Zawgyi version
ဆရာဝန္ေျပာတဲ့ ကိုကိုက သာမန္လူအတိုင္း မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ အခုမွ နားလည္မိပါရဲ႕။ အာရံုေၾကာေတြ ထိခိုက္သြားတာေၾကာင့္ ကိုကိုဟာ လမ္းမေလ်ွာက္ႏိုင္ေတာ့ဘူးတဲ့။
ဆရာဝန္နဲ႔ေတြ႔ၿပီး ျပန္လာကတည္းက ကိုကိုနဲ႔ရင္မဆိုင္ရဲေသးလို႔ အခန္းေ႐ွ႕မွာ ထိုင္ငိုေနခဲ့မိတယ္။ ဘယ္လိုေျပာျပရမလဲ..ကိုကိုေရခင္ဗ်ားေတာ့လမ္းမေလ်ွာက္ႏိုင္ေတာ့ဘူးလို႔လား?..မြန္းၾကပ္လိုက္တာ ကိုကိုရယ္
ဖံုးကြယ္ထားလို႔မရတဲ့အရာမို႔ ျဖစ္လာသမ်ွ ရင္ဆိုင္ဖို႔ပဲ ကြၽန္ေတာ္ဆံုးျဖတ္လိုက္တယ္ကိုကို၊ အခုခ်ိန္ကစၿပီး ခင္ဗ်ားကို ကြၽန္ေတာ္က ေစာင့္ေ႐ွာက္သြားမယ္။
အခန္းတံခါးကို ျဖည္းျဖည္းခ်င္း ဖြင့္ၿပီး အထဲကိုေဝ့ၾကည့္မိေတာ့ ကုတင္ထက္က ျဖဴ လြလြပံုရိပ္ေလး၊ ကုတင္ထက္က ကိုကိုဟာ ျပတင္းေပါက္ကိုပဲ အေငးေကာင္းေနေလရဲ႕.....။
"ကိုကိုကြၽန္ေတာ္လာၿပီ..ေရပတ္မတိုက္ရေသးဘူးမလားကြၽန္ေတာ္လုပ္ေပးမယ္"
အခုထိကို သူ႔ဘက္ ေစာင္းငဲ့ၾကည့္မလာေသးတဲ့ ကိုကို႔ေၾကာင့္ ရင္ေတြလည္း နာရပါတယ္။ ဒါေပမဲ့ အခုခ်ိန္မွာ အနာက်င္ဆံုးသူဟာ ကိုကိုျဖစ္ေနမွာကို သိေတာ့လည္း ကိုယ္ကပဲ နားလည္ေပးလိုက္ပါ့မယ္။
ေရခ်ိဴ းခန္းထဲဝင္ၿပီး ဇလံုထဲေရထည့္ကာ ကိုကို႔ဆီမသြားလိုက္သည္။ သဘက္ကို ေရဆြတ္ၿပီး ကိုကို႔မ်က္ႏွာထက္ဆီ လက္လွမ္းမိေတာ့ ပုတ္ခ်ျခင္းခံလိုက္ရသည့္ သဘက္ငယ္ေလးက ၾကမ္းျပင္ထက္ဆီ သက္ဆင္းလို႔....။
"ကိုကိုဘယ္လိုလုပ္လိုက္တာလဲ..ကြၽန္ေတာ္ေရပတ္တိုက္ေပးမလို႔ကိုကေလးႀကီးက်ေနတာပဲ..လာလာ"
မ်က္ႏွာမသစ္ခ်င္ဘူးထင္၍ ကိုယ္လက္သန္႔႐ွင္းေပးရန္ အက်ႌၾကယ္သီးတို႔ထံ လက္လွမ္းမိျပန္ေတာ့လည္း ထပ္မံပုတ္ခ်ခံရျပန္ေလတယ္။
"ကိုကို"
ႏွစ္ကိုယ္ၾကားသာ ၾကားႏိုင္ေလာက္မည့္ အသံခပ္တိုးတိုးႏွင့္ ေခၚမိေတာ့ သူ႔ဘက္ကို လွည့္လာသည့္ ကိုကိုက အနည္းငယ္ရဲေနသည့္ မ်က္ဝန္းအစံုနဲ႔အတူ။
"Park Jimin"
"ဗ်ာ"
"ေက်းဇူးျပဳၿပီး..ငါ့နားကထြက္သြားေပးပါလား"
"အာ..ကိုကိုနားခ်င္ေနလို႔လားေကာင္းၿပီေကာင္းၿပီ..ကြၽန္ေတာ္ထြက္သြားေပးမယ္ေနာ္"
ေရဇလံုေလးကို ျပန္ယူကာ ကိုကို႔ကို ေက်ာခိုင္းၿပီး အခန္းထဲက ထြက္ရန္ျပင္လိုက္သည္။
"ငါ့အနားကေနတစ္သက္လံုးထြက္သြားေပးမလား"
ကိုကို႔စကားတစ္ခြန္းမွာ ေျခလွမ္းအစံုက တံု႔ခနဲရပ္တန္႔တယ္၊ ႏွလံုးသားဟာလည္း ခြမ္းခနဲ က်ကြဲရတယ္......။
တုန္ယင္ေနေသာလက္တို႔ေၾကာင့္ ဇလံုကို ထပ္ကိုင္ထားရန္မစြမ္းတာမို႔ ခံုေပၚအျမန္တင္လိုက္ၿပီး ကိုကို႔ကို မ်က္လံုးခ်င္းဆံုကာ ၾကည့္လိုက္သည္။
