အပိုင်း(၃၈)
အမြဲ အတူရှိနေပေးပါ
တိတ်ဆိတ်နေသော အခန်းထဲတွင် ကလေးငယ်တစ်ယောက်၏ ငိုသံက အဆက်မပြတ်ထွက်ပေါ်နေသည်။
"ဖေဖေ အီးဟီး ဘာလို့အိပ်နေတာလဲ ဖေဖေ...သား ရောက်လာပြီ...သားကို ထကြည့်ပါဦး"
ကလေးငယ်၏ မျက်ဝန်းမှ မျက်ရည်များက လှဲအိပ်နေသူ၏ လက်ဖျံပေါ် တတောက်တောက် ကျဆင်းနေကြသည်။
"ဖေဖေ သားကို စိတ်ဆိုးသွားတာလား...စိတ်ဆိုးလို့ ခုလိုအိပ်နေတာလား...သားမှားပါတယ်...သားနောက်ဆို ဖေဖေမကြိုက်တာ ဘာမှ မလုပ်တော့ဘူးလေ...ဖေဖေ့ကို စကားမပြောဘဲလည်း မနေတော့ပါဘူး...သား မှားပါတယ်....မအိပ်နဲ့တော့နော် ဖေဖေ....ထလာပါတော့"
ကလေးငယ်၏ ငိုယိုသံကြောင့် ဘေးနားတွင် ရပ်နေသောZeno ဝေ့တက်လာသော မျက်ရည်များအား လက်ဖြင့် သုတ်ပစ်လိုက်ရသည်။
ကလေးငယ်၏ အသံအား မေ့မျောနေသူ ကြားနိုင်မည်ဟု သူမျှော်လင့်မိသည်။ နိုးထလာစေချင်သူများ၏ စကားသံဖြင့် မကြာခင်နိုးထလာရန်လည်း သူ အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ Krenအား သူ ဝမ်းမနည်းစေချင်တော့။
"ဖေဖေ သားကို ချစ်တယ်ဆို...သားကို ချစ်တယ်ဆို ထားမသွားရဘူးလေ...ဖေဖေကပါ သားကို ပါးပါးလိုထားသွားခဲ့မယ်ဆို သား ဖေဖေ့ကို ခွင့်မလွှတ်ဘူးနော်"
ကလေးငယ်၏ စကားသံတို့အား သတိမေ့နေသူက ပြန်မဖြေနိုင်။ အရာအားလုံးအား လျစ်လျူ ရှုကာ အေးချမ်းစွာ အိပ်စက်နေလေသည်။
*********************
"ကိုကြီး"
မည်းမှောင်နေသော ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အသံကြောင့် ခွန်းသုရှင် ဘေးပတ်ပတ်လည်အား ဝေ့ဝဲကြည့်လိုက်မိသည်။
ခပ်လှမ်းလှမ်းနေရာတွင် သူ့အားရပ်ကြည့်နေသော မိန်းကလေးငယ်တစ်ဦး။ သူ အရမ်းချစ်မြတ်နိုးခဲ့ရပါသော မျက်နှာပိုင်ရှင်လေး။
"ယွန်းလေး"
သူ၏ အံ့အားသင့်စွာ ခေါ်ဆိုလိုက်သံကြောင့် ပြုံးပြလာသောသူမ။
"ကိုကြီး...ညီမလေးနဲ့ အတူတူ သွားရအောင်...လိုက်ခဲ့နော်...ညီမလေးတစ်ယောက်တည်း အရမ်းအထီးကျန်နေလို့"
ချစ်စရောကောင်းသော အသံလေးဖြင့် ကရုဏာသက်ဖွယ်ကောင်းအောင် တောင်းဆိုလာသော ညီမလေး၏ စကားအား ခွန်းသုရှင် မငြင်းဆန်နိုင်ပါ။ လက်လှမ်းပေးထားသော ညီမလေးရှိရာဆီ ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်သည်။ ထိုစဉ်-
"မောင်"
နောက် မလှမ်းမကမ်းဆီမှ သူ့အား ခေါ်ဆိုလာသောအသံ။ ခွန်းသုရှင် ချက်ချင်း နောက်လှည့်ကြည့်လိုက်မိသည်။
"လွန်းငယ်"
"မောင် လိုက်မသွားပါနဲ့...လွန်းငယ် ရှိရာဆီ ပြန်လာခဲ့ပါ"
မရွေ့လျားနိုင်သော ခြေလှမ်းတို့က ရပ်မြဲနေရာတွင် တည်မြဲစွာ ရပ်တန့်နေမိသည်။
"ကိုကြီး...ညီမလေးရှိရာဆီ လာခဲ့...ကိုကြီး သူ့ကို မုန်းတယ်မလား...သူသာ ညီမလေးဘဝထဲ ဝင်မလာခဲ့ရင် ညီမလေး ကိုကြီးဘဝထဲက အစောကြီးထွက်သွားခဲ့မှာ မဟုတ်ဘူး...ကိုကြီး စိတ်ထဲက သူ့ကို မုန်းနေတယ်...သူ့ဆီ မသွားနဲ့...ညီမလေးဆီ လာခဲ့ကိုကြီး"
"မောင်...လွန်းငယ် မောင့်ကို အရမ်းချစ်တာ မောင်သိတယ်မလား...မောင် လွန်းငယ်ဆီ ပြန်လာခဲ့ပါ"
အရမ်းမြတ်နိုးရသော သွေးသားရင်း ညီမလေးနှင့် အချစ်ရဆုံးသော ချစ်ရသူ။ နှစ်ယောက်ကြား ခွန်းသုရှင် ဝေခွဲရခက်လာခဲ့သည်။
"ဖေဖေ သားကို ထားမသွားရဘူးနော်...ဖေဖေ ထားသွားရင် သား ဖေဖေ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး...သားကို တစ်ယောက်တည်း ချန်မထားခဲ့ပါနဲ့"
မှောင်မဲနေသော နေရာမှ ထွက်ပေါ်လာသော ချစ်စရာ အသံသေးသေးလေး။ မျက်လုံးထဲတွင် ချစ်စရာ ကောင်းလွန်းသော သားငယ်လေးကိုပင် မြင်ယောင်လာသယောင်။
"ဖေဖေ သားကို ချန်မထားခဲ့ပါနဲ့ အီးဟီး"
ဆက်၍ ထွက်ပေါ်လာသော အမှောင်ထဲမှ တောင်းဆိုသံလေးအဆုံး ခွန်းသုရှင် ဆုံးဖြတ်ချက်တစ်ခုအား ချလိုက်လေတော့သည်။
ကိုယ်ဟာ
နေကြာပန်းလေးနဲ့
Camelliaပန်းပင်လေးတို့ကို
စိုက်ပျိုးခဲ့တယ်။
မတူညီတဲ့ရာသီနှစ်ခုမှာ
ရှင်သန်တဲ့ပန်းပင်နှစ်ပင်အတွက်
ဥတုတစ်ခုကိုသာ
ကိုယ်ရွေးချယ်ခွင့်ရှိခဲ့တယ်။
ပိုမြတ်နိုးသော
ပန်းပင်လေးကိုသာ
ကိုယ်ဟာ
ရွေးချယ်ခဲ့တယ်။
ကိုယ့်အတွက်
အဖိုးတန်းလွန်းတဲ့
လက်မလွှတ်နိုင်သော
ပန်းပင်လေးကိုပေါ့။
*******************
မျက်လုံးနှစ်လုံး ပွင့်ပွင့်ချင်း မြင်လိုက်ရသည်က အပြာရောင်မျက်နှာကြက်များ။ ချက်ချင်းလှဲနေရာမှ ကြိုးစားထလိုက်တော့ ကိုက်ခဲနေသောခန္ဓာကိုယ်ကြောင့် ညည်းသံတိုးတိုးပင် ထွက်သွားရသည်။
"ခေါင်းဆောင် သတိရလာပြီလား"
"အင်း Six...ငါ ဘယ်ရောက်နေတာလဲ"
"ဆေးရုံ ခေါင်းဆောင်...ခေါင်းဆောင် မေ့လဲနေလို့ ဆေးရုံတင်ထားတာ...ခေါင်းဆောင် သက်သာရဲ့လား...ဘယ်လိုနေသေးလဲ"
"အင်း ငါသက်သာတယ်"
ခေါင်းအား လက်ဖြင့်ဖိကိုင်ကာ မျက်နှာရှုံ့မဲ့နေသော ခေါင်းဆောင်ပုံစံက အနည်းငယ်မျှပင် သက်သာပုံမရ။
"ခေါင်းဆောင် သတိမေ့နေတုန်းက ခေါင်းဆောင်ရဲ့ဖုန်းကို missed callတွေအများကြီး ဝင်ထားတယ်"
သူ ပြောသမျှ အာရုံမရပုံပေါ်သော ခေါင်းဆောင်က စိတ်ဝင်တစားပုံစံဖြင့် သူ့အား ခေါင်းမော့ကြည့်လာ၏။
"ဘယ်သူလဲ...ငယ်လေးဆီကလား"
"မဟုတ်ဘူး ခေါင်းဆောင်...ဒေါက်တာ Ka-kochanဆီက"
"သြော်"
တစ်ခွန်းသာ ရေရွတ်ပြီး စိတ်ဝင်စားတော့ပုံမပေါ်တော့သည့် ခေါင်းဆောင်က သူ့အား မကြည့်လာတော့။
"တောက်လျှောက် ဖုန်းတွေ ခေါ်ထားတာ...အရမ်းတွေ စိတ်ပူနေတယ်ထင်တယ်"
"Six"
ခေါင်းဆောင် သတိထားမိစေရန်ထပ်ပြောလိုက်သော သူ့အား ခေါင်းဆောင်က နာမည်ခေါ်ကာ သူ၏စကားပြောခြင်းကို ရပ်တန့်ပစ်လိုက်သည်။
"မင်းလည်း Ka -kochanလိုပဲ ငါ အရမ်းလွန်တယ် ထင်နေတာမလား...ငါ အရမ်းရက်စက်တယ်လို့လေ"
Six ခေါင်းဆောင်စကားအား ပြန်မဖြေဖြစ်။ တိတ်တိတ်နေခြင်းက ဝန်ခံခြင်းသဘော သက်ရောက်သွားပုံရသည်။
"တကယ် ရက်စက်တယ်ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုကို မျှော်လင့်ချက် ပေးတာကမှ ရက်စက်တာ Six...မျှော်လင့်ချက်တွေ အများကြီးပေးပြီးမှ ရိုက်ချိုးလိုက်ရင် ဘယ်လောက်တောင်နာကျင်လိုက်မလဲ...အခုချိန်မှာ သူ့ကို နာကျင်ခိုင်းလိုက်တာက နောင်တစ်ချိန် သူနာကျင်ရမှာနဲ့စာရင် အများကြီးသက်သာစေမှာပါ"
"ခေါင်းဆောင် အထင်မှားနေတာရော မဖြစ်နိုင်ဘူးလား...လုံးဝ မဖြစ်နိုင်တာ သေချာလို့လား"
"ကာယကံရှင်ထက် ဘယ်သူက ပိုသိနိုင်မှာလဲ...ကာယကံရှင်ထက် ပိုသိမယ် ထင်နေကြသူတွေကမှားတာ ပိုမဖြစ်နိုင်ဘူးလား Six"
Six နှုတ်ဆိတ်နေလိုက်မိသည်။ သူ ခေါင်းဆောင်အား ယှဉ်ပြိုင်မပြောနိုင်ပါ။
