရဘူး }

ပိုင်ဝေ့ရှင်း ကြံစည်လိုက်သလိုဖြစ်သွားသည့်အတွက် စိတ်ထဲတွင် အကျေနပ်ကြီးကျေနပ်သွားတယ်။
ဇာတ်လိုက်ကြီးက သူကိုယ်တိုင်လိုက်မယ်တဲ့ ကောင်းသားပဲ သူ့ဟာမရဲ့ ၁၂မျိုးဂျင်းသုတ်မျက်နှာကိုသိသွားတာပေါ့။ ငါလေး အပင်ပန်းခံစရာမလိုတော့ဘူးပေါ့။
ငဲငဲ  .....

~~~~Systemဖြူလုံးလေးခမျာ hostရဲ့ လူယုတ်မာအပြုံးကြီးကိုမြင်လိုက်ရသောကြောင့် စိတ်ထဲမှာ ရှော့ရသွားရှာတော့တယ်~~~~😵😵😵

ပိုင်ဝေ့ရှင်းလဲ  ရှောင်ဖေးလက်ကိုဆွဲကာ  ဖြူလုံးလေးဆီက သိထားရတဲ့သတင်းအချက်အလက်အရ လုံဟွာရှိသည်ဆိုသော ပိတ်စဆိုင်ရှိရာသို့  ဦးတည်သွားလိုက်တယ်။
စျေးလမ်းတလျှောက်လဲ အငြိမ်မနေပဲ သူမမျက်စိကျရာဆိုင်များအားဝင်ကာ ကြည့်လိုက်ပြန်ချထားလိုက်နဲ့ပေါ့ ။
အဓိက အရေး​ကြီးတာကိုလုပ်ရမယ်လေ ဒါတွေက နောက်မှ ခိုးထွက်ပြီး လာဝယ်လို့ရတယ် ငှဲငှဲ မင်းတို့ကျဲကျဲအကြံမဆိုးဘူးမလား အချောလေးတို့ ။
တွေ့ပါပြီ သူမရဲ့အပေါင်းအဖော် စရိုက်တူ သခင်မလေးများနဲ့ အတူ အိန္ဒြေကြီး တခွဲသားဖြင့် ဆိုင်ထဲမှာ လိုက်ကြည့်နေလေရဲ့ ။

''  ရှောင်ဖေး  ဒီဆိုင်ဝင်ရအောင် ''

'' သခင်မလေး ဖြစ်ပါ့မလား. ဟိုမှာ အရှင့်သားရဲ့ချစ်သူ လုံသခင်မလေးရှိနေတယ်လေ ''

'' ရှောင်ဖေးရယ် ငါတို့က ပိတ်စ ဝင်ဝယ်မှာလေ.. မဆိုင်တာမတွေးစမ်းပါနဲ့ဟာ လာလိုက်ခဲ့ ''

ရှောင်ဖေး သခင်မလေး စိတ်ထိခိုက်မှာ မမြင်ချင်၍ တားမြစ်သော်လည်း  ပိုင်ဝေ့ရှင်းက ဘာမှမဖြစ်ဟုဆိုကာ ဆိုင်ထဲသို့ ဦးဆောင် ဝင်သွားလေသည်။

''  ကြွပါ သခင်မလေးတို့  ပိတ်စအဆင်ဆန်းလေးတွေ ရောက်နေပါတယ်.. စိတ်ကြိုက်ကြည့်ပါ... လိုအပ်တာ ပြောပါခင်ဗျာ ''

'' ဒီမှာ ပုဒ္ဓမာကြာပန်းကရက်လုပ်ထားတဲ့ ပိတ်စအသားရှိလား.. အာ့တာလိုချင်လို့.. ''

'' ဟုတ်ကဲ့ ရှိပါတယ် သခင်မလေး... ခဏလေးထိုင်စောင့်ပေးပါနော်.. ''

လုံဟွာ  အသံကြားရာသို့ လှည့်ကြည့်လိုက်ပြီး စိတ်တိုသွားသောကြောင့် မျက်ခုံးကျုံသွားမိသည်။
သူမ ဘာလို့ ဒီကိုရောက်လာတာလဲ. သူ့ကြောင့် အကိုဖုန်းက သူ့ကို ဂရုမစိုက်တော့တာ။  ရှီဖုန်းချစ်တာ သူမမှန်း သိအောင် လုပ်ပေးလိုက်ဦးမှပဲ။ 

'' အားရိုးရိုး  ဘယ်ကသခင်မလေးများလဲလို့..  အရှင့်သားရဲ့အမည်ခံဇနီး အမေ့လျော့ခံလေးပါလား..''