"ဘာစကားေျပာလိုက္တာလဲ..ကိုကိုဘာစကားေျပာလိုက္တာလဲလို႔"
"မင္းၾကားတဲ့အတိုင္းပဲ"
"ဘာလို႔ထြက္သြားရမွာလဲ..ခင္ဗ်ားနားကေနေသေတာင္ထြက္မသြားဘူး"
"မင္းကိုသိပ္စိတ္ပ်က္တာပဲ"
စိတ္ပ်က္တယ္တဲ့၊ ဟား ကိုကိုက သူ႔ကို စိတ္ပ်က္တယ္တဲ့။
"စိတ္..စိတ္ပ်က္တယ္ဟုတ္..ဟုတ္လား"
"ဟုတ္တယ္မင္းကိုငါအရမ္းစိတ္ပ်က္ေနၿပီPark Jimin"
"ဘာလို႔လဲ..ဘာလို႔လဲလို႔ကိုကိုပဲ..ကိုကိုပဲကြၽန္ေတာ့ကိုသိပ္ခ်စ္တယ္ဆို"
"ခ်စ္ခဲ့တယ္ဒါေပမဲ့အရင္က..အခုငါမင္းကိုသိပ္စိတ္ပ်က္တယ္အဲ့တာသိရဲ႕လား"
"မသိဘူး..မသိခ်င္ဘူး"
"က်စ္..စိတ္ကုန္လိုက္တာ"
"စိတ္ကုန္တယ္ဟုတ္လား..အဟက္..ကြၽန္ေတာ့ဘဝထဲ အရင္ဝင္လာခဲ့တာလည္း ခင္ဗ်ားပဲ..အခု ထြက္သြားခ်င္ေတာ့လည္းခင္ဗ်ားပဲ..ဘာလဲကြၽန္ေတာ္ကအဲ့ေလာက္လြယ္ေနလို႔လား"
"ငါ့ဘက္ကေျပာခ်င္တာဒါအကုန္ပဲ..ငါတို႔လမ္းခြဲၾကမယ္"
"ကြၽန္ေတာ္ေသမွပဲရမယ္"
ဒီအခန္းထဲမွာ ထပ္ၿပီးေနေနရင္ ဒီလူသားေ႐ွ႕မွာ ငိုမိေတာ့မွာမို႔ အခန္းအျပင္ကို ထြက္လိုက္မိသည္။ အခန္းအျပင္ေရာက္မွ တံခါးေဘးမွာပဲ ငုတ္တုတ္ထိုင္ခ်ကာ မ်က္ႏွာကိုအုပ္ၿပီး ငိုခ်လိုက္သည္။
အတိတ္ကို အတိတ္မွာပဲ ထားခဲ့လို႔ မရဘူးလားကိုကို?
♡ ♡ ♡
Minက အခန္းျပင္ဘက္ ထြက္သြားတာေသခ်ာမွ သူလည္း ငိုခ်ပစ္လိုက္သည္။
ခံစားရပါသည္၊ သူ႔ကို ပစ္ပစ္ခါခါေျပာမိတဲ့ စကားလံုးတိုင္းက ကိုယ့္ရင္ကိုလည္း ထပ္တူထပ္မ်ွခံစားရေစပါသည္။
ေတာင္းပန္ပါတယ္Minရယ္...ကိုကိုကမင္းကို ေတာင္းပန္ဖို႔ပဲ တတ္ႏိုင္တယ္....။
ကိုယ့္စကားေတြေၾကာင့္ မ်က္ရည္ေတြ ဝိုင္းေနတဲ့ အဲ့ဒီမ်က္ဝန္းေမွးေမွးေလးေတြကို ၾကည့္ရင္း ကိုယ္ပါ ထပ္တူခံစားရပါတယ္။ ဒါေပမဲ့ ကိုကိုတို႔က မျဖစ္ႏိုင္ေတာ့ဘူးေလ။
Minအခန္းထဲ မဝင္လာခင္ ေဆးလာစစ္ေပးတဲ့ ဆရာဝန္ေလးကို ကိုယ့္အေျခအေနေမးခဲ့တယ္။ တာဝန္က်ဆရာဝန္မဟုတ္ေပမဲ့ ဒီဆရာဝန္ေလးကိုလည္း ေမးလို႔ရေကာင္းပါရဲ႕။
"ဆရာ"
"ဗ်ာ"
"ကြၽန္ေတာ့အေျခအေနကိုအမွန္အတိုင္းေျပာျပေပးလို႔ရမလား"
"ကြၽန္ေတာ္ကလူနာ့ရဲ႕caseကိုတာဝန္ယူရတဲ့သူမဟုတ္ဘူးဗ်"
"ကြၽန္ေတာ္သိပါတယ္..ဒါေပမဲ့ေျပာျပေပးပါကြၽန္ေတာ့ေျခေထာက္ေတြကဘာျဖစ္သြားတာလဲ"
ဘာအထိအေတြ႔ကိုမွ ခံစားရျခင္းမ႐ွိေတာ့တဲ့ ကိုယ့္ေျခေထာက္ေတြအေၾကာင္းကို မရိပ္မိတဲ့အထိေတာ့ သူမတံုးအပါ။
"ဒါက..."
"ေျပာပါ..ဆရာေျပာျပမွျဖစ္မွာမို႔"
"စိတ္ေတာ့မေကာင္းေပမဲ့ခင္ဗ်ားရဲ႕အာရံုေၾကာေတြကအေတာ္ပ်က္ဆီးသြားတယ္..အဲ့ေန႔ကဆိုဆရာဝန္ႀကီးေတြကအေတာ္ႀကိဳးစားၿပီးကယ္လိုက္ရတာ"
"....."