"ခေါင်းဆောင် ကျွန်တော် Krenကို ခေါင်းဆောင်ဆေးရုံရောက်နေရတဲ့အကြောင်း ပြောလိုက်မယ်"
"Stop Six...ငယ်လေးကို ဖုန်းမဆက်နဲ့"
ဖုန်းနံပါတ်ရိုက်ရန် ပြင်နေသော Six၏ လက်များရပ်တန့်သွားရသည်။
"ဘာလို့လဲ ခေါင်းဆောင်"
"ငယ်လေးကို ငါ့ကြောင့်ထပ်မစိုးရိမ်စေချင်ဘူး...မဆက်နဲ့ ငါ အဆင်ပြေတယ်"
"ခေါင်းဆောင်"
သူ၏စိုးရိမ်နေသော မျက်ဝန်းများအား ခေါင်းဆောင်ကစိုက်ကြည့်လာပြီးနောက် ပြုံးပြလာ၏။
"ငယ်လေးရဲ့ အသက်မရှိသလို ဖြစ်နေမဲ့ပုံစံကို မြင်ရတာထက် ဒီလိုက ငါ့အတွက် ပိုအဆင်ပြေပါတယ် Six"
Six ရင်ထဲ မျက်ခနဲ နာကျင်သွားရသည်။ ခေါင်းဆောင်၏ Krenအပေါ် ထားရှိသော မေတ္တာများအား Krenအား သိမြင်လာစေချင်မိသည်။
"ငါက ငယ်လေး ပြုံးပျော်နေတာကိုပဲ မြင်ချင်တာ Six...ဒါမှ ငါ စိတ်ချမ်းသာတာ...ဝမ်းနည်းနေတဲ့ ငယ်လေးပုံစံကို မြင်ရတာက ငါ့အတွက် ပိုခက်ခဲတယ်"
Six ဝမ်းနည်းနေသော မျက်ဝန်းများဖြင့် ကြိုးစားပြုံးနေသော ခေါင်းဆောင်အား ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ကျွန်တော် ဖုန်းမဆက်တော့ဘူး ခေါင်းဆောင်"
"အင်း"
စိတ်ချသွားပုံရသော ခေါင်းဆောင်က လူနာကုတင်ပေါ် ပြန်လှဲနေလေသည်။
"ကျွန်တော် ခေါင်းဆောင်အခြေအနေ စမ်းသပ်ဖို့ ဆရာဝန်သွားခေါ်လိုက်ဦးမယ်"
"အင်း"
ဂရုမစိုက်စွာ ပြန်ဖြေလာသော ခေါင်းဆောင်က အစပထမကလို သူ၏ စကားတို့အား ပြန်၍ လျစ်လျူရှုထားပုံရသည်။
Six လေးလံနေသော စိတ်အား ကြိုးစားဖြေလျော့လိုက်ပြီး ဆရာဝန်ခေါ်ရန် အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ပြည့်လျှံနေသော
ရေခွက်ထဲမှ
ဖိတ်စင်ကျလာသော
ရေများဟာ
ခွက်အပြင်မှာ
လျစ်လျူရှုခံထားရရှာတယ်။
စေတနာတွေ
ပိုလျှံလွန်းတဲ့
ငါ့ရဲ့အချစ်တွေဟာလည်း
ရရှိသူရင်ခွင်မှာ
အပေါစားဆန်နေတယ်။
*********************
"မောင်"
လက်လေးအား ဆုပ်ကိုင်ရင်း ခေါ်ဆိုမိတော့ စိမ်းကားလွန်းသော မောင်က တစ်စက်လေးမှပင် တုံ့ပြန်မလာ။
အသက်ရှုသံတို့ ပုံမှန်ထွက်ပေါ်နေသော်လည်း သူ့အား လျစ်လျူရှုထားသည်။
"လွန်းငယ် ခေါ်နေတယ်လေ...ဘာလို့ ဂရုမစိုက်ရတာလဲ...ထလေလို့ မောင်"
မောင် သတိလစ်နေသည်မှာ (၁၀)ရက်ခန့်ပင် ကြာနေပြီ။ လွန်းငယ် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်ဖြင့် နေနေရသောကြောင့် ထို(၁၀)ရက်တာ ကာလက အရမ်းကို ရှည်ကြာလွန်းနေပြီ။
မောင့်အနား နေ့နေ့ညညရှိနေခဲ့သောကြောင့် သူတခြားကိစ္စများအား ဘာဆိုဘာမျှ ဂရုမစိုက်ဖြစ်ခဲ့။ မောင် မနိုးလာမချင်း ရက်တို့အား လက်ချိုးရေ၍ သူ စောင့်ဆိုင်းနေရပေဦးမည်။
ရုတ်တရက် မျက်လုံးအစွန်တွင် ဖြတ်ခနဲမြင်လိုက်ရသော လှုပ်ရှားမှုလေးတစ်ခု။ အံ့သြထိတ်လန့်စွာ သေချာရန် ပြန်ကြည့်လိုက်တော့ လှုပ်ရှားလာသော လက်ချောင်းလေးများ။
ဝမ်းသာမှုနှင့်အတူ လွန်းငယ် ဘာလုပ်ရမှန်း မသိစွာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာရသည်။ ဗလာအတိဖြစ်နေသော ဦးနှောက်အား ကြိုးစားအလုပ်ပေးလိုက်ပြီးနောက် အရေးပေါ်အချက်ပေး bellဆီသွားကာ အမြန်နှိပ်ချလိုက်သည်။
ဆူညံသွားသော bellသံနှင့်အတူ လူနာခန်းထဲသို့ ဆရာဝန်များ ချက်ချင်းရောက်လာကြလေတော့သည်။
အရာအားလုံး
စွန့်လွှတ်လိုက်ပြီမို့
ဘာမှ မရှိတော့တဲ့
ကိုယ့်ကမ္ဘာထဲ
မင်းတစ်ယောက်တော့
ဘေးနားရှိနေပေးပါ။
************************
"ခေါင်းဆောင် ကျွန်တော် သတင်းကြားခဲ့တယ်...ခွန်းသုရှင် သတိရလာပြီတဲ့"
ကုတင်ပေါ် သက်တောင့်သက်သာလှဲနေသော ခေါင်းဆောင်က အိပ်နေရာမှထကာ မျက်မှောင်ကြုံ့၍ သူ့အား ကြည့်လာ၏။
"သေချာလား"
"ဟုတ်ကဲ့ ခေါင်းဆောင်...အခုပဲ သတင်းရလာတာပါ"
"ငယ်လေး စိတ်သက်သာရာရသွားတာပေါ့"
Six ခေါင်းဆောင်အား ခေါင်းညိတ်ပြပြီး ဝယ်လာသော ဓာတ်စာများအား သေချာစီစဉ်နေလိုက်သည်။
"(၁၀)ရက်တောင် ရှိပြီ...ငယ်လေး ဘဝမှာ ငါမရှိလည်း ဖြစ်တဲ့ပုံပဲ"
စိတ်မကောင်းသော အသံဖြင့် ပြောလာသော ခေါင်းဆောင်မျက်နှာအား Six ကြည့်လိုက်မိသည်။ ဝမ်းနည်းနေမှုက မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်။
"ခေါင်းဆောင် ဆေးရုံတက်နေတယ်ဆိုတာ Krenကို မပြောပြလို့ပါ...Krenသာ သိရင် သူ ခေါင်းဆောင်ကို ဂရုမစိုက်ဘဲ မနေပါဘူး"
"ခွန်းသုရှင် သက်သာတာနဲ့ ငါ ငယ်လေးကို ဂျပန်ပြန်ခေါ်သွားတော့မယ် Six...ဂျပန်ရောက်ရင် ငါခွဲစိတ်ဖို့ ပြင်ဆင်မယ်...ခွဲစိတ်မှုအောင်မြင်တာနဲ့ ငယ်လေးကို ငါ့ဘေးကနေ ဘယ်ကိုမှ ထွက်သွားခွင့် မပြုတော့ဘူး"
Six ကန့်ကွက်ခြင်း မပြုသလို လက်ခံခြင်းလည်း မပြုမိ။ ခေါင်းဆောင် စိတ်ဆုံးဖြတ်ထားသည့်အရာတစ်ခုအား သူ့အနေဖြင့် ပြင်ဆင်နိုင်ခြင်းအလျဉ်း မရှိပါ။
"ဒီ(၁၀)ရက်အတွင်း ဒေါက်တာ Ka-kochan ဖုန်းတွေဆက်တိုက်ခေါ်နေတာ မရေတွက်နိုင်တော့ဘူး ခေါင်းဆောင်...အရမ်းစိတ်ပူနေမှာ...ဖုန်းပြန်ခေါ်သင့်တယ်ထင်တယ်"
သူ၏ စကားများအား ဂရုစိုက်ပုံမပေါ်သော ခေါင်းဆောင်က ပြတင်းပေါက် အပြင်ဖက်သို့သာ ငေးမောနေလေသည်။
"ငယ်လေးတွက် ဓားထိုးခံရသူက ငါသာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ Six...အဲဒါဆို အခုချိန် ငါ့ဘေး ငယ်လေးရှိနေမှာ...ဆေးရုံတစ်ရုံတည်း အတူတူရှိနေတာတောင် ငယ်လေးနဲ့မတွေ့နိုင်ဘဲ အခုလို အထီးကျန်နေရမှာ မဟုတ်ဘူး"
အဖြေပြန်မရနိုင်သော Six အား စကားများပြောနေရင်း စေထားရာပြုံးလိုက်မိသည်။ အနည်းဆုံးတော့ သူ့တွင် ပြောသမျှ နားထောင်ပေးမည့် လူတစ်ယောက်တော့ ကျန်ရှိနေသေးသည်လေ။
အိမ်တစ်လုံးအဖြစ်
ရပ်တည်ဖို့
ခိုင်ခံသော
ထောက်တိုင်တစ်ခု
လိုအပ်တယ်။
မင်းဘယ်သောအခါမှ
မပြိုလဲအောင်
ကိုယ်ဟာ
မင်းအတွက်
ပင်မထောက်တိုင်တစ်ခု
ဖြစ်ပေးပါရစေ။
ကိုယ့်ရဲ့နွေးထွေးသော
မေတ္တာများနဲ့
မင်းအမြဲလုံခြုံပါစေ
ကလေးငယ်။
*********************
"လွန်းငယ် ဖြည်းဖြည်းလျှောက်ပါ...မောင် အဲလောက် မြန်မြန် မလျှောက်နိုင်ဘူး"
အကူအညီဖြင့် တွဲလျှောက်ပေးနေသည်ကို အတွန့်တက်နေသူအား လွန်းငယ် မကျေမနပ်ကြည့်လိုက်မိသည်။
"အဲဒါဆို ကိုယ့်ဘာသာ လျှောက်တော့"
စိတ်ပေါက်စွာ ခပ်မာမာပြောလိုက်သော သူ၏စကားကြောင့် ဘေးမှလူက သူ့အား မျက်နှာငယ်ဖြင့်ကြည့်လာ၏။ လွန်းငယ် သက်ပြင်းချလိုက်မိသည်။
ပါးစပ်ကသာ ပြောလိုက်သော်လည်း သူတကယ် လက်မလွှတ်ရဲ။ တော်ကြာ လဲကျသွားမှ သူ အမှုပတ်နေပေဦးမည်။