'' အား လားလား.....  မိန်းမရှိတာသိရက်နဲ့ ဝင်ပြီးမြူဆွယ်နေတဲ့ မိစ္ဆာမ ကြီးပါလား..''

'''နင်  မိုက်ရိုင်းလှချည်လား..  ငါ့ကို ဘယ်လိုပြောလိုက်တယ်''

'' ရော် မကြာလိုက်ဘူးထင်တယ်.. သူများလင်ကို လိုက်မြူဆွယ်တဲ့မိစ္ဆာမလို့ခေါ်လိုက်တာလေ.. ''

[ သူကများ ငါ့ကို ပမာမခန့်နဲ့ အမည်ခံဇနီးတဲ့... လုပ်ထည့်လိုက်ရ သေတော့မယ်.မျက်နှာမှာလဲ ပြင်ထားလိုက်တာ ငါတို့ခေတ်ဘက်က မသာမိတ်ကပ်ထက်ဆိုးလိုက်တာ ]

''  နင်... အေးပေါ့လေ  အကိုဖုန်းက  ငါ့ကိုချစ်ပြီး ဂရုစိုက်နေတော့လဲ နင်မနာလိုတာမဆန်းပါဘူး.. အခုလဲ အကိုဖုန်းက ပစ်ထားခဲ့လို့  အစေခံမကို ခေါ်ပြီး အပြင်ထွက်လာတာမလား..''

ဖြောင်းးးးး

'' နင် နင် နင် ငါ့ကို ပါးရိုက်တယ်... ''

''ဟုတ်တယ်ရိုက်တယ်  ရှောင်ဖေးကို နင် ဘာမှပြောစရာမလိုဘူး... ငါ့လူကို ထိရင် ဘာဖြစ်မယ်ဆိုတာ သိအောင် ပြတာ ဒါတောင် အကင်းပဲရှိသေးတယ်''

ပိုင်ဝေ့ရှင်း လုံဟွာ ပါးချကာ ရှောင်ဖေးဘက် ကာကွယ်ပြောလိုက်သည်။ ဒီကမ္ဘာမှာ မူလပိုင်ရှင်အတွက်ရော သူမအပေါ်မှာပါ ကောင်းကောင်းမွန်မွန် ဆက်ဆံတာ ရှောင်ဖေးတယောက်ပဲရှိတယ် ။ ဒီတော့ အရင်က ပိုင်ဝေ့ရှင်းက ဘယ်လိုဖြေရှင်းခဲ့ဖြေရှင်း သူမကတော့ သူမရဲ့နည်းလမ်းအတိုင်း ဖြေရှင်းပလိုက်တယ်။

Systemဆီမှ  အသိပေးသံထွက်ပေါ်လာလေသည်။
^ hostရေ ဇာတ်လိုက် တံခါးနားရောက်နေပြီ ^

'' အဟက် ဘာလဲ မကျေနပ်ဘူးလား.. ပြန်ရိုက်ချင်လို့လား စမ်းကြည့်လေ ''

'' ကဲဟယ် ''
''......'''