"အာရံုေၾကာေတြပ်က္ဆီးသြားတဲ့အျပင္..ခါး႐ိုးကိုပါထိခိုက္တာေၾကာင့္ခင္ဗ်ားကလမ္းမေလ်ွာက္ႏိုင္ေတာ့ဘူး"
"ဗ်ာ"
"ဟုတ္တယ္..ခင္ဗ်ားရဲ႕က်န္႐ွိေနတဲ့သက္တမ္းမွာwheel chairနဲ႔ပဲေနသြားရေတာ့မွာ..ကြၽန္ေတာ္မေျပာျပခ်င္ေပမဲ့ခင္ဗ်ားကအတင္းေမးေနေတာ့"
"ရပါတယ္ဆရာ့အျပစ္မဟုတ္ပါဘူး..အခုမသိလည္းေနာက္သိရမဲ့ကိစၥပဲဟာ..ဘယ္တတ္ႏိုင္မလဲဗ်ာကံစီမံရာေပါ့"
ဆရာဝန္ေလးထြက္သြားမွ သက္ျပင္းေမာကို ခ်လိုက္တယ္။ Minသာသိရင္ အရမ္း ဝမ္းနည္းေန႐ွာေတာ့မွာပဲ။
အခ်ိန္အေတာ္ၾကာ စဥ္းစားၿပီး ဆံုးျဖတ္ခ်က္တစ္ခုကို ခ်လိုက္သည္။ ဒီနည္းလမ္းက ႏွစ္ဦးႏွစ္ဖက္လံုးအတြက္ အဆင္ေျပဆံုးျဖစ္မွာပါ။
"Hello Taehyungလား...ငါ့ဆီခဏလာခဲ့ဦး"
Taehyungနဲ႔ ဖုန္းေျပာဆိုၿပီးတာနဲ႔ ျပတင္းေပါက္ကိုပဲ ေငးေမာေနလိုက္သည္။
အခန္းထဲMinဝင္လာတာ သိေပမဲ့ လွည့္မၾကည့္ခဲ့ဘူး။ သူ႔မ်က္ႏွာေလးကိုေတြ႕ရင္ စိတ္ထိန္းႏိုင္မယ္မထင္ဘူး တကယ္ကို ငိုခ်မိမွာ။
တတြတ္တြတ္ေျပာၿပီး ေရပတ္တိုက္ေပးဖို႔ ျပင္ေနတဲ့ေကာင္ေလးရဲ႕ လက္ကို ပုတ္ထုတ္လိုက္မိတယ္။ အားမထည့္ေပမဲ့ သူနာသြားမလားမသိဘူး။
အနားက ထြက္သြားဖို႔ ေျပာတာေတာင္ ဒီေကာင္ေလးက ဘာလို႔လဲဆိုၿပီး တဖြဖြေမးတုန္း။ ကိုယ္နဲ႔မင္းက မျဖစ္ႏိုင္ေတာ့ဘူးလို႔ ေကာင္ေလးရဲ႕။
ကိုယ့္လိုဒုကၡိတတစ္ေယာက္နဲ႔အတူ တစ္သက္လံုးေနသြားရမဲ့ ေကာင္ေလးကို မျမင္ခ်င္ဘူး။ ေကာင္ေလးက အခုမွ ဆယ့္႐ွစ္သာသာေလး၊ ကေလးပဲ႐ွိေသးတယ္။ တက္လမ္းေတြအမ်ားႀကီး ႐ွိေနေသးတဲ့ ဒီကေလးရဲ႕ဘဝမွာ သူက အတားအဆီးတစ္ခု မျဖစ္ခ်င္ဘူး။
ကိုယ့္ကိုခြင့္လႊတ္ပါ ကေလးငယ္.....။
သိပ္ခ်စ္လြန္းလို႔ လက္လႊတ္ေပးလိုက္တာပါ...မင္းေပ်ာ္ေနမွာမဟုတ္မွန္းသိေပမဲ့ ဒီေနရာမွာေတာ့ ကိုယ္မင္းအတြက္ အတၱႀကီးပါရေစ။
အခန္းျပင္ကို ေျပးထြက္သြားတဲ့ ေက်ာျပင္ငယ္ကိုၾကည့္ရင္း ကိုယ္လည္း ငိုေႂကြးရပါတယ္။ ကိုယ့္မိဘေတြေၾကာင့္ မဆိုင္ပဲ အသက္ဆံုး႐ွံုးခဲ့ရတဲ့ မင္းအေဖကို အားနာရသလို မင္းကိုလည္း မ်က္ႏွာခ်င္းမဆိုင္ရဲတာမို႔ ကိုယ္တို႔ ဒီေလာက္နဲ႔ပဲေဝးၾကစို႔။
မင္းကို မခ်စ္လို႔မဟုတ္ဘူးေနာ္၊ မင္းကို ဘယ္ေလာက္ခ်စ္လဲဆိုရင္ ႏွလံုးခုန္ရင္ေတာင္ ကိုယ့္ႏွလံုးသားက "ဒုတ္ဒုတ္"လို႔မျမည္ပဲ မင္းနာမည္ေလးကိုပဲ ျမည္ေနေလာက္တဲ့အထိပဲ။
Park Jiminကို ခ်စ္ဖို႔ ေမြးဖြားလာသလို၊ Park Jiminကို ခ်စ္ရင္းပဲ ေသဆံုးခ်င္ပါတယ္....။
ဘုရားသခင္က ကိုယ္တို႔ခ်စ္ျခင္းကို ဖန္ဆင္းေပးတုန္းက အလြဲေလးေတြ ႐ွိခဲ့တယ္ထင္တယ္၊ ထားပါ ဒါလည္း ကိုယ္တို႔ကံပဲေပါ့။
"CEOကြၽန္ေတာ္ေရာက္ၿပီ"
Taehyungအသံၾကားမွ အေတြးစကို ျဖတ္ၿပီး ကိုယ့္အစီအစဥ္ကို ေျပာျပလိုက္သည္။ Taehyungက တအံ့တဩႏွင့္ ျဖစ္ေနေပမဲ့ ျငင္းေတာ့မျငင္း။
"ျဖစ္ပါ့မလားCEO"
"ျဖစ္ေအာင္လုပ္ရမွာေပါ့ကြာ"
"အဲ့လိုလုပ္ရင္Jiminက႐ိုက္ခ်က္အျပင္းဆံုးျဖစ္သြားႏိုင္တယ္CEO"
"ငါလုပ္သမ်ွအကုန္လံုးကသူေကာင္းဖို႔အတြက္ခ်ည္းပါပဲTaehyungရယ္"
"ကြၽန္ေတာ္နားလည္ပါတယ္"
"ဦးေလးLeeဆီသြားခ်င္တယ္..လိုက္ပို႔ေပးပါလား"
♡ ♡ ♡
မွန္တစ္ခ်ပ္သာျခားေပမဲ့ တစ္ဖက္ျခမ္းက ဦးေလးLeeကို ထင္ထင္ရွားရွား ျမင္ေနရသည္။
"အေဖ"
သူ႔ေခၚသံၾကားေတာ့ ေမာ့ၾကည့္လာသည့္ အေဖက မ်က္ရည္စေလးေတြႏွင့္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္"
"သားကဘာလို႔ေတာင္းပန္တာလဲ..အေဖတို႔လူႀကီးေတြၾကားမွာသားကေျမစာပင္ျဖစ္ခဲ့ရတာပါ..သားေလးမွာဘာအျပစ္မွမ႐ွိဘူး"
"ပင္ပန္းလား...တျခားသူကိုအေဖေခၚေနတဲ့ကြၽန္ေတာ့နားမွာေနရတာပင္ပန္းခဲ့လား"
"မပင္ပန္းပါဘူး..အေဖ့သားေလးမ်က္ႏွာျမင္ေနရရင္ျပည့္စံုၿပီမို႔အေဖဘယ္ေတာ့မွမပင္ပန္းခဲ့ဖူးဘူး"
"အေဖအထဲမွာအခက္မေတြ႔ေအာင္ကြၽန္ေတာ္အကုန္လုပ္ေပးခဲ့တယ္..ေနာက္ဆိုကြၽန္ေတာ္လာေတြ႔ႏိုင္ေတာ့မယ္မထင္ဘူး"
အေဖက ဘာမွမေတာ့မေျပာေပမဲ့ စိတ္မေကာင္းျဖစ္ေနသည့္ပံု
"ကြၽန္ေတာ္ဒီေျမကထြက္သြားေတာ့မယ္..ကြၽန္ေတာ္လည္းအဆင္ေျပေအာင္ေနမွာမို႔အေဖလည္းအဆင္ေျပေျပေနပါ...က်န္းမာေရးလည္းဂ႐ုစိုက္ပါ"
"သားေလးကိုအရင္လိုမေစာင့္ေ႐ွာက္ႏိုင္ေတာ့မဲ့အေဖ့သားကသန္မာပါတယ္"
အေဖ့ကို ျပံဳးျပလိုက္ေတာ့ အေဖကလည္း မ်က္ရည္ေလးေတြႏွင့္ ျပန္ျပံဳးျပ႐ွာသည္။ Minနဲ႔ေတြ႔ဆံုခြင့္ရေအာင္ ေမြးေပးခဲ့တဲ့ အေဖ့ကို ေက်းဇူးတင္ပါတယ္။
"အက်ဥ္းသားအမွတ္စဥ္2202..ဧည့္ေတြ႔ခ်ိန္ကုန္ပါၿပီ"
"အေဖ့ကိုျပန္ေခၚေနၿပီသြားရေတာ့မယ္"
ေနရာမွထကာ အခန္းထဲ ျပန္ဝင္ေတာ့မည့္ အေဖ့ရဲ႕ေက်ာျပင္ကို ၾကည့္ရင္း ရင္ထဲ ဝမ္းနည္းလာမိသည္။
"အေဖ"
"...."
"ခ်စ္တယ္...အေဖဘာလုပ္ခဲ့လုပ္ခဲ့က်ြန္ေတာ္ခြင့္လႊတ္ပါတယ္ေနာက္ထပ္အမွားေတြေတာ့ထပ္မလုပ္ပါနဲ႔ေတာ့"
အေဖက ေခါင္းၿငိမ့္ျပၿပီး အခန္းထဲ ျပန္ဝင္သြားသည္။ ကံၾကမၼာသာမက်ီစားရင္ ဒီေမတၱာေတြဟာ အရမ္းကို ေႏြးေထြးေနခဲ့မွာ။
Wheel Chairကို လာတြန္းေပးေနေသာ Taehyungကိုၾကည့္ၿပီး
"ေက်းဇူးတင္ပါတယ္Taehyung..အစစအရာရာအတြက္ေက်းဇူးတင္တယ္"
"မလိုပါဘူးCEO..ဒါကြၽန္ေတာ္လုပ္ရမဲ့အလုပ္ေတြပါ"
"ငါေျပာထားတာေတြျပင္ဆင္ၿပီးၿပီလား"
"ဟုတ္ကဲ့"
အခ်ိန္ေတြက ကုစားသြားတဲ့အခါ ကေလးငယ္က သူ႔ကို ေမ့ေပ်ာက္သြားမွာပါ။ အသက္၉ႏွစ္ကြာတဲ့ ဒီလူ႔ကို ေမ့ၿပီး ႐ွင္သန္သြားပါ၊ ဒါဟာ မင္းအတြက္အေကာင္းဆံုးပဲ။
ကိုယ့္အခ်စ္ေတြနဲ႔ မင္းဘဝေလး ၿငိမ္းခ်မ္းပါေစ ခ်စ္ရသူေရ......။
Date-26.12.2020
Note-ဒီအပိုင္းမွာEndingပါေရာေရးလိုက္ဖို႔ေတြးေပမဲ့ ဟာသြားမွာဆိုးလို႔ ေနာက္အပိုင္းမွပဲ ဇာတ္သိမ္းလိုက္ပါ့မယ္...ေနာက္အပိုင္းကေတာ့တကယ္finalပါလို႔><
Unicode version
ဆရာဝန်ပြောတဲ့ ကိုကိုက သာမန်လူအတိုင်း မဖြစ်နိုင်တော့ဘူးဆိုတာ အခုမှ နားလည်မိပါရဲ့။ အာရုံကြောတွေ ထိခိုက်သွားတာကြောင့် ကိုကိုဟာ လမ်းမလျှောက်နိုင်တော့ဘူးတဲ့။
ဆရာဝန်နဲ့တွေ့ပြီး ပြန်လာကတည်းက ကိုကိုနဲ့ရင်မဆိုင်ရဲသေးလို့ အခန်းရှေ့မှာ ထိုင်ငိုနေခဲ့မိတယ်။ ဘယ်လိုပြောပြရမလဲ..ကိုကိုရေခင်ဗျားတော့လမ်းမလျှောက်နိုင်တော့ဘူးလို့လား?..မွန်းကြပ်လိုက်တာ ကိုကိုရယ်
ဖုံးကွယ်ထားလို့မရတဲ့အရာမို့ ဖြစ်လာသမျှ ရင်ဆိုင်ဖို့ပဲ ကျွန်တော်ဆုံးဖြတ်လိုက်တယ်ကိုကို၊ အခုချိန်ကစပြီး ခင်ဗျားကို ကျွန်တော်က စောင့်ရှောက်သွားမယ်။
အခန်းတံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး အထဲကိုဝေ့ကြည့်မိတော့ ကုတင်ထက်က ဖြူ လွလွပုံရိပ်လေး၊ ကုတင်ထက်က ကိုကိုဟာ ပြတင်းပေါက်ကိုပဲ အငေးကောင်းနေလေရဲ့.....။
"ကိုကိုကျွန်တော်လာပြီ..ရေပတ်မတိုက်ရသေးဘူးမလားကျွန်တော်လုပ်ပေးမယ်"
အခုထိကို သူ့ဘက် စောင်းငဲ့ကြည့်မလာသေးတဲ့ ကိုကို့ကြောင့် ရင်တွေလည်း နာရပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အနာကျင်ဆုံးသူဟာ ကိုကိုဖြစ်နေမှာကို သိတော့လည်း ကိုယ်ကပဲ နားလည်ပေးလိုက်ပါ့မယ်။
ရေချိူ းခန်းထဲဝင်ပြီး ဇလုံထဲရေထည့်ကာ ကိုကို့ဆီမသွားလိုက်သည်။ သဘက်ကို ရေဆွတ်ပြီး ကိုကို့မျက်နှာထက်ဆီ လက်လှမ်းမိတော့ ပုတ်ချခြင်းခံလိုက်ရသည့် သဘက်ငယ်လေးက ကြမ်းပြင်ထက်ဆီ သက်ဆင်းလို့....။
"ကိုကိုဘယ်လိုလုပ်လိုက်တာလဲ..ကျွန်တော်ရေပတ်တိုက်ပေးမလို့ကိုကလေးကြီးကျနေတာပဲ..လာလာ"
မျက်နှာမသစ်ချင်ဘူးထင်၍ ကိုယ်လက်သန့်ရှင်းပေးရန် အကျႌကြယ်သီးတို့ထံ လက်လှမ်းမိပြန်တော့လည်း ထပ်မံပုတ်ချခံရပြန်လေတယ်။
"ကိုကို"
နှစ်ကိုယ်ကြားသာ ကြားနိုင်လောက်မည့် အသံခပ်တိုးတိုးနှင့် ခေါ်မိတော့ သူ့ဘက်ကို လှည့်လာသည့် ကိုကိုက အနည်းငယ်ရဲနေသည့် မျက်ဝန်းအစုံနဲ့အတူ။
"Park Jimin"
"ဗျာ"
"ကျေးဇူးပြုပြီး..ငါ့နားကထွက်သွားပေးပါလား"
"အာ..ကိုကိုနားချင်နေလို့လားကောင်းပြီကောင်းပြီ..ကျွန်တော်ထွက်သွားပေးမယ်နော်"
ရေဇလုံလေးကို ပြန်ယူကာ ကိုကို့ကို ကျောခိုင်းပြီး အခန်းထဲက ထွက်ရန်ပြင်လိုက်သည်။
"ငါ့အနားကနေတစ်သက်လုံးထွက်သွားပေးမလား"
ကိုကို့စကားတစ်ခွန်းမှာ ခြေလှမ်းအစုံက တုံ့ခနဲရပ်တန့်တယ်၊ နှလုံးသားဟာလည်း ခွမ်းခနဲ ကျကွဲရတယ်......။
တုန်ယင်နေသောလက်တို့ကြောင့် ဇလုံကို ထပ်ကိုင်ထားရန်မစွမ်းတာမို့ ခုံပေါ်အမြန်တင်လိုက်ပြီး ကိုကို့ကို မျက်လုံးချင်းဆုံကာ ကြည့်လိုက်သည်။
"ဘာစကားပြောလိုက်တာလဲ..ကိုကိုဘာစကားပြောလိုက်တာလဲလို့"
"မင်းကြားတဲ့အတိုင်းပဲ"
"ဘာလို့ထွက်သွားရမှာလဲ..ခင်ဗျားနားကနေသေတောင်ထွက်မသွားဘူး"
"မင်းကိုသိပ်စိတ်ပျက်တာပဲ"
စိတ်ပျက်တယ်တဲ့၊ ဟား ကိုကိုက သူ့ကို စိတ်ပျက်တယ်တဲ့။
"စိတ်..စိတ်ပျက်တယ်ဟုတ်..ဟုတ်လား"
"ဟုတ်တယ်မင်းကိုငါအရမ်းစိတ်ပျက်နေပြီPark Jimin"
"ဘာလို့လဲ..ဘာလို့လဲလို့ကိုကိုပဲ..ကိုကိုပဲကျွန်တော့ကိုသိပ်ချစ်တယ်ဆို"
"ချစ်ခဲ့တယ်ဒါပေမဲ့အရင်က..အခုငါမင်းကိုသိပ်စိတ်ပျက်တယ်အဲ့တာသိရဲ့လား"
"မသိဘူး..မသိချင်ဘူး"
"ကျစ်..စိတ်ကုန်လိုက်တာ"
"စိတ်ကုန်တယ်ဟုတ်လား..အဟက်..ကျွန်တော့ဘဝထဲ အရင်ဝင်လာခဲ့တာလည်း ခင်ဗျားပဲ..အခု ထွက်သွားချင်တော့လည်းခင်ဗျားပဲ..ဘာလဲကျွန်တော်ကအဲ့လောက်လွယ်နေလို့လား"
"ငါ့ဘက်ကပြောချင်တာဒါအကုန်ပဲ..ငါတို့လမ်းခွဲကြမယ်"
"ကျွန်တော်သေမှပဲရမယ်"
ဒီအခန်းထဲမှာ ထပ်ပြီးနေနေရင် ဒီလူသားရှေ့မှာ ငိုမိတော့မှာမို့ အခန်းအပြင်ကို ထွက်လိုက်မိသည်။ အခန်းအပြင်ရောက်မှ တံခါးဘေးမှာပဲ ငုတ်တုတ်ထိုင်ချကာ မျက်နှာကိုအုပ်ပြီး ငိုချလိုက်သည်။
အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ မရဘူးလားကိုကို?
♡ ♡ ♡
Minက အခန်းပြင်ဘက် ထွက်သွားတာသေချာမှ သူလည်း ငိုချပစ်လိုက်သည်။
ခံစားရပါသည်၊ သူ့ကို ပစ်ပစ်ခါခါပြောမိတဲ့ စကားလုံးတိုင်းက ကိုယ့်ရင်ကိုလည်း ထပ်တူထပ်မျှခံစားရစေပါသည်။
တောင်းပန်ပါတယ်Minရယ်...ကိုကိုကမင်းကို တောင်းပန်ဖို့ပဲ တတ်နိုင်တယ်....။
ကိုယ့်စကားတွေကြောင့် မျက်ရည်တွေ ဝိုင်းနေတဲ့ အဲ့ဒီမျက်ဝန်းမှေးမှေးလေးတွေကို ကြည့်ရင်း ကိုယ်ပါ ထပ်တူခံစားရပါတယ်။ ဒါပေမဲ့ ကိုကိုတို့က မဖြစ်နိုင်တော့ဘူးလေ။
Minအခန်းထဲ မဝင်လာခင် ဆေးလာစစ်ပေးတဲ့ ဆရာဝန်လေးကို ကိုယ့်အခြေအနေမေးခဲ့တယ်။ တာဝန်ကျဆရာဝန်မဟုတ်ပေမဲ့ ဒီဆရာဝန်လေးကိုလည်း မေးလို့ရကောင်းပါရဲ့။
"ဆရာ"
"ဗျာ"
"ကျွန်တော့အခြေအနေကိုအမှန်အတိုင်းပြောပြပေးလို့ရမလား"
"ကျွန်တော်ကလူနာ့ရဲ့caseကိုတာဝန်ယူရတဲ့သူမဟုတ်ဘူးဗျ"
"ကျွန်တော်သိပါတယ်..ဒါပေမဲ့ပြောပြပေးပါကျွန်တော့ခြေထောက်တွေကဘာဖြစ်သွားတာလဲ"
ဘာအထိအတွေ့ကိုမှ ခံစားရခြင်းမရှိတော့တဲ့ ကိုယ့်ခြေထောက်တွေအကြောင်းကို မရိပ်မိတဲ့အထိတော့ သူမတုံးအပါ။
"ဒါက..."
"ပြောပါ..ဆရာပြောပြမှဖြစ်မှာမို့"
"စိတ်တော့မကောင်းပေမဲ့ခင်ဗျားရဲ့အာရုံကြောတွေကအတော်ပျက်ဆီးသွားတယ်..အဲ့နေ့ကဆိုဆရာဝန်ကြီးတွေကအတော်ကြိုးစားပြီးကယ်လိုက်ရတာ"
"....."
"အာရုံကြောတွေပျက်ဆီးသွားတဲ့အပြင်..ခါးရိုးကိုပါထိခိုက်တာကြောင့်ခင်ဗျားကလမ်းမလျှောက်နိုင်တော့ဘူး"
"ဗျာ"
"ဟုတ်တယ်..ခင်ဗျားရဲ့ကျန်ရှိနေတဲ့သက်တမ်းမှာwheel chairနဲ့ပဲနေသွားရတော့မှာ..ကျွန်တော်မပြောပြချင်ပေမဲ့ခင်ဗျားကအတင်းမေးနေတော့"
"ရပါတယ်ဆရာ့အပြစ်မဟုတ်ပါဘူး..အခုမသိလည်းနောက်သိရမဲ့ကိစ္စပဲဟာ..ဘယ်တတ်နိုင်မလဲဗျာကံစီမံရာပေါ့"
ဆရာဝန်လေးထွက်သွားမှ သက်ပြင်းမောကို ချလိုက်တယ်။ Minသာသိရင် အရမ်း ဝမ်းနည်းနေရှာတော့မှာပဲ။
အချိန်အတော်ကြာ စဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ဒီနည်းလမ်းက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေဆုံးဖြစ်မှာပါ။
"Hello Taehyungလား...ငါ့ဆီခဏလာခဲ့ဦး"
Taehyungနဲ့ ဖုန်းပြောဆိုပြီးတာနဲ့ ပြတင်းပေါက်ကိုပဲ ငေးမောနေလိုက်သည်။
အခန်းထဲMinဝင်လာတာ သိပေမဲ့ လှည့်မကြည့်ခဲ့ဘူး။ သူ့မျက်နှာလေးကိုတွေ့ရင် စိတ်ထိန်းနိုင်မယ်မထင်ဘူး တကယ်ကို ငိုချမိမှာ။
တတွတ်တွတ်ပြောပြီး ရေပတ်တိုက်ပေးဖို့ ပြင်နေတဲ့ကောင်လေးရဲ့ လက်ကို ပုတ်ထုတ်လိုက်မိတယ်။ အားမထည့်ပေမဲ့ သူနာသွားမလားမသိဘူး။
အနားက ထွက်သွားဖို့ ပြောတာတောင် ဒီကောင်လေးက ဘာလို့လဲဆိုပြီး တဖွဖွမေးတုန်း။ ကိုယ်နဲ့မင်းက မဖြစ်နိုင်တော့ဘူးလို့ ကောင်လေးရဲ့။
ကိုယ့်လိုဒုက္ခိတတစ်ယောက်နဲ့အတူ တစ်သက်လုံးနေသွားရမဲ့ ကောင်လေးကို မမြင်ချင်ဘူး။ ကောင်လေးက အခုမှ ဆယ့်ရှစ်သာသာလေး၊ ကလေးပဲရှိသေးတယ်။ တက်လမ်းတွေအများကြီး ရှိနေသေးတဲ့ ဒီကလေးရဲ့ဘဝမှာ သူက အတားအဆီးတစ်ခု မဖြစ်ချင်ဘူး။
ကိုယ့်ကိုခွင့်လွှတ်ပါ ကလေးငယ်.....။
သိပ်ချစ်လွန်းလို့ လက်လွှတ်ပေးလိုက်တာပါ...မင်းပျော်နေမှာမဟုတ်မှန်းသိပေမဲ့ ဒီနေရာမှာတော့ ကိုယ်မင်းအတွက် အတ္တကြီးပါရစေ။
အခန်းပြင်ကို ပြေးထွက်သွားတဲ့ ကျောပြင်ငယ်ကိုကြည့်ရင်း ကိုယ်လည်း ငိုကြွေးရပါတယ်။ ကိုယ့်မိဘတွေကြောင့် မဆိုင်ပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ မင်းအဖေကို အားနာရသလို မင်းကိုလည်း မျက်နှာချင်းမဆိုင်ရဲတာမို့ ကိုယ်တို့ ဒီလောက်နဲ့ပဲဝေးကြစို့။
မင်းကို မချစ်လို့မဟုတ်ဘူးနော်၊ မင်းကို ဘယ်လောက်ချစ်လဲဆိုရင် နှလုံးခုန်ရင်တောင် ကိုယ့်နှလုံးသားက "ဒုတ်ဒုတ်"လို့မမြည်ပဲ မင်းနာမည်လေးကိုပဲ မြည်နေလောက်တဲ့အထိပဲ။
Park Jiminကို ချစ်ဖို့ မွေးဖွားလာသလို၊ Park Jiminကို ချစ်ရင်းပဲ သေဆုံးချင်ပါတယ်....။
ဘုရားသခင်က ကိုယ်တို့ချစ်ခြင်းကို ဖန်ဆင်းပေးတုန်းက အလွဲလေးတွေ ရှိခဲ့တယ်ထင်တယ်၊ ထားပါ ဒါလည်း ကိုယ်တို့ကံပဲပေါ့။
"CEOကျွန်တော်ရောက်ပြီ"
Taehyungအသံကြားမှ အတွေးစကို ဖြတ်ပြီး ကိုယ့်အစီအစဉ်ကို ပြောပြလိုက်သည်။ Taehyungက တအံ့တဩနှင့် ဖြစ်နေပေမဲ့ ငြင်းတော့မငြင်း။
"ဖြစ်ပါ့မလားCEO"
"ဖြစ်အောင်လုပ်ရမှာပေါ့ကွာ"
"အဲ့လိုလုပ်ရင်Jiminကရိုက်ချက်အပြင်းဆုံးဖြစ်သွားနိုင်တယ်CEO"
"ငါလုပ်သမျှအကုန်လုံးကသူကောင်းဖို့အတွက်ချည်းပါပဲTaehyungရယ်"
"ကျွန်တော်နားလည်ပါတယ်"
"ဦးလေးLeeဆီသွားချင်တယ်..လိုက်ပို့ပေးပါလား"
♡ ♡ ♡
မှန်တစ်ချပ်သာခြားပေမဲ့ တစ်ဖက်ခြမ်းက ဦးလေးLeeကို ထင်ထင်ရှားရှား မြင်နေရသည်။
"အဖေ"
သူ့ခေါ်သံကြားတော့ မော့ကြည့်လာသည့် အဖေက မျက်ရည်စလေးတွေနှင့်။
"ကျွန်တော်တောင်းပန်ပါတယ်"
"သားကဘာလို့တောင်းပန်တာလဲ..အဖေတို့လူကြီးတွေကြားမှာသားကမြေစာပင်ဖြစ်ခဲ့ရတာပါ..သားလေးမှာဘာအပြစ်မှမရှိဘူး"
"ပင်ပန်းလား...တခြားသူကိုအဖေခေါ်နေတဲ့ကျွန်တော့နားမှာနေရတာပင်ပန်းခဲ့လား"
"မပင်ပန်းပါဘူး..အဖေ့သားလေးမျက်နှာမြင်နေရရင်ပြည့်စုံပြီမို့အဖေဘယ်တော့မှမပင်ပန်းခဲ့ဖူးဘူး"
"အဖေအထဲမှာအခက်မတွေ့အောင်ကျွန်တော်အကုန်လုပ်ပေးခဲ့တယ်..နောက်ဆိုကျွန်တော်လာတွေ့နိုင်တော့မယ်မထင်ဘူး"
အဖေက ဘာမှမတော့မပြောပေမဲ့ စိတ်မကောင်းဖြစ်နေသည့်ပုံ
"ကျွန်တော်ဒီမြေကထွက်သွားတော့မယ်..ကျွန်တော်လည်းအဆင်ပြေအောင်နေမှာမို့အဖေလည်းအဆင်ပြေပြေနေပါ...ကျန်းမာရေးလည်းဂရုစိုက်ပါ"
"သားလေးကိုအရင်လိုမစောင့်ရှောက်နိုင်တော့မဲ့အဖေ့သားကသန်မာပါတယ်"
အဖေ့ကို ပြုံးပြလိုက်တော့ အဖေကလည်း မျက်ရည်လေးတွေနှင့် ပြန်ပြုံးပြရှာသည်။ Minနဲ့တွေ့ဆုံခွင့်ရအောင် မွေးပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတင်ပါတယ်။
"အကျဉ်းသားအမှတ်စဉ်2202..ဧည့်တွေ့ချိန်ကုန်ပါပြီ"
"အဖေ့ကိုပြန်ခေါ်နေပြီသွားရတော့မယ်"
နေရာမှထကာ အခန်းထဲ ပြန်ဝင်တော့မည့် အဖေ့ရဲ့ကျောပြင်ကို ကြည့်ရင်း ရင်ထဲ ဝမ်းနည်းလာမိသည်။
"အဖေ"
"...."
"ချစ်တယ်...အဖေဘာလုပ်ခဲ့လုပ်ခဲ့ကျွန်တော်ခွင့်လွှတ်ပါတယ်နောက်ထပ်အမှားတွေတော့ထပ်မလုပ်ပါနဲ့တော့"
အဖေက ခေါင်းငြိမ့်ပြပြီး အခန်းထဲ ပြန်ဝင်သွားသည်။ ကံကြမ္မာသာမကျီစားရင် ဒီမေတ္တာတွေဟာ အရမ်းကို နွေးထွေးနေခဲ့မှာ။
Wheel Chairကို လာတွန်းပေးနေသော Taehyungကိုကြည့်ပြီး
"ကျေးဇူးတင်ပါတယ်Taehyung..အစစအရာရာအတွက်ကျေးဇူးတင်တယ်"
"မလိုပါဘူးCEO..ဒါကျွန်တော်လုပ်ရမဲ့အလုပ်တွေပါ"
"ငါပြောထားတာတွေပြင်ဆင်ပြီးပြီလား"
"ဟုတ်ကဲ့"
အချိန်တွေက ကုစားသွားတဲ့အခါ ကလေးငယ်က သူ့ကို မေ့ပျောက်သွားမှာပါ။ အသက်၉နှစ်ကွာတဲ့ ဒီလူ့ကို မေ့ပြီး ရှင်သန်သွားပါ၊ ဒါဟာ မင်းအတွက်အကောင်းဆုံးပဲ။
ကိုယ့်အချစ်တွေနဲ့ မင်းဘဝလေး ငြိမ်းချမ်းပါစေ ချစ်ရသူရေ......။
Date-26.12.2020
Note-ဒီအပိုင်းမှာEndingပါရောရေးလိုက်ဖို့တွေးပေမဲ့ ဟာသွားမှာဆိုးလို့ နောက်အပိုင်းမှပဲ ဇာတ်သိမ်းလိုက်ပါ့မယ်...နောက်အပိုင်းကတော့တကယ်finalပါလို့><