ဆယ်ရက်ခန့် အိပ်ရာပေါ်လဲလျောင်းနေရသောကြောင့် မောင်၏ ခြေထောက်တို့ သွေးလည်ပတ်အောင် ပြန်၍ လှုပ်ရှားနေရသည်။ ခဏခဏ သူနှင့်အတူ လမ်းလျှောက်ကျင့်သော်လည်း ခြေထောက်တို့က ခုချိန်ထိကောင်းမွန်စွာ ပြန်ထောက်၍ ရသေးပုံမပေါ်ပေ။
"လွန်းငယ် မောင် ဗိုက်ဆာနေပြီ...တစ်ခုခု စားရအောင်"
လွန်းငယ် သူ့ထက် အရပ်ပိုမြင့်နေသူအား မျက်လုံးပင့်ကာ ကြည့်လိုက်မိသည်။
"အခန်းထဲ ပြန်သွားပြီး နားနေမလား...လိုက်ပို့ပေးမယ်...ပြီးရင် ဆေးရုံကန်တင်းကနေ တစ်ခုခုသွားဝယ်ပေးမယ်"
"နှစ်ခေါက်တောင် ပြန်သွားနေရမှာ...လွန်းငယ် ပင်ပန်းမယ်...မောင်ပါ လွန်းငယ်နဲ့အတူတူ ဆေးရုံကန်တင်းဆီ လိုက်ခဲ့မယ်"
လွန်းငယ် မျက်မှောင်ကြုံ့ကာ ပြောလိုက်မိသည်။
"မပင်ပန်းပါဘူး"
"ပင်ပန်းပါတယ်"
ပြန်လည်ချေပလာသော စကားကြောင့် လွန်းငယ် စိတ်တိုင်းမကျ ဖြစ်သွားရသော်လည်း ဖက်ပြိုင်မငြင်းချင်စွာ တွဲ၍ ဆေးရုံကန်တင်းဆီ ကူလျှောက်ပေးလိုက်သည်။
ဆေးရုံကန်တင်းရောက်သည်နှင့် ထိုင်ခုံတွင်ထိုင်ရန် ကူညီပေးလိုက်ပြီး အစားအစာမှာရန် ကောင်တာဆီ ထလာလိုက်သည်။
ကောင်တာသို့ ရောက်ခါနီးတွင် ရေစိုနေသော ကြမ်းပြင်ချောအား နင်းမိ၍ ခန္ဓာကိုယ်အားမထိန်းနိုင်စွာ နောက်လန်လဲကျလုနီးနီးဖြစ်သွားရသည်။
ရုတ်တရက် ခါးအား ပွေ့ဖက်လိုက်သော အထိအတွေ့တစ်ခု။
လွန်းငယ် ကြမ်းပြင်သို့ ပြုတ်ကျမည့်အရေးမှ ကပ်သီကလေး လွတ်သွားရသည်။ ဖမ်းထိန်းလိုက်သူအား မော့ကြည့်လိုက်တော့ ဂျူတီကုတ်အဖြူရောင်အား ဝတ်ထားသော ရုပ်ရည်ခပ်သန့်သန့် လူငယ်ဆရာဝန်လေးတစ်ဦး။
"အကို အဆင်ပြေလားဗျ"
သူ့အား ထိန်းကိုင်ထားရင်း ဖော်ရွေစွာ ပြုံး၍ မေးနေသော ဆရာဝန်လေးအား လွန်းငယ် ခဏမျှ ငေးလိုက်မိသည်။ ထို့နောက် ချက်ချင်း ကိုယ်အား ပြန်မတ်ကာ ကျေးဇူးတင်စကားဆိုလိုက်၏။
"ကျွန်တော် အဆင်ပြေပါတယ် ဒေါက်တာ...ကျေးဇူးတင်ပါတယ်"
"ရပါတယ်ဗျ....တစ်ယောက်ယောက် ဒီမှာ ရေမှောက်ကျသွားပုံပဲ...အစစအရာရာ ဂရုစိုက်ပါ အကို...အန္တရာယ်များတယ်"
"ဟုတ်ကဲ့...ကျေးဇူးပါ ဒေါက်တာ"
နှစ်ယောက်သား အပြန်အလှန်စကား ပြောနေသောကြောင့် လူတစ်ယောက် သူတို့နား ချဉ်းကပ်လာသည်ကို မသိလိုက်။
အနီးရောက်လာသော ထိုလူက စကားပြောနေသော လွန်းငယ်အား ပွေ့ချီလိုက်သောကြောင့် လွန်းငယ် ခန္ဓာကိုယ်လေထဲ မြောက်တက်သွားရသည်။
အထိတ်တလန့်ဖြင့် လွန်းငယ် ထိုလူ၏ လည်ပင်းအား ကပျာကယာဖက်တွယ်လိုက်ပြီးမှ ပွေ့ချီသူအား သေချာကြည့်လိုက်၏။
"မောင်"
သူ၏ အထိတ်တလန့် ခေါ်သံအား ဂရုမစိုက်ဘဲ မျက်နှာဆူပုတ်ကာ ရန်လိုသောအကြည့်များဖြင့်
မောင်က ရှေ့မှဒေါက်တာလေးအား ကြည့်နေလေသည်။
"ခြေ....ထောက်...ခြေထောက်က ဘယ်လိုဖြစ်တာလဲ...ထောက်ရပြီလား"
လွန်းငယ် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်တော့ မောင်က သူ့အား မကြည့်ဘဲ ပြန်ဖြေလာ၏။
"အင်း ထောက်ရပြီ"
"ဘယ်တုန်းက ရသွားတာလဲ"
"အခုပဲ"
လွန်းငယ် မျက်လုံးများ ပြူးကျယ်သွားရသည်။ ဆေးရုံ ကန်တင်း ရောက်သည်ထိ တစ်ယောက်တည်းမလျှောက်နိုင်ပုံပေါ်နေသောမောင်က ချက်ချင်း ကောင်းသွားပုံမှာ လုံးဝဖြစ်တန်ရာမရှိ။
"အစကတည်းက ခြေထောက်ကသက်သာနေပြီမလား...သက်သက် လိမ်ထားတာလား"
"မောင့်ခြေထောက်က သက်သာနေပါပြီ ကလေးရဲ့...စိတ်မပူနဲ့တော့နော် ကလေး...အခုပဲ သက်သာသွားတာ"
"ကလေး ဘယ်က ကလေးလဲ"
လွန်းငယ် ရုန်းကန်နေသော်လည်း အချည်းနှီးသာ။ လူပမာယောင်ဆောင်ကာ အရူးလုပ်ခြင်းကို ခံလိုက်ရခြင်းပင်။
ခွန်းသုရှင် လွန်းငယ်အား သေချာဂရုစိုက် ပွေ့ချီကာ တစ်ဖက်ဒေါက်တာအား မကျေမနပ် ကြည့်လိုက်သည်။ သူ ပိုင်ဆိုင်သော အရာအား မထိသင့်ကြောင်း ကြောက်စရာကောင်းစွာ သတိပေးအကြည့်များ ပို့လွှတ်လိုက်သော်လည်း တဖက်သူမှ အပြုံးမပျက် ကြည့်နေသောကြောင့် စိတ်ထဲ စနိုးစနောက်ပင် ဖြစ်လာရသည်။
လွန်းငယ်အား ပွေ့ချီလျက်ပင် ဘယ်သူ့မှ ဂရုမစိုက်စွာ ထိုနေရာမှ လှည့်ထွက်လာလိုက်သည်။
ရုန်းကန်နေသူအား သေချာဂရုစိုက် ပွေ့ချီကာ စပ်စုနေကြသော ပတ်ဝန်းကျင်အား လျစ်လျူရှု ထွက်သွားကြသူနှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း ခွန်ရှန်းသက္ကရာဇ် ပြုံးလိုက်မိသည်။ ဂျူတီကုတ်အား ပြန့်ပြူးသပ်ရပ်အောင် ပြန်ပြင်နေစဉ် အနောက်ဖက်မှ သူ့အား ခေါ်သံထွက်ပေါ်လာသည်။
"ခွန်တာ"
အမြဲပြုံးနေတတ်သော သူ၏ အပြုံးတို့က ထိုခေါ်သံကြားသောအခါ ပို၍ အသက်ဝင်လာရသည်။ ချက်ချင်း နောက်လှည့်ကြည့်ကာ နာမည်ခေါ်လိုက်သူအား ပွေ့ဖက်လိုက်သည်။
"ရောက်လာပြီလား ဦး"
သူ၏ ခါးအား ပြန်ပွေ့ဖက်လာသော ဦးက သူ့အား မေးလာ၏။
"တစ်ခုခုဖြစ်သွားလို့လား...ကိုယ့်စိတ်ထဲ ခွန်တာကို တစ်စုံတစ်ရာက ခြိမ်းခြောက်နေတယ် ခံစားလာရလို့"
"ကျွန်တော့်ကို စိုးရိမ်တာနဲ့ ဒီကို ချက်ချင်း ရောက်လာခဲ့တယ် ဆိုပါတော့....ဦးကို ကျွန်တော် ပြောထားတယ်လေ...အစွမ်းတွေ သတိထားမိအောင် မသုံးပါနဲ့တော့ဆို"
"ကိုယ် ခွန်တာကို စိတ်ပူသွားလို့ပါ...နောက် ခွန်တာ စိတ်ပူရမှာမျိုး မလုပ်တော့ဘူး"
"အင်း"
ပြုံး၍ခေါင်းညိတ်ပြလာသော ချာတိတ်၏ခေါင်းအား ဦးစေတမာန် ချစ်မြတ်နိုးစွာ ပုတ်လိုက်မိသည်။
"ကိုယ့်ကို ပြောပြဦး...ဘာဖြစ်သွားတာလဲ"
"ကောင်လေးတစ်ယောက် ချော်လဲတာကို ကျွန်တော် ထိန်းပေးလိုက်တာ...သူရဲ့သက်ဆိုင်သူက အထင်လွဲသွားပုံရတယ်...ကျွန်တော့်ကို မကြည်ကြည့်တွေနဲ့ ကြည့်ပြီး သူ့ကောင်လေးကို ပွေ့ချီထွက်သွားတော့တာပဲ...အဲဒီကောင်လေးက သူ့အပိုင်ပုံစံမျိုး လုပ်ပြသွားတာ...အရမ်းမိုက်တာပဲ ဦး"
ဦး ပုံစံက သူ့စကားတို့အား အာရုံရပုံမပေါ်။ မကျေမနပ်ဖြစ်နေပုံရသည်။
"သူက ဘာလို့ ခွန်တာကို မကြည်ကြည့်နဲ့ ကြည့်ရတာလဲ...သူတို့ ဘယ်ထွက်သွားတာလဲ ခွန်"
"အာ ဦးကလဲ စိတ်ကြီးပဲ...ဒေါသလျှော့...ရုပ်ရင့်လိမ့်မယ်...သူတို့နှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတာ...တစ်ယောက်ကအရမ်းတွေ သဝန်တိုပြီး နောက်တစ်ယောက်က ဒေါသထွက်နေတာ...တကယ်ချစ်စရာလေး...အရမ်းလိုက်ဖက်တာပဲ ဟီး"
သူနှင့်မတွေ့ဆုံခင်ကပင် fudanshi ဖြစ်နေခဲ့သော မနိုင်စိန်လေး ခွန်ရှန်းသက္ကရာဇ်အား ကြည့်ကာ ဦးစေတမာန် ပြုံး၍ ခေါင်းရမ်းလိုက်သည်။ သူ၏ စေတနာရှင်ဆရာဝန်လေး ခွန်တာသာ အမြဲ ပြုံးရွှင်နေလျှင် ဦးစေတမာန်၏ ဘဝသည်လည်း ပြည့်စုံနေလေပြီ။
(ဦးစေတမာန်+ခွန်ရှန်းသက္ကရာဇ်) nect fiction coming soon.....
*********************
ရုန်းကန်နေသော လွန်းငယ်အား အိပ်ရာကုတင်ထက်ချပေးလိုက်တော့ ချက်ချင်းပင် သူ့အနားကပ်ကာ သူ့အား ထုရိုက်လာ၏။
"ရူးနေလား...ဟမ်...ခြေထောက်မသက်သာချင်ယောင်ဆောင်ပြီး လိမ်တဲ့အပြင်ကို အခုကအရှက်ခွဲတာလား"
"မောင် မင်းကြောင့် ရူးနေတာတော့ ဟုတ်တယ်...မောင် မင်းကို ချစ်လွန်းလို့ ရူးတော့မယ်"
"သေလိုက်လေ...အဲမှာ လဲသေလိုက်"
"မောင် coma ဖြစ်တာကနေ နိုးလာတာ မကြာသေးဘူးနော်...မောင့်ကို တကယ်သေစေချင်နေတာလား...မုဆိုးဖို ဖြစ်မှာ မကြောက်ဖူးလား"
လွန်းငယ် မျက်စောင်းထိုးကာ ပြောလိုက်မိသည်။
"ဘယ်သူက မုဆိုးဖိုလဲ...ရူးနေပြန်ပြီလား"
"မောင် ရူးနေပါပြီဆို...မင်းလေးရဲ့ အချစ်ဆွဲငင်အားတွေကြောင့် မောင်ရူးတော့မယ်"
"ဝေါ့ အော်ဂလီဆန်လိုက်တာ"
လွန်းငယ် အန်တော့မည့် အမူအရာလုပ်ပြလိုက်ပြီး မဲ့ပြလိုက်သည်။ နေ့မအိပ် ညမအိပ် လူနာစောင့် လုပ်ပေးနေသောကြောင့် အိပ်ရာပေါ်ရောက်သည်နှင့် မျက်ဝန်းများ မှေးဆင်းလာကာ သမ်းလိုက်မိသည်။
"ပင်ပန်းနေပြီလား...တရေးလောက်အိပ်လိုက်ပါလား"
လွန်းငယ် ခေါင်းရမ်းပြလိုက်သော်လည်း ဖွင့်ရန်ခက်ခဲနေသော မျက်လုံးကမူ သူ့အား ငြင်းဆန်နေသည်။
"တရေးလောက်အိပ်လိုက်...မောင်လည်း သက်သာနေပြီ...ဘာမှ မဖြစ်တော့ဘူး"
အရမ်းအိပ်ချင်လာပုံရသော လွန်းငယ်က မငြင်းဆန်တော့ဘဲ အိပ်ရာပေါ်လှဲချကာ စတင်အိပ်စက်တော့သည်။
ခွန်းသုရှင် ခြေရင်းမှ စောင်အား ယူလိုက်ပြီး လွန်းငယ်ပေါ် လွှမ်းခြုံပေးလိုက်ကာ မျက်နှာချင်းဆိုင်တွင် ဝင်လှဲလိုက်သည်။
နှာခေါင်းသွယ်သွယ်လေးအား လက်ညိုးဖြင့် အသာထိတွေ့လိုက်ပြီးနောက် ပါးဖောင်းဖောင်းလေးများအားလည်း ထိတွေ့လိုက်သည်။
အလွန်ပင်ပန်းထားသောကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသော လွန်းငယ်၏ အသက်ရှုသံ မှန်မှန်တို့ တိတ်ဆိတ်နေသောအခန်းထဲတွင် ဆက်တိုက်ထွက်ပေါ်နေသည်။
နီရဲနေသော နှုတ်ခမ်းဖူးစိုစိုလေးများအား အသာထိတွေ့လိုက်၏။ ဝါဂွမ်းအလား နူးညံ့ညံ့အထိအတွေ့က သူ့အား ဆွဲဆောင် မြူဆွယ်နေသည်။
အသည်းယားစွာ အနားတိုးကပ်၍ သူ၏နှုတ်ခမ်းပါးတို့နှင့်ထိတွေ့ကာ နမ်းရှိုက်လိုက်၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျှင် ဘာကိုမှ မသိတော့သောလွန်းငယ်က သူ့အား မကျေမနပ်ပြောကာ ဆူပူခြင်း မရှိတော့ဘဲ အေးချမ်းစွာ အိပ်စက်နေ၏။
စောင်ထဲတွင် ကွေးနေသော ကိုယ်သေးသေးလေးအား မြုပ်နေအောင်ထိ ရင်ခွင်ကျယ်ထဲထည့်ကာ ပွေ့ဖက်ထားလိုက်မိသည်။ ခေါင်းအား ငုံ့ကာ နဖူးလေးအား အသာထိတွေ့ နမ်းရှိုက်လိုက်ပြီးနောက် မျက်ဝန်းတို့အား မှိတ်ကာ အိပ်စက်လိုက်သည်။ ထို့နောက် သူသည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။
ပိတ်ထားသော အခန်းတံခါးတစ်ချပ်ပွင့်လာပြီးနောက် လူတစ်ယောက်သည် တံခါးဝတွင် မတ်တပ်ရပ်ကာ ကုတင်ပေါ် ပွေ့ဖက် အိပ်စက်နေသူနှစ်ယောက်အား အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် ထိုလူသည် အခန်းတံခါးအား ပြန်ပိတ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။
မင်းသာ ကိုယ့်ဘေးနားရှိမယ်ဆို
ခိုက်ခိုက်တုန်အောင်
အေးချမ်းမှုကိုလည်း
ကိုယ်ခံနိုင်ရည်ရှိတယ်။
ပူလောင်လွန်းတဲ့
အပူဒဏ်ကိုလည်း
ကိုယ်ဖြတ်ကျော်နိုင်တယ်။
တစ်ခုလေးပဲ
ကိုယ်တောင်းဆိုပါရစေ။
နောက်ဆုံးချိန်ထိ
ကိုယ့်ဘေးနားရှိနေပေးပါ။
*****************
အပိုင္း(၃၈)
အၿမဲ အတူရွိေနေပးပါ
တိတ္ဆိတ္ေနေသာ အခန္းထဲတြင္ ကေလးငယ္တစ္ေယာက္၏ ငိုသံက အဆက္မျပတ္ထြက္ေပၚေနသည္။
"ေဖေဖ အီးဟီး ဘာလို႔အိပ္ေနတာလဲ ေဖေဖ...သား ေရာက္လာၿပီ...သားကို ထၾကည့္ပါဦး"
ကေလးငယ္၏ မ်က္ဝန္းမွ မ်က္ရည္မ်ားက လွဲအိပ္ေနသူ၏ လက္ဖ်ံေပၚ တေတာက္ေတာက္ က်ဆင္းေနၾကသည္။
"ေဖေဖ သားကို စိတ္ဆိုးသြားတာလား...စိတ္ဆိုးလို႔ ခုလိုအိပ္ေနတာလား...သားမွားပါတယ္...သားေနာက္ဆို ေဖေဖမႀကိဳက္တာ ဘာမွ မလုပ္ေတာ့ဘူးေလ...ေဖေဖ့ကို စကားမေျပာဘဲလည္း မေနေတာ့ပါဘူး...သား မွားပါတယ္....မအိပ္နဲ႕ေတာ့ေနာ္ ေဖေဖ....ထလာပါေတာ့"
ကေလးငယ္၏ ငိုယိုသံေၾကာင့္ ေဘးနားတြင္ ရပ္ေနေသာZeno ေဝ့တက္လာေသာ မ်က္ရည္မ်ားအား လက္ျဖင့္ သုတ္ပစ္လိုက္ရသည္။
ကေလးငယ္၏ အသံအား ေမ့ေမ်ာေနသူ ၾကားနိုင္မည္ဟု သူေမွ်ာ္လင့္မိသည္။ နိုးထလာေစခ်င္သူမ်ား၏ စကားသံျဖင့္ မၾကာခင္နိုးထလာရန္လည္း သူ အႀကိမ္ႀကိမ္ ဆုေတာင္းေနမိသည္။ Krenအား သူ ဝမ္းမနည္းေစခ်င္ေတာ့။
"ေဖေဖ သားကို ခ်စ္တယ္ဆို...သားကို ခ်စ္တယ္ဆို ထားမသြားရဘူးေလ...ေဖေဖကပါ သားကို ပါးပါးလိုထားသြားခဲ့မယ္ဆို သား ေဖေဖ့ကို ခြင့္မလႊတ္ဘူးေနာ္"
ကေလးငယ္၏ စကားသံတို႔အား သတိေမ့ေနသူက ျပန္မေျဖနိုင္။ အရာအားလုံးအား လ်စ္လ်ဴ ရႈကာ ေအးခ်မ္းစြာ အိပ္စက္ေနေလသည္။
*********************
"ကိုႀကီး"
မည္းေမွာင္ေနေသာ ပတ္ဝန္းက်င္မွ ထြက္ေပၚလာေသာ အသံေၾကာင့္ ခြန္းသုရွင္ ေဘးပတ္ပတ္လည္အား ေဝ့ဝဲၾကည့္လိုက္မိသည္။
ခပ္လွမ္းလွမ္းေနရာတြင္ သူ႕အားရပ္ၾကည့္ေနေသာ မိန္းကေလးငယ္တစ္ဦး။ သူ အရမ္းခ်စ္ျမတ္နိုးခဲ့ရပါေသာ မ်က္ႏွာပိုင္ရွင္ေလး။
"ယြန္းေလး"
သူ၏ အံ့အားသင့္စြာ ေခၚဆိုလိုက္သံေၾကာင့္ ၿပဳံးျပလာေသာသူမ။
"ကိုႀကီး...ညီမေလးနဲ႕ အတူတူ သြားရေအာင္...လိုက္ခဲ့ေနာ္...ညီမေလးတစ္ေယာက္တည္း အရမ္းအထီးက်န္ေနလို႔"
ခ်စ္စေရာေကာင္းေသာ အသံေလးျဖင့္ က႐ုဏာသက္ဖြယ္ေကာင္းေအာင္ ေတာင္းဆိုလာေသာ ညီမေလး၏ စကားအား ခြန္းသုရွင္ မျငင္းဆန္နိုင္ပါ။ လက္လွမ္းေပးထားေသာ ညီမေလးရွိရာဆီ ေျခလွမ္းအနည္းငယ္ေလွ်ာက္သြားလိုက္သည္။ ထိုစဥ္-
"ေမာင္"
ေနာက္ မလွမ္းမကမ္းဆီမွ သူ႕အား ေခၚဆိုလာေသာအသံ။ ခြန္းသုရွင္ ခ်က္ခ်င္း ေနာက္လွည့္ၾကည့္လိုက္မိသည္။
"လြန္းငယ္"
"ေမာင္ လိုက္မသြားပါနဲ႕...လြန္းငယ္ ရွိရာဆီ ျပန္လာခဲ့ပါ"
မေ႐ြ႕လ်ားနိုင္ေသာ ေျခလွမ္းတို႔က ရပ္ၿမဲေနရာတြင္ တည္ၿမဲစြာ ရပ္တန႔္ေနမိသည္။
"ကိုႀကီး...ညီမေလးရွိရာဆီ လာခဲ့...ကိုႀကီး သူ႕ကို မုန္းတယ္မလား...သူသာ ညီမေလးဘဝထဲ ဝင္မလာခဲ့ရင္ ညီမေလး ကိုႀကီးဘဝထဲက အေစာႀကီးထြက္သြားခဲ့မွာ မဟုတ္ဘူး...ကိုႀကီး စိတ္ထဲက သူ႕ကို မုန္းေနတယ္...သူ႕ဆီ မသြားနဲ႕...ညီမေလးဆီ လာခဲ့ကိုႀကီး"
"ေမာင္...လြန္းငယ္ ေမာင့္ကို အရမ္းခ်စ္တာ ေမာင္သိတယ္မလား...ေမာင္ လြန္းငယ္ဆီ ျပန္လာခဲ့ပါ"
အရမ္းျမတ္နိုးရေသာ ေသြးသားရင္း ညီမေလးႏွင့္ အခ်စ္ရဆုံးေသာ ခ်စ္ရသူ။ ႏွစ္ေယာက္ၾကား ခြန္းသုရွင္ ေဝခြဲရခက္လာခဲ့သည္။
"ေဖေဖ သားကို ထားမသြားရဘူးေနာ္...ေဖေဖ ထားသြားရင္ သား ေဖေဖ့ကို ခြင့္လႊတ္မွာ မဟုတ္ဘူး...သားကို တစ္ေယာက္တည္း ခ်န္မထားခဲ့ပါနဲ႕"
ေမွာင္မဲေနေသာ ေနရာမွ ထြက္ေပၚလာေသာ ခ်စ္စရာ အသံေသးေသးေလး။ မ်က္လုံးထဲတြင္ ခ်စ္စရာ ေကာင္းလြန္းေသာ သားငယ္ေလးကိုပင္ ျမင္ေယာင္လာသေယာင္။
"ေဖေဖ သားကို ခ်န္မထားခဲ့ပါနဲ႕ အီးဟီး"
ဆက္၍ ထြက္ေပၚလာေသာ အေမွာင္ထဲမွ ေတာင္းဆိုသံေလးအဆုံး ခြန္းသုရွင္ ဆုံးျဖတ္ခ်က္တစ္ခုအား ခ်လိဳက္ေလေတာ့သည္။
ကိုယ္ဟာ
ေနၾကာပန္းေလးနဲ႕
Camelliaပန္းပင္ေလးတို႔ကို
စိုက္ပ်ိဳးခဲ့တယ္။
မတူညီတဲ့ရာသီႏွစ္ခုမွာ
ရွင္သန္တဲ့ပန္းပင္ႏွစ္ပင္အတြက္
ဥတုတစ္ခုကိုသာ
ကိုယ္ေ႐ြးခ်ယ္ခြင့္ရွိခဲ့တယ္။
ပိုျမတ္နိုးေသာ
ပန္းပင္ေလးကိုသာ
ကိုယ္ဟာ
ေ႐ြးခ်ယ္ခဲ့တယ္။
ကိုယ့္အတြက္
အဖိုးတန္းလြန္းတဲ့
လက္မလႊတ္နိုင္ေသာ
ပန္းပင္ေလးကိုေပါ့။
*******************
မ်က္လုံးႏွစ္လုံး ပြင့္ပြင့္ခ်င္း ျမင္လိုက္ရသည္က အျပာေရာင္မ်က္ႏွာၾကက္မ်ား။ ခ်က္ခ်င္းလွဲေနရာမွ ႀကိဳးစားထလိုက္ေတာ့ ကိုက္ခဲေနေသာခႏၶာကိုယ္ေၾကာင့္ ညည္းသံတိုးတိုးပင္ ထြက္သြားရသည္။
"ေခါင္းေဆာင္ သတိရလာၿပီလား"
"အင္း Six...ငါ ဘယ္ေရာက္ေနတာလဲ"
"ေဆး႐ုံ ေခါင္းေဆာင္...ေခါင္းေဆာင္ ေမ့လဲေနလို႔ ေဆး႐ုံတင္ထားတာ...ေခါင္းေဆာင္ သက္သာရဲ႕လား...ဘယ္လိုေနေသးလဲ"
"အင္း ငါသက္သာတယ္"
ေခါင္းအား လက္ျဖင့္ဖိကိုင္ကာ မ်က္ႏွာရႈံ႕မဲ့ေနေသာ ေခါင္းေဆာင္ပုံစံက အနည္းငယ္မွ်ပင္ သက္သာပုံမရ။
"ေခါင္းေဆာင္ သတိေမ့ေနတုန္းက ေခါင္းေဆာင္ရဲ႕ဖုန္းကို missed callေတြအမ်ားႀကီး ဝင္ထားတယ္"
သူ ေျပာသမွ် အာ႐ုံမရပုံေပၚေသာ ေခါင္းေဆာင္က စိတ္ဝင္တစားပုံစံျဖင့္ သူ႕အား ေခါင္းေမာ့ၾကည့္လာ၏။
"ဘယ္သူလဲ...ငယ္ေလးဆီကလား"
"မဟုတ္ဘူး ေခါင္းေဆာင္...ေဒါက္တာ Ka-kochanဆီက"
"ေၾသာ္"
တစ္ခြန္းသာ ေရ႐ြတ္ၿပီး စိတ္ဝင္စားေတာ့ပုံမေပၚေတာ့သည့္ ေခါင္းေဆာင္က သူ႕အား မၾကည့္လာေတာ့။
"ေတာက္ေလွ်ာက္ ဖုန္းေတြ ေခၚထားတာ...အရမ္းေတြ စိတ္ပူေနတယ္ထင္တယ္"
"Six"
ေခါင္းေဆာင္ သတိထားမိေစရန္ထပ္ေျပာလိုက္ေသာ သူ႕အား ေခါင္းေဆာင္က နာမည္ေခၚကာ သူ၏စကားေျပာျခင္းကို ရပ္တန႔္ပစ္လိုက္သည္။
"မင္းလည္း Ka -kochanလိုပဲ ငါ အရမ္းလြန္တယ္ ထင္ေနတာမလား...ငါ အရမ္းရက္စက္တယ္လို႔ေလ"
Six ေခါင္းေဆာင္စကားအား ျပန္မေျဖျဖစ္။ တိတ္တိတ္ေနျခင္းက ဝန္ခံျခင္းသေဘာ သက္ေရာက္သြားပုံရသည္။
"တကယ္ ရက္စက္တယ္ဆိုတာ မျဖစ္နိုင္တဲ့အရာတစ္ခုကို ေမွ်ာ္လင့္ခ်က္ ေပးတာကမွ ရက္စက္တာ Six...ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးေပးၿပီးမွ ရိုက္ခ်ိဳးလိုက္ရင္ ဘယ္ေလာက္ေတာင္နာက်င္လိုက္မလဲ...အခုခ်ိန္မွာ သူ႕ကို နာက်င္ခိုင္းလိုက္တာက ေနာင္တစ္ခ်ိန္ သူနာက်င္ရမွာနဲ႕စာရင္ အမ်ားႀကီးသက္သာေစမွာပါ"
"ေခါင္းေဆာင္ အထင္မွားေနတာေရာ မျဖစ္နိုင္ဘူးလား...လုံးဝ မျဖစ္နိုင္တာ ေသခ်ာလို႔လား"
"ကာယကံရွင္ထက္ ဘယ္သူက ပိုသိနိုင္မွာလဲ...ကာယကံရွင္ထက္ ပိုသိမယ္ ထင္ေနၾကသူေတြကမွားတာ ပိုမျဖစ္နိုင္ဘူးလား Six"
Six ႏႈတ္ဆိတ္ေနလိုက္မိသည္။ သူ ေခါင္းေဆာင္အား ယွဥ္ၿပိဳင္မေျပာနိုင္ပါ။
"ေခါင္းေဆာင္ ကြၽန္ေတာ္ Krenကို ေခါင္းေဆာင္ေဆး႐ုံေရာက္ေနရတဲ့အေၾကာင္း ေျပာလိုက္မယ္"
"Stop Six...ငယ္ေလးကို ဖုန္းမဆက္နဲ႕"
ဖုန္းနံပါတ္ရိုက္ရန္ ျပင္ေနေသာ Six၏ လက္မ်ားရပ္တန႔္သြားရသည္။
"ဘာလို႔လဲ ေခါင္းေဆာင္"
"ငယ္ေလးကို ငါ့ေၾကာင့္ထပ္မစိုးရိမ္ေစခ်င္ဘူး...မဆက္နဲ႕ ငါ အဆင္ေျပတယ္"
"ေခါင္းေဆာင္"
သူ၏စိုးရိမ္ေနေသာ မ်က္ဝန္းမ်ားအား ေခါင္းေဆာင္ကစိုက္ၾကည့္လာၿပီးေနာက္ ၿပဳံးျပလာ၏။
"ငယ္ေလးရဲ႕ အသက္မရွိသလို ျဖစ္ေနမဲ့ပုံစံကို ျမင္ရတာထက္ ဒီလိုက ငါ့အတြက္ ပိုအဆင္ေျပပါတယ္ Six"
Six ရင္ထဲ မ်က္ခနဲ နာက်င္သြားရသည္။ ေခါင္းေဆာင္၏ Krenအေပၚ ထားရွိေသာ ေမတၱာမ်ားအား Krenအား သိျမင္လာေစခ်င္မိသည္။
"ငါက ငယ္ေလး ၿပဳံးေပ်ာ္ေနတာကိုပဲ ျမင္ခ်င္တာ Six...ဒါမွ ငါ စိတ္ခ်မ္းသာတာ...ဝမ္းနည္းေနတဲ့ ငယ္ေလးပုံစံကို ျမင္ရတာက ငါ့အတြက္ ပိုခက္ခဲတယ္"
Six ဝမ္းနည္းေနေသာ မ်က္ဝန္းမ်ားျဖင့္ ႀကိဳးစားၿပဳံးေနေသာ ေခါင္းေဆာင္အား ၾကည့္ကာ သက္ျပင္းခ်လိဳက္သည္။
"ကြၽန္ေတာ္ ဖုန္းမဆက္ေတာ့ဘူး ေခါင္းေဆာင္"
"အင္း"
စိတ္ခ်သြားပုံရေသာ ေခါင္းေဆာင္က လူနာကုတင္ေပၚ ျပန္လွဲေနေလသည္။
"ကြၽန္ေတာ္ ေခါင္းေဆာင္အေျခအေန စမ္းသပ္ဖို႔ ဆရာဝန္သြားေခၚလိုက္ဦးမယ္"
"အင္း"
ဂ႐ုမစိုက္စြာ ျပန္ေျဖလာေသာ ေခါင္းေဆာင္က အစပထမကလို သူ၏ စကားတို႔အား ျပန္၍ လ်စ္လ်ဴရႈထားပုံရသည္။
Six ေလးလံေနေသာ စိတ္အား ႀကိဳးစားေျဖေလ်ာ့လိုက္ၿပီး ဆရာဝန္ေခၚရန္ အျပင္သို႔ ထြက္လာခဲ့လိုက္သည္။
ျပည့္လွ်ံေနေသာ
ေရခြက္ထဲမွ
ဖိတ္စင္က်လာေသာ
ေရမ်ားဟာ
ခြက္အျပင္မွာ
လ်စ္လ်ဴရႈခံထားရရွာတယ္။
ေစတနာေတြ
ပိုလွ်ံလြန္းတဲ့
ငါ့ရဲ႕အခ်စ္ေတြဟာလည္း
ရရွိသူရင္ခြင္မွာ
အေပါစားဆန္ေနတယ္။
*********************
"ေမာင္"
လက္ေလးအား ဆုပ္ကိုင္ရင္း ေခၚဆိုမိေတာ့ စိမ္းကားလြန္းေသာ ေမာင္က တစ္စက္ေလးမွပင္ တုံ႕ျပန္မလာ။
အသက္ရႈသံတို႔ ပုံမွန္ထြက္ေပၚေနေသာ္လည္း သူ႕အား လ်စ္လ်ဴရႈထားသည္။
"လြန္းငယ္ ေခၚေနတယ္ေလ...ဘာလို႔ ဂ႐ုမစိုက္ရတာလဲ...ထေလလို႔ ေမာင္"
ေမာင္ သတိလစ္ေနသည္မွာ (၁၀)ရက္ခန့္ပင္ ၾကာေနၿပီ။ လြန္းငယ္ ကိုယ့္ကိုကိုယ္ အျပစ္တင္စိတ္ျဖင့္ ေနေနရေသာေၾကာင့္ ထို(၁၀)ရက္တာ ကာလက အရမ္းကို ရွည္ၾကာလြန္းေနၿပီ။
ေမာင့္အနား ေန႕ေန႕ညညရွိေနခဲ့ေသာေၾကာင့္ သူတျခားကိစၥမ်ားအား ဘာဆိုဘာမွ် ဂ႐ုမစိုက္ျဖစ္ခဲ့။ ေမာင္ မနိုးလာမခ်င္း ရက္တို႔အား လက္ခ်ိဳးေရ၍ သူ ေစာင့္ဆိုင္းေနရေပဦးမည္။
႐ုတ္တရက္ မ်က္လုံးအစြန္တြင္ ျဖတ္ခနဲျမင္လိုက္ရေသာ လႈပ္ရွားမႈေလးတစ္ခု။ အံ့ၾသထိတ္လန႔္စြာ ေသခ်ာရန္ ျပန္ၾကည့္လိုက္ေတာ့ လႈပ္ရွားလာေသာ လက္ေခ်ာင္းေလးမ်ား။
ဝမ္းသာမႈႏွင့္အတူ လြန္းငယ္ ဘာလုပ္ရမွန္း မသိစြာ ေျခမကိုင္မိ လက္မကိုင္မိျဖစ္လာရသည္။ ဗလာအတိျဖစ္ေနေသာ ဦးေႏွာက္အား ႀကိဳးစားအလုပ္ေပးလိုက္ၿပီးေနာက္ အေရးေပၚအခ်က္ေပး bellဆီသြားကာ အျမန္ႏွိပ္ခ်လိဳက္သည္။
ဆူညံသြားေသာ bellသံႏွင့္အတူ လူနာခန္းထဲသို႔ ဆရာဝန္မ်ား ခ်က္ခ်င္းေရာက္လာၾကေလေတာ့သည္။
အရာအားလုံး
စြန႔္လႊတ္လိုက္ၿပီမို႔
ဘာမွ မရွိေတာ့တဲ့
ကိုယ့္ကမာၻထဲ
မင္းတစ္ေယာက္ေတာ့
ေဘးနားရွိေနေပးပါ။
************************
"ေခါင္းေဆာင္ ကြၽန္ေတာ္ သတင္းၾကားခဲ့တယ္...ခြန္းသုရွင္ သတိရလာၿပီတဲ့"
ကုတင္ေပၚ သက္ေတာင့္သက္သာလွဲေနေသာ ေခါင္းေဆာင္က အိပ္ေနရာမွထကာ မ်က္ေမွာင္ႀကဳံ႕၍ သူ႕အား ၾကည့္လာ၏။
"ေသခ်ာလား"
"ဟုတ္ကဲ့ ေခါင္းေဆာင္...အခုပဲ သတင္းရလာတာပါ"
"ငယ္ေလး စိတ္သက္သာရာရသြားတာေပါ့"
Six ေခါင္းေဆာင္အား ေခါင္းညိတ္ျပၿပီး ဝယ္လာေသာ ဓာတ္စာမ်ားအား ေသခ်ာစီစဥ္ေနလိုက္သည္။
"(၁၀)ရက္ေတာင္ ရွိၿပီ...ငယ္ေလး ဘဝမွာ ငါမရွိလည္း ျဖစ္တဲ့ပုံပဲ"
စိတ္မေကာင္းေသာ အသံျဖင့္ ေျပာလာေသာ ေခါင္းေဆာင္မ်က္ႏွာအား Six ၾကည့္လိုက္မိသည္။ ဝမ္းနည္းေနမႈက မ်က္ႏွာတြင္ အထင္းသားေပၚလြင္ေနသည္။
"ေခါင္းေဆာင္ ေဆး႐ုံတက္ေနတယ္ဆိုတာ Krenကို မေျပာျပလို႔ပါ...Krenသာ သိရင္ သူ ေခါင္းေဆာင္ကို ဂ႐ုမစိုက္ဘဲ မေနပါဘူး"
"ခြန္းသုရွင္ သက္သာတာနဲ႕ ငါ ငယ္ေလးကို ဂ်ပန္ျပန္ေခၚသြားေတာ့မယ္ Six...ဂ်ပန္ေရာက္ရင္ ငါခြဲစိတ္ဖို႔ ျပင္ဆင္မယ္...ခြဲစိတ္မႈေအာင္ျမင္တာနဲ႕ ငယ္ေလးကို ငါ့ေဘးကေန ဘယ္ကိုမွ ထြက္သြားခြင့္ မျပဳေတာ့ဘူး"
Six ကန႔္ကြက္ျခင္း မျပဳသလို လက္ခံျခင္းလည္း မျပဳမိ။ ေခါင္းေဆာင္ စိတ္ဆုံးျဖတ္ထားသည့္အရာတစ္ခုအား သူ႕အေနျဖင့္ ျပင္ဆင္နိုင္ျခင္းအလ်ဥ္း မရွိပါ။
"ဒီ(၁၀)ရက္အတြင္း ေဒါက္တာ Ka-kochan ဖုန္းေတြဆက္တိုက္ေခၚေနတာ မေရတြက္နိုင္ေတာ့ဘူး ေခါင္းေဆာင္...အရမ္းစိတ္ပူေနမွာ...ဖုန္းျပန္ေခၚသင့္တယ္ထင္တယ္"
သူ၏ စကားမ်ားအား ဂ႐ုစိုက္ပုံမေပၚေသာ ေခါင္းေဆာင္က ျပတင္းေပါက္ အျပင္ဖက္သို႔သာ ေငးေမာေနေလသည္။
"ငယ္ေလးတြက္ ဓားထိုးခံရသူက ငါသာဆိုရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ Six...အဲဒါဆို အခုခ်ိန္ ငါ့ေဘး ငယ္ေလးရွိေနမွာ...ေဆး႐ုံတစ္႐ုံတည္း အတူတူရွိေနတာေတာင္ ငယ္ေလးနဲ႕မေတြ႕နိုင္ဘဲ အခုလို အထီးက်န္ေနရမွာ မဟုတ္ဘူး"
အေျဖျပန္မရနိုင္ေသာ Six အား စကားမ်ားေျပာေနရင္း ေစထားရာၿပဳံးလိုက္မိသည္။ အနည္းဆုံးေတာ့ သူ႕တြင္ ေျပာသမွ် နားေထာင္ေပးမည့္ လူတစ္ေယာက္ေတာ့ က်န္ရွိေနေသးသည္ေလ။
အိမ္တစ္လုံးအျဖစ္
ရပ္တည္ဖို႔
ခိုင္ခံေသာ
ေထာက္တိုင္တစ္ခု
လိုအပ္တယ္။
မင္းဘယ္ေသာအခါမွ
မၿပိဳလဲေအာင္
ကိုယ္ဟာ
မင္းအတြက္
ပင္မေထာက္တိုင္တစ္ခု
ျဖစ္ေပးပါရေစ။
ကိုယ့္ရဲ႕ေႏြးေထြးေသာ
ေမတၱာမ်ားနဲ႕
မင္းအၿမဲလုံၿခဳံပါေစ
ကေလးငယ္။
*********************
"လြန္းငယ္ ျဖည္းျဖည္းေလွ်ာက္ပါ...ေမာင္ အဲေလာက္ ျမန္ျမန္ မေလွ်ာက္နိုင္ဘူး"
အကူအညီျဖင့္ တြဲေလွ်ာက္ေပးေနသည္ကို အတြန႔္တက္ေနသူအား လြန္းငယ္ မေက်မနပ္ၾကည့္လိုက္မိသည္။
"အဲဒါဆို ကိုယ့္ဘာသာ ေလွ်ာက္ေတာ့"
စိတ္ေပါက္စြာ ခပ္မာမာေျပာလိုက္ေသာ သူ၏စကားေၾကာင့္ ေဘးမွလူက သူ႕အား မ်က္ႏွာငယ္ျဖင့္ၾကည့္လာ၏။ လြန္းငယ္ သက္ျပင္းခ်လိဳက္မိသည္။
ပါးစပ္ကသာ ေျပာလိုက္ေသာ္လည္း သူတကယ္ လက္မလႊတ္ရဲ။ ေတာ္ၾကာ လဲက်သြားမွ သူ အမႈပတ္ေနေပဦးမည္။
ဆယ္ရက္ခန့္ အိပ္ရာေပၚလဲေလ်ာင္းေနရေသာေၾကာင့္ ေမာင္၏ ေျခေထာက္တို႔ ေသြးလည္ပတ္ေအာင္ ျပန္၍ လႈပ္ရွားေနရသည္။ ခဏခဏ သူႏွင့္အတူ လမ္းေလွ်ာက္က်င့္ေသာ္လည္း ေျခေထာက္တို႔က ခုခ်ိန္ထိေကာင္းမြန္စြာ ျပန္ေထာက္၍ ရေသးပုံမေပၚေပ။
"လြန္းငယ္ ေမာင္ ဗိုက္ဆာေနၿပီ...တစ္ခုခု စားရေအာင္"
လြန္းငယ္ သူ႕ထက္ အရပ္ပိုျမင့္ေနသူအား မ်က္လုံးပင့္ကာ ၾကည့္လိုက္မိသည္။
"အခန္းထဲ ျပန္သြားၿပီး နားေနမလား...လိုက္ပို႔ေပးမယ္...ၿပီးရင္ ေဆး႐ုံကန္တင္းကေန တစ္ခုခုသြားဝယ္ေပးမယ္"
"ႏွစ္ေခါက္ေတာင္ ျပန္သြားေနရမွာ...လြန္းငယ္ ပင္ပန္းမယ္...ေမာင္ပါ လြန္းငယ္နဲ႕အတူတူ ေဆး႐ုံကန္တင္းဆီ လိုက္ခဲ့မယ္"
လြန္းငယ္ မ်က္ေမွာင္ႀကဳံ႕ကာ ေျပာလိုက္မိသည္။
"မပင္ပန္းပါဘူး"
"ပင္ပန္းပါတယ္"
ျပန္လည္ေခ်ပလာေသာ စကားေၾကာင့္ လြန္းငယ္ စိတ္တိုင္းမက် ျဖစ္သြားရေသာ္လည္း ဖက္ၿပိဳင္မျငင္းခ်င္စြာ တြဲ၍ ေဆး႐ုံကန္တင္းဆီ ကူေလွ်ာက္ေပးလိုက္သည္။
ေဆး႐ုံကန္တင္းေရာက္သည္ႏွင့္ ထိုင္ခုံတြင္ထိုင္ရန္ ကူညီေပးလိုက္ၿပီး အစားအစာမွာရန္ ေကာင္တာဆီ ထလာလိုက္သည္။
ေကာင္တာသို႔ ေရာက္ခါနီးတြင္ ေရစိုေနေသာ ၾကမ္းျပင္ေခ်ာအား နင္းမိ၍ ခႏၶာကိုယ္အားမထိန္းနိုင္စြာ ေနာက္လန္လဲက်လဳနီးနီးျဖစ္သြားရသည္။
႐ုတ္တရက္ ခါးအား ေပြ႕ဖက္လိုက္ေသာ အထိအေတြ႕တစ္ခု။
လြန္းငယ္ ၾကမ္းျပင္သို႔ ျပဳတ္က်မည့္အေရးမွ ကပ္သီကေလး လြတ္သြားရသည္။ ဖမ္းထိန္းလိုက္သူအား ေမာ့ၾကည့္လိုက္ေတာ့ ဂ်ဴတီကုတ္အျဖဴေရာင္အား ဝတ္ထားေသာ ႐ုပ္ရည္ခပ္သန႔္သန႔္ လူငယ္ဆရာဝန္ေလးတစ္ဦး။
"အကို အဆင္ေျပလားဗ်"
သူ႕အား ထိန္းကိုင္ထားရင္း ေဖာ္ေ႐ြစြာ ၿပဳံး၍ ေမးေနေသာ ဆရာဝန္ေလးအား လြန္းငယ္ ခဏမွ် ေငးလိုက္မိသည္။ ထို႔ေနာက္ ခ်က္ခ်င္း ကိုယ္အား ျပန္မတ္ကာ ေက်းဇူးတင္စကားဆိုလိုက္၏။
"ကြၽန္ေတာ္ အဆင္ေျပပါတယ္ ေဒါက္တာ...ေက်းဇူးတင္ပါတယ္"
"ရပါတယ္ဗ်....တစ္ေယာက္ေယာက္ ဒီမွာ ေရေမွာက္က်သြားပုံပဲ...အစစအရာရာ ဂ႐ုစိုက္ပါ အကို...အႏၲရာယ္မ်ားတယ္"
"ဟုတ္ကဲ့...ေက်းဇူးပါ ေဒါက္တာ"
ႏွစ္ေယာက္သား အျပန္အလွန္စကား ေျပာေနေသာေၾကာင့္ လူတစ္ေယာက္ သူတို႔နား ခ်ဥ္းကပ္လာသည္ကို မသိလိုက္။
အနီးေရာက္လာေသာ ထိုလူက စကားေျပာေနေသာ လြန္းငယ္အား ေပြ႕ခ်ီလိုက္ေသာေၾကာင့္ လြန္းငယ္ ခႏၶာကိုယ္ေလထဲ ေျမာက္တက္သြားရသည္။
အထိတ္တလန႔္ျဖင့္ လြန္းငယ္ ထိုလူ၏ လည္ပင္းအား ကပ်ာကယာဖက္တြယ္လိုက္ၿပီးမွ ေပြ႕ခ်ီသူအား ေသခ်ာၾကည့္လိုက္၏။
"ေမာင္"
သူ၏ အထိတ္တလန႔္ ေခၚသံအား ဂ႐ုမစိုက္ဘဲ မ်က္ႏွာဆူပုတ္ကာ ရန္လိုေသာအၾကည့္မ်ားျဖင့္
ေမာင္က ေရွ႕မွေဒါက္တာေလးအား ၾကည့္ေနေလသည္။
"ေျခ....ေထာက္...ေျခေထာက္က ဘယ္လိုျဖစ္တာလဲ...ေထာက္ရၿပီလား"
လြန္းငယ္ အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေမးလိုက္ေတာ့ ေမာင္က သူ႕အား မၾကည့္ဘဲ ျပန္ေျဖလာ၏။
"အင္း ေထာက္ရၿပီ"
"ဘယ္တုန္းက ရသြားတာလဲ"
"အခုပဲ"
လြန္းငယ္ မ်က္လုံးမ်ား ျပဴးက်ယ္သြားရသည္။ ေဆး႐ုံ ကန္တင္း ေရာက္သည္ထိ တစ္ေယာက္တည္းမေလွ်ာက္နိုင္ပုံေပၚေနေသာေမာင္က ခ်က္ခ်င္း ေကာင္းသြားပုံမွာ လုံးဝျဖစ္တန္ရာမရွိ။
"အစကတည္းက ေျခေထာက္ကသက္သာေနၿပီမလား...သက္သက္ လိမ္ထားတာလား"
"ေမာင့္ေျခေထာက္က သက္သာေနပါၿပီ ကေလးရဲ႕...စိတ္မပူနဲ႕ေတာ့ေနာ္ ကေလး...အခုပဲ သက္သာသြားတာ"
"ကေလး ဘယ္က ကေလးလဲ"
လြန္းငယ္ ႐ုန္းကန္ေနေသာ္လည္း အခ်ည္းႏွီးသာ။ လူပမာေယာင္ေဆာင္ကာ အ႐ူးလုပ္ျခင္းကို ခံလိုက္ရျခင္းပင္။
ခြန္းသုရွင္ လြန္းငယ္အား ေသခ်ာဂ႐ုစိုက္ ေပြ႕ခ်ီကာ တစ္ဖက္ေဒါက္တာအား မေက်မနပ္ ၾကည့္လိုက္သည္။ သူ ပိုင္ဆိုင္ေသာ အရာအား မထိသင့္ေၾကာင္း ေၾကာက္စရာေကာင္းစြာ သတိေပးအၾကည့္မ်ား ပို႔လႊတ္လိုက္ေသာ္လည္း တဖက္သူမွ အၿပဳံးမပ်က္ ၾကည့္ေနေသာေၾကာင့္ စိတ္ထဲ စနိုးစေနာက္ပင္ ျဖစ္လာရသည္။
လြန္းငယ္အား ေပြ႕ခ်ီလ်က္ပင္ ဘယ္သူ႕မွ ဂ႐ုမစိုက္စြာ ထိုေနရာမွ လွည့္ထြက္လာလိုက္သည္။
႐ုန္းကန္ေနသူအား ေသခ်ာဂ႐ုစိုက္ ေပြ႕ခ်ီကာ စပ္စုေနၾကေသာ ပတ္ဝန္းက်င္အား လ်စ္လ်ဴရႈ ထြက္သြားၾကသူႏွစ္ေယာက္၏ ေက်ာျပင္ကို ၾကည့္ရင္း ခြန္ရွန္းသကၠရာဇ္ ၿပဳံးလိုက္မိသည္။ ဂ်ဴတီကုတ္အား ျပန႔္ျပဴးသပ္ရပ္ေအာင္ ျပန္ျပင္ေနစဥ္ အေနာက္ဖက္မွ သူ႕အား ေခၚသံထြက္ေပၚလာသည္။
"ခြန္တာ"
အၿမဲၿပဳံးေနတတ္ေသာ သူ၏ အၿပဳံးတို႔က ထိုေခၚသံၾကားေသာအခါ ပို၍ အသက္ဝင္လာရသည္။ ခ်က္ခ်င္း ေနာက္လွည့္ၾကည့္ကာ နာမည္ေခၚလိုက္သူအား ေပြ႕ဖက္လိုက္သည္။
"ေရာက္လာၿပီလား ဦး"
သူ၏ ခါးအား ျပန္ေပြ႕ဖက္လာေသာ ဦးက သူ႕အား ေမးလာ၏။
"တစ္ခုခုျဖစ္သြားလို႔လား...ကိုယ့္စိတ္ထဲ ခြန္တာကို တစ္စုံတစ္ရာက ၿခိမ္းေျခာက္ေနတယ္ ခံစားလာရလို႔"
"ကြၽန္ေတာ့္ကို စိုးရိမ္တာနဲ႕ ဒီကို ခ်က္ခ်င္း ေရာက္လာခဲ့တယ္ ဆိုပါေတာ့....ဦးကို ကြၽန္ေတာ္ ေျပာထားတယ္ေလ...အစြမ္းေတြ သတိထားမိေအာင္ မသုံးပါနဲ႕ေတာ့ဆို"
"ကိုယ္ ခြန္တာကို စိတ္ပူသြားလို႔ပါ...ေနာက္ ခြန္တာ စိတ္ပူရမွာမ်ိဳး မလုပ္ေတာ့ဘူး"
"အင္း"
ၿပဳံး၍ေခါင္းညိတ္ျပလာေသာ ခ်ာတိတ္၏ေခါင္းအား ဦးေစတမာန္ ခ်စ္ျမတ္နိုးစြာ ပုတ္လိုက္မိသည္။
"ကိုယ့္ကို ေျပာျပဦး...ဘာျဖစ္သြားတာလဲ"
"ေကာင္ေလးတစ္ေယာက္ ေခ်ာ္လဲတာကို ကြၽန္ေတာ္ ထိန္းေပးလိုက္တာ...သူရဲ႕သက္ဆိုင္သူက အထင္လြဲသြားပုံရတယ္...ကြၽန္ေတာ့္ကို မၾကည္ၾကည့္ေတြနဲ႕ ၾကည့္ၿပီး သူ႕ေကာင္ေလးကို ေပြ႕ခ်ီထြက္သြားေတာ့တာပဲ...အဲဒီေကာင္ေလးက သူ႕အပိုင္ပုံစံမ်ိဳး လုပ္ျပသြားတာ...အရမ္းမိုက္တာပဲ ဦး"
ဦး ပုံစံက သူ႕စကားတို႔အား အာ႐ုံရပုံမေပၚ။ မေက်မနပ္ျဖစ္ေနပုံရသည္။
"သူက ဘာလို႔ ခြန္တာကို မၾကည္ၾကည့္နဲ႕ ၾကည့္ရတာလဲ...သူတို႔ ဘယ္ထြက္သြားတာလဲ ခြန္"
"အာ ဦးကလဲ စိတ္ႀကီးပဲ...ေဒါသေလွ်ာ့...႐ုပ္ရင့္လိမ့္မယ္...သူတို႔ႏွစ္ေယာက္က အရမ္းခ်စ္ဖို႔ေကာင္းတာ...တစ္ေယာက္ကအရမ္းေတြ သဝန္တိုၿပီး ေနာက္တစ္ေယာက္က ေဒါသထြက္ေနတာ...တကယ္ခ်စ္စရာေလး...အရမ္းလိုက္ဖက္တာပဲ ဟီး"
သူႏွင့္မေတြ႕ဆုံခင္ကပင္ fudanshi ျဖစ္ေနခဲ့ေသာ မနိုင္စိန္ေလး ခြန္ရွန္းသကၠရာဇ္အား ၾကည့္ကာ ဦးေစတမာန္ ၿပဳံး၍ ေခါင္းရမ္းလိုက္သည္။ သူ၏ ေစတနာရွင္ဆရာဝန္ေလး ခြန္တာသာ အၿမဲ ၿပဳံး႐ႊင္ေနလွ်င္ ဦးေစတမာန္၏ ဘဝသည္လည္း ျပည့္စုံေနေလၿပီ။
(ဦးေစတမာန္+ခြန္ရွန္းသကၠရာဇ္) nect fiction coming soon.....
*********************
႐ုန္းကန္ေနေသာ လြန္းငယ္အား အိပ္ရာကုတင္ထက္ခ်ေပးလိုက္ေတာ့ ခ်က္ခ်င္းပင္ သူ႕အနားကပ္ကာ သူ႕အား ထုရိုက္လာ၏။
"႐ူးေနလား...ဟမ္...ေျခေထာက္မသက္သာခ်င္ေယာင္ေဆာင္ၿပီး လိမ္တဲ့အျပင္ကို အခုကအရွက္ခြဲတာလား"
"ေမာင္ မင္းေၾကာင့္ ႐ူးေနတာေတာ့ ဟုတ္တယ္...ေမာင္ မင္းကို ခ်စ္လြန္းလို႔ ႐ူးေတာ့မယ္"
"ေသလိုက္ေလ...အဲမွာ လဲေသလိုက္"
"ေမာင္ coma ျဖစ္တာကေန နိုးလာတာ မၾကာေသးဘူးေနာ္...ေမာင့္ကို တကယ္ေသေစခ်င္ေနတာလား...မုဆိုးဖို ျဖစ္မွာ မေၾကာက္ဖူးလား"
လြန္းငယ္ မ်က္ေစာင္းထိုးကာ ေျပာလိုက္မိသည္။
"ဘယ္သူက မုဆိုးဖိုလဲ...႐ူးေနျပန္ၿပီလား"
"ေမာင္ ႐ူးေနပါၿပီဆို...မင္းေလးရဲ႕ အခ်စ္ဆြဲငင္အားေတြေၾကာင့္ ေမာင္႐ူးေတာ့မယ္"
"ေဝါ့ ေအာ္ဂလီဆန္လိုက္တာ"
လြန္းငယ္ အန္ေတာ့မည့္ အမူအရာလုပ္ျပလိုက္ၿပီး မဲ့ျပလိုက္သည္။ ေန႕မအိပ္ ညမအိပ္ လူနာေစာင့္ လုပ္ေပးေနေသာေၾကာင့္ အိပ္ရာေပၚေရာက္သည္ႏွင့္ မ်က္ဝန္းမ်ား ေမွးဆင္းလာကာ သမ္းလိုက္မိသည္။
"ပင္ပန္းေနၿပီလား...တေရးေလာက္အိပ္လိုက္ပါလား"
လြန္းငယ္ ေခါင္းရမ္းျပလိုက္ေသာ္လည္း ဖြင့္ရန္ခက္ခဲေနေသာ မ်က္လုံးကမူ သူ႕အား ျငင္းဆန္ေနသည္။
"တေရးေလာက္အိပ္လိုက္...ေမာင္လည္း သက္သာေနၿပီ...ဘာမွ မျဖစ္ေတာ့ဘူး"
အရမ္းအိပ္ခ်င္လာပုံရေသာ လြန္းငယ္က မျငင္းဆန္ေတာ့ဘဲ အိပ္ရာေပၚလွဲခ်ကာ စတင္အိပ္စက္ေတာ့သည္။
ခြန္းသုရွင္ ေျခရင္းမွ ေစာင္အား ယူလိုက္ၿပီး လြန္းငယ္ေပၚ လႊမ္းၿခဳံေပးလိုက္ကာ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္လွဲလိုက္သည္။
ႏွာေခါင္းသြယ္သြယ္ေလးအား လက္ညိုးျဖင့္ အသာထိေတြ႕လိုက္ၿပီးေနာက္ ပါးေဖာင္းေဖာင္းေလးမ်ားအားလည္း ထိေတြ႕လိုက္သည္။
အလြန္ပင္ပန္းထားေသာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေသာ လြန္းငယ္၏ အသက္ရႈသံ မွန္မွန္တို႔ တိတ္ဆိတ္ေနေသာအခန္းထဲတြင္ ဆက္တိုက္ထြက္ေပၚေနသည္။
နီရဲေနေသာ ႏႈတ္ခမ္းဖူးစိုစိုေလးမ်ားအား အသာထိေတြ႕လိုက္၏။ ဝါဂြမ္းအလား ႏူးညံ့ညံ့အထိအေတြ႕က သူ႕အား ဆြဲေဆာင္ ျမဴဆြယ္ေနသည္။
အသည္းယားစြာ အနားတိုးကပ္၍ သူ၏ႏႈတ္ခမ္းပါးတို႔ႏွင့္ထိေတြ႕ကာ နမ္းရွိုက္လိုက္၏။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္လွ်င္ ဘာကိုမွ မသိေတာ့ေသာလြန္းငယ္က သူ႕အား မေက်မနပ္ေျပာကာ ဆူပူျခင္း မရွိေတာ့ဘဲ ေအးခ်မ္းစြာ အိပ္စက္ေန၏။
ေစာင္ထဲတြင္ ေကြးေနေသာ ကိုယ္ေသးေသးေလးအား ျမဳပ္ေနေအာင္ထိ ရင္ခြင္က်ယ္ထဲထည့္ကာ ေပြ႕ဖက္ထားလိုက္မိသည္။ ေခါင္းအား ငုံ႕ကာ နဖူးေလးအား အသာထိေတြ႕ နမ္းရွိုက္လိုက္ၿပီးေနာက္ မ်က္ဝန္းတို႔အား မွိတ္ကာ အိပ္စက္လိုက္သည္။ ထို႔ေနာက္ သူသည္လည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်သြားေလေတာ့သည္။
ပိတ္ထားေသာ အခန္းတံခါးတစ္ခ်ပ္ပြင့္လာၿပီးေနာက္ လူတစ္ေယာက္သည္ တံခါးဝတြင္ မတ္တပ္ရပ္ကာ ကုတင္ေပၚ ေပြ႕ဖက္ အိပ္စက္ေနသူႏွစ္ေယာက္အား အတန္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့သည္။
ထို႔ေနာက္ ထိုလူသည္ အခန္းတံခါးအား ျပန္ပိတ္လိုက္ၿပီး ထိုေနရာမွ ထြက္ခြာသြားေလေတာ့သည္။
မင္းသာ ကိုယ့္ေဘးနားရွိမယ္ဆို
ခိုက္ခိုက္တုန္ေအာင္
ေအးခ်မ္းမႈကိုလည္း
ကိုယ္ခံနိုင္ရည္ရွိတယ္။
ပူေလာင္လြန္းတဲ့
အပူဒဏ္ကိုလည္း
ကိုယ္ျဖတ္ေက်ာ္နိုင္တယ္။
တစ္ခုေလးပဲ
ကိုယ္ေတာင္းဆိုပါရေစ။
ေနာက္ဆုံးခ်ိန္ထိ
ကိုယ့္ေဘးနားရွိေနေပးပါ။
*****************