part 11

3.7K 273 10
                                    

Zawgyi#

နောင်တ နောင်တဆိုတဲ့ အရာက ကျွန်တော်ရှင်သန်လာတဲ့ ဘဝမှာ တခါမှ မသိခဲ့ဘူး ငယ်စဉ်က  ရန်ဖြစ်လို့ ကျောင်းနှစ်ပတ်နားခဲ့ရတာကိုလည်း နောင်တမရခဲ့သလို ရှောင်ကျန့်ကို ဝမ်ကျိုးချန်ဆီက မလိမ့်တပတ်နဲ့ အရယူခဲ့တုန်းကလည်း နောင်တမရခဲ့ နောက်ဆုံးကျွန်တော့အချစ်ရဆုံး ပါးပါး ဖြစ်သူ ကျွန်တော်ကြောင့် ဆုံးပါးသွားရတာတောင် နောင်တဆိုတာ ဘာမှန်းမသိခဲ့တဲ့ ကျွန်တော် အခုတော့ 😞😞😞

ရှောင်ကျန့် ကို ဘယ်လို မျက်နှာပြရပါ့မလဲ ကျွန်တော်ဆိုတဲ့ ကောင်က တကယ်ကို အသက်မရှင်သင့်တဲ့ကောင် ဘယ်လိုတောင်အသိတရားမဲ့ပြီးအရှက်မဲ့လှတဲ့ စကားတွေကို လွယ်လွယ်ကူကူနဲ့ ပြောနိုင်ရတာလဲ ပြန်မပြင်နိုင်သော နောင်တ စွဲမြဲထင်ကျန်ရစ်တဲ့ နာကျင်မှု မျက်နှာမဖော်နိုင်လောက်အောင်သောအရှက်တရား  ဒါတွေကို တချိန်တည်းမှာ ခံစားနေရတဲ့ ကျွန်တော်ရဲ့ ရင်ထဲမှာ ပြောမပြနိုင်လောက်အောင် စို့နစ်မှု လှိုင်တက်လာသော ဝမ်းနည်းမှုတွေကနေ မျက်ရည်များအဖြစ် တာကျိုးသလို မျက်ခမ်းစပ် မှမျက်ရည်များက အလုံးအရင်း ကျဆင်းလို့

ထိုနေရာမှယွီပင်းကို ဆွဲခေါ်သွားကြသည့် တိုင် ကျွန်တော့မှာ မထမိ bar ထဲက ဝန်ထမ်းတွေလာ ကူထူသည့်အထိ မျက်ရည်များက အဆက်မပြတ် ကျဆင်းနေကာ မြင်ကွင်းတခုလုံး ဝေဝါးလျက်

"အကို အငှါးကား ခေါ်လိုက်ရမလား "

ခေါင်းညိတ်မိလေသလား ခေါင်းခါလိုက်လေသလား ကျွန်တော်မသိ အသိစိတ်မရှိတော့သည့် လူနှယ် 

📲📲📲

"အကို ဖုန်းလာနေတယ်"

". ........."

"အကို အကို "

". ........."

📱hello📱

". ......"

📱...........📱

". ........."

📱ဟုတ်ကဲ့ ခင်ဗျာ့ ဒီဖုန်းပိုင်ရှင်အကိုက barမှာ မထနိုင်လို့ ကျွန်တော် ကား ပေါ်တင်ပေးလိုက်မလား ဒါမှမဟုတ် လာခေါ်မလားဗျ📱

📱..........📱

📱ဟုတ်ကဲ့ လာခေါ်မယ်ဆို မြန်မြန် လာခေါ်ပေးပါဗျ့ ဆိုင်က မကြာခင် ပိတ်တော့မှာမို့ 📱

ဆက်ရန် (အဆုံးမရှိ) 🌝🌚🌝🌚ဆက်ရန် (အဆုံးမရှိ) Where stories live. Discover now