'' နင်က ရှောင်တယ်လား ''''''နင်ကများ ငါ့ကို ပြန်ပြောရဲတယ်.. အကိုဖုန်းက နင့်လိုအမှိုက်မကို မဆုံးမဘူးထင်တယ် သူရဲ့အနာဂတ်ပဏာမဇနီးဖြစ်မဲ့ငါကပဲ ဆုံးမပေးရမှာပေါ့'' ဟုဆိုကာ လက်ကိုအားကုန်လွှဲ၍ ရိုက်ချပလိုက်တယ် ။

''' ဖြောင်း'''

ပိုင်ဝေ့ရှင်း ပထမရိုက်ချက်အားရှောင်ကာ လုံဟွာ့ဒေါသကို ပိုဆွပေးရင်း  နောက်တချက်ကို မျက်လုံးစုံမှိတ်ခံပလိုက်တယ်။
$$S**t နာလိုက်တာဟ

'''' မိုက်ရိုင်းလိုက်တာ! !!!!!!! '''ဟူသော အသံနက်ကြီးတခု   ဆိုင်အဝင်ဝမှ ဟိန်းထွက်လာလေသည်။

##ဟုတ်ကဲ့ မီးပျက်သွားပါတယ်ခမျာ.. ငိငိ😆
ကိုယ့်အသဲလေးတွေ နေကောင်းကြလား.. နောက်ကျလို့ မီယားနဲ😚😚
အပြင်ခဏသွားနေလို့...
အားပေးကြတဲ့တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော် ဆားရန်းငဲ ကိုယ့်ရဲ့အသဲလေးတွေရေ😘😘❤❤🙆

အများကြီးကြိုးစားရဦးမည့်
DZ
27.12.2020
2:41pm

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Zawgyi

           







'' ဝေ့အာလို့လေ''


''.....''

















System••••  ဈေးထဲက ပိတ်ရောင်းတဲ့ဆိုင်မှာ အစရွေးနေတယ်






'' အရှင့်သား ကျမ  ဈေးထဲခဏဝင်ပြီး ပိတ်စလေးအနည်းငယ်ဝယ်ချင်လို့ လှည်းခဏရပ်ပေးပါလား... အပြန်နောက်မကျစေရပါဘူး.. တံခါး ဘယ်အချိန်ပိတ်လဲ..ပြီး​တော့ ပိုက်ဆံနည်းနည်းလောက်ချေးပါလား..  မနက်က ယူဖို့မေ့သွားလို့ ''




ငဲငဲ  .....


ဈေးလမ်းတလျှောက်လဲ အငြိမ်မနေပဲ သူမမျက်စိကျရာဆိုင်များအားဝင်ကာ ကြည့်လိုက်ပြန်ချထားလိုက်နဲ့ပေါ့ ။
တွေ့ပါပြီ သူမရဲ့အပေါင်းအဖော် စရိုက်တူ သခင်မလေးများနဲ့ အတူ အိန္ဒေကြီး တခွဲသားဖြင့် ဆိုင်ထဲမှာ လိုက်ကြည့်နေလေရဲ့ ။















ဖြောင်းးးးး






'' ကဲဟယ် ''
''......'''

'' နင်က ရှောင်တယ်လား ''''
''' ဖြောင်း'''

$$S**t နာလျိုကျတာဟ


အပြင်ခဏသွားနေလို့...

အများကြီးကြိုးစားရဦးမည့်
DZ
27.12.2020
2:41pm
     

Continue Reading

You'll Also Like

106K 13.7K 54
ရိုးရိုးလေးနဲ့အေးချမ်းစွာနေတတ်သော အိုးရန်မြောင်မြောင်တစ်ယောက် အသစ်ပြောင်းလာသော ကျောင်းသားသစ်လေးတစ်ယောက်ကြောင့် ဘယ်လိုအဆီအငေါ်မတည့်ဖြစ်ပြီး ပြသနာတွေြ...
199K 10.7K 18
*I DO NOT OWN THIS BOOK.* A friend of mine requested me to translate this into Burmese and I'm very new to this type of translation. မူရင်းဝတ္ထုက Chi...
86.7K 11.1K 88
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
1M 185K 100
Title - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL