သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Compl...
By Rockeain
131K 6.8K 238
အားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပ... More
💓(1)💓
💓(2)💓
💓(3)💓
💓(4)💓
💓(5)💓
💓(6)💓
💓(7)💓
💓(8)💓
💓(9)💓
💓(10)💓
💓(11)💓
💓(12)💓
💓(13)💓
💓(14)💓
💓(15)💓
💓(16)💓
💓(17)💓
💓(18)💓
💓(19)💓
💓(20)💓
💓(21)💓
💓(22)💓ခွင့်လွှတ်ခြင်း💚
💓(23)💓
💓(24)💓
💓(25)💓
💓(26)💓
💓(27)💓
💓(28)💓
💓(29)💓
💓(30)💓
💓(31)💓
💓(32)💓
💓(33)💓
❄🎄🍷🎄❄
💓(35)💓
(36)
(37)
(38)
(39)
(40)
(41)final
extra 💞
❄🎄(34)🎄❄
1.7K 78 2
By Rockeain
အလုပ်မှာ မှာစရာရှိတာတွေကို ဝမ်ရိပေါ်သူ့လက်ထောက်ကို သေချာမှာပြီး...
ဒီနှစ်ရဲ့ ခရစ်စမတ်ညအတွက် ဝန်ထမ်းများကို လက်ဆောင်ပေးတဲ့ ညစာစားပွဲလေးတခု စီစဥ်ခိုင်းခဲ့တယ်။
သူလည်း နာရီကိုကြည့်တော့ ညနေ 6နာရီ
ထိုးနေပြီ...မနက်ကရှောင်ကျန့်သူ့ကိုမှာလိုက်တဲ့အတွက် ဒီနေ့ သူအိမ်ပြန်ပြီး
မိသားစုထမင်းဝိုင်းလေး နွှဲဖို့အားခဲထားတယ်မဟုတ်လား။
ကိုယ်စောစောပြန်ခဲ့မယ်လို့ သူ့ရဲ့နှုတ်က
အိမ်သူအချစ်ကို ကတိပေးခဲ့တာမို့ ရိပေါ်
နှုတ်ခမ်းထက် အပြုံးတို့နဲ့ကြည်နူးမိပြန်တယ်။
ဒါနဲ့ အိမ်ရှိရာဆီ ပြန်လာခဲ့တဲ့ ရိပေါ်...
ရှောင်းအိမ်တော်မှာတော့ ရိပေါ်အလာကို
သမီးငယ်ကိုထိန်းရင်း ရှောင်ကျန့် စောင့်နေမိတယ်။
ဝမ်ဝမ်ကလည်း နေမကောင်းဖြစ်ပြီး ဂျီကျနေတာမို့ သူ့သမီးငြိမ်အောင်လို့ ရှောင်ကျန့်ရဲ့နို့တဖက်က ဝမ်ဝမ်ရဲ့ပါးစပ်ထဲရှိလို့နေပြန်ရော...
အဲ့ကလေးမက နေမကောင်းဖြစ်ရင် အဲ့လိုဂျီနေကြ။ ချိုလိမ်ဆိုတာ တခါမှ သူ့ပါးစပ်ထဲမထည့်ဘူး..လွှတ်ပစ်တာမှ အခုပေါင်းမနည်းဘူး။
ချောင်လျန်ကတော့ မင်ထျန်ရဲ့အနီးအနားနေပြီး ဂရုစိုက်ပေးနေရရှာတယ်။
မင်ဝမ်လေးက သူ့အဖေဘေး အတူအိပ်ပျော်နေလို့တော်သေး...
'ကျွန်တော် ကောအကြောင်း စုံစမ်းပြီး
ကောရဲ့ပြသနာတွေကို ဖြေရှင်းပေးမှာပါကောရာ..ကောတို့သားဖနှစ်ယောက်စလုံးက ကျွန်တော့်ရဲ့မိသားစုဝင်ပါပဲ။
ဒါကြောင့် ကောရဲ့နောက်ကြောင်းတွေကို
ဝင်စွက်ဖက်ခဲ့ရင် အပြစ်မတင်ပါနဲ့..
ကျွန်တော် ကောကို ဒီအဖြစ်တွေကနေ
လွတ်မြောက်စေချင်လို့ပါ..'
ချောင်လျန်ရဲ့အတွေးစကားတွေကို
မင်ထျန်ကတော့မကြားနိုင်ပါ..
အပြစ်ကင်းစွာ အိပ်ပျော်လျှက်ပေ..
ရိပေါ်ရဲ့ကားရပ်သံကြောင့် ရှောင်ကျန့် ဧည့်ခန်းထဲကနေ အိမ်တံခါးဝရှိရာ ထွက်လာခဲ့ပြန်တယ်။
''ကော..ပြန်ရောက်ပြီလား...''
ရင်ခွင်ထဲက သမီးဖြစ်သူရဲ့ပုံစံနဲ့အတူ
သူ့ကိုအကြိုထောက်တဲ့ ချစ်ရသူက
အူယားဖို့ကောင်းနေပြန်ရော။
''အင်း..ကိုယ်ပြန်ရောက်ပြီ အားရှန့်..''
''သမီးက ဘာဖြစ်လို့လဲ.. အားရှန့်။''
''အဖျားငွေ့ငွေ့လေးရှိနေတယ် ဝမ်ဝမ်လေးက ဂျီကျနေလို့ ကောသမီးကလေ မြင်တဲ့အတိုင်းပဲ ကျန့်ကျန့်ကိုဆိုရင် အနိုင်ကျင့်သလားမမေးနဲ့။''
''သမီးက အားရှန့်နဲ့မခွဲချင်လို့နေမယ်..
ကိုယ့်ရဲ့အချစ်က ပင်ပန်းနေမှာပေါ့..
ကိုယ်ရေချိုးပြီးရင် ဆင်းလာခဲ့မယ် အားရှန့်။''
''အင်းပါ.. ပြီးမှစကားပြောကြမယ် အရေးကြီးတယ် ကော။''
''ဟုတ်ပါပြီ...ဗျာ..''
အခန်းရှိရာတက်သွားပြီး ရေချိုးနေတဲ့ ရိပေါ်...ရေပူရေအေးနဲ့ ရေချိုးလိုက်တော့မှ
လန်းဆန်းသွားတော့တယ်။
နောက် ပေါ့ပေါ့ပါးပါးညအိပ်အင်ကျီလေးပဲဝတ်ပြီး အောက်ကိုပြန်ဆင်းလာခဲ့တယ်။
ရိပေါ်အောက်ကိုရောက်တော့ ချောင်လျန်ပါ အိမ်အောက်ဆီရောက်နှင့်နေပြီလေ...
''ချောင်လျန်..နေရတာဘယ်လိုလဲ
အဆင်ပြေပြေရှိရဲ့လား သူငယ်ချင်း။''
''အဆင်ပြေပါတယ် ရိပေါ်ရာ...
လာအုံးကွ..ငါမင်းနဲ့တိုင်ပင်စရာရှိလို့။''
''ဘာကိစ္စလဲ...ပြောလေ..''
''ငါ့ရဲ့အကို အကြောင်းစုံစမ်းချင်လို့ ရိပေါ်
သူဒီနေ့ စိတ်တွေဖောက်ပြန်လာလို့ ငါမနည်းဆေးထိုးထားရတာ။''
''ရှဖေး..ဆိုတဲ့နာမည်နဲ့ မိန်းမဆိုပြီးတော့ပြောသေးတယ်ကွ...
ငါ့မိန်းမကို သူသတ်တယ်ဆိုပြီး ပြောတယ်
ကောရဲ့နောက်ကြောင်းတွေက မလှပခဲ့ဘူး
ထင်တယ်။
ငါ့ကို ဒီစုံစမ်းတဲ့လောကမှာ ကျွမ်းကျင်တဲ့သူ ရှာပေးစမ်းပါကွာ။
ငါကောရဲ့အကြောင်းတွေ သိမှရမယ်..
ကောမှာ ဘာပြသနာရှိနေမလဲဆိုတာ ငါသိထားမှ သူ့ကိုကာကွယ်ပေးလို့ရမှာ။''
''ကောင်းပြီချောင်လျန် ငါစုံစမ်းခိုင်းလိုက်မယ်။
ရှဖေးနော်...အဲ့မိန်းကလေးက..''
''ဟုတ်တယ်..ငါနားနဲ့ဆက်ဆက်ကြားလိုက်တာ။''
''ကောင်းပြီ..အချိန် တပတ်တော့စောင့်..
မင်းသိချင်တာအကုန်သိစေရမယ်။''
''ကျေးဇူးပါ ရိပေါ်ရာ...''
''မလိုပါဘူးကွာ... အချင်းချင်းတွေပဲ ရတယ်
ကိစ္စ မရှိဘူး။''
''အင်း..''
''အားရှန့်..သမီးကို ကိုယ့်ဆီပေးထါး..''
''ကော..သမီးကို ကျေားပုတ်ပြီးချော့ထားအုံး
ကျန့်ကျန့် စားစရာတွေပြင်လိုက်အုံးမယ်။''
''အင်းပါ...''
ဝမ်ဝမ်လေးက သူ့အဖေလက်ထဲလည်းရောက်ရော..မအိပ်တော့ပဲ မျက်လုံးပါဖွင့်လာပြန်တယ်။
နိုးလာတော့ ပါးစပ်လေး တဟဟနဲ့ သမ်းရင်း ရိပေါ်ကိုပြုံးပြလာပြန်တယ်..
''ပါးရဲ့သမီးတောင် တရေးနိုးလာပြီပေါ့..
အားရိုး..ချစ်ဖို့ကောင်းလွန်းတဲ့ အဖေ့ရဲ့အသည်းတုံးလေး..မွ..အူမွ..မွ..''
ဝမ်ဝမ်လေးကို အနမ်းတွေပေးရင်းသားဖနှစ်ယောက် ကျီစယ်နေကြတာ ဘေးမှာရှိတဲ့လူတွေတောင် အသံတိတ်လျက်ဂရုမစိုက်အားတဲ့ ရိပေါ်ပါ။
ဝမ်ဝမ်လေးကလည်း တခစ်ခစ်နဲ့ရယ်လို့မဆုံးဘူး...
''သားဖတွေ ပျော်နေကြတာ...
ရိပေါ် မင်းရဲ့သမီးကို အရမ်းချစ်လား။''
ချောင်လျန်ရဲ့အမေးစကားကြောင့်...
''ငါ့မှာ အားရှန့်နဲ့ဝမ်ဝမ်လေးပဲ ရှိတာ..
ငါ့အချစ်တွေက သူတို့နှစ်ယောက်အတွက်ပဲ ချောင်လျန်။''
''အဟမ်း...ကောနော် မသိရင် ကျန့်ကျန့်က
ပဲကောကိုမချစ်သလိုလို..''
''အာ..အဲ့ဒီလိုမျိုးသဘောမျိုးမဟုတ်ရပါဘူး
အားရှန့်..''
''စားလို့ရပြီ...စားကြတော့..''
''ဟင်းနံ့လေးတွေက မွှေးနေတာပဲ..
ချောင်လျန်..အားရှန့်လက်ရာက စားရခဲပေခြင်း စားသူငယ်ချင်း။''
''မနက်ဖြန် ခရစ်စမတ်နေ့မှာ ငါတို့တွေ
Company မှာညစာစားပွဲကျင်းပပေးမလို့..
ချောင်လျန်မင်းပါ လိုက်ခဲ့ရမယ်နော်။''
''အေးပါကွာ...''
.
.
.
.
.
December ရဲ့နှင်းပွင့်တွေကြား❄❄ ချစ်ရသူနဲ့သမီးငယ်ကို ဖက်၍ ပျော်ရွှင်နေတဲ့ ဝမ်ရိပေါ်ကို ချောင်လျန်ကြည့်ပြီး ပြုံးမိခဲ့တယ်။
''အမြဲတမ်း ငါ့သူငယ်ချင်း ပြုံးပျော်ရွှင်နိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်
ဝမ်ရိပေါ်နဲ့အားရှန့်..ဝမ်ဝမ်လေးကမင်းတို့နှစ်ယောက်ရဲ့ချည်နှောင်ခြင်းအသက်ကြိုးမျှင်လေးမို့ ထာဝရအတူတူ ချစ်တဲ့မိသားစုတွေ အေးချမ်းနိုင်ပါစေ.. ဒါငါ့ရဲ့ခရစ်စမတ်ဆုတောင်းလေးပဲ သူငယ်ချင်း။''
ရှောင်ပိုင်နဲ့မင်ဝမ်လေးတို့ သားဖနှစ်ယောက်ကတော့ ခရစ်စမတ် သစ်ပင်အနီး
ဓာတ်ပုံရိုက်ခိုင်းလို့ ချောင်လျန်က ကင်မရာမန်း လုပ်နေရတယ်။
ဒီနေ့ december 25 ဟာ ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့လေးပေါ့..အားလုံးအတွက်။
ဒီလိုနဲ့ပဲ ရှောင်းလုပ်ငန်းစုမှာ
Company ရဲ့ညစာစားပွဲကြီးက စည်းကား
သိုက်မြိုက်စွာနဲ့ အဆုံးသတ်ပြီးစီးခဲ့​လေပြီ..
ကလေးကို..ရှေ့ကနေချီထားလို့ပါနော်..
😊😊
''ကော..ကျန့်ကျန့်ဒီဘဝမှာ ကံကောင်းခဲ့တာလားဟင်..ကောနဲ့ပြန်ဆုံခွင့်ရခဲ့လို့လေ။
ပြီးတော့ ကောရဲ့အနား အနီးကပ်နေခွင့်ရလို့... သမီးနဲ့ကောက ကျန့်ကျန့်အတွက်
ကံကောင်းခြင်းတွေများလား...''
''ကံတရားတွေဆိုတာ လောကဓံရဲ့သတ်မှတ်ချက်တစ်ခုပဲ အားရှန့်။
ကောလည်း ကံကောင်းခဲ့တာပဲ..
ဘာလို့ဆိုရင် အားရှန့်နဲ့သမီးငယ်က ကောရဲ့ဘဝမှာ မရှိမဖြစ် တစိတ်တပိုင်း ဘဝရဲ့အရေးကြီးဆုံးတွေဖြစ်နေလို့ပဲ။
ကောယုံကြည်တယ် အားရှန့်နဲ့ကောရဲ့ချစ်ခြင်းတွေက ဘယ်တော့မှမပြောင်းလဲဘူးဆိုတာ။''
''ကောရဲ့ရင်ခွင်က ကျန့်ကျန့်အတွက် ထာဝရနားခိုရာလေးပဲဖြစ်စေချင်တယ်။''
''ကောအ​တွက်..ကျန့်ကျန့်နဲ့သမီးက
နေ့စဥ်အရေးပါတဲ့ oxygen လေးလိုပဲ...
ဒါကြောင့် ကောရဲ့အနားကနေ ထပ်ပြီးထွက်မသွားပါနဲ့အားရှန့်။
မင်းမှမဟုတ်ရင် ချစ်ဖို့အတွက် မဖြစ်နိုင်တော့လို့ ကောရဲ့ရင်ခွင်နန်းတော်မှာ နှလုံးသားရှင်ဘုရင်အဖြစ်မင်းမူစိုးစံခွင့်
အပြည့်အဝရှိတယ် အားရှန့်။
ကိုယ်တို့နှစ်ဦးရဲ့ကမ္ဘာမှာ ဘုရင်မတပါးက
စိုးစံအုပ်ချုပ်သေးတယ်...သမီးငယ်လေ...
ကိုယ်တို့နှစ်ဦးစလုံးရဲ့ ဘုရင်မလေးဝမ်ဝမ်ပါပဲ။''
''ကောက စကားအရမ်းကြွယ်တာပဲ
ခစ်ခစ်ခစ်... ကော..လမင်းကြီးကပြုံးနေပြီကြည့်ကြည့်လိုက်...''
''ဒါပေါ့..လမင်းကြီးက ကိုယ်တို့မိသားစုလေးကို အားကျပြီး လိုက်ပြုံးနေတာလေ။''
''မွ..''နဖူးပြင်သို့အနမ်းခြွေရင်း..
''ကောအနားကထွက်မသွားရဘူးနော်..ကတိပေး။''
''အားရှန့်..ကောကို ကတိပေးပါတယ်..''
''မွ..''ပြန်လည်အနမ်းခြွေရင်း...
''ဝမ်ရိပေါ်..အားရှန့်..''
ချောင်လျန်ရဲ့ခေါ်သံနဲ့အတူ..
''ငါတို့ မှတ်တမ်းဓာတ်ပုံရိုက်ကြမယ် လာလေ..''
.ခရစ်စမတ်သစ်ပင်ကြီးရှေ့..🎄🎄
ဝမ်ရိပေါ်တို့မိသားစုလေးနဲ့ချောင်လျန်.
နောက်ပြီး ရှောင်ပိုင်တို့သားဖတွေ အလှဆုံးအပြုံးကိုယ်စီနဲ့ ဒီနေ့ညရဲ့ ခရစ်စမတ်
ကို အကောင်းဆုံးဖြတ်သန်းခဲ့ကြရှာတယ်။
''ကဲ..ကိုယ်တို့တွေ ကလေးတွေကို လက်ဆောင်ပစ္စည်းတွေ ပေးဝေကြမယ်''
အားလုံးပဲ...ပစ္စည်းတွေထည့်ထားတဲ့ပုံးတွေကို ဖွင့်ပြီး လမ်းသွားလမ်းလာကလေးလူကြီးမရွေး ချစ်စရာ ခရစ်စမတ် လက်ဆောင်လေးတွေ ပေးဝေခဲ့ကြတယ်။
.
.
.
အိမ်ပြန်ရောက်ကြတော့..
christmas ...ရဲ့ ချိုမြိန်ခြင်းဝိုင်နီများသောက်ကာ🍷🍷🍷...အကောင်းဆုံးအိပ်စက်ခဲ့ကြပြန်တယ်။
ပျော်ရွှင်စရာ ခရစ်စမတ် ညချမ်းလေးပါ
ဝမ်စုံတွဲရေ...အရမ်းချစ်တယ်။
My idol နှစ်ယောက်လုံး today,tonight
မှာ လိုအင်ဆန္ဒတွေ အကုန်ပြည့်ဝနိုင်ပါစေရှင်။ wo aini..😍😍😘
💚❤💚❤💚❤💚❤💚🐰🦁💞
🍁Mp🍁Rockeain
Zawgyi
''ကော..ပြန်ရောက်ပြီလား...''
''ဟုတ်ပါပြီ...ဗျာ..''
လန်းဆန်းသွားတော့တယ်။
''ဘာကိစ္စလဲ...ပြောလေ..''
ထင်တယ်။
''ကျေးဇူးပါ ရိပေါ်ရာ...''
ကိစ္စ မရှိဘူး။''
''အင်း..''
''အင်းပါ...''
''သားဖတွေ ပျော်နေကြတာ...
အားရှန့်..''
''အေးပါကွာ...''
.
.
.
.
.
😊😊
''ဝမ်ရိပေါ်..အားရှန့်..''
.
.
.
အိမ်ပြန်ရောက်ကြတော့..
Mp Rockeain
Continue Reading
You'll Also Like
273K 20.6K 38
မနေ့က ရဲပုံလေးတှကွောငျ့ ဒီ fic လေး ရေးဖွစျပါတယျ။ခုမှ စရေးခါစမို့ လိုအပျခကျြတှရှေိရငျ ထောကျပွပေးပါဦး။ခု ficလေးက ပေါ့ပေါ့ပါးပါးပုံလေးပဲ ရေးမှာပါ။တစျခွာ...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
129K 13.9K 16