စာစဥ္ ၉၊ အခန္း ၁။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (1)
ဂူယူရွန္းက ေဆးလိပ္ကိုကစားေနတာရပ္ၿပီး စားပြဲေပၚက ေသတၱာေတြကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ ခ်င္းက်ီအိုက္ကိုၾကည့္လာသည္ ...
သူမပန္းၿခံကိုစေရာက္တည္းက အခုမွ သူမနဲ႔မ်က္ႏွာခ်င္းဆိုင္ျခင္း ။
သူ႔ပုံစံက တည္တည္ၿငိမ္ၿငိမ္ျဖစ္ေနၿပီး ခ်င္းက်ီအိုက္မ်က္ႏွာကိုၾကည့္ၿပီးေနာက္ လည္တိုင္ကိုၾကည့္လာသည္ ...
လည္တိုင္ေဖြးေဖြးထက္
အျဖဴေရာင္စိန္ေသးေသးေလးေတြရွိတဲ့ လည္ဆြဲက
ေနရာယူလို့ .. လည္ဆြဲက ေသးတာမို့
အလင္းေရာင္ေအာက္မွာ မဟုတ္ရင္ျမင္ဖို့မလြယ္ ..။
ဒီလည္ဆြဲက နာမည္ႀကီးတံဆိပ္ထဲက မဟုတ္သလို ဂူယူရွန္းေပးထားတဲ့ လည္ဆြဲနဲ႔လည္း
ဘယ္လိုမွယွဥ္လို့မရနိုင္ ။
“ငါေပးထားတဲ့ လည္ဆြဲကို ဘာလို့မ၀တ္ထားတာလဲ”
ဂူယူရွန္း သူမကို တိုက္ရိုက္ဆိုတဲ့ ပထမဆုံးစကားက ဒီလိုေမးခြန္းျဖစ္လိမ့္မယ္ မထင္ခဲ့တာေၾကာင့္ သူ႔ကို အံ့ၾသၿပီးၾကည့္ေနမိေပမဲ့ ဂူယူရွန္းက ခုဏကထက္ေတာ့ စိတ္ခံစားခ်က္ပိုေကာင္းလာသလိုပါပဲ .....
“ရွင္ေပးတဲ့လည္ဆြဲက ဒီ၀တ္စုံနဲ႔မလိုက္လို့ပါ”
မလိုကႅိဳ့ပါ .. လား ။
သူမကို လက္ေဆာင္ေပးခဲ့တဲ့လူရဲ့ လက္ေဆာင္ကို
သူမနဲ႔မလိုက္ဘူးလို့ ေျပာလိုက္သည္လား ။
ဂူယူရွန္း ေဆးလိပ္ေငြ႕ကို မွုတ္ထုတ္လိုက္ၿပီး ျပာခ်ကာ
ထိုင္ေနရာက ထဖို့ ထိုင္ခုံကို အေနာက္ကို
ေျဖးေျဖးကန္လိုက္သည္ ။
“ရတယ္ ..မင္းအ၀တ္အစားနဲ႔ လိုက္မယ့္ လည္ဆြဲေတြ ငါ့မွာ အမ်ားႀကီးပဲ”
ဂူယူရွန္း သူ႔ကိုစကားလာေျပာခဲ့တဲ့ အကၤ်ီအနက္နဲ႔လူကို တစ္ခ်က္ၾကည့္လိုက္ေတာ့ အဲ့ဒီလူက အမ်ိဳးသမီးတစ္ေယာက္ကိုထပ္ၿပီး ၾကည့္ျပန္သည္ .. ထိုအမ်ိဳးသမီးကေတာ့ ဗူးေတြအမ်ားႀကီးကို တစ္ခုၿပီးတစ္ခုဖြင့္ျပသည္ ...
ဂူယူရွန္း ခ်င္းက်ီအိုက္ကို လက္ေမာင္းကေန ဆြဲၿပီး သူ႔နားကိုဆြဲကပ္သည္ ..ၿပီးေတာ့ စားပြဲေပၚကို
လက္ညိဳးထိုးျပကာ ေျဖးေျဖးခ်င္းေျပာသည္ ..
“မင္းရဲ့၀တ္စုံနဲ႔လိုက္မဲ့ လည္ဆြဲကိုေရြး မေရြးနိုင္ရင္ေတာ့ မင္းေရြးနိုင္တဲ့အထိ သူတို့မင္းနဲ႔အတူရွိေပးလိမ့္မယ္”
ဂူယူရွန္းဆြဲလိုက္တာမို့ ခ်င္းက်ီအိုက္မွာ စားပြဲေပၚကိုေတာင္ လဲက်ေတာ့မလို ယိုင္က်သြားခဲ့တာေၾကာင့္ လူတစ္ေယာက္ က
သူမကို လွမ္းဆြဲလိုက္တာမို့ ေတာ္ေသးသည္ ....
ခ်င္းက်ီအိုက္ မတူတဲ့လည္ဆြဲ အမ်ိဳးအစားေတြကိုၾကည့္မိေတာ့
စိန္ ပုလဲ ေရႊ စတာေတြကို မတူတဲ့ ဒီဇိုင္း မ်ိဳးစုံနဲ႔ပင္ ...။
ပန္းၿခံက အလင္းေရာင္လာထင္ဟပ္ေနတဲ့ လည္ဆြဲမ်ိဳးစုံက
ၾကည့္လို့ အင္မတန္ေကာင္းလွတာအမွန္ ....။
_______________________________________________________
စာစဥ္ ၉၊ အခန္း ၂။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (2)
ေစ်းႀကီးတဲ့လည္ဆြဲေတြကို ေရွ႕ခ်ၿပီး သူမကိုေရြးခိုင္းေနတဲ့
သူမေဘးက ဂူယူရွန္းကို လွည့္ၾကည့္မိသည္ ...
ျပင္သစ္ကေန ျပန္ေရာက္ၿပီးတည္းက
သူ႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ မလုပ္ခဲ့ရပါပဲ
သူမကို ဘာလို့ ဒီည ဒီေနရာကို လာခိုင္းရသည္လဲ ။ လည္ဆြဲေရြးေစခ်င္႐ုံသက္သက္ပဲလား ။
ဂူယူရွန္း ေမးခဲ့တဲ့စကားကိုျပန္ေတြးမိေတာ့ ခ်င္းက်ီအိုက္မ်က္ေမွာင္က်ဳံ႕မိသည္ ..
“ငါေပးထားတဲ့ လည္ဆြဲကို ဘာလို့မ၀တ္ထားတာလဲ” တဲ့ ...
သူေပးထားတဲ့လည္ဆြဲကို မ၀တ္လို့ မေက်မနပ္ျဖစ္ေနတာလား ။ သူေပးထားတာကို မႀကိဳက္ဘူးထင္လို့ ဒီလိုေတြေရြးခိုင္းေနတာလား ။
ခ်င္းက်ီအိုက္ေခါင္းကို အခ်ိန္အေတာ္ၾကာ အလုပ္ေပးၿပီးေနာက္ ရွင္းျပဖို့သာ စဥ္းစားလိုက္ေတာ့သည္ ...
ေတာ္ေတာ္လည္းညဥ့္နက္ေနၿပီး စားပြဲေပၚမွာ လည္ဆြဲေပါင္း အခု ၁၀၀ ေလာက္ရွိေနတယ္ ..ဒီမွာရွိေနတဲ့ ကုမၸဏီ၀န္ထမ္းေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ျပန္လႊတ္ရမည္လား ။
သူမ ႏွုတ္ခမ္းတို့ကို ဖိကိုက္လိုက္ၿပီး ဂူယူရွန္းကို ေအးေအးေဆးေဆးစကားသံနဲ႔ ေျပာလိုက္ေတာ့သည္ ။
“ရွင္ေပးတဲ့လည္ဆြဲက အရမ္းလွေပမဲ့ ဒီေန႔ ၀တ္တဲ့အ၀တ္အစားနဲ႔ သိပ္မလိုက္လို့ .....”
“ဆယ္ခု”
ခ်င္းက်ီအိုက္စကားမဆုံးခင္မွာပဲ
ဂူယူရွန္းကျဖတ္ေျပာၿပီးေနာက္ သူ႔အိတ္ကပ္ထဲက ေဆးလိပ္ကို ထုတ္ၿပီးေတာ့မွ စကားဆက္သည္ ...
“မင္းအ၀တ္အစားနဲ႔လိုက္မဲ့လည္ဆြဲ ၁၀ခုကိုေရြးလို့”
သူမ ရွင္းျပအၿပီးမွ လည္ဆြဲေတြကို ပိုေရြးဖို့ ဘာလို့ေျပာတာလဲ။
ခ်င္းက်ီအိုက္ စကၠန႔္ပိုင္းေလာက္ၿငိမ္သက္အၿပီး ခုဏက သူျဖတ္ေျပာလို့မေျပာလိုက္ရတဲ့ စကားကိုဆက္သည္ ။
“ဒီလိုအ၀တ္အစားမ်ိဳးနဲ႔လည္ဆြဲမ၀တ္...”
“အခု ၂၀ ေရြးကြာ”
ဂူယူရွန္းက သူမကိုစူးစိုက္ၾကည့္ရင္းေျပာကာ ေဆးလိပ္ကိုႏွုတ္ခမ္းေပၚတင္ကာ
ေဆးလိပ္ေငြ႕တို့ကိုမွုတ္ထုတ္သည္ ..
“တျခားအကၤ်ီေျပာင္းလိုက္ရင္ေတာ့....”
“အခု ၅၀”
“ကၽြန္မ..”
ဂူယူရွန္းက ေဆးလိပ္ကိုႏွုတ္ခမ္းေတြၾကားကေနထုတ္ၿပီး ထပ္ၿပီးျဖတ္ေျပာျပန္သည္ ...
“လည္ဆြဲ အခု ၁၀၀ ..မင္းထပ္ၿပီး စကားေျပာရင္ ေနာက္ထပ္
လည္ဆြဲ အခု ၁၀၀ ထပ္ျဖည့္ေပးမယ္”
ခ်င္းက်ီအိုက္ ေျပာခ်င္တဲ့စကားတို့ကို ၿမိဳခ်လိုက္ေတာ့
ဂူယူရွန္းလည္း ထပ္မေျပာေတာ့ပဲ သူမေဘးနားမွာ ေဆးလိပ္ေသာက္ေနသည္ ။
အခ်ိန္တစ္ခုၾကာလာသည္အထိ ခ်င္းက်ီအိုက္ မေရြးနိုင္ေသးတာေၾကာင့္ လူတစ္ေယာက္က သူမကို ကူညီေပးဖို့ဆိုလာသည္ ။
“ကၽြန္ေတာ္ ကူေရြးေပးရမလားခင္ဗ်”
ခ်င္းက်ီအိုက္ ဂူယူရွန္းကို တစ္ခုခုေျပာခ်င္ေနေပမဲ့ သူမကို
လည္ဆြဲေတြ ထပ္ေရြးခိုင္းမည္စိုးတာေၾကာင့္ မေျပာေတာ့ပဲ သူ႔ကိုသာၾကည့္ေနလိုက္သည္ ..
ဂူယူရွန္းက သူမအၾကည့္ေတြကို မျမင္ခ်င္ေယာင္ေဆာင္ေနၿပီး ခဏအၾကာမွာေတာ့ သူမကိုေစာင္းၾကည့္ကာ
ဆိုလာေတာ့သည္ ...
“မင္းဘာလို့ အခုထိ မေရြးေသးတာလဲ”
အဲ့ဒီေနာက္ ဂူယူရွန္းက ေဆးလိပ္ကို လက္ေခ်ာင္းေတြၾကား ညႇပ္ကာ သူမကို ေက်ာ္ၿပီး လမ္းေလၽွာက္သြားသည္ ။
“ေကာင္းၿပီ မင္း အခုမေရြးနိုင္ရင္ မင္းကို ထပ္အခ်ိန္ေပးမယ္ .. ဘယ္လိုပဲျဖစ္ျဖစ္ ဒီည ငါ မင္းနဲ႔အတူ ရွိေနမွာပဲ”
အဲ့ဒီေနာက္ ဂူယူရွန္းက သူ႔လက္ေမာင္းကို သူမပုခုံးေပၚ လာတင္ကာ ...
“အရင္ဆုံး အဓိပၸာယ္ရွိတဲ့အလုပ္ကို သြားလုပ္ၾကရေအာင္”
-------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၃။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း(3)
ဂူယူရွန္းက သူ႔စကားအဆုံးမွာေတာ့ သူမကို အခုသူတို့ရွိေနတဲ့ေနရာနဲ႔ ေ၀းတဲ့ ပန္းၿခံထဲက တစ္ေနရာကို ဆြဲေခၚသြားေတာ့သည္ ...
ဂူယူရွန္းက စက္ဘီးေတြထားထားတဲ့ေနရာကို ထိုးျပၿပီး
ခ်င္းက်ီအိုက္ကို ေမးသည္ ။
“စီးမလား”
သူမ ေခါင္းခါျပေတာ့ ဂူယူရွန္းက အတင္းအၾကပ္မလုပ္ခိုင္းပဲ သူမလက္ေကာက္၀တ္ကို ဆြဲကိုင္ကာ လမ္းေလၽွာက္သည္ ...
ဒီပန္းၿခံက S တကၠသိုလ္နားက ပန္းၿခံထက္ေတာင္ အမ်ားႀကီး ပိုက်ယ္တာမို့ သူတို့စက္ဘီးမစီးပဲ လမ္းေလၽွာက္ခဲ့တာ တစ္နာရီၾကာသြားခဲ့သည္ ။
ဂိတ္နားက ေကာ္ဖီဆိုင္နားကိုျပန္ေရာက္လာေတာ့
ဂူယူရွန္းက လမ္းေလၽွာက္တာကို ရပ္လိုက္ၿပီး
ခ်င္းက်ီအိုက္ကို ေမးသည္ ။
“ငါတို့ ပန္းၿခံတစ္ခုလုံးလည္း ပတ္ၿပီးသြားၿပီ မင္းက
ဘာမွမစီးခ်င္ဘူး ဆိုေတာ့လည္း အင္း...ေကာင္းၿပီေလ မင္းႀကိဳက္ေလာက္မဲ့တစ္ခုေတာ့ရွိတယ္
အဲ့ဒီကိုသြားၾကည့္ရေအာင္”
သူေခၚသြားတဲ့ေနရာက ေစ်းသည္ေတြရွိတဲ့ေနရာ..။ လၽွပ္စစ္ေသနတ္တန္းေတြလည္းရွိသည္ ...
ဒီပုံစံေလးက သူမ S ပန္းၿခံမွာ ကစားခဲ့တဲ့အတိုင္းပင္ .. ေရာင္စုံေဘာလုံးတို့ကို ခ်ိတ္ဆြဲထားၿပီး ေသနတ္နဲ႔ပစ္ၿပီး ကစားရမွာပင္ ..
ဂူယူရွန္းက အဲ့ဒီေနရာကို ဦးတည္ေလၽွာက္သြားၿပီး ခ်င္းက်ီအိုက္လက္ကို တစ္ဖက္ကဆြဲကာ က်န္တစ္ဖက္က
အေရွ႕မွာ တန္းစီခ်ထားတဲ့အ႐ုပ္ေတြကို ထိုးျပေနသည္ ...
“ဘာႀကိဳက္လဲ ေမ်ာက္ .. ေၾကာင္ .. လင္းပိုင္ .. ဒါမွမဟုတ္
ဘဲလား”
ဂူယူရွန္း ယုန္႐ုပ္ကို ထိလိုက္ခ်ိန္မွာေတာ့ ဟိုေကာင္ေလးက သူမအတြက္ ယုန္႐ုပ္ရေအာင္ ယူေပးခဲ့တာကို
သတိရသြားေတာ့ သူ႔ႏွုတ္ခမ္းတို့ ေကာ့တက္သြားၿပီး
ယုန္႐ုပ္ကို ေက်ာ္လိုက္ေတာ့သည္ ..
“ဒါမွမဟုတ္ ေခြး႐ုပ္လား"
ခ်င္းက်ီအိုက္ တစ္ခုခုကို နားလည္သြားသလို ရွိတာေၾကာင့္
ဂူယူရွန္းကို ျပန္မေျဖျဖစ္ခဲ့ ။
ဂူယူရွန္းကေတာ့ သူမရဲ့ တိတ္ဆိတ္ေနမွုကို ၀မ္းနည္းမေနနိုင္ပဲ အ႐ုပ္ေတြကိုသာ ဆြဲယူေန၏ ....
“မင္းမေရြးနိုင္ရင္ အိမ္ကို အကုန္ယူသြားၾကမယ္ေလ”
သူက စကားတေျပာေျပာနဲ႔ပဲ အနီေရာင္ ကစားကတ္တို့ကို ေစ်းသည္ဆီေပးကာ ေသနတ္ယူၿပီး ေဘာလုံးေတြကို မခ်ိန္ပဲ ပစ္လိုက္ေပမဲ့ ပထမပစ္ခ်က္မွာတင္ ေဘာလုံးက
ေပါက္သြားခဲ့သည္ ။
အဲ့ဒီေနာက္ ခ်င္းက်ီအိုက္ ေဘာလုံးေပါက္သံေတြ ဆက္တိုက္ၾကားရၿပီးတဲ့ေနာက္
သူက ေသနတ္ကိုျပန္ခ်လိုက္ကာ ...
“ေငြ”
သူက ဒီေနရာက ထြက္သြားၿပီး တျခား ေနရာတစ္ခုဆီ သြားကာ ေသနတ္ကိုင္သည္ ...
ဂူယူရွန္းေျပာခဲ့တဲ့ “ေငြ” ဆိုတဲ့စကားကို
ေစ်းသည္ေကာင္ေလးက နားမလည္တာေၾကာင့္ ဂူယူရွန္းပစ္ခဲ့တဲ့ေဘာလုံးအေရအတြက္ကို
သြားတြက္လိုက္ေတာ့ သူပစ္ခဲ့တဲ့ေဘာလုံးေတြက မ်ားတာမို့ ေငြေပးရေလာက္တဲ့ အေနအထားပင္ ။
ေစ်းသည္လည္း သူ႔ဆိုင္ထဲက ေငြယူၿပီး ခ်င္းက်ီအိုက္ကို လွမ္းေပးတဲ့အခ်ိန္ ဂူယူရွန္းက ဒုတိယေသနတ္ပစ္တဲ့ေနရာနားမွာ “လင္းပိုင္” လို့ေျပာၿပီး တတိယေနရာကိုေရြ႕သည္ ...
သူေဖာက္နိုင္ခဲ့တဲ့ ေဘာလုံးအေရအတြက္က လင္းပိုင္႐ုပ္ရဖို့ အေနအထားမို့ ထိုသို့ေျပာခဲ့ျခင္းသာ ...ဒါေၾကာင့္
ေစ်းသည္လည္း ခ်င္းက်ီအိုက္ကို လင္းပိုင္အ႐ုပ္ ေပးလိုက္ရျပန္ေတာ့သည္ ...
အဲ့ဒီေနာက္ ဂူယူရွန္းက ခုဏကလိုပင္ “ေခြး” လို့ေျပာၿပီး
၄ ခုေျမာက္ေနရာကို ေရာက္သြားျပန္ေတာ့သည္ ....
----------------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၄။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (4)
“ေၾကာင္ လင္းပိုင္ ဘဲ”
ဆက္တိုက္ေဘာလုံးေတြေဖာက္ၿပီး အ႐ုပ္ေတြ ယူေနတဲ့ ဂူယူရွန္းေၾကာင့္ ဆိုင္ရွင္သည္လည္း အလုပ္မ်ားလွၿပီ ...။
ဂူယူရွန္းက သူတစ္႐ုပ္ရတိုင္း ခ်င္းက်ီအိုက္ကို လာလာေပးသည္ ။ အစပိုင္းမွာေတာ့ ပစ္ရတာ စိတ္၀င္စားစရာေကာင္းေပမဲ့
ေနာက္ပိုင္း သူေျခေထာက္ေတြ နာလာေတာ့သည္ ။
ဂူယူရွန္းက အ႐ုပ္ေတြရဖို့ပဲ အာ႐ုံစိုက္ေနၿပီး သူလိုခ်င္တာကို တစ္ခုမွမလြဲေစခဲ့ ။
ဂူယူရွန္းလို ပစ္တိုင္းမွန္ေနရင္ လုပ္ငန္းရွင္ေတြအတြက္ အဆင္မေျပ ... တကယ္လို သူဆက္ပစ္ေနရင္ သူတို့အရင္းအႏွီးျမဳပ္ေတာ့မည္ ။
ဆိုင္ရွင္လည္း မခံနိုင္ေတာ့ေၾကာင့္ ယုန္႐ုပ္ကို ထားလိုက္ေတာ့သည္ ... ယုန္႐ုပ္ကိုပဲ ခ်န္ခ်န္ထားခဲ့တဲ့ လူက ယုန္႐ုပ္သာရသြားရင္ သူရပ္သြားလိမ့္မယ္ ထင္ထားေၾကာင့္ ဒီလိုစီစဥ္လိုက္ျခင္း ၊
ဒီတႀကိမ္မွာေတာ့ ဂူယူရွန္း ခ်က္ခ်င္းမပစ္ေသးပဲ
ၿငိမ္ေနတာေၾကာင့္ သူရပ္သြားေလာက္ၿပီ ထင္ေနခ်ိန္မွာပဲ
ေသနတ္သံ ၄ ခ်က္ဆက္တိုက္ၾကားလိုက္ရေတာ့သည္ ...
ေနာက္ထပ္ အ႐ုပ္ ၄ ႐ုပ္ထပ္ေပးရဦးမည္လား ...
ဆိုင္ရွင္ေတြးလို့မဆုံးေသးခင္မွာပဲ ဂူယူရွန္းက
ေသနတ္ကိုကိုင္ကာ တစ္ခုခုကို စဥ္းစားေနၿပီးတဲ့ေနာက္ ေနာက္ထပ္ေသနတ္တစ္ခုကို ယူကာ ပစ္ျပန္သည္ ။
ေသနတ္သံနဲ႔ ေဘာလုံးေပါက္သံတို့က ေရာေနၿပီး ေဘာလုံးေပါက္သံတို့ရဲ့အဆုံး အပိုင္းအစေတြ ေပါက္ကြဲသြားပုံက ႏွင္းဖတ္ေတြလိုပင္ ။
အဲ့လိုအခ်ိန္တိုင္း ၾကည့္ရတာလွၿပီး စိတ္လွုပ္ရွားစရာအတိ ။
ဂူယူရွန္းေၾကာင့္ ဆိုင္ရွင္လည္း ေတာ္ေတာ္ေသြးတက္ေနၿပီျဖစ္တာေၾကာင့္
သူဆက္ကစားမွာကို ေၾကာက္ၿပီး ဂူယူရွန္းဆီ ေျပးသြားသည္ ။
ဆိုင္ရွင္ ဘာမွမေျပာရေသးခင္မွာလည္း ၈ ခ်က္ဆက္တိုက္ ပစ္ခ်လိုက္တာမို့ ဆိုင္ရွင္လည္း ခ်င္းက်ီအိုက္ဘက္လွည့္ကာ အထစ္ထစ္အေငါ့ေငါ့ႏွင့္ ...။
“အစ္မေရ...ၾကည့္ပါဦး”
ခ်င္းက်ီအိုက္လည္း မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး ဆိုင္ရွင္ေပးထားခဲ့တဲ့အ႐ုပ္ေတြကို ပစ္ခ်ကာ ဂူယူရွန္းဆီ ေလၽွာက္လာလိုက္သည္ ..
“Happy birthday, little hellraiser!”
သူမ ဂူယူရွန္းအနား အေရာက္မွာ ဆိုင္ရွင္ရဲ့စကားသံကိုၾကားလိုက္ရတာမို့
သူမလွည့္ၾကည့္မိေတာ့ ဂူယူရွန္းက ေဘာလုံးပစ္တာကို စာလုံးေတြေတာင္ ေဖာ္ၿပီးပစ္ခဲ့တာကို ဆိုင္ရွင္က အံ့ၾသေနျခင္း ..။
“လုံး၀လက္ဖ်ားခါေလာက္တဲ့ စပရိုက္စ္ ပဲ”
လည္ဆြဲ ၊ ပန္းၿခံ ၊ ယုန္႐ုပ္ကလြဲရင္ မ်ားျပားလွတဲ့အ႐ုပ္ေတြ ... ၿပီးေတာ့ ေမြးေန႔ဆုေတာင္း ။
စိတ္လွုပ္တရွားေျပာတဲ့ ဆိုင္ရွင္ရဲ့ စကားေၾကာင့္ သူမစိတ္ထဲ ေလေျပေအးေအးေတြ စိမ့္၀င္ေနသလိုပင္ ......။
-------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၅။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (5)
သူမ ခန႔္မွန္းတာ မွန္ခဲ့တာပဲ ....
ဂူယူရွန္းက သူမနဲ႔က်ီယမ္ေတြ႕ခဲ့တာကို သိေနခဲ့တာပင္ ။
သူ ဘယ္လိုသိသြားတာလဲ ။
သူကိုယ္တိုင္ျမင္လိုက္တာလား ဒါမမဟုတ္ .. ခ်င္းက်ီအိုက္ ေတြးရင္း ဂူယူရွန္းပုံေဖာ္ခဲ့တဲ့ စာလုံးေတြကို ေငးၾကည့္ေနမိသည္ ။ ၿပီးေနာက္ သူမ အၾကည့္ေတြကို ဂူယူရွန္းဆီ ပို့လိုက္ရင္း ...
“S တကၠသိုလ္နားက ပန္းၿခံကို ေရာက္ခဲ့လား”
သူမေမးေတာ့ ဂူယူရွန္းက ေခါင္းၿငိမ့္သည္ ... ၿပီးေတာ့
လက္ထဲက ေသနတ္ကိုခ်ကာ သူမဆီ ျပဳံးရင္း ေလၽွာက္လွမ္းလာသည္ .. အျပဳံးဆိုေပမဲ့ အျပဳံးတု ....
“ငါ့ရဲ့ပစ္ခ်က္ေတြဘယ္လိုလဲ မင္းေကာင္ ပစ္ျပတာထက္
သာရဲ့လား ။ မင္းၾကည့္ဖို့ ငါပစ္ျပခဲ့တာေလ”
ဂူယူရွန္းရဲ့ စကားအဆုံး မ်က္ႏွာပ်က္သြားတဲ့ သူမကို
ဂူယူရွန္းက ရီေပမဲ့ သူ႔မ်က္ႏွာမွာ အျပဳံးမရွိပဲ ေအးတိေအးစက္ ...
“မင္းက အဲ့ေကာင္ကို ပိုက္ဆံေပးၿပီး ညစာအတူ စားဖို့ေခၚတယ္ ..ငါေျပာတာမွားေနလားေျဖပါဦးကြ”
ပိုက္ဆံေပးၿပီး ညစာစားတယ္ ။
က်ီယမ္နဲ႔သူမ ညစာအတူစားခဲ့တာ သူဘယ္လိုသိသည္လဲ ။ မဟုတ္မွလြဲေရာ သူ...
“ေနာက္ေယာင္ခံလိုက္ေနတာလား”
ေနာက္ေယာင္ခံသတဲ့လား ။
သူမစိတ္ထဲ သူက အဲ့ေလာက္ထိဆိုးသလား ။
ဘယ္လိုျဖစ္ၿပီး သူက သူမေရွ႕မွာ အဲ့သေလာက္ ေအာက္တန္းက်တဲ့အေနအထား ျဖစ္ေနရသလဲ ။
ဂူယူရွန္း ေဒါသေၾကာင့္ သူမကို ရိုက္မိမွာ စိုးတာေၾကာင့္
သက္ျပင္းခ်ၿပီး သူမကိုမၾကည့္မိေစဖို့ တစ္ဖက္ကို လွည့္လိုက္ေတာ့သည္ ။
“ေပ်ာ္ခဲ့ရတယ္ အခု လည္ဆြဲေရြးဖို့ ျပန္ၾကမလား”
ခ်င္းက်ီအိုက္ေခါင္းထဲ ခ်ာခ်ာလည္ေနဆဲ .. ဂူယူရွန္းက သူမနဲ႔က်ီယမ္အေၾကာင္း ဘယ္လိုသိခဲ့လဲဆိုတာကိုပဲ စဥ္းစားေနမိသည္ .. တကယ္လို့ သူမေနာက္ကို ေနာက္ေယာင္ခံေနခဲ့တာဆိုရင္ ဘယ္အခ်ိန္တည္းကလဲ ။
ရွု၀န္ႏူးနဲ႔ ဖုန္းေျပာၿပီး လ်န္ေဒါ့ကူအ၀တ္အစားေတြအျဖစ္ မင္းကေတာ္ကလပ္ မွာ ၀င္လဲခဲ့တုန္းကေရာ သူသိခဲ့လား ။
သူမေတြးေလ စိတ္ေျခာက္ျခားလာေလျဖစ္တာေၾကာင့္ ဂူယူရွန္းကိုၾကည့္ၿပီး ထပ္ေမးမိျပန္သည္ ။
“ဘယ္အခ်ိန္တည္းက ကၽြန္မကို ေစာင့္ၾကည့္ေနခဲ့တာလဲ”
“ဘယ္အခ်ိန္တည္းကတဲ့လား ။ ငါအဲ့ေလာက္မဆိုးဘူး မင္းကို
ငါက ေစာင့္ၾကည့္ေနတယ္လို့ ထင္ေနတယ္ေပါ့ ။ ငါတို့အိမ္ေထာင္ေရးမွာ မင္းက ဘယ္လိုလုပ္ ငါ့ကိုအျပစ္တင္ေျပာဆိုနိုင္တဲ့ လူျဖစ္သြားရတာလဲ ..မင္း...”
ဂူယူရွန္း စကားေျပာတာကိုရပ္ၿပီး သူမကို မရိုက္မိေစဖို့ကိုပဲ ထိန္းခ်ဳပ္ေနရတာေၾကာင့္ သူ႔ႏွုတ္ခမ္းေထာင့္တို့က မဲ့ခ်င္ခ်င္ ... အဲ့ဒီေနာက္ သူမရဲ့လက္ေကာက္၀တ္ကို ဆြဲကာ ဆိုင္ရွင္ကို လွမ္းေျပာလိုက္သည္ ..
“ဒီအ႐ုပ္ေတြကို အ၀င္၀က ေကာ္ဖီဆိုင္ကို ပို့ေပး”
အဲ့ဒီေနာက္ ဂူယူရွန္း သူမကို ဆြဲကာ ထြက္သြားေတာ့သည္ ..
သူတို့ ေကာ္ဖီဆိုင္ကို ေရာက္ေတာ့ သူက ခ်င္းက်ီအိုက္ကို စားပြဲခုံေရွ႕တြန္းကာ ေအာ္သည္ ။
“အခုေရြး”
ခ်င္းက်ီအိုက္မေရြးေတာ့ ဂူယူရွန္းက မ်က္လုံးတို့ကို မွိတ္ကာ သက္ျပင္းခ်လိုက္ၿပီး...
“မင္း လည္ဆြဲအခု ၁၀၀ ေရြးရင္ အဲ့ေကာင္နဲ႔သြားတာကို ခြင့္လြတ္ေပးမယ္”
---------------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၆။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (6)
ဂူယူရွန္း က်ီယမ္ကို အဲ့ေကာင္ အဲ့ေကာင္နဲ႔ သူမနဲ႔ေဖာက္ျပန္တဲ့လူလို ေျပာဆိုေနတာက ခ်င္းက်ီအိုက္ကို တကယ္ ေဒါသထြက္ေစတာေၾကာင့္ သူမ မ်က္ေမွာင္က်ဳံ႕ကာ က်ီယမ္ကို ကာကြယ္ေပးမိသည္ ။
“သူ႔ကို အဲ့ေကာင္ လို့မေခၚနဲ႔ ၿပီးေတာ့ သူက ကၽြန္မနဲ႔တြဲေနတဲ့ေကာင္ေလးလည္း မဟုတ္ဘူး
ရွင္ထင္ေနတာေတြ ဘာတစ္ခုမွ မဟုတ္ဘူး သူက....”
႐ုတ္တရက္ သူမက လ်န္ေဒါ့ကူဆိုတာကို
သတိရမိသြားတာေၾကာင့္ စကားတို့ကို ရပ္လိုက္ေတာ့သည္ .. က်ီယမ္က သူမေမာင္ေလးဆိုတာကို ေျပာလို့မျဖစ္ ၊
“သူက ..သူငယ္ခ်င္းပါ”
သူငယ္ခ်င္း .. ။ သူငယ္ခ်င္းေတြက ဒီေလာက္ေရာသလား ။ တစ္ဆိတ္...ဒီမိန္းကေလးက သူ႔ကိုအ႐ူးထင္ေနသည္လား ။
ဂူယူရွန္းအတြက္ေတာ့ ဒါေတြက ရွင္းျပတဲ့စကားမဟုတ္ ၊
အဲ့ေကာင္ကို ကာကြယ္ေနတဲ့စကားေတြသာ ျဖစ္တာမို့
ဂူယူရွန္း ထိန္းခ်ဳပ္ထားခဲ့တဲ့ေဒါသတို့က အျမင့္ဆုံး
ေရာက္ေနေလၿပီ ။ သူ မလုပ္ခ်င္ဆုံး မိန္းကေလးကို ရိုက္မိမွာကို
သူ တအားေၾကာက္ေနမိတာေၾကာင့္ တစ္ခါမွ မထိန္းခ်ဳပ္ခဲ့ဖူးတဲ့ ေဒါသတို့ကို ခ်ိဳးႏွိမ္ကာ သူမေရွ႕ကထြက္သြားလိုက္သည္ .. ၿပီးေတာ့ စားပြဲေရွ႕ကို ေရာက္လာၿပီး လည္ဆြဲတစ္ခုၿပီးတစ္ခုကို ေရြးေနေတာ့သည္ ..
ဂူယူရွန္းရဲ့အက်င့္ကို သူမ တကယ္ နားမလည္နိုင္ေတာ့ ...
သူမ က်ီယမ္နဲ႔ေတြ႕တာနဲ႔ သူအခုလုပ္ေနတဲ့အရာေတြ
ဘာပတ္သက္လဲ သူမတကယ္ မေတြးတတ္ ။
သူက လ်န္ေဒါ့ကူကို သေဘာမက်ခဲ့ဘူးဆိုေပမဲ့ အခုသူ႔အျပဳအမူေတြက သ၀န္တိုေနတာပင္ ။
သူ႔စကားေတြအရ သူမကို ေနာက္ေယာင္လိုက္ခဲ့သည္ကေတာ့ မဟုတ္ ...ျဖစ္နိုင္ေခ်ႏွစ္ခုမွာ တစ္ခုကေတာ့
တစ္ေယာက္ေယာက္က သူ႔ကို ေျပာလိုက္တာပင္ ..
ဒါမွမဟုတ္ သူကိုယ္တိုင္မထင္မွတ္ပဲ ျမင္လိုက္တာ။
သူသ၀န္တိုတာျဖစ္ခ်င္မွသာ ျဖစ္နိုင္မည္ ..
သူ႔သူငယ္ခ်င္းေရွ႕မွာ သူမနဲ႔က်ီယမ္ကို တြဲေတြ႕လိုက္ရတာမို့ ရွက္တာလည္းျဖစ္လိမ့္မည္ ..အဲ့ဒါေၾကာင့္ သူမကို အျပစ္ေပးေနျခင္း ။
ခ်င္းက်ီအိုက္အေနနဲ႔သာဆို ရွင္းျပဖို့ လြယ္ကူတဲ့ကိစၥျဖစ္ေပမဲ့ အခုသူမက လ်န္ေဒါ့ကူ ..
ဒါေၾကာင့္ ဘယ္လိုမွ ရွင္းျပလို့မျဖစ္နိုင္ ....
ဒါေပမဲ့လည္း သူမ တစ္ခုခုကိုေတာ့ ရွင္းျပရမည္ ။
“သူက ကၽြန္မအတြက္ အေရးႀကီးတဲ့သူငယ္ခ်င္းပါ ...
သူငယ္ခ်င္းပါပဲ တျခားဘာကိစၥမွမရွိဘူး ....”
သူမစကားကိုၾကားတဲ့ဂူယူရွန္းက စကၠန႔္ပိုင္းေလာက္
ပုလဲဆြဲႀကိဳးကို ကိုင္ေနတဲ့လက္တို့ ရပ္တန႔္သြားၿပီးေနာက္
ျပန္ခ်ကာ စိန္လည္ဆြဲကို ကိုင္ၾကည့္ေနသည္ ။
“ကၽြန္မတို့ေတြ႕ခဲ့တာက သူငယ္ခ်င္းေတြေတြ႕ၾကတဲ့ပုံစံလိုပါပဲ လြန္ခဲ့တဲ့ရက္က ကၽြန္မေမြးေန႔မို့လို့ သူက လက္ေဆာင္ေပးခဲ့တာမို့ ...တျခားဘာကိစၥမွမရွိခဲ့ဘူး”
ကၽြန္မတို့ .. ။ ကၽြန္မတို့လို့ သူ႔ေရွ႕မွာ သုံးႏွုန္းေနသည္လား ။
ဂူယူရွန္းက သူမအတြက္ လည္ဆြဲေရြးေပးခ်င္႐ုံ ... ေရြးၿပီးရင္ သူမကိုျပန္ခြင့္ျပဳဖို့စဥ္းစားထားခဲ့ၿပီးသားေပမဲ့ ဘာလို့မ်ား
ကၽ်ႏၼတို့ လို့သုံးခဲ့သလဲ ။
စိန္လည္ဆြဲကို ကိုင္ထားတဲ့ ဂူယူရွန္းလက္တို့က ကၽြန္မတို့ ဆိုတဲ့ အသုံးႏွုန္းေအာက္မွာ မသိမသာတုန္ရီေနခဲ့သည္ ...
ဒါေပမဲ့ ခ်င္းက်ီအိုက္ က သူနဲ႔ကၽြန္မဆိုတာကို ထပ္ထပ္ၿပီးသုံးေနတာေၾကာင့္ လည္ဆြဲကို ေျမႀကီးေပၚပစ္ခ်ၿပီး ခ်င္းက်ီအိုက္ကို ၾကည့္ကာ ေအာ္လိုက္မိေတာ့သည္ ...
“ပါးစပ္ပိတ္ထား မင္းတို့ၾကားကကိစၥကို ငါ မသိခ်င္ဘူး”
-------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၇။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (7)
ဂူယူရွန္းရဲ့ေအာ္သံေၾကာင့္ ခ်င္းက်ီအိုက္ ေၾကာက္စိတ္နဲ႔ တုန္ရီေနမိတာေၾကာင့္ သူမ ၿငိမ္သက္သြားမိသည္ ..
ဂူယူရွန္းက သူမရဲ့လည္တိုင္ကို အမဲျဖတ္ေတာ့မလို မီးဟုန္းဟုန္းေတာက္ေနတဲ့ မ်က္လုံးနဲ႔ ၾကည့္သည္ ။
သူ႔အၾကည့္ေတြက ေၾကာက္စရာေကာင္းလွၿပီး သူမလည္တိုင္ထက္က ဆြဲႀကိဳး အေသးေလးကို ဖ်က္ဆီးပစ္ေတာ့မလိုပင္ ထင္ရတာေၾကာင့္ သူမလည္တိုင္ကို အုပ္ကိုင္ထားလိုက္မိသည္ ..
သူမက ဖ်က္ဆီးမည္ ထင္ေနသည္လား ။
သူက ဆြဲႀကိဳးကိုၾကည့္႐ုံေပမဲ့ သူမက ဘာလို့
အုပ္ကိုင္ထားသည္နည္း ။
ခ်င္းက်ီအိုက္နဲ႔ သူမတို့ရဲ့ပန္းၿခံထဲကပုံရိပ္က
ဂူယူရွန္းမ်က္လုံးထဲ ႐ုပ္ရွင္တစ္ကားသဖြယ္ ။
သူမက အဲ့ဒီလူနဲ႔သိပ္ရင္းႏွီးၿပီး အဲ့ဒီလူကိုေတာ့ ေႏြးေထြးတဲ့အျပဳံးေတြေပးသည္ ။
သူေဘာလုံးေတြကို ေဖာက္ခြဲၿပီး သူမအတြက္ အ႐ုပ္ေတြအမ်ားႀကီး ယူေပးခဲ့ေပမဲ့ အဲ့ဒီလူ သူမအတြက္ ယုန္႐ုပ္ေပးခဲ့တုန္းကလို အျပဳံးေလးတပြင့္ သူ႔ေရွ႕မေပၚခဲ့ ၊
ဒီလည္ဆြဲေတြအတြက္ သူပိုက္ဆံေတြ အမ်ားႀကီးသုံးၿပီး
သူမဆီက အာ႐ုံစိုက္မွုရယူဖို့ ႀကိဳးစားခဲ့ေပမဲ့ ဒီလည္ဆြဲေတြက သူမလည္တိုင္က အေပါစားဆြဲႀကိဳးေလးေလာက္ အေလးထားျခင္းမခံရ ...။
ေကာင္းၿပီ...သူမ ထင္သလို အဲ့ဒီအေပါစားဆြဲႀကိဳးကို ဖ်က္ဆီးေပးရမည္ ...
သူမကာကြယ္ေနတဲ့ ဆြဲႀကိဳးကို စူးစိုက္ၾကည့္ၿပီး သူမဆီေလၽွာက္သြားလိုက္ေတာ့ သူမမ်က္လုံးထဲက ေၾကာက္စိတ္ေတြက အထင္းသား ။
ဂူယူရွန္း သူမဆီတိုးကပ္လာေလ သူမက အေနာက္ကိုဆုတ္ေလ ျဖစ္ေနတာက သူ႔ေဒါသကိုဆြေနသလို ... သူမပခုံးတို့ကို အၾကမ္းပတမ္းဆုပ္ကိုင္လိုက္ၿပီး သူ႔ေရွ႕မွာ ရွိေစလိုက္ကာ လည္တိုင္ထက္က သူမလက္တို့ကို ဖယ္ၿပီး ဂူယူရွန္း အေပါစားဆြဲႀကိဳးကို ဆြဲဖ်က္ကာ လႊင့္ပစ္လိုက္ေတာ့သည္ ..
ဂူယူရွန္းရဲ့ အျပဳအမူေၾကာင့္ ေဘးမွာရွိေနတဲ့ လူေတြက အသံတစ္စုံတစ္ရာပင္ မထြက္လာရဲ ၊ လုဘန္ခ်န္းနဲ႔အိမ္အကူေတာင္ သူတို့နဲ႔ မနီးမေ၀းအေနအထားကေန မတ္တပ္ထရပ္လိုက္ၾကသည္ ၊
ပတ္၀န္းက်င္တစ္ခုလုံး တိတ္ဆိတ္ေနၾကၿပီး
ခ်င္းက်ီအိုက္ကေတာ့ ဂူယူရွန္းရဲ့မ်က္လုံးေတြကို စိုက္ၾကည့္ေနသည္ .. သူမမ်က္လုံးတို့က ေဒါသနဲ႔ခံျပင္းစိတ္ေၾကာင့္ နီရဲကာ စိုလို့ေနသည္ ...
ၿပီးေတာ့ သူမအသံတို့ကလည္း တုန္တုန္ရီရီ။
“ထပ္ေျပာမယ္ ..သူက ကၽြန္မရဲ့သူငယ္ခ်င္း .. ရွင္ထင္သလိုမဟုတ္ဘူး”
သူမ ဆုပ္ကိုင္ခံထားရတဲ့ လက္ေကာက္၀တ္ကို
အားနဲ႔႐ုန္းဖယ္လိုက္ၿပီး ေရပန္းဆီ ေျပးသြားလိုက္ေတာ့သည္...
ေရပန္းကေရေတြက အနည္းငယ္ညစ္ပတ္ေနၿပီး
ေအာက္ေျခမွာ ေရညႇိေတြက ေနရာယူထားသည္ ။
ေရေတြ ဘယ္ေလာက္ညစ္ပတ္ေနတယ္ ဆိုတာကို မသိသလို
သူမက ဖိနပ္ကိုခၽြတ္ကာ ေရေတြထဲဆင္းသြားၿပီး
ေရထဲမွာဆြဲႀကိဳးကို လိုက္ရွာေနေတာ့သည္ ..
ဒီဆြဲႀကိဳးေလးက သူမ ပဲရစ္မွာ ရခဲ့တဲ့ေမြးေန႔ဆုေတာင္းအျပင္ တစ္ခုတည္းေသာ ေမြးေန႔လက္ေဆာင္ ၊
ဂူယူရွန္းအတြက္ ေစ်းေပါတဲ့ ဆြဲႀကိဳးဆိုေပမဲ့
က်ီယမ္အတြက္ေတာ့ ဒီဆြဲႀကိဳးေလးကို ၀ယ္ဖို့ ၂ လေတာင္ ပိုက္ဆံစုခဲ့ရတာ .....
---------------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၈။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (8)
က်ီယမ္ သူမကို ဒီလက္ေဆာင္ေလး ေပးခဲ့တဲ့ညေနက
စိတ္လွုပ္ရွားမွုနဲ႔ ၾကည္ႏူးမွုကို သူမ မေမ့နိုင္ ၊ ၿပီးေတာ့
သူမကို ဒီဆြဲႀကိဳး သူဆြဲေပးစဥ္က ျမင္ေနခဲ့ရတဲ့ က်ီယမ္ရဲ့ စိတ္လွုပ္ရွားေနမွုကိုလည္း သူမ ဒီလိုနည္းနဲ႔ အေပ်ာက္မခံနိုင္ ။
သူေပးထားတဲ့ ဆြဲႀကိဳးေလးကို သူမ ၀တ္ရၿပီး အခ်ိန္ပိုင္းမွာပဲ ေပ်ာက္သြားတာသိရင္ သူ၀မ္းနည္းေနလိမ့္မည္ ။
ခ်င္းက်ီအိုက္ေတြးေလ မ်က္ရည္တို့နဲ႔ေ၀၀ါးလာေလ... ေရပန္းရဲ့ေအာက္ေျခက အရမ္းညစ္ပတ္ေနၿပီး အႀကိမ္ေပါင္းမ်ားစြာ ရွာေနခဲ့ေပမဲ့ သူမ ရွာေတြခဲ့တာက အမွိုက္ေတြခ်ည္းသာ ။
ဂူယူရွန္းကေတာ့ ခ်င္းက်ီအိုက္လည္တိုင္ကေန ဆြဲႀကိဳးကိုျဖဳတ္ခဲ့မိတဲ့ သူ႔လက္ကိုသာ သူငုံ႔ၾကည့္ေနမိေတာ့သည္ ...။
အနားမွာ ရွိေနတဲ့လူေတြကလည္း သူ႔အျပဳအမူေၾကာင့္
အံ့ၾသေနၾကၿပီး ဘာလွုပ္ရွားမွုက မလုပ္ခဲ့ၾက ...
ခဏအၾကာမွာေတာ့ လုဘန္ခ်န္းက ထိုင္ခုံကို ကန္လိုက္ၿပီး ဂူယူရွန္းဆီေလၽွာက္လာကာ “အစ္ကိုရွန္း” လို့ေခၚမွ ဂူယူရွန္းအသိစိတ္၀င္လာလို တုန္သြားခဲ့ေတာ့သည္ ...
သူ လုဘန္ခ်န္းကို တစ္ခ်က္လွည့္ၾကည့္ၿပီးေတာ့
ေရပန္းဆီကို ေငးသည္..
သူ လည္ဆြဲကို လႊင့္ပစ္လိုက္တုန္းက သူမက ေခါင္းငုံ႔ကာ ၿငိမ္သက္ေနၿပီးေနာက္ သူ႔ကိုေမာ့ၾကည့္လာတဲ့ သူမအၾကည့္တို့က သူ႔ရင္ထဲစူးသည္ ။
ဒီမ်က္၀န္းေတြထဲမွာ ရြံရွာစိတ္ပ်က္မွု တစ္စုံတစ္ရာပါ၀င္ေနသလား ။
ဂူယူရွန္း ႐ုတ္တရက္ ေၾကာက္လာမိသည္ ..
သူမကို တျခားေယာက်္ားနဲ႔တြဲျမင္ရတာထက္ သူ႔ကို
စိတ္ပ်က္စရာလူလို့ ျမင္သြားမွာကို သူပိုေၾကာက္ေနမိသည္ ...
လုဘန္ခ်န္းရဲ့ေျပာစကားကို မေစာင့္ေတာ့ပဲ ဂူယူရွန္း
ေရပန္းဆီ ေျပးသြားမိေတာ့သည္ .. ဖိနပ္ေတြကိုေတာင္
မခၽြတ္ပဲ ေရထဲဆင္းကာ သူမလက္ေမာင္းကို ဆြဲကိုင္ေတာ့
သူမက ဂူယူရွန္းရင္ဘတ္ကို တြန္းသည္ ။
“မထိနဲ႔”
သူမလက္တို့က ရႊံ့တို့နဲ႔ ေပေနခဲ့တာမို့ ဂူယူရွန္းအကၤ်ီအျဖဴကလည္း အညိဳေရာင္အျဖစ္ ေျပာင္းလို့ ညစ္ပတ္သြားခဲ့ေတာ့သည္ ..
ဒါ့အျပင္ သူမသည္ ေဒါသေၾကာင့္ အားအင္အျပည့္နဲ႔
တြန္းလိုက္တာမို့ ဂူယူရွန္းေခ်ာၿပီး ယိုင္သြားခဲ့ေသးေပမဲ့
သူမကေတာ့ သူ႔ကို တစ္ခ်က္လွည့္မၾကည့္ပဲ ဆက္ရွာေနခဲ့တာ....
ေရက သိပ္မနက္ပဲ သူမဒူးေလာက္ပဲ ရွိေပမဲ့ ေအာက္ပိုင္းတစ္ခုလုံးကေတာ့ ရြဲရြဲစိုလို့ပင္ ၊
ဆက္ရွာေနရင္ သူမ အေအးမိလိမ့္မည္ ။
ဂူယူရွန္း မ်က္ေမွာင္ၾကဳံ႕လိုက္မိကာ သူမလက္ေကာက္၀တ္ကို ထပ္ဆြဲၿပီး ထိုေနရာကေန ထြက္လာလိုက္သည္ ..
ေျမႀကီးေပၚျပန္ေရာက္တဲ့အခါမွာေတာ့ သူမက ႐ုန္းၿပီး ေရထဲျပန္ဆင္းေျပးတာေၾကာင့္ သူမကိုလွမ္းဆြဲထားရသည္ ။
“လႊတ္ေပး လႊတ္ေပးလို့”
အားအျပည့္နဲ႔ ႐ုန္းကန္ေနတဲ့ သူမက ဂူယူရွန္းအားကိုေတာ့ မယွဥ္နိုင္တာေၾကာင့္ ႐ုန္းမရတာေၾကာင့္
ပိုေဒါသထြက္လာၿပီး ဂူယူရွန္း လက္ေမာင္းကို ကုန္းကိုက္လိုက္ေတာ့သည္ ..
နာက်င္မွုေၾကာင့္ ဂူယူရွန္း မ်က္ေမွာင္ၾကဳံ႕လိုက္ေပမဲ့
သူ မဖယ္မိ...။ သူမကို သြားခြင့္မျပဳနိုင္တာေၾကာင့္
အကိုက္ခံရင္းကာ ၿငိမ္ေနလိုက္ေတာ့သည္ ..
ေသြးအရသာခံစားလာရတဲ့ ခ်င္းက်ီအိုက္ကေတာ့
ေနာက္ဆုံးမွာ လႊတ္ေပးလိုက္ေတာ့သည္ ..
-------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၉။ အာ႐ုံစိုက္ခံရမွုအတြက္ တိုက္ခိုက္ျခင္း (9)
သူမကိုက္ထားတာေၾကာင့္ ေသြးထြက္ေနတဲ့ ဒဏ္ရာကို
ဂူယူရွန္းက မၾကည့္ပဲ အိမ္အကူဘက္လွည့္ကာ တည္တည္ၿငိမ္ၿငိမ္ႏွင့္ပင္ .
“သူ႔ကို အိမ္ေခၚသြားေပး”
ဂူယူရွန္းအမိန႔္ကို ၾကားတဲ့ အိမ္အကူက ေျပးလာၿပီး ခ်င္းက်ီအိုက္လက္တို့ကို ကိုင္ကာ...
“မိန္းကေလး ေနာက္က်ေနၿပီ အိမ္ျပန္ရေအာင္ေနာ္”
ခ်င္းက်ီအိုက္က မတုန္မလွုပ္ျဖစ္ေနတာေၾကာင့္
အိမ္အကူလည္း ဂူယူရွန္းကိုၾကည့္လိုက္မိေတာ့ ..
“အိမ္ျပန္ေတာ့”
ဂူယူရွန္းအေျပာကိုလည္း ခ်င္းက်ီအိုက္က ဂ႐ုမစိုက္ပဲ အိမ္ျပန္မည့္ပုံမေပၚ ။ လုဘန္ခ်န္းလည္း သူတို့ထပ္ၿပီး
ရန္ျဖစ္ၾကမွာကို စိုးရိမ္ေနတာေၾကာင့္ သူမနား တိုးကပ္လိုက္ၿပီး စကားေျပာလိုက္ေတာ့သည္ ။
“ကၽြန္ေတာ္ ရွာေပးမွာမို့ အခုေတာ့ အိမ္ျပန္လိုက္ေနာ္”
အဲ့ဒီေနာက္ လုဘန္ခ်န္းလည္း အိမ္အကူကို လွမ္းၾကည့္ကာ ေခၚသြားေတာ့ဖို့ အခ်က္ျပလိုက္တာမို့ အိမ္အကူက သူမလက္ေမာင္းကိုဆြဲကာ ေခၚသြားေတာ့သည္ .. ၿပီးေတာ့ သူတို့ကားက ေမာင္းထြက္သြားေတာ့တာေၾကာင့္ ပန္းၿခံက ပိုလို့တိတ္ဆိတ္သြားခဲ့ေတာ့သည္ ။
လုဘန္ခ်န္းလည္း ဂူယူရွန္းလက္ေမာင္း က ဒဏ္ရာကို ေငးၾကည့္မိေတာ့ သူမ တကယ္ပဲ ကိုက္သြားခဲ့တာမို့ လက္ကေသြးပင္စို့ေနေလၿပီ ။
လုဘန္ခ်န္းၾကည့္႐ုံနဲ႔ သူပါ နာလာသလိုျဖစ္တာေၾကာင့္
ဂူယူရွန္းကို စကားစလိုက္ေတာ့သည္ ။
“ေရွာင္၀မ္ကို ေခၚလိုက္ရမလား အစ္ကို့ကို ဆရာ၀န္ဆီ
ေခၚသြားေပးဖို့”
ဂူယူရွန္းက ဘာမွျပန္မေျပာပဲ ေရပန္းဆီကိုသာ ၾကည့္ေနမိၿပီး ခဏအၾကာမွာေတာ့ စကားသံထြက္လာေတာ့သည္ ။
“သူတို့ကို သြားေတာ့ဖို့ေျပာလိုက္”
သူတို့ဆိုတာ လက္၀တ္ရတနာဆိုင္က ၀န္ထမ္းေတြကို ရည္ရြယ္မွန္းသိတဲ့ လုဘန္ခ်န္းက သူ႔ေဘးက ထြက္သြားၿပီး ၀န္ထမ္းေတြကို သြားေျပာရသည္ ။
အဲ့ဒီေနာက္ ဂူယူရွန္းဆီျပန္လာေတာ့ ဂူယူရွန္းက မရွိေတာ့ ။
လုဘန္ခ်န္း မ်က္ခုံးတို့ကို တြန႔္ခ်ိဳးကာ ရွာမိေတာ့
ေရပန္းနားမွာ အရိပ္ေတြ႕ေတာ့သည္ ..
အဲ့ဒီအရိပ္က တစ္ခုခုကို ကုန္းရွာေနပုံပင္ ..
လုဘန္ခ်န္း ေသခ်ာၾကည့္မိေတာ့ ဂူယူရွန္းပင္ ။
လုဘန္ခ်န္း အံ့ၾသသြားမိေပမဲ့ အေျခအေနေတြကို
နားလည္သြားတာမို့ ဂူယူရွန္းနား သြားကာ ကူရွာေပးဖို့
ေျပာေပမဲ့ သူကလက္မခံ ။
ဒါေၾကာင့္ လုဘန္ခ်န္းလည္း သူ႔ကို ေစာင့္ၾကည့္ေနရတာမို့ ဒီညအိပ္ရမည္မထင္ေတာ့ ။
ဂူယူရွန္းသည္လည္း တစ္ညလုံးမအိပ္ပဲ ရႊံေတြတကိုယ္လုံး ေပက်ံၿပီးတဲ့ေနာက္ ေနထြက္လာခဲ့ေတာ့သည္ ...
လုဘန္ခ်န္းလည္း မအိပ္ခဲ့ရပဲ ဂူယူရွန္းဆီက အသံတစ္ခုခုၾကားလိုက္ရခ်ိန္မွာေတာ့ မ်က္လုံးတို့ကို ဖြင့္ကာ အိပ္ငိုက္ေနတဲ့အသံႏွင့္ ထေမးသည္ ။
“ရွာေတြ႕ၿပီလား”
ဂူယူရွန္းက ျပန္မေျပာပဲ ကားေသာ့ကို ထုတ္ကာ ပန္းၿခံထဲက ထြက္သြားေတာ့ လုဘန္ခ်န္းလည္း လိုက္သြားၿပီး ထပ္ေမးမလို့ျပင္တုန္းမွာပဲ သူ႔လက္ထဲက
အလင္းေရာင္မွိန္ပ်ပ်နဲ႔ လက္ေနတဲ့အရာကို ျမင္လိုက္ရေတာ့သည္...ပါးၿပီး ညစ္ပတ္ေနတဲ့ ဆြဲႀကိဳးေလးပင္ ။
ကားကိုေတာ့ လုဘန္ခ်န္းေမာင္းခဲ့ၿပီး ဂူယူရွန္းကို
ကားေမာင္းရင္း တစ္ခ်က္ၾကည့္မိေတာ့
ညစ္ပတ္လြန္းေနတာမို့ သူကပဲ ကားထဲက တိတ္ဆိတ္မွုကို ၿဖိဳခြင္းလိုက္ေတာ့သည္ ။
“ဟိုတယ္ကို အရင္သြားၿပီး ေရခ်ိဳးအ၀တ္အစား လဲလိုက္ရင္ မေကာင္းဘူးလား”
-----------------------------------------------------------------------
စာစဥ္ ၉၊ အခန္း ၁၀ ။ အာ႐ုံစိတ္မွုခံရဖို့ ရယူျခင္း (10)
ကားထဲဝင္လာကတည္းက ဂူယူရွန္း တိတ္ေနၿပီး မ်က္စိမွိတ္ထားခဲ့တာ။ ဒီလိုစကားေတြလဲ ၾကားၿပီးေရာ မ်က္စိပြင့္လာကာ "ေကာင္းၿပီ"လို့ ေျပာၿပီး ကားထဲတစ္ခါ ျပန္တိတ္ဆိတ္သြားသည္ ။
လုဘန္ခ်န္းလည္း ကားေမာင္းေနရင္းကေန ဂူယူရွန္းကို လွမ္းၾကည့္လိုက္မိေတာ့ သူရလာတဲ့ လည္ဆြဲကိုပဲ
ဆက္ၾကည့္ေနေလရဲ့ ။
…
လုဘန္ခ်န္း ေဟာ္တယ္အဝင္ေကာင္တာမွာ သူတို့ႏွစ္ေယာက္အတြက္ အဝတ္အစားပို့ေပးဖို့ ေျပာခဲ့ကာ သူနဲ႔ေတာ္မယ့္တစ္ထည္ကို ယူၿပီး ေရခ်ိဳးခန္းထဲကို ဝင္သြားလိုက္သည္ ။
တစ္ညလုံး ေကာင္းေကာင္း အနားမယူခဲ့ရေသးတာမို့
လုဘန္ခ်န္း ေရေႏြးနဲ႔အၾကာႀကီး ခ်ိဳးေနလိုက္ၿပီးေနာက္
ထြက္လာကာ တာဝါနဲ႔ေခါင္းေျခာက္ေအာင္ သုတ္ၿပီး
အိပ္ခန္းတံခါးကို သြားတံခါးေခါက္လိုက္သည္ ။
"အစ္ကိုရွန္း"
ဘယ္သူမွ ျပန္မေျပာခဲ့ ။
လုဘန္ခ်န္းက တံခါးဆက္ေခါက္ေနေပမယ့္ ျပန္မေျဖတာေၾကာင့္ အခန္းေလာ့္ခ္ကလည္း မခ်ထားတာနဲ႔ ဝင္သြားလိုက္ရာ အခန္းထဲဘယ္သူမွ ရွိမေန ။
ဂူယူရွန္း ရွိမေနဘဲ သူ႔ရဲ့ ေပေရေနတဲ့အဝတ္စားေတြက
အမွိုက္ပုံးထဲ ေရာက္ေနကာ ေရခ်ိဳးတပက္သာ ခုတင္ေပၚမွာ တင္က်န္ေနသည္ ။ ေရခ်ိဳး အဝတ္စားလဲၿပီး ထြက္သြားခဲ့ပုံပင္ ။ ကားေသာ့က်န္ေနခဲ့တာေၾကာင့္ သူ႔ကားမယူသြားဘူးေပါ့ ။
ဒါဆို သူသြားနိုင္မယ့္ေနရာက...
ဆံပင္ေတြသုတ္လိုက္ၿပီး အခန္းေသာ့ယူကာ ထြက္လာခဲ့လိုက္သည္ ။
သူတို့ေနတာက အေပၚဆုံးထပ္မို့ ဓာတ္ေလွကား မစီးေနေတာ့ပဲ ထြက္ေပါက္ကေနပဲ ေခါင္မိုးေပၚထိ တက္ခဲ့လိုက္သည္ ။
လုပန္ခ်ိန္ ထင္ထားသည့္အတိုင္းပင္ ေခါင္းမိုးထပ္တံခါးက ပြင့္ေနၿပီး ဂူယူရွန္းက အဲ့ဒီမွာရွိေနေလသည္ ။
မတ္တပ္ရပ္ေနၿပီး စီးကရက္တစ္လိပ္ကို ကိုင္ကာ ေနထြက္ရာအေရွ႕အရပ္ကို မ်က္ႏွာမူထားေလ၏ ။
ကိုယ္ေပၚကို ေနေရာင္ေတြက ထိုးက်ေနေလသည္ ။ ျမင္ေနရတဲ့ျမင္းကြင္းက လက္ရာေျပာင္ေျမာက္သည့္ အဖိုးအိုတစ္ေယာက္ ပန္းခ်ီေဆးျခယ္ထားသည့္ အလား ။
ဂူယူရွန္းသည္ အထီးက်န္ေနသည့္ လူတစ္ေယာက္လို
တိတ္ဆိတ္ကာ မ်က္နာထက္ ဘာခံစားခ်က္ပင္ မရွိ ။
အစက ဟိုတယ္မွာ မနက္စာစားဖို့ လာေခၚတာျဖစ္ေပမယ့္ သူ႔ရဲ့ပုံစံကိုၾကည့္ၿပီး မေႏွာင့္ယွက္ခ်င္ေတာ့ ။
ေခါင္မိုးထပ္မွာ တိတ္ဆိတ္ေနၿပီး အ႐ုဏ္ဦး ေလညႇင္းေလးေတြပဲ တိုက္ခတ္ေနသည္ ။
ခနေနေတာ့ ေဆးလိပ္ေငြ႕ရွူထုတ္ၿပီး လက္ထဲ စီးကရက္ညႇပ္ကာ ျပန္လွည့္လာသည္ ။
လုဘန္ခ်န္းကို နဲနဲလန႔္သြားပုံက သူ႔အေနာက္မွာ အျခားသူတစ္ေယာက္ ေရာက္ေနလိမ့္မယ္လို့ မထင္ထားမိတဲ့ပုံ ။
လုဘန္ခ်န္း ျပဳံးျပၿပီး အရင္စေျပာလိုက္သည္ ။
"ေအာင္ထပ္ဆင္းၿပီး တစ္ခုခုစားၿပီးရင္ နားလိုက္ဦး၊
မေန႔ညကေတာ့ ညစာစားခဲ့တယ္မလား"
ဂူယူရွန္းသည္ ေခါင္းအသာညိတ္ျပၿပီး စကားတစ္ခြန္းမွ မေျပာလာ ။
…
မနက္စာစားခန္းထဲမွာလဲ လူအနည္းငယ္သာ ရွိၿပီး
ျပတင္းေပါက္နဲ႔ နီးတဲ့ေနရာတြင္ သူတို့ႏွစ္ေယာက္
မ်က္ႏွာခ်င္းဆိုင္ ထိုင္လိုက္ၾကသည္ ။
ဟင္းပြဲေတြမွာၿပီးလို့ ဂူယူရွန္းကိုၾကည့္လိုက္ေတာ့
ထိုင္ခုံေပၚမွာ ပ်င္းရိေလးတြဲစြာ ထိုင္ေနၿပီး ပ်က္ေနတဲ့လည္ဆြဲကိုပဲၾကည့္ေနေလရဲ့ ။
သူ႔ကို ၾကည့္ေနရင္း လုဘန္ခ်န္း ရယ္ခ်င္စိတ္တို့က ထိန္းမရေတာ့ ။ ေရတစ္ငုံေလာက္ ေသာက္ၿပီး ဖန္ခြက္ျပန္ခ်ကာ မေန႔ညကတည္းက ေမးခ်င္ေနတဲ့စကားကို ေမးလိုက္မိသည္ ။
"အစ္ကိုရွန္း အခုပုံစံက ဘာနဲ႔တူလဲသိလား"
ဂူယူရွန္းကေတာ့ ဘာမွျပန္မေျဖတာေၾကာင့္
လုဘန္ခ်န္းက သူ႔ပုံစံကို ၾကည့္ၿပီး …
"အခုပုံစံက ကိုယ္လုပ္ေတာ္က စိတ္ဝင္စားမွုခံရေအာင္ ႀကိဳးစားေနတဲ့ပုံနဲ႔ တူတယ္"
-------------------------------------------------------------
Merry Christmas pr 😍
.....
Unicode
စာစဉ် ၉၊ အခန်း ၁။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (1)
ဂူယူရှန်းက ဆေးလိပ်ကိုကစားနေတာရပ်ပြီး စားပွဲပေါ်က သေတ္တာတွေကိုတစ်ချက်ကြည့်ပြီးနောက် ချင်းကျီအိုက်ကိုကြည့်လာသည် ...
သူမပန်းခြံကိုစရောက်တည်းက အခုမှ သူမနဲ့မျက်နှာချင်းဆိုင်ခြင်း ။
သူ့ပုံစံက တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီး ချင်းကျီအိုက်မျက်နှာကိုကြည့်ပြီးနောက် လည်တိုင်ကိုကြည့်လာသည် ...
လည်တိုင်ဖွေးဖွေးထက်
အဖြူရောင်စိန်သေးသေးလေးတွေရှိတဲ့ လည်ဆွဲက
နေရာယူလို့ .. လည်ဆွဲက သေးတာမို့
အလင်းရောင်အောက်မှာ မဟုတ်ရင်မြင်ဖို့မလွယ် ..။
ဒီလည်ဆွဲက နာမည်ကြီးတံဆိပ်ထဲက မဟုတ်သလို ဂူယူရှန်းပေးထားတဲ့ လည်ဆွဲနဲ့လည်း
ဘယ်လိုမှယှဉ်လို့မရနိုင် ။
“ငါပေးထားတဲ့ လည်ဆွဲကို ဘာလို့မဝတ်ထားတာလဲ”
ဂူယူရှန်း သူမကို တိုက်ရိုက်ဆိုတဲ့ ပထမဆုံးစကားက ဒီလိုမေးခွန်းဖြစ်လိမ့်မယ် မထင်ခဲ့တာကြောင့် သူ့ကို အံ့သြပြီးကြည့်နေမိပေမဲ့ ဂူယူရှန်းက ခုဏကထက်တော့ စိတ်ခံစားချက်ပိုကောင်းလာသလိုပါပဲ .....
“ရှင်ပေးတဲ့လည်ဆွဲက ဒီဝတ်စုံနဲ့မလိုက်လို့ပါ”
မလိုက္လို့ပါ .. လား ။
သူမကို လက်ဆောင်ပေးခဲ့တဲ့လူရဲ့ လက်ဆောင်ကို
သူမနဲ့မလိုက်ဘူးလို့ ပြောလိုက်သည်လား ။
ဂူယူရှန်း ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ပြီး ပြာချကာ
ထိုင်နေရာက ထဖို့ ထိုင်ခုံကို အနောက်ကို
ဖြေးဖြေးကန်လိုက်သည် ။
“ရတယ် ..မင်းအဝတ်အစားနဲ့ လိုက်မယ့် လည်ဆွဲတွေ ငါ့မှာ အများကြီးပဲ”
ဂူယူရှန်း သူ့ကိုစကားလာပြောခဲ့တဲ့ အင်္ကျီအနက်နဲ့လူကို တစ်ချက်ကြည့်လိုက်တော့ အဲ့ဒီလူက အမျိုးသမီးတစ်ယောက်ကိုထပ်ပြီး ကြည့်ပြန်သည် .. ထိုအမျိုးသမီးကတော့ ဗူးတွေအများကြီးကို တစ်ခုပြီးတစ်ခုဖွင့်ပြသည် ...
ဂူယူရှန်း ချင်းကျီအိုက်ကို လက်မောင်းကနေ ဆွဲပြီး သူ့နားကိုဆွဲကပ်သည် ..ပြီးတော့ စားပွဲပေါ်ကို
လက်ညိုးထိုးပြကာ ဖြေးဖြေးချင်းပြောသည် ..
“မင်းရဲ့ဝတ်စုံနဲ့လိုက်မဲ့ လည်ဆွဲကိုရွေး မရွေးနိုင်ရင်တော့ မင်းရွေးနိုင်တဲ့အထိ သူတို့မင်းနဲ့အတူရှိပေးလိမ့်မယ်”
ဂူယူရှန်းဆွဲလိုက်တာမို့ ချင်းကျီအိုက်မှာ စားပွဲပေါ်ကိုတောင် လဲကျတော့မလို ယိုင်ကျသွားခဲ့တာကြောင့် လူတစ်ယောက် က
သူမကို လှမ်းဆွဲလိုက်တာမို့ တော်သေးသည် ....
ချင်းကျီအိုက် မတူတဲ့လည်ဆွဲ အမျိုးအစားတွေကိုကြည့်မိတော့
စိန် ပုလဲ ရွှေ စတာတွေကို မတူတဲ့ ဒီဇိုင်း မျိုးစုံနဲ့ပင် ...။
ပန်းခြံက အလင်းရောင်လာထင်ဟပ်နေတဲ့ လည်ဆွဲမျိုးစုံက
ကြည့်လို့ အင်မတန်ကောင်းလှတာအမှန် ....။
_______________________________________________________
စာစဉ် ၉၊ အခန်း ၂။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (2)
ဈေးကြီးတဲ့လည်ဆွဲတွေကို ရှေ့ချပြီး သူမကိုရွေးခိုင်းနေတဲ့
သူမဘေးက ဂူယူရှန်းကို လှည့်ကြည့်မိသည် ...
ပြင်သစ်ကနေ ပြန်ရောက်ပြီးတည်းက
သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ခဲ့ရပါပဲ
သူမကို ဘာလို့ ဒီည ဒီနေရာကို လာခိုင်းရသည်လဲ ။ လည်ဆွဲရွေးစေချင်ရုံသက်သက်ပဲလား ။
ဂူယူရှန်း မေးခဲ့တဲ့စကားကိုပြန်တွေးမိတော့ ချင်းကျီအိုက်မျက်မှောင်ကျုံ့မိသည် ..
“ငါပေးထားတဲ့ လည်ဆွဲကို ဘာလို့မဝတ်ထားတာလဲ” တဲ့ ...
သူပေးထားတဲ့လည်ဆွဲကို မဝတ်လို့ မကျေမနပ်ဖြစ်နေတာလား ။ သူပေးထားတာကို မကြိုက်ဘူးထင်လို့ ဒီလိုတွေရွေးခိုင်းနေတာလား ။
ချင်းကျီအိုက်ခေါင်းကို အချိန်အတော်ကြာ အလုပ်ပေးပြီးနောက် ရှင်းပြဖို့သာ စဉ်းစားလိုက်တော့သည် ...
တော်တော်လည်းညဉ့်နက်နေပြီး စားပွဲပေါ်မှာ လည်ဆွဲပေါင်း အခု ၁၀၀ လောက်ရှိနေတယ် ..ဒီမှာရှိနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို တစ်ယောက်ပြီးတစ်ယောက် ပြန်လွှတ်ရမည်လား ။
သူမ နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်ပြီး ဂူယူရှန်းကို အေးအေးဆေးဆေးစကားသံနဲ့ ပြောလိုက်တော့သည် ။
“ရှင်ပေးတဲ့လည်ဆွဲက အရမ်းလှပေမဲ့ ဒီနေ့ ဝတ်တဲ့အဝတ်အစားနဲ့ သိပ်မလိုက်လို့ .....”
“ဆယ်ခု”
ချင်းကျီအိုက်စကားမဆုံးခင်မှာပဲ
ဂူယူရှန်းကဖြတ်ပြောပြီးနောက် သူ့အိတ်ကပ်ထဲက ဆေးလိပ်ကို ထုတ်ပြီးတော့မှ စကားဆက်သည် ...
“မင်းအဝတ်အစားနဲ့လိုက်မဲ့လည်ဆွဲ ၁၀ခုကိုရွေးလို့”
သူမ ရှင်းပြအပြီးမှ လည်ဆွဲတွေကို ပိုရွေးဖို့ ဘာလို့ပြောတာလဲ။
ချင်းကျီအိုက် စက္ကန့်ပိုင်းလောက်ငြိမ်သက်အပြီး ခုဏက သူဖြတ်ပြောလို့မပြောလိုက်ရတဲ့ စကားကိုဆက်သည် ။
“ဒီလိုအဝတ်အစားမျိုးနဲ့လည်ဆွဲမဝတ်...”
“အခု ၂၀ ရွေးကွာ”
ဂူယူရှန်းက သူမကိုစူးစိုက်ကြည့်ရင်းပြောကာ ဆေးလိပ်ကိုနှုတ်ခမ်းပေါ်တင်ကာ
ဆေးလိပ်ငွေ့တို့ကိုမှုတ်ထုတ်သည် ..
“တခြားအင်္ကျီပြောင်းလိုက်ရင်တော့....”
“အခု ၅၀”
“ကျွန်မ..”
ဂူယူရှန်းက ဆေးလိပ်ကိုနှုတ်ခမ်းတွေကြားကနေထုတ်ပြီး ထပ်ပြီးဖြတ်ပြောပြန်သည် ...
“လည်ဆွဲ အခု ၁၀၀ ..မင်းထပ်ပြီး စကားပြောရင် နောက်ထပ်
လည်ဆွဲ အခု ၁၀၀ ထပ်ဖြည့်ပေးမယ်”
ချင်းကျီအိုက် ပြောချင်တဲ့စကားတို့ကို မြိုချလိုက်တော့
ဂူယူရှန်းလည်း ထပ်မပြောတော့ပဲ သူမဘေးနားမှာ ဆေးလိပ်သောက်နေသည် ။
အချိန်တစ်ခုကြာလာသည်အထိ ချင်းကျီအိုက် မရွေးနိုင်သေးတာကြောင့် လူတစ်ယောက်က သူမကို ကူညီပေးဖို့ဆိုလာသည် ။
“ကျွန်တော် ကူရွေးပေးရမလားခင်ဗျ”
ချင်းကျီအိုက် ဂူယူရှန်းကို တစ်ခုခုပြောချင်နေပေမဲ့ သူမကို
လည်ဆွဲတွေ ထပ်ရွေးခိုင်းမည်စိုးတာကြောင့် မပြောတော့ပဲ သူ့ကိုသာကြည့်နေလိုက်သည် ..
ဂူယူရှန်းက သူမအကြည့်တွေကို မမြင်ချင်ယောင်ဆောင်နေပြီး ခဏအကြာမှာတော့ သူမကိုစောင်းကြည့်ကာ
ဆိုလာတော့သည် ...
“မင်းဘာလို့ အခုထိ မရွေးသေးတာလဲ”
အဲ့ဒီနောက် ဂူယူရှန်းက ဆေးလိပ်ကို လက်ချောင်းတွေကြား ညှပ်ကာ သူမကို ကျော်ပြီး လမ်းလျှောက်သွားသည် ။
“ကောင်းပြီ မင်း အခုမရွေးနိုင်ရင် မင်းကို ထပ်အချိန်ပေးမယ် .. ဘယ်လိုပဲဖြစ်ဖြစ် ဒီည ငါ မင်းနဲ့အတူ ရှိနေမှာပဲ”
အဲ့ဒီနောက် ဂူယူရှန်းက သူ့လက်မောင်းကို သူမပုခုံးပေါ် လာတင်ကာ ...
“အရင်ဆုံး အဓိပ္ပာယ်ရှိတဲ့အလုပ်ကို သွားလုပ်ကြရအောင်”
-------------------------------------------------------------
စာစဉ် ၉၊ အခန်း ၃။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း(3)
ဂူယူရှန်းက သူ့စကားအဆုံးမှာတော့ သူမကို အခုသူတို့ရှိနေတဲ့နေရာနဲ့ ဝေးတဲ့ ပန်းခြံထဲက တစ်နေရာကို ဆွဲခေါ်သွားတော့သည် ...
ဂူယူရှန်းက စက်ဘီးတွေထားထားတဲ့နေရာကို ထိုးပြပြီး
ချင်းကျီအိုက်ကို မေးသည် ။
“စီးမလား”
သူမ ခေါင်းခါပြတော့ ဂူယူရှန်းက အတင်းအကြပ်မလုပ်ခိုင်းပဲ သူမလက်ကောက်ဝတ်ကို ဆွဲကိုင်ကာ လမ်းလျှောက်သည် ...
ဒီပန်းခြံက S တက္ကသိုလ်နားက ပန်းခြံထက်တောင် အများကြီး ပိုကျယ်တာမို့ သူတို့စက်ဘီးမစီးပဲ လမ်းလျှောက်ခဲ့တာ တစ်နာရီကြာသွားခဲ့သည် ။
ဂိတ်နားက ကော်ဖီဆိုင်နားကိုပြန်ရောက်လာတော့
ဂူယူရှန်းက လမ်းလျှောက်တာကို ရပ်လိုက်ပြီး
ချင်းကျီအိုက်ကို မေးသည် ။
“ငါတို့ ပန်းခြံတစ်ခုလုံးလည်း ပတ်ပြီးသွားပြီ မင်းက
ဘာမှမစီးချင်ဘူး ဆိုတော့လည်း အင်း...ကောင်းပြီလေ မင်းကြိုက်လောက်မဲ့တစ်ခုတော့ရှိတယ်
အဲ့ဒီကိုသွားကြည့်ရအောင်”
သူခေါ်သွားတဲ့နေရာက ဈေးသည်တွေရှိတဲ့နေရာ..။ လျှပ်စစ်သေနတ်တန်းတွေလည်းရှိသည် ...
ဒီပုံစံလေးက သူမ S ပန်းခြံမှာ ကစားခဲ့တဲ့အတိုင်းပင် .. ရောင်စုံဘောလုံးတို့ကို ချိတ်ဆွဲထားပြီး သေနတ်နဲ့ပစ်ပြီး ကစားရမှာပင် ..
ဂူယူရှန်းက အဲ့ဒီနေရာကို ဦးတည်လျှောက်သွားပြီး ချင်းကျီအိုက်လက်ကို တစ်ဖက်ကဆွဲကာ ကျန်တစ်ဖက်က
အရှေ့မှာ တန်းစီချထားတဲ့အရုပ်တွေကို ထိုးပြနေသည် ...
“ဘာကြိုက်လဲ မျောက် .. ကြောင် .. လင်းပိုင် .. ဒါမှမဟုတ်
ဘဲလား”
ဂူယူရှန်း ယုန်ရုပ်ကို ထိလိုက်ချိန်မှာတော့ ဟိုကောင်လေးက သူမအတွက် ယုန်ရုပ်ရအောင် ယူပေးခဲ့တာကို
သတိရသွားတော့ သူ့နှုတ်ခမ်းတို့ ကော့တက်သွားပြီး
ယုန်ရုပ်ကို ကျော်လိုက်တော့သည် ..
“ဒါမှမဟုတ် ခွေးရုပ်လား"
ချင်းကျီအိုက် တစ်ခုခုကို နားလည်သွားသလို ရှိတာကြောင့်
ဂူယူရှန်းကို ပြန်မဖြေဖြစ်ခဲ့ ။
ဂူယူရှန်းကတော့ သူမရဲ့ တိတ်ဆိတ်နေမှုကို ဝမ်းနည်းမနေနိုင်ပဲ အရုပ်တွေကိုသာ ဆွဲယူနေ၏ ....
“မင်းမရွေးနိုင်ရင် အိမ်ကို အကုန်ယူသွားကြမယ်လေ”
သူက စကားတပြောပြောနဲ့ပဲ အနီရောင် ကစားကတ်တို့ကို ဈေးသည်ဆီပေးကာ သေနတ်ယူပြီး ဘောလုံးတွေကို မချိန်ပဲ ပစ်လိုက်ပေမဲ့ ပထမပစ်ချက်မှာတင် ဘောလုံးက
ပေါက်သွားခဲ့သည် ။
အဲ့ဒီနောက် ချင်းကျီအိုက် ဘောလုံးပေါက်သံတွေ ဆက်တိုက်ကြားရပြီးတဲ့နောက်
သူက သေနတ်ကိုပြန်ချလိုက်ကာ ...
“ငွေ”
သူက ဒီနေရာက ထွက်သွားပြီး တခြား နေရာတစ်ခုဆီ သွားကာ သေနတ်ကိုင်သည် ...
ဂူယူရှန်းပြောခဲ့တဲ့ “ငွေ” ဆိုတဲ့စကားကို
ဈေးသည်ကောင်လေးက နားမလည်တာကြောင့် ဂူယူရှန်းပစ်ခဲ့တဲ့ဘောလုံးအရေအတွက်ကို
သွားတွက်လိုက်တော့ သူပစ်ခဲ့တဲ့ဘောလုံးတွေက များတာမို့ ငွေပေးရလောက်တဲ့ အနေအထားပင် ။
ဈေးသည်လည်း သူ့ဆိုင်ထဲက ငွေယူပြီး ချင်းကျီအိုက်ကို လှမ်းပေးတဲ့အချိန် ဂူယူရှန်းက ဒုတိယသေနတ်ပစ်တဲ့နေရာနားမှာ “လင်းပိုင်” လို့ပြောပြီး တတိယနေရာကိုရွေ့သည် ...
သူဖောက်နိုင်ခဲ့တဲ့ ဘောလုံးအရေအတွက်က လင်းပိုင်ရုပ်ရဖို့ အနေအထားမို့ ထိုသို့ပြောခဲ့ခြင်းသာ ...ဒါကြောင့်
ဈေးသည်လည်း ချင်းကျီအိုက်ကို လင်းပိုင်အရုပ် ပေးလိုက်ရပြန်တော့သည် ...
အဲ့ဒီနောက် ဂူယူရှန်းက ခုဏကလိုပင် “ခွေး” လို့ပြောပြီး
၄ ခုမြောက်နေရာကို ရောက်သွားပြန်တော့သည် ....
----------------------------------------------------------------------
စာစဉ် ၉၊ အခန်း ၄။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (4)
“ကြောင် လင်းပိုင် ဘဲ”
ဆက်တိုက်ဘောလုံးတွေဖောက်ပြီး အရုပ်တွေ ယူနေတဲ့ ဂူယူရှန်းကြောင့် ဆိုင်ရှင်သည်လည်း အလုပ်များလှပြီ ...။
ဂူယူရှန်းက သူတစ်ရုပ်ရတိုင်း ချင်းကျီအိုက်ကို လာလာပေးသည် ။ အစပိုင်းမှာတော့ ပစ်ရတာ စိတ်ဝင်စားစရာကောင်းပေမဲ့
နောက်ပိုင်း သူခြေထောက်တွေ နာလာတော့သည် ။
ဂူယူရှန်းက အရုပ်တွေရဖို့ပဲ အာရုံစိုက်နေပြီး သူလိုချင်တာကို တစ်ခုမှမလွဲစေခဲ့ ။
ဂူယူရှန်းလို ပစ်တိုင်းမှန်နေရင် လုပ်ငန်းရှင်တွေအတွက် အဆင်မပြေ ... တကယ်လို သူဆက်ပစ်နေရင် သူတို့အရင်းအနှီးမြုပ်တော့မည် ။
ဆိုင်ရှင်လည်း မခံနိုင်တော့ကြောင့် ယုန်ရုပ်ကို ထားလိုက်တော့သည် ... ယုန်ရုပ်ကိုပဲ ချန်ချန်ထားခဲ့တဲ့ လူက ယုန်ရုပ်သာရသွားရင် သူရပ်သွားလိမ့်မယ် ထင်ထားကြောင့် ဒီလိုစီစဉ်လိုက်ခြင်း ၊
ဒီတကြိမ်မှာတော့ ဂူယူရှန်း ချက်ချင်းမပစ်သေးပဲ
ငြိမ်နေတာကြောင့် သူရပ်သွားလောက်ပြီ ထင်နေချိန်မှာပဲ
သေနတ်သံ ၄ ချက်ဆက်တိုက်ကြားလိုက်ရတော့သည် ...
နောက်ထပ် အရုပ် ၄ ရုပ်ထပ်ပေးရဦးမည်လား ...
ဆိုင်ရှင်တွေးလို့မဆုံးသေးခင်မှာပဲ ဂူယူရှန်းက
သေနတ်ကိုကိုင်ကာ တစ်ခုခုကို စဉ်းစားနေပြီးတဲ့နောက် နောက်ထပ်သေနတ်တစ်ခုကို ယူကာ ပစ်ပြန်သည် ။
သေနတ်သံနဲ့ ဘောလုံးပေါက်သံတို့က ရောနေပြီး ဘောလုံးပေါက်သံတို့ရဲ့အဆုံး အပိုင်းအစတွေ ပေါက်ကွဲသွားပုံက နှင်းဖတ်တွေလိုပင် ။
အဲ့လိုအချိန်တိုင်း ကြည့်ရတာလှပြီး စိတ်လှုပ်ရှားစရာအတိ ။
ဂူယူရှန်းကြောင့် ဆိုင်ရှင်လည်း တော်တော်သွေးတက်နေပြီဖြစ်တာကြောင့်
သူဆက်ကစားမှာကို ကြောက်ပြီး ဂူယူရှန်းဆီ ပြေးသွားသည် ။
ဆိုင်ရှင် ဘာမှမပြောရသေးခင်မှာလည်း ၈ ချက်ဆက်တိုက် ပစ်ချလိုက်တာမို့ ဆိုင်ရှင်လည်း ချင်းကျီအိုက်ဘက်လှည့်ကာ အထစ်ထစ်အငေါ့ငေါ့နှင့် ...။
“အစ်မရေ...ကြည့်ပါဦး”
ချင်းကျီအိုက်လည်း မျက်မှောင်ကျုံ့လိုက်ပြီး ဆိုင်ရှင်ပေးထားခဲ့တဲ့အရုပ်တွေကို ပစ်ချကာ ဂူယူရှန်းဆီ လျှောက်လာလိုက်သည် ..
“Happy birthday, little hellraiser!”
သူမ ဂူယူရှန်းအနား အရောက်မှာ ဆိုင်ရှင်ရဲ့စကားသံကိုကြားလိုက်ရတာမို့
သူမလှည့်ကြည့်မိတော့ ဂူယူရှန်းက ဘောလုံးပစ်တာကို စာလုံးတွေတောင် ဖော်ပြီးပစ်ခဲ့တာကို ဆိုင်ရှင်က အံ့သြနေခြင်း ..။
“လုံးဝလက်ဖျားခါလောက်တဲ့ စပရိုက်စ် ပဲ”
လည်ဆွဲ ၊ ပန်းခြံ ၊ ယုန်ရုပ်ကလွဲရင် များပြားလှတဲ့အရုပ်တွေ ... ပြီးတော့ မွေးနေ့ဆုတောင်း ။
စိတ်လှုပ်တရှားပြောတဲ့ ဆိုင်ရှင်ရဲ့ စကားကြောင့် သူမစိတ်ထဲ လေပြေအေးအေးတွေ စိမ့်ဝင်နေသလိုပင် ......။
-------------------------------------------------------------
စာစဉ် ၉၊ အခန်း ၅။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (5)
သူမ ခန့်မှန်းတာ မှန်ခဲ့တာပဲ ....
ဂူယူရှန်းက သူမနဲ့ကျီယမ်တွေ့ခဲ့တာကို သိနေခဲ့တာပင် ။
သူ ဘယ်လိုသိသွားတာလဲ ။
သူကိုယ်တိုင်မြင်လိုက်တာလား ဒါမမဟုတ် .. ချင်းကျီအိုက် တွေးရင်း ဂူယူရှန်းပုံဖော်ခဲ့တဲ့ စာလုံးတွေကို ငေးကြည့်နေမိသည် ။ ပြီးနောက် သူမ အကြည့်တွေကို ဂူယူရှန်းဆီ ပို့လိုက်ရင်း ...
“S တက္ကသိုလ်နားက ပန်းခြံကို ရောက်ခဲ့လား”
သူမမေးတော့ ဂူယူရှန်းက ခေါင်းငြိမ့်သည် ... ပြီးတော့
လက်ထဲက သေနတ်ကိုချကာ သူမဆီ ပြုံးရင်း လျှောက်လှမ်းလာသည် .. အပြုံးဆိုပေမဲ့ အပြုံးတု ....
“ငါ့ရဲ့ပစ်ချက်တွေဘယ်လိုလဲ မင်းကောင် ပစ်ပြတာထက်
သာရဲ့လား ။ မင်းကြည့်ဖို့ ငါပစ်ပြခဲ့တာလေ”
ဂူယူရှန်းရဲ့ စကားအဆုံး မျက်နှာပျက်သွားတဲ့ သူမကို
ဂူယူရှန်းက ရီပေမဲ့ သူ့မျက်နှာမှာ အပြုံးမရှိပဲ အေးတိအေးစက် ...
“မင်းက အဲ့ကောင်ကို ပိုက်ဆံပေးပြီး ညစာအတူ စားဖို့ခေါ်တယ် ..ငါပြောတာမှားနေလားဖြေပါဦးကွ”
ပိုက်ဆံပေးပြီး ညစာစားတယ် ။
ကျီယမ်နဲ့သူမ ညစာအတူစားခဲ့တာ သူဘယ်လိုသိသည်လဲ ။ မဟုတ်မှလွဲရော သူ...
“နောက်ယောင်ခံလိုက်နေတာလား”
နောက်ယောင်ခံသတဲ့လား ။
သူမစိတ်ထဲ သူက အဲ့လောက်ထိဆိုးသလား ။
ဘယ်လိုဖြစ်ပြီး သူက သူမရှေ့မှာ အဲ့သလောက် အောက်တန်းကျတဲ့အနေအထား ဖြစ်နေရသလဲ ။
ဂူယူရှန်း ဒေါသကြောင့် သူမကို ရိုက်မိမှာ စိုးတာကြောင့်
သက်ပြင်းချပြီး သူမကိုမကြည့်မိစေဖို့ တစ်ဖက်ကို လှည့်လိုက်တော့သည် ။
“ပျော်ခဲ့ရတယ် အခု လည်ဆွဲရွေးဖို့ ပြန်ကြမလား”
ချင်းကျီအိုက်ခေါင်းထဲ ချာချာလည်နေဆဲ .. ဂူယူရှန်းက သူမနဲ့ကျီယမ်အကြောင်း ဘယ်လိုသိခဲ့လဲဆိုတာကိုပဲ စဉ်းစားနေမိသည် .. တကယ်လို့ သူမနောက်ကို နောက်ယောင်ခံနေခဲ့တာဆိုရင် ဘယ်အချိန်တည်းကလဲ ။
ရှုဝန်နူးနဲ့ ဖုန်းပြောပြီး လျန်ဒေါ့ကူအဝတ်အစားတွေအဖြစ် မင်းကတော်ကလပ် မှာ ဝင်လဲခဲ့တုန်းကရော သူသိခဲ့လား ။
သူမတွေးလေ စိတ်ခြောက်ခြားလာလေဖြစ်တာကြောင့် ဂူယူရှန်းကိုကြည့်ပြီး ထပ်မေးမိပြန်သည် ။
“ဘယ်အချိန်တည်းက ကျွန်မကို စောင့်ကြည့်နေခဲ့တာလဲ”
“ဘယ်အချိန်တည်းကတဲ့လား ။ ငါအဲ့လောက်မဆိုးဘူး မင်းကို
ငါက စောင့်ကြည့်နေတယ်လို့ ထင်နေတယ်ပေါ့ ။ ငါတို့အိမ်ထောင်ရေးမှာ မင်းက ဘယ်လိုလုပ် ငါ့ကိုအပြစ်တင်ပြောဆိုနိုင်တဲ့ လူဖြစ်သွားရတာလဲ ..မင်း...”
ဂူယူရှန်း စကားပြောတာကိုရပ်ပြီး သူမကို မရိုက်မိစေဖို့ကိုပဲ ထိန်းချုပ်နေရတာကြောင့် သူ့နှုတ်ခမ်းထောင့်တို့က မဲ့ချင်ချင် ... အဲ့ဒီနောက် သူမရဲ့လက်ကောက်ဝတ်ကို ဆွဲကာ ဆိုင်ရှင်ကို လှမ်းပြောလိုက်သည် ..
“ဒီအရုပ်တွေကို အဝင်ဝက ကော်ဖီဆိုင်ကို ပို့ပေး”
အဲ့ဒီနောက် ဂူယူရှန်း သူမကို ဆွဲကာ ထွက်သွားတော့သည် ..
သူတို့ ကော်ဖီဆိုင်ကို ရောက်တော့ သူက ချင်းကျီအိုက်ကို စားပွဲခုံရှေ့တွန်းကာ အော်သည် ။
“အခုရွေး”
ချင်းကျီအိုက်မရွေးတော့ ဂူယူရှန်းက မျက်လုံးတို့ကို မှိတ်ကာ သက်ပြင်းချလိုက်ပြီး...
“မင်း လည်ဆွဲအခု ၁၀၀ ရွေးရင် အဲ့ကောင်နဲ့သွားတာကို ခွင့်လွတ်ပေးမယ်”
---------------------------------------------------------------------
စာစဉ် ၉၊ အခန်း ၆။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (6)
ဂူယူရှန်း ကျီယမ်ကို အဲ့ကောင် အဲ့ကောင်နဲ့ သူမနဲ့ဖောက်ပြန်တဲ့လူလို ပြောဆိုနေတာက ချင်းကျီအိုက်ကို တကယ် ဒေါသထွက်စေတာကြောင့် သူမ မျက်မှောင်ကျုံ့ကာ ကျီယမ်ကို ကာကွယ်ပေးမိသည် ။
“သူ့ကို အဲ့ကောင် လို့မခေါ်နဲ့ ပြီးတော့ သူက ကျွန်မနဲ့တွဲနေတဲ့ကောင်လေးလည်း မဟုတ်ဘူး
ရှင်ထင်နေတာတွေ ဘာတစ်ခုမှ မဟုတ်ဘူး သူက....”
ရုတ်တရက် သူမက လျန်ဒေါ့ကူဆိုတာကို
သတိရမိသွားတာကြောင့် စကားတို့ကို ရပ်လိုက်တော့သည် .. ကျီယမ်က သူမမောင်လေးဆိုတာကို ပြောလို့မဖြစ် ၊
“သူက ..သူငယ်ချင်းပါ”
သူငယ်ချင်း .. ။ သူငယ်ချင်းတွေက ဒီလောက်ရောသလား ။ တစ်ဆိတ်...ဒီမိန်းကလေးက သူ့ကိုအရူးထင်နေသည်လား ။
ဂူယူရှန်းအတွက်တော့ ဒါတွေက ရှင်းပြတဲ့စကားမဟုတ် ၊
အဲ့ကောင်ကို ကာကွယ်နေတဲ့စကားတွေသာ ဖြစ်တာမို့
ဂူယူရှန်း ထိန်းချုပ်ထားခဲ့တဲ့ဒေါသတို့က အမြင့်ဆုံး
ရောက်နေလေပြီ ။ သူ မလုပ်ချင်ဆုံး မိန်းကလေးကို ရိုက်မိမှာကို
သူ တအားကြောက်နေမိတာကြောင့် တစ်ခါမှ မထိန်းချုပ်ခဲ့ဖူးတဲ့ ဒေါသတို့ကို ချိုးနှိမ်ကာ သူမရှေ့ကထွက်သွားလိုက်သည် .. ပြီးတော့ စားပွဲရှေ့ကို ရောက်လာပြီး လည်ဆွဲတစ်ခုပြီးတစ်ခုကို ရွေးနေတော့သည် ..
ဂူယူရှန်းရဲ့အကျင့်ကို သူမ တကယ် နားမလည်နိုင်တော့ ...
သူမ ကျီယမ်နဲ့တွေ့တာနဲ့ သူအခုလုပ်နေတဲ့အရာတွေ
ဘာပတ်သက်လဲ သူမတကယ် မတွေးတတ် ။
သူက လျန်ဒေါ့ကူကို သဘောမကျခဲ့ဘူးဆိုပေမဲ့ အခုသူ့အပြုအမူတွေက သဝန်တိုနေတာပင် ။
သူ့စကားတွေအရ သူမကို နောက်ယောင်လိုက်ခဲ့သည်ကတော့ မဟုတ် ...ဖြစ်နိုင်ချေနှစ်ခုမှာ တစ်ခုကတော့
တစ်ယောက်ယောက်က သူ့ကို ပြောလိုက်တာပင် ..
ဒါမှမဟုတ် သူကိုယ်တိုင်မထင်မှတ်ပဲ မြင်လိုက်တာ။
သူသဝန်တိုတာဖြစ်ချင်မှသာ ဖြစ်နိုင်မည် ..
သူ့သူငယ်ချင်းရှေ့မှာ သူမနဲ့ကျီယမ်ကို တွဲတွေ့လိုက်ရတာမို့ ရှက်တာလည်းဖြစ်လိမ့်မည် ..အဲ့ဒါကြောင့် သူမကို အပြစ်ပေးနေခြင်း ။
ချင်းကျီအိုက်အနေနဲ့သာဆို ရှင်းပြဖို့ လွယ်ကူတဲ့ကိစ္စဖြစ်ပေမဲ့ အခုသူမက လျန်ဒေါ့ကူ ..
ဒါကြောင့် ဘယ်လိုမှ ရှင်းပြလို့မဖြစ်နိုင် ....
ဒါပေမဲ့လည်း သူမ တစ်ခုခုကိုတော့ ရှင်းပြရမည် ။
“သူက ကျွန်မအတွက် အရေးကြီးတဲ့သူငယ်ချင်းပါ ...
သူငယ်ချင်းပါပဲ တခြားဘာကိစ္စမှမရှိဘူး ....”
သူမစကားကိုကြားတဲ့ဂူယူရှန်းက စက္ကန့်ပိုင်းလောက်
ပုလဲဆွဲကြိုးကို ကိုင်နေတဲ့လက်တို့ ရပ်တန့်သွားပြီးနောက်
ပြန်ချကာ စိန်လည်ဆွဲကို ကိုင်ကြည့်နေသည် ။
“ကျွန်မတို့တွေ့ခဲ့တာက သူငယ်ချင်းတွေတွေ့ကြတဲ့ပုံစံလိုပါပဲ လွန်ခဲ့တဲ့ရက်က ကျွန်မမွေးနေ့မို့လို့ သူက လက်ဆောင်ပေးခဲ့တာမို့ ...တခြားဘာကိစ္စမှမရှိခဲ့ဘူး”
ကျွန်မတို့ .. ။ ကျွန်မတို့လို့ သူ့ရှေ့မှာ သုံးနှုန်းနေသည်လား ။
ဂူယူရှန်းက သူမအတွက် လည်ဆွဲရွေးပေးချင်ရုံ ... ရွေးပြီးရင် သူမကိုပြန်ခွင့်ပြုဖို့စဉ်းစားထားခဲ့ပြီးသားပေမဲ့ ဘာလို့များ
ကျျန္မတို့ လို့သုံးခဲ့သလဲ ။
စိန်လည်ဆွဲကို ကိုင်ထားတဲ့ ဂူယူရှန်းလက်တို့က ကျွန်မတို့ ဆိုတဲ့ အသုံးနှုန်းအောက်မှာ မသိမသာတုန်ရီနေခဲ့သည် ...
ဒါပေမဲ့ ချင်းကျီအိုက် က သူနဲ့ကျွန်မဆိုတာကို ထပ်ထပ်ပြီးသုံးနေတာကြောင့် လည်ဆွဲကို မြေကြီးပေါ်ပစ်ချပြီး ချင်းကျီအိုက်ကို ကြည့်ကာ အော်လိုက်မိတော့သည် ...
“ပါးစပ်ပိတ်ထား မင်းတို့ကြားကကိစ္စကို ငါ မသိချင်ဘူး”
-------------------------------------------------------------
စာစဉ် ၉၊ အခန်း ၇။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (7)
ဂူယူရှန်းရဲ့အော်သံကြောင့် ချင်းကျီအိုက် ကြောက်စိတ်နဲ့ တုန်ရီနေမိတာကြောင့် သူမ ငြိမ်သက်သွားမိသည် ..
ဂူယူရှန်းက သူမရဲ့လည်တိုင်ကို အမဲဖြတ်တော့မလို မီးဟုန်းဟုန်းတောက်နေတဲ့ မျက်လုံးနဲ့ ကြည့်သည် ။
သူ့အကြည့်တွေက ကြောက်စရာကောင်းလှပြီး သူမလည်တိုင်ထက်က ဆွဲကြိုး အသေးလေးကို ဖျက်ဆီးပစ်တော့မလိုပင် ထင်ရတာကြောင့် သူမလည်တိုင်ကို အုပ်ကိုင်ထားလိုက်မိသည် ..
သူမက ဖျက်ဆီးမည် ထင်နေသည်လား ။
သူက ဆွဲကြိုးကိုကြည့်ရုံပေမဲ့ သူမက ဘာလို့
အုပ်ကိုင်ထားသည်နည်း ။
ချင်းကျီအိုက်နဲ့ သူမတို့ရဲ့ပန်းခြံထဲကပုံရိပ်က
ဂူယူရှန်းမျက်လုံးထဲ ရုပ်ရှင်တစ်ကားသဖွယ် ။
သူမက အဲ့ဒီလူနဲ့သိပ်ရင်းနှီးပြီး အဲ့ဒီလူကိုတော့ နွေးထွေးတဲ့အပြုံးတွေပေးသည် ။
သူဘောလုံးတွေကို ဖောက်ခွဲပြီး သူမအတွက် အရုပ်တွေအများကြီး ယူပေးခဲ့ပေမဲ့ အဲ့ဒီလူ သူမအတွက် ယုန်ရုပ်ပေးခဲ့တုန်းကလို အပြုံးလေးတပွင့် သူ့ရှေ့မပေါ်ခဲ့ ၊
ဒီလည်ဆွဲတွေအတွက် သူပိုက်ဆံတွေ အများကြီးသုံးပြီး
သူမဆီက အာရုံစိုက်မှုရယူဖို့ ကြိုးစားခဲ့ပေမဲ့ ဒီလည်ဆွဲတွေက သူမလည်တိုင်က အပေါစားဆွဲကြိုးလေးလောက် အလေးထားခြင်းမခံရ ...။
ကောင်းပြီ...သူမ ထင်သလို အဲ့ဒီအပေါစားဆွဲကြိုးကို ဖျက်ဆီးပေးရမည် ...
သူမကာကွယ်နေတဲ့ ဆွဲကြိုးကို စူးစိုက်ကြည့်ပြီး သူမဆီလျှောက်သွားလိုက်တော့ သူမမျက်လုံးထဲက ကြောက်စိတ်တွေက အထင်းသား ။
ဂူယူရှန်း သူမဆီတိုးကပ်လာလေ သူမက အနောက်ကိုဆုတ်လေ ဖြစ်နေတာက သူ့ဒေါသကိုဆွနေသလို ... သူမပခုံးတို့ကို အကြမ်းပတမ်းဆုပ်ကိုင်လိုက်ပြီး သူ့ရှေ့မှာ ရှိစေလိုက်ကာ လည်တိုင်ထက်က သူမလက်တို့ကို ဖယ်ပြီး ဂူယူရှန်း အပေါစားဆွဲကြိုးကို ဆွဲဖျက်ကာ လွှင့်ပစ်လိုက်တော့သည် ..
ဂူယူရှန်းရဲ့ အပြုအမူကြောင့် ဘေးမှာရှိနေတဲ့ လူတွေက အသံတစ်စုံတစ်ရာပင် မထွက်လာရဲ ၊ လုဘန်ချန်းနဲ့အိမ်အကူတောင် သူတို့နဲ့ မနီးမဝေးအနေအထားကနေ မတ်တပ်ထရပ်လိုက်ကြသည် ၊
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကြပြီး
ချင်းကျီအိုက်ကတော့ ဂူယူရှန်းရဲ့မျက်လုံးတွေကို စိုက်ကြည့်နေသည် .. သူမမျက်လုံးတို့က ဒေါသနဲ့ခံပြင်းစိတ်ကြောင့် နီရဲကာ စိုလို့နေသည် ...
ပြီးတော့ သူမအသံတို့ကလည်း တုန်တုန်ရီရီ။
“ထပ်ပြောမယ် ..သူက ကျွန်မရဲ့သူငယ်ချင်း .. ရှင်ထင်သလိုမဟုတ်ဘူး”
သူမ ဆုပ်ကိုင်ခံထားရတဲ့ လက်ကောက်ဝတ်ကို
အားနဲ့ရုန်းဖယ်လိုက်ပြီး ရေပန်းဆီ ပြေးသွားလိုက်တော့သည်...
ရေပန်းကရေတွေက အနည်းငယ်ညစ်ပတ်နေပြီး
အောက်ခြေမှာ ရေညှိတွေက နေရာယူထားသည် ။
ရေတွေ ဘယ်လောက်ညစ်ပတ်နေတယ် ဆိုတာကို မသိသလို
သူမက ဖိနပ်ကိုချွတ်ကာ ရေတွေထဲဆင်းသွားပြီး
ရေထဲမှာဆွဲကြိုးကို လိုက်ရှာနေတော့သည် ..
ဒီဆွဲကြိုးလေးက သူမ ပဲရစ်မှာ ရခဲ့တဲ့မွေးနေ့ဆုတောင်းအပြင် တစ်ခုတည်းသော မွေးနေ့လက်ဆောင် ၊
ဂူယူရှန်းအတွက် ဈေးပေါတဲ့ ဆွဲကြိုးဆိုပေမဲ့
ကျီယမ်အတွက်တော့ ဒီဆွဲကြိုးလေးကို ဝယ်ဖို့ ၂ လတောင် ပိုက်ဆံစုခဲ့ရတာ .....
---------------------------------------------------------------------
စာစဉ် ၉၊ အခန်း ၈။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (8)
ကျီယမ် သူမကို ဒီလက်ဆောင်လေး ပေးခဲ့တဲ့ညနေက
စိတ်လှုပ်ရှားမှုနဲ့ ကြည်နူးမှုကို သူမ မမေ့နိုင် ၊ ပြီးတော့
သူမကို ဒီဆွဲကြိုး သူဆွဲပေးစဉ်က မြင်နေခဲ့ရတဲ့ ကျီယမ်ရဲ့ စိတ်လှုပ်ရှားနေမှုကိုလည်း သူမ ဒီလိုနည်းနဲ့ အပျောက်မခံနိုင် ။
သူပေးထားတဲ့ ဆွဲကြိုးလေးကို သူမ ဝတ်ရပြီး အချိန်ပိုင်းမှာပဲ ပျောက်သွားတာသိရင် သူဝမ်းနည်းနေလိမ့်မည် ။
ချင်းကျီအိုက်တွေးလေ မျက်ရည်တို့နဲ့ေ၀ဝါးလာလေ... ရေပန်းရဲ့အောက်ခြေက အရမ်းညစ်ပတ်နေပြီး အကြိမ်ပေါင်းများစွာ ရှာနေခဲ့ပေမဲ့ သူမ ရှာတွေခဲ့တာက အမှိုက်တွေချည်းသာ ။
ဂူယူရှန်းကတော့ ချင်းကျီအိုက်လည်တိုင်ကနေ ဆွဲကြိုးကိုဖြုတ်ခဲ့မိတဲ့ သူ့လက်ကိုသာ သူငုံ့ကြည့်နေမိတော့သည် ...။
အနားမှာ ရှိနေတဲ့လူတွေကလည်း သူ့အပြုအမူကြောင့်
အံ့သြနေကြပြီး ဘာလှုပ်ရှားမှုက မလုပ်ခဲ့ကြ ...
ခဏအကြာမှာတော့ လုဘန်ချန်းက ထိုင်ခုံကို ကန်လိုက်ပြီး ဂူယူရှန်းဆီလျှောက်လာကာ “အစ်ကိုရှန်း” လို့ခေါ်မှ ဂူယူရှန်းအသိစိတ်ဝင်လာလို တုန်သွားခဲ့တော့သည် ...
သူ လုဘန်ချန်းကို တစ်ချက်လှည့်ကြည့်ပြီးတော့
ရေပန်းဆီကို ငေးသည်..
သူ လည်ဆွဲကို လွှင့်ပစ်လိုက်တုန်းက သူမက ခေါင်းငုံ့ကာ ငြိမ်သက်နေပြီးနောက် သူ့ကိုမော့ကြည့်လာတဲ့ သူမအကြည့်တို့က သူ့ရင်ထဲစူးသည် ။
ဒီမျက်ဝန်းတွေထဲမှာ ရွံရှာစိတ်ပျက်မှု တစ်စုံတစ်ရာပါဝင်နေသလား ။
ဂူယူရှန်း ရုတ်တရက် ကြောက်လာမိသည် ..
သူမကို တခြားယောကျ်ားနဲ့တွဲမြင်ရတာထက် သူ့ကို
စိတ်ပျက်စရာလူလို့ မြင်သွားမှာကို သူပိုကြောက်နေမိသည် ...
လုဘန်ချန်းရဲ့ပြောစကားကို မစောင့်တော့ပဲ ဂူယူရှန်း
ရေပန်းဆီ ပြေးသွားမိတော့သည် .. ဖိနပ်တွေကိုတောင်
မချွတ်ပဲ ရေထဲဆင်းကာ သူမလက်မောင်းကို ဆွဲကိုင်တော့
သူမက ဂူယူရှန်းရင်ဘတ်ကို တွန်းသည် ။
“မထိနဲ့”
သူမလက်တို့က ရွှံ့တို့နဲ့ ပေနေခဲ့တာမို့ ဂူယူရှန်းအင်္ကျီအဖြူကလည်း အညိုရောင်အဖြစ် ပြောင်းလို့ ညစ်ပတ်သွားခဲ့တော့သည် ..
ဒါ့အပြင် သူမသည် ဒေါသကြောင့် အားအင်အပြည့်နဲ့
တွန်းလိုက်တာမို့ ဂူယူရှန်းချောပြီး ယိုင်သွားခဲ့သေးပေမဲ့
သူမကတော့ သူ့ကို တစ်ချက်လှည့်မကြည့်ပဲ ဆက်ရှာနေခဲ့တာ....
ရေက သိပ်မနက်ပဲ သူမဒူးလောက်ပဲ ရှိပေမဲ့ အောက်ပိုင်းတစ်ခုလုံးကတော့ ရွဲရွဲစိုလို့ပင် ၊
ဆက်ရှာနေရင် သူမ အအေးမိလိမ့်မည် ။
ဂူယူရှန်း မျက်မှောင်ကြုံ့လိုက်မိကာ သူမလက်ကောက်ဝတ်ကို ထပ်ဆွဲပြီး ထိုနေရာကနေ ထွက်လာလိုက်သည် ..
မြေကြီးပေါ်ပြန်ရောက်တဲ့အခါမှာတော့ သူမက ရုန်းပြီး ရေထဲပြန်ဆင်းပြေးတာကြောင့် သူမကိုလှမ်းဆွဲထားရသည် ။
“လွှတ်ပေး လွှတ်ပေးလို့”
အားအပြည့်နဲ့ ရုန်းကန်နေတဲ့ သူမက ဂူယူရှန်းအားကိုတော့ မယှဉ်နိုင်တာကြောင့် ရုန်းမရတာကြောင့်
ပိုဒေါသထွက်လာပြီး ဂူယူရှန်း လက်မောင်းကို ကုန်းကိုက်လိုက်တော့သည် ..
နာကျင်မှုကြောင့် ဂူယူရှန်း မျက်မှောင်ကြုံ့လိုက်ပေမဲ့
သူ မဖယ်မိ...။ သူမကို သွားခွင့်မပြုနိုင်တာကြောင့်
အကိုက်ခံရင်းကာ ငြိမ်နေလိုက်တော့သည် ..
သွေးအရသာခံစားလာရတဲ့ ချင်းကျီအိုက်ကတော့
နောက်ဆုံးမှာ လွှတ်ပေးလိုက်တော့သည် ..
-------------------------------------------------------------
စာစဉ် ၉၊ အခန်း ၉။ အာရုံစိုက်ခံရမှုအတွက် တိုက်ခိုက်ခြင်း (9)
သူမကိုက်ထားတာကြောင့် သွေးထွက်နေတဲ့ ဒဏ်ရာကို
ဂူယူရှန်းက မကြည့်ပဲ အိမ်အကူဘက်လှည့်ကာ တည်တည်ငြိမ်ငြိမ်နှင့်ပင် .
“သူ့ကို အိမ်ခေါ်သွားပေး”
ဂူယူရှန်းအမိန့်ကို ကြားတဲ့ အိမ်အကူက ပြေးလာပြီး ချင်းကျီအိုက်လက်တို့ကို ကိုင်ကာ...
“မိန်းကလေး နောက်ကျနေပြီ အိမ်ပြန်ရအောင်နော်”
ချင်းကျီအိုက်က မတုန်မလှုပ်ဖြစ်နေတာကြောင့်
အိမ်အကူလည်း ဂူယူရှန်းကိုကြည့်လိုက်မိတော့ ..
“အိမ်ပြန်တော့”
ဂူယူရှန်းအပြောကိုလည်း ချင်းကျီအိုက်က ဂရုမစိုက်ပဲ အိမ်ပြန်မည့်ပုံမပေါ် ။ လုဘန်ချန်းလည်း သူတို့ထပ်ပြီး
ရန်ဖြစ်ကြမှာကို စိုးရိမ်နေတာကြောင့် သူမနား တိုးကပ်လိုက်ပြီး စကားပြောလိုက်တော့သည် ။
“ကျွန်တော် ရှာပေးမှာမို့ အခုတော့ အိမ်ပြန်လိုက်နော်”
အဲ့ဒီနောက် လုဘန်ချန်းလည်း အိမ်အကူကို လှမ်းကြည့်ကာ ခေါ်သွားတော့ဖို့ အချက်ပြလိုက်တာမို့ အိမ်အကူက သူမလက်မောင်းကိုဆွဲကာ ခေါ်သွားတော့သည် .. ပြီးတော့ သူတို့ကားက မောင်းထွက်သွားတော့တာကြောင့် ပန်းခြံက ပိုလို့တိတ်ဆိတ်သွားခဲ့တော့သည် ။
လုဘန်ချန်းလည်း ဂူယူရှန်းလက်မောင်း က ဒဏ်ရာကို ငေးကြည့်မိတော့ သူမ တကယ်ပဲ ကိုက်သွားခဲ့တာမို့ လက်ကသွေးပင်စို့နေလေပြီ ။
လုဘန်ချန်းကြည့်ရုံနဲ့ သူပါ နာလာသလိုဖြစ်တာကြောင့်
ဂူယူရှန်းကို စကားစလိုက်တော့သည် ။
“ရှောင်ဝမ်ကို ခေါ်လိုက်ရမလား အစ်ကို့ကို ဆရာဝန်ဆီ
ခေါ်သွားပေးဖို့”
ဂူယူရှန်းက ဘာမှပြန်မပြောပဲ ရေပန်းဆီကိုသာ ကြည့်နေမိပြီး ခဏအကြာမှာတော့ စကားသံထွက်လာတော့သည် ။
“သူတို့ကို သွားတော့ဖို့ပြောလိုက်”
သူတို့ဆိုတာ လက်ဝတ်ရတနာဆိုင်က ဝန်ထမ်းတွေကို ရည်ရွယ်မှန်းသိတဲ့ လုဘန်ချန်းက သူ့ဘေးက ထွက်သွားပြီး ဝန်ထမ်းတွေကို သွားပြောရသည် ။
အဲ့ဒီနောက် ဂူယူရှန်းဆီပြန်လာတော့ ဂူယူရှန်းက မရှိတော့ ။
လုဘန်ချန်း မျက်ခုံးတို့ကို တွန့်ချိုးကာ ရှာမိတော့
ရေပန်းနားမှာ အရိပ်တွေ့တော့သည် ..
အဲ့ဒီအရိပ်က တစ်ခုခုကို ကုန်းရှာနေပုံပင် ..
လုဘန်ချန်း သေချာကြည့်မိတော့ ဂူယူရှန်းပင် ။
လုဘန်ချန်း အံ့သြသွားမိပေမဲ့ အခြေအနေတွေကို
နားလည်သွားတာမို့ ဂူယူရှန်းနား သွားကာ ကူရှာပေးဖို့
ပြောပေမဲ့ သူကလက်မခံ ။
ဒါကြောင့် လုဘန်ချန်းလည်း သူ့ကို စောင့်ကြည့်နေရတာမို့ ဒီညအိပ်ရမည်မထင်တော့ ။
ဂူယူရှန်းသည်လည်း တစ်ညလုံးမအိပ်ပဲ ရွှံတွေတကိုယ်လုံး ပေကျံပြီးတဲ့နောက် နေထွက်လာခဲ့တော့သည် ...
လုဘန်ချန်းလည်း မအိပ်ခဲ့ရပဲ ဂူယူရှန်းဆီက အသံတစ်ခုခုကြားလိုက်ရချိန်မှာတော့ မျက်လုံးတို့ကို ဖွင့်ကာ အိပ်ငိုက်နေတဲ့အသံနှင့် ထမေးသည် ။
“ရှာတွေ့ပြီလား”
ဂူယူရှန်းက ပြန်မပြောပဲ ကားသော့ကို ထုတ်ကာ ပန်းခြံထဲက ထွက်သွားတော့ လုဘန်ချန်းလည်း လိုက်သွားပြီး ထပ်မေးမလို့ပြင်တုန်းမှာပဲ သူ့လက်ထဲက
အလင်းရောင်မှိန်ပျပျနဲ့ လက်နေတဲ့အရာကို မြင်လိုက်ရတော့သည်...ပါးပြီး ညစ်ပတ်နေတဲ့ ဆွဲကြိုးလေးပင် ။
ကားကိုတော့ လုဘန်ချန်းမောင်းခဲ့ပြီး ဂူယူရှန်းကို
ကားမောင်းရင်း တစ်ချက်ကြည့်မိတော့
ညစ်ပတ်လွန်းနေတာမို့ သူကပဲ ကားထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည် ။
“ဟိုတယ်ကို အရင်သွားပြီး ရေချိုးအဝတ်အစား လဲလိုက်ရင် မကောင်းဘူးလား”
-----------------------------------------------------------------------
စာစဉ် ၉၊ အခန်း ၁၀ ။ အာရုံစိတ်မှုခံရဖို့ ရယူခြင်း (10)
ကားထဲဝင်လာကတည်းက ဂူယူရှန်း တိတ်နေပြီး မျက်စိမှိတ်ထားခဲ့တာ။ ဒီလိုစကားတွေလဲ ကြားပြီးရော မျက်စိပွင့်လာကာ "ကောင်းပြီ"လို့ ပြောပြီး ကားထဲတစ်ခါ ပြန်တိတ်ဆိတ်သွားသည် ။
လုဘန်ချန်းလည်း ကားမောင်းနေရင်းကနေ ဂူယူရှန်းကို လှမ်းကြည့်လိုက်မိတော့ သူရလာတဲ့ လည်ဆွဲကိုပဲ
ဆက်ကြည့်နေလေရဲ့ ။
…
လုဘန်ချန်း ဟော်တယ်အဝင်ကောင်တာမှာ သူတို့နှစ်ယောက်အတွက် အဝတ်အစားပို့ပေးဖို့ ပြောခဲ့ကာ သူနဲ့တော်မယ့်တစ်ထည်ကို ယူပြီး ရေချိုးခန်းထဲကို ဝင်သွားလိုက်သည် ။
တစ်ညလုံး ကောင်းကောင်း အနားမယူခဲ့ရသေးတာမို့
လုဘန်ချန်း ရေနွေးနဲ့အကြာကြီး ချိုးနေလိုက်ပြီးနောက်
ထွက်လာကာ တာဝါနဲ့ခေါင်းခြောက်အောင် သုတ်ပြီး
အိပ်ခန်းတံခါးကို သွားတံခါးခေါက်လိုက်သည် ။
"အစ်ကိုရှန်း"
ဘယ်သူမှ ပြန်မပြောခဲ့ ။
လုဘန်ချန်းက တံခါးဆက်ခေါက်နေပေမယ့် ပြန်မဖြေတာကြောင့် အခန်းလော့်ခ်ကလည်း မချထားတာနဲ့ ဝင်သွားလိုက်ရာ အခန်းထဲဘယ်သူမှ ရှိမနေ ။
ဂူယူရှန်း ရှိမနေဘဲ သူ့ရဲ့ ပေရေနေတဲ့အဝတ်စားတွေက
အမှိုက်ပုံးထဲ ရောက်နေကာ ရေချိုးတပက်သာ ခုတင်ပေါ်မှာ တင်ကျန်နေသည် ။ ရေချိုး အဝတ်စားလဲပြီး ထွက်သွားခဲ့ပုံပင် ။ ကားသော့ကျန်နေခဲ့တာကြောင့် သူ့ကားမယူသွားဘူးပေါ့ ။
ဒါဆို သူသွားနိုင်မယ့်နေရာက...
ဆံပင်တွေသုတ်လိုက်ပြီး အခန်းသော့ယူကာ ထွက်လာခဲ့လိုက်သည် ။
သူတို့နေတာက အပေါ်ဆုံးထပ်မို့ ဓာတ်လှေကား မစီးနေတော့ပဲ ထွက်ပေါက်ကနေပဲ ခေါင်မိုးပေါ်ထိ တက်ခဲ့လိုက်သည် ။
လုပန်ချိန် ထင်ထားသည့်အတိုင်းပင် ခေါင်းမိုးထပ်တံခါးက ပွင့်နေပြီး ဂူယူရှန်းက အဲ့ဒီမှာရှိနေလေသည် ။
မတ်တပ်ရပ်နေပြီး စီးကရက်တစ်လိပ်ကို ကိုင်ကာ နေထွက်ရာအရှေ့အရပ်ကို မျက်နှာမူထားလေ၏ ။
ကိုယ်ပေါ်ကို နေရောင်တွေက ထိုးကျနေလေသည် ။ မြင်နေရတဲ့မြင်းကွင်းက လက်ရာပြောင်မြောက်သည့် အဖိုးအိုတစ်ယောက် ပန်းချီဆေးခြယ်ထားသည့် အလား ။
ဂူယူရှန်းသည် အထီးကျန်နေသည့် လူတစ်ယောက်လို
တိတ်ဆိတ်ကာ မျက်နာထက် ဘာခံစားချက်ပင် မရှိ ။
အစက ဟိုတယ်မှာ မနက်စာစားဖို့ လာခေါ်တာဖြစ်ပေမယ့် သူ့ရဲ့ပုံစံကိုကြည့်ပြီး မနှောင့်ယှက်ချင်တော့ ။
ခေါင်မိုးထပ်မှာ တိတ်ဆိတ်နေပြီး အရုဏ်ဦး လေညှင်းလေးတွေပဲ တိုက်ခတ်နေသည် ။
ခနနေတော့ ဆေးလိပ်ငွေ့ရှူထုတ်ပြီး လက်ထဲ စီးကရက်ညှပ်ကာ ပြန်လှည့်လာသည် ။
လုဘန်ချန်းကို နဲနဲလန့်သွားပုံက သူ့အနောက်မှာ အခြားသူတစ်ယောက် ရောက်နေလိမ့်မယ်လို့ မထင်ထားမိတဲ့ပုံ ။
လုဘန်ချန်း ပြုံးပြပြီး အရင်စပြောလိုက်သည် ။
"အောင်ထပ်ဆင်းပြီး တစ်ခုခုစားပြီးရင် နားလိုက်ဦး၊
မနေ့ညကတော့ ညစာစားခဲ့တယ်မလား"
ဂူယူရှန်းသည် ခေါင်းအသာညိတ်ပြပြီး စကားတစ်ခွန်းမှ မပြောလာ ။
…
မနက်စာစားခန်းထဲမှာလဲ လူအနည်းငယ်သာ ရှိပြီး
ပြတင်းပေါက်နဲ့ နီးတဲ့နေရာတွင် သူတို့နှစ်ယောက်
မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည် ။
ဟင်းပွဲတွေမှာပြီးလို့ ဂူယူရှန်းကိုကြည့်လိုက်တော့
ထိုင်ခုံပေါ်မှာ ပျင်းရိလေးတွဲစွာ ထိုင်နေပြီး ပျက်နေတဲ့လည်ဆွဲကိုပဲကြည့်နေလေရဲ့ ။
သူ့ကို ကြည့်နေရင်း လုဘန်ချန်း ရယ်ချင်စိတ်တို့က ထိန်းမရတော့ ။ ရေတစ်ငုံလောက် သောက်ပြီး ဖန်ခွက်ပြန်ချကာ မနေ့ညကတည်းက မေးချင်နေတဲ့စကားကို မေးလိုက်မိသည် ။
"အစ်ကိုရှန်း အခုပုံစံက ဘာနဲ့တူလဲသိလား"
ဂူယူရှန်းကတော့ ဘာမှပြန်မဖြေတာကြောင့်
လုဘန်ချန်းက သူ့ပုံစံကို ကြည့်ပြီး …
"အခုပုံစံက ကိုယ်လုပ်တော်က စိတ်ဝင်စားမှုခံရအောင် ကြိုးစားနေတဲ့ပုံနဲ့ တူတယ်"
-------------------------------------------------------------
Merry Christmas pr 😍